အပိုင်း(၂၉) – ဝိညာဉ်သားရဲဥစုဆောင်းခြင်း

ရှီမာယူယူ စိတ်အခြေအနေမကောင်းချိန်တွင်လည်း သူမ စားပြီးရင်းစားသည်။ ထို့ကြောင့် ဒီနေ့ညတွင်လည်း စားပွဲပေါ်တွင် မျိုးစုံသော ဟင်းလျာများပြည့်နှက်နေသည်။

ဖက်တီးကျူကတော့ သူ့ကိုပင်ခေါ်စရာမလိုပါ။ မွှေးကြိုင်သော ဟင်းအနံ့များကြောင့် သူ့ဘာသာသူရောက်လာသည်။ မကြာခင်တွင် ဝေကျိရွှီသည်လည်း ရောက်လာသည်။

“ဘေဂုံထန်နဲ့ ဝူရန်ဖေရောက်ပြီလားကြည့်လိုက် သူတို့ရောက်ရင် အတူတူလာစားခိုင်းလိုက်” ရှီမာယူယူ ချက်ပြုပတ်နေစဉ်အတွင်းမှာပင် ဖက်တီးကျူကိုအော်ပြောလိုက်သည်။

“ကောင်းပြီ” သူခေါင်းမမော့ခင်မှာပင် ပလုတ်ပလောင်းနှင့် ဖက်တီးကျူအော်လိုက်သည်။

ဘေဂုံထန်နှင့် ဝူရန်ဖေတို့ပြန်ရောက်ရင်လည်း ဒီကို  မလာလောက်ဖူးလို့ ဝေကျိရွှီထင်ခဲ့သည်။ အံ့သြစွာဖြင့် သူတို့နှစ်ယောက်လုံးသည် စားပွဲရှေ့သို့ ပေါ်လာတော့သည်။

“မင်းတို့နှစ်ယောက်လုံး တကယ်ပေါ်လာတာပဲ အံ့သြစရာကြီးပါလား”

ဘေဂုံထန် သူမလက်ကိုဆေးကာ စားပွဲတွင်မထိုင်မီ ဝေကျိရွှီအား ဂျိုကြည့်ကြည့်လိုက်သည်။ သူမ စကားတစ်ခွန်းမှမပြောပဲ တိတ်တိတ်ထိုင်ကာ အခြားသူများကို စောင့်နေသည်။

ဝူရန်ဖေသည် ဝေကျိရွှီကို ကြည့်ကာပြောလိုက်သည် “ဒီက စားစရာတွေက ကျောင်းစားသောက်တန်းထက် အရသာရှိတယ်လို့ ဖက်တီးကျူပြောလို့”

ရှီမာယူယူ ပန်းကန်တွင် ဟင်းလျာများပြင်ကာ စားပွဲတွင် ခင်းကျင်းလိုက်သည်။ ထိုအချိန်တွင် ဟိန်းသံလေးသည် စားသောက်ပြီးစီး၍ လမ်းလျှောက်ရန်ထွက်သွားလေသည်။

“ငါတို့တွေ အိမ်ဝင်းတစ်ဝင်းထဲနေပြီးတော့ ပိုပြီး အပြန်အလှန် ရင်းရင်းနှီးနှီးနေသင့်တယ်။ ကြည့်ပါလား ဒီလို အတူတူစားတာ အရမ်းကောင်းတာပဲ” ဖက်တီးကျူ ပြောလိုက်သည်။

“မင်းက ချက်တတ်လား” ဘေဂုံထန် အေးစက်စက် မေးလိုက်သည်။

“မချက်တတ်ဘူး” ဖက်တီးကျူသည် လှည့်ကာ ရယ်မောကာ လေးလေးနက်နက်ဖြေသည်။ “ငါတို့မှာ ယူယူရှိတယ်လေ”

ရှီမာယူယူ သူ့အား အေးတိအေးစက်ကြည့်သော်လည်း မကန့်ကွက်ခဲ့ပေ။

“မနက်ဖြန်က ဝိညာဉ်သားရဲဥစုဆောင်းတဲ့နေ့ပဲ” ဝေရန်ဖေ ကြားဖြတ်ပြောလိုက်သည်။

“ဝိညာဉ်သားရဲဥစုဆောင်းတာ ဟုတ်လား အဲဒါဘာလဲ” ဒီစကားကြားသည်နှင့် ရှီမာယူယူမေးလိုက်သည်။

