အခန်း(၁)

နေရောင်တစွန်းတစ်စဖြာကျလျှက်ရှိနေပြီး သေးငယ်သည့် ဖုန်မှုန့်လေးတွေတောင် နေရောင်အောက်မှာ စိတ်ကူးယဉ်ဆန်နေသည်။ အမှန်တကယ် မဟုတ်သယောင်ဖြစ်ပေါ်နေမှုက ထာ၀ရရှင်သန်နေသည့် ကြီးမားကျယ်ပြောသော တောအုပ်ကြီးကို ထပ်ဆင့် ပံ့ပိုးနေသယောင် ဖြစ်ပေါ်နေသည်။

ဂူမန်မန်က ရေထဲမှာရပ်နေရင်း သူမနှင့် ခြေတစ်လှမ်းစာအကွာက လူကို ငေးကြည့်နေမိသည်။

သူက နတ်ဘုရားတစ်ပါးလိုမျိုး ဟန်ပန်ရှိနေပြီး သူ့ထက်အဆင့်နိမ့်သူကို ကြည့်နေသလိုမျိုး ဖြစ်၏။ သူ့၏ သန်စွမ်းနက်မှောင်သည့် ပိတုန်းရောင် ဆံကေသာတွေ နောက်ကျောမှာ ၀ဲဖြာကျနေသည်မှာ  တိမ်မည်းလို ဖြစ်ပေါ်နေပြီး တမူထူးခြားသည့် သွင်ပြင်ကို ပေးစွမ်းနေသည်။

မျက်ခုံးမွေးထူထူအောက်မှာ ပန်းပွင့်လွှာသဏ္ဏာန် မျက်လုံးအစုံရှိနေပြီး ကြည့်မိသူ အားလုံးကို သတိကင်းလွှတ်သွားစေလောက်အောင် ချစ်ခင်ကြင်နာမှုနှင့် ပြည့်၀နေစေသည်။ နှာတံက ဖြောင့်စင်းလျှက်ရှိနေကာ မထူမပါး အနီရောင်နှုတ်ခမ်းလေးက မျက်စိကျိန်းလောက်စရာ အပြုံးကို ပြသနေ၏။ အနည်းငယ်သာဆိုပေမဲ့လည်း ဂူမန်မန်ကို သူမလက်ရှိအခြေအနေကို မေ့လျော့စေပြီး အသိစိတ်လွတ်လောက်သည့်အထိ ဖြစ်သွားစေခဲ့တယ်။

ဗလာကျင်းနေသော စိတ်ဖြင့် သူမက လက်တစ်ဖက်ကို ဆန့်ထုတ်ပြီး ဒီနတ်သူငယ်နှင့် တူသည့်လူကို လှမ်းထိဖို့ရာ လုပ်ဆောင်လိုက်မိသည်။

ဒါက ရုပ်ရည်မှာ ကျရှုံးခြင်းလို့သတ်မှတ်ကြသလိုပါပဲလား…

ထိုလူက ဂူမန်မန် ဆန့်ထုတ်လာတဲ့ လက်သေးသေးလေးကို ကြည့်ကာ မျက်မှောင်အနည်းငယ် ကြုတ်လိုက်တယ်။

တခြားအရာကြောင့်တော့ မဟုတ်ပါဘူး သူမ သတိမကပ်တဲ့အရာကို အနည်းငယ်ဒေါသထွက်ရုံသာ

တကယ်လို့ ရောက်လာသည့်သူက သူသာ မဟုတ်ခဲ့ဘူးဆိုလျှင်လည်း သူမက ဒီလိုရေထဲမှာရပ်ပြီး မြူစွယ်ထူးဆန်းသည့် အ၀တ်အစားတွေ ၀တ်ဆင်ထားရင်း သူမ၏ ဖြူဖွေးချောမွေ့နေသည့် လက်ကို ဒီလိုမျိုး ဆန့်ထုတ်နေဉီးမှာလား……

တခြားသားရဲတွေ သူမကို ဒီလိုအခြေအနေနှင့် မြင်တွေ့သွားခဲ့လျှင်ဆိုသော အတွေးက သူ့ကို အကျိုးသင့်အကြောင်းသင့် မတွေးခေါ်နိုင်လောက်အောင် ဒေါသထွက်စေသည်။

ရုတ်တရက် ဒေါသ ထွက်လာပြီး သူကိုယ်သူ ဘာဖြစ်သွားတယ်ဆိုတာကို မသိလိုက်တော့ပေ။ သို့သော် သူ မတုန့်ပြန်နိုင်ခင်မှာပဲ  သူက ကောင်မလေးကို ရေကန်ထဲကနေ သူ့လက်ထဲ လှမ်းဆွဲပြီးသား ဖြစ်နေလေပြီ။

သူ့လက်တစ်ဖက်တည်းဖြင့် ပွေ့ထားလို့ရသည့်အထိ သူမက အရမ်းသေးကွေးလှပေသည်။ သူ့လက်ထဲမှာ ပွေ့ထားပြီးနောက် သူမက အလေးချိန် မရှိဘူးလို့ တွေးမိလိုက်သည်။

ဒဏ္ဏာရီလာဆိုရိုးအရ ဒီရေကန်က ဒြပ်စင်ငါးမျိုးထဲက တစ်ခု ပိုင်ဆိုင်တာဖြစ်ပြီး သားရဲနတ်ဘုရားရဲ့ သတင်းစကားအမှာပါးသူက နှစ်စဉ်မွေးဖွားလာပြီး သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေ စတဲ့ ဒြပ်စင်ငါးမျိုးထဲကတစ်ခုနဲ့ ကျပန်းပေါင်းစပ်သွားလေ့ ရှိ၏။

သတင်းစကားအမှာပါးသူ ရောက်မဲ့နေ့က နီးကပ်လာပီ လို့ဆိုကြတယ် အဲဒါသူမများလား. ….. ဒါပေမဲ့ သူမက အရမ်းကို သေးငယ်ပြီးတော့ အပျိုစင်လိုပဲ….

သားရဲနတ်ဘုရားက အသက်မပြည့်သေးတဲ့ အမသတ္တ၀ါ‌ကို သတင်းစကားအမှာပါးတဲ့သူနေနဲ့ လွတ်လိုက်တာလား..

ဒီလူက သူ့အတွေးထဲမြောနေတုန်း ဂူမန်မန်ကလည်း သူမအတွေးထဲ နစ်မြောနေခဲ့သည်။

ဒီယောကျာ်းက မယုံကြည်နိုင်လောက်အောင် ချောမောပြီးတော့ သူမကျောင်းရေကူးကလပ်ရဲ့ စီနီယာ မင်းသားလေးထက် အဆပေါင်းများစွာ ချောမောလွန်းတယ် …

ရေကူးကလပ်လား  … စီနီယာမင်းသားလေး …

ဒါကိုတွေးမိပြီး ဂူမန်မန်က ချက်ချင်း သတိပြန်၀င်လာခဲ့တယ်။ သူမခန္ဓာတောင့်တင်းသွားရင်း ပတ်၀န်းကျင်ကို လိုက်ကြည့်လိုက်မိသည်။

အို အရှင်ဘုရား  …

သူမက စီနီယာမင်းသားလေးနဲ့ တွေ့ဖို့အခွင့်အရေးကို ရှာဖွေနေရင်း ရေကူးကန်ထဲမှာ ရေကူးလေ့ကျင့်နေတာလေ …

အသက်တရှိုက်စာအတွင်း သူမက ဘယ်လိုလုပ်ဒီကိုရောက်လာခဲ့တာလဲ………. ဒီမှာရှိနေတဲ့ မြင့်မားပြီးရှေးကျတဲ့ သစ်ပင်ကြီးက ကျောင်းမှာရှိတဲ့ ရေကူးအားကစားရုံနဲ့ တစက်လေးမှ အသွင်မတူလေဘူး…..

သူ့လက်ထဲက မိန်းမငယ်လေး ပုံမှန်မဟုတ်တာကို သတိပြုမိပြီးနောက် သူက တင်းကျပ်စွာ ပွေ့ထားလိုက်ကာ ဘေးပတ်လည် လိုက်ကြည့်နေသည့် ကောင်မလေးကို သူ့ကိုပဲ သတိပြုမိစေချင်မိသည်။ သူမ၏ ကြည်လင်ရိုးသားလှသည့် မျက်ဝန်းအစုံက သူ့ကို မကြည့်နေသည့်အခါမှာ မသက်မသာ ခံစားရလေသည်။

ဂူမန်မန်က လက်မအနည်းငယ်သာ ကွာ‌‌‌‌‌‌‌ဝေးတော့သည့်လူကို လှည့်ကြည့်လိုက်တယ်။ သူ့လက်တွေက သူမပေါင်ပေါ်ရှိနေပေမဲ့ သူမက ချီတုံချတုံ ဖြစ်သွားခဲ့မိ၏။

ဒါကအိမ်မက်ပဲဖြစ်ရမယ်…… သူမပေါင်ကို ဆွဲဆိတ်လိုက်ရင် နိုးထနိုင်ကောင်းပါရဲ့……..

သူမနိုးလာတာနဲ့ ဒီခန့်ညားတဲ့ ယောကျာ်းက သေချာပေါက်ပျောက်ကွယ်သွားလိမ့်မယ် ဒါပေမဲ့ သူမ မလုပ်ရင်ရော ရေကူးကန်ထဲ နစ်နေလောက်ပီလား…..

ဂူမန်မန်က အလှလေးနဲ့ သူမဘ၀ကြား ရွေးချယ်ရခက်တဲ့ အခြေအနေကို ကျရောက်နေတယ် …

အဆုံးသတ်မှာ အလှလေးက အနိုင်ရရှိသွားတယ် …

ဂူမန်မန်က အားရပါးရ ပြုံးလိုက်ပြီး ထိုလူ၏ လည်ပင်းကို သူမ၏ လက်သေးသေးလေးဖြင့် စတင်သိုင်းဖက်လိုက်ကာ ခေါင်းကို မှီချလိုက်သည်။ ဒီခန့်ညားလှသည့် ယောကျာ်းရဲ့ အသားအရည် အနေအထားကို အကြိမ်အနည်းငယ် ပွတ်သပ်ပြီးနောက် သူမက သက်တောင့်သက်သာ အနေအထားကို တွေ့ရှိပြီး သက်ပြင်းချပြီး ပြောလိုက်သည်။

“ဘယ်လိုဖြစ်ဖြစ် ဒါကအိမ်မက်ပဲမလား…. နည်းနည်းလောက် ကြမ်းရုံနဲ့ မနာဘူးမလား…”

ယောကျာ်း : “…..”

ဂူမန်မန်က သူမခေါင်းကို မော့ကာ အတည်ပေါက်ကြီးဖြင့် သူမရှေ့မှာရှိနေသည့် ယောကျာ်းကို နီးကပ်စွာ ကြည့်လိုက်သည်။ ရမ္မက်ကြီးသည့် အိမ်ခန်းပိုင်ရှင် သူဌေးမလိုမျိုး သူမက မျက်လုံးကို မှေးစင်းထားရင်း ပြောလိုက်သည်။

” ရှင့်အတွက် ကျွန်မ ရေနစ်လောက်တဲ့အထိ စွန့်စားမှု လုပ်ခဲ့ရတာ အနမ်းတစ်ပွင့်လောက်တော့ သေချာပေါက်လက်ခံသင့်တယ်မလား….”

ယောကျာ်း : “….”

ဂူမန်မန်က ဒီလူ သိသိသာသာ ငြင်းဆန်ချင်နေမှန်း သတိပြုမိပြီး ဆတ်ခနဲ ပြုံးလိုက်မိသည်။ သူမ၏ လက်သေးသေးလေးဖြင့် သူ့ပါးပြင်ပေါ် တင်ထားရင်း ဆာလောင်နေသည့် ကျားတစ်ကောင် သူ့အစာဆီ ချည်းကပ်လာသလို ခုန်အုပ်လိုက်ကာ အနီရောင်နှုတ်ခမ်းဆီ ရွတ်ခနဲ နမ်းလိုက်တော့သည်။

သူက သူ့ကျွမ်းကျင်မှုနဲ့ အလွယ်တကူ ရှောင်ရှားနိုင်ပေမဲ့ သူကအချိန်မီ မတုံ့ပြန်နိုင်ဘဲ သူမ ကျီစယ်တာကိုသာ ကြည့်နေနိုင်သည်။

သူ့၏ နဂိုဒေါသထွက်လွယ်သည့် ပုံနဲ့ဆို သူမကို ပစ်လွှတ်လိုက်ပြီး ရက်စက်စွာ အပြစ်ပေးမှာ အသေအချာပင်။ သို့သော်လည်း သူမ၏ ကျီစယ်ပြီး ဟာသရွှင်ပုံမြင်ရတာ သူ့ရင်ဘတ်ထဲမှာ ကြောင်ကုတ်သလိုမျိုး ရွစိရွစိနှင့် ယားယံမှုကို ခံစားမိသည်။

