Switch Mode

အပိုင်း (၃) – ရန်သူနှင့် တွေ့ဆုံခြင်း

“ယူလေး စိတ်မကောင်းမဖြစ်ပါနဲ့၊ လက်စားချေဖို့က ခဏရပ်ထားလို့ရပါတယ်။ ပိုအရေးကြီးတာက မင်းလုံးဝပြန်ကောင်းလာတဲ့အထိစောင့်ပြီး မင်းလက်စားချေဖို့သွားတဲ့အခါမှာ မင်းရဲ့အကိုတွေလိုက်ခဲ့ဖို့ပဲ။ သူတို့ကို ဘယ်သူခုခံရဲလဲ။ သူတို့ရဲ့ ဒေါသကို ဘယ်သူရင်ဆိုင်ရဲမှာလဲ၊ အဲဒီမိုက်မဲတဲ့သူတွေ ပြန်ပေးဆပ်တာကို မင်းအရသာခံနေလိုက်ပါ။ ပြီးတော့ သူတို့ရဲ့ နေ့အလင်းရောင်တွေကို ယူပလိုက်ပါ” ရှီမာလိုင် လှိုက်လှိုက်လှဲလှဲ ပြောလိုက်ပြီး သူ့ရဲ့ ချစ်ရတဲ့ မြေးမလေး ဘာစကားတစ်လုံးမှမပြောသည်ကို မြင်တွေ့လိုက်ရ ချိန်မှာတော့ သူမစိတ်ဆိုးနေသည်ဟု ယူဆလိုက်သည်။ ဒါကတော့ သူကို ချော့သည့် သူ၏နည်းလမ်းပင်။

သို့သော် အဘိုး ဒီနည်းလမ်းက ဘယ်သူ့ကိုမဆို သက်ရောက်တယ်လို့ရော သေချာရဲ့လား။ အရင်တုန်းက အကြောင်တွေကို ပြန်တူးဖော်သလိုဖြစ်မနေဘူးလား။ ဒီလိုအားပေးတိုက်တွန်းမှုက ရှေ့အနာဂတ်မှာ ပြဿနာ ပိုဖြစ်နိုင်သည်လေ။ ဘယ်လိုပဲဖြစ်ဖြစ် သူမ၏ အရင်ဘဝမှာတော့ မိဘမဲ့တစ်ယောက်၊ ရှီမာလိုင်၏ အားပေးစကားများကို ကြားပြီးနောက်မှာတော့ သူမ နှလုံးသားမှ နွေးထွေးမှုကို ခံစားလိုက်ရသည်။

ဒါဟာ မိသားစုရှိခြင်းရဲ့ ခံစားချက်မျိုုးပါလား…

ခါးသက်သော ဆေးလုံးသောက်ပြီးမိနစ်အနည်းငယ် အတွင်းမှာပင် အလွန်ကြီးမားသော နာကျင်မှုသည်  ပျောက်ကွယ်သွားပြီး နာရီဝက်အတွင်းမှာတော့ သူမ ဒဏ်ရာများသည် အလုံးစုံး ပျောက်ကင်းသွားတော့သည်။ ဒါဟာ သူမကြုံဖူးသမျှထဲတွင် အံ့သြစရာကောင်းသော စွမ်းဆောင်မှုကို ပထမဆုံးအကြိမ် ကြုံရခြင်းဖြစ်သည်။ ဒါဟာ ဒီကမ္ဘာတွင် သိလိုစိတ်ပြင်းပြမှုကို ဖြစ်ပေါ်စေသော တံခါးတစ်ချပ်ကို ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။

“အဘိုး ဒီပစ္စည်းဟာ အံ့သြစရာကောင်းလိုက်တာ” သူမ ထ ရပ်လိုက်တဲ့အချိန်မှာ ရှီမာယူယူ၏ မျက်လုံးများသည် တောက်ပလာသည်။ သူမ အားအင်ပြည့်ဝလာပြီး နုပျိုမှုကို ခံစားမိလာသည်။

“ဟားဟား ဟုတ်ပါတယ် မဆိုးပါဘူး” သူ ဟက်ဟက်ပက်ပက်ရယ်လိုက်သည်။ သူ သူမကို ကြင်နာသော အကြည့်နှင့် ကြည့်လိုက်ပြီး ပျော်ရွှင်စွာခေါင်းညိတ်လိုက်သည်။ “ဟင်း အဂ္ဂိရတ်ဆရာသာ ငါတို့မိသားစုထဲကဆိုရင် သမီးအဲလောက်တောင် ခံစားလိုက်ရမှာမဟုတ်ဘူး။ ဒီဆေးတစ်လုံးလေးကတောင် ဒုက္ခတွေကို ဖယ်ရှားနိုင်တယ်”

“သမီးတို့အတွက် အလုပ်လုပ်ပေးတဲ့ အဂ္ဂိရတ်ဆရာမရှိဘူးလား” ရှီမာယူယူ စိတ်ဆိုးစွာနှင့်မေးလိုက်သည်။ သူတို့က စစ်သူကြီး အိမ်တော် ကမဟုတ်ဘူးလား သူတို့ဆီက ဘာလို့ ဆေးအနည်းငယ်ပဲရတာလဲ။

“ငါတို့ နည်းနည်းပဲခန့်ထားတယ် ပုံမှန်ဆေးနဲ့ ဒုတိယဆေးလက်တစ်ဆုပ်စာလောက်ပဲ သိုဝှက်ထားတာရှိတယ်။ ဒါပေမယ့် အဲဒီ ဒုတိယအဆင့်ဆေးတွေက ဆေးကုဖို့မဟုတ်ဘူး။ ငါသခင်ရှီ ဆီသွားရာင် သူတောင်းထားတဲ့ ဒုတိယအဆင့် ဆေးနှစ်လုံးပေးဖို့အတွက်ပဲ”။ သူ ရှီမာယူယူကို တောင်းပန်သလိုကြည့်သည်။ “တောင်းပန်ပါတယ် အကုန်လုံး အဘိုးအမှားပါ။ ငါ့ရဲ့ ပြင်းထန်တဲ့ ဒေါသကြောင့်သာမဟုတ်ရင် ငါတို့ အိမ်တော် နဲ့ မြို့က အဂ္ဂိဆရာတွေ ကြားမှာ ဝေးသွားမှာမဟုတ်ဘူး။ ဒါကလည်း ဒီလောက်မကြာသင့်ဘူး။ ဒီလောက်အကြာကြီး နာကျင်ရလို့ တောင်းပန်ပါတယ်။”

“အဘိုး ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။ အဘိုးအပြစ်တင်ချင်ရင် အကုန်လုံးဟာ အဂ္ဂိဆရာတွေရဲ့ စိတ်တိုစရာကောင်းတဲ့ အမှားတွေကြောင့်ပဲလေ။ အဘိုးသူတို့ကို မကြိုက်ရင် သမီးလည်းမကြိုက်ဘူး။ တကယ်လို့ သမီး တစ်နေ့မှာ အဂ္ဂိဆရာဖြစ်ခဲ့ရင် သူတို့ကို မျက်နှာချင်းဆိုင်ပြီး အစစ်အမှန် အဂ္ဂိဆရာဆိုတာ ဘာလဲဆိုတာပြပေးလိုက်မယ်”

“ဟားဟား ကောင်းပါပြီ အဘိုးမျှော်လင့်နေပါမယ်” သူအားရဝမ်းသာ ရယ်မောလိုက်သည်။

သို့ပေမယ့် သူတို့အားလုံးဟာ အဂ္ဂိဆရာဖြစ်ဖို့ ပထမဆုံးကျင့်ကြံခဲ့သူကို မှတ်မိပုံမရဘူး။ ဆေးဖော်စပ်ရန်အတွက် မီးပြင်းဖိုတွင် စိတ်စွမ်းအားများအသုံးပြုရပြီး စိတ်စွမ်းအား သာမက ထိုစွမ်းအားကို ထိန်းချုပ်နိုင်ရန် လိုအပ်ပေသည်။ ရှီမာယူယူတွင် အားအင်အနည်းငယ်မျှမရှိဘဲ စိတ်စွမ်းအင်နဲ့ မီးပြင်းဖိုကို ထိန်းပြီးဆေးဖော်နိုင်ပါ မလား။

အဘိုးယူလာသော ဆေး၏ အကျိုးသက်ရောက်မှုကြောင့် သူမ မြန်မြန်နေကောင်းလာသည်။ နောက်နေ့ မနက်မှာတော့ စပ်စုပြီး တက်ကြွနေသော ရှီမာယူယူတစ်ယောက် လမ်းမပေါ်သို့တစ်ဦးတည်း ထွက်ခဲ့လိုက်သည်။

ဒီနေရာနဲ့ ပတ်သတ်တဲ့ မှတ်ဉာဏ်တွေရှိပေမယ့် ဒီလောကကို သူမ မျက်စိနှင့်တပ်အပ်မြင်ချင်မိသည်။

“ဒီလောကက တကယ် မိုက်တာပဲ” ရှီမာယူယူ စိတ်လှုပ်ရှားစွာနှင့် အံ့အားသင့်စွာရေရွတ်လိုက်သည်။ သူမ လမ်းတချို့ကို သွားပြီးတဲ့နောက်မှာ ရပ်တန့်လိုက်သည်။

“အိုး ဒါ ငါးယောက်မြောက်သခင်လေးမဟုတ်လား၊ ဝင်ခဲ့ပါ သခင်လေး၊ ဒီနေ့ ဘာယူမလဲ။ ဒီနေ့ဆိုင်မှာ ဝိညာဉ်သားရဲ အသစ်တွေရောက်တယ်။ ဘယ်ဟာကိုကြည့်မလဲ။” ဖော်ရွေသော ဆိုင်ရှင်ဟာ ရှေ့တိုးလိုက်ပြီး ရှီမာယူယူနှင့် အကျွမ်းတဝင်ရှိသကဲ့သို့ပင် နွေးထွေးစွာ ကြိုဆိုလိုက်သည်။

သူမ အချိန်ခဏအတွင်းတွင် မှတ်ဉာဏ်များကို ရှာဖွေလိုက်ပြီး သူမအား ဆိုင်ရှင်က ဘာကြောင့် နွေးထွေးစွာ ကြိုဆိုလဲဆိုတာကို သဘောပေါက် လိုက် သည်။ တကယ်တော့ ရှီမာယူယူဟာ ဒီဆိုင်၏ ဖောက်သည်ဖြစ်ပြီး ဝိညာဉ်သားရဲများဝယ်ယူပြီး မြို့ထဲမှ တခြားသခင်လေးများကို လက်ဆောင် ပေးခဲ့သည်လေ။

သူမ ဖောက်သည်ဖြစ်သည်နှင့်အညီ ဆိုင်ရှင်နှင့်အလျင်အမြန်ပင် ရင်းနှီးသွားခဲ့သည်။

“ငါးယောက်မြောက်သခင်လေး ကျွန်တော်တို့ နောက်ဆုံးရောက်တဲ့ ပစ္စည်းလေးတွေ ကြည့်ပါဦး အဆင့်နိမ့် နံပါတ်ငါး မီးမြေခွေး၊ ဒီမှာကတော့ အဆင့်နိမ့် နံပါတ်ခြောက် ဝံပုလွေရိုင်းပါ။ ဘယ်လိုလဲ မိုက်တယ်မလား”  ဆိုင်ရှင်သည် ဝိညာဉ်သားရဲများကို လှောင်အိမ်ထဲမထည့်ခင် မိတ်ဆက်လိုက်သည်။

ရှီမာယူယူ ဝံပုလွေရိုင်းကို ကြည့်လိုက်တဲ့အခါမှာတော့ ဘဝမျှော်လင့်ချက်တစ်စုံတစ်ရာမျှကျန်ရှိမနေကဲ့သို့ သူမကို ပြန်ကြည့်သော ဝံပုလွေရိုင်း၏မျက်လုံးများကိုတွေ့လိုက်ရသည်။ ဝံပုလွေရိုင်း၏ အမွှေးများမှာ ထူထပ်နေပြီး ကြွေရောင်ထနေသည်မှာ အရည်အသွေးကောင်းခြင်းကို ပေါ်လွင်စေသည်။ “အိုး ငါဘာမှဝယ်ဖို့စိတ်ကူးမရှိလို့ ဒီနေ့တော့ ပိုက်ဆံယူမလာမိဘူး။ ငါက ဝိညာဉ်သားရဲတွေနဲ့ ဆက်သွယ်လို့မှမရတာ ငါက ဘာလို့ဝယ်ဖို့လိုအပ်မှာလဲ”

ဗိုလ်ချုပ်အိမ်တော်ရဲ့ ငါးယောက်မြောက်သခင်လေးဟာ ဝိညာဉ်သားရဲများနှင့် မဆက်သွယ်နိုင်တာ အမှိုက်လို့ အမည်တွင်နေတာ အကုန်သိတယ်လေ။ သူ့မှာ ဝိညာဉ်သားရဲတွေနဲ့ ဆက်သွယ်ဖို့ စာချုပ်ရှိမလဲ။ စာချုပ်ချုပ်ဖို့ဆို ဝိညာဉ်သခင်ကြီးဆီမှ ဝိညာဉ်ပင်မအဆက်အသွယ် အနည်းဆုံးရှိရမည်လေ။ ထို့ကြောင့် ငါးယောက်မြောက်သခင်လေး မည်သို့ပင် ဝိညာဉ်သားရဲများကို ဝယ်စေကာမူ လက်ဆောင်အဖြစ်ပေးရသည်သာ။ သို့သော် အဲဒါသည်လည်း ဆိုင်ရှင်၏ ဈေးကွက်ရှာနည်းဖြစ်သတည်း။

“တကယ်လို့ ငါးယောက်မြောက်သခင်လေး ကြိုက်ရင် ဝိညာဉ်သားရဲကို ယူသွားပြီး နောက်မှ ပိုက်ဆံလာပေးလိုက်လေ။ အိုး အရင်တစ်ခေါက်က သခင်လေးမူရုန်အန်းက ဝံပုလွေရိုင်းကို လိုချင်တာ ပစ္စည်းပျက်သွားတယ်လေ။ သခင်လေးမြန်မြန်မလှုပ်ရှားရင် သူများကိုရောင်းလိုက်ရလိမ့်မယ်” ဆိုင်ရှင်ဟာ တတွတ်တွတ် ပြောလိုက်သည်။

တကယ်လို့သူသာ အရင်က ရှီမာယူယူဖြစ်ခဲ့ရင် ငါးစာကို ဟပ်မိပြီး ဝံပုလွေရိုင်းကို ဝယ်မိမှာပဲ။ မူရုန်လိုချင်တာဆိုရင် ဘာမဆိုတွေဝေခြင်းမရှိဘဲ ဘယ်လောက်ကုန်ကျပါစေ ဝယ်ပေးမိမှာပဲ။

သို့သော် ရှီမာယူယူ ဆိုင်ရှင်၏ စကားများကိုကြားပြီးနောက် ရိုးရှင်းစွာနှင့်ပင် ပြောလိုက်သည် “ကောင်းပြီ သူ့ကိုတွေ့ရင် ပြောလိုက်ပါမယ်”

ပြီးသည့်နောက်မှာတော့ သူမပြန်လှည့်လာလိုက်ပြီး ဆိုင်မှ ထွက်ခဲ့တော့သည်။

“……………..”

ဆိုင်ရှင်သည် စက္ကန့်အနည်းငယ်မျှ လှုပ်ရှားမှုရပ်တန့်သွားသည်။ သူမ ဆိုင်ကထွက်သွားမှသာ ငေးမောနေသော သူ့နဖူးသူ ရိုက်လိုက်ပြီး ရေရွတ်လိုက်သည် “ငါအဖျားမရှိပါဘူး။ ဘယ်လိုလုပ် စိတ်ခြောက်ခြားနေတာပါလိမ့်။ ဒီရှီမာယူယူက မူရုန်လိုချင်တယ်လို့ပြောတာတောင်မှ ဘာမှမဝယ်ဘဲ ထွက်သွားခဲ့တာ။ အဲလောက် တည်ငြိမ်တာလား။ ဒီနေ့ နေအနောက်ကနေ ထွက်မှာလား”

ရှီမာယူယူ ဆိုင်မှာဖြစ်ခဲ့သည့်အရာများကို ပြန်လည်စဉ်းစားလိုက်သည်။ ဒီလို ဆိုင်ရှင်လေးတောင်မှ သူမကို မူရုန်နာမည်သုံးပြီး ဝိညာဉ်သားရဲရောင်းသေးတာ သူမ မူရုန်းကို ကြိုက်တာ ဘယ်လိုသိလဲ။

ဝိညာဉ် ဝံပုလွေကို စဉ်းစားလိုက်ပြန်တော့လည်း သူမရောက်ရှိနေသော မှော်လောကအသစ်၏ အံ့သြမှုများကို ဖြေးညင်းစွာ သက်ပြင်းချမိလိုက်သည်သာ။ အရင် ရှီမာယူယူဟာ မကျင့်ကြံနိုင်သော်လည်း မူရုန်းကြောင့်သာ သူမ ဝိညာဉ်နှစ်ကောင် အကြောင်းတွေကို အိမ်စာလုပ်ခဲ့ပုံရသည်။

သည်လောကတွင် ထိုကဲ့သို့ အဆင့်လိုက် ဝိညာဉ်သားရဲများ ခွဲခြားထားသည်။ အနိမ့်ဆုံးအဆင့်၊ သူတော်စင်အဆင့်၊ မြင့်မြတ်သော အဆင့်ဟူ၍။

အဆင့်နိမ့် ဝိညာဉ်သားရဲများသည် အနည်းငယ် ထူးချွန်၍ တချို့သော လူသားစကားကိုနားလည်ပြီး ရိုးရှင်းသော စကားလုံးများကို ပြန်လည်တုန့်ပြန်နိုင်သော်လည်း မြင်မြတ်သော အဆင့် ဝိညာဉ်သားရဲများမှာ အလွန် ဉာဏ်ထက်ပြီး လူသားစကားများကို ကျွမ်းကျင်စွာပြောဆိုနိုင်သည်။

ဝိညာဉ် သခင်ကြီးသည် ဝိညာဉ်အဆက်အသွယ်မှတစ်ဆင့် ဝိညာဉ်သားရဲများနှင့် စာချုပ်ချုပ်နိုင်သည်။ မည်သို့ပင်ဖြစ်စေကာမူ ဝိညာဉ်သားရဲရိုင်းများ ဖမ်းမိသော်လည်း သူတို့၏ ရိုင်းဆိုင်းမှုနှင့် ထိန်းမရသော စွမ်းအင်များ သည် အဆက်အသွယ်ကို ကျော်ဖြတ်နိုင်ပြီး ကျင့်ကြံသူများကို တုန့်ပြန်မှုများကိုဖြစ်စေသည်။

ယဉ်ပါးသောသားရဲများသည် မွေးရာပါ တည်ငြိမ်ကြပြီး စိတ်ရိုင်းများကို ထိန်းချုပ်နိုင်ကြသည်။ ထိန်းမရဖြစ်သော ဝိညာဉ်သားရဲများကိုလည်း ငြိမ်အောင်လုပ်နိုင်စွမ်းရှိသည်။ ထိုအရာသည် စာချုပ်မချုပ်ခင် ဝိညာဉ်သားရဲများကို ကျိုးနွံစေပြီး တုန့်ပြန်မှု အန္တရာယ်ကို ဖယ်ရှားပေးသည်။ ထိုအကြောင်းများကြောင့်ပင် ယဉ်ပါးသော သားရဲများကို ရှာဖွေကြသည် ဖြစ်သည်။ ဝိညာဉ်သခင်နှင့်စာချုပ်ချုပ်ပြီးနောက်မှာတော့ ဝိညာဉ်သားရဲ၏ ကြမ်းတမ်းမှုများ ပြန်ပေါ်လာသည်။ သို့သော် စာချုပ်ကြောင့်ပင် သူတို့၏ ဝိညာဉ်သခင်ကို အနာတရပြုလုပ်၍မရနိုင်ပါ။

ရောက်တတ်ရာရာ လမ်းလျှောက်ပြီးတဲ့နောက်မှာတော့ ရှီမာယူယူ နောက်ပြန်လှည့်ဖို့ဆုံးဖြတ်လိုက်သည်။ သူမ ယဉ်ပါးသော သားရဲနှင့် ပတ်သက်သည်များကို စဉ်းစားနေသည်နှင့်ပင် ပတ်ဝန်းကျင်ကို ဂရုမစိုက်မိဘဲ လမ်းတွင် မျက်နှာချင်းဆိုင်တွေ့မိသူများကိုပင် ဂရုမပြုမိတော့ပေ။

“မျက်လုံးမပါဘူးလား။ သေချင်နေပြီလား” လူတစ်ယောက်အော်လိုက်ပြီး သူ့ခေါင်းကို ဖမ်းဆွဲလိုက်သည်။ သူ့မျက်လုံးများ ရှီမာယူယူပေါ်သို့ ကျရောက်တဲ့အချိန်မှတော့ သူ့နှုတ်ခမ်းများ တွန့်လိပ်သွားပြီး လှောင်ပြုံး  ပြုံးလိုက်သည်။ “ဆိုတော့ ငါတို့ရဲ့ နာမည်မကြီးတဲ့ အမှိုက်ပဲ။ မင်းဘယ်လို အသက်ရှင်နေတာလဲ။ ကြည့်ရတာ ငါ့လက်သီးက ဒီတစ်ခါပျော့သွားတယ်ထင်တယ်”

ရှီမာယူယူ ရုတ်တရက်တိုက်မိသောကြောင့်တွေဝေသွားပြီး တစ်ဖက်သူ၏စကားကို ကြားတဲ့နောက်မှာတော့ ကြည့်လိုက်သောအခါ သူမ၏မျက်လုံးများ ကျဉ်းသွားတော့သည်။

ဒီလူဟာ ထိုနေ့က သူမကိုရိုက်နှက်ခဲ့သော သူဆိုတာသေချာတယ်။ သူမရှီမာယူယူအတွက် လက်စားချေပေးမည်ဟု ကတိပေးခဲ့တဲ့အတွက် ဒီလူရဲ့ရှေ့မှာပဲ စတင်လိုက်ကြရအောင်။


Comment

Leave a Reply

Options

not work with dark mode
Reset