“ဝိညာဉ်သခင်တွေက သူတို့ရဲ့ ဝိညာဉ်သားရဲတွေကို စာချုပ်ချုပ်နိုင်တယ်လေ မင်းအဲဒါတွေကို ကောင်းကောင်းသိတယ်မလား” ဖက်တီးကျူပြောလိုက်သည်။

သူမ ခေါင်းညိတ်လိုက်သည်။

“ယေဘုယျအားဖြင့် ဝိညာဉ်သခင်နဲ့ ဝိညာဉ်သားရဲတို့ရဲ့ စာချုပ်က အကန့်အသတ်ရှိတယ်။ အားကောင်းတဲ့ ဝိညာဉ်သခင်က ဝိညာဉ်သားရဲတွေကို ပိုပြီး စာချုပ်ချုပ်နိုင်တယ်။ ငါတို့လို ဝိညာဉ်သခင်လောကကို စ,ဝင်မယ့် ကျောင်းသားတွေက ဝိညာဉ်သားရဲတစ်ကောင်တည်းကိုပဲ စာချုပ်ချုပ်ဖို့ဖြစ်နိုင်တယ်။ ဒါပေမယ့် ဝိညာဉ်သားရဲဥကတော့ လုံးဝမတူဘူး။ မိသားစုနောက်ခံမရှိတဲ့ တချို့ကျောင်းသားတွေက ဝိညာဉ်သားရဲတွေနဲ့ စာချုပ်ချုပ်လို့မရဘူး။ အဲတော့ ဒီဝိညာဉ်သားရဲဥရွေးချယ်ပွဲမှာ သူတို့ကိုယ်ပိုင် ဝိညာဉ်သားရဲကိုရွေးပြီး စာချုပ်ချုပ်လို့ရတယ်။ ဒါပေမယ့် ဝိညာဉ်သားရဲစာချုပ်ရှိပြီးသား ကျောင်းသားတွေကလည်း ဝိညာဉ်သားရဲဥနဲ့ဆိုရင် ဝိညာဉ်စွမ်းအင်သိပ်မလိုတဲ့အတွက် နောက်ထပ်စာချုပ်ထပ်ချုပ်လို့ရသေးတယ်” ဝေကျိရွှီ စိတ်ရှည်စွာ ရှင်းပြလိုက်သည်။

ရှီမာယူယူ သဘောပေါက်သည့် အမူအရာဖြင့် ထပ်ခေါင်းညိတ်လိုက် သည်။ “ဒါဆို ကျောင်းတော်က ကျောင်းသာတွေကိုပေးတဲ့ လက်ဆောင်ပေါ့”

“အဲလိုယူဆလို့လည်းရတယ်။ ဒါပေမယ့် ဒီဝိညာဉ်သားရဲဥရွေးချယ်ပွဲမှာ အပြင်ပုံစံကို အာရုံစိုက်ဖို့လည်းလိုတယ်”

“အပြင်ပုံစံကို အာရုံစိုက်ရမယ်ဟုတ်လား”

“ဝိညာဉ်သားရဲဥတွေမှာလည်း အဆင့်မြင့်နဲ့ အဆင့်နိမ့်ဆိုပြီး သူတို့ကိုယ်ပိုင် အဆင့်တွေရှိတယ်။ မျိုးရိုးဂုဏ်နိမ့်ရင်တောင်မှ အဆင့်မြင့်ဥကိုရွေးမိလို့ နောက်တစ်ချိန် ဥပေါက်လာရင် ပိုပြီးအားကောင်းတဲ့ ဝိညာဉ်သားရဲနဲ့ စာချုပ်ချုပ်လို့ရတယ်”

ရှီမာယူယူ သူမ တူကိုကိုက်ကာ မေးလိုက်သည် “သူတို့က ဘာလို့ အကုန်လုံး ဥထဲမှာလဲ။ နို့တိုက်သတ္တဝါတွေကျ ဘယ်လိုလုပ်မလဲ”

