အပိုင်း(၁၇)-ဝိညာဉ်ပုလဲလုံး

သူမအချိန်ဘယ်လောက်ကြာအောင် အိပ်ပျော်သွားလဲ ရှီမာယူယူမသိပါ။ သူမ အိပ်မောကျသွားသည်မှာ အိမ်မ်ကကမ္ဘာသို့ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ အိမ်မက်ထဲတွင် သူမ အရင်ဘဝအား အရောင်ပြန်သော မှန်တစ်ချပ်ရှိနေပြီး သူမသည် အလွန်တရာမှောင်သော ချောက်ထဲတွင် ရပ်နေသည်။ သူမ ရှေ့တွင် မြင်ကွင်းများ ပေါ်လာသည်။ တစ်ယောက်ပေါ်လာပြီး တစ်ယောက် ပြီးတော့ ရုပ်ရှင်၏ မြင်ကွင်း တစ်စိတ်တစ်ပိုင်းကိုကြည့်နေသကဲ့သို့ သူမသည် တည်ငြိမ်စွာ ရပ်နေခဲ့သည်။ ရုတ်တရက်ဆိုသလိုပင် သူမသည် ရင်ထဲမှ စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။ သူမသည် အော်ဟစ်လိုက်သည်။

“ယူယူ ဒီနေ့ဟာ ရှီမန်မိသားစု ကျရှုံးတဲ့နေ့ပဲ။ သူတို့ဟာ ငါတို့ကို ဆန့်ကျင်ဖို့ အချိန်အတော်ကြာ စီစဉ်ထားခဲ့ကြတာပဲ။ အဲဒါကြောင့် ဒီကိစ္စနဲ့ပတ်သတ်ပြီး မင်းမှာ ဘာတာဝန်မှမရှိဘူး။ ဒါနဲ့ပတ်သတ်ပြီး မင်းကို ဘယ်သူမှ အပြစ်မတင်ပါဘူး။”

“ရှီမန်ယူယူ မင်းရှေ့မှာ မင်း ချစ်တဲ့သူတွေသေတာကြည့်ရတဲ့ခံစားချက်က ဘယ်လိုနေလဲ ဟားဟားဟား”

“ယူယူ မင်းကောင်းကောင်းနေရမယ်…”

“ယူယူ မင်းဘယ်သွားသွား ဟိန်းသံလေးက မင်းနောက်ကလိုက်နေလိမ့်မယ်”

“ရှီမန်ယူယူ သေစမ်း”

ရှီမာယူယူ ချောက်အမှောင်ထဲတွင် ရပ်နေပြီး နူးညံ့သော အသံနှင့် မုန်းတီးမှုအပြည့်ပါသော အသံနှစ်ခုကြား နာကျင်မှုကို အံကြိတ်၍ ကွဲပြားရန်ကြိုးစားနားထောင်လိုက်သည်။ သူမ နှလုံးသားများ ဆွဲစုတ်သကဲ့သို့ ခံစားလိုက်ရသည်။ သို့သော် သူမ ဘယ်သူ့အသံလဲဆိုသည်ကို သိချင်၍ အကောင်းဆုံးကြိုးစား၍ နားထောင်သော်လည်း နောက်ဆုံးတွင် မည်လောက်ပင်ကြိုးစားပါစေ သူမ မျက်လုံးများမဖွင့်နိုင်ပဲ သူမအမြင်အာရုံကို တစ်စုံတစ်ရာက ပိတ်ကွယ်ထားသည်။

“အား…”

ရှီမာယူယူ မျက်စိအား အတင်းအကျပ်ဖွင့်လိုက်ပြီး သူမမျက်လုံးတွင် ကန့်သတ်ထားသော အနှောင်အဖွဲ့များသည် အိမ်မက်နှင့်အတူ ပျံ့နှံ့သွားတော့သည်။ သူမ ဟောဟဲလိုက်ကာ အသက်ရှုသံပြင်းပြင်းဖြင့် ပင့်သက်ရှိုက်လိုက်သည်။ သူမ တစ်ကိုယ်လုံးသည် ရေတွင် နှစ်ထားသကဲ့သို့ ရွှဲရွှဲစို သွားတော့သည်။

