Switch Mode

အပိုင်း (၉) – အဆိပ်ထုတ်ခြင်း

“သမီးကို စမ်းသပ်တဲ့ သမားတော် အားလုံးက သမီးရဲ့ အားတွေဟာ ပိတ်နေတယ်လို့ ဖော်ထုတ်ကြတယ်။ အဲဒါကြောင့်ပဲ သမီးက လေထဲက ဝိညာဉ်စွမ်းအင်တွေကို ခံစားလို့မရတာ ကျင့်ကြံလို့ မဖြစ်နိုင်တာ။ သမီးအဖေ သမီးကို ပြန်သယ်ဆောင်လာတုန်းက သမီးအမေ ထိခိုက်ဒဏ်ရာ ရကြောင်းပြောတယ် ပြီးတာ့ အဲဒါဟာ သန္ဓေသားကြောင့် ဖြစ်နိုင်ချေရှိတယ်လို့ပြောတယ်။ အဲဒါဟာ သမီးရဲ့ အားတွေကို ပျိုးထောင်ရာမှာ အကျိုးသက်ရောက်မှုရှိတဲ့ အကြောင်းပြချက်ဖြစ်နိုင်တယ်။ ဘာလို့လဲ။ ဘာကိစ္စရှိလို့လဲ ဘာလို့ အစပြန်ဖော်နေတာလဲ” ရှီမာလိုင် ထူးဆန်းတဲ့အကြည့်နဲ့ သူမကို ကြည့်လိုက်သည်။

“အဘိုး သမီး အားတွေပိတ်နေတာ ဝမ်းတွင်းပါမဖြစ်နိုင်ဘူးလို့ ယူဆတယ် တခြားအကြောင်းအရာ တစ်ခုကြောင့်ပဲ” ရှီမာယူယူ စဉ်းစားခြင့်ချိန်စွာပြောလိုက်သည်။

“ဆိုလိုတာက…” ရှီမာလိုင်၏ မျက်လုံးများ တုန်လှုပ်မှုကြောင့် ပြူးကျယ်လာပြီး သူမကို ကြည့်လိုက်သည်။

ရှီမာယူယူ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ “သမီး အဆိပ်မိတာပဲ အဲဒါကြောင့်ပဲ သမီးရဲ့အားတွေ ပိတ်နေတာ။  ထပ်ပြီး ခွဲခြမ်းစိပ်ဖျာရရင် သမီး ကျင့်ကြံလို့မရတဲ့ အကြောင်းပြချက်က ဒီဟာနဲ့သေချာပေါက် ဆက်စပ်မှုရှိမှာပဲ”

ဒုန်းခနဲ ရှီမာလိုင် ရုတ်တရက် မတ်တပ်ထရပ်လိုက်သည်။ ထိုရုတ်တရက်လှုပ်ရှားမှုသည် သူထိုင်နေသော ထိုင်ခုံကို လဲသွားစေသည်။

ရှီမာယူယူ ခေါင်းညိတ်ပြီး ဆက်ပြောသည် “သမီးသေချာတယ် အဘိုး ဒီအဆိပ်ဟာ ရှားပါးပြီး ရှာဖို့လွယ်မှာ မဟုတ်ဘူး။ ပြီးတော့ ဒီအဆိပ်ဟာ သမီးခန္ဒာကိုယ်မှာ ရှိနေတာ အတော်ကြာပြီ။ သမီးမွေးကတည်းက အဆိပ်မိထားတဲ့ပုံစံမျိုး။”

“ဧကရာဇ်က လူတွေလွှတ်ပြီး သမီးအခြေအနေကို အကြိမ်အနည်းငယ် စစ်ဆေးခိုင်းဖူးတယ်။ ကျော်ကြားတဲ့ သမားတော်တွေ အဂ္ဂိရတ်ဆရာတွေတောင်ပါတယ်။ သူတို့က သမီး အားတွေပိတ်နေတယ်ဆိုတာပဲ ပြောနိုင်ကြတယ်။ အဆိပ်မိတဲ့ အရိပ်အယောက်ကို လုံးဝမပြောပါဘူး” ရှီမာလိုင်ပြောလိုက်သည်။

ဒုံချန်းနိုင်ငံ၏ ဧကရာဇ် ရှင်းကျန်ထျန်သည် ရှီမာလိုင်ကို နှစ်သက်သည်ကို ရှီမာယူယူသိသည်။ သူ သေချာပေါက် နိုင်ငံဒ အကောင်းဆုံးတွေကို ပို့ခဲ့မှာပဲ။ သူတို့တောင် အဆိပ်မိနေတယ်ဆိုတာ မဖော်ထုတ်နိုင်ရင် ဒီနိုင်ငံမှာ ရှားပါးတဲ့အဆိပ်ဆိုတာကို ပြနေတာပဲ။

“သမီးတို့ နိုင်ငံမှာ ဒီအဆိပ်ဟာ အရမ်းရှားပါးတာဖြစ်နိုင်တယ်။ ပြီးတော့ အားပိတ်တာအပြင် တခြား လက္ခဏာလည်းမပြဘူးလေ။ တကယ်လို့ သမီးသာ သမီးလက်မောင်းအောက်က အစက်နှစ်စက်ကို မထိမိရင် သမီးလည်း ဒီအကြောင်းတွေသိမှာမဟုတ်ဘူး။ ဘယ်သူမှ ဖော်ထုတ်လို့မရတာ မထူးဆန်းပါဘူး” ရှီမာယူယူ ပြောလိုက်သည်။

“သမီးအဖေ သမီးကို ပြန်သယ်လာတဲ့အခါမှာ သမီးအမေ ထိခိုက်ခဲ့တာပဲပြောတယ်။ အဲဒါကြောင့်ပဲ သမီးရဲ့ ဖွံ့ဖြိုးမှုကို အကျိုးသက်ရောက်တယ်လို့ ခံစားရတယ်တဲ့။ ဒါပေမယ့် သမီးရဲ့ အားတွေပိတ်နေတာ အဆိပ်ကြောင့်လို့တော့ အဘိုးမသိခဲ့ဘူး” ရှီမာလိုင် နောင်တရစွာနှင့် သက်ပြင်းချလိုက်သည်။

“အဘိုး သမီးက အိမ်မှာမွေးတာမဟုတ်ဘူးလား။ သမီးကို အဖေပြန်ခေါ်လာတုန်းက ဆိုတာ ဘာကိုပြောတာလဲ” သူမ စောဒကတက်ပြီး မေးခွန်းမေးတုန်းက ရှီမာလိုင် အနည်းငယ်ထူးဆန်းစွာ ပြုမူနေသည်ကို ရှီမာယူယူ ခံစားမိသည်။

“အဟမ်း သမီးကိုမွေးတုန်းက သမီးမိဘတွေက် ဒုံလင်းမြို့မှာ မဟုတ်ကြဘူး။ သမီး ၆လသားအရွယ်မှ သမီးအဖေက ပြန်ခေါ်လာတာပဲ။ သမီးကို ဂရုစိုက်ဖို့မှာသွားပြီး သမီးအမေကို ရှာမယ်ဆိုပြီး ပြန်ထွက်သွားတာ ပြန်မလာတော့ဘူး” ရှီမာလိုင် ကြေကွဲစွာပြောလိုက်သည်။ “ယူလေး သမီးအဆိပ်မိတဲ့အကြောင်းကို ဘယ်လိုသိလာတာလဲ။ ဘယ်သူကဖော်ထုတ်လိုက်တာလဲ။ အဘိုးကိုပြော အဘိုးအဲလူကိုရှာပြီး သမီးအတွက် အဆိပ်ဖြေဆေးတောင်းပေးမယ်”

ရှီမာယူူယူခေါင်းရမ်းလိုက်ပြီး ပြောလိုက်သည် “အဘိုး မစိုးရိမ်ပါနဲ့ ဘယ်သူမှ သမီးကို မစမ်းသပ်ပါဘူး။ သမီးကိုယ်တိုင်ပဲရှာတွေ့ခဲ့တာပါ”

“သမီးကိုယ်တိုင် ရှာတွေ့တယ် ဟုတ်လား” ရှီမာလိုင် မယုံကြည်နိုင်သော အကြည့်ဖြင့် ရှီမာယူယူအားကြည့်ပြီး ပြောလိုက်သည် “အဘိုးကို မလိမ်ပါနဲ့။ အဘိုးကို မပြောနိုင်တာဘာလဲ။ အဲလူက သမီးကို လျှို့ဝှက်ချက်အဖြစ်ထားဖို့ပြောလို့လား”

“အဲဒါ” အရင် ရှီမာယူယူသည် အသုံးမကျဘဲ အသိဉာဏ် မရှိသည်ကို ရှီမာယူယူ သတိရသွားသည်။ ရုတ်တရက် သူမ အမှန်တကယ်ပါလို့ပြောလိုက်ရင် ရှီမာလိုင်ယုံကြည်မှာမဟုတ်ပေ။ ထို့ကြောင့် ဆေးညွှန်းကို ထုတ်လိုက်ပြီး “အဘိုးဒီမှာ သမီးရောဂါအတွက် ဆေးညွှန်းပါ။ ရေးထားတဲ့ ဆေးဝါးတွေနဲ့ ပစ္စည်းတွေကို ရှာဖို့ လူလွှတ်ပေးပါ။ ပြီးရင် တိတ်တိတ်ဆိတ်ဆိတ်ပဲ လုပ်ပေးပါ။”

“ကောင်းပြီ အဘိုး ဘာလုပ်ရမလဲဆိုတာ သိပြီ” ရှီမာလိုင် ခေါင်းညိတ်လိုက်ပြီး သူမဆီမှ ဆေးညွှန်းကို ယူလိုက်ပြီး ကြည့်ရှုလိုက်သည်။ သူမ အရင်စာမတတ်ခြင်းသောကြောင့် လက်ရေး မလှသော်လည်း ရှီမာလိုင် ခေါင်းညိတ်လိုက်ပြီး လူများကိုခေါ်လိုက်သည်။ “လာကြ၊ ဒီဆေးညွှန်းအတိုင်း ဆေးတွေကို ရှာခဲ့ကြ”

“ဟုတ်ကဲ့ပါ စစ်သူကြီး” ကိုယ်ရံတော်နှစ်ယောက်ဟာ ဝင်လာကြပြီး ဆေးညွှန်းကို သေချာကြည့်၍ တာဝန်ပေးသည့်အတိုင်း ဆောင်ရွက်ရန် ထွက်သွားကြလေသည်။

ထိုကိစ္စကို ဖြေရှင်းပြီးနောက်တွင်တော့ ရှီမာယူယူ နားနားနေနေ လမ်းလျှောက်ပြန်ခဲ့လေသည်။ သူမဝင်းထဲ ပြန်နောက်ချိန်မှာတော့ အခန်းတံခါးသော့ချ၍ စာဆက်ဖတ်နေလိုက်သည်။ သူမ စာဖတ်ခြင်းတွင် အချိန်ကုန်ဆုံးရမည်။ သူမ ပိုပြီး နှံ့နှံ့စပ်စပ်ဖြစ်စေရန် ပိုပြီးနားလည်စေရန် စာဖတ်ရမည်။

မကြာခင်မှာပဲ ရှီမာယူယူဆီ ဆေးညွှန်းတွင်ပါသော ဆေးများရောက်လာသည်။ သူမ ဆေးများကိုယူလိုက်ပြီး  စေ့စေ့စပ်စပ် စစ်ဆေးလိုက်သည်။ ဘာပြဿနာမှ မရှိခြင်းကို စစ်ဆေးပြီးမှ ယွန်ယူအား ဆေးကိုကျိုခိုင်းစေသည်။ ကျိုချက်ရမည့် နည်းလမ်းကိုပင် အထူးတလည် ညွှန်ကြားပေးလိုက်သည်။ ပြီးသည့်အခါတွင်တော့ ရေချိုးရန် ပြင်ဆင်လိုက်ပြီး မကျန်အောင်သေချာ  ပြုလုပ်လိုက်ပြီး သူမသည် အနီရောင် ဆေးစိမ်ထားသော ရေထဲသို့ ဖြေးဖြေးချင်းဆင်းသွားတော့သည်။

“ရှုး”  သူမ ဆေးစိမ်ထားသော ရေချိုးရေထဲသို့ ခန္ဒာကိုယ် တစ်ခုလုံး နှစ်မြုပ်လိုက်သည်နှင့် တစ်ကိုယ်လုံး မီးကဲ့သို့ လောင်ကျွမ်းသွားသည်ကို ခံစားမိသည်။ ပြင်းထန်သော နာကျင်မှုသည် ခန္ဒာကိုယ် တစ်ခုလုံးကို တိုက်ခိုက်နေသလိုပင်။

“သေစမ်း၊ ဒီလောက်နာမယ်လို့ မထင်ထားခဲ့ဘူး” ရှီမာယူယူ နာကျင်မှုကြောင့် လူးလွန့်၍ ကျယ်လောင်စွာ ကျိန်ဆဲလိုက်သည်။ သူမ ခန္ဒာကိုယ် တစ်ခုလုံးသည် ဆေးရေစိမ် ရေချိုးရေထဲတွင် မီးတောက်များတောက်လောင်သကဲ့သို့ နေရာမကျန် တောက်လောင်နေတော့သည်။

ဆေးစိမ် ရေချိုးရေသည် မကြာခင်ပင် အကျိုးသက်ရောက်မှုရှိလာပြီး တလိပ်လိပ်တက်လာသော စွမ်းအင်များကို ခံစားမိလာသည်။ ထို့အပြင် သူမခန္ဒာကိုယ် မကြာခင် ပေါက်ထွက်မတတ်ပင် အပူများ အရှိန်မြင့်လာသည်ကို ခံစားမိလာသည်။ အနီရောင်ဆေးဖက်ဝင်ရေသည် ကြည်လင်လာပြီး သူမလည်ချောင်းတွင် ချိုသော အရသာကို ရုတ်တရက် ခံစားရချိန်မှာတော့ သူမ ဦးနှောက်ခြောက်သွားသည်။ သူမ မသိခင်မှာပဲ အနက်ရောင်သွေးများ အန်ချတော့သည်။ ပြီးနောက် ကြမ်းပြင်ပေါ်တွင် အနက်ရောင်သွေးများ ဆက်အန်တော့သည်။ အန်စရာမကျန်တော့သည့်နောက်တွင်တော့ သူမ နေလို့အဆင်ပြေသွားပြီး ပုံမှန်အနေအထားသို့ ပြန်ရောက် သွားသည်။

“အခုတော့ သေးသွားပြီ” ရှီမာယူယူ လက်မောင်းအောက်က အစက်နှစ်စက်ကို ထိပြီး ရေရွတ်လိုက်သည်။ “ကြည့်ရတာ ဒီအဆိပ်လုံး၀ ပျောက်သွားဖို့ ထပ်ပြီးကုသဖို့ လိုမယ်ထင်တယ်” သူမ ခံစားရသော နာကျင်မှုများကို တွေး၍ သက်ပြင်းချပြီး အံကြိတ်လိုက်သည်။

သူမ ရေချိုးကန်မှ ထွက်လာသည်နှင့် အဝတ်ဝတ်လိုက်ပြီး ကြီးမားသော သစ်သားစည်ပိုင်းကို ကန်လိုက်သည်။ သစ်သားစည်ပိုင်းမှ ရေပမာဏအကုန်လုံး ကြမ်းပြင်ပေါ်သို့ ဖိတ်စဉ်သွားပြီး အနက်ရောင်သွေးများကို ဆေးကြောလိုက်သည်။

“သခင်လေး အကုန်လုံး အဆင်ပြေရဲ့လား” ယွန်ယူနှင့် ချွန်ဂျီအန်တို့ ကတုန်ယင်သောအသံဖြင့် အပြင်မှ မေးလိုက်သည်။

