ရှီမာယူယူ သူမဘယ်ရောက်နေလဲဆိုတာ လှည့်ပတ်ကြည့်လိုက်သည်။ သူမ မြင်သမျှအားလုံးမှာ မိုးထိမြင့်သော ထူထပ်နေသော ဝါးရုံများပင်ဖြစ်သည်။ ဝါးအတက်များသည် အစိမ်းဖျော့ရောင်များအဖြစ် ဖျာထွက်တောက်ပနေပြီး မြေပြင်တွင်တော့ သစ်ရွက်ခြောက်များဖြင့် ထူထဲစွာဖုံးအုပ်ထားသည်။ သူမ ဒီဝါးရုံတော ထဲကိုဘယ်လိုရောက်လာတာလဲ။
သူမ ဝါးပင်ရိုးတံရှေ့သို့ အရောက်သွားပြီး ထိတွေ့ရန် လက်ကိုဆန့်ထုတ်လိုက်သည်။ သူမထိလိုက်သော အရာသည် ရေခဲတုံးကို ထိလိုက်သကဲ့သို့ သူမ လက်ချောင်းထိပ်တွင် အေးခဲသော ခံစားမှုသည် စွဲကျန်နေခဲ့သည်။
“အေးလိုက်တာ” သူမ လက်ချောင်းများ အေးခဲသွားသကဲ့သို့ခံစားလိုက်ရသည်။ သူမ ကြာကြာမထိနိုင်ပဲ ချက်ချင်းပင် လက်ကိုရုတ်သိမ်းလိုက်သည်။
သူမ လှည့်ပတ်သွားလာလိုက်သောအခါ ထိုသစ်တောသည် အလွန်တရာကြီးမားကြောင်း သဘောပေါက်မိတော့သည်။ သူမ လျှောက်လာသည်မှာ နာရီဝက်လောက်ရှိပြီဖြစ်သော်လည်း သူမ ဝါးရုံတောထဲတွင် လမ်းပျောက်နေဆဲပင်။
“ဒီနေရာက ဘာလဲဟ ဒီနေရာက စိတ်ကူူးယဉ်နေရာလို့ပြောလည်း ဒီဝါးပင်တွေနဲ့ ကျောက်တုန်းတွေက ဘာလို့ အစစ်တွေလို့ခံစားမိနေတာလဲ” သူမ ကျောက်တုံးတစ်တုံးပေါ်သို့ ထိုင်ချလိုက်ပြီး ညောင်းညာနေသော ခြေထောက်များကို ထုနေသည်။ “ဒီခန္ဓာကိုယ်ကလည်း အရမ်းအားနည်းတာပဲ ငါလမ်းနည်းနည်းပဲလျှောက်ရသေးတယ် ပင်ပန်းနေပြီ။ ငါ့အရင်ဘဝနဲ့များ ကွာလိုက်တာ ရှေ့လျောက်တစ်ယောက်ယောက်နဲ့ တိုက်ခိုက်မယ်ဆိုရင်တောင် ဒီလိုပုံစံနဲ့ဆိုရင် အခြေနေမဟန်ဘူး။ ကြည့်ရတာ လေ့ကျင့်ခန်းများများလုပ်ရတော့မယ်”
ခဏတာမျှနားပြီးနောက် တောထဲသို့ ခြေဦးတည့်ရာဆက်သွားလိုက်သည်။ ဝိညာဉ်သားရဲဥမပြောနှင့် သက်ရှိအရာ တစ်ခုမျှ မတွေ့ရပေ။
