“ငါသွားမယ် ငါသွားမယ်”
ဒုံချန်နိုင်ငံ အင်ပါယာမြို့တော်ရှိ စံအိမ်တော်ကြီး၌ဖြစ်သည်။ စံအိမ်တော်အတွင်းတွင် မကျေနပ်ချက်နှင့် ပြည့်နှက်နေသော အသံသည် ပဲ့တင်သံထွက်နေသည်။
“သခင်လေးနိုးပြီလား”
လူနှစ်ယောက်ဟာ အိမ်ဝင်းထဲသို့ အရေးတကြီးပြေးဝင်လာကြပြီး သူတို့၏ နားတွေကို စွင့်ထားလိုက်ကြသည်။ ဆူညံသံမရှိဘဲ တိတ်ဆိတ်နေသည်။ တိတ်ဆိတ်လွန်းသောကြောင့် သူတို့ စိတ်ကူးကြည့်လို့ရနေသည်။
“ငါတို့ အခန်းထဲကို ချောင်းကြည့်သင့်လား” တစ်ယောက်က တုန်ယင်နေသော အသံဖြင့်ပြောလိုက်သည်။ အခန်းထဲသို့ ဝင်ခြင်းဟူသော အတွေးကို မတွေးရဲအောင်ပင် အကြောက်တရားဟာ သူမ၏အသံတွင် ထင်ရှားနေသည်။
“မဝင်တာကောင်းမယ်ထင်တယ်” နောက်တစ်ယောက်က ပြောလိုက်သည် “ငါတို့သခင်းလေး နိုးတဲ့အချိန်မှာတော့ သူငါတို့ကို ခေါ်လိမ့်မယ်။ ငါတို့ သခင်လေးအခန်းကို ဇွတ်ဝင်ရင် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရလိမ့်မယ်”
“ဒါပေမယ့် သခင်လေးနိုးလာခဲ့လို့ အနီးအနားမှာ ငါတို့ကို မတွေ့လည်း အပြစ်ပေးခံရမှာပဲ။ ပြီးတော့ သခင်လေးနိုးလာပေမယ့် စကားမပြောခဲ့ရင် ငါတို့ဘာလုပ်ရမှာလဲ”
“ဒါဆို ငါတို့ဝင်ကြည့်တာပိုကောင်းမယ်၊ တကယ်လို့ သခင်လေးမနိုးသေးရင် ငါတို့ပြန်ထွက်လာမယ်လေ”
“ကောင်းတယ်”
တိုးတိုးတိတ်တိတ် တိုင်ပင်ပြီးနောက်မှာတော့ သူတို့နှစ်ဦးဟာ အိမ်ဝင်းထဲက အဓိက အိပ်ဆောင်အတွင်းသို့ ခြေဖျားထောက်ကာ ချည်းကပ်သွားကြသည်။ သူတို့သည် တံခါးကို ဖြည်းညင်းစွာဖွင့်လိုက်ကြပြီး အထဲသို့ တိတ်ဆိတ်စွာ နင်းလျှောက်သွားကြသည်။ အိပ်ရာပေါ်မှ ပုဂ္ဂိုလ် မျက်လုံးအား တင်းကျပ်စွာ ပိတ်ထားသည် ကိုမြင်တွေ့လိုက်ရသည်။ အသက်ရှုသံပျင်းပျင်းနဲ့ အိပ်မောကျနေသော ပုဂ္ဂိုလ်အားတွေ့မှပင် သူတို့ အခန်းထဲမှ ဖြေးညင်းစွာထွက်ခဲ့ကြသည်။
“ဟူး တော်သေးတယ် သခင်လေး မနိုးသေးဘူး”
“ဒီအတိုင်းပဲ တံခါးရှေ့မှာစောင့်ကြရအောင်”
“ဟင်မ် ငါတော့ သခင်လေး အကြာကြီးအိပ်နေလိမ့်မယ်လို့မထင်ဘူး”
“ငါကြားတာတော့ စစ်သူကြီးက တခြားပါတီအဖွဲ့တွေနဲ့ ညှိနှိုင်းဖို့သွားချင်တာတဲ့ ဒါပေမယ့် သခင်လေးက တားတယ်ဆိုပဲ”
“သနားစရာ ငါတို့သခင်လေးက ဒဏ်ရာအပြင်းအထန်ရထားတာလေ၊ တကယ်လို့ တခြား သခင်လေးတွေသာ သိကြည့် သူတို့ ဖျက်ဆီးပစ်ကြမှာပဲ”
“ငါကြားတာတော့ တခြားသခင်လေးတွေ မကြာခင်ပြန်လာကြမယ်ဆိုလားလို့”
“ဟုတ်လား”
“…..”
