Switch Mode

အခန်း ( ၂၂၁ )

အပင်နှင့်အသီးအရွက် ဖန်တီးခြင်းတာအို

ကျောက်တိုင်မှ အစိမ်းရောင်အလင်းတန်းမှာ ကောင်းကင်သို့ တက်သွားပြီး အရာအားလုံး တုန်ခါသွားသည်။ ထိုနေရာဝန်းကျင်ရှိ သွေးချီများပင် အဝေးသို့တွန်းထုတ်ခံလိုက်ရသည်။ ချက်ချင်းပင် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတစ်ခုလုံးမှာ တုန်လှုပ်သွားလေသည်။

အလယ်တောင်ထိပ်၏ မဟာအကြီးအကဲစုန့်ကျင်းဝမ်မှာ တရားထိုင်နေပြီး ရုတ်တရက် သူမ၏မျက်လုံးများကိုဖွင့်လိုက်ရလေသည်။ ထိတ်လန့်အံ့သြသွားလျက် အစိမ်းရောင်အလင်းတန်းကို ကြည့်ရှုရန် အင်မော်တယ်ဂူအတွင်းမှ ထွက်လိုက်ပြီးနောက် အလျင်အမြန်ပင် ထိုအလင်းတန်းမှာ သန့်ရှင်းသော ဆေးနံရံကျိုး မှထွက်ပေါ်လာကြောင်း သဘောပေါက်သွားလေသည်။

“ညမုဆိုးကအဲဒီမှာ ဉာဏ်အလင်းပွင့်သွားတယ်လို့ ငါ့ကိုမပြောလိုက်နဲ့နော်……” နှလုံးသားမှာ တုန်ခါသွားလျက် လေထဲသို့ပျံသန်းလိုက်သည်။ သူမတစ်ယောက်တည်းသာ မဟုတ်ပေ။ တောင်ထိပ်များမှ မရေမတွက်နိုင်သောအလင်းတန်းများမှာ သန့်ရှင်းသော ဆေးနံရံကျိုးဆီသို့ဦးတည်နေကြသည်။

ဘိုးဘေးတောင်မှ နတ်ဘုရားအာရုံများပင် စီးထွက်လာနေကြသည်။ ချက်ချင်းပင် လူတိုင်းမှာ နက်ရှိုင်းစွာ အိပ်မွေ့ချခံရသကဲ့သို့ အမူအယာကင်းမဲ့နေသော ပိုင်ရှောင်ချန်းအား တွေ့လိုက်ကြရသည်။ သူ၏ပုံမှာ တစ်စုံတစ်ခုအားယစ်မူးနေသည့်ပုံပေါ်လေသည်။ သူ့အားကြည့်နေသူတိုင်းမှာ နံရံကျိုးကြီးမှာ ဉာဏ်အလင်းရနေသည်ဟုပြောနိုင်လေသည်။

” နှစ်ရာေကျာ်တိုင်း တစ်ယောက်ယောက်ကတော့ ဉာဏ်အလင်းပွင့်မြဲပဲ။ ဒါပေမဲ့ ဘယ်သူကမှ နံရံကျိုးကနေ အစိမ်းရောင်အလင်းထွက်တဲ့အထိ မလုပ်နိုင်ခဲ့ကြဘူး”

” လွန်ခဲ့တဲ့အနှစ်ရှစ်ထောင်တုန်းက သွေးတာအိုပညာရှိက ဉာဏ်အလင်းကိုဘယ်လိုမျိုးရရှိခဲ့လဲဆိုတာ ရှေးမှတ်တမ်းထဲမှာ ဖတ်ခဲ့ဖူးတာ ငါမှတ်မိတယ်ကွ။ အဲ့တုန်းကလဲ အစိမ်းရောင်အလင်းတန်း ပေါ်ပေါက်ခဲ့တယ်။ အဲ့ဒါကလည်း တူညီတဲ့ ဉာဏ်အလင်းရရှိမှုတစ်ခုဖြစ်နိုင်လား ”

” ညမုဆိုးက ဆေးတာအိုမှာလည်း ပါရမီပါလာလိမ့်မယ်ဆိုတာ ငါမယုံနိုင်ဘူး”