“သေစမ်း ဒီနေရာက ဘယ်လိုမျိုးလဲ။ ဝိညာဉ်သားရဲဥကိုရှာပြီး ပြန်ထွက်ရုံပဲလို့ သူတို့ပြောတာမလား။ ဒါပေမယ့် ဒီနေရာက ဘာဥတစ်လုံးမှကိုမရှိဘူး ငါဘယ်လိုရှာရမှာလဲ” သူမရှေ့တွင်ရှိသော ဝါးရွက်များကို ရှီမာယူယူ ကန်လိုက်သည်။ သစ်ရွက်အောက်တွင် တစ်စုံတစ်ခုရှိပြီး သူမခြေထောက်အား ခလုတ်တိုက်မိမယ်လို့ ဘယ်သူထင်မိမှာလဲ။
“လူဦးခေါင်းခွံလား” အဖြူရောင်အရိုးခွံကို သေချာကြည့်၍ အရှေ့မှ ဖယ်ရှားလိုက်သည်။ ရှီမာယူယူ ချက်ချင်းပင် သတ်ဖြတ်လိုသော ရည်ရွက်ချက်များပေါက်ကွဲထွက်လာသည်။ ထိုအချိန်မှပင် သူရပ်နေသောနေရာတွင် ခြေရာများရှိနေသည်ကို သတိထားမိတော့သည်။
သူမ ခေါင်းငုံ့၍ ကြည့်လိုက်သည်။ သူမအားထုတ်၍ အောက်တွင်ရှိသော များစွာသော သစ်ရွက်များကို ကန်ထုတ်လိုက်သည်။ မကြာသေးမီက ကန်ထုတ်ထားသော ဦးခေါင်းခွံဘေးတွင် များစွာသော အရိုးများ ကျိုးတိုးကျဲတဲရှိနေသည်။
သူမ ခြေလှမ်းအနည်းငယ် ဆုတ်ကာ အရိုးစု၏ ထိပ်ဖျားကို နင်းချလိုက်သည်။ သစ်ရွက်များသည် ဖယ်ရှားသွားပြီး အရိုးစုသည် ရှင်းလင်းစွာ ရုပ်လုံးပေါ်လာသည်။
“အရိုးစုက ကြောက်တဲ့ပုံစံမရှိဘူး ကြည့်ရတာ ဒီလူဟာ မသေခင်မှာ အန္တရာယ်ကို ပက်ပင်းမတွေ့ခဲ့ဘူးနေမှာ” စေ့စေ့စပ်စပ် ကြည့်ရှုလိုက်သောအခါ တောအုပ်တစ်ခုလုံး၏ လမ်းတစ်ဝက်လောက်ကို သူမလှည့်ပတ်ပြီးပြီဟု ထင်သည်။ သူမ ရှုပ်ထွေးစွာမေးလိုက်သည် “ဒီလူဟာ အစာရေစာငတ်လို့သေတာ ဒါမှမဟုတ် ရေဓာတ်ခမ်းခြောက်လို့သေတာဖြစ်နိုင်တယ်”
“သခင် ဒါဟာ စီစဉ်ထားတဲ့နေရာတစ်ခုပဲ” ဝိညာဉ်လေးသည် ပြန်ဖြေလိုက်သည်။
“စီစဉ်ထားတဲ့နေရာဟုတ်လား တစ်ယောက်ယောက်က ဒီနေရာနဲ့ပတ်သတ်ပြီး လှည့်စားမှုနေရာ လို့ပြောဖူးတယ်လို့ ထင်တာပဲ ပြီးတော့ အကုန်လုံးကို တူတယ်ထင်အောင်လုပ်ထားတယ်တဲ့ အားလုံးဟာ အကုန်လုံးကို ဝိညာဉ်သားရဲဥလို့ထင်အောင် လုပ်ထားတာတဲ့”
“မင်းပြောနေတာလည်း အဲဒီ လှည့်စားမှုနေရာပဲလေ။ ဒီနေရာက လှည့်စားမှုနေရာမဟုတ်ဘူး။ ဒီဟာက..လျှို့ဝှက်နက်နဲတဲ့ နေရာပဲ” ဝိညာဉ်လေး ပြောလိုက်သည်။
“လျှို့ဝှက်နက်နဲတဲ့ နေရာဟုတ်လား ဘယ်လိုနေရာလဲ” ရှီမာယူယူမေးလိုက်သည်။
“လူတွေကို လမ်းပျောက်အောင် လုပ်တဲ့နေရာပဲ” ဝိညာဉ်လေးမှ ရှင်းပြသည်။ “မင်းလမ်းပျောက်နေတဲ့ အကြောင်းကလည်း ဒီ လျှို့ဝှက်နက်နဲတဲ့ နေရာကြောင့်ပဲ။ အဲဒါက မင်းကို စိုးရိမ်မှုတွေ မြင့်တက်စေလိမ့်မယ် အခုပဲ မင်းကို အကြိမ်ပေါင်းများစွာ ငါခေါ်နေတာ မင်းမကြားဘူးလေ”
“အခုလေးတင် မင်းငါ့ကိုခေါ်တယ် ဟုတ်လား။ ခုဏက ငါဘာမှမကြားပါဘူး အခုကျဘယ်လိုလုပ် ကြားသွားတာလဲ ဒီနေရာက ပျက်ဆီးသွားလို့လား” သူမ အမှန်တကယ်ပင် စိတ်ရှုပ်ထွေးမှုများမြင့်တက်လာကြောင်းကို တွေးနေပြီး တုန်လှုပ်မှု၏ ရိုက်ခတ်မှုကို ခံစားမိလေသည်။
“မင်း ဦးခေါင်းခွံကို ကန်လိုက်တာက မင်းရဲ့အသိစိတ်ကို နိုးထစေပြီး မင်းရဲ့ ဦးနှောက်ကို ခဏတာမျှ တက်ကြွစေတယ်။ အဲအကျိုးဆက်ကတော့ ငါ့ကို ဝင်ဖို့ဖြစ်လာပေးတာပဲ”ဝိညာဉ်လေး ပြောလိုက်သည်။
“ဒီနေရာက တကယ်ကြောက်စရာကောင်းတာပဲ ကျောင်းက ဘာလို့ဒီနေရာမျိုးကို တည်ဆောက်ထားတာလဲ” ရှီမာယူယူ စိတ်ရှုတ်ထွေးစွာမေးလိုက်သည်။
“မင်း ဒီအကြောင်းတွေကို တွေးဖို့အချိန်မကျသေးဘူး။ မင်းအသက်ရှင်ချင်တယ်ဆိုရင် ဒီနေရာကနေ ထွက်ဖို့ အရင် စဉ်းစားရမယ် ဒါမှမဟုတ်ရင် ဘာအဓိပ္ပာယ်မှ မရှိပဲ ဒီမှာပဲတစ်သက်လုံးနေသွားရလိမ့်မယ်” ဝိညာဉ်လေး အော်လိုက်သည်။
“ဒါဟာ ဒီလူ မသေခင်အထိဒီမှာ ပိတ်မိတဲ့အကြောင်းအရင်းပဲဖြစ်ရမယ်” ရှီမာယူယူ ပြောလိုက်သည်။ “ဝိညာဉ်လေး မင်းဒီနေရာအကြောင်းကို သိတော့ ဖျက်ဆီးတဲ့နည်းကိုသိမှာပေါ့”
“ငါက တည်ဆောက်မှုသခင်မဟုတ်ဘူး ငါဘယ်လိုလုပ် ဖျက်ဆီးနိုင်မလဲ” ဝိညာဉ်လေးပြောလိုက်သည်။
“မင်းက ဝင်္ကပါတည်ဆောက်မှုသခင်မဟုတ်ဘူးဆိုရင် ဒီလျှို့ဝှက်တဲ့နေရာအကြောင်းဘယ်လိုသိလဲ” ရှီမာယူယူ မေးလိုက်သည်။