“နို့တိုက်သတ္တဝါတွေလည်း ဝိညာဉ်သားရဲဥထဲမှာပဲ အဲဒီ ဥတွေက စိတ်ရဲ့ယုံမှားမှုပဲ” ဝေကျိရွှီ ထပ်ပြောလိုက်သည်။ “အဲဒီ ဝိညာဉ်သားရဲဥတွေက ထူးခြားတဲ့နေရာကနေလာတယ်လို့ ကြားဖူးတယ်၊ ဘယ်လို တိရိစ္ဆာန်ပဲဖြစ်ဖြစ် မင်းဥကိုပဲမြင်နိုင်မယ်။ ပြီးတော့ ဥအကုန်လုံးက အပြင်ပုံစံတူနေမယ်။ နို့တိုက်သတ္တဝါပါတဲ့ ဥကိုရွေးမိရင်အဲဒါပျောက်ကွယ်သွားမယ်”

“အဲနောက်မှာ လှည့်ကွက်တွေရှိတာပေါ့ ဒါမှမဟုတ်ရင် ဥတွေအကုန်လုံးက ဘာလို့တူနေရတာလဲ။ နောက်ကွယ် အကြောင်းအရာကဘာလဲ” ရှီမာယူယူ ခွဲခြမ်းစိတ်ဖြာပြီးမေးလိုက်သည်။

ဘေဂုံထန် ကြားသည်နှင့် သူမအားကြည့်လိုက်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် မနက်ဖြန်ကတော့ စောင့်ရကျိုးနပ်မယ့်နေ့ပဲ” ဖက်တီးကျူပြောလိုက်သည်။

“ဒါမတိုင်ခင်ကို မင်းမှာ စာချုပ်ချုပ်ထားတဲ့ ဝိညာဉ်သားရဲရှိပြီးသားလေ၊ ဘာတွေမျှော်လင့်နေတာလဲ” ရှီမာယူယူ အပြစ်တင်လိုက်သည်။

“အဲဒါက မတူဘူး မြင့်မြတ်တဲ့အဆင့်ရှိတဲ့ ဝိညာဉ်သားရဲဥတွေ အဲထဲမှာ ရောပါတယ်လို့ငါကြားတယ်။ ငါ အဆင့်မြင့်တဲ့ ဥကိုရွေးမိရင် နောက်တစ်ချိန်မှာ ပိုပြီးအားကောင်းနိုင်တယ်လေ မဟုတ်ဘူးလား ဟားဟားဟား” ဖက်တီးကျူ မျှော်လင့်စွာဖြင့် ပင့်သက်ရှိုက်လိုက်သည်။

“စိတ်ကူးယဉ်မနေနဲ့တော့” ရှီမာယူယူ ပြန်ပြောလိုက်သည်။

“မင်း မြင့်မြတ်တဲ့အဆင့်ရှိတဲ့ ဝိညာဉ်သားရဲဥကိုမရွေးမိရင်တောင် ဘာဖြစ်လဲ ကျောင်းကရွေးပေးတဲ့ ရှားပါးပြီး အားကောင်းတဲ့ အခွင့်အရေးရှိနေတာပဲ”

“တကယ်ပဲလား ငါတောင် မနက်ဖြန်အတွက် စိတ်လှုပ်ရှားနေပြီ ဟားဟားဟား”

နောက်နေ့တွင် ဘေဂုံထန်နှင့် ဝူရန်ကျိသည်လည်း မနက်စာ အတူတူလာစားကြသည်။ ကံကောင်းစွာပင် အစားအသောက်ပြင်ဆင်မှုသည် ဝိညာဉ်လေးပြုလုပ်၍ သူမသည် ချက်ပြုုတ်ရုံတင်သာ။