” အရင်တုန်းက သူဆေးတွေအကြိမ်ကြိမ်ဖော်စပ်ဖူးတာကို ငါမှတ်မိသေးတယ်။ တကယ်လို့ သူသာနံရံကျိုးကနေ ဉာဏ်အလင်းရခဲ့ရင် နောင်တချိန် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ တခြား မဟာသခင် သမားတော် တစ်ယောက်ရှိလာဦးမှာပေါ့”

ဖြစ်ပျက်သမျှကို ဂရုစိုက်နေကြသောသူများတွင် ဂိုဏ်းစောင့်အကြီးအကဲများသာမဟုတ်ပေ။ ပိုင်ရှောင်ချန်းကို လျှပ်စီးအလား တဖျပ်ဖျပ်လက်ကာ ကြည့်နေသော မျက်လုံးနှစ်စုံရှိလေသည်။

နှစ်စုံထဲမှ တစ်စုံမှာ ခေါင်းဆောင်ကြီး အတုမဲ့ဖြစ်ပြီး အခြားတစ်စုံမှာ စုန့်မျိုးနွယ်စု ခေါင်းဆောင်ကြီးဖြစ်ချေသည်။

ထိုမျက်လုံးတွေထဲမှာ ထူးဆန်းသည့်အလင်းများကိုမြင်တွေ့ရနိုင်ပြီး သူတို့မှာ စိတ်လှုပ်ရှားေနဟန်တူသည်။ မကြာမီ ဆေးနံရံကျိုးပေါ်တွင် မရေမတွက်နိုင်သော ပုံရိပ်များလာရောက်စုစည်းလာြခင်းကြောင့် စုန့်မျိုးနွယ်စု ခေါင်းဆောင်ကြီးက အလျင်အမြန်ပြောလိုက်သည်။
” စုန့်ကျင်းဝမ်…ညမုဆိုး အတွက် ဓမ္မစောင့်ရှောက်သူအဖြစ် နေလိုက်။ တကယ်လို့ တစ်ယောက်ယောက်က ဝင်ရောက်စွက်ဖက်မယ်ဆိုရင် ချက်ချင်းသတ်ပစ်လိုက်…”

စုန့်မျိုးနွယ်စု ခေါင်းဆောင်ကြီး၏အသံမှာ ရေခဲတမျှအေးစက်နေပြီး လူများအားလုံးကြားနိုင်လောက်သည်အထိ ဟိန်းထွက်နေသည်။ ပိုင်ရှောင်ချန်း အနီးရှိကျင့်ကြံသူများမှာ ချက်ချင်းပင် နောက်ဆုတ်သွားကြပြီး စိတ်ထဲမှာ ကြောက်ရွံ့တုန်လှုပ်နေတော့သည်။ သူတို့ထဲမှတချို့မှာ တကယ်တမ်းတွင် ၀င်ရောက်စွက်ဖက်သင့်၊မသင့်ကိုစဉ်းစားနေခဲ့ကြပြီးဖြစ်သော်လည်း ထိုစကားကိုကြားလိုက်သောအခါ ထိုအတွေးများကို ဘေးဖယ်ထားလိုက်ရတော့သည်။

စုန့်ကျင်းဝမ်က အသက်ပြင်းပြင်းရှုလိုက်လေသည်။ ဘိုးဘေးတောင်ဆီသို့ လက်ကိုတလေးတစားဆုပ်ကာ ဦးညွတ်လိုက်ပြီးနောက် ရှေ့သို့ခြေလှမ်းအနည်းငယ်လှမ်းကာ ပိုင်ရှောင်ချန်း၏ဘေးနားတွင် တင်ပျဥ်ခွေထိုင်လိုက်ပြီး ဓမ္မစောင့်ရှောက်သူအဖြစ် စတင်၍ထမ်းဆောင်တော့သည်။

စုန့်ကျင်းဝမ်၏ လက်အောက်ရှိအခြားကျင့်ကြံသူများကလည်း တင်ပျဥ်ခွေထိုင်လိုက်ကြပြီး ကျယ်ပြန့်သော နေရာအား ဝန်းရံထားလျက် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများအား အေးစက်စက်စိုက်ကြည့်နေကြတော့သည်။

စုန့်ကျင်းဝမ်က ဓမ္မစောင့်ရှောက်သူအဖြစ်ထမ်းဆောင်နေပြီး ခေါင်းဆောင်ကြီးထံမှသတိပေးချက်များကြောင့် လူအုပ်မှာ ပါးလာလေသည်။ မကြာမီတွင် ထိုနေရာမှာ တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