ဒီခံစားချက်က အရမ်းထူးဆန်းတယ် သူ့ရင်ဘတ်ထဲကနေ တစ်စုံတစ်ခုက နံရိုးတွေဖောက်ပြီး ထွက်လာတော့မလိုမျိုး အဆက်မပြတ်တုန်ခါနေလေတယ်။  ဒါက အန္တာရာယ်ရှိတဲ့ လက္ခဏာများလား…… ဒါပေမဲ့ ဒီ ခံစားချက်ကို သဘောကျ နှစ်သက်တယ်။

ဂူမန်မန်က သူ့နားဖျားလေးတွေ ပန်းရောင်သန်းလာတာကို ကြည့်နေပြီး သူမနှလုံးသားရှိ နတ်ဆိုးက အရမ်းကို ကျေနပ်အားရနေမိသည်။ သူမက ရယ်ချင်စိတ်ကို ထိန်းချုပ်ထားရင်း ထိုယောကျာ်းရဲ့ ပခုံးကို ပုတ်ပြီး ပြောလိုက်တယ်။

“ရှင့်လို ခန့်ညားလှတဲ့သူက ခွင့်မပြုရင်တောင် ကျွန်မ ရှင့်ကိုနမ်းလိုက်တာက ကျွန်မတာ၀န်ယူစရာမလိုဘူးနော်”

ယောကျာ်း : “…..”

မြောင်းမဖောက်ခင် သူ အစခံလိုက်ရတာလား….. ဒီလိုအခြအနေမှာ ဘာပြောသင့်တာလဲ….. ဒီလိုမျိုး တစ်ခါမှမကြုံတွေ့ဖူးဘူး….

သူမစိတ်၀င်စားမှု ကျေနပ်သွားသည့်အခါ ဂူမန်မန်က ပျော်ရွှင်၀မ်းမြောက်သွားတော့တယ်။ သူမရှေ့မှာရှိနေတဲ့ ဒီလူနဲ့စာရင် ရေကူးကလပ်က စီနီယာက မင်းသားလေးလို့ကို မယူဆသင့်တော့ပေ။ ထို့အပြင် သူမ နိုးထဖို့ လိုအပ်သေးတယ်။ တကယ်လို့ သူမ အခုမနိုးပါက အနာဂတ်မှာ နိုးထနိုင်မှာ မဟုတ်တော့ပေ။

ထို့ကြောင့် ဂူမန်မန်က နောင်တတရားတွေနဲ့ သူမ ကျီစယ်တာခံထားရပြီး ရှော့ရနေတဲ့လူကို လက်ပြလိုက်တယ်။ တိတ်ဆိတ်စွာ သူမက ကိုယ့်ဘာသာ သံဇဉ်တစ်ပုဒ်စပ်ရင်း အသုံးဖြုန်းကြီးသူ တစ်ယောက်လိုမျိုး ပြုမူပြီး တဏှာကြီးကြီး လေသံဖြင့် ပြောလိုက်သည်။

” ကျွန်မကို တွေ့ဆုံရတာ ရှင့်အတွက် အကြီးမားဆုံး ကံခေမှုပဲ…. ကျွန်မကို မေ့ပစ်လိုက်ပြီးတော့ ရှင့်ဘ၀ကို ပျော်ပျော်ဆက်နေသွားပါ …. နှုတ်ဆက်ပါတယ်….”

ဂူမန်မန်က ပြောပြီးပြီးချင်း သူအပေါင်အတွင်းဘက်ကို နာနာဆွဲဆိတ်လိုက်သည်။

“အစ်…….” နာလိုက်တာ

နာတာလား… ဘာလို့နာတာလဲ …

သူမမျက်လုံးမှာ မျက်ရည်တွေ ၀ဲလာကာ ဂူမန်မန်က သူမဆွဲဆိတ်ထားသည့် နေရာက ခရမ်းရောင်သန်းနေတာ မြင်ပြီး သူမ၏ ဦးနှောက်လုပ်ဆောင်ချက်တွေ နောက်တစ်ကြိမ် ရပ်တန့်သွားတော့သည်။


Comment

Leave a Reply

Options

not work with dark mode
Reset