“ယူယူ မင်းနောက်ဆုံးတော့ နိုးလာခဲ့ပြီ။ ဟူး… ဟိန်းသံလေးတော့ လန့်လို့သေတော့မှာပဲ” ရှီမာယူယူ မူးနောက်နေပြီး ဟိန်းသံလေးကတော့ သူမဘေးတွင် အငြိမ်မနေပဲ ခုန်ပေါက်နေပြီး သူမလက်မောင်းသို့ ပွတ်သပ်ကာ ကျယ်လောင်စွာလိုတော့သည်။

ရှီမာယူယူ၏ အတွေးများသည် လက်ရှိသို့ပြန်လည်ရောက်ရှိလာပြီး သူမ ဟိန်းသံလေး၏ အသံကိုကြားသည်နှင့် ညင်သာစွာပွေ့ဖက်လိုက်ပြီး အမွှေးများကို ထိ၍ ချော့လိုက်သည် “မငိုနဲ့တော့ ငါကောင်းသွားပြီ”

“ဝူး အဲဒါ ဟိန်းသံလေးရဲ့အမှားတွေပါ။ ငါသာ မင်းကိုဝိညာဉ်ပုလဲနဲ့ ချည်နှောင်ဖို့မပြောခဲ့ရင် ဒီလိုဖြစ်မှာမဟုတ်ဘူး” ဟိန်းသံလေးသည် နှာခေါင်းတရှုံရှုံဖြင့် သူ့ကိုယ်သူ အပြစ်တင်သည့် လေသံနှင့်ပြောလိုက်သည်။

ရှီမာယူယူ သူ့အား တင်းကျပ်စွာဖက်လိုက်ပြီး နဖူးအား မွှေးမွှေးပေးလိုက်ပြီးနောက် နူးညံ့သော အသံဖြင့် ချော့လိုက်သည်။ “အဲဒါလည်း ငါ့အတွက်ပဲလုပ်ခဲ့တာမလား။ ငါ့ကောင်းကျိုးအတွက်ပဲ လုပ်ခဲ့တာလေ။ ဟုတ်တယ်မလား”

အိမ်မက်သည် တစ်ပိုင်းတစ်စဖြစ်သော်လည်း ဟိန်းသံလေးနှင့်ပတ်သတ်သော ခံစားချက်မှာ ရှင်းလင်းသွားပြီး သူနှင့် ပိုရင်းနှီးသွားသကဲ့သို့ ခံစားမိသည်။ ထိုခံစားချက်သည် စာချုပ်အရ ဆက်သွယ်ထားခြင်းကြောင့်မဟုတ်ဘဲ သူတို့သည် အချိန်အတော်အကြာအတူရှိသကဲ့သို့ သူတို့ကြားတွင် ထူးခြားသော ရင်းနှီးမှုရှိခြင်းကြောင့်ဖြစ်သည်။

ဟိန်းသံလေးကို လက်အတွင်းပွေ့ကာ မတ်တပ်ရပ်လိုက်ပြီး သူမ ဘယ်ရောက်နေလဲဆိုတာ ဖော်ထုတ်ရန်ကြိုးစားရင်း လှည့်ပတ်ကြည့်လိုက်သည်။ သူမသည် ထူးဆန်းသော ကမ္ဘာအလယ်တွင် ရပ်နေသည်ကိုတွေ့ရသည်။ ဘေးပတ်ပတ်လည်တွင်တော့ တောင်များ၊ ရေကန်များ၊ လယ်ကွင်းများနှင့် အိမ်များကိုတွေ့ရသည်။ သို့သော် တစ်စုံတစ်ရာရှိသည့် အရိပ်အရောင်ကိုမတွေ့ရပေ။

“ဒါဘယ်နေရာလဲ” ရှီမာယူယူ သူမပတ်ဝန်းကျင်ကို ကြည့်၍ တအံ့တသြမေးလိုက်သည်။ သူမကြားဖူးသလောက်တော့ ဒီနေရာသည် မြို့တော်၏ အနီးနားဝန်းကျင်ပင်ဖြစ်သည်ကို သဘောပေါက်သွားသည်။

“ယူူယူ မင်းသတိမေ့သွားတော့ အလင်းရောင်တစ်ခုက ငါတို့ကို ဒီခေါ်လာတာပဲ။ ငါလည်း ဒါဘယ်နေရာလဲမသိဘူး” ဟိန်းသံလေး ပွင့်လင်းစွာပင်ပြန်ဖြေလိုက်သည်။

