အချိန်အနည်းငယ်ကြာပြီးနောက် ထိုလူသည် မျက်လုံးကို ဖြည်းညင်းစွာဖွင့်လိုက်သည်။ အမှောင်ထဲတွင် တောက်ပသောမျက်လုံးတစ်စုံသည် မှိန်ရာမှ ကြည်လင်လာသည်။
“အား” သူ သူ့နှဖူးအားထိရန် ဆန့်ထုတ်လိုက်သော်လည်း ထိုလှုပ်ရှားမှုလေးသည် ခန္ဓာကိုယ်တစ်ခုလုံးမှ များစွာသော ဒဏ်ရာများကြောင့် နာကျင်မှုများ ခံစားမိလိုက်ရသည်။ ထိုနာကျင်မှုသည် သူ့အား နိုးလိုက်သလိုပင်။ သူ၏မှုန်ဝါးသော အသိစိတ်သည် ကြည်လင်လာသည်။
“သခင် နိုးလာပြီလား” မီတောက်ချီလင်းအသံသည် စာချုပ်နေရာမှထွက်ပေါ်လာသည်။
“အင်း” ဝူလင်းယူ ညည်းညူလိုက်ပြီး သူသတိမမေ့ခင်က အကြောင်းများကို ပြန်တွေးလိုက်သည်။
သူပြန်တွေးသည်မှာ… သူသဲလွန်စနောက်လိုက်၍ ထိုအရာကိုရှာရန် ပူလွောင်တောင်တန်းဆီသို့ရောက်ခဲ့ပြီး ရောက်ပြီးမကြာခင်တွင် သူ၏ အလေ့အထဖြစ်သော အားနည်းသောဖြစ်စဉ်ပြန်ဖြစ်လာသည်။
ထို အားနည်းသောဖြစ်စဉ်သည် သူ့ဝိညာဉ်အားနည်းချိန်တိုင်းတွင် မေ့မြောတတ်သည်။ ဒီတစ်ကြိမ်တွင် သူ မီးတောက်ချီလင်းအားမခေါ်လိုက်နိုင်ပဲ မြင့်မြတ်သောဝိညာဉ်သားရဲနှင့် ပက်ပင်းကြုံတွေ့ခဲ့ရသည်။
ပုံမှန်နေ့ဆိုလျှင် ထိုအရည်အချင်းရှိသော သားရဲများကို မျက်စိထဲတွင် ထည့်ဖို့မလိုပေ။ သို့သော် ဒီတစ်ကြိမ်တွင် သူ၏ အားနည်းကာ မေ့ပြောသွားသည်မှာ ရုတ်တရက်ဖြစ်ခြင်းကြောင့် ပုံမှန်ထက် စောစီးစွာဖြစ်စေခဲ့သည်။ ထိုအဖြစ်အပျက်သည် သူ့အား အသက်ပင်ဆုံးရှုံးသည်အထိဖြစ်ခဲ့သည်။
“သခင် မင်းရဲ့မေ့မြောတတ်တဲ့ အကျင့်က ၂နှစ်အတွင်းမှာ ကာလပိုတိုလာတယ်။ ကျွန်တော်တို့ အဲပစ္စည်းကို ဖြစ်နိုင်သလောက်မြန်မြန်ရှာရမယ်” မီးတောက် ချီလင်းသည် စိုးရိမ်သောအသံဖြင့် အကြံပေးလိုက်သည်။
“ငါသိတယ်” သူအားနည်းစွာ ခေါင်းညိတ်လိုက်ပြီး ထပ်မေးလိုက်သည် “ငါ မေ့မလဲခင်က မြစ်ဘေးမှာပါ ဘယ်လိုလုပ် အခု ဂူထဲရောက်နေတာလဲ”
“သခင် မင်းဘေးမှာ လှဲနေတဲ့ လူတစ်ယောက်ရှိတယ်ဆိုတာ သတိမထားမိဘူးလား” မီးတောက် ချီလင်းသည် သွယ်ဝှက်စွာမေးလိုက်သည်။
ဝူလင်းယူသည် အံ့သြသွားသည်။ သူ့ဘေးတွင် လူတစ်ယောက်လှဲနေသည်ကို သတိမထားမိပေ။ တကယ်လို့ ထိုလူသည် သူ့အသက်ကိုယူချင်တယ်ဆိုရင် အောင်မြင်ဖို့အလွယ်လေးပင်။
“သခင် ကြောက်စရာမလိုပါဘူး သူမက သခင့်ကို ကယ်ပေးထားတာ” မီးတောက်ချီလင်းက ပြောလိုက်သည်။
သူ့ဝိညာဉ်သည် အခုချိန်တွင် အလွန်အားနည်းရုံသာမက ဂူအတွင်းတွင် အလွန်မှောင်မိုက်နေ၍ အနီးနားတွင်ရှိသော တခြားသူ၏တည်ရှိမှုကို အာရုံ မခံနိုင်ဖြစ်နေသည်။
သူ့အသိစိတ်မပျောက်ခင်တွင် တောက်ပသော မျက်လုံးမျာကိုမြင်တွေ့လိုက်ရသည်။ အဲဒီမျက်လုံးများ၏ ပိုင်ရှင်က သူ့ဘေးတွင်ရှိသော လူရဲ့မျက်လုံးများလို့ ဆိုလိုတာပေါ့။
“ကောင်းပြီ၊ သူမလည်း ဒီအမှောင်ထုထဲမှာရောနေလို့ သူမတည်ရှိမှုကိုဖျောက်ဖျက်မလိုဖြစ်နေတာ။ အဲဒါကြောင့် သူရှိနေတာကို အာရုံခံလို့မရတာ ပုံမှန်ပါပဲ” မီးတောက် ချီလင်းသည် သူ့သခင်အား နှစ်သိမ့်လိုက်သည်။
ဝူလင်းယူ သူ့မှော်ဝင်လက်စွပ်မှ ဆေးလုံးကိုထုတ်လိုက်သည်။ ထိုဆေးလုံးသည် သူ့အားရှီမာယူယူတိုက်သော ဆေးလုံးထက် အဆင့်မြင့်သည်။ ဆေးလုံးအား ဝါးစားပြီးနောက် တရားထိုင်ကာ ဝိညာဉ်စွမ်းအင်ကို အသုံးပြု၍ ဆေးလုံး၏ သက်ရောက်မှုအားကို မြှင့်တင်လိုက်သည်။
သူ့ဝိညာဉ်သည် ပို၍သက်တောင့်သက်သာဖြစ်သည်ကို ခံစားပြီးနောက် ထ,လိုက်ကာ သူ့ဘေးတွင် လှဲလျောင်းနေသော သူအားကြည့်ရန် ပုလဲအလင်းရောင်ကိုယူလိုက်သည်။ သို့သော် သူ့အားပြန်ကြည့်နေသော မျက်လုံးတစ်စုံကိုသာတွေ့လိုက်ရသည်။
“မင်းနိုးလာပြီပဲ” ရှီမာယူယူ မတ်တတ်ရပ်ကာ ဝူလင်းယူကို ကြည့်လိုက်သည်။
သူမအိပ်နေသော်လည်း လုပ်ကြံသတ်ဖြတ်သူတစ်ယောက်အနေနှင့် လှုပ်ရှားမှုများကို နိုးကြားစွာ တုန့်ပြန်နိုင်ရန် နှစ်ပေါင်းများစွာလေံကျင့်ခဲ့သည်။ ဝူလင်းယူနိုးလာကာ ဆေးလုံးကိုစားသည့်အသံများကြောင့် သူမထိုအချိန်ကပင် နိုးနေခဲ့သည်။
“အဲဒါမင်းလား” သူ့ဘေးတွင်ရှိသော သူအားမြင်သည်နှင့် ဝူလင်းယူအံ့သြသွားလေသည်။
“ငါဘယ်သူလဲမင်းသိတယ်ပေါ့” ရှီမာယူယူသည် မြေပေါ်သို့ ခြေထောက်ချကာ အိပ်ရာပေါ်မှ ဆင်းလိုက်ပြီး သူ့ဘေးတွင် ရပ်လိုက်သည်။
ထိုလူသည် ချောမောရုံသာမက သူ့တွင်ရှိသော နက်နဲသောမျက်ဝန်းများသည် တစ်ခြားတစ်ယောက်၏ အသက်ကိုပင် ယူသွားနိုင်သည်။ သူ့မျက်လုံးများ ပိတ်နေစဉ်တွင် ဖြူစင်ပြီး ရိုးသားပုံပေါ်သည်။ သို့သော် သူမျက်လုံးဖွင့်လိုက်ချိန်တွင်တော့ တောက်ပသောမျက်လုံးများမှ စူးရှသောအကြည့်များသည် မြင်သူအတွက် ရိုးရှင်းသော အကြည့်တစ်ချက်နှင့်ပင် လိပ်ပြာလွင့်သကဲ့သို့ တမ်းတမ်းစွဲဖြစ်သွားနိုင်သည်။
“အဲလို ယူဆနိုင်ပါတယ်” ဝူလင်းယူ အခိုင်အမာပြောလိုက်သည်။
သူ ဒုံချန်း ပြည်ထောင်စုရဲ့ မြို့တော်မှာရှိစဉ်က ယောက်ျားတစ်ယောက်ကို အမှိုက်လိုဖြစ်အောင် ရိုက်နှက်ခဲ့တာကို မြင်ဖူးသည်။ သူ့ရှေ့တွင် ယောက်ျားတစ်ယောက်ကဲ့သို့ ရုပ်ဖျက်ထားသော ထိုမိန်းကလေး၏ အသွင်အပြင်ကို သူတို့ဆွေးနွေးမှုအနည်းငယ်လုပ်ခဲ့သည်ကို သူမှတ်မိသေးသည်။
သူမအား အမှိုက်လို့ယူဆကြောင်းကို ပြောသည်ဟု ရှီမာယူယူထင်လိုက်သည်။ “ကြည့်ရတာ ဒီသခင်ကြီးရဲ့ ဂုဏ်သတင်းက ကျော်ကြားတယ်ထင်တယ် ကောင်းပြီ ဒီသခင်ကြီးက မင်းကိုကယ်ခဲ့တာဆိုတော့ ဆုလေးဘာလေးပေးဖို့မရှိဘူးလား”
ဝူလင်းယူ သဘောကျစွာပြုံးလိုက်သည်။ ဒီကောင်လေးက မိန်းကလေးအဖြစ်က သရုပ်ဖျက်ထားတာ ဒီလောက်သိသာနေတာကို သူ့ကိုယ်သူ ‘ဒီသခင်ကြီး’ လို့သုံးနှုန်းနေသည်လေ။ သူမ လှည့်စားမှုလက်စွပ်ကြောင့် သူမ မိန်းကလေးဖြစ်ကြောင်း ဖုံးကွယ်ထားသော်လည်း ဒီလို အဆင့်နိမ့်တဲ့ အရာက သူ့မီးတောက်ချီလင်း၏ အာရုံခံမှုကို ရှောင်တိမ်းနိုင်သည်ဟု ထင်နေလားမသိဘူး။
သူ နားလည်ရခက်သော အပြုံးကို သူမအားပြုံးပြလိုက်ပြီး စွဲမက်စရကောင်းသော အသံဖြင့်မေးလိုက်သည်။ “ဒါဆို ဆုအနေနဲ့ဘာလိုချင်လဲပြော”
“ဘယ်လိုဆုမဆိုရတယ် ဒါပေမယ့် ရွှေပြားနဲ့ ကျောက်မျက်ရတနာဆိုပို ကြိုက်တယ်” သူ့ဆီမှ ထူးခြားသောအရာပေးရန် ရှီမာယူယူမမျှော်လင့်ပါ။ သာမန်ကာလျှံကာ တစ်ခုခုကို ပြောလိုက်ခြင်းဖြစ်သည်။
“ငါမင်းကို ဆုကောင်းကောင်းပေးနိုင်ပါတယ်။ ဒါပေမယ့် အခြေအနေတစ်ခုရှိတယ်” ဝူလင်းယူ ပြုံးကာ ဆက်ပြောလိုက်သည်။
“ဘာအခြေအနေလဲ” ရှီမာယူယူ သူမမျက်ခုံးများတွန့်လိုက်သည်။ ဒီလူက အပေးအယူအကြောင်းကို သူမနှင့် အမှန်တကယ်ဆွေးနွေးချင်တာလား။
“အချိန်ကာလတစ်ခု မင်းငါနဲ့ ပူးပေါင်းရမယ်” သူပြောလိုက်သည် “အဲဒါပြီးတာနဲ့ ငါမင်းကို ဆုပေးမယ်”
“ဘာလို့လဲ” ထိုသူ၏ တောင်းဆိုမှုကို ရှီမာယူယူ စိတ်ရှုပ်ထွေးစွာဖြင့်မေးလိုက်သည်။
“ငါလုံးဝ ပြန်မကောင်းခင်အထိ ဒီနေရာကနေထွက်လို့မရဘူး” သူ တည်ကြည်ဖြောင့်မတ်သော အမူအရာဖြင့်ပြန်ဖြေလိုက်သည်။
“ကျွန်တော်တို့ဘယ်ရောက်နေလဲဆိုတာ ခင်ဗျားသိလား” သူမမေးလိုက်သည်။
“ဒုံချန်းပြည်ထောင်စုရဲ့ တောင်ဘက် မြို့တော်နဲ့ မိုင်ပေါင်းတစ်ထောင်လောက်ဝေးတဲ့ ပူလွောင်တောင်တန်းမှာ” သူပြန်ပြောသည်။
သူတို့ အမှန်တကယ်ပင် ပူလွောင်တောင်တန်းမှာ ရှိနေတာပဲ။ အဲဒီ ဖြတ်လမ်းဝင်္ကပါ ပေါက်ကွဲမှုက ဒီလို လူသူကင်းမဲ့တဲ့နေရာကို သူမကို ပို့လိုက်တာပဲ။ ရှီမာယူယူ စိတ်ထဲတွင် ညည်းညူလိုက်သည်။
“ဒါပေမယ့် ကျွန်တော်ပြန်သွားရမယ် ကျွန်တော်ထွက်လာတာကြာပြီ အဘိုးက ကျွန်တော့်ကိုစိတ်ပူနေတော့မယ်” ရှီမာယူယူ အသံထွက်ပြောလိုက်သည်။
“အဲလိုဆိုရင် ငါမင်းကို ဆုမပေးနိုင်ဘူးနော်” ဝူလင်းယူ သူမအား ပေါ့ပေါ့ပါးပါးကြည့်လိုက်သည်။ “ငါမင်းကို အဆင့်တိုးစေတဲ့ တိုးမြှင့်ရေး ပြဒါးရှင်လုံးပေးမလို့ပဲ ဒါဆိုလည်းကောင်းပြီလေ အဲဒါကို မေ့လိုက်တာပေါ့”
“တိုးမြှင့်ရေး ပြဒါးရှင်လုံးဟုတ်လား”
“စစ်သူကြီးရှီမာက အချိန်အတော်ကြာ အဆင့်ရပ်ပြီး အကျပ်ရိုက်နေတာ ငါသိတယ် မင်းအချိန်တစ်ခုလောက် ငါနဲ့ပူးပေါင်းမယ်ဆိုရင် မင်းကို တိုးမြှင့်ရေးပြဒါးရှင်လုံးနှစ်လုံး ဆုအဖြစ်ပေးမလို့ ဒါပေမယ့်…”
“ ခင်ဗျားနဲ့ အတူနေပေးမယ်” သူမ ချက်ချင်းပင် ပြန်ပြောလိုက်သည်။ “ဒါပေမယ့် ခင်ဗျား ကျွန်တော့်ကို မလိမ်တာကောင်းလိမ့်မယ် မဟုတ်ရင်… ကျွန်တော့်ကို လျော့မတွက်နဲ့နော် ကျွန်တော်ခင်ဗျားကို ကယ်နိုင်သလို ခင်ဗျားကို သတ်လိုက်လို့လည်းရတယ်”
ဝူလင်းယူ၏ နှုတ်ခမ်းသည် အနည်းငယ်တွန့်သွားလေသည်။ ဒီကောင်မလေးရဲ့ လေလုံးကတော့မသေးဘူးပဲ၊ အားလုံးက ဝိုင်းပယ်ထားတဲ့ ဂန္တဝင် အမှိုက်နဲ့မတူပါဘူး။ သူမ၏ အမှိုက်ဟုသော ဂုဏ်သတင်းကို တွေးလိုက်ပြီးနောက် သူမေးလိုက်သည် “ဒီနေရာက ဝိညာဉ်သားရဲတွေနဲ့ ပြည့်နေတာ မင်းဘယ်လိုလုပ်ဒီနေရာ ရောက်လာတာလဲ”
“ကျောင်းက ဖြတ်လမ်းဝင်္ကပါက ကျွန်တော့်ကို ဒီနေရာရောက်အောင်ပို့လိုက်တာပဲ ဟင်း ခင်ဗျားမှာရှိတဲ့ ဒီပုလဲအလင်းရောင်က အရမ်းကောင်းတာပဲ။ အရမ်းလင်းတယ် လာခဲ့ နည်းနည်းလောက်ထပ်ထုတ်ရအောင်”
ပြောပြီးသည်နှင့် သူမလှည့်ထွက်သွားလိုက်သည်။
“မင်းဘယ်သွားမလို့လဲ”
“ညစာပြင်မလို့လေ”
ရှီမာယူယူ ဟန်ဆောင်ကာ ဂူအတွင်းမှထွက်ခဲ့သည်။ သူမတွင် ကမ္ဘာနှင့်ဆင်တူသော ကိုယ်ပိုင်နေရာရှိသည်ကို ပေးမသိစေချင်ပါ။ မှော်ဝင်လက်စွပ်အတွင်းတွင် ပစ္စည်းများသာရှိသည်။ အသက်ရှုရန်လေမရှိပေ။
“သခင် အဲလိုအမှိုက်ကို ဘာလို့သခင့်ကို ကာကွယ်ဖို့ထားတာလဲ” မီးတောက်ချီလင်းသည် အောင့်မထားနိုင်တော့ပဲ စာချုပ်နေရာမှမေးလိုက်သည်။ “မင်းနိုးပြီဆိုရင် အထွတ်အမြတ်ထားတဲ့နန်းတော်ကို ပို့ပေးမယ် အဲဒီမှာ အားဖြည့်နေလိုက်”
“အခုတော့အထွတ်အမြတ်ထားတဲ့ နန်းတော်ကို မပြန်သေးဘူး ငါတို့ဒီရောက်လာမှတော့ ဘာမှရှာမတွေ့ပဲ ဒီအတိုင်းမပြန်နိုင်ဘူး”
“ဒါပေမယ့်…အဲလိုအမှိုက်က မင်းကို ကာကွယ်ပေးဖို့ဆိုတာ အဓိပ္ပာယ်မရှိဘူး” မီးတောက်ချီလင်းသည် ရှုပ်ထွေးစွာနှင့် မချိတင်ကဲဖြစ်စွာမေးလိုက်သည်။
“မင်း မသိချင်ဘူးလား သူမရဲ့လျှို့ဝှက်ချက်ကဘာလဲဆိုတာ အန္တရာယ်များပြီး လူသူကင်းမဲ့တဲ့ ပူလွောင်တောင်တန်းမှာ စိုးရိမ်မှုရော ကြောက်ရွံမှုရောမရှိပဲ တစ်ယောက်ထဲအသက်ရှင်နေတဲ့ အမှိုက်တစ်စကို။ ငါတို့ မြို့တော်မှာရှိတဲ့အချိန်တုန်းက သူမ နှစ်လလောက်ပျောက်သွားတယ်ဆိုတဲ့ သတင်းကိုကြားခဲ့ရတယ်။ ဆိုလိုတာက ဒီမှာ သူမဘာသာ နှစ်လထက်ပိုပြီး အသက်ရှင်နေနိုင်တယ်ဆိုတဲ့သဘောပဲ။ သူမဘယ်လိုလုပ် အသက်ရှင်နေလဲဆိုတာ မသိချင်ဘူးလား”
“မင်းပြောမှပဲ ငါလဲသိချင်လာပြီ” မီးတောက် ချီလင်းကပြောလိုက်သည်။ “ဒါပေမယ့် ဒါကမင်းပုံစံမဟုတ်ပါဘူး မင်းက လက်တွေ့ဆန်ပြီး သွေးအေးတာကို ဘယ်အချိန်ကစပြီး သူများရဲ့ ကိစ္စကို စိတ်ဝင်စားသွားတာလဲ”
“ဘာသွေးအေးတာကို မင်းပြောတာလဲ” မီးတောက်ချီလင်း၏ ကိုယ်ဘာသာသတ်မှတ်မှုကို ဝူလင်းယူ မကျေနပ်သလို ဖော်ပြလိုက်သည် “ဘယ်လိုပဲဖြစ်ဖြစ် ငါက အမြော်အမြင်ကြီးတဲ့ နတ်ဘုရားရဲ့ သားတော်ပဲ မြင့်မြတ်တဲ့အဆောက်အဦးကို ကိုယ်စားပြုပြီး ငါတို့ရဲ့ ကျော်ကြားမှုကို မျှဝေ…”
မီးတောက် ချီလင်းသည် ကြားဖြတ်ပြောလိုက်သည် “ဒါက တခြားသူတွေရဲ့ရှေ့မှာ ကျော်ကြားသူတွေအတွက် မင်းရဲ့ စီမံကိန်းပဲ မင်းရဲ့ နဂိုပုံစံနဲ့ အတုနဲ့ကို မရောထွေးလိုက်ပါနဲ့”
“ကောင်းပါပြီ ဘယ်လိုပဲဖြစ်ဖြစ် အတူတူပဲလေ” ဝေလင်းယူ ရေရွတ်လိုက်သည် “ရှီမာယူယူ မင်းက ငါ့ရဲ့သိချင်စိတ်ကို အစပျိုးလိုက်တာပဲ ဟင်….”