မနက်စာ စားပြီးချိန်တွင်တော့ စာသင်ခန်းကို ဦးတည်သွားခဲ့ကြသည်။

သူမ ဝင်လိုက်သည်နှင့် အကုန်လုံး၏ အကြည့်သည် သူမထံရောက်ရှိလာသည်ကို ရီမာယူယူခံစားလိုက်ရသည်။ အထင်သေးခြင်း၊ အံ့သြခြင်း၊ စပ်စုခြင်းနှင့် ဒေါသထွက်ခြင်း စသည့် စိတ်ခံစားချက်များရောထွေးနေသည်။ မနေ့က စိန်ခေါ်မှုပွဲမှာ အနိုင်ရခြင်းအတွက် မုန်တိုင်းငယ်တစ်ခုတိုက်ပြီထင်ရသည်။

မုန်ထန်သည် ဒေါသများအလိပ်လိုက်ထွက်ဆဲပင်။ သို့သော် သူမတွင်ရွေးချယ်မှုမရှိပါ။ သူမအား တစ်ယောက်တည်းပေးနေကာ သူမ၏ ဓားမြှောင်ကိုသာ စိုက်ကြည့်နေလိုက်သည်။

ရှီမာယူယူနှင့် ဘေဂုံထန်သည် ပတ်ဝန်းကျင်မှ လူများကို လုံးဝ လျစ်လျူရှုကာ ကိုယ့်နေရာကိုယ် သွားထိုင်လိုက်ကြသည်။ ဘေဂုံထန်သည် ခပ်တန်းတန်းဖြစ်ပြီး အေးစက်လွန်းသည်။ ရှီမာယူယူမှာ ဒီလို ကိစ္စများကို ဂရုစိုက်ဖို့ ပျင်းလှသည်။

မကြာခင်တွင် ဖန်ကျိရှင် အတန်းထဲသို့ဝင်လာချိန်တွင် အကုန်လုံးကို အတန်းထဲတွင် ရှိသည်ကိုမြင်လိုက်သည်။ “ဒီနေ့ကဘာနေ့လဲဆိုတာ မင်းတို့အကုန်လုံးသိတယ်နော် ငါတို့မထွက်ခင် မှတ်ဖို့ နည်းနည်းလောက် အတိုချုပ်ပြောချင်တယ်”

“ဝိညာဉ်သားရဲဥတွေ ထားတဲ့နေရာက ကျောင်းအနောက်က တောင်တွေထဲကတစ်ခုမှာပဲ။ အဲဒီမှာ တံခါးလေးခုရှိပြီး သုံးခုကိုတော့ဝင်လို့ရတယ်။ မင်းတို့ဝင်တာနဲ့ လှည့်စားမှုရှိလိမ့်မယ် မင်းတို့ ဝိညာဉ်သားရဲဥတွေ အများကြီးကို မြင်ရလိမ့်မယ်။ အကုန်လုံးဟာ အတူတူပဲဖြစ်လိမ့်မယ် မင်းတို့ရဲ့ ကိုယ်ပိုင် အသိစိတ်နဲ့ အာရုံခံရွေးရမယ်။ မင်းအရွေးချင်ဆုံးတစ်ခုကိုပဲ ရွေးပြီး ထုတ်ရမယ်။ ကဲ အခု ငါ့နောက်လိုက်ခဲ့ကြ ဝိညာဉ်သားရဲဥရွေးဖို့သွားကြမယ်”

ကျောင်းသားများသည် စိတ်လှုပ်ရှားစွာ စကားများပြောနေကြပြီး သူ့နောက်သို့ လိုက်သွားကြသည်။ ရှီမာယူယူ ဟီကျူကျိကို ဖြတ်လျှောက်သွားသောအချိန်တွင် သူမအား ခြိမ်းခြောက်သော အကြည့်ဖြင့် စိုက်ကြည့်နေသည်။ သူမခေါင်းကို လှည့်လိုက်သောအခါတွင်တော့ သူ့အကြည့်များရုတ်သိမ်းကာ ဘာကိစ္စမှ မဖြစ်ခဲ့သလိုမျိုးနေလိုက်သည်။

ဖန်ကျိရှင်း တောင်ဆီသို့ ဦးဆောင်ခေါ်သွားကာ သူတို့ရောက်သည့်အချိန်တွင်တော့ တခြားအတန်းများသည် စုဝေးနေကြပြီး ဆရာများသည် အေးအေးဆေးဆေးစကားပြောနေကြသည်။

ဖန်ကျိရှင်းအပေါ် ထိုဆရာများကြည့်သောအကြည့်သည် လေးစားမှုအပြည့်ပါနေသည်ကို ရှီမာယူယူ သတိထားမိလိုက်သည်။

“အကုန်လုံးရောက်ပြီလား” ဖန်ကျိရှင်းသည် ဆရာများအဖွဲ့သို့သွားကာ မေးလိုက်သည်။

“ရောက်ပါပြီ၊ အကုန်လုံး ခုဏကပဲ ရောက်ကြတယ်။ ဆရာ့အတန်းက နောက်ဆုံးပဲ” ဆရာတစ်ယောက်က ဖြေလိုက်သည်။

“ဒါဆို သွားကြမယ်လေ” ထိုဆရာ၏ မထိတထိရှုံချသော မှတ်ချက်အား ဖန်ကျိရှင်း လျစ်လျူရှုလိုက်သည်။

ဒီနှစ်တွင်တော့ ဝိညာဉ်သခင် အရေအတွက်သည်မများလှပေ။ ကျောင်းသားတစ်ထောင်လောက်ပင် ရှိမည်။ အထူးအတန်းတွင်တော့ ဝိညာဉ် ထိန်းကျောင်းသူနှင့် အဂ္ဂိရတ်ဆရာများသည် ပြိုင်ဘက်ကင်းအတန်းသားများဖြစ်ကြသည်။ သာမာန်အတန်းတွင်တော့ ကျောင်းသား ကိုးရာရှိသည်။ လိုဏ်ခေါင်းကို ဝင်သော ဝင်ပေါက်များသည် အလန်ကျဉ်း၍ ကျောင်းသားများသည် သုံးအုပ်စုခွဲကာ အသုတ်လိုက် ဝင်ကြရသည်။

နောက်ဆုံးမှဝင်သော ကျောင်းသားများသည် တရားမျှတမှုမရှိဟု ခံယူကြသည်။ အကောင်းဆုံးဥများသည် ရွေးချယ်ခံရပြီးလောက်ပြီမဟုတ်လား။ ဆရာတစ်ယောက်သည် လက်ကိုမြှောက်လိုက်ပြီး ငြိမ်ရန်အချက်ပေးလိုက်ကာ အော်ပြောလိုက်သည် “အထဲက ဝိညာဉ်သားရဲဥတွေက ကျပန်းနေရာချထားတာ အဲဒါကြောင့် အောင်မြင်မှုနှုန်းကလည်း မျှတတယ်။ အစဉ်လိုက်ဝင်တာ မဝင်တာ မဆိုင်ဘူး။ ကဲ ပထမအသုတ်ဝင်မယ်”

ရောက်ရှိမှုအစဉ်လိုက်အရ ကျောင်းသားတွေ အသုတ်လိုက်ခွဲခြားထားသည်။ ဖန်ကျိရှင်းတို့ အုပ်စုသည် နောက်ဆုံးမှ ရောက်လာ၍ နောက်ဆုံးအသုတ်မှဝင်ရသည်။

ရှီမာယူယူ ထိုတောင်ကိုရောက်သည်နှှု့် သူမအားခေါ်နေသည့် တစ်စုံတစ်ရာအား ခံစားမိလိုက်သည်။ “ဒီကိုလာ ဒီကိုလာ…”ဟုပြောသော နူးညံ့သော အသံတစ်သံကို သူမခံစားမိလိုက်သည်။

သူမ ပတ်ဝန်းကျင်ကို ရှာသော်လည်း ထူးခြားမှုမရှိပေ။ နောက်ထပ် နားထောင်ရန်ကြိုးစားသော်လည်း သူမဘာမှ မကြားရတော့ပေ။

“ထူးဆန်းလိုက်တာ…” သူမ စိတ်ထဲတွင် ရေရွတ်လိုက်သည်။ နောက်ဆုံးတော့ သူမအဖွဲ့အလှည့် ရောက်လာကာ သူမအတွေးများပြန်စုစည်းပြီး အဖွဲ့နှင့်အတူ လိုဏ်ဂူအတွင်းသို့လိုက်ပါလာခဲ့သည်။


Comment

Leave a Reply

Options

not work with dark mode
Reset