“အိုး ငါ သတိမထားမိလို့ ရေချိုးကန်ကို မှောက်မိသွားတယ် မင်းတို့ လာပြီးကူရှင်ပေးနိုင်မလား” ရှီမာယူယူ ပျင်းရိစွာ ပြန်ပြောလိုက်သည်။

အစေခံနှစ်ယောက်သည် သုတ်သီးသုတ်ပျာပြေး၍ဝင်လာပြီး ရေချိုးကန်မှ ရေများ ကြမ်းပြင်ပေါ်  မှောက်ကျနေသည်ကို တွေ့လိုက်သည်။ သူတို့သည် မြန်မြန်ဆန်ဆန်ပင် အဝတ်ခြောက်ကိုယူ၍ ကြမ်းပြင်တစ်ခုလုံးကို ရှင်းလင်းလိုက်ပြီး သစ်သားစည်ပိုင်းကို ဖယ်ရှားလိုက်တော့သည်။

နောက်ရက်များတွင် ရှီမာလိုင်နှင့်အတူ ထမင်းစားချိန်မှလွဲ၍ ရှီမာယူယူသည် စာဖတ်ခြင်းနှင့်ပင် အချိန်ကုန်ဆုံးတော့သည်။ ပြီးခဲ့သည့်အခေါက်က စာအုပ်ပြခန်းမှ ယူလာသော စာအုပ်အားလုံးကို ဖတ်လို့ပင် ပြီးဆုံးတော့မည်။

မျက်စိတစ်မှိတ်အတွင်းပင် ခုနှစ်ရက်ကုန်ဆုံးသွားပြီး ထိုနေ့သည် သူမ ဆေးဖက်ဝင်ရေစိမ်သည်မှာ နောက်ဆုံးရက် ဖြစ်လေသည်။

ရှီမာယူယူ အနီရောင် ရေချိုးရေသို့ နာရီဝက်လောက် ထပ်စိမ်ချိန်မှာတော့ သူမအန်ထုတ်လိုက်သော သွေးသည် အနက်ရောင်မဟုတ်တော့ပေ။ သို့သော် အားမာန်ပြည့်ဝသော ကြက်သွေးရောင်ပုံစံဖြစ်နေသည်။ သူမ မြန်မြန်ပင် သူမလက်မောင်းအောက်ကို စမ်းလိုက်သောအခါ အစက်နှစ်စက်သည် ပျောက်သွားသည်ကို တွေ့ရသည်။

သူမ နှလုံးခုန်နှုန်းကို စမ်းလိုက်ပြီး သူမ ခန္ဒာကိုယ်မှ အဆိပ်များလုံးသ ပျောက်သွားသည်ကို အတည်ပြုလိုက်သည်။ အဆိပ်ကို ဖယ်ရှားပြီးသော်လည်း သူမ ကျင့်ကြံနိုင်မလားဆိုတာ သူမမသိပါ၊ သူမ ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုကို ဖုံးကွယ်၍မရပါ။

ပြီးခဲ့သည့် ရက်ကလိုမျိုး သွေးများကို ဖယ်ရှားလိုက်ပြီးနောက်မှာတော့ သူမ ကြီးမားသော သော့ကို ကိုင်၍ ဖျတ်လတ်သော ခြေလှမ်းများဖြင့် စာအုပ်ပြခန်းသို့ ထွက်ခဲ့လိုက်သည်။ ဒီတစ်ကြိမ်တွင်တော့ သူမ ကျင့်ကြံခြင်းနည်းလမ်းကို ရှာဖွေရန် စာအုပ်လိုချင်သောကြောင့်ဖြစ်သည်။

အကယ်၍ ကျင့်ကြံသည့် လမ်းကြောင်းကို စတင်လျှင် အဆိပ်သည် လုံး၀ ပျောက်ကင်းသွားကြောင်းကို အတည်ပြုချင်သည်။


Comment

Leave a Reply

Options

not work with dark mode
Reset