“မင်းက ဝိညာဉ်ပုလဲအတွင်းမှာပဲ” ကလေးသံတစ်သံသည် ပေါ်ထွက်လာသည်။

“ဝိညာဉ်ပုလဲအတွင်းမှာ ဟုတ်လား။မင်းကဘယ်သူလဲ” ရှီမာယူယူ လှည့်လိုက်ပြီး အနီအနားတွင် လူရော သတ္တဝါရော မည်သူ့ကိုမှ ရှာမတွေ့ပေ။

သေးငယ်သော ပုံရိပ်တစ်ခုသည် သူမရှေ့တွင် ဖြည်းဖြည်းချင်း သိသာထင်ရှားစွာ ပေါ်လာသည်။ ကလေးငယ်သည် သုံးနှစ်အရွယ်ရှိပြီး ခေါင်းတွင် ဆံထုံးလေးနှစ်ခုထုံးထားပြီး အနီရောင် ရှေ့ဖုံးစည်းကို ဝတ်ဆင်ထားသူသည် သူ့ရှေ့တွင်ရှိသော သူနှင့် မြင့်မြတ်သော သားရဲကိုကြည့်ပြီးပြောလိုက်သည်။ “ငါက ဝိညာဉ်ပုလဲရဲ့ ဝိညာဉ်ပဲ၊ မင်းကအခု ဝိညာဉ်ပုလဲအတွင်းမှာရှိတဲ့ ကမ္ဘာကိုရောက်နေတာပဲ”

ဝိညာဉ်ပုလဲအတွင်းတွင် ကမ္ဘာရှိသည်။

စိတ်ရှုပ်ထွေးသော အမူအရာနှင့်ဖြစ်နေသော ရှီမာယူယူနှင့် ဟိန်းသံလေးကိုကြည့်ပြီး ဝိညာဉ်သည် ခေါင်းကြိမ့်လိုက်ပြီး ဆက်ပြောသည် “ဒါက အပြင်ကမ္ဘာနဲ့တူတဲ့ ဝိညာဉ်ပုလဲထဲမှာရှိတဲ့ ကမ္ဘာပဲ။ မဟုတ်သေးဘူး ဒီကမ္ဘာက အပြင်လောကထက်ပိုကောင်းတယ်” သူအမှန်ပြင်လိုက်ပြီး သူ့ကိုယ်သူ ဂုဏ်ယူသော အပြုံးပြုံးလိုက်သည်။

ရှီမာယူယူ သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်သည်။ အပြင်လောကထက် ဒီလောက ကပိုကောင်းသည်။ အပြင်လောကထက် အဆပေါင်းများစွာ ပိုများသော ဝိညာဉ်ရွှီကို ပတ်ဝန်းကျင်တွင် သူမ ခံစားပြီးဖြစ်သည်။ သူမကဲ့သို့ လူသစ်တောင်မှ တရားမထိုင်ဘဲ ဝိညာဉ်ရွှီဘယ်လောက်များကြောင်း ခံစားမိသည်။ ထို့အတူ ဝိညာဉ်ချီ များပြားရုံသာမက မြေပြင်တွင်လည်း တန်ဖိုးကြီးမားသော ဆေးပင်များနှင့် ပြည့်နှက်နေသည်။

“ဒီဆေးပင်တွေက ဘယ်ကလာတာလဲ” သူမ မြေတွင် ပေါက်နေသော များစွာသော တန်ဖိုးကြီးသော ဆေးပင်များကို စိုက်ကြည့်၍ မေးလိုက်သည်။

“ဒါတွေက အရင်တုန်းက သခင်တွေကထားခဲ့ကြတာ ပြီတော့ ဒီဆေးပင်တွေက နှစ်တစ်ရာ နှစ်တစ်ထောင် ဝန်းကျင်ရှိပြီ” ဂုဏ်ယူစွာဖြင့် ကောင်လေးသည် ပြန်ပြောသည်။ “ငါသာ ပုံမှန်ပေါင်းသင်မပေးရင် ဒီလောက်ကြာအောင် မကြီးနိုင်ဘူး”

“အရင်တုန်းက သခင်တွေဟုတ်လား”