အစေခံနှစ်ယောက်ထွက်သွားတဲ့အချိန်မှာတော့ ရှီမာယူူယူ မျက်လုံးကိုဖွင့်လိုက်သည်။ သူမမျက်နှာပေါ်မှ အမူအရာမှာ တမူကွဲပြားနေသည်။ သူမ ဒေါသနှင့် အံကြိတ်လိုက်သောအခါ ကိုက်ဖြတ်ဖို့ အဆင့်သင့်ဖြစ်သကဲ့သို့ပင်။
“ရှုး”
သူမ၏မျက်နှာပေါ်မှ ဒဏ်ရာများသည် သူမမျက်နှာအမူအရာပြောင်းတိုင်း နာကျင်၍ သူမ လေအေးကို စုပ်သွင်းလိုက်သည်။
“သေစမ်း ပေါ့သေးသေးတော့ မဟုတ်ဘူးပဲ” ရှီမာယူူယူ သူမမျက်နှာကို ထိတွေ့လိုက်သော်လည်း ဆူးချွန်နှင့်ထိုးသကဲ့သို့ ဝေဒနာပြင်းထန်သောကြောင့် သူမ လှုပ်ရှားမှုကို ရပ်တန့်လိုက်ရသည်။
အပြင်မှ အစေခံနှစ်ယောက်ပြောသည်ကို နားထောင်ပုံအရ သူတို့ သခင်လေးအကြောင်းကိုပြောသွားသည်။ ရှီမာယူူယူ မျက်စိပိတ်ပြီးမနေနိုင်တော့။
သူမဟာ မိန်းကလေးအစစ်၊ သူအဘိုး၏ ခိုင်းစေချက်အရ ယောကျ်ားလေးတစ်ယောက်သကဲ့သို့ နေထိုင်ရသည်၊ ယောက်ျားလေးအဝတ်အစားများဝတ်ရသည်၊ ယောကျ်ားလေးအတိုင်းပင် လမ်းလျှောက်ရသည်။
“မင်းဟာ ကောင်းကောင်းလိမ်လည်နေတာပဲ” ရှီမာယူယူ မနှစ်မြို့သလိုပြောလိုက်သည်။
၂၁ရာစုသို့ သူမ၏နောက်ကြောင်းကို ပြန်လည်စဉ်းစားရာတွင် လုပ်ကြံမှု ပြီးမြောက်သည်နှင့် ၁၄နှစ်အရွယ်ကောင်မလေး၏ ခန္ဒာကိုယ်တွင် စွဲငြိနေမည်ဟု မျှော်လင့်ထားခြင်းမရှိပေ။
မှန်သည်၊ အစောက အစေခံနှစ်ယောက်ကြားလိုက်သော ကျိန်ဆဲမှုသည် သူမ ပါးစပ်မှထွက်လာသည်သာ၊ အဘယ့်ကြောင့်ဆိုသော် သူမ နှစ်ကြိမ်တိတိ လိမ်လည်မှုအောင်မြင်ခြင်းကြောင့်ပင်။
သူမသည် အဖွဲ့အစည်း၏ အားအကောင်းဆုံး လုပ်ကြံသတ်ဖြတ်သူ၊ သူမ အဖွဲ့အစည်းအတွက် အလုပ်စလုပ်ချိန်မှစ၍ တစ်ခါမှပင် ပစ်မှတ်ကို လွဲဖူးခြင်းမရှိပေ။
သေဆုံးခြင်း ဖြစ်စဉ်မှာတိုတောင်းလှသည်၊ သူမ ကျိန်ဆဲစကားမဆိုခင်မှာပင် အမှောင်ထုဖုံးလွှမ်းသွားပြီး သတိမေ့မြောသွားတော့သည်။
သူမ သတိပြန်ရလာချိန်မှာတော့ သူမအလွန်ကျယ်ပြောလှသော နေရာ၊ သူမ၏ဘေးတွင် မှေးမှိန်သော အရိပ်တစ်ခု၊ သူမကဲ့သို့ လိပ်ပြာရှိသောပုံစံပေါ်လာသည်။ သူမစကားမပြောခင်မှာတွင် တစ်ဖက်သူမှစပြောလိုက်သည် “မင်းအခု ငါ့ ခန္ဒာကိုယ်ထဲရောက်နေပြီ”
သူမကြားလိုက်သော စကားများကြောင့် အလွန်အမင်းအံသြသွားသည်။ သူမအခု ငရဲရောက်နေရမှာ မဟုတ်ဘူးလား၊ ဘယ်လိုဖြစ်လို့ သူများခန္ဒာကိုယ်ထဲရောက်သွားတာလဲ။
တစ်ဖက်ဝိညာဉ်မှ သူမအတွေးကိုဖတ်မိသကဲ့သို့ “ဘာတွေဖြစ်နေလဲတော့ ငါမသိဘူး၊ ဒါပေမယ့် မင်းရဲ့ ဝိညာဉ်ကိုတွေ့လိုက်တဲ့အခါမှာ ငါဒီအတိုင်းပဲ ဆွဲထုတ်ခံလိုက်ရပြီး မင်းဝင်လာတာပဲ”
“အား…”
“ငါအခုသေသွားပြီ။ ငါ့ဘ၀ အဆုံးသတ်သွားပြီ။ မင်းငါ့ခန္ဒာကိုယ်ထဲ ဝင်သွားတဲ့အချိန်ကစပြီး မင်းငါ့အစား နေသွားရတော့မယ် အားလုံးကို ဂရုစိုက်ပါ့မယ်လို့ ငါ့ကို ကတိပေးပါ ငါ့ခန္ဒာကိုယ်ကို မင်းနဲ့ထားခဲ့ပါမယ်” တစ်ဖက် ဝိညာဉ်မှ ကြေကွဲစွာဖြင့် ပြောလိုက်သည်။
“တကယ်လား” ရှီမာယူူယူ အလန့်တကြားမေးလိုက်သည်။ သူမမှာ တကယ်ဒုတိယမြောက်ဘ၀ ပိုင်ဆိုင်လာတာလား။
“ကောင်းပါပြီ ငါကတိပေးပါတယ်” ရှီမာယူူယူ ယဉ်ယဉ်ကျေးကျေးပင် ပြန်ဖြေလိုက်သည်။ တကယ်လို့ ငါပြန်မွေးဖွားနိုင်မယ်ဆိုရင် ဒါပေမယ့် လုပ်ကြံမှုကြောင့် အသက်ဆုံးရှုံးရမယ်ဆိုရင် သူမဘာတောင်းဆိုမှာလဲ။ အဲဒါ မတိုင်ခင် သူမဘယ်လိုပဲဖြစဖြစ် ကိုယ်တိုင်ဂရုစိုက်ရမည်။ သူမကို ဆန့်ကျင်သူကို အဖွဲ့အစည်းရဲ့ ဒုတိယ တာဝန်ပေးခံရသူက လက်စားချေပေးသည်ကို လိုလားသည်။
“ဒီအတွက် ငါ့မှတ်ဉာဏ်တွေကို မင်းကိုပေးမယ်၊ မင်းငါ့အတွက် လက်စားချေပေးမယ်လို့ ကတိပေးခဲ့တာကို သတိရပေးပါ။ ပြီးတော့ ငါ့အဘိုးနဲ့ အကိုတွေကကောင်းတယ်၊ တစ်ခုရှိတာက ငါ့မိဘတွေကိုအခုထိရှာမတွေ့သေးဘူး၊ သူတို့ ကမ္ဘာရဲ့ တစ်နေရာရာမှာ ရှိနေမယ်လို့ ငါယုံတယ်” သူမ၏ အသံသည် တိုးတိုးသွားပြီး ထိုအရိပ်သည် တဖြေးဖြေးနှင့် ပျောက်ကွယ်လု ဖြစ်နေတော့သည်။
ခံစားမှုတွေပြည့်နှက်နေသော နှလုံးသားနှင့် နောက်တရမှုတွေကို ရှီမာယူူယူမြင်တွေ့လိုက်ရသည်။ သူမ ဖြေရှင်းချက်နှင့်အတူ ဖြေကြားလိုက်သည် “စိတ်မပူပါနဲ့ ငါမင်းရဲ့ မိဘတွေကို ရှာဖို့ကူညီပေးပါမယ်”
“မင်း ကိုယ်ပြောတဲ့စကားကို ရုပ်သိမ်းမယ့်သူမျိုးမဟုတ်ဘူးလို့တော့ ထင်တယ်။ မင်းသဘောတူရင် မင်းနဲ့ အကုန်ထားခဲ့ပြီး ငြိမ်းချမ်းစွာထွက်သွားတော့မယ်” ထိုပုံရိပ်စကားပြောပြီးတာနဲ့ပင် သူမ အမှုန်အဖြစ် ပြောင်းလဲသွားပြီး လုံးဝပျောက်ကွယ်သွားတော့သည်။
ရှီမာယူူယူ ရုတ်တရက် နာကျင်မှုစတင်ခံစားလာရသည်။ သူမ ဘာဖြစ်သွားလဲ မသိခင်မှာပဲ ထပ်ပြီး သတိမေ့မြောသွားလေသည်။
သူမ နိုးလာချိန်မှာတော့ သူမအိပ်ရာပေါ်တွင် လှဲလျောင်းနှင့်နေပြီ။ သူမ ဒုတိယအကြိမ် အခွင့်အရေးကို ရသညိကို တွေးတောင်မတွေးမိပေ၊ သို့သော် သူမ လှည့်လည်ကြည့်ရှုလိုက်သောအခါ အခန်းထဲမှ တန်ဖိုးကြီးမားသော ပရိဘောဂများသည် သူမအား စကားလုံးများကို ပျောက်ဆုံးစေသည်။ သူမ အိမ်မက်မက်နေသည် အထင်နှင့် ဘာတုန့်ပြန်မှုမှမပြုလုပ်သော်လည်း ရုတ်တရက် ထိုးထွင်းမြင်လိုက်ရသည်ကမှ အိမ်မက်၊ အခုသည် တကယ် လက်တွေ့ဖြစ်သည်။
“သေစမ်း” ရှီမာယူူယူ အမှန်တရားကို အတည်ပြုပြီးနောက်မှာတော့ ရှီမာယူူယူ ကျိန်ဆဲလိုက်သည်။ “ဒီဟာ ငါ့ကမ္ဘာမှမဟုတ်တာ နေတော့ရော ဘာလုပ်မှာလဲ၊ ငါကိုယ်တိုင်တောင် လက်စားချေလို့မရဘဲနဲ့”
ထို့နောက်မှာတော့ သူပြီးခဲ့သော မှတ်ဉာဏ်များကိုတွေးရင်း သူမ ကျိန်ဆဲဖို့အင်အားမရှိတော့ပေ။ သူမ တခြားသော ဝိညာဉ်၏ လိမ်လည်မှုကို ခံလိုက်ရသည်ကို ခံစားလိုက်ရသည်။
ထိုသည်မှာ သူမ သိသော ၂၁ရာစုမဟုတ်ပါ သို့ပေမယ့် ယိလင်ဟုခေါ်သော ဥရောပတိုက်။ ဒီမှာ အဆောက်အဦးအမြင့်တွေ လေယာဉ်တွေရှိမနေပါ။ ဒီနေရာသည် အားကြီးသူ အုပ်စိုးပြီး အားနည်းသူသည် နင်းခြေခံရသောနေရာဖြစ်သည်။ ဒီနေရာ၏ လေထုသည် ဘာသာရေးစွမ်းအင်များ လွှမ်းမိုးနေပြီး အဆောက်အုံများစွာစုစည်းရာဖြစ်သည်။ လူများ စိတ်စွမ်းအင်များကို စုပ်ယူပြီး စွမ်းအင်များပျိုးထောင်ပြိး အင်အားကြီးမားလာနိုင်သည်။
ဒီနေရာသည် ထင်ရှားသောတော၏ ဥပဒေအတိုင်း လုံးဝအခြေခံထားသည်။ တောင့်တင်းခိုင်မာသော ဘွဲ့ရာထူးနှင့်သူကို နင်းခြေဖို့မဖြစ်နိုင်သလို အားနည်းသူကိုလည်း အားကြီးသူက တိုက်ရိုက်ပင် သတ်လိုက်လို့ရသည်။
ပါရမီရှင် ကျင့်ကြံသူဆိုရင်တော့ တစ်ဘဝလုံး လေးစားမှုတွေရှရှိနိုင်ပေမယ့် ကျင့်ကြံမှုမှာ အရည်အချင်းမရှိရင်တော့ သူတို့ဟာ အမှိုက်တစ်စလိုပဲ နင်းခြေခံရပြီး အထင်သေးခံရမည်မှာအသေအချာပင်။
ဒါ့အပြင် ရှီမာယူူယူဝင်နေသော ခန္ဒာကိုယ်မှာ အပယ်ခံ ပုဂ္ဂိုလ်ဖြစ်နေသည်မှာ သေချာသလောက်ပင်။ နာမည် မကြီးတဲ့ အမှိုက်တစ်စပင်။ အနည်းငယ်မျှ လေ့ကျင့်ထားခြင်းမရှိသော ၁၄နှစ်အရွယ်၊ စိတ်စွမ်းအင် နည်းနည်းမျှပင်မရှိချေ။ ခန္ဒာကိုယ်၏ လေ့ကျင့်မှု အစကိုတောင် မိတ်ဆက်စရာမလိုတော့ပေ။
အဲဒါတင်မဟုတ်သေးပါ။ သူမသည် မိန်းကလေးတစ်ယောက်၊ သို့ပေမယ့် သူမ၏အဘိုးသည် သူမအား ယောက်ျားလေးလို ဝတ်ဆင်ခိုင်းသည်။ ဒါသည် သူမအားကာကွယ်နိုင်သည်ဟုပြောသည်။ သို့ပေမယ့် သူမ မည်သို့ပင် ဝတ်စေကာမူ သူမ ယောက်ျားများကို နှစ်သက်သည် ပြီးတော့ အရူးအမူးစွဲလမ်းသည်။ သူမ သူမပတ်ဝန်းကျင်တွင်ရှိသော ယောက်ျားလေးအားလုံးကို ချစ်သည်၊ ပြီးတော့ သူတို့၏ ကြိုးစားအားထုတ်မှုသည် မိန်းကလေးများအား ပိုးပန်းမှုတွင်သာ ထုတ်သုံးသည်။
ထို့ကြောင့်ပင် စစ်သူကြီးစံအိမ်တော်၏ ငါးယောက်မြောက် သခင်လေးသည် ကောလဟလများ ဖန်တီးစေလေသည်။ ထိုသည်မှာ အခြောက်ဟု…