အပိုင်း(၃၉)-ဟိန်းသံလေး၏ နောက်ဆုံးစွမ်းဆောင်မှု

“နောက်ဆုံး စွမ်းဆောင်ချက်ဟုတ်လား” မယုံကြည်နိုင်သော မျက်လုံးများဖြင့် ရှီမာယူယူ ဟိန်းသံလေးအားကြည့်လိုက်သည်။

အဲကောင်လေးက ယုံကြည်စရာမကောင်းပဲ အကြံဉာဏ်ကောင်းတွေထွက်လာမည်မှာ မဟုတ်ကြောင်းကို ရှီမာယူယူ သိနှင့်ပြီးသားဖြစ်သည်။

“ငါတကယ်ပြောနေတာ” ဟိန်းသံလေးပြန်လည်ချေပလိုက်သည်။

“ဒါဆို မင်းမှာရှိတဲ့ အကြံကို ပြောလေ” သူစိတ်ပျက်သွားသည်ကို သတိထားမိသည်နှင့် ရှီမာယူယူ ပြောလိုက်သည်။

“အင် အင်.. အရင်ကတော့ ထိန်းကျောင်းစရာမလိုတဲ့ နည်းလမ်းရှိတယ် ဒါပေမယ့် စာချုပ်ချုပ်လို့ရတယ်” ဟိန်းသံလေးပြောလိုက်သည်။

“ထိန်းကျောင်းစရာမလိုပဲ စာချုပ်ချုပ်နိုင်တယ်ဟုတ်လား” ရှီမာယူယူ တအံ့တသြနှင့် မေးလိုက်သည်။ “ငါအဲဒါကို မကြားဖူးပါဘူး”

“မင်းကို သာမာန်လူကတော့ ဘယ်ကြားဖူးမလဲ” ဟိန်းသံလေးပြောလိုက်သည်။ “ဝိညာဉ်သားရဲက အစမှာ လူကိုငြင်းပယ်ပေမယ့် လက်ခံချင်တဲ့သခင်က မဖြစ်နိုင်တဲ့ တာဝန်ကို လုပ်ရတယ်။ ပြီးတော့ ဒီဟာက အရမ်းရှေးကျတဲ့ နည်းလမ်းဖြစ်နေတော့ ပျောက်ကွယ်သွားပြီး အဲဒီသားရဲတွေလည်း အဲဒါကိုမသိကြတော့ဘူး”

“အဲဒါဖြစ်နိုင်လား” ရှီမာယူယူမေးလိုက်သည်။

“ဖြစ်နိုင်တာပေါ့ ဥအကြောင်းကို စဉ်းစားလိုက်ဦး အဲဒါက မင်းနဲ့စာချုပ်ချုပ်ဖို့ အရင်ကမ်းလှမ်းတာလေ” ဟိန်းသံလေးပြောလိုက်သည်။

“ဟုတ်သားပဲ မင်းပြောမှပဲ ငါသတိရသွားပြီ” ရှီမာယူယူ ဟိန်းသံလေးအားကြည့်၍ ပြောလိုက်သည် “မင်းအဲဒါကို အရင်ကတည်းကသိခဲ့တာမလား အဲဒါကြောင့်မင်းမအံ့သြတာ အဲဒီဥက ဘာလဲဆိုတာ မင်းသိပြီးသားမလား ဟုတ်လား မဟုတ်လား”

စကားတစ်ခွန်းမျှပြောလိုက်ရုံနှင့်ပင် ရှီမာယူူယူထိုအကြောင်းကို သိသွားလိမ့်မည်ဟု ဟိန်းသံလေးမထင်ခဲ့ပါ။ သူ့နှဖူးသူ လက်ဝါးဖြင့်ရိုက်ကာ ပြောလိုက်သည်။ “ဆရာကြီးချီက မင်းကိုမပြောခိုင်းဘူး အာ… ယူယူထပ်မမေးပါနဲ့တော့ ဒီအကြောင်းကိုမင်းကိုမပြောတာ မင်းအတွက်ကောင်းလိမ့်မယ်”

“ဟုတ်ပါပြီ ငါနားလည်ပါတယ်” မချင့်မရဲဖြစ်သွားသော ဟိန်းသံလေးကို မြင်သည်နှင့် သူ့အားဒုက္ခမပေးချင်တော့ပါ။ ကြက်သွေးရောင်မီးတောက်က သူမကောင်းကျိုးအတွက်ဟု ပြောခဲ့တုန်းကလည်း သူမထပ်မမေးခဲ့ပါ။ “ဒါပေမယ့် မင်းပြောတဲ့ ဒီနည်းလမ်းအဓိပ္ပာယ်က သူက သခင်ကို အသိအမှတ်ပြုဖို့ လက်ဦးမှုရယူရမယ်ပေါ့”

“မှန်တယ်” ဟိန်းသံလေးသည် ခေါင်းညိတ်လိုက်သည်။

“ဆရာကြီး ဒါပေမယ့် သခင်ကိုအသိအမှတ်ပြုဖို့ ဘယ်လို လက်ဦးမှုယူရမလဲဆိုတာ ငါမှမသိတာ” သတ္တုလက်သည်း ကျားသည် ပြောလိုက်သည်။

“ပြဿနာမရှိဘူး ဒီဆရာကြီးက မင်းကို ဘယ်လိုလုပ်ရမလဲဆိုတာ သင်ပေးမယ်” ဟိန်းသံလေးသည် သတ္တုလက်သည်းကျား၏ ကျောကုန်းအားပုတ်ရင်း ပြောလိုက်သည်။

“ဒါပေမယ့် မင်းပြောတော့ ဒီသားရဲမျိုးဆက်တွေက လက်ဦးမှုစာချုပ်နည်းလမ်းကို မသိတော့ဘူးဆို။ မင်းဘယ်လိုသိလဲ” ရှီမာယူယူမေးလိုက်သည်။

“အဲဒါ ငါကနေဆင်းသက်လာတာပဲ” ဟိန်းသံလေး ကိုယ်ရည်သွေးလိုက်သည်။ “ငါက အထွတ်အမြတ်ထားရတဲ့ ရှေးဟောင်းသားရဲဆိုတာမမေ့ပါနဲ့ ပြီးတော့ ငါတို့က အားကောင်းတဲ့မျိုးရိုးပဲ ငါမသိရင်တောင် ငါ့ရဲ့ အသိဉာဏ်အမွေကနေ နည်းလမ်းကို ရှာတွေ့နိုင်တယ်”

ထိုသို့ပြောပြီးနောက် ဟိန်းသံလေးသည် မျက်လုံးများပိတ်လိုက်ကာ ခဏတာမျှစဉ်းစားလိုက်သည်။ သူ လျင်မြန်စွာ မျက်လုံးများဖွင့်လိုက်ပြီး အော်လိုက်သည် “ငါရှာတွေ့ပြီ”

သူတွားသွားလိုက်ကာ သတ္တုလက်သည်းကျား၏နားထဲသို့ လေသံဖြင့် စကားတစ်ချို့ကို ပြောလိုက်သည်။ သူရုတ်တရက် ကျယ်လောင်စွာပြောလိုက်သည် “မင်း စကားတစ်ချို့ကို အသံထွက်ပြီး ရွတ်ရုံပဲ ဒါဆိုပြီးသွားလိမ့်မယ်”

“လုပ်လိုက်ပါမယ် ဆရာကြီး” သတ္တုလက်သည်းကျားသည် ခေါင်းညိတ်လိုက်ကာ ဟိန်းသံလေးထွက်မသွားခင် ဟိန်းသံလေးပြောသောစကားများကို ထပ်ပြောစေရန်စောင့်ဆိုင်းနေလိုက်သည်။

ဟိန်းသံလေးသည် သားရဲဘာသာစကားဖြင့် ပြောလိုက်ပြီး ရှီမာယူယူသည် တစ်ခွန်းမှ နားမလည်လိုက်ပေ။ သို့သော် သူတို့စကားများသည် စာကြောင်းများဖြစ်သွားသည်။ သူမနှင့် သတ္တုလက်သည်းကျားအကြားတွင် စာချုပ်ပေါ်လာသည်။

သတ္တုလက်သည်းကျားသည် သစ္စာခံသည်ကို ပြသသည့်အနေနှင့် လှဲလျောင်းလိုက်သည်။

“ယူယူ မင်းရဲ့လက်ကို သူ့နဖူးပေါ်တင်လိုက်” ဟိန်းသံလေး ပြောကာ ဘေးတွင် ရပ်နေလိုက်သည်။

ရှီမာယူယူ ခြေလှမ်းအနည်းငယ်တိုးကာ သတ္တုလက်သည်းကျားခေါင်းပေါ်သို့ သူမလက်အားတင်လိုက်သည်။ သူမကြားလိုက်သည်မှာ “ရှီမာယူယူက ငါ့သခင်ဖြစ်ပြီး ငါကသူမရဲ့ စာချုပ်သားရဲဖြစ်ဖို့ကို သဘောတူပါတယ်။ နောင်တွင် သူမကို ကာကွယ်ပြီး ဘယ်တော့မှာ သူမကို ထားမသွားပါဘူး။ ရှီမာယူယူ ငါနဲ့ စာချုပ်ချုပ်ဖို့ သဘောတူပါသလား”

“သဘောတူပါတယ်” ရှီမာယူူယူ ပြန်ဖြေလိုက်သည်။

သူမပြောပြီးသည်နှင့် စာချုပ်သည် တောက်ပလာသည်။ ထိုအလင်းသည် နှစ်ယောက်လုံးကို လွှမ်းခြုံကာ တဖြည်းဖြည်း ကွယ်ပျောက်သွားလေသည်။ ထိုအလင်းသည် နှစ်ခြမ်းကွဲကာ သူတို့ခန္ဓာကိုယ်ထဲသို့ ဝင်သွားလေသည်။

“သခင်” သတ္တုလက်သည်းကျားသည် စိတ်လှုပ်ရှားစွာအော်လိုက်သည်။ သူနှင့်ရှီမာယူယူ ကြားကဆက်သွယ်မှုကို သူခံစားနိုင်သည်။

“ဟာ..ငါတို့တကယ်ပဲ စာချုပ်ချုပ်လိုက်တာပဲ” ရှီမာယူယူဆောင့်ကြောင့်ထိုင်ကာ သတ္တုလက်သည်းကျား လည်ပင်းနားတွင် ပတ်နေသည်။

“ဟားဟား စာချုပ်ချုပ်ဖို့ဖြစ်နိုင်တယ်လို့ ငါပြောသားပဲ” ဟိန်းသံလေးသည် ကိုယ်ရည်သွေးနေသည်။

“ဒီတစ်ခါတော့ မင်းကို တကယ်ကျေးဇူးတင်ရမယ်” ရှီမာယူယူ ပြောလိုက်သည်။

သတ္တုလက်သည်းကျားသည် စာချုပ်အဆက်အသွယ်မှတစ်ဆင့် ရှီမာယူယူတွင် အထွတ်အမြတ်ထားရတဲ့ ရှေးဟောင်းသားရဲမျိုးနွယ်ဖြစ်တဲ့ ဟိန်းသံလေးသာမက နောက်ထပ်အားကြီးသော စာချုပ်သားရဲရှိခြင်းကို ခံစားမိသည်။ သူအနည်းငယ်သာ ခံစားမိသော်လည်း ထိုဝိညာဉ်ဖိအားကြောင့် ခေါင်းမှ ခြေဖျားအထိ တုန်ယင်လာသည်။

“အဲဒါ တကယ့်ဆရာကြီးပဲ ဒါပေမယ့် သူအိပ်နေတယ် အဲဒါကြောင့်သူ့ကို သွားမနှောင့်ယှက်နဲ့” ဟိန်းသံလေး သတိပေးလိုက်သည်။

“ငါနားလည်ပါပြီ” သတ္တုလက်သည်းကျားသည် သူအမှန်တကယ်ပင် စိတ်ထဲတွင် သခင်အဖြစ်အသိအမှတ်ပြုကြောင်းကို ပြောပြသည်။

“မင်းမှာ နာမည်ရှိလား” သတ္တုလက်သည်းကျား၏ ခေါင်းကိုပုတ်ကာ ရှီမာယူယူပြောလိုက်သည်။

“မရှိဘူး ငါ့မိဘတွေက ငါမွေးဖွားပြီးကတည်းက ဆုံးသွားတာ ငါ့လို ကျားဝန်ထုပ်ဝန်ပိုးကို ဘယ်သူမှ နာမည်မပေးဘူး။ ပြီးတော့ ငါ့ကိုနှင်တောင်ထုတ်လိုက်သေးတယ်” သတ္တုလက်သည်းကျားသည်ပြောလိုက်သည်။

သတ္တုလက်သည်းကျား၏ လည်ပင်းကို ရှီမာယူယူကုတ်လိုက်ကာ ပြောလိုက်သည်။ “ဝမ်းမနည်းပါနဲ့ မင်းငါတို့နောက်ကိုလိုက်တာနဲ့ ငါတို့က မိသားစုတွေပဲ။ မင်းမှာ နာမည်မရှိရင် မင်းကို ရာဟွောင်လို့ခေါ်မယ်လေ”

“ကျေးဇူးတင်ပါတယ် သခင်” ရာဟွောင်ပြောက ရှီမာယူယူလက်အား ညင်သာစွာကိုယ်ဖြင့်ပွတ်လိုက်သည်။

“ရာဟွောင် ငါနောက်ရက်အနည်းငယ်လောက် ပူလွောင်တောင်တန်းမှာ လေ့ကျင့်ချင်တယ် ပြီးတော့ တိုက်ခိုက်ဖို့အားနည်းတဲ့ ဝိညာဉ်သားရဲတွေလိုတယ် အားနည်းတဲ့ ဝိညာဉ်သားရဲစစ်သားတွေ ဘယ်မှာရှိလဲမင်းသိလား” ရှီမာယူယူမေးလိုက်သည်။

“ငါသိတယ် အရင်က ငါပူလွောင်တောင်တန်းမှာ လျှောက်သွားတုန်းက အများစုကို တွေ့ဖူးတယ်” ရာဟွောင် ခေါင်းညိတ်လိုက်ကာ တောင်တန်းအနီးအနားကို ညွှန်ပြလိုက်သည်။ သူပြောသည်မှာ “ဒီက ဝိညာဉ်သားရဲအများစုက သူဘာသာသူပဲနေကြတာ ဒီနေရာရဲ့ဟိုးဘက်မှာတော့ ဝိညာဉ်သားရဲတွေက အုပ်စုဖွဲ့နေတာ အဲဝန်းကျင်က ဝိညာဉ်သားရဲတွေက အရည်အသွေးနိမ့်တယ် ပုံမှန်အားဖြင့် အားနည်းတဲ့ ဝိညာဉ်သားရဲတွေပဲ အလယ်ပိုင်းနဲ့ အတွင်းပိုင်းမှာနေတာတဲ့အများစုက သူတော်စင်အဆင့် သားရဲတွေပဲ။ အတွင်းပိုင်းနေရာမှာ အံ့ဖွယ်အဆင့်ရှိတဲ့ သားရဲတွေရှိတယ်”

“ဒါဆို ငါတို့ရောက်နေတဲ့နေရာက အလယ်ပိုင်းရဲ့ အပြင်မှာလား” ရှီမာယူယူ မေးလိုက်သည်။

“သခင် ဒီနေရာက အတွင်းပိုင်းမှာပါတယ်” ရာဟွောင်ပြန်ဖြေလိုက်သည်။

“အတွင်းပိုင်း” ရှီမာယူူယမျက်တောင်ခတ်လိုက်ပြီး ပြောလိုက်သည်။ “ဒီနေရာက အတွင်းပိုင်းသေချာလား ဒါပေမယ့် ငါဘာလို့ သူတော်စင်အဆင့် သားရဲကိုမတွေ့တာလဲ”

“အဟွတ် အဟွတ် ဒီနေရာက အတွင်းပိုင်းပါဆို” ရာဟွောင်ပြောလိုက်သည် “ဒါပေမယ့် ဒီနေရာက အတွင်းပိုင်းရဲ့ အစွန်အဖျားပဲ ဒီနေရာကဘာလို့လဲတော့မသိဘူး သူတော်စင်အဆင့်သားရဲတွေမလာကြဘူး သခင်ဒီနေရာမှာ အချိန်ကြာအောင်လှည့်ပတ်ရှာလည်း သူတော်စင်အဆင့်သားရဲကို တစ်ကောင်တစ်လေတွေ့ဖို့မမျှော်လင့်နဲ့”

