စိန်ခေါ်မှုစင်မြင့်အနားတွင် ထိုင်ခုံများအားလုံး ပြည့်နေသည်။ အများစုသည် ရှီမာယူယူရှုံးနိမ့်သည်ကို တွေ့ရန်လာကြသည်ဖြစ်ပြီး အရှက်ကွဲသည်ကိုမြင်ရန်မစောင့်နိုင်ကြတော့ပေ။ သူဖနောင့်နှင့် တင်ပါးတစ်သားတည်းကျအောင် ပြေးသည်ကို သူတို့မြင်ချင်ကြသည်။
ပြောရမည်ဆိုလျှင် သူတို့ ရှီမာယူယူနှင့် မယှဉ်နိုင်သော်လည်း သူ၏ အရှုံးနှင့် ရှုံးနိမ့်မှုကြောင့်ဖြစ်သွားသော အမူအရာကို ကိုယ်တိုင်မျက်လုံးနှင့် မျက်မြင်သက်သေဖြစ်ချင်ကြသည်။
“အခုထိ အဲအမှိုက်ကမရောက်သေးဘူးလား”
သူ့မျက်နှာကို တည့်တည့်ကြည့်၍ သူ့နာမည်ကို မခေါ်ရဲသော်လည်း နောက်ကွယ်တွင်တော့ သူတို့ အသုံးပြုနေသော နာမည်များမှာ အများအပြားပင်။
“အခုသူကြောက်သွားလို့ နောက်ဆုတ်သွားတာမဟုတ်ဘူးလား” နောက်တစ်ယောက်မှ ကြားဖြတ်ပြောလိုက်သည်။
“ပြီးတော့ အဲဒီအမှိုက်နဲ့ယှဉ်ရင် မိန်းကလေးမုန်က ဝိညာဉ်သခင်ပဲ ဟမ်။ သူထွက်ပြေးသွားပြီဆိုတာ သေချာတယ်”
“ဒါပြီးရင်တော့ သူကျောင်းကို ပြန်ပေါ်လာဖို့ တော့အဲလောက်အရေမထူလောက်ပါဘူး။”
“တကယ် စိတ်တိုစရာပဲ၊ အဲအမှိုက်ရဲ့ အရေပြားက နံရံတွေထက်တောင်ထူသေးတယ်။ အဲလိုမှ မဟုတ်ရင် သူ မူရုန်အန်းကို ဆက်တိုက်တွယ်ကပ်စရာအကြောင်းမရှိဘူး”
“မူရုန်အန်းက ကံမကောင်းတာပါ။ ယောက်ျားတစ်ယောက်ရဲ့ ပြစ်မှတ်ဖြစ်နေတယ်။ ရှီမာယူယူကို သူမြင်တိုင်း ဖြစ်သွားတဲ့အမူအရာက ကျွတ်ကျွတ် သူ့ကို တကယ်သနားတယ်”
“ဟားဟား ဒီရှီမာယူယူတော့ ကျောင်းကနေ နှင်ထုတ်ခံရတော့မယ်။ ဒီပွဲကိုကြည့်ဖို့ မူရုန်အန်းရောက်နေပြီလား”
“အင်း ငါမူရုန်အန်းတို့အဖွဲ့ကို တွေ့တယ်။ သူတို့ အရှေ့ဆုံးအတန်းမှာထိုင်နေကြတယ်”
သူညွှန်ပြသော နေရာသို့ အကုန်လုံး၏ အကြည့်များရောက်ရှိသွားပြီး ပထမတန်းရဲ့ အလယ်တွင် မူရုန်အန်းနှင့် နာလန်မိသားစု၏ သခင်မလေး နာလန်လန်တို့ အတူတကွထိုင်နေသည်ကို တွေ့ကြရသည်။
“မူရုန် ဒီရှီမာယူယူ လာမှာပါနော” နာလန်လန် အထက်စီးဆန်သော လေသံဖြင့် ညင်သာစွာ မေးလိုက်သည်။
