ရှီမာယူယူအားတောက်လောင်နေသော မီးသည် ကျောက်တုံးအခန်းတစ်ခုလုံးကို နေ့ကဲ့သို့ လင်းထိန်သွားစေပြီး သူမအရိုးများနှင့် ခန္ဓာကိုယ်တစ်ခုလုံး တောက်လောင်သွားသည်ကို ခံစားလိုက်ရသည်။
သို့သော် သူမလက်ဖဝါးကိုလောင်ကျွမ်းသည်နှင့်မတူဘဲ သူမခန္ဓာကိုယ်တွင် တောက်လောင်နေသော မီးတောက်သည် ခန္ဓာကိုယ်အစိတ်အပိုင်းများမှ အလွန်တောက်ပစွာ က,နေသကဲ့သို့ပင်။
သူမ ကိုယ်မှ မသန့်ရှင်းသောအရာများသည် အခုချိန်ကစပြီး ပြာကျသွားလေပြီ။ သူမကိုယ်သည် မသန့်ရှင်းသောအရာများ လုံးဝပျောက်သွားသည်ကို ခံစားလို့ရသည်သာမာ ကျဉ်းမြောင်းသော သွေးကြောများသည်လည်း ကျယ်လာသည်ကို ခံစားရသည်။
သွေးကြောများကျယ်လာသည်မှာ သူမကျင့်ကြံစဉ်တွင် ဝိညာဉ်ကိုစုပ်ယူရသည်မှာ ပိုမိုတိုးပွားနိုင်သည်။ ထပ်ပြောရလျှင် သွေးကြောများကျယ်လာခြင်းကြောင့် အရိုးများနှင့် လျင်မြန်မှုမှာ အရင်ကထက် ပိုမိုသန်မာလာပြီး အကြမ်းခံနိုင်လာတော့မည်။
အရိုးများကိုက်ကာ နာကျင်မှုနှင့် သွေးကြောများကျယ်လာကာ မသန့်ရှင်းမှုများ တောက်လောင်သွားခြင်းကြောင့် သူမ နာကျင်ကာ မြေပေါ်တွင် လဲသွားသည်။ သူမ ခြေပြင်တွင် လှိမ့်နေကာ တစ်ခဏတာ နာကျင်မှုပျောက်စေရန် ကြိုးစားလိုက်သည်။ မည်လောက်ပင် နာကျင်စေကာမူ သူမ အားတင်းကာ ကျိတ်မှိတ်ပြီး နာကျင်မှုအသံတစ်စုံတစ်ရာမျှမထွက်ပဲ သွားကို အံကြိတ်ထားတော့သည်။
မီးတောက်သည် ပြာချချိန် အချိန်တိုင်းတွင် သူမကိုယ်သည် စေးကပ်သောအနက်ရောင်အရည်များကို ထုတ်ပစ်သည်။ ထိုဖြစ်စဉ်သည် ထပ်ခါထပ်ခါဖြစ်ကာ နာကျင်မှုသည် ငြီးငွေ့စရာကောင်းလာကာ သူမ မလှုပ်မရှားနိုင်ဖြစ်တော့သည်။
“ယူယူ ဘာမှမဖြစ်နိုင်ဘူးမလား” ဟိန်းသံလေးသည် ထိုမြင်ကွင်းကို ဝိညာဉ်ပုလဲအတွင်းမှ စောင့်ကြည့်ကာ အလွန်အမင်းစိုးရိမ်သွားသည်။
“ဘာမှဖြစ်မှာမဟုတ်ပါဘူး သူမ လုပ်နိုင်မှာပါ” ဝိညာဉ်လေးသည် စိတ်လှုပ်ရှားစွာပြောလိုက်သည်။