“ဟုတ်တယ်။ နှစ်ပေါင်း ရာချီထောင်ချီတုန်းက၊ အရမ်းကြာလို့ အဲဒီအကြောင်းတွေကိုတောင် မမှတ်မိဘူး” ကောင်လေးသည် အဝေးကိုမျှော်ကြည့်ပြီး သူ့မျက်လုံးတွင် အထီးကျန်မှုများ ရိုက်ခတ်နေသသည်။

သူတို့ချုပ်ဆိုထားသော စာချုပ်ကြောင့်မဟုတ်ဘဲ ရှီမာယူယူ ကောင်လေး၏ အထီးကျန်သော အမူအရာကိုတွေ့သောအခါ သူ့ဆီသို့လျှောက်သွားလိုက်ပြီး သူမလက်များနှင့်ပွေ့ဖက်ကာ သူ့မျက်လုံးများကိုကြည့်လျက် ညင်သာစွာပြောလိုက်သည် “မစိုးရိမ်ပါနဲ့၊ ငါတို့ရှိနေပြီပဲ၊ မင်းတစ်ယောက်တည်းမဟုတ်တော့ပါဘူး”

ကောင်လေးသည် ထိုအရာကိုကြားသောအခါ အံ့သြ၍ တောင့်သွားသော်လည်း သူမ သူ့ကို ဖက်လိုက်သောအချိန်တွင် နွေးထွေးမှုကိုခံစားမိပြီး တဖြည်းဖြည်း သက်သာရာရကာ ငိုသံထွက်လာတော့သည်။ “ဟုတ်တယ်”

ရှီမာယူယူ သူ့ခေါင်းအားပုတ်လိုက်ပြီး ပွေ့ချီကာ အိမ်ဆီသို့ လမ်းလျှောက်ရင်းပြောလိုက်သည် “ဒီနား သွားကြည့်ကြရအောင်”

“ကောင်းတယ်၊ သွားကြမယ်” ရှီမာယူယူ ပုခုံးပေါ်တွင် ရှိနေသော ဟိန်းသံလေးက စိတ်လှုပ်ရှားစွာ မျှော်လင့်ရင်း ပြောလိုက်သည်။

ရှီမာယူယူ အိမ်သို့လျှောက်သွားပြီး အထဲတွင် အရင်သခင်များထားခဲ့သော ပစ္စည်းများစွာကို ရှာဖွေရန် ဝင်သွားလေသည်။ ထိုနေရာတွင် ရှိနေသည်မှာ ရှီမာအိမ်တော်မှ စာအုပ်ပြခန်းရှိ စာအုပ်ပမာဏထက်ပင် များသောစာအုပ်များကိုတွေ့ရလေသည်။ ရှေးကျသော စကားလုံးများနှင့်ရေးထားသော စာအုပ်များသည် အချိန်အများကြီး ဖြတ်သန်းပြီးဖြစ်ကြောင်းပြသနေသည်။ ကောင်လေးပြောပြချက်အရ ထိုစာအုပ်စုဆောင်းမှုသည် သခင် ပထမမျိုးဆက်မှစ၍ စုဆောင်းခဲ့ပြီး အရင်လူများ၏ လောကဓံတရားကို ဒီနေရာတွင် စုဆောင်း၍မြင်နိုင်သည်ဟုဆိုသည်။

သူမ ထိုစာအုပ်များကိုမြင်ချိန်တွင် ပီတိဖြစ်၍ စိတ်လှုပ်ရှားသွားသည်။ ရှေးစာများသည် စွမ်းအင်ပိုမိုပြည့်ဝ၍ အချိန်များရွေ့လျားလာသည်နှင့် ပညာဗဟုသုတများလည်း တဖြည်းဖြည်းပျောက်ဆုံးသွားလေသည်။

သူအဆုံးတွင် ပြောပြသည့်အချက်အရ သူမသည် အမှန်တကယ် စိတ်အားတင်းထားသည်။

“မင်းရဲ့ ဝိညာဉ်ကမပြည့်စုံသေးဘူး၊ မင်းက အရင်တုန်းက စိုးရိမ်စရာကောင်းလောက်အောင် ထိခိုက်ခဲ့တာဖြစ်မယ်။ ဒါပေမယ့် မစိုးရိမ်ပါနဲ့ ဒီဝိညာဉ်ပုလဲမှာ မင်းရဲ့ဝိညာဉ်ကို ကုစားပြီး ပြုပြင်ပေးနိုင်တဲ့ အစွမ်းရှိတယ်။ တစ်ချိန်ထဲမှာပဲ မင်းရဲ့ ကျင့်ကြံမှုကို အကူအညီပေးနိုင်တယ်”

“ငါ့ရဲ့ ကျင့်ကြံမှုကိုကူညီပေးနိုင်တယ်ဟုတ်လား”  ရှီမာယူယူ စိတ်လှုပ်ရှားမှုကြောင့် အော်ချလိုက်သည်။

“မင်းရဲ့ ဗိုက်ထဲမှာရှိတဲ့ ဝိညာဉ်စွမ်းအင်ကို အာရုံခံဖို့ကြိုးစားကြည့်လိုက်”

သူမပြောသလိုပင် သူမအခုလက်ရှိအဆင့်တွင် အမှန်တကယ် ထိန်းချုပ်၍မရပါ။ သူမသည် အနီရောင် ဝိညာဉ်စွမ်းအင်ကို ပြတ်တောင်းပြတ်တောင်း အာရုံခံနိုင်သေးသည်။ ကြည့်ရတာ သည်နေရာတွင် ရေအိုင်ရှိသည့်ပုံပင်။

“မင်းရဲ့ လက်ရှိအဆင့်အရ မင်းမမြင်နိုင်ဘူး။ ဒါပေမယ့် မင်းမြင်နိုင်တဲ့အချိန်ကျရင် ဒီမှာ ရေအိုင်ငယ်တစ်ခု ရှိကြောင်းသိလိမ့်မယ်။ ဒါက ဝိညာဉ်ပုလဲက မင်းရဲက ကျင့်ကြံမှုအတွက်ပြင်ဆင်ပေးထားတဲ့အရာပဲ။ မင်း ဝိညာဉ်ချီကို ရှုရှိုက်လိုက်တဲ့အချိန်မှာ ဝိညာဉ်ချီတွေအကုန်လုံးကို အရည်အချင်းအမျိုးအစားအလိုက်ခွဲပြီး ဆွဲဆောင်ပြီး ဒီနေရာမှာ စုဝေးလိမ့်မယ်။ အခုတော့ ကောင်းကောင်းနားလည်သေးမှာမဟုတ်ဘူး မင်းမြင်ရရင်တော့ အကုန်လုံး ရှင်းသွားလိမ့်မယ်”

သူမ ပြုးကျယ်သော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်ပြီး သူမအာရုံများမစုမိခင်တွင် ခဏတာမျှ တွေဝေသွားသည်။ “မင်းဆိုလိုတာက ငါကျင့်ကြံနိုင်ရင် ငါစုပ်ယူလိုက်ဖို့ကို အာရုံစိုက်ဖို့မလိုဘူး ဒါပေမယ့် ငါအကုန်လုံးကို စုပ်ယူလိုက်တာနဲ့ ဝိညာဉ်ပုလဲက အမျိုုးအစားခွဲပေးဖို့ ကူညီပေးမှာပေါ့ဟုတ်လား” သူမ ရရှိမည့် အကျိုးအမြတ်ကို မယုံနိုင်သေးပေ။ ဒါဟာ ရိုးရှင်းတဲ့ ဂိမ်း လိမ်နည်းပဲ။

“ဟုတ်တယ်” သူ တည်ငြိမ်စွာပြန်ဖြေလိုက်သည။ ရှီမာယူယူ မ,ယူလိုက်ပြီး စိတ်အားထက်သန်စွာဖြင့် သူ၏ပါးသို့ အားရပါးရ မွှေးမွှေးပေးလိုက်တော့သည်။

“အီး စိတ်ပျက်စရာကြီး ရွံစရာကြီး၊ တံတွေးတွေအများကြီးနဲ့” သူမအား မကျေမနပ်ကြည့်ပြီး သူ့လက်ဖြင့် ပါးကို သုတ်လိုက်သည်။ သို့သော် သူ၏မျက်နှာနှင့် နားရွက်တို့သည် ရှက်သွေးဖြန်းသဖြင့် နီရဲသွားတော့သည်။ ရှီမာယူယူနှင့် ဟိန်းသံလေးတို့သည် သဘောကျစွာ ကျယ်လောင်စွာရယ်လိုက်ကြသည်။


Comment

Leave a Reply

Options

not work with dark mode
Reset