“ဒါဆို မင်းကဘယ်လိုလုပ်ဒီရောက်နေတာလဲ” ရှီမာယူယူမေးလိုက်သည်။

“ငါ ငါ့ထက်အဆင့်နှစ်ဆင့်မြင့်တဲ့ တတိယအဆင့် သူတော်စင်အဆင့်သားရဲနဲ့တိုက်ခိုက်ခဲ့တယ် ငါနိုင်ဖို့မဖြစ်နိုင်တော့လို့ ပြေးခဲ့တာပဲ” ရာဟွောင်ရှင်းပြသည်။ “ဒါပေမယ့် ငါ့နောက်ကို မဆုပ်မနစ်လိုက်တိုက်ခိုက်မယ်လို့ မထင်ထားဘူး ငါလည်းကြောက်စိတ်နဲ့ ဘယ်နေရာသွားလို့သွားမိမှန်းမသိခဲ့ဘူး။ ငါသတိထားမိတဲ့အချိန်မှာ ငါဒီရောက်နေပြီ ပြီးတော့ ငါဟိန်းသံလေးနဲ့ တွေ့တာပဲ”

“အဲဝိညာဉ်သားရဲက မင်းကိုအနိုင်ကျင့်ရဲတယ် ငါတို့ရှာပြီး လက်စားချေပေးမယ်” ဟိန်းသံလေးပြောလိုက်သည်။

“မလိုပါဘူး” ရာဟွောင်ပြောလိုက်သည်။

ရှီမာယူယူ ဟိန်းသံလေးအားပွေ့လိုက်ပြီး ပြောလိုက်သည်။ “ဒီလိုပဲ မင်းသွားရင် မင်းကို ဘယ်သူကရိုက်မှာလဲ မင်းနိုင်ဖို့ဖြစ်နိုင်တယ်မလား”

“ငါ… ငါဒဏ်ရာမရခဲ့ဘူးဆိုရင် တတိယအဆင့် သူတော်စင်သားရဲဆို ကြည့်ဖို့တောင်မကြည့်ရဲမှာမဟုတ်ဘူး” ဟိန်းသံလေးပြောလိုက်သည်။

“ရာဟွောင်ကလည်း မနိုင်နိုင်ဘူး မင်းကလည်း တိုက်ခိုက်ဖို့အားမရှိဘူး ငါက ဒီအတိုင်းအဆင့်ငါးရှိတဲ့ ဝိညာဉ်သခင်ပဲရှိသေးတယ် ငါသေဖို့သွားရမှာလား” ရှီမာယူယူပြောလိုက်သည်။

“ဟိန်းသံလေး သခင်ပြောတာမှန်တယ် အခုတော့ ငါတို့ဘယ်သူ့ကိုရှာရှာ မနိုင်နိုင်ဘူး ငါတို့ သခင်ကိုတောင်အန္တရာယ်ဖြစ်စေနိုင်တယ်” ရာဟွောင်သည် ဟိန်းသံလေးထက်ရင့်ကျက်စွာပြောလိုက်သည်။ “ဘယ်လိုပဲဖြစ်ဖြစ် ဒီမှာ ငါ့ကို သူအခွင့်အရေးမရခဲ့ဘူး ငါသန်မာလာမှ လက်တုန့်ပြန်လည်း နောက်မကျပါဘူး”

“ဒါဆိုလည်း ပြီးတာပဲ” ဟိန်းသံလေး စဉ်းစားကာ သဘောတူလိုက်သည်။ ထိုအရာသည် ရှီမာယူယူအား ပြဿနာဖြစ်စေနိုင်သည်။ ထို့အပြင် သူမ၏ လက်ရှိအားအင်းသည် အလွန်နည်းသည်။

“အရင်ဆုံးပြန်ကြရအောင် မနက်ဖြန်ကစပြီး လေ့ကျင့်ဖို့ ဝိညာဉ်သားရဲကို ရှာကြမယ် ဟိန်းသံလေး ရာဟွောင်ကို ဝိညာဉ်ပုလဲထဲကို ခေါ်သွားလိုက်” ထိုသို့ပြောပြီးနောက် သူမသည် ဟိန်းသံလေးနှင့် ရာဟွောင်အား ဝိညာဉ်ပုလဲအတွင်းသို့ပို့လိုက်ကာ ချောက်ထဲမှ ဂူဆီသို့ လမ်းလျှောက်လာခဲ့လိုက်သည်။


Comment

Leave a Reply

Options

not work with dark mode
Reset