ညမုဆိုးက ဆေးနံရံကျိုးမှ ဉာဏ်အလင်းရရှိသွားခြင်းနှင့် ပတ်သက်၍ သတင်းစကားများပျံ့နှံ့သွားသည်။ နောက်လများအတောအတွင်း ကျင့်ကြံသူများမှာ ဖြစ်ပျက်သမျှအရာအားလုံးကို နေ့စဥ် ကြည့်ရှုလေ့လာကြပေတော့မည်။ စုန့်ကျင်းဝမ်အတွက်မူ သူမ၏မျက်လုံးများမှာ ပို၍ရဲရဲနီလာကာ သူမ၏ပုံမှာ မိန်းမောတွေဝေနေပုံ ပေါ်သည်။ သူမ၏မျက်လုံးထဲရှိ တစ်ခုတည်းသောအရာမှာ ပိုင်ရှောင်ချန်းနှင့် ဆေးနံရံကျိုးကြီးသာရှိလေသည်။

” ညမုဆိုးက သွေးပြောင်းပြန်ဘိုးဘေးနိုးထခြင်းအဆင့်ကို ရောက်ခဲ့ပြီးပြီ” သူမကတွေးနေမိသည်။
” ဒါ့အပြင် ကြောက်မက်ဖွယ်ကောင်းတဲ့ နတ်ဘုရားအမြင်လည်းရှိတယ်။ အခုလည်း ဆေးတာအိုမှာ ပါရမီရှင်ကြီးဖြစ်ပုံရတယ်။ ဂိုဏ်းသားအများကြီးက ဒီဆေးနံရံကျိုးကိုလေ့လာကြတယ်…။ ဒါပေမဲ့ နည်းနည်းလေးသာ အောင်မြင်နိုင်ချေရှိပြီး လူအနည်းငယ်လောက်ပဲ နံရံရဲ့တုန့်ပြန်မှုကို ရရှိနိုင်တာ။ ညမုဆိုးရရှိတဲ့ ဉာဏ်အလင်းက ဘယ်လိုဆေးတာအို အမျိုးအစားဖြစ်နိုင်မလဲ” သူမက နောက်တဖန်သဘောပေါက်သွားသည်နှင့် သူမ၏မျက်လုံးများမှာ ယခင်ကထက် ပို၍လေးနက်စွာတောက်ပသွားတော့သည်။ သူမ၏ ညမုဆိုး နှင့်ပတ်သက်သော အစောပိုင်းယူဆချက်များမှာ မှန်ကန်မနေချေ။

သူ့ကို တစ်ချက်ကြည့်လိုက်လျှင် ရိုးရှင်းနေဟန်ပေါ်သည်။ သို့သော် ညမုဆိုးနှင့်ပတ်သတ်၍ အရင်က သူမထင်မြင်ခဲ့သမျှ အရာအားလုံးမှာ ရေခဲတုံးကြီး၏အစပိုင်းကိုသာ ထိတွေ့မိနေခြင်းဖြစ်ကြောင်း သိလိုက်ရသည်။

” ဒီလိုမျိုးလူတစ်ယောက်ကို ချီစုစည်းမှုအဆင့်မှာတုန်းက ဘာလို့များ လုံးဝသတိမထားမိခဲ့ပါလိမ့်။ သူအဲ့ဒီအချိန်တွေတုန်းက ကျင့်ကြံမှုတည်ဆောက်တာတွေရယ်၊ ပြင်ဆင်တာတွေနဲ့ပဲ အချိန်ကုန်ခဲ့တာလား ” သူမကထိုကိစ္စကိုမည်သို့ပင်စဉ်းစားနေစေကာမူ အဖြေမထုတ်နိုင်ခဲ့ပေ။ တချိန်တည်းမှာပင် ပိုင်ရှောင်ချန်းအား ကြည့်နေသော သူမ၏အကြည့်များမှာ လေးနက်လာခဲ့သည်။

အချိန်များမှာကုန်ဆုံးသွားခဲ့သည်။ နောက်ထပ်တစ်လကုန်လွန်သွားပြီး ပိုင်ရှောင်ချန်းမှာ သူကိုယ်သူပင်မေ့နေသည်။ သူက သမားတော်နှင့် သူ၏ဆေးဖော်စပ်နေသည့် လုပ်ငန်းစဥ်အားသာ အာရုံစိုက်နေမိသည်။

သူက သမားတော်ကြီးအားထပ်ခါထပ်ခါကြည့်ပြီးသူ့ကိုအနီးကပ်လေ့လာကြည့်လေလေ..သူ၏ပုံသဏ္ဍာန်မှာ ကြည်လင်ပြတ်သားလာလေလေ ဖြစ်သည်။ နောက်ဆုံးတွင် ထိုပုံသဏ္ဍာန်မှာ အခြားသူတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားပြီး မကြာမီတွင် ဆေးဖော်စပ်သည့် နည်းလမ်းများမှာလည်းထပ်မံပြောင်းလဲသွားသည်။

ယေဘုယျအားဖြင့်ပြောရလျှင် တာအိုဆေးပညာ၏ ယူဆချက်များက အတူတူပင်ဖြစ်သည်။ သို့သော်လည်း အပင်နှင့်အသီးအရွက်ဆေးလုံးများ သို့မဟုတ် ဆေးလုံးဖော်စပ်သည့်နည်းစနစ်များသို့ ရောက်သောအခါ တစ်ယောက်ချင်းစီပေါ်ကို လိုက်၍ ပြောင်းလဲသွားလေသည်။ လူကပြောင်းလဲသွားလျှင် ဆေးဖော်စပ်သည့်နည်းမှာလည်း ပြောင်းလဲသွားသည်။ သို့သော် အခြေခံမှာ အတူတူသာဖြစ်သည်။

ပိုင်ရှောင်ချန်းမှာ ပုံသဏ္ဍာန်တစ်ခုဆေးဖော်စပ်ပြီးသွားသည်ကို မြင်လိုက်ရပြီး တုန်ရီနေလေသည်။ တစ်ယောက်ချင်းစီမှာ သူတို့လိုအပ်သောဆေးစွမ်းအားအတိအကျကိုဖော်စပ်နိုင်ရန် တူညီသည့်ယေဘုယျအခြေခံများကိုသာ အသုံးပြုခဲ့သည်။

ပိုင်ရှောင်ချန်း၏ စိတ်ထဲတွင် ဧရာမတံခါးကြီးတစ်ချပ်ပွင့်နေသကဲ့သို့ ဖြစ်နေသည်။ တစ်ခါတရံ သူကသတိလက်လွတ်ဖြင့် သူ၏လက်ကိုဆန့်တန်းကာ နံရံထဲရှိသူမြင်တွေ့နေရသည့်ပုံရိပ်များကို တုပနေလေသည်။

သူ၏လက်များ လှုပ်ရှားလာသည်နှင့်အမျှသူ၏ပတ်ပတ်လည်တွင် အစိမ်းရောင်အလင်းတစ်ခုပေါ်လာသည်။ ၎င်းမှာ ကျောက်တုံးနံရံမှတောက်ပသောအစိမ်းရောင်အလင်းတန်းကိုဆွဲဆောင်နေလေသည်။ မကြာမီတွင် ထိုအလင်းတန်းနှစ်ခုမှာ ချိတ်ဆက်သွားလေသည်။

မရေမတွက်နိုင်လောက်သော ပုံသဏ္ဍာန်များ၏ တာအိုဆေးဖော်စပ်သည့်အသိပညာများ သူ၏စိတ်အတွင်းသို့အလင်းတန်းအသွင်ဝင်လာသောအခါ ပိုင်ရှောင်ချန်း၏စိတ်ထဲတွင် တဂျုန်းဂျုန်းမြည်သံများပြည့်နှက်လာသည်။

ဘိုးဘေးတောင်ထိပ်မှ အဖွဲ့မှာတုန်ရီသွားကြလေသည်။ သူတို့၏ကျင့်ကြံခြင်းအခြေခံပေါ်မူတည်၍ သူတို့ကဖြစ်ပျက်သမျှကို အမှန်တကယ်အာရုံခံနိုင်လေသည်။

” အမွေအနှစ်တစ်ခုပဲဟေ့ ”

” ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက ဒီနံရံကျိုးကိုပြန်လည်ရယူဖို့ကြိုးစားနေတာ အံ့သြစရာမဟုတ်တော့ပါဘူး။ တကယ်လို့ သွေးတာအိုပညာရှင်ကြီးသာ သူသေဆုံးခါနီးမှာ ေဆးနံရံကျိုးကြီးကို ဘယ်တော့မှ သူတို့ဆီပြန်မပို့ဖို့ မပြောခဲ့ရင် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ပြန်ပို့ထားလိုက်မှာပဲ”

” ဒါဆို ဒီဆေးနံရံကျိုးကြီးမှာ ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ အမွေအနှစ် ဆေးဝါးတာအိုတစ်ခုဖြစ်လာလိမ့်မယ်။ အခုမှ ငါတွေးမိတာ… ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာလည်း ဆေးနံရံကျိုးကြီးတစ်ခုရှိသေးတယ်မဟုတ်လား”
သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ခေါင်းဆောင်ကြီးများမှာ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ တစ်ယောက်၏စိတ်လှုပ်ရှားမှုကို တခြားတစ်ယောက်ကလည်း သိမြင်နေရလေသည်။

ပိုင်ရှောင်ချန်း၏စိတ်မှာ အမွေအနှစ်ကိုလက်ခံလိုက်ရသည့်အတွက် နာကျင်နေလေသည်။ ပိုင်ရှောင်ချန်းမှာ တုန်ရီနေကာသူ၏မျက်လုံးများမှာ လုံးလုံးရဲရဲနီနေလျက် အသံကုန်အော်ဟစ်လိုက်တော့သည်။

သို့သော် သူကအရှုံးမပေးလိုပေ။ သူဖျတ်ခနဲကြည့်ကာရရှိလိုက်သော တာအိုဆေးပညာသည် သူ့အား လုံးလုံးအံ့သြသွားစေသည်။

” ကောင်းကင် နဲ့မြေပြင်ကို ဆေးအမြုတေအိုး အဖြစ်အသုံးပြုပါ…။ အပင်နဲ့အသီးအရွက်အဖြစ် အားလုံးကို ဖန်တီးလိုက်ပါ။ ဝိညာဥ်သစ်စေ့တေွကို ချန်ထားပါ…။ ကံကြမ္မာကောင်းကိုဖော်ဆောင်ပေးမဲ့ ဆေးတွေကို ဖန်တီးပါ…”

ပိုင်ရှောင်ချန်း၏ စိတ်မှာထိတ်လန့်တုန်လှုပ်ဖွယ်လှိုင်းတံပိုးများ၏ ရိုက်နှက်မှုကိုခံနေရသည်။ ရုတ်တရက်ပင် ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ သူသတ်ခဲ့ဖူးသော ဖန်လင်းအကြောင်း ပြန်၍တွေးမိလိုက်သည်။ သူအသုံးပြုခဲ့သော ကောင်းကင်မြေပြင် ဆေးပေါင်းဖိုမှာ နံရံကျိုးဆီမှ အမွေအနှစ်၏ ပထမစည်းမျဥ်းကို ရည်ညွှန်းခြင်းဖြစ်ကြောင်း ထင်ရှားသည်။

သူကဖန်လင်း သေဆုံးသွားသည့်အခါ ဖြစ်ပျက်ခဲ့သည့်အရာများကိုပြန်ပြောင်းတွေးတောလိုက်သည်။ သူမြင်တွေ့ခဲ့ရသောလူငယ်၏မျက်နှာမှာ ယင်၊ယန် သင်္ကေတနှင့်ဆင်တူနေလေသည်။ ကြည့်ရသည်မှာ ဖန်လင်းသည် ဝိညာဥ်သစ်စေ့၏ ကူးစက်မှုကို မသိလိုက်ပုံပေါ်သည်။
( ဖန်လင်းက အပိုင်း ၁၆၀ မှာ သေဆုံးသွားခဲ့သည် )

သွေးပူနေဆဲအချိန်ဖြစ်ရာ ပိုင်ရှောင်ချန်းမှာ လူငယ်၏ ယင်၊ယန်မျက်နှာအား လျစ်လျူရှုခဲ့လေသည်။ သို့သော်သူက ထိုအဖြစ်အပျက်ကိုမမေ့သေးပေ။ အမြဲတမ်း ထိုအကြောင်းကို သံသယဖြစ်နေခဲ့သည်။ ယခုတွင်မှ သူမြင်တွေ့လိုက်ရသည့်အရာမှာ ဝိညာဥ်သစ်စေ့၏ ရုပ်လုံးပြခြင်း ဖြစ်ကြောင်းသဘောပေါက်သွားလေသည်။

ထို့အပြင် သူယခုရရှိခဲ့သော အမွေအနှစ်မှာ အပင်နှင့် အသီးအရွက်များအလုံးစုံ ဖန်တီးခြင်း ပညာရပ်ဖြစ်လေသည်။

ကောင်းကင်မြေပြင် ဆေးပေါင်းဖို၊ အပင်နှင့်အသီးအရွက်များ ဖန်တီးခြင်း၊ ဝိညာဥ်သစ်စေ့အား ချန်ရစ်ခြင်း…။ ထိုနတ်ဘုရားစွမ်းအင်သုံးမျိုးမှာ ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ အခြေခံတာအိုအုတ်မြစ်ဖြစ်လေသည်။

ကံမကောင်းစွာပင် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းက သူတို့၏ဆေးနံရံကျိုးထက်ဝက်ကို လုယူသွားခဲ့သည်။ အပင်နှင့်အသီးအရွက်များ ဖန်တီးခြင်းပညာရပ် မရှိတော့ခြင်းကြောင့် ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ တဖြည်းဖြည်း အရှိန်အဝါ လျော့ပါးလာခဲ့သည်။

” အပင်နဲ့အသီးအရွက်များ ဖန်တီးခြင်းပညာရပ်ကို အသုံးပြုခြင်းအားဖြင့် အပင်နဲ့အသီးအရွက်တွေကို အသွင်ပြောင်းလဲပြီး ဘယ်ဆေးအကျိုးသက်ရောက်မှုကိုမဆို အသုံးပြုလို့ရနိုင်တယ်။ ဒီလို ဆေးတာအိုမျိုးက စိတ်ကူးလို့တောင်မရနိုင်ဘူး” ပိုင်ရှောင်ချန်းက မောဟိုက်ကာ ပြောမိလိုက်သည်။ ဉာဏ်အလင်းရရှိနေကြောင်း ဟန်ဆောင်လိုက်ခြင်းကြောင့် အမွေအနှစ်မှော်ပညာရပ်ကို ရရှိလိမ့်သွားလိမ့်မည်ဟု သူ မထင်ခဲ့ပေ။

အမွေအနှစ်မှာ ဖြတ်သန်းရောက်ရှိလာသည်နှင့်အမျှ နံရံကျိုးမှအလင်းရောင်တောက်ပမှုမှာ ပို၍အားနည်းလာကာ သူ၏ပတ်ဝန်းကျင်ရှိအစိမ်းရောင်အလင်းတန်းမှာ ပို၍ ပို၍တောက်ပလာသည်။ ရက်အနည်းငယ်အကြာတွင် နံရံပတ်ပတ်လည်ရှိအလင်းရောင်မှာ မှေးမှိန်သွားပြီး ပိုင်ရှောင်ချန်း၏ မျက်လုံးများမှာ ပွင့်လာသည်။ သူ၏ပတ်ပတ်လည်ရှိ အစိမ်းရောင်အလင်းမှာ ပြင်းထန်လာပြီး မိုးခြိမ်းသံများကဲ့သို့ တဂျုန်းဂျုန်းအသံများ ပဲ့တင်ထပ်၍ပေါ်လာလေသည်။ တချိန်တည်းမှာပင် သူ၏ပတ်၀န်းကျင်တွင် မရေမတွက်နိုင်လောက်သော အပင်များနှင့်အသီးအရွက်များ၏ပုံရိပ်များလှည့်ပတ်လာပြီး စဥ်ဆက်မပြတ် တစ်ခုပြီးတစ်ခု ရွေ့ပြောင်းနေကာ ဆက်လက်အသွင်ပြောင်းနေလေသည်။

သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများမှာ ထူးဆန်းသောလက္ခဏာရပ်များကို တွေ့မြင်လိုက်ရသည့်အတွက် ထိတ်လန့်အံ့သြနေကြလေသည်။ နောင်လာမည့်နေ့ရက်များတွင် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၌ ညမုဆိုး၏အမည်မှာ မည်သို့မည်ပုံဆက်လက်နာမည်ကြီးနေဦးမည်ဖြစ်ကြောင်း စိတ်ကူးကြည့်၍ပင်သိနိုင်လေသည်။ ဖြစ်ပျက်သမျှအရာအားလုံးမှာ အခြားဂိုဏ်းများသို့ပင် ကျိန်းသေပေါက်ကြားနိုင်ပြီး ညမုဆိုး မှာ ကျင့်ကြံခြင်းလောက၏ အရှေ့ဘက်အောက်ပိုင်းဒေသအထိ နာမည်ကျော်ကြားလာပေလိမ့်မည်။

” ညမုဆိုးလေး…. ”
စုန့်ကျင်းဝမ်က မတ်တပ်ရပ်ကာ တီးတိုးခေါ်လိုက်သည်။ ပိုင်ရှောင်ချန်းကို ကြည့်နေသည့် သူမ၏မျက်လုံးတွေထဲမှာ စိုးရိမ်ပူပန်နေသည့်အရိပ်အယောင်များကို မြင်တွေ့နိုင်သည်။ သူက ယခင်ကထက်ပင်ပို၍ပိန်ကျသွားပြီး သူ၏မျက်နှာမှာလည်း ချောင်ကျသွားကာ အသားနှင့်အရိုးကြား အနည်းငယ်သာကွာတော့သည့်ပုံ ထင်ရလေသည်။ သို့သော် သူ၏မျက်လုံးများမှာ အလွန်တရာ တောက်ပ လင်းလက်နေသည်။

သူက စုန့်ကျင်းဝမ်အားကြည့်လာကာ ခေါင်းညိတ်ပြလိုက်သည်။ သူမဘာမျှမပြောနိုင်မီ သူကပြောလိုက်သည်။
” ကျွန်တော် ဆေးတချို့ ဖော်စပ်ဖို့လိုတယ်”

သူ၏စိတ်ထဲတွင် နစ်မြှုပ်နေသော အချက်အလက်များကို ထုတ်ယူရန်လိုအပ်ပြီး တတ်နိုင်သမျှမြန်မြန် ဆေးဖော်စပ်ရာ၌ အသုံးချကာ အပင်နှင့်အသီးအရွက်များ ဖန်တီးခြင်းပညာရပ်အား သူ၏နှလုံးသားထဲတွင် ခိုင်မြဲသွားအောင် ပြုပြင်ရပေဦးမည်။ လူအားလုံး၏အကြည့်များအောက်တွင် သူက အလယ်တောင်ထိပ်ဆီသို့ ပျံသန်းသွားလိုက်တော့သည်။ ဘိုးဘေးတောင်ပေါ်မှ ခေါင်းဆောင်ကြီးများပင်လျှင် သူထွက်သွားသည်ကိုကြည့်ကာ သူတို့၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်အလင်းေရာင်များ ယှက်သန်းနေသည်။

သူက အင်မော်တယ်ဂူထဲသို့ ပြန်ရောက်သွားပြီး ချက်ချင်းပင်တရားထိုင်လိုက်လေသည်။ ထိုအချိန်တွင် သူ့ထံ၌ အပင်နှင့် အသီးအရွက်များစွာရှိမနေချေ။ သို့သော် သူက မဆိုင်းမတွပဲ ဆေးပေါင်းဖိုကိုထုတ်ကာ စိတ်စွမ်းအင်ဆေးလုံးများမဟုတ်ပဲ အပင်နှင့်အသီးအရွက်ဆေးလုံးများအား စတင်ဖော်စပ်တော့သည်။

ထိုကဲ့သို့ ဆေးဖော်စပ်နေစဥ်အတွင်း သူက တိကျသောဆေးစွမ်းအားကို ထုတ်နိုင်စေရန် အပင်နှင့်အသီးအရွက်များကို ကိုင်တွယ်ရာ၌ ပို၍ယုံကြည်စိတ်များရှိလာလေသည်။ သူ၏စိတ်ထဲမှာ အမွေအနှစ်က တံဆိပ်ခပ်လိုက်သည့်အလား ပို၍ပီပြင်လာသည်။ သူက အလွန်အာရုံစိုက်နေရသောကြောင့် အိပ်စက်ြခင်းနှင့် စားသောက်ခြင်း ကဲ့သို့သောကိစ္စရပ်များအားလုံးကို လုံးဝလျစ်လျူရှုထားလေသည်။ တချိန်တည်းမှာပင် ဂိုဏ်းအတွင်း ဆေးဝါးများထုတ်လုပ်ရန် သူအပေါ်မျှော်လင့်နေသည်ကိုလည်း သူ တွေ့မြင်နေရသည်။ စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးမှာ သူ့ထံသို့ များပြားလှသောအပင်များနှင့်အသီးအရွက်များကို ပေးပို့ခဲ့ပြီး သွေးမီးလျှံကျောက်တုံးများကိုလည်း အပုံလိုက် ပေးပို့ခဲ့လေသည်။