“အကုန်လုံးက ဘယ်လိုစားရမလဲဆိုတာသိတယ်လေ ဘယ်လိုချက်ရမလဲဆိုတာသိကြလို့လား” ဝိညာဉ်လေး အထင်သေးစွာပြောလိုက်သည် “မင်း ဝက်သားကိုမစားတောင် ဝက်ပြေးတာကိုမြင်နိုင်တယ်”
“အင်း… မင်းဘယ်လိုဖျက်ဆီးရမလဲမသိဘူး ငါလည်းမသိဘူးဆိုတော့ အခုဘာလုပ်ကြမလဲ”
“အဓိပ္ပာယ်မရှိတဲ့ ဖြေရှင်းချက်ပဲ”
“ယူယူ အင်း.. ဘယ်လိုလုပ်ရမလဲငါသိတယ်” ဟိန်းသံလေးသည် ကြားဖြတ်ပြောလိုက်သည်။
ရှီမာယူယူသည် ဟိန်းသံလေး၏ အော်သံကို တုန့်ပြန်လိုက်ပြီး မေးလိုက်သည် “ဘာလဲ”
“အရင်တုန်းက မင်းမှာ အားကောင်းတဲ့ ဝင်္ကပါတည်ဆောက်မှုသခင် အစ်ကိုရှိတယ် ဒီလို တည်ဆောက်မှု နေရာအမျိုးအစားမှာ အခြေအနေနှစ်ခုရှိတယ်လို့ သူပြောတာငါကြားဖူးတယ်။ တစ်ခုက အတိအကျ သတ်မှတ်ထားတဲ့နည်းလမ်းအတိုင်း လိုက်နာတာပဲ နောက်တစ်ခုက အဲနည်းလမ်းကို လုံးဝ ဆန့်ကျင်တာပဲ”
“လိုက်နာတာနဲ့ ဆန့်ကျင်တာဟုတ်လား”
“ဟုတ်တယ် လိုက်နာဖို့ဆိုရင် တည်ဆောက်မှုရဲ့ လှုပ်ရှားမှုပုံစံကို သဘောပေါက်ဖို့လိုတယ် ပြီးတော့ တစ်ဆင့်ပြီးတစ်ဆင့်လုပ်သွားရမယ်။ ဒီနည်းလမ်းက တည်ဆောက်မှုနေရာကို မဖျက်နိုင်ဘူး ပြီးတော့ တည်ဆောက်မှုနေရာထဲက လူတွေကိုလည်းထိခိုက်နိုင်တယ်” ဟိန်းသံလေးပြောလိုက်သည်။
“ဒီနည်းလမ်းက မဖြစ်နိုင်ဘူး ငါတို့ တည်ဆောက်မှုကိုတောင်မသိတာ။ နောက်နည်းလမ်းတစ်ခုကို ပြောပါဦး” ရှီမာယူယူ မေးလိုက်သည်။
“ဆန့်ကျင်တဲ့နည်းလမ်းက ရိုးရှင်းတယ်” ဟိန်းသံလေးပြောလိုက်သည် “တည်ဆောက်မှုတိုင်းမှာ ဗဟိုချက်ရှိတယ်လို့ မင်းအစ်ကိုတစ်ခါပြောဖူးတယ်။ မင်းဗဟိုချက်ကို ရှာနိုင်ပြီဆိုရင် ဖယ်ရှားလိုက် အဲဒါ တည်ဆောက်မှုကို ပျောက်ကွယ်သွားစေနိုင်တယ်။”
“ဒီနည်းလမ်းက ရိုးရှင်းတာပဲ” ရှီမာယူယူသည် ထိုတည်ဆောက်မှု၏ ဗဟိုချက်ကိုရှာဖွေရန် ဘက်ပေါင်းစုံကို စတင်ရှာဖွေတော့သည်။
