Switch Mode

အပိုင်း (၁၅) – ပထမဆုံး အကြိမ်တိုးတက်ခြင်း

“ဖန်ကျိရှင်း ဟုတ်လား။ သူက အင်အားကြီးတဲ့သူလို့ ငါကြားဖူးတယ်။ သူက နာမည်ကြီးတယ်လေ” ရှီမာယူလီ အတွေးများဖြင့် ပြောပြနေသည်။ “ကောင်းပါပြီ မင်းရဲ့ဆုံးဖြတ်ချက်ကို ချပြီးမှတော့ ငါတို့မတားတော့ဘူးလေ။ လာခဲ့ ငါမင်းကို ပြန်ပို့ပေးမယ်”

“မလိုပါဘူး။ ကျွန်တော် ကလေးမှ မဟုတ်တော့တာ။ ကိုယ့်ဘာသာပြန်လိုက်မယ်။ သွားပြီ” ရှီမာယူယူ သူမလက်ကို ကို့ယိုကားယား ပြလိုက်ပြီး အလျင်အမြန် လှည့်ထွက်လိုက်သည်။

ရှီမာယူယူထွက်သွားသော နောက်ကျောကိုကြည့်ရင်း ရှီမာယူလီ သက်ပြင်းငယ် တစ်ခုကို ချလိုက်တော့သည်။ ပြီးခဲ့သည့် နောက်ဆုံးအရိုက်ခံရခြင်းပြီးသည့်နောက်တွင်တော့ သူ့ညီလေးသည် စဉ်းစားတတ်လာသည်ကို သူခံစားမိသည်။ ထို့အပြင် အခု သူကျင့်ကြံနိုင်ပြီ။ မကြာခင် သူ့ကို မှီလာနိုင်သည်။ သူ ညီလေးကို ကာကွယ်ချင်လျှင် ပိုကြိုးစားရမည်။ စိတ်ပိုင်းဖြတ်မှုကို သူ့မျက်လုံးတွင် မြင်နိုင်ပြီး လှည့်ထွက်ပြီး သူ့အခန်းထဲသို့ လမ်းလျှောက်သွားတော့သည်။

ရှီမာယူယူ ကျောင်းနှင့်ရင်းနှီးခြင်းမရှိသော်လည်း သူမ လမ်းညွှန်ချက်များအရ မိန်းလမ်းမအတိုင်းလိုက်လာခဲ့သည်တွင် ခံ့ညားထည်ဝါသော အဓိကဝင်ပေါက်သို့ ပြန်လည်ရောက်ရှိလာတော့သည်။ သူမ ဝင်ပေါက်တွင် လူအပြည့်ဖြစ်နေသည်ကို တွေ့သောအခါ ဒါဟာ ဒုတိယမြောက်နေ့ရွေးချယ်မှုဆိုသည်ကို သူမ သတိရလိုက်သည်။

“နောက်တစ်ယောက်၊ ဝူရန်ဖေ” စာမေးပွဲစစ်သူသည် သူ့ရှေ့တွင်ရှိသော အုပ်စုဆီသို့ အော်လိုက်သည်။

ဒီတစ်ကြိမ်တွင် အဖွဲ့ထဲမှ  လူငယ်တစ်ယောက် အရှေ့သို့ထွက်လာပြီး စာမေးပဲစစ်သူ၏ ခိုင်းစေချက်အတိုင်း လိုက်နာကာ သူ့လက်ထဲသို့ ဖန်ဘောလုံးကို ထည့်လိုက်သည်။ ရှီမာယူယူ စိတ်ဝင်တစားကြည့်ပြီး ဝူရန်ဖေသည် ဝိညာဉ်စွမ်းအားကို ဘောလုံးထဲသို့ထည့်လိုက်သောအခါ ဖန်ဘောလုံးသည် အနီနှင့် အစိမ်းရောင် ရောင်ခြည်သို့ ပြောင်းသွားသည်ကို မြင်တွေ့လိုက်ရသည်။