ပိုင်ရှောင်ချန်းက ရရှိခဲ့သောအမွေအနှစ်ပညာရပ်ကို အသေအချာနှင့် အလျင်အမြန်ကျွမ်းကျင်တတ်မြောက်သွားစေရန် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ ရှိသမျှအရင်းအမြစ်အားလုံးကို သူ့ထံပေးအပ်လေသည်။ သူ့ထံသို့ပေးအပ်ထားသည့် ဆေးဖက်ဝင်အပင်အများစုမှာ အလွန်ရှားပါးလှပြီး အပြင်ဘက်တွင် မတန်တဆစျေးနှုန်းများနှင့်သာဝယ်ယူနိုင်ပေမည်။ သို့မဟုတ်ပါက ပြင်းထန်ရက်စက်သောတိုက်ပွဲများကို ပြုလုပ်ပြီးမှသာရနိုင်ပေမည်။

သို့သော် ဂိုဏ်းက မဆိုင်းမတွပင် သူတို့အား သူ့ထံသို့ လွှဲပြောင်းပေးလိုက်လေသည်။

သူတို့က သမားတော်တစ်ဦးကိုပင် ပေးပို့လိုက်လေသည်။ ထိုသူမှာ လေးလေးစားစားဖြင့် ပြောလိုက်လေသည်။ ” မဟာသခင်ခင်ဗျာ….ခေါင်းဆောင်ကြီးက ကျွန်တော့်ကို ဒီပါဝင်ပစ္စည်းတွေရဲ့ ပထမအတွဲလိုက်ကို ရှင်းပြဖို့ လွှတ်လိုက်တာပါ။ ဆေးအပင်တွေအများကြီးကလည်း ဒီကိုပို့နေတဲ့ လမ်းမှာရောက်နေကြပါပြီ”

ဆေးဖက်ဝင်အပင်များ ပုံမှန်ရှိနေခြင်းကြောင့် ပိုင်ရှောင်ချန်းမှာ သူ၏အမွေအနှစ်၌နှောင့်နှေးခြင်းမရှိပေ။ သူက အပင်နှင့်အသီးအရွက်ဆေးလုံးများကို ပိုမိုတီထွင်လာသည်နှင့်အမျှ သူ၏မျက်လုံးများတွင် ပြင်းထန်သောအလင်းရောင်များ တောက်ပလာတော့သည်။ တချိန်တည်းမှာပင် သူ၏ တာအိုဆေးပညာကျွမ်းကျင်မှုမှာ တဟုန်ထိုးခုန်တက်လျက်ရှိသည်။

ပိုင်ရှောင်ချန်းမှာ ယခင်က ဟန်ဇောင်ကျောင်းတော်ဆေးပညာလက်စွဲကျမ်းတွင် နားမလည်သောအရာများရှိခဲ့သော်လည်း ယခုတွင် ရှင်းလင်းသွားပြီဖြစ်ရာ ဝမ်းသာနေလေသည်။ ထိုအချိန်တွင် ပထမစာမျက်နှာ၏ အကြောင်းအရာတစ်ခုလုံးအား မထင်မှတ်ထားပဲ နားလည်သွားလေသည်။

” ငါကနောက်ဆုံးတော့ အဆင့်လေးဆေးလုံးကို ဖော်စပ်နိုင်တော့မယ်လို့ ခံစားနေရတယ်။ အဆင့်ငါးဆေးလုံးတောင် ဖြစ်ချင်ဖြစ်သွားနိုင်တယ်”

အဆင့်လေးဆေးလုံးများမှာ နယ်လှည့်သမားတော်များနှင့် အဆင့်မြင့် အဆင့်သမားတော်များအကြား ခွဲခြားသည့် အမှတ်အသားတစ်ခုဖြစ်လေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset