ရှီမာယူယူ နောက်ဆုံးဟင်းလျာပြင်ဆင်ပြီးသည်နှင့် တံခါးဖွင့်သံကိုကြားလိုက်သည်။ လှည့်လိုက်သောအခါ ဖက်တီးကျူသည် ပါးစပ်ဖွင့်လျက် ကြက်သေသေနေသည်ကို သူမမြင်လိုက်ရသည်။
“ဘာဖြစ်တာလဲ”
“မင်း မင်း တကယ်ဘယ်လိုချက်ရမလဲဆိုတာ သိတာလား” ဖက်တီးကျူကပြောလိုက်သည်။
“အဆိပ်ခပ်ထားလားဆိုတာ စမ်းကြည့်ချင်လို့လား” သူမ အရွှန်းဖောက်လိုက်သည်။
အတန်းသည် မနက်ကိုးနာရီတွင် စ၍ သူမအရုဏ်တက်တွင် ထပြီး ကျင့်ကြံပြီးနောက် မနက်စာပြင်ဆင်ခြင်းကို စတင်တော့သည်။
သူမသည် တစ်ခုတွင်တော့ ထူးချွန်သည်။ သူမနေ့ရက်များကိုကျော်ဖြတ်ဖို့ အစားအစာကောင်းများလိုအပ်သည်။ အရင်ဘဝက သူမ မစ်ရှင်ထမ်းဆောင်ဖို့မဟုတ်လျှင် စားသောက်ခြင်း၊ မုန့်ဆိုင်များသွားခြင်းများကို စွန့်လွတ်ရသည်။ ဒီအရာသည် သူမအား ဒီမှာ ဟင်းချက်စွမ်းရည်ကိုပြသရသည့် အကြောင်းအရတစ်ခုပင်ဖြစ်သည်။
ချက်ပြုတ်ရင်းနှင့် သူမနှင့် အိမ်ဝင်းတစ်ဝင်းတည်းနေသော အခြားသူများအားစဉ်းစားမိသည်။ နောက်နှစ်အနည်းငယ် အတူနေရမယ့်အတူတူ သူတို့အတွက်ပါပြင်ဆင်ပေးဖို့ သူမဆုံးဖြတ်လိုက်သည်။
ဖက်တီးကှူသည် စားပွဲသို့ အလျင်အမြန်လျှောက်သွားကာ ထိုင်လိုက်ပြီး တံတွေးများ အကြိမ်များစွာ မြိုချလျှက် မေးလိုက်သည် “ဒါ စားသောက်ဆိုင်က အစားအစာတွေမဟုတ်ဘူးလား”
ဒီလူဟာ ယုံကြည်စရာမကောင်းဘူး။ သူမသည် အဲလောက် မယုံကြည်ရဘူးမလား။ သူ သူမနှင့်ပတ်သတ်၍ မယုံကြည်နိုင်ပါ။
“မင်းမစားချင်ရင် ငါတွန်းအားမပေးပါဘူး” နောက်ဆုံးဟင်းလျာကို ခင်းကျင်းရင်း သူမမျက်လုံးများ ကျဉ်း၍ ကြည့်လိုက်သည်။
“ဟားဟား ငါစားချင်ပါတယ်” စားသောက်ရင်း ပျော်ရွှင်နေပြီး အသက်ဝင်ပုံရသော စားပွဲတွင် အစားကိုနည်းနည်းချင်းစားနေသော ယုန်အား ခိုးကြည့်၍ ဖက်တီးကျူ လျင်မြန်စွာ ပြောလိုက်သည်။ ဘာဖြစ်လဲ အနံ့တွေက သွားရည်ကျချင်စရာပဲ ပြီးတော့ အစားအစာများသည် အရသာရှိရမည်ဟု သုံးသပ်မိသည်။
ထိုအချိန်တွင် တံခါးတွင် နောက်တစ်ယောက်ပေါ်လာပြီး စားပွဲပေါ်မှစားချင့်စဖွယ် ဟင်းလျာများကိုကြည့်နေသည်။ သူတအံ့တသြ အော်လိုက်သည် “အိုး ဘယ်လိုခင်းကျင်းမှုလဲ ကြည့်ရတာ ဒီနေ့ ကျောင်း စားသောက်ဆိုင်ကို သွားစရာမလိုတော့ဘူးထင်တယ်။ အနံ့က ရှယ်ပဲ”
ရှီမာယူယူ စားပွဲတွင် ကိုယ်ဘာသာဝင်ထိုင်နေသော မဖိတ်ထားသော ချောမောသော ဧည့်သည်အားကြည့်ပြီး သူ မနေ့က ထွက်ပြေးသွားသည်ကို အမှတ်ရသွားသည်။ သူမ အေးစက်သော အသံဖြင့်မေးလိုက်သည် “ဒီနေ့တော့ ငါမင်းကို ကိုက်စားမှာ မကြောက်ဘူးလား”
ဝေကျိရွှီ၏ သူကြားလိုက်သောအခါတွင်တော့ ခန္ဒာကိုယ်တောင့်သွားပြီး သူရှေ့ကိုကြည့်ပြီးပြောလိုက်ပြီးနောက် ပုခုံးတွန့်လိုက်သည် “ငါကြောက်တယ်။ ဒါပေမယ့် ငါအရင်စားပါရစေဦး။ ပြီးမှ ငါဆက်ကြောက်ပါ့မယ်”
……..