ရှီမာယူယူသည် ကျင့်ကြံခြင်းလမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်းသည့်မိန်းကလေးဖြစ်သည်ကို သူအမြဲတမ်းတွေးခဲ့သည်။ ဒီလောက် ဇွဲရှိမည်ကိုတော့ ထင်မထားပေ။ သို့သော် ပြင်းထန်သော နာကျင်မှုကို သူမခံစားပြီးနောက် သူမစကားတစ်လုံးမှ မပြောနိုငတော့ပေ။ သူတို့ စာချုပ်ချုပ်ဆိုစဉ်ကအတိုင်းပင် ခံစားရသော နာကျင်မှုကို သူတို့နားလည်နိုင်သည်။
ဝိညာဉ်လေးသည် အံ့သြတုန်လှုပ်သွားသည်။ မည်လောက်ပင် နာကျင် ဒုက္ခရောက်စေကာမူ သူမမျက်လုံးများသည် သန်မာ၍ စိတ်ဓာတ်ကြံ့ခိုင်ခြင်းကြောင့် လှုပ်ခတ်သွားခြင်းမရှိပေ။ ထိုသူတွေသည် ကြီးမားသောအရာများကို လုပ်နိုင်သည်။ သူမအနာဂတ်တွင် ဖြစ်လာမည့်အကြောင်းများကို သူမျှော်မှန်းမိသည်။
“ဟား ယူယူလေးက တော်ပါတယ်လို့ငါပြောသားပဲ” လင်းလုံသည် ဟိန်းသံလေး၏ အပေါ်တွင် သူမခေါင်းအောက်တွင် လက်ခုကာ လှဲရင်း စိတ်မပူပဲ အေးအေးဆေးဆေးရှိနေသည်။
သူမ ဝိညာဉ်၏ နက်နဲမှုကို နားလည်သောသူသည် ဒီအတိုင်းပင် ရပ်တန့်မည်မဟုတ်ပေ။
ပစ်လိုက်သော ဝိညာဉ်ကျောက်တုံးသည် အရောင်မှိန်သွားသည်။
ထိုသည်ကို ဝိညာဉ်လေးမြင်သော် မျက်မှောင်ကျုံ့လိုက်သည်။
ရှီမာယူယူ သူမလဲသည်မှာ အချိန်ဘယ်လောက်ကြာသွားမှန်းမသိပါ သူမကိုယ်ခံနိုင်ရည်မရှိတော့ဟု ခံစားမိချိန်တွင် မီးတောက်သည်အားနည်းလာပြီး နောက်ဆုံးတွင် ကွယ်ပျောက်သွားတော့သည်။
သူမ ညည်းလိုက်ကာ လက်ချောင်းများကို လှုပ်ရန်ကြိုးစားလိုက်သည်။ အကြိမ်အနည်းငယ် ကြိုးစားပြီးနောက်တွင်တော့ အနည်းငယ်သာလှုပ်နိုင်သေးသည်။ သူမလူးလွန့်လိုက်သောအချိန်တွင် သူမ ခန္ဓာကိုယ်တစ်ခုလုံးနှင့် အရိုးများဆက်သောနေရာများသည် အက်ရာများထင်သွားပြီး ကျောက်တုံးအခန်းတွင် အသံများဆူညံသွားတော့သည်။ ကံကောင်းစွာပင် အနည်းငယ်လှုပ်ရှားပြီးနောက် သူမခန္ဓာကိုယ် လှုပ်ရှားမှုသည် ပုံမှန်အတိုင်းဖြစ်သွားသည်။ သူမ မြေပြင်ပေါ်တွင် လဲလျောင်းကာ မျက်နှာကျက်ကို ကြည့်ကာ ဟောဟဲလိုက်ကာ မောနေသည်။ အတွေ့အကြုံတစ်ခုလုံးသည် မီးတောက်ပင်လယ်ထဲသို့ လမ်းလျှောက်ရသကဲ့သို့ပင်။
“နိဗ္ဗာန်မီးတောက်က မင်းခန္ဓာကိုယ်တစ်ခုလုံးကို သန့်ရှင်းပေးသွားပြီ ဒါက မင်းရဲ့ရှေ့လျောက် ကျင့်ကြံခြင်းကို အထောက်အကူပေးနိုင်တယ်” တူညီသော ရှေးကျသောအသံသည် ထွက်လာသည်။
“နိဗ္ဗာန် မီးတောက်ဟုတ်လား မင်းဘယ်သူလဲ ငါနဲ့ စာချုပ်ချုပ်ဖို့ ဘာလို့အရင်ကမ်းလှမ်းတာလဲ” အသံထွက်လာသည်ကို ကြားသည်နှင့် ရှီမာယူယူမေးလိုက်သည်။
“ငါက ကြက်သွေးရောင်မီးတောက်လို့ခေါ်တယ် တခြားတော့မရှိဘူး အခုတော့မင်းသိဖို့မလိုသေးဘူး။ အချိန်ကျရင် မင်းအလိုလိုသိလာလိမ့်မယ်” အသံသည် နိမ့်ကာ ဆွဲဆောင်မှုရှိသည်။
“ငါတို့နှစ်ယောက်လုံး စာချုပ်ချုပ်လိုက်ပြီမလား ငါတို့ သွေးအဆက်အသွယ်ကိုတောင်တည်ထောင်လိုက်ပြီပဲ တစ်ယောက်နဲ့တစ်ယောက်ဖုံးကွယ်စရာလိုလို့လား” ရှီမာယူယူ ဖိအားပေးလိုက်သည်။
“အရမ်းသိတာက မင်းအတွက်မကောင်းဘူး။ မင်းရဲ့ ခန္ဓာကိုယ် အခြေအေနေက အရမ်းဆိုးဝါးနေတယ်။ အဲဒါကြောင့် ငါမင်းကို နိဗ္ဗာန်မီးတောက်နဲ့ ကူညီလိုက်တာပဲ အခုကစပြီး မင်းရဲ့ ကျင့်ကြံမှုက ပိုပြီးတိုးတက်မှု မြန်တော့မယ်။ မင်းရဲ့ စွမ်းအင်ဗဟိုချက်ကိုကြည့်လိုက်”
“ငါအခုမမြင်ရဘူး” သူမပြောလိုက်သည်။
“စမ်းကြည့်လိုက်ပါဦး”
ငါ့ခန္ဓာကိုယ်ကို နိဗ္ဗာန်မီးတောက်နဲ့ ဆေးပြီး အခု ငါ့စွမ်းအင်ဗဟိုချက်ကို ကြည့်ရမှာလား။ ရှီမာယူယူသည် အယုံအကြည်မရှိသောလည်း ပြောသည့်အတိုင်းလုပ်လိုက်သည်။ သူမမျက်စိမှိတ်လိုက်ပြီး ကိုယ်ပိုင်အသိစိတ်ဖြင့် ခန္ဓာကိုယ်တစ်ခုလုံးကို စမ်းစစ်ရန်ကြိုးစားလိုက်သည်။
သူမ မကြိုးစားလဲမသိနိုင်ပါ သို့သော် ကြိုးစားချိန်တွင်တော့ သူမအံ့သြသွားမိသည်။ သူမ ခန္ဓာကိုယ်အတွင်း ဖွဲ့စည်းမှု၊ သွေးကြောများနှင့် အကြောများ စီးဆင်နေသည်ကို မြင်ရသည်။
“စွမ်းအင် ဗဟိုချက်ကို” ကြက်သွေးရောင်မီးတောက်က ပြောလိုက်သည်။
“ကောင်းပြီ” သူမအသိစိတ်ကို လိုချင်သည့်နေရာကို ဆက်ခေါ်ဆောင်သွားလိုက်သည်။ ပထမဆုံးမြင်ရသည်မှာ ရေကန်တစ်ကန်။ ထိုကန်သည် ပြီးခဲ့သည့်တစ်ခေါက် ဝိညာဉ်လေးပြောခဲ့သော ဝိညာဉ်ရေကန်ဖြစ်နိုင်သည်။
ဝိညာဉ်ရေကန်သည် အစိတ်အပိုင်းအလိုက် ခွဲခြားထားသည်။ တစ်ခုချင်းစီတွင် အရည်အဆင့်လိုက်ခွဲခြားထားသည်။ သို့သော် အနီရောင်ရှိသောအရည်များပြည့်နှက်နေပြီး အခုလက်ရှိအခြေအနေကိုပြနေသည်။ သူမ မီးတောက်အရည်အချင်းသည် အားအကောင်းဆုံးဖြစ်သည်။
သူမ အသိစိတ်ထဲတွင် သူမသည် အရွယ်အစားသေးငယ်နေပြီး ရေကန်ဘေးတွင် ပေါ်လာကာ ရေကန်၏ အလယ်တွင် လှည့်နေသော သေးငယ်သောအနီရောင်ပုလဲကိုကြည့်နေသည်။ ဒုလုံးပုံရှိထိုနေရာ ပတ်ပတ်လည်တွင် ဝိညာဉ်စွမ်းအင်ရှိမနေပါ။
သူမ စပ်စုစွာဖြင့် စိုက်ကြည့်ပြီး မေးလိုက်သည် “ဒါဘာလဲ”
“ဒါက နိဗ္ဗာန်မီးတောက်ရဲ့အောက်မှာ ကြုံရတဲ့ မင်းရဲ့ခန္ဓာကိုယ်ပြောင်းသွားတဲ့ပုံစံပဲ ကြည့်လိုက်ပါ” ကြက်သွေးရောင် မီးတောက်ပြောလိုက်သည်။
များပြားလှသော ဝိညာဉ်ချီများသည် အကြောများမှတစ်ဆင့် ဝိညာဉ်ရေကန်ထဲသို့စီးဆင်းသွားသည်ကို သူမကြည့်နေခဲ့သည်။
“ဒါက မီးအရည်အချင်း ဝိညာဉ်ချီလား” ရှီမာယူူယူမေးလိုက်သည် “ဒါပေမယ့် ငါအခုမကျင့်ကြံနေဘူးလေ”
“ဒါက ပုလဲရဲ့ လုပ်ဆောင်ချက်ပဲ၊ သူလှည့်လည်တာနဲ့ မင်းပတ်ဝန်းကျင်မှာရှိတဲ့ ဝိညာဉ်ချီတွေကိုအလိုလို စုပ်ယူလိမ့်မယ် မင်းမကျင့်ကြံနေရင်တောင် ဝိညာဉ်ချီကို စုပ်ယူလိမ့်မယ်” ကြက်သွေးရောင် မီးတောက်မှ ပြန်ဖြေလိုက်သည်။
“ဝါး ကောင်းလိုက်တာ” ရှီမာယူယူ အံ့အားသင့်စွာပြောလိုက်သည်။
ဒါဟာ ရိုးရှင်းတဲ့အဆင့်မြင့် လှည့်စားနည်းပဲမလား။ သူမ မကျင့်ကြံရင်တောင် ဝိညာဉ်ချီကို အလိုအလျောက်စုပ်ယူနိုင်မယ်။ ဒီနည်းလမ်းဖြင့် သူမကိုယ်ပိုင်အချိန်ပိုထွက်လာမည်။
သူမစိတ်လှုပ်ရှားသဖြင့် အသိစိတ်သည်ရုတ်တရက် ခန္ဓာကိုယ်ဆီသို့ပြန်ရောက်လာပြီး အတွင်းပိုင်းမြင်ကွင်းကို အဆုံးသတ်လိုက်သည်။
“မင်းက အခုအရမ်းအားနည်းနေတယ် ဒါကြောင့် မပျင်းပဲ ကျင့်ကြံဖို့ကိုအချိန်ယူသင့်တယ် ဒီနေရာက မီးဝိညာဉ်ချီတွေနှစ်ပေါင်းများစွာ စုစည်းနေတဲ့နေရာကဲ မင်းကျင့်ကြံဖို့ကို အသင့်တော်ဆုံးနေရာပဲ ငါအခု အိပ်တော့မယ် ငါ့ကိုအနှောင့်အယှက်မပေးပါနဲ့”
သူစကားဆုံးသည်နှင့် ထိုနေရာသည် လုံးဝတိတ်ဆိတ်သွားတော့သည်။ သူ၏တည်ရှိမှုကို သူမအာရုံခံရန်ကြိုးစားလိုက်ပြီးနောက် သူအိပ်မောကျသွားသည်ကို သတိပြုမိလိုက်သည်။
“သူမအိပ်ခင်တော့ အနည်းဆုံး သူကဘာဝိညာဉ်သားရဲလဲဆိုတာပြောသွားသင့်တယ်” ရှီမာယူယူသည် ညည်းညူသလို ပြောလိုက်သည်။
“အဟွတ် အဟွတ်” “ဒီနေရာ ဘယ်သူမှမရှိဘူးဆိုရင်တောင် ယူယူ မင်းအင်္ကျီအရင်ဝတ်သင့်တယ်လို့ ငါထင်တယ်” ဟိန်းသံလေးသတိပေးလိုက်သည်။
ထိုအချိန်မှပင် သူမအင်္ကျိများသည် မီတောက်များကြောင့် လောင်ကျွမ်းပြီး ပြာဖြစ်သွားသည်ကို သတိထားမိတော့သည်။ သူမ အမျိုးသားဝတ် ဝတ်ရုံကိုအမြန်ဆွဲထုတ်ပြီး ဝတ်လိုက်သည်။
သူမ လက်ရှိအခြေအနေကို စဉ်းစားကြည့်လျှင် ထိုအခွင့်အရေးမျိုးမျက်စိရှေ့တွင်ရှိနေသည့်အတွက် လက်လွတ်ခံ၍မဖြစ်ပေ။ ကျောက်တုံးအခန်းတွင် ဘာမှမရှိသည်ကို စစ်ဆေးပြီးနောက် ခုဏက ဥရှိနေသော နေရာတွင် ထိုင်၍ ကျင့်ကြံမှုစတင်တော့သည်။
တစ်ချိန်ထဲတွင် အင်ပါယာကျောင်းတော်ကြီး၏ အနက်ရောင်တောင်တွင် ဝိညာဉ်သားရဲဥစုဆောင်းခြင်းသည် ပြီးဆုံးသွားသည်မှာ သုံးရက်ကြာသွားပြီဖြစ်သည်။ ကျောင်းသားအားလုံးသည် ဥများစုဆောင်းပြီးသဖြင့် ဖြတ်လမ်း တည်ဆောက်မှုမှထွက်လာကြပြီဖြစ်သည်။ နှစ်ရက်အကြာတွင် ရှီမာယူယူမှလွဲ၍ အကုန်လုံးထွက်လာကြပြီဖြစ်သည်။
“မင်းဒီမှာ ဘယ်လောက်ကြာအောင်စောင့်နေမှာလဲ” ကျောင်းအုပ်ကြီးသည် ဂူသို့လာရောက်၍ တစ်ယောက်တည်းဖြစ်နေသော ဖန်ကျိရှင်းကိုမေးလိုက်သည်။
“သူပြန်မလာမချင်း ကျွန်တော်စောင့်မှာပါ” သူ ကျောင်းအုပ်ကြီးအားကြည့်ပြီးနောက် တည်ဆောက်မှုဆီသို့ အာရုံပြန်စိုက်လိုက်သည်။
ကျောင်းအုပ်ကြီးသည် ညင်သာသော သက်ပြင်းချ၍ မေးလိုက်သည် “မေးရဦးမယ် မင်းနဲ့သူနဲ့ ကဘယ်လိုဆက်ဆံရေးလဲ”
ဖန်ကျိရှင်းသူ့အား အကြည့်တစ်ချက်ကြည့်လိုက်သည်ကို သူတွေ့လိုက်သည်။ သူ အချိန်ကြာစွာ အောင့်ထားခဲ့သော မေးခွန်းကို နောက်ဆုံးတော့ မေးလိုက်ပြီ “မင်းသူ့ကို ဆရာကတပည့်ကို ဆက်ဆံသလိုမျိုး ဆက်ဆံတာမဟုတ်ဘူး မင်းဒီမှာ စာသင်ဖို့ဆုံးဖြတ်လိုက်တာ သူ့ကြောင့်ပဲမဟုတ်လား မင်းတို့နှစ်ယောက် ဘယ်လိုဆက်ဆံရေးလဲဆိုတာ ငါ့ကို ပြောပါ”