“ငါပြောတာမပြီးသေးဘူး” ဝိညာဉ်လေး မာဆတ်ဆတ်ပြောလိုက်သည်။ “ဒီ ဆန့်ကျင်တဲ့နည်းလမ်းက ရိုးရှင်းပေမယ့် မင်းဗဟိုချက်ကို ဖျက်ဆီးလိုက်ရင် တည်ဆောက်မှုတစ်ခုလုံးလည်း ပြိုကျသွားမှာပဲ။ တည်ဆောက်မှု ပြိုလဲခြင်းတွေက မတူညီကြဘူး။ တစ်ချို့က တည်ဆောက်မှုထဲက လူတွေကို မထိခိုက်စေဘဲ ရေခဲလိုမျိုး အစိတ်စိတ်အမြွှာမြွှာကွဲတယ်။ ဒါပေမယ့် ဗုံးလို ပေါက်ကွဲရင်တော့ အထဲကလူတွေကို ဒဏ်ရာရစေတယ် ဒါမှမဟုတ် သေတောင်သေစေတယ်။ အဲဒါက တည်ဆောက်မှုနေရာကို တည်ဆောက်တဲ့ပိုင်ရှင်ပေါ်မှာမူတည်တယ်”
“ဘာတွေလဲ အဲဒါအရမ်းအန္တာရာယ်များတယ်” ရှီမာယူယူ လုံးဝ လက်မှိုင်ချလိုက်သည်။
“မှန်တယ် လူတွေတော်တော်များများက ဒုတိယနည်းလမ်းကိုမရွေးကြဘူး” ဟိန်းသံလေးရှင်းပြသည်။
တစ်ခဏမျှ တွေးတောကာ ရှီမာယူယူပြောလိုက်သည် “တကယ်ပေါက်ကွဲမယ်ဆိုရင် ငါလုပ်နိုင်တာဘာမှမရှိဘူး လိုက်နာရမယ့်နည်းလမ်းကို မသိဘူးပြီးတော့ ဘယ်လိုဆန့်ကျင်ရမလဲဆိုတာပဲ သိတယ် အဲဒါရဲ့ အဖြေက သေဆုံးခြင်းဆိုတာကိုတော့ နားမလည်နိုင်ဘူး”
“ဒီလမ်းပဲထင်တယ်။ ငါတို့အတူသွားပြီး ဗဟိုချက်ကိုရှာကြမယ်” ဟိန်းသံလေးသည် ရှီမာယူယူ၏ ခေါင်းပေါ်ပျံသန်းရာမှ ဆင်းလိုက်ပြီး သူ၏ ကြီးမားသောမျက်လုံးများကိုအသုံးပြုကာ ကြိုးကြိုးစားစား ရှာဖွေတော့သည်။
“အစမှာတော့ ဗဟိုချက်ကို ခြေရာခံဖို့မလွယ်ဘူး ပြီးတော့ ဒီတည်ဆောက်မှုက အရမ်းကြီးတယ်။ မင်းဒီဗဟိုချက်ကို ခြေရာခံချင်တာက ကောက်ရိုးပုံထဲ အပ်ပျောက်ရှာသလိုပဲ လွယ်တော့မလွယ်ဘူး” ဝိညာဉ်လေးသည် ညည်းညူစွာပြောလိုက်သည်။
“ငါတို့ရှာကိုရှာရမယ်လေ” ရှီမာယူယူ ပုခုံးတွန့်လိုက်သည် “အဲဒါက ငါတို့မှာရှိတဲ့ တစ်ခုတည်းသော နည်းလမ်းပဲ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့မှာ အစားအစာနဲ့ ရေရှိတယ်။ ငါတို့ဒီနေရာကမထွက်နိုင်ရင်တောင် မသေနိုင်ပါဘူး ငါတို့မှာ အချိန်ရှိတယ် ငါတို့ဖြေးဖြေးချင်း လုပ်လို့ရတယ်”
ရှီမာယူယူနှင့် ဟိန်းသံလေးတို့ အတူတကွ ဗဟိုချက်ကို ရှာနေချိန်တွင် ဝိညာဉ်လေးသည် တိတ်ဆိတ်စွာ ကျန်နေသည်။
သူမ ဗိုက်ဆာသောအခါ ဝိညာဉ်ပုလဲအတွင်းသို့ သွားကာ ချက်ပြုတ်သည်။ သူမ ရေဆာသောအခါ ဝိညာဉ်ပုလဲအတွင်းသွားကာ သောက်စရာရေယူသည်။ သူမ အိပ်ချင်သောအခါ ဝိညာဉ်ပုလဲအတွင်းတွင် သွားအိပ်သည်။ အမှန်တကယ်တော့ သူမ တောထဲတွင်အိပ်ရန် ဆုံးဖြတ်သော်လည်း ဝိညာဉ်လေးအပြောအရ လူတွေအိပ်ပျော်ချိန်တွင် အသိတရားသည် အားနည်းသွားသည်ဟု ပြောသောကြောင့်ပင်။ သူမ တည်ဆောက်မှုနှင့် ပတ်သတ်၍ ရှုပ်ထွေးလာပါက သေချာသည်မှာ သူမထပ်ပြီး နိုးထရမည်။
တောထဲတွင် မည်မျှလမ်းလျှောက်ခဲ့သည်ကို သူမ မသိတော့ပါ။ အထဲတွင် အစိမ်းရောင် အလင်းအနည်းငယ်မှလွဲ၍ အမြဲပင်မှောင်မိုက်နေသည်။ ကောင်းကင်သည် မမှောင်သော်လည်း သူမ ထမင်း ခုနှစ်နပ် စားပြီး၍ အိပ်စက်ခြင်းမှာ ၂ ရက်၃ရက် ကုန်ဆုံးသွားပြီဖြစ်သည်။
“ယူယူ ဒီတည်ဆောက်မှုရဲ့ ဗဟိုချက်ကို သိဖို့မဖြစ်နိုင်ဘူးထင်တယ်” ဝင်္ကပါတည်ဆောက်မှု ဗဟိုချက်ကို ခြေရာခံရန် လုံးဝမဖြစ်နိုင်ပါ တက်ကြွစွာရှာဖွေနေသော ဟိန်းသံလေးပင် လက်မှိုင်ချချင်နေပြီ။ သူသည် ရှီမာယူယူ၏ ပုခုံးပေါ်သို့တက်လိုက်သည်။
“ငါတို့ နောက်ဆုံးတော့ ရှာတွေ့မှာပါ” ရှီမာယူယူသည်လည်း စိတ်ပျက်နေပြီ။ ဝါးပင်အပြင် ထိုတောတွင် ဝါးပင်သာရှိသည်။ ထို့အပြင် သူတို့ရှာဖွေနေချိန်အတွင်းတွင် နောက်ထပ် အရိုးစု ၂စုကို ရှာတွေ့ခဲ့သည်။
“ဒီလို ရမ်းသမ်းရှာနေတာက ကောင်းတဲ့နည်းလမ်းတော့မဟုတ်ဘူး” သူမခြေလှမ်းများရပ်တန့်ကာ ပြောလိုက်သည် “အဲဒါက ဗဟိုချက်ဖြစ်နေတော့ လိုက်နာဖို့ ဥပဒေတော့ရှိမှာပဲ ဒါမှမဟုတ် ထူးခြားတဲ့ လက္ခဏာတော့ရှိမှာပဲ။ ဆက်မရှာခင် သေသေချာချာ စစ်ဆေးဖို့အရင်လုပ်ကြရအောင်”
ထိုသို့ပြောပြီးနောက် သူမသည် ကြီးမားသော ကျောက်တုံးပေါ်သို့ ထိုင်ချလိုက်လေသည်။ ဝါးပင်များနှင့် မြေပေါ်တွင်ကျနေသော သစ်ရွက်များကို စစ်ဆေးကြည့်ရှုနေတော့သည်။