ထိုစကားကိုကြားသူအားလုံးမှာ ပြောစရာစကားမရှိဖြစ်သွားတော့သည်။
“ဒါမင်းရဲ့ အိမ်မွေးအကောင်လေးလား” ဝေကျိရွှီ သေးငယ်သော ယုန်လေးကိုကြည့်ရင်းမေးလိုက်သည်။
ဝေကျိရွှီမှ သူ့အား “အိမ်မွေးအကောင်လေး” ဟုခေါ်သံကိုကြားသည်နှင့် ဟိန်းသံလေးသည် ဒေါသထွက်၍ သူ့အားစိုက်ကြည့်လိုက်သည်။ သူက ဝိညာဉ်သားရဲလေ။ မြင့်မြတ်တဲ့ ရှေးဟောင်းသားရဲဟူပဲ။
ဟိန်းသံလေးကို အိမ်မွေးအကောင်လေးဟု ခေါ်ခြင်းအပေါ် ဝေကျိရွှီကို အပြစ်တင်၍မရပါ။ သူအပြစ်တင်ချင်သည်ဆိုရင်တောင် ရှီမာယူယူ၏ အမှိုက်ဟူသော သတင်းဆိုးဖြင့်ကျော်ကြားမှုကိုပင် အပြစ်တင်၍ရမည်။ ထိုခေါင်းစဉ်သည် လူအများကို သူဝိညာဉ်သားရဲများနှင့် စာချုပ်ချုပ်ဆိုနိုင်ခြင်းမရှိသည်ကို ယုံကြည်စေသည်။ ပြီးနောက် ဟိန်းသံလေး၏ နူးညံ့သော အမွှေးနုများနှင့် သိမ်မွေ့သော ပုံစံကြောင့် သူတို့ ဆက်စပ်မိမှာမဟုတ်တာ သေချာပါသည်။ ဟိန်းသံလေးသည် ဖျော်ဖြေမှုအတွက် မွေးထားသော ချစ်စရာ အိမ်မွေးတိရစ္ဆာန်နှင့် တူနေတော့သည်။
ရှီမာ နောက်ဆုံးဟင်းလျာကို စားပွဲပေါ်တွင် ခင်းကျင်း၍ ပြောလိုက်သည်။ “ဟုတ်တယ်။ ငါ ဒါကိုဝယ်ဖို့ ငွေအတော်သုံးလိုက်ရတယ်”
ဗိုက်ပြည့်အောင်စားပြီးသော ဟိန်းသံလေးသည် အထင်သေးခြင်းနှင့် မထင်မဲ့မြင်အကြည့်နှင့် သူမအားကြည့်ပြီးနောက် စားပွဲပေါ်မှ ခုန်ဆင်းကာ ဥယျာဉ်ထဲသို့ ထွက်သွားတော့သည်။
သူ့ကို ဝယ်ခဲ့တယ်ဟုတ်လား။ သူမကို စာချုပ်ချုပ်ဖို့ လှည့်စားခဲ့တာ သူမပဲလေ။ လူလိမ်အကြီးစားကြီးပဲ။
ဟိန်းသံလေး၏ မျက်နှာအမူအရာကိုကြည့်၍ ဝေကျိရွှီ သံသယဝင်လာသည်။ အဲဒါတကယ်ပဲ အိမ်မွေးတိရစ္ဆာန်လား။
“ကောင်းပြီ စားလိုက်ကြရအောင်” ရှီမာယူယူထိုင်လိုက်သည် နှင့်ဖက်တီးကျူသည် လျင်မြန်စွာပြောလိုက်သည်။
“နေဦး၊ တခြားနှစ်ယောက်ရော” ရှီမာယူယူမေးလိုက်သည်။
“သူတို့ဘယ်သွားလဲမသိပါဘူး၊ မနက်တိုင်းငါနဲ့ ကျိရွှီပဲ အတူအတန်းသွားတက်တာ” ကျန်နှစ်ယောက်အား လုံးဝလျစ်လျူရှုစွာ ဖက်တီးကျူ စိတ်မရှည်စွာနှင့်ပြောလိုက်သည်။
