Switch Mode

အပိုင်း (၆) – ဒီခန္ဓာကိုယ်က ပြဿနာပဲ

ရှီမာယူယူ အစ်ကိုနှစ်ယောက်ကိုကြည့်ပြီး တည်ငြိမ်စွာ ချက်ချင်းပင်ပြောလိုက်သည်။ “ကျွန်တော့် ရန်သူကို ကျွန်တော်ဘာသာ ဂရုစိုက်ပါ့မယ် အစ်ကိုတို့ ကျွန်တော့်ကို မစိုးရိမ်ပါနဲ့။ ရှီမာယူယူ ရင့်ကျက်နေပါပြီ။  ရှေ့လျှောက် ကျွန်တော် တစ်ဇွတ်ထိုးမလုပ်တော့ပါဘူး။”

“ကောင်းတယ်၊ အရမ်းကောင်းတယ် ယူလေး ကရင့်ကျက်နေပြီပဲ” ရှီမာလိုင် စိတ်လှုပ်ရှားစွာ ရယ်မောလိုက်သည်။

“အဘိုး သမီး အရင်က စဉ်းစားချင့်ချိန်နိုင်စွမ်းမရှိခဲ့ဘူး။ အစ်ကိုတို့ သမီးအကြောင်းကို စိုးရိမ်စွာ တိုင်ပင်အောင် လုပ်မိပါတယ်။ သမီးမှားတာပါ။” ရှီမာယူယူ ပြောလိုက်သည်။

အရင် ရှီမာယူယူ၏ မှတ်ဉာဏ်ထဲတွင် သူမဟာ ထိုချောမောလှသော ယောကျ်ားများကြောင့်ပင် ပြဿနာရှာသူ  ပြဿနာရှာသူဖြစ်ခဲ့သည်ကို မြင်ရသည်။ သူမ မိသားစုကို အကြိမ်များစွာ ထိခိုက်မိအောင်လုပ်မိသည်။ သို့သော် သူမ နှလုံးသားထဲတွင်တော့ သူမ မိသားစုကို နက်နက်ရှိုင်းရှိုင်း ချစ်ဆဲပင်၊ ဒါမှမဟုတ်ရင် သူမနေရာတွင် ခြေဦးတည့်ရာသွားနေသော ဝိညာဉ်ကို အစားထိုးဖို့မပြောသင့်ဘူး။ ထို့ကြောင့် သူမ သေဆုံးပြီဖြစ်ကြောင်းကို သူတို့ သိလျှင် ဝမ်းနည်းပူဆွေးမည့်အဖြစ်ကို သူမမလိုလားပေ။

“ပြီးခဲ့တာတွေ ထားလိုက်ပါတော့ ညီလေး ငါးက သူလုပ်ခဲ့တာတွေ ဝန်ခံနေပြီပဲ အဲလောက်ဆိုရပြီ။ ဒါ့အပြင် ငါတို့က မင်းကို ဘယ်တော့မှ အပြစ်မတင်ခဲ့ဘူး” အစ်ကို လေး ရှီမာယူရန်က ပြောလိုက်သည်။

ကျန်တဲ့သူများက သဘောတူသည့်အနေနှင့်ခေါင်းညိတ်လိုက်ကြသည်။

“ကောင်းပြီ ကျွန်တော့် အမှားတွေကို သိပြီး ဆက်လည်းမမှားတော့ပါဘူး၊ အခုချိန်ကစပြီး လိမ်လိမ်မာမာနေသွား တော့မယ်”

“ဟားဟား အကောင်းဆုံးပေါ့။ မင်းကိုယ့် လက်စားချေမှုကို ကိုယ်ဘာသာ ကြည့်လုပ်မယ်ပြောတော့ အစ်ကိုတို့ လည်း မစွက်ဖက်တော့ပါဘူး။ မင်းလိုအပ်တဲ့အချိန်ဆို ငါတို့ကို ပြောပေါ့။ ဘာမှ ဟိတ်ဟန် လုပ်ဖို့မလိုဘူး။ ပြောသာ ပြောလိုက် ငါတို့လာခဲ့မယ်။”

ရှီမာယူယူ မျက်လုံးတွင် မျက်ရည်စများ စိုစွတ်နေပြီး ထိုခံစားချက်သည် စိတ်လှုပ်ရှား၍လား ဒါမှမဟုတ် အရင် ရှီမာယူယူ၏ ခန္ဒာကိုယ်တွင်စွဲထင်နေသော ခံစားချက်ကြောင့်လား သူမ မသိပေ။ ထို အလွန်အမင်း ကာကွယ်ပေးသော သူမ အစ်ကိုများသည် သူမ၏ နှလုံးသားတွင် ကြီးမားသော ခံစားမှုကို ချန်ခဲ့ပြီပဲဖြစ်သည်။

“ကောင်းပြီ ညီလေးငါး နားရအောင် ထားလိုက်ရအောင် ဆေးလုံး ဘယ်လောက်ကောင်းပါစေ သူ ပင်ပန်းနေဦးမှာပဲ” အစ်ကိုကြီးဟာ ချင့်ချိန်စွာပြောလိုက်သည်။

“ကောင်းပြီ နောက်ကျနေပြီ။ အခုတော့ ပြန်တော့မယ် ညီလေးငါး။ လိုအပ်တာရှိရင်ခေါ်ဖို့မမေ့နဲ့။ ထပ်ပြီး လျှို့ဝှက်မထားနဲ့ဦး”

“ဟုတ်တယ် မင်းတစ်ယောက်တည်း ထွက်သွားတော့ ထိခိုက်လာပြန်ပြီ မဟုတ်လား။ အဲဒါကြောင့် တစ်ယောက်တည်းမသွားနဲ့တော့”

“…………….”

ထပ်ခါ ထပ်ခါ သတိပေးပြီးတဲ့နောက်မှာတော့ သူမ အဘိုးနဲ့ အစ်ကို လေးယောက်ဟာ ထွက်သွားကြတော့လေသည်။

သူမတစ်ယောက်တည်းကျန်ခဲ့ချိန်မှာတော့ အားကျစွာနှင့် သက်ပြင်းသာသာလေးချမိတော့သည်။ “မင်းကို ဒီလောက်ချစ်တဲ့မိသားစု ရှိတာ မင်းအရမ်းကံကောင်းတာပဲ။ ငါ ဒီလို မိသားစုရှိတဲ့ခံစားမှုမျိုးမခံစားရတော့ဘူး ထင်နေတာ၊ အခုတော့ ဂရုစိုက်မှုနဲ့ စိတ်ပူပန်မှုတွေကို ငါ ခံစားနေရပြီ ကျေးဇူးတင်ပါတယ်။ ငါ မင်းနေရာမှာ ကောင်းကောင်းနေပါမယ်” ရှီမာယူယူ စိတ်ထဲတွင် ကတိပေးမိသည်။

သူမ အတွေးများ ရုပ်သိမ်းလိုက်ပြီး ရှီမာယူယူ သူမ အစေခံများကို ခေါ်လိုက်သည်။

“သခင်လေး” သူတို့ဟာ တံခါးကို ညင်သာစွာဖွင့်လိုက်ပြီး သူမအား ခစားလိုက်သည်။

“ငါရေချိုးချင်တယ်” သူမ ရိုးရှင်းစွာပြောလိုက်သည်။ လှပသော အစေခံနှစ်ယောက်ကို ဒီ့ထက်ပြောဖို့ရာ အလွန်ပင်ပန်းနေပြီဖြစ်သည်။

“ဟုတ်ကဲ့ သခင်လေး ခဏစောင့်ပါ ကျွန်မတို့ပြင်ဆင်လိုက်ပါမယ်”

သူတို့ အလျင်အပြန် ပြင်ဆင်ပြီးနောက်တွင်တော့ ကြီးမားသော စည်ပိုင်းနှင့်ပြန်လာခဲ့ပြီး ရေပူတွေ ပြည့်နေသာ ပုံးနှင့် အခန်းကို ဝင်ရန်ကြိုးစားတော့သည်။

“သခင်လေး ရေချိုးဖို့ အဆင်သင့်ဖြစ်ပါပြီ”

“ကောင်းပြီ သွားလို့ရပြီ” သူမ လက်ပြ၍ သွားခိုင်းလိုက်ပြီး တံခါးပိတ်သွားသည်မှာ သေချာအောင်စောင့်ပြီးမှ အိပ်ရာပေါ်ကနေ ဆင်းလာခဲ့လိုက်သည်။

သူမ သစ်သားစည်ပိုင်းဆီသွားရင်းနှင့်ပင် ကြိုးများကို တစ်လွှာပြီး တစ်လွှာဖြေလိုက်ပြီး သူမ ရေချိုးကန်ရှေ့ရောက် သောအခါတွင်တော့ ကိုယ်တုံးလုံးတီးဖြစ်နေချေပြီ။  သူမ ပြားကပ်နေသော ရင်သားကို ငုံ့ကြည့်လိုက်ပြီး ရေရွတ်လိုက်သည်။ “တကယ့် ယောက်ျားလေးအတိုင်းပဲ”

သူမ ဂရုစိုက်စွာ ကန်ထဲသို့ဆင်းလိုက်ပြီး သူမခန္ဒာကိုယ်တစ်ခုလုံး ရေထဲသို့နစ်လိုက်ပြီး အနားယူရန်စတင်တော့သည်။ သူမအရင်ဘဝတွင် ရေစိမ်ရသည်ကို အလွန်နှစ်သက်ခဲ့ပြီး ပင်ပန်းနွမ်းလျမှုတွေ သည် အဝေးသို့ လွင့်ပျောက်သွားသကဲ့သို့ခံစားရသောကြောင့် ထိုနည်းအတိုင်းပြုလုပ်ရခြင်းပင်။ ဒါဟာ သူမစိတ်ကို လန်းဆန်းစေသည်။

ကန်ထဲမှ ရေပူများ အေးသွားချိန်မှာတော့ သူမ ညာဘက်လက်ကိုထုတ်ပြီး သေချာကြည့်လိုက်သည်။ သူမ ညာဘက်လက်ချောင်းတွင် လက်စွပ်ရှိသည်။ မှတ်ဉာဏ်ထဲတွင် ထိုလက်စွပ်သည် ရှီမာလိုင်က မချွတ်နှင့်ဟု ထပ်ခါထပ်ခါမှကြားထားသော လက်စွပ်ပင်။ မှတ်ဉာဏ်တွင် သူမ ငယ်စဉ်ကလေးဘဝကပင် ရှိနေခဲ့သည်။ ထိုလက်စွပ်သည် မှော်နှင့် စီရင်ထားပြီး ယောက်ျားလေးတစ်ယောက်အသွင်ဆောင်နိုင်သည်ဟု ရှီမာလိုင်ပြောခဲ့သည်။ သူသည် အထူးသဖြင့် တခြားသူများရှေ့တွင် မချွတ်ရန်မှာကြားထားသည်။

သို့သော် သူမ အခန်းထဲ တစ်ယောက်တည်းရှိချိန်တွင်တော့ တစ်ခါတစ်ရံချွတ်သည်။ ထိုလျှို့ဝှက်ချက်မပေါက်ကြားရန် သူမခေါ်မှသာ အခန်းထဲဝင်လာရန် အစေခံများကို လေးလေးနက်နက်မှာကြား ထားသည်။

အခုတော့ လက်စွပ်ချွတ်လျှင် ဖြစ်လာမည့် သူမခန္ဒာကိုယ်ကို စစ်ဆေးချင်သည့်အတွက် လက်စွပ်ကို ချွတ်လိုက်သည်။ လက်စွပ်၏ သေးငယ်သော ခလုတ်ကို ထိလိုက်သည်။ ခလုတ်နှိပ်သံကို နားလိုက်ပြီးနောက် သူမခန္ဒာကိုယ်သည် အပျိုစင် မိန်းကလေးအသွင်သို့ ပြောင်းလဲသွားတော့သည်။

သူမ ညာဘက်တွင် လက်စွပ်ပြန်လည်ဝတ်ဆင်လိုက်ပြီး သွေးခုန်နှုန်းကို ဂရုစိုက်စွာ စမ်းလိုက်သည်။

ပြီးခဲ့တဲ့ အတိတ်၊ လုပ်ကြံသူဘဝတွင် သူမသည် တရုတ်တိုင်းရင်းဆေးပညာ ကောလိပ်အသင်း၏ ပါမောက္ခအသွင်ယူကာ ကျောင်း၏ အငယ်ဆုံးအသင်းဝင် ပါမောက္ခဖြစ်ခဲ့သည်။

သွေးခုန်နှုန်းစမ်းပြီးနောက်တွင်တော့ တည်ငြိမ်သော အမူအရာနှင့် သူမ လက်ကောက်ဝတ်ကို လွတ်လိုက်ပြီး လက်ကိုမြှောက်လိုက်သောအခါ ချိုင်းကြားတွင် မှည့်ကဲ့သို့ အနီနှင့်အနက်စက် ကိုတွေ့ရလေသည်။

သူမ ခန္ဒာကိုယ်နှင့်ပတ်သတ်၍ အမှားတစ်ခုခုကို ခံစားမိပြီး ကျင့်ကြံ၍မရသော အကြောင်းအရင်းဖြစ်နိုင်သည်ကို သံသယဝင်လာသည်။ သူမ လက်ချောင်းနှင့် ချိုင်းကြားမှ အစက်ကို ညွှန်းလိုက်ပြီး ရေရွတ်လိုက်သည်။ “ဒီခန္ဒာကိုယ်မှာ ပြဿနာတစ်ခုခုရှိနေပြီ”

