Switch Mode

အပိုင်း (၁၄) – နာလန်ရွှီအား ရိုက်နက်ခြင်း

“အခုချိန်ကစပြီး ဆရာဖန်ကို ဒုက္ခပေးရတော့မယ်” ရှီမာယူယူ ဖန်ကျိရှင်းကို ကြည့်ပြီးပြောလိုက်သည်။

ဆရာမူ၏ အပြုအမူများသည် သူမအားမနှစ်မြို့ခြင်းအရ သူမ ကျောင်းတွင်အရင်က သင်းကြားခြင်းမရှိဖူးသကဲ့သို့ ကျောင်းသားအသစ်အဖြစ် စတင်ခြင်းသည်လည်း အကြံမဆိုးဘူးဟု သူထင်သည်။

“ဒါ မင်းအခန်းသော့ပဲ” ဖန်ကျရှင်းပြောရင်း သော့အား ရှီမာယူယူဆီသို့ ပစ်ပေးလိုက်သည်။

“သော့ ဟုတ်လား”

“ငါ့ကျောင်းသားတွေအကုန်လုံးအတွက် ကျောင်းထဲမှာပဲနေစေလိုတယ်။ မင်းအဘိုးက တိုင်းပြည်ရဲ့ လေးစားရတဲ့ စစ်သူကြီးဆိုတာ ငါသိတယ် ဒါပေမယ့် မင်းလည်းဒီမှာပဲနေရမယ်။ မင်းနေ့လည်ကို အပြင်ထွက်နိုင်တယ်။ ဒါပေမယ့် ညအိပ်ချိန်ကိုတော့ အဆောင်ကိုပြန်လာရမယ်။ ငါတို့ မစ်ရှင်လုပ်ဆောင်ခြင်းမှရှိတဲ့အခါမှပဲ မင်း အိမ်ကို တစ်ပတ်တစ်ခါပြန်အိပ်ခွင့်ရှိမယ်” ဖန်ကျိရှင်း ရှင်းပြလိုက်သည်။

သူမ နောက်ကွယ်မှ အကြောင်းအရာကို အပြည့်အဝနားမလည်သော်လည်း ရှီမာယူယူ ကျိုးကျိုးနွံနွံပင် လိုက်နာလိုက်သည်။

“ကောင်းပြီ မင်းသွားလို့ရပြီ။ မင်းပစ္စည်းတွေကို ကျောင်းကို မနက်ဖြန် သယ်လာခဲ့။ ငါတို့ အတန်းကို သဘက်ခါ တရားဝင်စ,မယ်” ဖန်ကျိရှင်းဆက်ပြောလိုက်သည်။

ရှီမာယူူယူ ဦးညွှတ်လိုက်ပြီး သူမထွက်သွားလိုက်သည်။ သူမ အတန်းမရှိတော့မည့်အတူတူ အချိန်ကိုအသုံးချပြီး လေ့ကျင့်ရန်သွားဖို့ ဆုံးဖြတ်လိုက်သည်။ သို့သော် သူမမသွားခင် ရှီမာယူလီကိုတော့ သတင်းပေးသင့်သည်ဟု ယူဆသည်။ သို့သော် စီနီယာများ၏ အခန်းသို့မရောက်ခင် သူမအား ရပ်တန့်စေသည်။

“ရှီမာယူယူ အဲမှာရပ်လိုက်”

ရှီမာယူယူ သူမခေါင်းအား မော့ပြီး သူမရှေ့တွင် သွားလမ်းအား ပိတ်ပြီးရပ်နေသော သူအားကြည့်လိုက်သည်။ ထိုသူသည် အရင်နေ့က သူမကို ရိုက်နှက်သော အုပ်စုမှ တစ်ယောက်ဖြစ်သည်။ ထိုအချိန်က သူမအားရိုက်နှိက်သော လူများထဲမှ ထိုသူအား သူမမှတ်မိသည်။ ထိုသူသည် အရက်စက်ဆုံးသူဖြစ်ခဲ့သည်။ ထိုသူအားနောက်ထပ်ပြန်မြင်ရခြင်းသည် ခန္ဒာကိုယ်၏အရင်ပိုင်ရှင်မှ ထိုသူများ၏သေလောက်အောင်ရိုက်နှက် ခံရသောမြင်ကွင်းကို မြင်ယောင်မိသည်။ သူမမျက်လုံးများ မည်းနက်သွားပြီး ကြောက်စရာကောင်းသော လေသံဖြင့် ပြောလိုက်သည် “ငါ့ရှေ့ကဖယ်”

သူမရှေ့တွင် ရပ်နေသော နီလန်ရွှီသည် မြို့တော်၏ အချိမ်းသာဆုံးမိသားစုမှဖြစ်သည်။ နီလန်မိသားစုသည် ဖန်မင်းနိုင်ငံတော်မှ အင်အားအကြီးဆုံးမိသားစု တစ်စု အပါအဝင်ဖြစ်သည်။ ထို့အပြင် သူတို့၏ ဘိုးဘေးဘီဘင်သည် ဝိညာဉ်စံပြပုဂ္ဂိုလ်အဆင့် သို့ရောက်လုနီးပါးဖြစ်၍ သူတို့သည် ရှီမာမိသားစုအား ထည့်သွင်းစဉ်းစားခြင်းမရှိပေ။ ထို့အပြင် ရှီမာမိသားစုတွင် ရှီမာလိုင်တစ်ယောက်သာ အင်အားကြီးမားသည်။ ရှီလန်မိသားစုတွင်တော့ တစ်ယောက်ချင်းဆီ အားကောင်းကြသည်။

နီလန်ရွှီနှင့် ရှီမာယူယူ ထိပ်တိုက်တွေ့ဆုံခြင်းသည် အနားတွင် လူများအလျင်အမြန် ဝန်းရံလာခြင်းကိုဖြစ်စေသည်။ ထိုသူတို့သည် ရှီမာယူယူ အနှောင့်အယှက်ပေးမည်ကို ကြောက်ကြသော်လည်း သူတို့၏ သိချင်စိတ်သည် သူတို့ရှေ့တွင် ပြသနေသော ပွဲကိုအနိုင်ရသွားသည်။ ထို့အပြင် သူတို့ဘေးမှ ရပ်ကြည့်ယုံနှင့်တော့ သူတို့ဒုက္ခမရောက်လောက်ပါဘူးလို့ စဉ်းစားကြသည်လည်းပါသည်။

လူအများကြီး ဝန်းရံလာသည်ကို နီလန်ရွှီမြင်ချိန်မှာတော့ ရယ်မောရင်း မခံချင်အောင်ပြောလိုက်သည်။ “ရှီမာယူယူ မင်းထပ်ပြီးတော့ မူရုန်အန်းကို သွားရှာတော့မှာလား။ မင်းဒီလိုပဲ သူ့ကိုအနှောင့်အယှက်ပေးနေဦးမှာလား။ ငါတို့မင်းကိုပေးတဲ့ ရိုက်နှက်မှုကနေ သင်ခန်းစာမရဘူးလား။ မင်းဘာကြောင့် အဲလောက်အရှက်မရှိရတာလဲ။ ယောက်ျားဖြစ်ပြီး ဘာလို့ မူရုန်အန်းကို ဇွဲရှိရှိ တွယ်ကပ်နေရတာလဲ။ မင်းက အရမ်းမျက်နှာပြောင်တိုက်တာပဲ။”

နီလန်ရွှီ၏ စကားလုံးများသည် ဝန်းရံနေသောလူအုပ်ဆီမှ ရယ်သံများကို ပေါက်ကွဲထွက်စေသည်။ သူတို့မျက်လုံးများသည် ရှီမာယူယူထံကျရောက်နေကြပြီး သူတို့မျက်လုံးထဲတွင် သရော်လှောင်ပြောင်မှုများကို ထင်ရှားစွာမြင်တွေ့နေရသည်။

ရှီမာယူယူ အမျက်ဒေါသ ခြောင်းခြောင်းထွက်နေသော သူမမျက်လုံးများဖြင့် နီလန်ရွှီကို စိုက်ကြည့်လိုက်သည်။

ရှီမာယူယူ၏ ဒေါသဖြင့်ကြည့်သော အကြည့်သည် နီလန်ရွှီအတွက်တော့ ခြိမ်းခြောက်မှုမမြောက်ပေ။ လူများကို သူ့ဆီသို့ ခုံတန်းရှည်တစ်ခုအား ယူဆောင်လာစေပြီး ခုံတန်းပေါ်သို့ခြေထောက်တင်ကာ ပြောလိုက်သည်။ “တကယ်လို့ မင်းဖြတ်ချင်တယ်ဆိုရင် ငါခွင့်ပြုပေးမယ်။ ဒီမှာ ဒီအောက်မှ တွားသွားလိုက် အဲဒါဆိုငါမင်းကိုမတားတော့ဘူး”

သူပြောပြီးနောက် သူ၏ခြေထောက်အောက်ရှိ နေရာသို့ညွန်ပြလိုက်သည်။

ရှီမာယူယူ ဘာစကားမျှမပြောဘဲ သူမနေရာတွင် မလှုပ်မယှက်ရပ်ပြီး နီလန်ရွှီအား စိုက်ကြည့်နေလိုက်သည်။ ဒီခန္ဒာကိုယ်၏ အရင်ပိုင်ရှင်သာဆိုလျှင် ချက်ချင်းပင် အမျက်ထွက်မှာ အသေအချာပင်။

“ဘာလို့လဲ။ တွားမသွားဘူးလား။ မင်းမလုပ်ချင်တာလား ဒါမှမဟုတ် မလုပ်ဝံ့တာလား။ မင်းသတ္တိမရှိဘူးဆိုရင် စစ်သူကြီးရှီမာ ကလည်းမင်းလိုပဲ သူရဲဘောကြောင်တဲ့သူပဲနေမှာ ဟားဟားဟား…”

နီလန်ရွှီသည် သူ၏လှောင်ပြောင်မှုကို စုူးစူးစိုက်စိုက်ကြည့်နေသော ရှီမာယူယူအားကြည့်လိုက်သည်။ သူရဲ့ အိမ်မက်ထဲတောင် နောက်ဘာဖြစ်မယ်ဆိုတာ ကြိုမြင်မှာမဟုတ်ဘူး။ ရှီမာယူူယူ သူ့ဆီသို့ ချည်းကပ်လာပြီး အပေါ်ဝတ်ကိုဆွဲကိုင်ကာ ကိုင်ပေါက်မည်ဆိုတာကို သူလုံး၀ မျှော်လင့်ခဲ့မှာမဟုတ်ဘူး။ ရှီမာယူယူ လျင်မြန်စွာပင် နီလန်ရွှီ၏ ပေါင်ခြံသို့ ပြင်းထန်သောကန်ချက်ကိုကန်လိုက်ပြီး သူမြေပေါ်ကို မကျခင် လည်ချောင်းမှ စူးရှသော အော်သံထွက်လာပြီး ဘောလုံးတစ်လုံးကဲ့သို့ လိမ့်နေတော့သည်။

ရှီမာယူယူ ရုတ်တရက် လက်တုန့်ပြန်လိမ့်မည်ကို မည်သူမျှ မျှော်လင့်ထားခြင်းမရှိခဲ့ပေ။ နီလန်ရွှီရှေ့သို့ ရှီမာယူယူ ရုတ်တရက်ပေါ်လာသည်ကို မည်သူမျှ မမြင်ဖူးခဲ့ပေ။ သူတို့ တုန့်ပြန်ချိန်မှတော့ နီလန်ရွှီသည် မြေပြင်ပေါ်တွင် လူးလှိမ့်နေပြီ။