“ဟုတ်လား” သူတို့ ဘယ်လိုခြေလှမ်းတွေလှမ်းနေလဲ။ ပဟေဠိဆန်လွန်းတယ်…
“မင်း အခုသူတို့အခန်းသွားရင်လည်း ဘယ်သူမှရှိမှာမဟုတ်ဘူး” ဖက်တီးကျူ ပါးစပ်ပြင်ရင်းပြောလိုက်သည်။
“ကောင်းပြီ စားကြရအောင်လေ”
သူမစားစရာများကို အပြည့်အမောက် ပြင်ဆင်ထားသော်လည်း သူမ တူကိုင်လိုက်သည်နှင့် စားစရာများသည် လျင်မြန်သောအမြန်နှုန်းဖြင့် အလစ်သုတ်ခြင်းခံလိုက်ရတော့သည်။ သူမ ထိုအပြုအမူများကိုမြင်သည်နှင့် ခေါင်းရမ်းလိုက်ပြီး သူတို့နှစ်ယောက်၏ အစားအသောက်အပေါ်တွင် ကျွမ်းကျင်စွာ စားသောက်မှုကို ရယ်မောလိုက်တော့သည်။
မနက်စာစားသောက်အပြီးတွင်တော့ သူမအခန်းထဲသို့သွားက အထုပ်အပိုးပြင်ဆင်ပြီး ဟိန်းသံလေးကို ဝိညာဉ်ပုလဲအတွင်းသို့ သွားခိုင်းလိုက်သည်။
ပုံမှန်အားဖြင့် စာချုပ်သားရဲများသည် ကိုယ်ပိုင်နေရာများရှိကြသော်ည်း ထိုနေရသည် အလွန်ပျင်းစရာကောင်းသည်ဟုစောဒကတက်၍ ဝိညာဉ်လေးနှင့်ဆော့ရန် ဝိညာဉ်ပုလဲအတွင်းသို့ ထားပေးရသည်။
သူမအခန်းထဲက ထွက်သည်နှင့် ဖက်တီးကျူသည် လစ်ဟာနေသောသူမလက်အားကြည့်၍ မေးလိုက်သည် “မင်းရဲ့ အိမ်မွေးအကောင်လေးရော။ ယူမလာဘူးလား”
“ယူမလာဘူး”
ဟိန်းသံလေးသည် ဝိညာဉ်ပုလဲအတွင်းရှိသော်လည်း သူ့အား ဖက်တီးကျူမှ အိမ်မွေးအကောင်လေးဟုခေါ်သံကို ကြား၍ သူ၏ လက်သည်းများဖြင့် ဝေ့ရမ်းကာ ပြန်အော်လိုက်သည် “မင်းငါ့ကို အိမ်မွေးအကောင်လေးလို့ ခေါ်ရဲတယ်။ ဖက်တီးကျူ မင်းသတိထားနေ၊ တစ်နေ့မှာ သခင်လေးက မင်းကို အမြင်မှန်ရစေလိမ့်မယ်’
ဝိညာဉ်လေးသည် ဟိန်းသံလေးအား အထင်သေးသော အကြည့်ဖြင့်ကြည့်ပြီး ရေရွတ်လိုက်သည် “မျိုးနွယ်ကတော့ ကောင်းပါတယ် ဒါပေမယ့် အကျင့်ကတော့ စုတ်ပြတ်နေတာပဲ”
ဟိန်းသံလေးသည် လေထဲတွင် လက်သည်းများဖြင့်ဝှေ့ရမ်းနေပြီးမှ နှစ်စက္ကန့်လောက် ဝိညာဉ်လေးကို စိုက်ကြည့်လိုက်သည်။ ဟိန်းသံလေးသည် အရှိန်ပြင်းပြင်းဖြင့် ဝိညာဉ်လေးအားခုန်အုပ်လိုက်လေသည်။