“တကယ်လို့ သူမလာဘူးဆိုရင်တောင် ကျောင်းကနေ သူပျောက်ကွယ်သွားအောင် ငါ့နည်းလမ်းနဲ့ လုပ်မလို့” မူရုန်အန်းမနှစ်မြို့စွာဖြင့် ကတောက်ကဆတ်ပြောလိုက်သည်။ “သူကျောင်းကနေ နှင်ထုတ်ခံရပြီမှတ်နေတာ။ နှစ်အသစ်မှာ လူသစ်တွေအတန်းမှာ တက်နေမှန်းဘယ်သူသိမှာလဲ။ သူ ငါ့ကိုထပ်နှောင့်ယှက်လို့ကတော့ ငါ့ရဲ့ ရက်စက်မှုကို အပြစ်မတင်နဲ့”
“ယောက်ဖ အမှိုက်တစ်စကမင်းကို ထပ်ပြီးအနှောင့်အယှက်မပေးရင် မင်းအေးဆေးပဲ” နီလန်ရွှီ မသိမသာပြုံးရင်းပြောလိုက်သည်။
“အစ်ကိုကြီး ဘာတွေပြောနေတာလဲ” နာလန်လန် သူမအစ်ကိုအား တံတောင်ဖြင့်တွတ်ရင်း မျက်နှာတွင် ရှက်သွေးများဖြန်းကာ နီရဲလာသည်။
“ဟားဟား အခုထိဘာလို့ရှက်နေတာလဲ။ မင်းတို့နှစ်ယောက်လုံး စုံတွဲတောင်ဖြစ်နေပြီ။ လက်မထပ်ရသေးတာပဲရှိတာ။ ငါ့စိတ်ထဲမှာတော့ မူရုန်အန်းက ငါ့ယောက်ဖပဲ မဟုတ်ဘူးလား ယောက်ဖ” နီလန်ရွှီသည် မရှက်တတ်သော မူရုန်အန်းအား စ လိုက်သည်။
မူရုန်အန်းဘာမှပြန်မပြောပါ။ သို့သော် ငြင်းဆိုခြင်းလည်းမပြုလုပ်ပါ။
“အိုး ကြည့်ကြဦး အဲဒီအမှိုက်တော့ ပေါ်လာပြီ”
ထို အော်သံနှင့်အတူ အကုန်လုံး၏ အကြည့်များသည် အပေါက်ဝသို့ရောက်ရှီပြီး ဝေကျိရွှီနှင့်အတူ လျှောက်လာသော ရှီမာယူယူအားတွေ့ရလေသည်။
စင်ပေါ်တွင်ရပ်နေသော မုန်ထန်သည် ရှီမာယူယူဝင်လာသည်ကိုတွေ့သည်နှင့် သူမလက်ကိုမြှောက်လိုက်သော်အခါ စိန်ခေါ်မှုမြေသည် ချက်ချင်းပင် တိတ်ဆိတ်ငြိမ်ကျသွားတော့သည်။
“မင်းငါ့ကို စောင့်အောင်လုပ်တာပဲ။ ငါမင်းထွက်ပြေးသွားပြီထင်နေတာ” မုန်ထန် ထိကပါးရိကပါးပြောလိုက်ပြီး ရှီမာယူယူအား သရော်လိုက်သည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ။ ရှေ့လျှောက် ငါ့မျက်စိရှေ့မှာ မင်းပျောက်သွားမယ့် အခွင့်အရေးကို မင်းကိုယ်တိုင်ပေးနေတာပဲ။ ငါဒီလိုကောင်းတဲ့ အပေးအယူကို ဘယ်လိုလုပ်လက်လွတ်ခံမလဲ” ရှီမာယူယူ ပြိုင်ကွင်းကို ဝေ့ကြည့်လိုက်သောအခါ ဝန်ထုတ်ဝန်ပိုးဖြစ်သွားသည်။ ဘယ်လောက်တောင်များပြားလိုက်တဲ့ လူအုပ်လဲ။
ကြည့်ရတာ အဲအထဲမှ တော်တော်များများက သူမကို ဟာသလိုမြင်ပြီး လာကြတာပဲ။
“မင်း ဒီကိုရောက်နေမှတော့၊ အဓိပ္ပာယ်မရှိတာတွေမပြောနဲ့တော့ မြန်မြန်လာခဲ့” မုန်ထန် စိတ်မရှည်စွာပြောလိုက်သည်။
သူမ အဲဒီအမှိုက်ကို သင်ခန်းစာပေးရန် မစောင့်နိုင်တော့ပါ၊ ဒီလိုအမှိုက်တစ်စကို စောင့်ဖို့ အချိန်ပေးခဲ့ပြီးပြီ သူလူပါးဝပြီး နောက်ကျသေးတယ်။
“ငါမင်းကို ပွဲကြည့်စင်မှာစောင့်မယ်” ဝေကျိရွှီကပြောလိုက်သည်။
“မလိုဘူး၊ ငါမြန်မြန်အဆုံးသတ်မယ်။ ဒီမှာပဲငါ့ကိုစောင့်” ရှီမာယူယူ ပြန်ပြောလိုက်သည်။
“ဒါဆိုလည်း ကောင်းပြီ” ဝေကျိရွှီခေါင်းညိတ်လိုက်ပြီး စိန်ခေါ်မှုစင်မြင့်ဘေးတွင် ရပ်ကာ သူမခြေလှမ်းများကို စောင့်ကြည့်နေလိုက်သည်။
မုန်ထန်သည် ရှီမာယူယူအား အထင်သေးသော အသံဖြင့် ကျိတ်ရယ်လိုက်သည်။ “ငါသာ မင်းနေရာမှာဆိုရင် မိသားစုမျက်နှာကို ထောက်ဖို့ လက်မြှောက်လိုက်ပြီ”
“ငါက ဘာလို့လက်မြှောက်ရမှာလဲ”
“ဘာလို့လဲဆိုတော့ မင်းအရှုံးမပေးမချင်း ငါမင်းကို ရိုက်မှာမို့လို့ပဲ။ စစ်သူကြီးရဲ့ မြေးက စိတ်ပျက်စရာကောင်းလောက်အောင် ပျော့ဖတ်သွားအောင်အရိုက်ခံရတာ ဒီမှာရှိတဲ့သူတွေအကုန်လုံးက မျက်မြင်သက်သေပဲ။ ပြီးတော့ စစ်သူကြီးအိမ်တော် တစ်ခုလုံး အရှက်ရလိမ့်မယ်။ မင်းတို့မိသားစုတစ်ခုလုံး လှောင်စရာဖြစ်တော့မယ်”
“ဝါး မင်းငါ့ကို ရိုက်နိုင်မယ်လို့ ယုံကြည်ချက်အပြည့်ရှိနေတာပဲ” ရှီမာယူယူ မခံချင်ဖြစ်အောင် သူမမျက်ခုံးများပင့်လိုက်သည်။
မုန်ထန် အသက်ပြင်းပြင်းရှုလိုက်ပြီး ဖြေလိုက်သည် “ဒါပေါ့” သူမကိုယ်သူမ ယုံကြည်ချက်အပြည့်နှင့်ပင်။
“ယူယူ”
ဒီတစ်ကြိမ်တွင်တောံ ရှီမာယူလီနှင့် ဖက်တီးကျူတို့သည် သုတ်သီးသုတ်ပျာပြေးလာပြီး ရှီမာယူယူ စင်ပေါ်တွင် ရပ်နှင့်ပြီဖြစ်ကြောင်း ရှီမာယူလီ တွေ့ချိန်မှာတော့ ကြောင်သွားပြီး သူ့ခန္ဒာကိုယ်မှ လိပ်ပြာလွင့်သွားသကဲ့သို့ ခံစားမိတော့သည်။
“ယူယူ မင်းအဲဒီမှာ ဘာလုပ်နေတာလဲ။ မြန်မြန် အခုဆင်းခဲ့” သူပြေးဝင်ရင်း အော်လိုက်သည်။
“ယူယူ ဆင်းခဲ့” ဖက်တီးကျူသည် အသက်ကိုခက်ခဲစွာရှုရင်း မောနေသည်။
“အစ်ကိုငယ် ဘာလို့ဒီရောက်နေတာလဲ” ဖက်တီးကျူ သူ့အားခေါ်လာသည်ကို ခန့်မှန်းမိရင်း သူမဆီသို့ တစ်ရှိန်ထိုးပြေးလာသော ပုံရိပ်နှစ်ခုအား ရှီမာယူယူကြည့်လိုက်သည်။ သူမ ထွက်မလာခင် ဖက်တီးကျူမတွေ့သည်မှာ သူ့အခန်းတွင်ရှိလိမ့်မည်ဟုထင်သော်လည်း သူမအစ်ကိုအား အကူအညီတောင်ရန် အမှန်တကယ်ပင် သွားလိမ့်မယ်ဟု မမျှော်လင့်မိခဲ့ပါ။
