Switch Mode

အပိုင်း(၂၅)-လျှပ်တစ်ပြက်တိုက်ခိုက်ခြင်း(၂)

ပြီးခဲ့သည့်တစ်ခေါက်က လီချန်းနှင့်မတိုက်ခိုက်ခဲ့လျှင် သူမထိုမျှလောက်ယုံကြည်မှုရှိမည်မဟုတ်ပေ။ သူနှင့်တိုက်ခိုက်ခြင်းသည် ဝိညာဉ်စစ်သည်နှင့်တိုက်ခိုက်သည့် အတွေ့အကြုံကို ရရှိပြီး သူတို့တိုက်ခိုက်ပုံကို ထိုးထွင်းသိမြင်ခဲ့သည်။ သူမအတိတ်မှ အတွေ့အကြုံကိုခွဲခြမ်းစိပ်ဖြာကြည့်ပုံအရ သူတို့၏ ဝိညာဉ်စွမ်းအင်ကို ငွေ့ရည်ဖွဲ့၍ စုလိုက်သည်မှာ သူတို့၏ အနိုင်ရမှုသော့ချက်ပင်ဖြစ်သည်။ ထိုအချိန်ခဏသည် သူမအတွက် အခွင့်အလမ်းဖြစ်ပြီး အဲဒီ့အရာကို သူမကောင်းစွာ ဆုပ်ကိုင်နိုင်ရန်သာလိုအပ်သည်။

စင်မြင့်ပေါ်မှ ဒိုင်လူကြီးသည် ‘စပြီ’ ဆိုသည်ကိုပြောသည်နှင့် မုန်ထန်သည် ချက်ချင်းပင် သူမလက်တွင် ဝိညာဉ်စွမ်းအင်ကို စတင်စုစည်းတော့သည်။

ရှီမာယူယူ ရိုးရှင်းစွာပင် ရပ်နေလိုက်သည်ကို လူအများသည် သူမကြောက်ရွံ့မှုကြောင့် အေးခဲသွားပြီဟု ထင်မှတ်နေကြသည်။ ထို့အပြင် ရှီမာယူယူသည် ‘အမှိုက်’ ဟု လူသိများပြီး သူဝိညာဉ်စွမ်းအင်ကို မြင်ချိန်မှာ ကြောက်ရွံ့သွားမှာပဲ။

“အား သူဘာလို့မလှုပ်တာလဲ” ဖက်တီးကျူ အားမလိုအားမရ အော်လိုက်သည်။

“သူ လှုပ်ရှားမှုမလုပ်ရင် မုန်ထန် သူ့ရဲ့ ဝိညာဉ်စွမ်းအင် စုစည်းတာ မကြာခင်မှာပဲ ပြီးဆုံးတော့မယ်” ဘာကြောင့် ရှီမာယူယူ တစ်လက်မ မျှလှုပ်ရှားမှုမပြုသည်ကို ဝေကျိရွှီ မျက်မှောင်ကြုတ်ကာ ဦးနှောက်ခြောက်သွားသည်။

ထို့အပြင် သူ့မျက်နှာတွင် ကြောက်ရွံ့မှုမရှိဘဲ ယုံကြည်မှုရှိသော အပြုံးသာရှိသည်။

ရှီမာယူလီသည် စင်၏ဘေးဘက်တွင် ရပ်နေပြီး သူ့မျက်လုံးများသည် စိတ်လှုပ်ရှားစွာ ယူယူကိုကြည့်နေသည်။ သူ၏ လက်နှစ်ဖက်သည် လက်သီး ကျစ်ကျစ်ပါအောင်ဆုပ်ထားသည်မှာ ရှီမာယူယူမှ အကူအညီလိုပါက အချိန်မရွေး ပြေးသွားရန်အဆင်သင့်ဖြစ်နေသည်ကို ပြသနေသည်။

အကယ်၍ ရှီမာယူယူ အန္တရာယ်ကျရောက်ပါက သူပြေးသွားရန် အဆင်သင့်ပင်။

လူတိုင်းသည် ရှီမာယူယူ ဆိုးဝါးစွာ ဒဏ်ရာရသည်ကို မျှော်လင့်နေကြသည်။ သူတို့တွင် အပြုံးများရှိနေကြပြီး သို့သော် မကြာမီတွင် သူတို့မျက်လုံးများအေးခဲသွားပြီး အပြုံးများပျောက်ကွယ်သွားတော့သည်။