ရှီမာယူယူနှင့် ဖက်တီးကျူ အတန်းထဲသို့အတူဝင်လာချိန်တွင် အာရုံများ စုဝေးလာပြီး သူမဘယ်သူဖြစ်သည်ဆိုသည်ကို သိသောသူများသည် တိုးတိုးစပြောတော့သည်။
“သူက ဘာလို့ငါတို့အတန်းထဲလဲ”
“သူက အမှိုက်မဟုတ်ဘူးလား၊ ဘယ်လိုလုပ် ငါတို့အတန်းထဲရှိနေတာလဲ”
“မတရားဘူး ငါတို့အကုန်လုံး ရွေးချယ်ခံရတယ် ဘယ်လိုဖြစ်လို့ တစ်ကျော့ပြန်ကျောင်းသားက ငါတို့အတန်းထဲ လာနေရတာလဲ”
“သူ့ကိုသိတာလား”
“သိတာပေါ့ သူက ဝိညာဉ်ချီကိုတောင် အာရုံမခံနိုင်တဲ့အမှိုက်ပဲ”
“ဘုရားရေ သူကတကယ့်အမှိုက်ပဲ၊ ဘယ်လိုဖြစ်လို့ငါတို့အတန်းထဲရောက်နေတာလဲ”
“သူ့အဘိုးက စစ်သူကြီးဖြစ်နေလို့နေမှာပေါ့”
“ဟူး ငါတို့က လက်ရွေးစင်အတန်းလေ ပြီးတော့ ငါတို့က ကျင့်ကြံခြင်းကို လေ့လာနေတာ။ သူဘာမှနားလည်နိုင်မှာ မဟုတ်ဘူး။ တကယ်လို့ သူနားလည်တယ်ဆိုရင်တောင် မကျင့်ကြံနိုင်တဲ့အမှိုက်ပဲ။ သူဘာလုပ်နိုင်မှာလဲ။ နေရာတစ်ခု အပိုယူတာပဲအဖတ်တင်တယ်”
“ဟားဟားဟား မင်းမှန်တယ်”
ရှီမာယူယူ ထိုသူများအား စောင်းကြည့်လိုက်သည်။ သူတို့ လေသံဖြင့်ပြောနေသော်လည်း သူမကြားနေရဆဲပင်ဖြစ်သည်။ နောက်ဆုံးတန်းမှ ခုံများလွတ်နေသည်ကို မြင်၍ နောက်သို့လျှောက်သွားလိုက်ပြီး ထိုင်လိုက်သည်။
သူမရှေ့တွင်ထိုင်နေသော သူများသည် တစ်ယောက်နှင့်တစ်ယောက်ကြည့်ပြီး သူမအားပြဿနာရှာရန် မတ်တပ်ရပ်လိုက်ကြသည်။ သို့သော် ထိုအချိန်တွင် ဖန်ကျိရှင်း ဝင်လာသည်။ သူတို့သည် ကိုယ့်နေရာတွင် ပြန်ထိုင်လိုက်ကြသည်။
နောက်ဆုံးတန်းမှ ခုံများကို အကျင့်တစ်ခုဖြစ်သကဲ့သို့ ကြည့်လိုက်သောအခါ ရှီမာယူယူကိုမြင်သည်နှင့် အံ့သြသွားတော့သည်။
“ရှီမာယူယူ”
“ဒီမှာပါ” ရှီမာယူယူ အံဆွဲထဲမှ စာအုပ်ကိုဖတ်နေစဉ် သူမနာမည်အားခေါ်သံကြားသည်နှင့် ကြည့်လိုက်သည်။
“ခဏလောက်ငါနဲ့လိုက်ခဲ့” သူပြောပြီးသည်နှင့် တခြားသူများကို ကြည့်လိုက်ပြီး ဆက်ပြောလိုက်သည် “ကျန်တဲ့သူများက မနေ့က သင်ထားတဲ့ဟာတွေကို ပြန်ကြည့်ထား”
သူမ စာသင်ခန်းမှထွက်လာသည်နှင့် စိုးရိမ်စွာ ရုံးခန်းသို့ သူ့နောက်မှ လိုက်လာခဲ့သည်။ သူမ ရက်အနည်းငယ်လောက် အတန်းနောက်ကျသည်ကို ပြန်တွေးလိုက်သည့်အခါ သူဘယ်လိုသူမကို နှင်ထုတ်မလဲ။
“မင်းဘာလို့ ဒီနေ့မှ အတန်းတက်တာလဲ” သူ ဒေါသလည်းမထွက် ဝမ်းသာအားရလည်းမရှိဘဲမေးလိုက်သည်။
တကယ်တော့ ဒါကြောင့်…
သူမ အသက်ပြင်းပြင်းရှုလိုက်ပြီး ပြန်ပြောလိုက်သည် “မိသားစု အခြေအနေလေးရှိလို့ပါ အဲဒါကြောင့် ကြန့်ကြာသွားတာပါ”
သူ သူမကို ခဏတာမျှကြည့်၍ သူမအမှန်တရားကိုပြောနေလားဆိုတာ ဖော်ရန်ကြိုးစားလိုက်သည်။ သူတစ်ခုခုကို စဉ်းစားလိုက်ပုံပေါ်၍ ရုတ်တရက်ပြောလိုက်သည် “ဒီလာ”
ရှီမာယူယူ သူဘာလုပ်မည်ကို မသိပဲ မလွှဲသာ၍ သူ့ဆီသို့ လျှောက်သွားလိုက်သည်။
သူ သူ့လက်ကိုဆန့်ထုတ်လိုက်ပြီး သူမ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။
ရှီမာယူယူသည် ထိုရုတ်တရက်ဖြစ်သွားသော အခိုက်အတန့်တွင် သူမမျက်လုံးများ အံ့သြမှုကြောင့် ပြူးကျယ်သွားပြီး နောက်ဆုတ်လိုက်သည်။
သူမလက်ကောက်ဝတ်မှာ အေးသော တစ်စုံတစ်ခုဆုပ်ကိုင်သည်ကိုသာ ခံစားမိပြီး နောက်မှ သူ သူမကို ကိုင်လိုက်သည်ကို သတိပြုမိတော့သည်။ သူမသည် ကျိတ်၍ လန့်မိသည်။ သူကဘာအဆင့်လဲ။ သူရွေ့လျားပြီး သူမလက်ကောက်ဝတ်ကို ဆုပ်ကိုင်ပြီးသားဖြစ်သည်ကို သတိတောင်မထားမိပေ။
“ဆရာဖန်” သူမ ပဟေဠိများဖြင့် သူ့အားကြည့်လိုက်သည်။
အဲဒါဘာလဲ။ ကိုယ်ထိလက်ရောက်စော်ကားတာလား။
ရှီမာယူယူ၏ မျက်လုံးထဲမှ သံသယများနှင့် သတိရှိမှုများကိုမြင်တွေ့ချိန်မှာတော့ ရိုးရှင်းစွာပြောလိုက်သည် “မင်းပြန်သွားလို့ရပြီ”
သူမဘာမှ မပြောတာကို သူမရှုပ်ထွေးဆဲပင်၊ အဲဒါ သူမကိုထပ်ပြီးတော့ မမေးတော့ဘူးဆိုတဲ့ သဘောလား။ ဖန်ကျိရှင်းသည် ထွက်သွားသော သူမနောက်ကျောအားကြည့်၍ နှုတ်ခမ်းတွန့်လိုက်ပြီး သူ့ဘာသာသူ ရေရွတ်လိုက်သည် “သူကျင့်ကြံတာစနေပြီပဲ၊ ဒီလိုသွားရင် အစီအစဉ်တော့ ချောမွေ့တော့မယ် မကြာခင်မှာ…”