ဒီခင်မင်မှု၊ သူမအတွေးဖြင့် ချမှတ်ထားလိုက်သည်။
ရုတ်တရက် ကြောက်လန့်စွာဖိစီးနေသော နှစ်ယောက်အား သူမ ကြည့်ကာ အားပါးတရပြုံးရင်း ပြောလိုက်သည်။
“အစ်ကိုငယ်၊ ကျွန်တော် စိန်ခေါ်မှုစင်မြင့်မှာ ရပ်ဖို့ အဆင်သင့်ဖြစ်နေပြီ၊ အောင်နိုင်သူမရှိရင် ရှုံးနိမ့်သူလည်းရှိမှာ မဟုတ်ဘူး။ ကျွန်တော် မလာနိုင်ရင် ရှုံးနိမ့်မှုကို ဝန်ခံသလိုဖြစ်နေမယ်။”
လာရင်းနှင့်ပင် ဝေကျိရွှီဆီမှ စည်းကမ်းချက်များကို သူမသိနှင့်ပြီးဖြစ်သည်။
“အဲဒီ…” ရှီမာယူလီသည် ယူယူအား ဝင်မပြိုင်စေချင်ပါ။ သူမလုံခြုံရေးသည် သူ၏ ပထမဦးစားပေးဖြစ်သည်။
“အစ်ကိုငယ်” ရှီမာယူလီ သူမအားတားချင်နေမှန်း ရှီမာယူယူသိသည်။ “ရှီမာမိသားစုရဲ့ ဂုဏ်အတွက် ကျွန်တော် ထွက်မပြေးနိုင်ဘူး။ ကျွန်တော့်ကြောင့် ထပ်ပြီးတော့ ရှီမာမိသားစု အရှက်ရမှာအဖြစ်မခံနိုင်တော့ဘူး”
ရှီမာယူယူဆီမှ ကြားရသောစကားများသည် လူများအားလုံးကို အံ့သြစေသည်။ ကြောက်တတ်တဲ့ ရှီမာယူယူမှ ဟုတ်ရဲ့လား။
“ယူယူ…” သူမ အားရစွာပြူံးပြသည်ကို ရှီမာယူလီကြည့်လိုက်သည်။ သူရဲ့ ညီလေး ငါးကတကယ်ပြောင်းလဲသွားပြီပဲ။
“မစိုးရိမ်ပါနဲ့၊ ဘာမှဖြစ်မှာမဟုတ်ပါဘူး” သူမ နောက်ထပ်မလိုအပ်သော အပြုံးပြုံးပြလိုက်ပြီး သူမ အစ်ကိုအား အောင်မြင်မှုသေင်္ကတကို ပြလိုက်သည်။ သူမလှည့်ပြီး မုန်ထန်အား မျက်နှာချင်းဆိုင်လိုက်သည်။ “စလိုက်ကြရအောင်”
မုန်ထန် စင်အောက်တွင် ရပ်နေသောလူများကိုကြည့်၍ စိတ်မရှည်စွာ ပြောလိုက်သည်။ “မင်းက မကျင့်ကြံနိုင်တဲ့အတွက် မင်းကို လက်နက်အသုံးပြုခွင့်ပေးမယ်။ မြန်မြန် မင်းရဲ့ လက်နက်ယူခဲ့”
ရှီမာယူယူ စတင်ရန်ပြောသံကိုကြားသည်နှင့် ဝေကျိရွှီလက်ထဲမှ ဟိန်းသံလေးသည် စိတ်လှုပ်ရှားစွာဖြင့် လူးလွန့်နေသည်။ သို့သော် မုန်ထန်မှ လက်နက်ယူလာရန်ပြောသည်ကို ကြားသည့်အခါတွင်တော့ သူအေးခဲသွားပြီး သူ၏ လက်သည်းများဖြင့် မျက်လုံးများအားကွယ်ကာ ဝေကျိရွှီ၏ လက်အတွင်းသို့ လျှိုဝင်သွားတော့သည်။
