Switch Mode

အပိုင်း (၅) – ညီအစ်ကိုများ

ရှီမာယူယူ မွှေနှောက်ပြီးသည့်နောက်တွင်တော့ စစ်သူကြီးအိမ်တော်သို့ ပြန်လာလိုက်သည်။ ဒီမနက်တွင်ပဲ ခဏလောက်သူမ အပြင်သွားလိုက်တာ ပြန်လာတော့ ထပ်ပြီး ပြင်းထန်တဲ့ ဒဏ်ရာရလာပြန်ပြီ။ သူမ မနေ့ညကပင် ပြန်ကောင်းလာခဲ့သည်လေ။

“ဘုရားရေ ငါးယောက်မြောင်သခင်လေး ဘယ်လို ထိခိုက်လာတာလဲ။ ဘယ်သူလုပ်လိုက်တာလဲ။ မြန်မြန် သခင်လေးရဲ့ အနာကို ကြည့်ပါရစေ” ခြံဝန်းထဲတွင် ရှိနေသော အိမ်တော်ထိန်းသည် ရှီမာယူယူ၏ ထိခိုက်လာသော လက်မောင်းကို မြင်သောအခါ အလျင်စလို ပြေးလာသည်။

သူ့ရဲ့ စိတ်ထိခိုက်နေတဲ့ မျက်လုံးကို ကြည့်ပါဦး ရှီမာယူယူ ပြုံးလိုက်ပြီးပြောလိုက်သည်။ “ဦးလေး ကွမ်၊ ကျွန်တော် အဆင်ပြေပါတယ် အသားကို နည်းနည်းလောင်သွားရုံပါ ဘာမှမဟုတ်ပါဘူး”

“နည်းနည်း ဟုတ်လား ဒါဘယ်လိုလုပ် နည်းနည်းလို့ပြောလဲ” သူ့ နှလုံးသားနာကျင်သလိုပဲ သူမကို ကြည့်ပြီးပြောလိုက်သည်။

“တကယ် ဘာမှမဟုတ်ပါဘူး။ အဲလောက်လဲ မနာပါဘူး။ ငါ ပြန်လာပြီပဲ အစေခံတွေကို ဆေးထည့်ခိုင်းလိုက်ရင် အဆင်ပြေသွားမှာပါ” ရှီမာယူယူ နှစ်သိမ့်လိုက်သည်။

အပြင်ကသူတွေ သူမကို ဘယ်လောက်ပဲ အမှိုက်လို့ ခေါ်ခေါ် စစ်သူကြီးအိမ်တော်အတွင်းမှာတော့ လုံး၀ ခြားနားနေမြဲဖြစ်သည်။ ဘယ်သူမျှ သူမကို အထင်သေးမည့်သူမရှိပါ။ ထို့အပြင် သူမ ဝိညာဉ် သခင်ဖြစ်ရန် မကျင့်ကြံနိုင်သော်လည်း သူမအား ဂရုနာသက်ကြသည် သူမကို ပို၍ အလိုလိုက်ကြသည်။ သူမ၏ အဘိုး၊ အစ်ကိုများ၊ အစေခံနှင့် လက်ပါးစေများပင် သူမအား တုန်အောင်ချစ်ကြသည်။ အရင် ရှီမာယူယူသာ ထို ချစ်ချင်းမေတ္တာများကို သတိမပြုမိဘဲ အမြဲတမ်းသူတို့အား စိတ်ပူအောင် လုပ်မိသည်သာ။

“ကောင်းပြီ အစေခံတွေကို မင်းရဲ့ ဒဏ်ရာတွေကို ဂရုစိုက်ခိုင်းလိုက်ဦး။ နောက်ထပ်ဆေးကောင်းများ ရှိဦးမလားလို့ ငါ စစ်သူကြီးကို သွားမေးလိုက်ဦးမယ်” ဦးလေး ကွမ်ကပြောသည်။

သူမ ဒီအိမ်တော်ထဲမှာ ဈေးအကြီးဆုံး ဆေးလုံးကို သောက်ခဲ့ပြီးပြီလေ။ နောက်ထပ်ဘယ်မှာ ထပ်ရှာမလဲ။ သူမ အမှတ်တမဲ့ ခေါင်းညိတ်လိုက်ပြီး သူမ အိပ်ဆောင်သို့ ပြန်လာလိုက်သည်။

သူမအား ခစားနေသော အစေခံမှာ များများစားစားမရှိပါ။ မနေ့ကတွေ့ခဲ့သော ချွန်ကွမ်နှင့် ယွန်ယူသာ ရှိသည်။ သူတို့နှစ်ဦးသည် ချက်ပြုတ်လက်စ တန်းလန်းဖြစ်နေသည်။ သူတို့ သူမ ဒဏ်ရာကို တွေ့လိုက်သောအခါ လန့်သွားပြီး သူမဒဏ်ရာအား ဂရုတစိုက် ပြုစုပေးကြသည်။

သူတို့၏ မြန်ဆန်ပြီး ရင်းနှီးသော လှုပ်ရှားမှုကို ကြည့်ခြင်းအားဖြင့် အရင် ရှီမာယူယူက ဘယ်လောက်တောင် ထိခိုက်ခဲ့တာပါလိမ့် ဆိုတာ မအံ့သြမိတော့ပါ။ သူတို့၏ ကျင့်သားရနေပြီး ညက်နေသော လှုပ်ရှားမှုကို ကြည့်ခြင်းအားဖြင့် ထိုအရာအပေါ်တွင် ဘယ်လောက်အတွေ့အကြုံရှိမှန်း အလွယ်တကူခန့်မှန်း၍ ရနေသည်။

ဒဏ်ရာအား ကုသပေးပြီးနောက်တွင် ချွန်ကွမ်သည် ဆေးလုံးအားထုတ်ယူလိုက်ပြီး ရှီမာယူယူ၏ ပါးစပ်ထဲသို့ ခွံ့လိုက်သည်။ သို့သော် ရှီမာယူယူသည် ဝိညာဉ်စွမ်းအင်ကြောင့် ဒဏ်ရာရလာသည်ဖြစ်၍ ထိုဆေးသည် အခြေခံဆေးလုံးဖြစ်သောကြောင့် ထိရောက်မှုမရှိပေ။

အချိန်ခဏကြာပြီးနောက် ရှီမာလိုင် သူမအားကြည့်ရန်ရောက်လာပြီး သူမ၏ ထိခိုက်ထားသည့် လက်မောင်းကို ကြည့်လိုက်သည့်အချိန်မှာတော့ သူမျက်ခုံးတွန့်ပြီး ဒေါသထွက်သည့် အသံနှင့် စိတ်သောကရောက်စွာ  ပြောလိုက်သည်။ “ဘာလို့ တစ်ယောက်တည်းသွားပြန်တာလဲ”

“အဘိုး…” အဘိုးဒေါသထွက်သည်ကို တွေ့သည့်အခါတွင်တော့ သူမ သူ၏ အင်္ကျိလက်ကို သာသာလေးဆွဲပြီး ချွဲလိုက်သည်။ “သမီး လေညင်းခံဖို့ အပျင်းပြေ လမ်းလျှောက်ထွက်တာပါ။ အဲနေ့က သမီးကို ရိုက်လိုက်တဲ့သူနဲ့ တွေ့ဖို့ ထင်မထားလို့ပါ။ အဲဒါကြောင့် သမီး သူ့ကို သင်ခန်းစာပေးခဲ့တယ်။ သူအမှိုက် ဖြစ်အောင်အထိ ကျောက်တုံးနဲ့ ရိုက်ချိုးခဲ့တယ်။ သူဘယ်တော့မှ ကျင့်ကြံလို့ရတော့မှာမဟုတ်ဘူး။ သူ့ထက်စာရင် သမီးကမှ အခြေအနေကောင်းသေးတယ်။ ဒါဘာမှမဟုတ်ပါဘူး ရက်နည်းနည်းကြာရင် ပျောက်သွားမှာပါ။”

ရှင်းရှင်းပြောရလျှင် သူမ အရင်ဘဝတုန်းက သေနတ်ဒဏ်ရာကအစ ဓားဒဏ်ရာအဆုံး တော်တော်များများ ကြုံခဲ့ရသည်။ ဒီဒဏ်ရာမှာ ဘာမှမဟုတ်ပေ။ ဆိုးတာက သူမ လက်မောင်းပေါ်တွင် အနာရွတ် ကျန်ခဲ့ခြင်းပင်။

ပြီးခဲ့သည့် အခေါက်ကလို ရှီမာယူယူ ပြဿနာမရှာခဲ့ခြင်းသည် ရှီမာလိုင်အတွက် နှစ်သိမ့်မှုဖြစ်စေပြီး အဲဒါဟာ ရဲစွမ်းသတ္တိရှိသော စစ်သူကြီးအိမ်တော်၏ သခင်လေး ဂုဏ်ပုဒ်နှင့် ညီသည်မဟုတ်လား။ သူ ကြွေပုလင်းကို ထုတ်လိုက်ပြီး တစ်ခုတည်းရှိသော ဆေးလုံးကို ထုတ်လိုက်သည်။ “ဒီဆေးက ဆရာ ရှီ ဖော်ထားတဲ့ နောက်ဆုံးဆေးပဲ မြန်မြန်သောက်လိုက်”

“အဘိုး တကယ်ရတယ် ဘာမှ…”

“ဘာမှမဟုတ်ဘူးဆိုတာ ဘာပြောတာလဲ။ မင်းရဲ့ လက်မောင်းတစ်ခုလုံး ဆိုးဆိုးဝါးဝါးလောင်ထားတာ။ ဘာမှမဟုတ်ဘူးလို့ ပြောတုန်းလား။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ဟာ ရိုသေလေးစားခြင်းခံရတဲ့ စစ်သူကြီးအိမ်တော်ပဲ ဒီလို ဆေးကြောင့် ငါတို့ ဂုဏ်သိက္ခာအထိခိုက်မခံနိုင်ဘူး။ ကောင်းသွားအောင် ဒီဆေးစားခြင်းဟာ အချိန်မလိုဘဲ မင်းကို ကုသပေးလိမ့်မယ်” ရှီမာလိုင် သူမအားချော့ပြီး ယူလာသော ဆေးအား သူမပါးစပ်အတွင်းသို့ ထည့်လိုက်သည်။

ရှီမာယူယူ ကျိုးနွံစွာ ဆေးကိုစားလိုက်သည်။ ဆေးသည် အလွန်ခါးသော်လည်း သူမနှလုံးသားတွင်တော့  နွေးထွေးချိုမြိန်မှုကို ခံစားလိုက်ရသည်။

အရင်ဘဝတုန်းက သူမဟာ မိဘမဲ့တစ်ယောက်။ ပြီးနောက် အဖွဲ့အစည်း၏ မွေးစားမှုကို ခံရပြီး သူတို့၏ တင်းကျပ်၍ ကြမ်းတမ်းသော လေ့ကျင့်မှုအောက်တွင်နေခဲ့ရသည်။ မည်သူမျှ သူမကို ဂရုစိုက်မည့်သူမရှိပါ၊ သူတို့မျက်လုံးထဲတွင်တော့ သူမဟာ အသုံးချခံလက်နက်။ ဒီလို အချစ်ခံရတဲ့ ခံစားချက်မှုမျိုး အတွေ့အကြုံ တွေ့ကြုံရလိမ့်မည်ဟု မမျှော်မှန်းထားပါ။

အဘိုး၊ အဘိုးဟာ ဒီအချိန်က စပြီး ကျွန်မရဲ့ အဘိုးပဲ၊ သူမ စိတ်ထဲမှ တိတ်ဆိတ်စွာ ရေရွတ်မိသည်။

“ဟား ဟား ဟား ငါးယောက်မြောင်ညီလေးက အခုတော့ အရွယ်ရောက်လာပြီပဲ အဘိုးကို ဘယ်လို နှစ်သိမ့်ရမလဲဆိုတာတောင်သိနေပြီ”

ထိုအချိန်တွင် တံခါးဆီမှ ကြင်နာသော အသံထွက်ပေါ်လာပြီး ယောကျ်ား လေးယောက်ဟာ ဝင်လာခဲ့သည်။ သူတို့သည် ရှီမာ အိမ်တော်၏ သခင်လေးများဖြစ်ကြသည်။ ရှီမာယူရွှီ၊ ရှီမာမင်၊ ရှီမာရန် နှင့် ရှီမာယူလီတို့ဖြစ်ကြ သည်။

ထိုအသံသည် အစ်ကိုအကြီးဆုံး ရှီမာယူရွှီ၏ အသံဖြစ်သည်။

“အစ်ကိုကြီး၊ အစ်ကိုလတ်၊ အစ်ကိုလေး၊ အစ်ကိုငယ် ဘယ်လိုဖြစ်ပြီး အကုန်လုံး တစ်ချိန်ထဲ ပြန်လာကြတာလဲ” ရှီမာယူယူ ဝင်လာသော လူကြီးလေးယောက်ကို ကြည့်လိုက်သည်။

“မင်း အရိုက်ခံရတယ် ကြားလို့ မင်းကို တွေ့ဖို့ အပြေးလာခဲ့ကြတာပဲ။ ငါတို့ အချိန်ကိုက်ဖြစ်သွားတယ်” သူမ၏ ခေါင်းမှခြေအဆုံးကြည့်ရင်းနှင့် အစ်ကိုကြီးကပြန်ပြောလိုက်သည်။ ထို့နောက် စိတ်ပူစွာနှင့် မေးလိုက်သည်။ “အဆင်ပြေရဲ့လား၊ ဘယ်နေရာ မသက်သာသလိုခံစားရလဲ”

သူတို့ နေရာ ကွဲပြားစွာ ရပ်လိုက်ကြသည်။ သူမ ဒဏ်ရာပျင်းထန်စွာရသည်ဟု ကြားသည်နှင့် သူတို့သည် နှစ်ခါ စဉ်းစားစရာမလိုအောင်ပင် အကုန်လုံးချထားပြီး အပြေးရောက်လာကြသည်။

ရှီမာယူယူ ခေါင်းယမ်းလိုက်ပြီး စိတ်ချရန် အာမခံချက်ပေးလိုက်သည်။ “ဘာမှမဖြစ်ဘူး မစိုးရိမ်ပါနဲ့ အဘိုးတိုက်တဲ့ဆေးက တကယ်ကောင်းတယ်။ ဘယ်နေရာမှ မနာတော့ဘူး”

“အဘိုး အဂ္ဂိရတ်ဆရာရှာဖို့သွားခဲ့တာလား” အစ်ကိုလတ် ရှီမာယူမင်းကမေးလိုက်သည်။

“ဟုတ်တယ် ငါတို့ဆီမှာ ရှိတဲ့ဆေးက အဆင့်နိမ့်လို့ ဆရာရှီဆီသွားပြီး ဆေးနှစ်လုံး ဖော်ခိုင်းလိုက်တာ” ရှီမာလိုင် ပြန်ဖြေလိုက်သည်။

“အဲလူကြီးက ကျွန်တော်တို့ရဲ့ နှစ် နှစ်ရာ ဂျင်ဆင်းကို အငမ်းမရလိုချင်နေတာ။ အဲဒါနဲ့ လဲခဲ့တာလား” အစ်ကိုကြီး ရှီမာယူရွှီသည် အိမ်မှု ကိစ္စများကို စီမံခန့်ခွဲသူဖြစ်တာနှင့်အညီ  စစ်သူကြီးအိမ်တော်တွင် ဖြစ်ပျက်သမျှ အရာများကို သိသည်။

ရှီမာလိုင်ခေါင်းညိတ်လိုက်ပြီး “ငါ အဆင့်နှစ်ဆေးလုံးကို ဖော်စပ်ဖို့ပြောတော့ သူက အဆင့်နှစ်ဆေးက ဖော်ဖို့ ခက်တယ်တဲ့ ပြီးတော့ သူ့မှာနည်းနည်းပဲရှိတယ်တဲ့။ အကုန်လုံးက တန်ဖိုးရှိတော့ ဂျင်ဆင်းနဲ့လဲဖို့ပြောတယ်။ ငါလဲ အလောတကြီးနဲ့ သဘောတူလိုက်တယ်။”

“အဆင့်နှစ်ဆေးက ရွှေပြားနှစ်ဆယ်ပဲတန်တယ်။ နှစ် နှစ်ဆယ်ဂျင်ဆင်းကတော့ အနည်းဆုံး ရွှေပြားငါးဆယ် ရှိတယ်။ ဒါပေမယ့် ငါးယောက်မြောက် ညီလေးပြန်ကောင်းဖို့အတွက်ဆိုရင်တော့ တန်ပါတယ်” ရှီမာယူရန်က ပြောလိုက်သည်။ အကုန်လုံးက နှစ်နှစ်ရာ ဂျင်ဆင်းဆုံးရှုံးရခြင်းတွင် စိတ်ပူပန်ခြင်းမရှိပေ။

“ဟုတ်တယ် အဲဂျင်ဆင်း မရှိတာ ကျွန်တော်တို့ ညီလေးနဲ့ ယှဉ်ရင် ဘာမှမဟုတ်ဘူး။ သူအဆင်ပြေရင် တခြားဟာ တွေက အရေးမကြီးဘူး” အစ်ကိုငယ် ရှီမာလီက အခိုင်အမာပြောလိုက်သည်။