ဒီလောက်နှင့် ရှီမာယူယူရပ်တန့်လိမ့်မည်ဟုထင်သော်လည်း ရှီမာယူယူ တံတောင်ဖြင့် နီလန်ရွှီ၏နောက်ကျောကို တွတ်လိုက်ပြီး ဒူးထောက်၍ နီလန်ရွှီ၏ ညာဘက်လက်မောင်းကို လျင်မြန်စွာ ဆွဲလိမ်လိုက်သည်။ ကျယ်လောင်သော အက်ကွဲသံနှင့် ရုတ်တရက်အော်လိုက်သော အသံသည် ကျောင်းဝင်းတစ်ခုလုံး ပျံ့နှံ့သွားတော့သည်။

“မင်းရဲ့သခင်လေးက ဒီနေ့မင်းနဲ့ ကစားပေးဖို့အချိန်မရှိဘူး။ ငါ့မျက်စိရှေ့ကို နောက်ထပ်ဘယ်တော့မှ ပေါ်မလာစေနဲ့။ ဒါမှမဟုတ်ရင် ငါမင်းကိုတွေ့တိုင်း အရိုးကြေအောင်ရိုက်မိလိမ့်မယ်” နီလန်ရွှီ၏ ကျောခိုင်းသည်နှင့် ရှီမာယူယူ တည်ငြိမ်စွာ ရပ်လိုက်သည်။ သူဖြေးညင်းစွာ လှည့်မထွက်ခင် သူမ နောက်ထပ် ပြင်းထန်သော ကန်ချက်နှစ်ချက်ဆင့် ကန်လိုက်သည်။

အားလုံးသည် လုံး၀ တုန်လှုပ်သွားကြပြီး အချိန်အတန်ကြာစွာ ကြက်သေသေမိတော့သည်။ အကုန်လုံးသိကြတဲ့ ကြောက်တတ်ပြီး အားနည်းတဲ့ ခွန်အားကြီးမားခြင်းမရှိတဲ့ အရူးအနှမ်း ရှီမာယူယူမှ ဟုတ်ရဲ့လား။

စီနီယူများ အခန်းရှေ့တွင်ဖြစ်ပွားခဲ့သော ရုတ်ရုတ်သဲသဲ သတင်းများသည် ကျောင်းဝင်းတစ်ခုလုံး လျင်မြန်စွာ ပျံ့နှံ့သွားတော့သည်။ ကျောင်းသားတစ်ယောက်မျှပင် ကြားရသည်များကို မယုံကြည်နိုင်ကြပေ။ အကယ်၍ တစ်ယောက်မှ ထိုသတင်းကို သယ်ဆောင်လာပါက ဘုရားသခင်နှင့်နတ်သမီးကို ကျမ်းကျိန်ပြောသော်လည်း ထိုစကားကို ယုံကြည်မည့်သူမရှိပေ။

ထိုနေရာနှင့်မဝေးသော နန်းမြင့်မျှော်စင်တစ်ခုတွင် လူနှစ်ယောက်သည် ထိုရုတ်ရုတ်သဲသဲဖြစ်မှုကို စောင့်ကြည့်နေသည်။ ထိုသူနှစ်ယောက်ထဲမှ တစ်ယောက်သည် ရှီမာယူယူ အစောက တွေ့ခဲ့သော ဖန်ကျိရှင်းနှင့် ဆင်တူသည်။

“ဒါလေးက ဒီမှာ ရက်စက်တဲ့သူတစ်ယောက်ပဲ” ရှီမာယူယူ၏ လှုပ်ရှားမှုများကို တွေ့လိုက်ရသည့်အချိန်မှာတော့ ဖန်ကျိရှင်း ပြုံးရင်းပြောလိုက်သည်။ သို့သော် ပထမဆုံးကန်ချက်တွင် လဲကျသွားသည်ကို မှတ်မိသောအခါ ကြောက်ရွံ့သွားသည်ကိုတော့ မတတ်နိုင်ပါ။