မူလပုံစံ ယောကျ်ားလေးတစ်ယောက်အသွင် သူမ အင်္ကျိပြန်ဝတ်လိုက်ပြီး မှန်ရှေ့တွင် ရပ်လိုက်သည်။ ရောင်ပြန်ဟပ်သည်ကို ကြည့်ရင်း လုံးဝချောမောလှသည် မဟုတ်သော်လည်း သာမာန်ထက်ပိုသော နူးညံ့သော မျက်နှာပေါက်နှင့် အပြောင်းအလဲမြန်သော အကျင့်စရိုက်တို့ကြောင့် လူတွေသည် သူမအားအခြောက်ဟု ထင်မြင်ကြလေသည်။

ရေချိုးကန်ကို သန့်ရှင်းရန် အစေခံများအား သူမ ခေါ်လိုက်သည်။ ယွန်ယူူနှင့် ချွန်ဂျီအန် ဟုခေါ်သော အစေခံနှစ်ယောက်သည် သူမ အမြင်အရတော့ ကဗျာဆန်ကြသည်။ သူတို့နှစ်ယောက်သည် အပြင်တွင် အမိန့်ကို စောင့်နေကြသည်။ သူတို့၏ သခင်လေး မခေါ်ဘဲ အခန်းထဲသို့ မိမိဘာသာ မဝင်ရဲကြပေ။ သူတို့သည် တချို့အချိန်များတွင် သူတို့သခင်လေးကို ခစားကြရပြီး သခင်လေး၏ အမိန့်ကို မနာခံသူကို အပြစ်ပေးတတ်ကြောင်းကို တွေ့မြင်နေရသူများဖြစ်ကြသည်။ ထို့ကြောင့်ပင် အစေခံနှင့် လက်ပါးစေများ မမြဲသည့်တိုင်အောင် သူတို့နှစ်ယောက်သည် အမိန့်နာခံတတ်သူများဖြစ်သောကြောင့် သူ့ဘေးတွင် အချိန်အကြာဆုံး ရှိနေကြသူများဖြစ်ကြသည်။ သို့သော် သူ့ကိုတော့ကြောက်စိတ်တော့ ရှိနေဆဲပင်ဖြစ်သည်။

“ယွန်ယူ၊ ချွန်ဂျီအန် ငါဗိုက်ဆာပြီ” သူမ သူတို့ကို ကြည့်လိုက်သည်။

ကျင့်ကြံသူများသည် ပတ်ဝန်းကျင်မှ ဝိညာဉ်များကို ခန္ဒာကိုယ်ကို ထောက်ပံ့ရန် စုပ်ယူနိုင်ကြပြီး အလွယ်တကူ ဗိုက်ဆာခြင်းမရှိကြပေ။ အဆင့်မြင့်သူတွေသည် အစားအသောက်မရှိဘဲ အချိန်အတော်ကြာနေနိုင်သလို၊ ထိပ်တန်းအဆင့်ရှိသူတွေသည် စားစရာပင် မလိုပေ။ သို့သော် သူတို့၏ အရသာခံစားနိုင်မှုကို ကျေနပ်စေရန် တစ်ရက် သုံးနပ်စားနေကြသည်သာ။

အမှိုက်ဟု ကင်ပွန်းအတပ်ခံရသော ရှီမာယူယူအတွက်တော့ လိုအပ်ချက်အရ စားသောက်ရသည်ကို  ရွေးချယ်စရာမရှိပေ။

“သခင်လေးရဲ့ စားဖိုမှူးက အစားအသောက်အတွက်ပြင်ဆင်ပြီးပါပြီ၊ အခုယူလာပေးရမလား” ယွန်ယူ ဂရုစိုက်စွာ ပြောဆိုလိုက်သည်။

“ယူခဲ့လိုက်တော့ မင်းတော်တယ်”  အစားအစာအကြောင်းကြားလိုက်သည်နှင့် သူမအားအင်ပြည့်ဝသလို ခံစားရသည်။

အရင်ဘဝကဆိုလျှင် သူမသည် လုပ်ကြံသူအဖြစ်နှင့်ဆေးပညာသုတေသနမှူးအဖြစ် ဘဝနှစ်ခုတွင် အလုပ်များနေခဲ့ပြီး အစားအသောက်သည် သူမဘဝတွင်မငြင်းနိုင်သောအပိုင်းဖြစ်ခဲ့သည်။ သူမ ချက်ပြုတ်နည်းပညာကို သင်ကြားရန် အားထုတ်ခဲ့သည်။ စီချွမ်အစားအသောက်ကစ၍ ယူနန်အစားအသောက် အထိသူမ ကျွမ်းကျင်စွာ ချက်ပြုတ်နိုင်သည်။ ထိုအရာသည် ညှိနှိုင်းရန်မလိုသော သူမဘဝ၏ နောက်ထပ် လက္ခဏာ တစ်ရပ်ပင်ဖြစ်သည်။


Comment

Leave a Reply

Options

not work with dark mode
Reset