သူမဘေးတွင် ထိုင်နေသော ယောကျ်ားကြီးငါးယောက်၏ ပြောဆိုနေမှုများကို ရှီမာယူယူ ကြည့်နေသည်။ သူတို့ စကားနားထောင်ခြင်းအားဖြင့် တန်ဖိုးကြီးမားသော ဂျင်ဆင်းဆုံးရှုံးရခြင်းထက် သူမ နေကောင်းခြင်းကို လိုလားသည်။ ဒီလို ချစ်တဲ့သူတွေများတာ အရင် ရှီမာယူူယူဘယ်လောက်ကံကောင်းလိုက်လဲ။

ဒီကမ္ဘာမှာတော့ အကြွေစေ့များကို အဓိက ငွေကြေးအဖြစ်အသုံးပြုသည်။ ရွှေပြားတစ်ပြားသည် ငွေပြားတစ်ရာ၊   ကြေးနီပြား တစ်ထောင်နှင့် ညီသည်။ လူချမ်းသာများ ရွှေပြားများကို အဓိကထားသုံးနေချိန်မှာတော့ သာမာန်လူတန်းစားများသည် ငွေပြားနှင့် ကြေးနီပြားများကိုသာ အသုံးပြုကြသည်။

ရွှေပြားနှစ်ဆယ်သည် သာမာန်မိသားစုအတွက် ငါးနှစ်စာလောက် သုံးဖို့လုံလောက်သည်။ သို့သော် သူတို့သည် သူမ ပြန်ကောင်းလာဖို့အတွက်သာ အကုန်လုံးကို ပုံအောပစ်လိုက်သည်။

“ညီလေးငါး အပြစ်ကျူးလွန်တဲ့သူက ဘယ်သူလဲ။ ငါတို့ကိုပြော ငါတို့လက်စားသွားချေမယ်”  ဟု ရှီမာယူူယူထက် ၃၊၄နှစ် ကြီးပုံရသော တဇွတ်ထိုး အလုပ်တတ်ဆုံး အစ်ကိုငယ် ရှီမာယူလီကပြောလိုက်သည်။

စစ်သူကြီးအိမ်တော်တွင် သခင်လေး ငါးယောက်ရှိသည်။ အသက် ၂၉နှစ် အရွယ်ရှိ ပထမဆုံးသခင်လေး၊၂၄နှစ် ရှိပြီဖြစ်သော ဒုတိယမြောက်သခင်လေး၊ ၂၂နှစ်အရွယ် တတိယမြောက်သခင်လေး၊ ၁၈နှစ်အရွယ် လေးယောက်မြောက် သခင်လေးနှင့် ၁၄ နှစ်အရွယ် ငါးယောက်မြောက်သခင်လေးဟူ၍။ အကြီးလေးယောက်သည် ဒုံချန်း နိုင်ငံတော်တွင် ကျော်ကြားသော ပါရမီရှင်များဖြစ်ကြသည်။ ပထမသခင်လေးသည် အဆင့်ကိုး ဝိညာဉ်သခင်၊ ဒုတိယနှင့် တတိယ သခင်လေးတို့မှာ အဆင့်ငါး၊ လေးယောက်မြောက်သခင်လေးသည် အဆင့်တစ် ဝိညာဉ်သခင်တို့ဖြစ်ကြသည်။ ထိုအဆင့်ကို အသက်ငယ်ငယ်ရွယ်ရွယ် နှင့်ပင်ရောက်ရှိကြပြီး ထိုမိသားစုတွင်တော့ ကြောက်မက်ဖွယ်ရာ မျိုးရိုးဗီဇပင်ဖြစ်သည်။

နာမည်မကြီးသော သခင်လေး ငါးသည်သာ ထိုအရာတွင် အရည်အချင်းမရှိပေ။ သူသည် အနီးပတ်ဝန်းကျင်မှ ဝိညာဉ်စွမ်းအင်ကိုပင် အာရုံခံနိုင်စွမ်းမရှိပေ။ သူသည် အဆင့်အနိမ့်ဆုံး ဝိညာဉ်သခင်ပင် အရည်အချင်းမမှီပေ။ သူသည် အမှိုက်တစ်စပင်။

ရှီမာယူယူကို အပြစ်ကျူးလွန်သူအားမေးမြန်းခြင်းကို ကြားသည်နှင့် အစ်ကိုလတ်သည် အံကြိတ်၍ သဘောတူစွာပြောလိုက်သည်။ “ညီလေးငါး အဲဒါ ဘယ်သူလဲ ငါတို့လက်စားချေပေးမယ်”


Comment

Leave a Reply

Options

not work with dark mode
Reset