သူ့လက်မောင်းအတွင်းမှ အမွေးလုံးလေး၏ တန့်ပြန်မှုကို ဝေကျိရွှီ အဖြေရှာနေလေသည်။ အခုလေးတင် စိတ်လှုပ်ရှားမှုကြောင့် လူးလွန့်နေပြီးမှ ခဏအကြာတွင် သူ့မျက်လုံးများကာပြီး ရပ်နေသည်လေ။
ရှီမာယူယူ သူမခါးပတ်မှ ဓားမြှောင်ကို ဆွဲထုတ်လိုက်ချိန်တွင်တော့ ထိုအရာသည် အဝတ်ဖြင့် ရိုးရှင်းစွာ ထုတ်ပတ်ထားသည်။ သူမ ဓားဖုံးကိုချွတ်လိုက်သည့်အချိန်တွင် ရယ်သံများ ထွက်လာသည်။
“ဟားဟားဟား ဂုဏ်သတင်းကြီးတဲ့ စစ်သူကြီးမိသားစုမှာ လက်နက်တွေကုန်သွားပြီလား။ ဒါမှမဟုတ် ဒေဝါလီခံသွားရတာလား။ သင့်တော်တဲ့လက်နက်ဝယ်ဖို့ ပိုက်ဆံမရှိလို့လား။ ဝိညာဉ်သခင်ကို တိုက်ခိုက်ဖို့ သံချေးတက်နေတဲ့ ဓားမြှောင်ကို သုံးချင်တာလား သူက။ဟားဟားဟား၊ ဟာသပဲ”
“အရမ်း ရယ်ရတာပဲ၊ဟားဟားဟား”
ဆိုးဝါးသော ရယ်သံသည် ပြိုင်ကွင်းတစ်ခုလုံးပြည့်နှက်သွားသည်။
ရှီမာယူယူလက်ထဲမှ ဓားမြှောင်ကိုတွေ့သည်နှင့် ရှီမာယူလီသည် ကြောက်ရွံ့သွားလေသည်။ ရှက်ကိုးရှက်ကန်းဖြင့် ဟိန်းသံလေးလိုပင် သူ့မျက်လုံးများကို ကာချင်စိတ်ဖြစ်လာသည်။ ဒီ သံချေးတက်နေတဲ့ ဓားမြှောင်…ဒါကို လက်နက်လို့ခေါ်တာလား…
ရှီမာယူယူ ထိုသံချေးတက်နေသော ဓားမြှောင်ကိုမြင်သည်နှင့် မုန်ထန်သည် ဆွံ့အသွားလေသည်။ သူခဏတာမျှ ကြက်သေသေသွားပြီးနောက် ပြုံးလိုက်သည်။ “ကျွတ် ကျွတ် ရှီမာယူယူ မင်းက ဝိညာဉ်စွမ်းအင်လည်းမရှိပဲ ဒီလို တိုလီမုတ်ဆနဲ့ ငါ့ရှေ့မှာ ထောင်ထောင်ထောင်ထောင် နေနေသေးတယ်နော်။ ဒီသံချေးတက်က ငါ့ဝိညာဉ်စွမ်းအင်ကို စုပ်ယူနိုင်တယ်လို့တော့ မပြောနဲ့နော်။ ဟားဟားဟား”
ဓားမြှောင်ကိုထုတ်လိုက်ပါက ဖြစ်လာမည့် တုန့်ပြန်မှုကို ရှီမာယူယူ ခန့်မှန်းပြီးသားဖြစ်သည်။ သို့သော် သူမ လက်ထဲတွင်ရှိနေသော ဓားမြှောင်ပေါ်တွင်ဖြစ်နေသော ခံစားမှုကို သူမနှစ်သက်သည်။ လက်ကိုင်မှာ သက်တောင့်သက်သာဖြစ်ပြီး သူမယူလာပြီးနောက်မှသာ ဓားသွားမှာ သွေးရန်လိုကြောင်းတွေးမိတာဖြစ်သည်။
အကုန်လုံး၏မျက်နှာတွင် လှောင်ပြောင်မှုများဖြစ်ပေါ်နေသည်။ သူမ ဘေးတွင်ဖြစ်ပေါ်နေသော ဆူညံမှုများကို လျစ်လျူရှုလိုက်ပြီး မုန်ထန်အားကြည့်လိုက်သည်။ ထိုအကြည့်သည် သူမပြုံးထားသော်လည်း အန္တရယ်ကြီးမားသော အကြည့်ဖြစ်လေသည်။
“စကြရအောင်”