“သူ့ကို ခင်ဗျားရဲ့ အတန်းမှာ ထားဖို့ဘာလို့ သဘောတူလိုက်တာလဲ။” ဖန်ကျိရှင်း၏ ဘေးတွင် ရှိနေသော လူကမေးလိုက်သည်။

“ဒီလိုပဲ သိနေလို့လေ” ဖန်ကျိရှင်း ပြန်ဖြေလိုက်သည်။ “တွေ့တယ်မလား…သူ့အကြောင်းတွေပြောနေတဲ့ ကောလဟလတွေလိုမဟုတ်တာကို သူပြသွားတယ်မလား။ ခုဏက သူတိုက်ခိုက်သွားတဲ့ လှုပ်ရှားမှုအမြန်နှုန်းကတော့ ဟူး… ကျွန်တော်သူ့အကြောင်းကို တကယ်သိချင်နေပြီ။ ခုဏက မြင်တာကို ထပ်ဖြည့်ရမယ်ဆိုရင် ကောလဟာအတိုင်း ညစ်ပတ်ပြီး အရူးအမူးစွဲလမ်းတဲ့ လက္ခဏာတစ်ခုမှ မပြပါဘူး”

“အဲဒါ မင်းအပေါ်ပဲ မူတည်တယ်။ မင်းလာဖို့ စီစဉ်ကတည်းက မင်းရဲ့ လက်ထဲကို ဒီကိစ္စကို ကိုင်တွယ်ဖို့ထားခဲ့ပြီးသားပါ” ထိုသူကပြောသည်။

“ကျောင်းအုပ်ကြီး၊ ကျွန်တော့်ကို အဲလောက်ယုံလား။ အဲလိုကျောင်းသားကို လမ်းမှားကို ရောက်အောင်ပို့မှာ ခင်ဗျားမကြောက်ဘူးလား” ဖန်ကျိရှင်း အဓိပ္ပာယ်အပြည့်ဖြင့် တစ်ဖက်သူအားကြည့်ပြီး မေးလိုက်သည်။

“ဘာကိုကြောက်ရမှာလဲ။ မင်းကောင်းကောင်းမသိသေးဘူးလား။” ကျောင်းအုပ်ကြီးသည် ပြတင်းပေါက်မှ ထွက်သွားလိုက်ပြီး သူ့နေရာတွင်ထိုင်နေလိုက်သည်။ သူသည် ရှီမာယူယူ တစ်စုံတစ်ယောက်ကို ရိုက်နှက်ခြင်းကို ကြည့်ရန် ပြတင်းပေါက်ကို ဆွဲခေါ်သွားခြင်းခံရချိန်မှာ ဖန်ကျိရှင်းနှင့် ခုဏက အကြောင်းအရာများကို ဆွေးနွေးနေခြင်းဖြစ်သည်။

“ဟားဟား ဆရာကြီးမကြောက်ရင် ကျွန်တော်လည်းကြောက်စရာမရှိဘူး။ ကံမကောင်းတဲ့ကျောင်းသားတွေကတော့ ကျွန်တော့်လက်ထဲမှာ ဘယ်လိုအဆုံးသတ်မလဲ သွားပြီးကြည့်လိုက်ဦးမယ်။” ဖန်ကျိရှင်းပြောလိုက်သည်။

“မင်းအတန်းထဲမှာ ဒီတစ်ခေါက်အသုတ်ထဲက ပါရမီပါတဲ့ ကလေးအုပ်စုတွေပါနေတယ်။ သက်ညှာစွာ ကိုင်တွယ်ပါ”

“ကောင်းပါပြီ။ ကျွန်တော်ကြိုးစားပါမယ်။ ဒီမှာ သက်တောင့်သက်သာမဖြစ်တဲ့ အချိန်တွေကို သူတို့အတွက် ဖန်တီးပေးလိုက်ပါမယ်။” ထိုစကားများကို ပြောကြားပြီးနောက် ဖန်ကျိရှင်း ကျောင်းအုပ်ဆရာကြီး ရုံးခန်းမှ ချက်ချင်းပင် ထွက်ခွာသွားတော့သည်။

အတန်းမစခင် နီလန်ရွှီအား ကန်ချက်နှစ်ချက် ကန်ပြီးမှာတော့ ရှီမာယူယူ ရှီမာယူလီအား ရှာရန်သွားလိုက်သည်။ သူမ စာသင်ခန်းတွေမရောက်ခင်တွင် သူ့အခန်းမှ အလောတကြီးပြေးထွက်လာသော ရှီမာယူလီအား ရုတ်တရက် မြင်လိုက်ရသည်။ ပြီးတော့ သူသည် ဖြတ်သွားသော သူမှာ ရှီမာယူယူဖြစ်သည်ကိုပင် မမြင်ပေ။

“အစ်ကိုငယ် အလောတကြီးဘယ်သွားမလို့လဲ” ရှီမာယူယူ သူမ၏အစ်ကိုဖြစ်သူ လက်မောင်းအား လျင်မြန်စွာ ဆွဲလိုက်သည်။

“ယူလေး မင်းဒီမှာဘာလုပ်နေတာလဲ” ရှီမာယူယူ ရောက်နေသည်ကိုမြင်သည့်အခါတွင်တော့ ရှီမာယူလီ အံ့သြစွာမေးလိုက်သည်။

“ကျွန်တော် အစ်ကို့ကို လာရှာတာလေ” ရှီမာယူယူ အပြုံးဖြင့် ပြန်ဖြေလိုက်သည်။ “ဘယ်သွားမလို့ အဲလောက်အမြန်ပြေးနေတာလဲ”

“မင်း အရှေ့မှာ နီလန်ရွှီနဲ့ ငြင်းခုံရာက ရန်ဖြစ်နေပြီကြားလို့ မင်းထိခိုက်နေလား ငါမင်းကိုလာကြည့်မလို့” ရှီမာယူလီပြောလိုက်သည်။

ရှီမာယူယူ ပျော်ရွှင်စွာဖြင့် ပြောလိုက်သည် “အစ်ကိုငယ် စိတ်ချပါ။ ငါမထိခိုက်ထားပါဘူး။ ငါ နီလန်ရွှီကို ကောင်းကောင်းရိုက်နှက်ပေးခဲ့တယ်”

“တကယ်လား”

“ဒါပေါ့ ကျွန်တော် အစ်ကို့ရှေ့ရောက်နေပြီပဲ ဟုတ်တယ်မလား” ရှီမာယူူယူပြောလိုက်သည်။

“ကြားရတာ ဝမ်းသာပါတယ်” ရှီမာယူလီ နောက်ဆုံးတော့ သက်ပြင်းချနိုင်သွားပြီး မေးလိုက်သည် “ဒါပေမယ့် မင်းဒီကို ဘာလာလုပ်တာလဲ”

“အော် ငါမင်းကို ပြောစရာရှိလို့လာတာ” သူမ အတန်းလျောသွားကြောင်းနှင့် ကျောင်းတွင် အဆောင်နေရမည် ဖြစ်ကြောင်းကို ရှီမာယူယူ သူမ၏ အစ်ကိုအားပြောလိုက်သည်။ ပြီးနောက် သူမ ဆက်ပြောသည်မှာ “ကျွန်တော် အဘိုးကို ဒီအကြောင်းကို သွားပြန်ပြောမလို့၊ ပြီးတော့ ကျွန်တော် မနက်ဖြန်ကို အဆောင်ပြောင်းရတော့မှာ”

Comment

Leave a Reply

Options

not work with dark mode
Reset