Switch Mode

အပိုင်း (၁၆)-အံ့သြဖွယ်ကောင်းသော သားရဲ ဟိန်းသံလေး

သူမ မှော်ဝင်လက်စွပ်နှင့် ကျောက်တုံးအားယူလိုက်ပြီး အနီးကပ်စစ်ဆေးလိုက်သည်။ သူမ ဝိညာဉ်စွမ်းအင်းကို တစ်ခုချင်းစီတွင် ထည့်ကြည့်သော်လည်း ဘာမှ ထူးခြားမှုမရှိသည်ကိုတွေ့ရသည်။ ထို့နောက်တွင် သူမ ကျောက်တုံးကို ချလိုက်ပြီးဓားအသေးတစ်ချောင်းကို အသုံးပြုကာ လက်ချောင်းမှသွေးကိုထုတ်၍ မှော်ဝင်လက်စွပ်အတွင်းသို့ အစက်ချလိုက်သည်။ ကြက်သွေးရောင်သွေးများ လက်စွပ်အတွင်းတွင် ပျောက်ကွယ်သွားသည်ကို သူမ မမှိတ်မသုန်ကြည့်နေလိုက်သည်။ သူမ နီးကပ်မှုကို ခံစားလိုက်ရပြီး သူမနှင့်လက်စွပ်အကြားဆက်သွယ်မှု တည်ဆောက်ပြီးဖြစ်ကြောင်းကို သဘောပေါက်လိုက်သည်။ သူမသည် လက်စွပ်၏ အပြင်ဘက်ပြင်ဆင်မှုကို သိချင်၍ စပ်စုသော်လည်း သူမ၏ အသိသည် အခြားနေရာတစ်ခုသို့ စုပ်ယူလိုက်သကဲ့သို့ခံစားလိုက်ရသည်။

“ငါလက်စွပ်အတွင်းရောက်သွားတာလား” ရှီမာယူူယူ သူမပတ်ဝန်းကျင်ကို မျက်လုံးအပြူးသားဖြင့် ကြည့်နေခြင်းမှတစ်ပါး မတတ်နိုင်ခဲ့ပါ။ သူမရပ်နေသော အခန်း၏ အရွယ်အစားကိုကြည့်၍ အံ့သြနေမိပြီး သူမ စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။ “ အခုချိန်ကစပြီး၊ အကုန်လုံး အဆင်ပြေတော့မယ်၊ ငါအားလုံးကို ဒီမှာသိမ်းထားလို့ရပြီ”

သူမ၏ အသိသည် အခန်းတစ်လုံး၏ လုံးဝလွှမ်းမိုးခြင်းကို ခံလိုက်ရပြီး အခန်း လည်ပတ်ပုံ၏ ထိန်းချုပ်မှုကို ခံလိုက်ရသည်။ သူမ အသိကိုပြန်ထိန်းလိုက်သည်နှင့် အသံတစ်သံအော်လိုက်သည်ကို ကြားလိုက်ရသည်။

“ဟားဟားဟား ဒီသခင်လေးက နောက်ဆုံးတော့ နိုးလာပြီပဲ”

ရှီမာယူယူသည် လန့်ဖျပ်သွားသော်လည်း သူမ မသိစိတ်၏ လှုံ့ဆော်မှုအရ မေးလိုက်သည်။ “ဘယ်သူလဲ”

“ဟင်” တစ်ဖက်မှအသံသည် ခဏတာမျှရပ်တန့်သွားပြီး တိတ်ဆိတ်သွားသည်။ ရုတ်တရက်ဆိုသလိုပင် ထိုအသံသည် အံ့အားသင့်စွာပြေလိုက်သည် “မင်း တကယ်ပဲငါ့ကို မမှတ်မိတာလား”

ရှီမာယူယူ ပတ်ဝန်းကျင်ကို ရှာကြည့်သော်လည်း ဘာမှမရှိပေ၊ အသံက ဘယ်ကလာတာလဲ။

“ဟင့် ဟင့် ဒီသခင်လေးကို မင်းမေ့နေတယ်ဆိုတာကို မယုံနိုင်ဘူး” အသံသည် ဒေါသတကြီးနှင့် ငိုသံလည်းပါနေသည်။

“မင်းဘယ်သူလဲ”

“ငါက ဟိန်းသံလေးပဲ၊ မင်းတကယ်ပဲငါ့ကိုမမှတ်မိတာလား” အသံသည် မကျေနပ်ချက်ဖြင့် သူမခေါင်းထဲတွင် ပဲ့တင်သံထပ်နေပြီး သူမအားပို၍ စိတ်ရှုပ်ထွေးစေသည်။

“မျောက်လေးလား၊ ဟားဟား မင်းက မျောက်လေးလား” သူမအော်ပြီးမေးလိုက်သည်။

(*ဟိန်းသံလေး၏ တရုတ်နာမည်မှာ ဟူဖြစ်ပြီး မျောက်ဟုလည်း အဓိပ္ပယ်ရသည်။ အသံထွက်တူပြီး စာဖတ်ရင်းနှင့်ပင် ခြားနားမှုကို မြင်နိုင်မည်။)

“မင်းက မျောက်လေးပဲ၊ မင်းက ငါ့ကို နာမည်ပေးခဲ့တာပဲ” ဟိန်းသံလေးသည် ငိုတော့သည်။

ရှီမာယူယူ မိန်းမောနေချိန်အတွင်းမှာပဲ သူမခန္ဒာကိုယ်မှ ပုံရပ်တစ်ခုထွက်လာပြီး သူမရှေ့တွင် လေထဲတွင် လွင့်မျောနေသည်။

“ဟင် မင်းက မျောက်မဟုတ်ဘူးပဲ ယုန်ပဲ”  ရှီမာယူယူ ထိုအရာအား ခေါင်းအစခြေအဆုံးကြည့်လိုက်ပြီး အခိုင်အမာပြောဆိုပြီးနောက် အားရကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

“ယုန် ဟုတ်လား။ ငါက ဘယ်လိုယုန်ဖြစ်နိုင်မှာလဲ။ ငါက ဟူပဲ။ အထွတ်အထိပ်ထားခြင်းခံရတဲ့ ရှေးဟောင်း သားရဲဟူပဲ။” ဟိန်းသံလေးသည် ဒေါသဖြင့်အော်လိုက်သည်။

ရှီမာယူယူ ရှက်ကိုးရှက်ကန်းဖြင့် သူမနှာခေါင်းကိုထိလိုက်ပြီး မေးလိုက်သည် “မြင့်မြတ်တဲ့သားရဲဟူ ဟုတ်လား၊ ဟိန်းသံလေးဟုတ်လား”

“နောက်ဆုံးတော့ မင်းငါ့ကို မှတ်မိပြီပေါ့” ဟိန်းသံလေး မေးလိုက်သည်။

“ဟုတ်တော့ မဟုတ်သေးဘူး” သူမ လေးနက်စွာဖြင့် ပြန်ဖြေလိုက်သည်။

“အဲဒါဆို ငါ့ကို ဟိန်းသံလေးလို့ခေါ်တာကို မင်းဘယ်လိုသိလဲ” ထိုအရာသည် လေးနက်စွာမေးလိုက်သည်။

“မင်းကိုယ်တိုင် ခုဏကပဲပြောခဲ့တာမလား” ရှီမာယူယူ ဂရုစိုက်စွာပြန်ဖြေလိုက်ပြီး ထိုသက်ရှိသတ္တဝါအား ပြန်ကြည့်လိုက်သည်။ ထိုသက်ရှိသတ္တဝါ၏ ဉာဏ်ရည်သည် လူသားများထက်နိမ့်သည်။

“အော် ငါပြောမိတာလား”

ချွေးပြန်သွားသည်။

“မင်းဘယ်လိုလုပ် ငါ့ခန္ဒာကိုယ်ထဲရောက်နေတာလဲ။ ပြီးတော့ မင်းခုဏက နောက်ဆုံးတော့ မင်းနိုးလာပြီလို့ ပြောလိုက်သလားလို့။ အဲဒါ ဘာအဓိပ္ပာယ်လဲ” ရှီမာယူယူ ယုန်လေးပေါ်လာသည်နှင့် ဆွံ့အ သွားပြီး မေးရုံမှတစ်ပါးမတတ်နိုင်တော့ပေ။

“ငါမင်းနဲ့ စာချုပ်ချုပ်ထားတာပဲ။ အဲတော့ မင်းခန္ဒာကိုယ်ကလွဲပြီး ငါဘယ်မှာသွားနေရမှာလဲ” ဟူလေးက မေးလိုက်သည်။

“စာချုပ်ဟုတ်လား”

“ဟုတ်တယ်။ မင်းသေသွားပေမယ့်လည်း ငါတို့ဟာ ဝိညာဉ်စာချုပ်ချုပ်ထားတယ်လေ။ မင်းရဲ့ ဝိညာဉ်က လျှောက်သွားနေသေးတယ် ပြီးတော့ ငါဒီအထိမင်းနောက်လိုက်လာတာပဲ” ဟိန်းသံလေးက ပြန်ပြောလိုက်သည်။

“အဲဒါဆို မင်းဘာလို့ အခုမှပေါ်လာတာလဲ”

“ငါမင်းကို ခုဏကမပြောလိုက်ဘူးလား။ ငါနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတယ်လေ” ဟိန်းသံလေးက ရှင်းပြသည်။ “မင်းထိခိုက်မိတယ်လေ၊ ပြီးတော့ မင်းရဲ့ ဒဏ်ရာတွေက ငါ့ကိုပျံ့နှံ့သွားတယ်လေ။ ပြီးတော့ ငါအိပ်ခြင်းနဲ့ အားပြန်ဖြည့်ရတယ်။ ငါနိုးလာချိန်မှာ မင်းငါ့ကိုမေ့သွားမယ်လို့ မထင်မိဘူး ဝါး”

ဟိန်းသံလေးသည် ဝမ်းနည်းလွန်း၍ ရှိုက်ကြီးတငင်ငိုတော့သည်။ သူ၏ မျက်ရည်များသည် လန်းဆန်းစေပြီး ငြိမ်းအေးသော အထိအတွေ့ဖြင့် ရှီမာယူယူပေါ်သို့ကျသွားတော့သည်။

“မင်းရဲ့ မျက်ရည်တွေက အံ့မခန်းပဲ” ရှီမာယူူယူ အံ့အားသင့်စွာပြောလိုက်သည်။

“ငါက နှစ်လိုဖွယ် သားရဲပဲ… မင်းနေလို့ကောင်းမှာပေါ့” ဟိန်းသံလေးက ပြန်ပြောလိုက်သည်။

“တကယ်လား” ရှီမာယူယူ ဟိန်းသံလေးအား စိတ်ဝင်တစား စိုက်ကြည့်၍ ပြောလိုက်သည် “မင်း ထိခိုက်မိတယ်လို့ ခုဏကပြောလိုက်တယ်လေ၊ ဘယ်လိုဖြစ်တာလဲ၊ ပြီးတော့ ငါတို့ဘယ်လို စာချုပ်ချုပ်ဖြစ်တာလဲ။ ငါမင်းကို မြင်တာတောင်မမှတ်မိဘူး”

“ဝါး ယူယူ မင်းကမုန်းစရာကောင်းတာပဲ။ ငါမင်းကို မကြိုက်တော့ဘူး။ မင်းရဲ့ ချစ်စရာဟိန်းသံလေးကို ဘယ်လိုလုပ် မေ့ပစ်တာလဲ။ ကံကောင်းလို့ ငါမင်းနဲ့ စောစော စာချုပ်ချုပ်ထားလို့ မဟုတ်ရင် ငါမင်းကို လာရှာတော့မှာမဟုတ်ဘူး။ ဝါး ဝါး ဒါပေမယ့် အခုတော့ ယူယူက ဟိန်းသံလေးနဲ့ အတူရှိခဲ့တာကို မေ့သွားပြီပေါ့” ဟိန်းသံလေးသည် ဝမ်းနည်းစွာငိုကြွေးတော့သည်။

ဟိန်းသံလေး ထိုအခြေအနေကို ကြည့်ရခြင်းသည် ရှီမာယူယူအား ရုတ်တရက်သူမ စိတ်ထဲတွင် ဝမ်းနည်းလာသည်။ ကြည့်ရတာ ဟိန်းသံလေး၏ ခံစားချက်သည်လည်း သူမအပေါ်တွင် သက်ရောက်သည့်ပုံပင်။ ဟိန်းသံလေးကို လက်ဖြင့်ပွေ့ဖက်လိုက်ပြီး သူ၏ အမွှေးများကို လက်ဖြင့်သပ်၍ ပြောလိုက်သည်။ “ငါတောင်းပန်ပါတယ်။ ငါတကယ်မမှတ်မိနိုင်လို့ပါ။ ဒါပေမယ့် ငါတို့ကြားက ဆက်သွယ်မှုကို ခံစားလို့ရတယ်။ မင်းဝမ်းနည်းရင် ငါ့စိတ်ထဲမှာလည်း ဝမ်းနည်းလာတယ်”

ဟိန်းသံလေးသည် ရှေ့လက်တိုလေးကို ဆွဲဆန့်လိုက်ပြီး မျက်နှာကိုကုပ်၍ ပြောလိုက်သည် “ကြည့်ရတာ မင်းရဲ့ ဝိညာဉ်ကပျက်ဆီးသွားပြီး မင်းရဲ့အရင်ဘဝကို မေ့သွားစေတာထင်တယ်၊ ငါကြည်ပေးမယ်”

ထိုစကားပြောပြီးနောက်တွင်တော့ ဟိန်းသံလေးသည် ရှီမာယူယူလက်အတွင်းတွင် ပျောက်ကွယ်သွားပြီး လျင်မြန်စွာပြန်ပေါ်လာသည်။ သို့သော် သူ့၏မျက်နှာသည် စိုးရိမ်မှုများပေါ်ပေါက်နေပြီး တစ်စုံတစ်ခု ပြောရန် ရှီမာယူယူမျက်နှာအားစိုက်ကြည့်လိုက်သည်။ “မင်းရဲ့ မှတ်ဉာဏ်တွေက လုံးဝပျောက်ဆုံးသွားပြီ။ အဲဒါကြောင့် မင်းငါ့ကို မမှတ်မိနိုင်တာပဲ”

“မှတ်ဉာဏ်တွေ ဟုတ်လား။ ဘယ်မှတ်ဉာဏ်တွေလဲ” ရှီမာယူယူ ဟိန်းသံလေး သူမမျက်စိရှေ့သို့ပေါ်မလာခင် မေးလိုက်သည်။

“ငါမင်းကိုပြောလည်း မကူညီနိုင်ဘူး။ မင်းကိုယ်တိုင် အဲမှတ်ဉာဏ်တွေကို ပြန်ရှာရမယ်” ဟိန်းသံလေးက ပြန်ပြောလိုက်သည်။

“မကြာသေးခင်က ငါ့မှတ်ဉာဏ်တွေ ပျောက်သွားတယ်လို့ ခံစားမိတယ်။ တစ်ခါလေမှ စိတ်ကလုံးဝရှင်းသွားတယ်၊ အရေးကြီးတဲ့တစ်ခုခုကို မေ့နေသလိုမျိုးပဲ။ ဒါပေမယ့် အဲဒါအရေးကြီးတယ်ဆိုရင် ငါဘာလို့ မမှတ်မိရတာလဲ” ရှီမာယူယူ ဟိန်းသံလေးအား ဖွင့်ပြောလိုက်ပြီး သူမလက်နှစ်ဖက်အား ခေါင်းပေါ်တင်ထားပြီး မျက်နှာသည် အားမလိုအားမရဖြစ်နေသည်။

“ယူယူ အဲလောက်စိတ်မပျက်ပါနဲ့။ အဲဒါ မင်းမှတ်ဉာဏ်တွေပြန်ရလာဖို့ အကူအညီမဖြစ်ဘူး” ဟိန်းသံလေးက ပြောလိုက်သည်။

ရှီမာယူယူ ဟိန်းသံလေးဘက်သို့ လှည့်၍ မေးလိုက်သည် “ဟိန်းသံလေး မင်းနည်းလမ်းသိလား”

ဟိန်းသံလေးသည် သူ၏ သေးငယ်သော ခေါင်းအားကုတ်လိုက်ပြီးပြောလိုက်သည် “ငါထင်တာတော့ အဲဒါ မင်းရဲ့ဝိညာဉ်ပျက်ဆီးမှုကြောင့် ဖြစ်လာတာပဲ။ အဲဒါကြောင့်ပဲ ပြီးခဲ့တာတွေကို မင်းမေ့သွားတာပဲ။ မင်းရဲ့ ဝိညာဉ်က သူ့ဘာသာသူ ပြန်ကောင်းလာတာနဲ့ မင်းပြန်မှတ်မိလာလိမ့်မယ်”

“ဒါပေမယ့် ဝိညာဉ်ကို ဘယ်လိုကုစားရမလဲ”

“ဝိညာဉ်အတွက် အကျိုးဖြစ်စေမယ့်ဟာတွေစား ပြီးတော့ လေ့ကျင့်။ မင်းစိတ်ချနိုင်လောက်တဲ့အဆင့်ရောက်ရင် မင်းရဲ့ ဝိညာဉ်က ပြန်ကောင်းလာလိမ့်မယ်” ဟိန်းသံလေးက ပြန်ပြောလိုက်သည်။

ရုတ်တရက်ပင် ဟိန်းသံလေးသည် သေတ္တာထဲမှ ကျောက်တုံးအားမြင်သွားသည်။ သူ အလန့်တကြားအော်လိုက်ပြီး ကျောက်တုံးကို ညွှန်လိုက်သည် “ဒါ ဒါက ဝိညာဉ် ပုလဲမဟုတ်လား”

ရှီမာယူယူ ဟိန်းသံလေး၏ စိတ်လှုပ်ရှားသော တုန့်ပြန်မှုကို တွေ့သောအခါ မေးလိုက်သည် “မင်းဒါကို သိတာလား”

“သိတာပေါ့ ငါသိတာပေါ့” ဟိန်းသံလေး၏ မျက်လုံးများသည် ပုလဲရှေ့တွင် အရောင်တောက်နေတော့သည်။ ဟိန်းသံလေးသည် သူ၏ လက်နှစ်ဖက်ကို ဆွဲထုတ်ပြီး ပါးစပ်မှ သားရေများကျလုနီးပါး ပုလဲအားကြင်နာစွာပွေ့ဖက်လိုက်သည်။

“ငါ့ အဖေက ပြောတာတော့ ဒီပစ္စည်းက ဘိုးဘေးဘီဘင်ထိန်းသိမ်းလာတဲ့ ရှေးဟောင်းပစ္စည်းတဲ့ ပြီးတော့ သူ့ပိုင်ရှင်ကိုတွေ့ရင် အသိအမှတ်ပြုလိမ့်မယ်တဲ့” ရှီမာယူယူ ပြောလိုက်သည်။

ဟိန်းသံလေးသည် ဝိညာဉ်ပုလဲအားပွေ့ဖက်ရင်း ပြင်းထန်စွာခေါင်းညိတ်လိုက်ပြီးပြောလိုက်သည် “ဟုတ်တယ် ဟုတ်တယ်။ ဝမ်းနည်းစရာကောင်းတာက ဘယ်သူမှ ဒီပုလဲ အသုံးရဲ့ အသုံးဝင်မှုကို မသိကြဘူး။ ယူယူ ဒီကို အမြန်လာကြည့်ပြီး မင်းက ပိုင်ရှင်ဆိုတာသေချာအောင် လုပ်လိုက်။ ငါကြားဖူးတာတော့ ဒါက အမြင့်ဆုံး မှော်ဝင်ပစ္စည်းပဲ ပြီးတော့ အဲဒါလက်ခံတာနဲပ မင်း အကောင်းဆုံးတွေပဲရလိမ့်မယ်”

“တကယ်လား” ရှီမာယူယူ ဟိန်းသံလေးအား မယုံကြည်စွာဖြင့်ကြည့်လိုက်သည်။

“တကယ်။ လာ လာ လာပြီးစမ်းကြည့်” ဟိန်းသံလေး ဝိညာဉ်ပုလဲအား ရှီမာယူယူရှေ့သို့ သယ်သွားလိုက်ပြီး စိတ်လှုပ်ရှားစွာ တိုက်တွန်းလိုက်သည်။

“အာ…” ရှီမာယူယူ တုံ့ဆိုင်းပြီးမှ ဟိန်းသံလေး၏ လေးနက်သောမျက်နှာကို မြင်မှ စိတ်လှုပ်ရှားမှုများ ပြည့်နှက်သွားပြီး ဝိညာဉ်ပုလဲအားယူပြီးပြောလိုက်သည် “ကောင်းပြီ ငါစမ်းကြည့်မယ်”

“စမ်းကြည့် စမ်းကြည့်” ဟိန်းသံလေးသည် ရှီမာယူယူ၏ ပုခုံးပေါ်တွင် ခုန်ပေါက်နေပြီး ပြောလိုက်သည် “ယူယူ မြန်မြန်လေး”

သို့သော် ဝိညာဉ်ပုလဲ၏ အသိအမှတ်အပြုခံရဖို့ ဘယ်လိုလုပ်ရမည်ဆိုသည်ကို ရှီမာယူယူမသိပါ။ သွေးအရမ်းမထွက်သော သူမ လက်ချောင်းမှ ဒဏ်ရာကြောင့် ဟိန်းသံလေးရုတ်တရက်ပေါ်လာချိန်တွင် ပုံမှန်အတိုင်းသယ်သွားခြင်းဖြစ်သည်။ ဟိန်းသံလေးသည် သူမလက်ချောင်းအား ဝိညာဉ်ပုလဲမျက်နှာပြင်ပေါ်သို့ တွန်းလိုက်သည်။

အစပိုင်းတွင်တော့ ဝိညာဉ်ပုလဲဆီမှ မည်သည့်တုန့်ပြန်မှုမျှ မရခဲ့ပေ။ သွေးသည် ပုလဲနှင့် ရောနှောခြင်းမရှိပေ။ ထို့နောက် သူမ လက်လျော့ဆဲဆဲတွင် သွေးများသည် ရုတ်တရက် ပုလဲအတွင်းသို့ စုပ်ယူခြင်းခံလိုက်ရပြီး သူမ လက်ချောင်းများဖယ်ရန် စဉ်းစားလိုက်သောအချိန်တွင် သူမ လက်သည်ဖယ်ရှားလို့မရတော့ပေ။

အဲဒါတင်မဟုတ်ပေ သူမလက်ချောင်းများသည် အကိုက်ခံရသကဲ့သို့ ပြင်းထန်သော နာကျင်မှုကို ရှီမာယူယူခံစားလိုက်ရပြီး သူမလက်ချောင်းမှတစ်ဆင့် သွေးများထိုးထွက်သကဲ့သို့ ခံစားလိုက်ရသည်။ သူမ သွေးများဆုံးရှုံးရခြင်းကြောင့် ရုတ်တရက် မူးဝေသွားပြီး တစ်လောကလုံးမှောင်မိုက်သွားချိန်မှ သူမ အိမ်ရာပေါ်သို့ လဲကျသွားတော့သည်။

သူမ အသိမပျောက်ခင်တွင် ဟိန်းသံလေး၏ စိုးရိမ်စွာ ခေါ်သံကိုကြားရပြီး စိတ်ထဲတွင် ကျိန်ဆဲလိုက်သည် “မင်းဟာ လူလိမ်လေးပဲ။ မင်းငါ့ကို သတ်လိုက်တာပဲ”

Comment

Leave a Reply

Options

not work with dark mode
Reset