မုန်ထန် ဝိညာဉ်စွမ်းအင်စုစည်းမှုမအောင်မြင်ခင်တွင် ရှီမာယူယူရုတ်တရက် လှုပ်ရှားပြီး အံ့အားသင့်ဖွယ် အရှိန်ဖြင့် မုန်ထန်ဆီသို့ တစ်ဟုန်ထိုးပြေးသွားလေသည်။

စက္ကန့်ပိုင်းအတွင်းတွင် ဆယ်မီတာအောက်နီးကပ်သွားပြီး သူသည် မုန်ထန်နောက်မှ ပေါ်လာလေသည်။

ရှီမာယူယူ သူမဆီသို့ ပြေးဝင်လာသည်ကို မုန်ထန်မြင်ချိန်တွင် ဆင်ခြေတုံတရားကင်းမဲ့သွားပြီး မပြီးဆုံးသေးသော ဝိညာဉ်စွမ်းအင်လုံးကို ရှီမာယူယူဆီသို့ ပစ်လိုက်သည်။ မြေပေါ်သို့ ကျလုဆဲဖြစ်နေသော ဝိညာဉ်စွမ်းအင် ဘောလုံးကို ရှီမာယူယူ ဝမ်းသာစွာကြည့်လိုက်သည်။ သူ ထူးဆန်းစွာ လှည့်လိုက်ပြီး စွမ်းအင်ဘောလုံးကို ပြီးပြည့်စုံစွာရှောင်လိုက်သည်ကို သူမမြင်တွေ့လိုက်ရသည်။

အုန်း…။

စိန်ခေါ်မှု စင်ဖြင့်ပေါ်တွင် ဝိညာဉ်စွမ်းအင်ဘောလုံးသည် ကျယ်လောင်သော ပေါက်ကွဲမှုနှင့်အတူ စင်အား လှုပ်ခါသွားစေသည်။

မုန်ထန် အာရုံများနှင့် သူမအတွေးများ မစုစည်းခင်ပင် သူမလည်ပင်းတွင် အေးသော တစ်စုံတစ်ခုကို ခံစားမိလိုက်သည်။

“မင်းရှုံးသွားပြီ” အားပျော့သော ရှီမာယူယူအသံသည် နောက်မှထွက်လာသည်။

လူတိုင်းသည် ကြက်သေသေသွားတော့သည်။ ရှီမာယူယူသည် မုန်ထန်နောက်တွင်ရပ်နေပြီး သူ့လက်သည် သူမပုခုံးပေါ်တွင် သိုင်းထားပြီး သူ၏သံချေးတက်နေသော ဓားမြှောင်သည် နူးညံ့သော သူမလည်ပင်းပေါ်တွင် တင်ထားပြီးသားဖြစ်နေတော့သည်။

“မင်းဘယ်လိုလုပ် ငါ့အနောက်ရောက်နေတာလဲ” မုန်ထန် မျက်လုံးများပြူးကျယ်စွာဖြင့် အံ့သြတုန်လှုပ်စွာ မေးလိုက်သည်။

“ငါ့ခြေထောက်တွေနဲ့ ပြေးလိုက်တာလေ” ရှီမာယူယူ နှိမ့်ချစွာပြောလိုက်သည်။ “ဟင် ဒီဓားမြှောင်က သံချေးတက်ချင်တက်လိမ့်မယ် မထက်ချင်မထက်ပဲနေလိမ့်မယ် ဒါပေမယ့် ငါအားနည်းနည်းသုံးလိုက်ရင် ဒါနဲ့ မင်းလည်ပင်းကို လှီးလိုက်လို့ရတယ်။ ဒါမှမဟုတ်ရင် မင်းရဲ့မျက်နှာမှာ ဓားရာအနည်းငယ် ခြစ်လိုက်လို့ရတယ်။ မင်းဘယ်လိုထင်လဲ”

သူမ သံချေးတက်ဓားမြှောင်ကို မ,လိုက်ပြီး မုန်ထန်၏ မျက်နှာတွင် ပေါ့ပါးစွာ ဓားအားဝေ့လိုက်သည်။

“အား ငါ့မျက်ကိုမထိနဲ့… ငါအရှုံးကို ဝန်ခံပါတယ်”

မုန်ထန် မျက်ရည်များဝဲ၍ အော်လိုက်သည်။ ပြိုင်ပွဲရုံတစ်ခုလုံး နောက်ထပ်တုန်လှုပ်မှုများ ဖြစ်ပေါ်သွားပြန်သည်။

“မိန်းကလေးမုန်က အမှိုက်ကို တကယ်အရှုံးပေးလိုက်တာလဲ”

“အဲအမှိုက် မိန်းကလေးမုန်နောက် ဘယ်လိုပေါ်လာတာလဲ”

“သူကံကောင်းသွားတာပါ၊ ဒါတကယ့် ပြိုင်ပွဲဆိုရင် မိန်းကလေးမုန်က သူ့ကိုအနိုင်ယူမှာပဲ”

“သူနိုင်သွားတာလား”

“ဒီတစ်ချီမှာ အဲအမှိုက်နိုင်သွားတာလား ဆိုလိုတာက သူက ငါတို့အတန်းဖော်ဖြစ်နေတုန်းပေါ့ ဘုရားရေ”

ရှီမာယူယူ မုန်ထန်အားလွှတ်လိုက်ပြီး အထင်သေးစွာပြောလိုက်သည် “မင်း အလံဖြူပြလိုက်ပြီဆိုတော့ မင်းငါတို့ ဘဘောတူညီမှုကို လိုက်နာရမယ်။ မင်းငါ့ကိုတွေ့တာနဲ့ ရှောင်သွားပြီး တခြားလမ်းကနေသွားရမယ်။ ငါမင်းကို ထပ်မတွေ့ချင်ဘူး။ ပြီးတော့ မင်းလာပြီး ပြဿနာထပ်ရှာမယ်ဆိုရင်….”

သူမ စကားကို အဆုံးထိမပြောသော်လည်း ထိုစကား၏နောက်ကွယ်မှ အကြောင်းအရာမှာ သိသာသည်။

မုန်ထန်သည် မကျေနပ်မှုတွေပြည့်နှက်နေပြီး သူမ ရှီမာယူယူအားကြည့်လိုက်သောအခါ ဓားမြှောင်အဖုံးကို ကောက်ယူပြီး စင်ပေါ်မှ မာနထောင်လွှားစွာဆင်းသွားသည်ကို မြင်လိုက်ရသည်။

သူမရွေးချယ်စရာလမ်းမရှိပါ။ ဒီနေ့ပြိုင်ပွဲကို တွေ့တဲ့မျက်လုံးတွေက အများကြီးပဲ။ သူမ သဘောတူညီမှုအတိုင်း မလုပ်ပါက သူ့သေတွင်းသူတူးသလိုဖြစ်၍ ပြဿနာတက်နိုင်သည်။ ဒီလောကလူတွေမှာ တစ်ခုရှိသည်မှာ သူတို့သည် သူတို့ကတိကိုစောင့်ထိန်းကြသည်။ သူတို့စကားကို မတည်သော သူများကို အထင်သေးကြသည်။ ထို့ကြောင့် လောင်းကစားအား လေးစားခြင်းသည် သူမတတ်နိုင်သောအရာတစ်ခုတည်းပင်။

“အဲလောက်မြန်လား။ အကုန်ပြီးသွားတာလား” သူတို့ဆီသို့ စင်ပေါ်မှဆင်းကာ အေးအေးလူလူ လမ်းလျှောက်လာသော ရှီမာယူယူအား ဖက်တီးကျူမြင်လိုက်သည်။

“မင်းဘယ်လိုထင်လို့လဲ” ကြက်သေသေနေသော ဖက်တီးကျူ၏ အမူအရာကိုမြင်သည်နှင့် သူမရယ်လိုက်သည်။ အဲအရူးက သူ့ခေါင်းထဲမှ အတွေးများသည် သူမအားဖျော်ဖြေသကဲ့သို့ပင်။

ရှီမာယူယူ လုံးဝအဆင်ပြေသည်ကို မြင်တွေ့မှ ရှီမာယူလီ စိတ်သက်သာရာရသွားလေသည်။ ပြီးနောက် ဒေါသများ ပေါက်ကွဲထွက်တော့သည်။ “စိန်ခေါ်မှုကို ဘာလို့လွယ်လွယ်နဲ့ လက်ခံလိုက်တာလဲ။ ကံကောင်းလို့ပေါ့။ ဒီစိန်ခေါ်မှုက အသက်ပေါ်မူတည်နေတယ်။ မင်း တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ” သူ ဆူပူသောအသံဖြင့် သူမအား ဟောက်လိုက်ပြီး သူမပုခုံးကိုကိုင်ကာ ဒေါသဖြင့် လှုပ်ခါလိုက်သည်။

“အစ်ကိုလေး ငါ့ကို ကြည့်၊ ငါအဆင်ပြေနေတယ်မလား” သူမ သူ့အပေါ်သို့ မှီလိုက်ပြီး လက်ကိုကိုင်လိုက်သည်။ သူမ ချော့သောလေသံဖြင့် ညင်ညင်သာသာပြောလိုက်သည်။ “ကောင်းပြီ အကုန်လုံးပြီးသွားပြီ မင်း ပြောချင်တာရှိရင် ငါတို့ပြန်ရောက်မှာပြော၊ ဟုတ်လား။ ဒီမှာ လူတွေအများကြီးရှိတယ်”

“ဟင် မင်းရှက်ရမှန်းသိတာပဲ” သူ လှောင်ပြောင်လိုက်သည်။

“အဟွတ် အဟွတ် လာခဲ့ အရင်ပြန်ရအောင်” လူကြားထဲမှ ထူးဆန်းသော  အကြည့်များကို ခံစားမိပြီး ဝေကျိရွှီကြားဖြတ်ပြောလိုက်သည်။

“သွားရအောင်”

ပြန်သည့်လမ်းတစ်လျှောက်လုံး ရှီမာယူယူအား ရှီမာယူလီ ဆူပူလာခဲ့သည်။ သူမ လုံခြုံမှုကို ဘယ်လို အလေးမထားကြောင်း သူတစ်လျှောက်လုံး ထပ်တလဲလဲပြောလာသည်။ အကယ်၍ ပြဿနာတစ်စုံတစ်ရာဖြစ်လာပါက သူတို့ကို အမြဲတမ်းရှာပြီး သူမအား ကူပြီးဖြေရှင်းခဲ့ရသည်လေ။

တူညီသော အကြောင်းအရာကိုပင် ဆယ်ကြိမ်ကျော်ကြားရပြီးနောက် ရှီမာယူယူ သူ့အား လေးနက်စွာကြည့်လိုက်ပြီး ပြောလိုက်သည် “အစ်ကိုငယ် ကျွန်တော်အရွယ်ရောက်လာပြီ၊ ကျွန်တော့်ကို ကာကွယ်ဖို့ အမြဲတမ်းမှီခိုလို့မှမရတာ။ အစ်ကိုက ကျွန်တော့် မိသားစုပဲ၊ အစ်ကိုက နွေးထွေးမှုနဲ့ အချစ်တွေကို ပေးခဲ့တယ်လေ။ ကျွန်တော် အကုန်လုံးကို ကာကွယ်ရမယ့်အလှည့်ရောက်ပြီ။ ကျွန်တော် အားကောင်းချင်တယ်၊ ကျွန်တော် ဂရုစိုက်တဲ့သူတွေကို ကျွန်တော်ကာကွယ်ချင်တယ်။ ဒီစိန်ခေါ်မှုကို ရှောင်လွှဲရင် ကိုယ့်ကိုကိုယ် လက်လျော့လိုက်တဲ့ သဘောပဲ။ လူကြောက်ရဲ့ နှလုံးသားက ဘယ်လိုလုပ်ဒီလောက် သန်မာနိုင်မလဲ”

“မင်း ဟူး မင်းတကယ် အရွယ်ရောက်လာပြီပဲ” ရှီမာယူလီသည် မတတ်သာစွာပင် ယူယူ၏ ပုခုံးသို့ ပုတ်လိုက်သည်။ ထိုစကားများကြားပြီးနောက် ဖြစ်ပေါ်လာသော ရှုပ်ထွေးသော စိတ်ခံစားချက်များကို သူအဓိပ္ပာယ်မဖော်တတ်ပါ။

သူမ အရွယ်ရောက်သည်ကို ပျော်တာလား။ ဒါမှမဟုတ် သူတို့ကာကွယ်မှုကို မလိုတော့သည်ဟုဆို၍ ဝမ်းနည်းသည်လား။

ရှီမာယူယူ သူ၏ရှုပ်ထွေးသော စိတ်ခံစားချက်များကို ခံစားမိပြီး သူ့လက်ကိုကိုင်ကာ ပုခုံးပေါ်သို့ သူမခေါင်းအား မှီလိုက်ပြီးနောက် ညင်သာစွာပြောလိုက်သည်။ “ကျွန်တော် ဘာပဲဖြစ်လာလာ ကျွန်တော်က အစ်ကိုရဲ့ ‘ညီအငယ်လေး’ ပဲလေ။ အစ်ကိုတို့အကုန်လုံးက ကျွန်တော့် ညီအစ်ကိုတွေပဲ ပြီးတော့ ထာဝရ မိသားစုပဲ”

ရှီမာယူလီ သူမခေါင်းအား ပုတ်လိုက်ပြီး ပြုံးလိုက်သည်။ “ဟင် ငါတို့အမြဲတမ်း အတူရှိနေမှာပဲ”

“အင်း မင်းတို့တွေ အလွမ်းသယ်လို့မပြီးသေးဘူးလား။ မင်းတို့ဟာ အော်ကလီဆန်တာ” ဖက်တီးကျူသည် ချဲ့ကားက တုန်တုန်ယင်ယင်ဖြင့် သူ့လက်အားပွတ်လိုက်သည်။

သူ ထိမိသော စကားလုံးများကို ကြားသည်နှင့် လှည့်ကြည့်လိုက်သည်။ သူတို့နှစ်ယောက်နီးကပ်စွာ ရှိနေသည်ကို သူတွေ့လိုက်သောအခါ အော်လိုက်သည်။ “မင်း ကိုယ့် အစ်ကိုကို စိတ်ဝင်စားနေတယ်လို့တော့ မပြောနဲ့နော်”

သူမ အစ်ကိုမှ ခွဲခွါလိုက်ပြီး ဖက်တီးကျူအား ကန်လိုက်ကာ ကြမ်းတမ်းစွာ ပြန်လည်ချေပလိုက်သည် “ဖက်တီးကျူ သွားသေလိုက်တော့”

သူမ တိုက်ခိုက်မှုအား ဖက်တီးကျူရှောင်လိုက်သည်။ ထိုသို့ရှောင်နိုင်သည်မှာ သူမ အမှန်တကယ် သူ့အား တိုက်ခိုက်လိုခြင်းမရှိခြင်းကြောင့်ပင်။ သို့မဟုတ်လျှင် သူ သူမလက်ခုပ်အတွင်းမှ ရှောင်လွှဲ၍ ရမည်မဟုတ်ပါ။

“ဟင်း မင်းဒီတစ်ကြိမ် ရှောင်နိုင်တာ ကံကောင်းတယ်မှတ်ပါ” ရှီမာယူယူ သူမဗိုက်အားဖိလိုက်ပြီး ပြုံးဖြီးဖြီးပြောလိုက်သည်။ “ငါ အရမ်းဗိုက်ဆာနေပြီ။ ပြန်သွားပြီးစားရအောင်”

သူတို့ အိမ်ဝင်းသို့ရောက်သည်နှင့် ရှီမာယူယူ ရိုးရှင်းသော ဟင်းလျာများပြင်ဆင်လိုက်ပြီး အကုန်လုံး အတူ ညစာစားကြလေသည်။ စားသောက်ပြီးစီးသည်နှင့် အကုန်လုံးပြန်သွားကြသည်။

ရှီမာယူယူ သူမအခန်းသို့ပြန်ရောက်လျှင် ဝိညာဉ်ပုလဲမှ ဓားသွေးကျောက်ယူ၍ သံချေးများပြောင်စေရန် ဓားသွေးတော့သည်။

သူမ စတင်၍ သွေးနေစဉ်မှာပဲ ဝိညာဉ်လေး၏ အပြစ်တင်ရှုံချမှုကို ကြားလိုက်ရသည်။

“အရူး ဘာလုပ်နေတာလဲ”

Comment

Leave a Reply

Options

not work with dark mode
Reset