“ဘုရားရေ… သူ့မှာ အရည်အချင်းနှစ်ခုရှိတာပဲ။ ဒီတစ်ခါတော့ ငါတို့ကျောင်းမှာ ရှုထောင့် နှစ်ခု ဝိညာဉ်သခင် ရှိလာပြီပဲ။ ကောင်းတယ် ဟားဟားဟား” ဖန်ဘောလုံး၏ တုန့်ပြန်မှုကို တွေ့ရသော စာမေးပွဲစစ်သူသည် ပီတိဖြစ်သွားသည်။ သူ ကျယ်လောင်စွာရယ်မောလိုက်ပြီး ဘေးတွင်ရှိသော သူအား အော်ပြောလိုက်သည် “ငါတို့ ရှုထောင့် နှစ်ခု ဝိညာဉ်သခင်ရှာတွေ့ပြီလို့ ကျောင်းအုပ်ကြီးကို သွားပြောလိုက်”

မကြာခင်တွင် သတင်းပါးလိုက်မှုကြောင့် လူတစ်ယောက်သည် လျင်မြန်စွာရောက်လာသည်။ ကျောင်း၏ ကျောင်းအုပ်ဆရာကြီးဖြစ်သည်ကို ရှီမာယူယူ မှတ်မိလိုက်သည်။

“ရှုထောင့်နှစ်ခု ဝိညာဉ်သခင် ဆိုတဲ့ကျောင်းသားသစ်က ဘယ်မှာလဲ” ရောက်သည်နှင့် မေးမြန်းလိုက်ပြီး ဝူရန်ဖေကို ညွှန်ပြနေသော စာမေးပွဲစစ်သူကို သူမြင်လိုက်သည်။ ကျောင်းအုပ်ကြီးသည် ပြုံးရယ်ပြီး ဝူရန်ဖေဆီသို့ လမ်းလျှောက်သွားပြီး နှုတ်ဆက်လိုက်သည်။ ပြီးနောက် သူ့အား ကျောင်းကို ပြသပေးတော့သည်။

ရှီမာယူယူ လှောင်ပြောင်ရုံအပြင် မတတ်နိုင်ပေ။ ကျောင်းအုပ်ဟာ တကယ့်လူပဲ။ သူမကို အမှိုက်အဖြစ်မြင်တုန်းက ရှစ်ခေါက်ချိုးမျက်နှာနှင့်၊ အခု သူ့ရှေ့တွင် ပါရမီရှင်ရှိပြီလဲဆိုရော အပြုံးပန်းတွေ ပွင့်နေသည်မှာ သူမအား ဒေါသထွက်စေသည်။

စာမေးပွဲစစ်သူသည် နောက်ထပ်လူများကိုခေါ်နေသည်။ ဒီတစ်ခေါက်ရွေးချယ်မှုမှာ ဖန်ဘောလုံးစမ်းသပ်ချက်တွင် ရွေးချယ်ခံရသော လက်ရွေးစင်များကို တွေ့ရတော့သည်။ သူတို့၏ ဝိညာဉ်စွမ်းအင်ကို ဖန်ဘောလုံးထဲသို့ ထည့်လိုက်လျှင် သူတို့၏ အရည်အချင်းကို မြင်နိုင်သည်။ အရောင်ရင့်လေ အပင်ကိုစွမ်းရည်မြင့်လေဖြစ်သည်။ အကယ်၍ ဝူရန်ဖေကဲ့သို့ တုန့်ပြန်မှုမျိုးရလျှင် အားလုံးထံမှ မယုံကြည်နိုင်သော တုန်ပြန်မှုကိုရရှိသည်။

သူမသည်လည်း သူမ ဝန်းကျင်မှ အခြားသော သူများနည်းတူ ထိုရွေးချယ်မှုတွင် စုဝေးလိုက်သည်။ ထိုနေရာတွင် အခြားသော ရှုထောင့်နှစ်မျိုးရှိသောဝိညာဉ်သခင်မရှိတော့ပေ။

တစ်ခဏတာမျှကြာပြီးနောက်၊ ထိုနေရာတွင် အသစ်အဆန်းမရှိတော့သည့်အတွက် ထွက်သွားရန်အလှည့်တွင် သူမနောက်မှ ဟောဟဲလိုက်စွာ အလန့်တကြားပြောလိုက်သော အော်သံကိုကြားလိုက်ရသည်။

“ဘုရားရေ… ဒီမှာ အမှန်တကယ်ပဲ ရှုထောင့်သုံးမျိုး ဝိညာဉ်သခင်ပဲ”

“တကယ်ပဲ သုံးရောင်ပဲ”

“ငါတို့ အမှန်တကယ် ဒီအချိန်ကို မြင်လိုက်ရတာပဲ”

ဒီတစ်ကြိမ်တွင်တော့ လူအုပ်ထဲမှ ကြီးမားသော ပေါက်ကွဲမှုဖြစ်သွားသည်။ လူတွေသည် အလန့်တကြားစတင်အော်ဟစ်နေကြပြီး မယုံကြည်ဖြစ်နေကြသည်။ ကျောင်းတွင် ရှုထောင့် သုံးမျိုးဝိညာဉ်သခင်ပေါ်မလာသည်မှာ နှစ်ပေါင်းရာနှင့်ချီနေပြီဖြစ်သည်။ ထို့အပြင် သည်မတိုင်ခင်တွင် ရှုထောင့်နှစ်မျိုးဝိညာဉ်သခင်လည်း ပေါ်ထွက်ခဲ့သည်။

စာမေးပွဲစစ်သူသည် စိတ်လှုပ်ရှားမှုကြောင့် ဟောဟဲလိုက်နေသည်။ ဒီနှစ်တော့ ရှုထောင့်နှစ်မျိုးဝိညာဉ်သခင်ကို ရှာတွေ့ခဲ့ပြီး ခဏကြာမှတော့ ရှုထောင့်သုံးမျိုးဝိညာဉ်သခင်ကိုရှာတွေ့ခဲ့တာလား။ သူအိမ်မက်နေလားဆိုတာ သူ့ကိုယ်သူ ဆွဲဆိတ်ရုံအပြင် မတတ်နိုင်ခဲ့ပေ။

ထိုစိတ်လှုပ်ရှားမှုများနှင့် ရှုပ်ယှက်ခတ်မှုများနှင့် မသက်ဆိုင်သော ပုံရိပ်တစ်ခုအား ရှီမာယူယူမြင်လိုက်သည်။ ထိုအစား သူမသည် ဖန်ဘောလုံးဘေးတွင်ရပ်ကာ သူမဘေးမှ စိတ်လှုပ်ရှားနေသောသူများကိုသာ ကြည့်နေတော့သည်။ သူမနှင့်သက်ဆိုင်သည့်ကိစ္စများမရှိသကဲ့သို့ပင် ထိုမြင်ကွင်းအားကြည့်နေသည်။ သူမသည် ခံစားချက်မဲ့စွာ သံယောဇဉ်ကင်းသကဲ့သို့ ထိုနေရာတွင် ရပ်နေသည်။ သူမမျက်နှာတွင် မာနများ၊ ပြုံးရယ်မှုများ၊ ပျော်ရွှင်မှုများ ရှိမနေပါ။ သူမစိတ်တွင် ကိန်းအောင်းနေသော အမုန်းများ၊ အဆုံးမသတ်နိုင်သော အထီးကျန်မှုများအား ရှီမာယူယူမြင်နိုင်သည်။

ရှီမာယူယူ သူမအားစိုက်ကြည့်နေသည်ကို သူမ ခံစားမိသည် ပြီးတော့ ကျန်ရှိနေသေးသော တူညီသော စိတ်အားထက်သန်မှုကို မြင်လိုသော မျှော်လင့်ချက်ဖြင့် သူမပြန်ကြည့်လိုက်သည်။ အဲအစား သူမအား ကြည်လင်ပြီး ငြိမ်းချမ်းသော သူမအားပြန်ကြည့်နေသော မျက်လုံးတစ်စုံသာတွေ့လိုက်ရသည်။

သူတို့ရပ်နေသည်မှာ ကွာဝေးသော်လည်း သူတို့အကြည့်များသည် ရပ်တန့်နေကြသည်။ ထိုမိန်းကလေး သူမ အကြည့်ကို ပြန်ရုတ်မသိမ်းခင်အထိ ထိုအခြေအနေနှင့် မိနစ်ဝက်လောက်နေပြီးမှ သူမသည် စာမေးပွဲစစ်သူအား လှည့်ကြည့်ပြီးမေးလိုက်သည် “ခွင့်ပြုပါ။ ကျွန်မအောင်သွားပြီဆိုတော့ အခုသွားလို့ရပြီလား”

“ရတာပေါ့ ရတာပေါ့။ ဒါပေမယ့် မင်းရဲ့ကိစ္စက အထူးတလည်ဆိုတော့ တခြားသူတွေလို သွားစရာမလိုဘူး။ ဒီမှာစောင့်နေ၊ တခြားစာမေးပွဲစစ်သူက လာခေါ်ပြီး မင်းကို လမ်းပြပေးလိမ့်မယ်။ ငါတို့မှာ မင်းအတွက် အထူးစီစဉ်ထားတာရှိတယ်” စာမေးပွဲစစ်သူဟာ အလျင်အမြန် ဖြေလိုက်သည်။

“ကောင်းပြီ” ထိုသူသည် မလိုလားအပ်သော အဖြေအားပေးလိုက်ပြီး ရှီမာယူယူအားပြန်ကြည့်လိုက်သော်လည်း သူထွက်သွားပြီဖြစ်ကြောင်း သူမတွေ့လိုက်ရသည်။ သူမမြင်ရသည်မှာ ရှီမာယူယူ၏ ကျောခိုင်းထားသော နောက်ကျော်ကိုသာ။

ရှီမာယူူယူအိမ်သို့ပြန်လာပြီး ချက်ချင်းပင် ရှီမာလိုင်အား ရှာတော့သည်။ သို့သော် ထိုအချိန်တွင် သူနန်းတော်မှာ ရှိကြောင်းကြားပြီးနောက်တွင်တော့ သူမသည် အခန်းသို့ပြန်သွားကာ စာဖတ်ပြီး လေ့ကျင့်နေလိုက်သည်။

ပြီးခဲ့သည့်ညက သူမ၏ လေ့ကျင့်မှုတွင် တိုးတက်မှုရှိကြောင်း ခံစားရပြီး သူမခြေလှမ်းထပ်လှမ်းလိုက်သည်နှင့် လုံးဝအတောင်စုံသော ဝိညာဉ်သခင်ဖြစ်မည်ကို ယုံကြည်သည်။ ထိုအချိန်တွင် သူမသည် နောက်ဆုံးတွင်တော့ သူမအဖေပေးထားခဲ့သော လက်စွပ်နှင့် ချည်နှောင်နိုင်တော့မည်။ ထို့အပြင် မှော်ဝင်လက်စွပ်ရှိနေခြင်းသည် ပို၍ အဆင်ပြေတော့မည်။

သူမ ယွန်ယူနှင့် ချွန်ဂျီအန်းအား ဘယ်လိုအခြေအနေမျိုးတွင်မဆို အနှောင့်အယှက်မပေးရန် သတိပေးထားသည်။ ပြီးတော့ အခန်းတွင် သော့ခတ်ထားပြီး အတိမ်းအစောင်းမခံသော ကာလအတွင်း မည်သူမျှ နှောင့်ယှက်ခြင်းမခံနိုင်ပေ။

သူမ တရားထိုင်လိုက်ပြီးနောက် ပတ်ဝန်းကျင်မှ ဝိညာဉ်ချီအား အာရုံခံနိုင်ရန် အားစိုက်လိုက်သည်။ အခုချိန်တွင်တော့ အရင်ကထက်ပင် ပတ်ဝန်းကျင်မှ ဝိဉာဥရွှီအား အာရုံခံရသည်မှာ ပိုမိုလွယ်ကူလာသည်။

အစောက သူမဖတ်ခဲ့သောစာအုပ်မှာ သူမရှာနေသော ဝိညာဉ်သခင်များအတွက် အခြေခံ ကျင့်ကြံခြင်းလမ်းစဉ်စာအုပ်နှင့် တစ်ထပ်တည်းကျနေသည်။

ရှီမာယူယူသည် အနီရောင်အလုံးပေါ်တွင် အာရုံစိုက်လိုက်ပြီး ဖြေးညင်းစွာ သူမ၏ ခန္ဒာကိုယ်အတွင်းသို့ လမ်းပြလိုက်ပြီး သူမ ဝမ်းဗိုက်အောက်တွင် စုစည်းစေလိုက်သည်။ မျိုးစုံသော အရောင်စုံ ရောင်ခြည်တန်းတွေသည် သူမပတ်လည်တွင် က,နေသကဲ့သို့ ဝေ့နေကြသည်။ သို့သော် အနီရောင်တစ်ခုတည်းသာ သူမခန္ဒာကိုယ်ထဲသို့ ဝင်နိုင်သည်။

တစ်ချိန်တည်းမှာပင် သေတ္တာအတွင်းထဲမှ ရောင်ခြည်များထုတ်လွှတ်ပြီး သူမ ကျင့်ကြံသည်ကို အကူအညီပေးတော့သည်။

ရှီမာလိုက်အိမ်ပြန်ရောက်သည်နှင့် ရှီမာယူယူ သူ့အားရှာနေသည်ကိုကြားသောအခါ သူမ၏ အိမ်ဝင်းသို့ သွားလိုက်သည်။ သို့သော် သူရောက်သည်နှင့် ပတ်ဝန်းကျင်မှ အတက်အကျဖြစ်နေသည်များကို ခံစားလိုက်ရပြီး သူမ ကျင့်ကြံနေသည်ကိုသိလိုက်သည့်အတွက် ယွန်ယူအားခေါ်ပြီး မည်သူမျှအနှောင့်အယှက်မပေးရဆိုသည်ကို အတည်ပြုလိုက်ပြီး သူမ အိမ်ဝင်းမှထွက်ကာ ပြန်သွားတော့သည်။

အဲဒါ အမှန်ပဲ။ သူမ ကျင့်ကြံနိုင်ပြီ။

ရှီမာလိုင် တက်ကြွလန်းဆန်းသော ခြေလှမ်းများဖြင့် သူ၏အိမ်ဝင်းသို့လမ်းလျှောက်လာပြီး သူ့မျက်နှာမှ အပြုံးများကို ဖုံးဖိ၍မရပေ။

သူမ လန်းဆန်း နုပျိုလာသည်ကို ခံစားရပြီး သူမ ကိုယ်ထဲတွင် နွေးထွေးသော စီးကြောင်းတစ်ခု၊ ညင်သာသော စွမ်းအင်တစ်ခုသည် ခန္ဒာကိုယ်တစ်ခုလုံး လည်ပတ်နေသည်ကိုခံစားမိသည်။

“ငါနောက်ဆုံးတော့ ဝိညာဉ်သခင်ဖြစ်ပြီ။ ဟားဟားဟား ငါက ဝိညာဉ်စစ်သည် ကနဦးအဆင့်ရောက်ပြီ ဒါပေမယ့် ဒါက ဒီခန္ဒာကိုယ်က အမှိုက်မဟုတ်ဘူးဆိုတာ ပြနေတာပဲ။ အဆိပ်ထုတ်ပြီးနောက်မှာပဲ ငါ ကျင့်ကြံနိုင်နေပြီလေ ဟင်… ဒါဘာလဲ”

သေတ္တာသည် အရင်အခေါက်ကနှင့်မတူဘဲ သူမ ကျင့်ကြံခြင်းကိုရပ်လိုက်သည်နှင့် အရောင်သည် ပျံ့ကွဲသွားတော့သည်။ ဒီတစ်ကြိမ်တွင် မျိုးစုံသော တောက်ပသော အရောင်စုံ အလင်းများသည် သေတ္တာအပြင်သို့ ပွင့်အံထွက်လာတော့သည်။ သူမ သတိမေ့ကာ သေတ္တာဆီသို့ အာရုံများရောက်သွားတော့သည်။

သူမ သေတ္တာကို ကိုင်လိုက်သည်နှင့် အလင်းများ ပျောက်သွားပြီး အနားတွင် ပတ်ရံနေသော အလင်းများပင် ပျောက်ကွယ်သွားသည်။

“ဒီမှာ ထူးဆန်းတာ ဘာမှမရှိပါဘူး။ ဒီအလင်းတွေထွက်လာစေတာက ဘာဖြစ်မလဲ” သူမ ပဟေဠိများစွာဖြင့် ရေရွတ်လိုက်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset