” ဘာတွေလဲ ”
” ဘာတွေဖြစ်နေတာလဲ ”
” သူ အင်အားသုံးပြီး ငါ့ကို အတင်းအဓမ္မကျင့်မယ်ဆိုရင် ငါ ရုန်းကန်လိုက်ရမလား။ နည်းနည်းလေးတော့ ပြန်ခုခံမှ ရမယ်ထင်တယ်… ”
” ငါ ဘာလုပ်ရပါ့ကွာ ” ဝမ်ပေါင်လဲ့မှာ လျှို့ဝှက်အခန်းထဲသို့ ဖြည်းညင်းစွာလျှောက်လှမ်းသွားရင် သူ၏အသိစိတ်ထဲ၌ အတွေးမျိုးစုံ ပေါ်ပေါက်လာ၏။ သူသည် ရင်ခုန်နှုန်းများမြန်ဆန်နေရပြီး ဝေခွဲမရ ဖြစ်နေရတော့သည်။
ဝမ်ပေါင်လဲ့မှာ ထိုအတွေးများနှင့် လျှို့ဝှက်အခန်းထဲသို့ ဝင်သွားလိုက်ပြီးနောက် ကိုးရိုးကားရားနှင့် ချောင်းဟန့်လိုက်၏။ သူသည် မည်သည့်အရာကိုမှ ရှင်းရှင်းလင်းလင်း မမြင်နိုင်သည့်ပုံစံ ဟန်ဆောင်ထားသည်။ ထို့နောက် သူသည် ယခင်တုန်းကအတိုင်း လီဝမ်အာကို ဆေးကုသပေးရန် ပြင်ဆင်လိုက်တော့သည်။
သို့သော် လျှို့ဝှက်အခန်းထဲမှာ မီးများကို မှိတ်ထားသည့်တိုင်အောင် သူသည် အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရဆဲပင်။ ထို့ကြောင့် သူသည် လီဝမ်အာ၏ ပါးပြင်များ နီရဲနေသော မျက်နှာလေးကို အထင်းသားမြင်နေရ၏။
ထို ဆေးကုသခြင်းလုပ်ငန်းစဉ်မှာ ပုံမှန်အတိုင်း စတင်သွား၏။ သို့သော် လီဝမ်အာ၏ အသက်ရှူသံများမှာ တဖြည်းဖြည်းနှင့် မြန်ဆန်လာတော့သည်။ ဝမ်ပေါင်လဲ့မှာလည်း ထိုနည်းတူပင် ဖြစ်နေပြီး သူ့ကိုယ်သူ လုံးဝနီးပါး ထိန်းချုပ်နိုင်စွမ်းမရှိလောက်အောင် ဖြစ်နေပြီဖြစ်သည်။ ထိုဆေးကုသခြင်းလုပ်ငန်းစဉ်မှာ သူသည် သူမ၏ တစ်ကိုယ်လုံးကို အဆက်မပြတ် တို့ထိပွတ်သပ်ပေးနေရသည် မဟုတ်ပါလော…
ထိုသို့ဖြင့် အချိန်များကုန်လွန်သွားပြီး တစ်နာရီတိတိ ကုန်ဆုံးသွား၏။ ယခင်တုန်းကအတိုင်းသာဆိုလျှင် ဆေးကုသခြင်းလုပ်ငန်းစဉ်မှာ ပြီးဆုံးသွားရတော့မည်ဖြစ်သည်။ လီဝမ်အာမှာလည်း မတ်တတ်ထကာ ပြန်သွားရတော့မည်ဖြစ်သည်။
သို့သော် ယနေ့တွင်မူ လီဝမ်အာ ထိုသို့ ထပြန်ရန် မေ့နေသည့်ပုံပင်။ ဝမ်ပေါင်လဲ့မှာလည်း မျက်တောင်တဖျတ်ဖျတ် ခပ်နေပြီး ဆေးကုသခြင်း လုပ်ငန်းစဉ်အကြောင်းကို မေ့ပျောက်သွားသည်ပုံပင်။ သူတို့နှစ်ယောက်၏ အသက်ရှူသံများလည်း ပို၍ လေးလံလာပြီဖြစ်၏။ ဝမ်ပေါင်လဲ့နှာ သူ၏လက်များဖြင့် နေရာအနှံ့ ဆက်လက်ပွတ်သပ်ပေးနေစဉ် လီဝမ်အာမှာလည်း ဆက်လက်စောင့်ဆိုင်းနေ၏။ နောက်ဆုံးတွင် သူမသည် အချိန်အကြာကြီး စောင့်နေရသလို ခံစားလိုက်ရသဖြင့် မကျေမနပ်ဖြစ်နေသည့်အမူအရာဖြင့် မျက်မှောင်ကြုတ်လိုက်တော့သည်။ ထို့နောက် သူမသည် ထိုလျှို့ဝှက်အခန်းထဲသို့ စတင်ရောက်ရှိလာပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် စကားပြောလိုက်၏။
” ဝမ်ပေါင်လဲ့။ နင့်ကိုယ်နင် ယောက်ျားတစ်ယောက်လို့ သတ်မှတ်နေတုန်းပဲလား ”
ဝမ်ပေါင်လဲ့မှာ ထိုစကားကိုကြားလိုက်ရသောအခါ ချက်ချင်းပင် မကျေမချမ်းဖြစ်သွားရ၏။ သူသည် စော်ကားခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသဖြင့် လီဝမ်အာ၏ တင်ပါးအား လက်ဝါးဖြင့် ရိုက်လိုက်၏။ ထို့နောက် သူသည် စကားပြောရန်ပြင်လိုက်ပါသော်လည်း ထိုရိုက်ချက်ကြောင့် လီဝမ်အာ၏ အသက်ရှူသံများမှာ ပို၍လေးလံလာရတော့သည်။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း မီးဖိုကြီးတစ်လုံးကဲ့သို့ အပူလှိုင်းများ ထုတ်လွှတ်ပေးနေတော့သည်။
ထို အပူလှိုင်းများ၏ လွှမ်းမိုးမှုအောက်တွင် လီဝမ်အာတစ်ယောက်သာ လှုပ်ရှားလိုက်သည်တော့မဟုတ်ပေ။ ဝမ်ပေါင်လဲ့မှာ သူ့ဘက်မှ စတင်လှုပ်ရှားလိုက်သဖြင့် သူတို့နှစ်ယောက်၏ ချစ်တင်းနှီးနှောမှုကြီးမှာ စတင်သွားတော့သည်….
ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီး၏ ရောက်ရှိလာမှုနှင့်အတူ ရှေးဦးဝိညာဉ်ခေတ် စတင်သွားခဲ့ခြင်းဖြစ်သည်။ ထိုဓားကြီးထဲ၌ ရှေးဟောင်းကျမ်းစာများနှင့် ကမ္ဗည်းစာများ အမြောက်အမြား ပါရှိနေ၏။ ထို့ကြောင့် ရှေးခေတ်မှ ယဉ်ကျေးမှု ထုံးတမ်းဓလေ့များမှာလည်း ပြန်လည်ပေါ်ပေါက်လာခဲ့သည်။ သို့သော် လူသားများ၏ တွေးခေါ်ပုံများမှာ အချိန်နှင့်အမျှ လိုက်၍ ပြောင်းလဲနေခဲ့၏။ သို့ဖြစ်ရာ ဖိုနှင့်မ ချစ်ခင်စုံမက်မှု ကိစ္စများအပေါ် ထားရှိသော သူတို့၏ သဘောထားများမှာလည်း ရှေးခေတ်က လူများကဲ့သို့ ရှေးရိုးစွဲနေခြင်းမရှိတော့ပေ။ ဝမ်ပေါင်လဲ့မှာလည်း ပညာရရန် အလို့ငှာ ငယ်ရွယ်စဉ်တုန်းက ထိုကိစ္စနှင့် ပတ်သတ်သည့် ရုပ်သံမှတ်တမ်းပေါင်းများစွာကို တိတ်တိတ်ကလေး ကြည့်ရှုခဲ့ဖူးသည်….
ထို့ကြောင့်လည်း ယခုမှာ သူ့အတွက် ပထမဆုံးအတွေ့အကြုံ ဖြစ်သည့်တိုင်အောင် ကိုးရိုးကားရားဖြစ်နေခြင်း မရှိပေ။ သို့သော် လီဝမ်အာ၏ အမူအရာများကြောင့် သူမမှာ အတွေ့အကြုံ မရှိသေးကြောင်း အထင်အရှားသိမြင်နိုင်ပေသည်။ သို့သော်လည်း သူမဆီတွင်လည်း အားသာချက်အချို့ ရှိနေသေး၏။ ၎င်းမှာ သူမ၏ မာန်ပါမှုများပင် ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ သူမ၏ အားမာန်များနှင့် ချစ်ဇောဟုန်များအားလုံးကို မတောင့်ခံနိုင်ဘဲ ဖြစ်နေရ၏။ သို့သော် သူသည် အရှုံမပေးလိုသောကြောင့် သူ၏ ကျင့်ကြံခြင်းစွမ်းအားများနှင့် သက်လုံစွမ်းအားများကို အပြည့်အဝ ထုတ်သုံးလိုက်ရ၏။
ထိုသို့ဖြင့် တစ်ညတာ ကုန်ဆုံးသွားတော့သည်…
မနက်မိုးလင်းသောအခါ အနည်းငယ်ခန့် အားအင်နုံးချည့်နေသော ဝမ်ပေါင်လဲ့မှာ လီဝမ်အာတစ်ယောက် မျက်မှောင်ကြုတ်ကာ မတ်တတ်ထသွားပြီး အဝတ်အစားများ ပြန်ဝတ်နေလိုက်သည်ကို ကြည့်နေလိုက်၏။ သူမ၏ ပုံစံမှာမူ အနည်းငယ်ခန့် နေမထိထိုမသာ ဖြစ်နေသည့်ပုံ ပေါက်နေ၏။ ဝမ်ပေါင်လဲ့မှာမူ သူ့ကိုယ်သူ အလွန်အင်မတန်မှ ကျေနပ်နေပြီဖြစ်သည်။
” လီဝမ်အာ။ ငါ ယောင်္ကျားတစ်ယောက်ဆိုတာ ယုံသွားပြီလား ” ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူ အလွန်အမတန်မှ ကျေနပ်နေသောကြောင့် မနေနိုင်တော့ဘဲ ထိုမေးခွန်းကို မေးမိလိုက်၏။
ထိုအခါ အဝတ်အစား ပြန်ဝတ်နေသည့် လီဝမ်အာမှာ တစ်ခဏမျှ ရပ်တန့်သွားပြီး ဝမ်ပေါင်လဲ့ဘက်သို့ ခေါင်းလှည့်ကြည့်လိုက်၏။ သူမ၏ မျက်နှာမှာ အရင်အတိုင်း အေးတိအေးစက် ပြန်ဖြစ်သွားပြီးဖြစ်သည်။ ထို့အပြင် သူမသည် သူ့အား စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်ပြီး စကားတစ်ခွန်းပင် မပြောပေ။ ထို့နောက် သူမသည် အဝတ်အစား ဝတ်ပြီးသွားသောအခါ နှာမှုတ်လိုက်ပြီး နောက်သို့လှည့်ကာ ထွက်ခွာသွားတော့သည်။
” ဒီလိုကြီးပဲ ပြန်သွားတော့မှာလားဟ ” ဝမ်ပေါင်လဲ့မှာမူ သူ၏ဗိုက်ကိုပုတ်ကာ စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချလိုက်၏။ သူသည် ညတွင်းချင်း အရွယ်ရောက်သွားသကဲ့သို့ ခံစားလိုက်ရ၏။ ထို့ကြောင့် သူသည် သူ၏ အသံလွှင့်လက်စွပ်ကို ဖွင့်ကာ သူ၏ ဖခင်ဖြစ်သူဆီသို့ အသံလွှင့်အကြောင်းကြားစာတစ်စောင် ပေးပို့လိုက်တော့သည်။
” အဘိုးကြီးဝမ်။ သားတော့ ယောင်္ကျားဖြစ်ပြီဗျို့ ” ဝမ်ပေါင်လဲ့မှာ အသံအကျယ်ကြီး အော်ပြောလိုက်၏။
” ကောင်စုတ်လေး။ မင်း သူများရဲ့ သမီးရတနာလေးတစ်ယောက်ယောက်ကို ဖျက်ဆီးပစ်ခဲ့ပြီလား ” ဝမ်ပေါင်လဲ့၏ ဖခင်ဖြစ်သူမှာ ဝမ်ပေါင်လဲ့ ဆိုလိုချင်သည့် အဓိပ္ပါယ်ကို ချက်ချင်းပင် နားလည်သဘောပေါက်လိုက်သောကြောင့် အလောတကြီးမေးလိုက်၏။
ဝမ်ပေါင်လဲ့မှာမူ သူ၏ဖခင်ဖြစ်သူမှာ သူ့အကြောင်းကို ကောင်းကောင်းကြီးသိနေသောကြောင့် ရယ်မောမိလိုက်၏။ သူသည် ရှင်းပြနေခြင်းမရှိဘဲ သူတို့နှစ်ယောက်၏ စကားဝိုင်းအား ဝမ်းသာအားရနှင့် အဆုံးသတ်လိုက်၏။ ထို့နောက် သူသည် အိမ်ထဲ၌ သန့်ရှင်းရေးလုပ်လိုက်ပြီးနောက် သူ၏အိမ်ရာထဲမှ ထွက်ခွာလာပြီး သူ၏ရုံးဆီသို့ ဦးတည်သွားလိုက်တော့သည်။
သူသည် ရုံးသို့သွားရာ လမ်းတစ်လျှောက်တွင် ပျော်ရွှင်မြူးတူးစွာ လေချွန်နေခဲ့၏။ သူသည် စိတ်ဓာတ်များ လန်းဆန်းတက်ကြွနေသောကြောင့် အရာအားလုံးမှာ သူ၏ မျက်ဝန်းများထဲ၌ နှစ်လိုဖွယ် ကောင်းနေတော့သည်။ သူ ရုံးသို့ ရောက်ရှိသွားပြီးနောက် သိပ်မကြာခင်တွင် လီဝမ်အာလည်း ရောက်ရှိလာ၏။ သို့သော် သူ သူမအား နွေးထွေးပျူငှာစွာ မနှုတ်ဆက်နိုင်ခင်မှာပင် သူမမှာ ခံစားချက်မပါသော မျက်နှာအမူအရာဖြင့် ဝမ်ဟွေ့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေထဲမှ ရုပ်ထုကြီးများ၏အကြောင်းကို စတင်ဆွေးနွေးလိုက်တော့သည်။ ထို့နောက် သူမသည် လျှိုတောက်ပင်းအား ပြင်းပြင်းထန်ထန် အပြစ်ပေးရန်လိုအပ်ကြောင်း နောက်ထပ်တစ်ကြိမ်ထပ်၍ အလေးပေးဖေါ်ပြလိုက်ပြန်သည်။
” ဘာတွေဖြစ်နေတာလဲဟ ” ဝမ်ပေါင်လဲ့မှာမူ ခေါင်းခဲနေရပြီ ဖြစ်သည်။ သူသည် လီဝမ်အာနှင့် စကားကောင်းကောင်းပြောနိုင်ရန် ကြိုးပမ်းနေပါသော်လည်း လီဝမ်အာကမူ အလျှော့ပေးခြင်းမရှိပေ။ သူမ၏ စကားများမှာ ရန်လိုနေသည့်လေသံ ပေါက်နေတော့ကြောင့် ဝမ်ပေါင်လဲ့မှာ ဒေါသထွက်သွားရ၏။
” လီဝမ်အာ။ နင့်ဆီမှာ တခြားလုပ်စရာမရှိဘူးလား။ ဒီကိစ္စ ဒီမှာတင်ပြီးပြီး။ နင် ပြန်လို့ရပြီ ”
လီဝမ်အာကမူ ဝမ်ပေါင်လဲ့၏ ဒေါသများကို ဂရုမစိုက်သည့်ပုံပင်။ သူမသည် သူ၏ရုံးခန်းထဲမှ ထွက်ခွာမသွားခင် သူမ၏ အကြံပြုချက်များကို ပြောင်းလဲပေးနိုင်မည်မဟုတ်ကြောင်း နောက်ထပ်တစ်ကြိမ် ထပ်ပြောလိုက်၏။ အကယ်၍ ဝမ်ပေါင်လဲ့သာ ထိုကိစ္စကို မဖြေရှင်းပေးပါက သူမသည် သူမ၏ အကြံပြုချက်များကို ဘုရင်ခံဆီသို့ တင်ပြလိုက်မည်ဖြစ်ပြီး ဘုရင်ခံအား ဆုံးဖြတ်ချက်ချခိုင်းလိုက်မည်ဖြစ်သည်။
” သူက ရူးနေတာပဲ။ မနေ့ညတုန်းကနဲ့ တစ်စက်ကလေးမှကို မတူတော့တာ။ ဒီ လီဝမ်အာဆိုတဲ့ မိန်းမဆီမှာ ညီမတွေဘာတွေများ ရှိနေသေးတာလား ” ဝမ်ပေါင်လဲ့မှာ ဒေါသထွက်နေရသလို မယုံသင်္ကာလည်းဖြစ်လာရတော့သည်။ လီဝမ်အာ၏ နေ့ပိုင်းတွင် ပြောဆိုပြုမူပုံများနှင့် ညပိုင်းတွင် ပြောဆိုပြုမူပုံများမှာ လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည် မဟုတ်ပါလော။
ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ တွေဝေတုံ့ဆိုင်းသွားပြီးနောက် လီရှို့ဆီသို့ အသံလွှင့်အကြောင်းကြားစာတစ်စောင် ပေးပို့လိုက်၏။ ထိုအခါ လီရှို့တွင် လီဝမ်အာမှာလွဲ၍ အခြား ညီအစ်မများ ရှိမနေသည်ကို သိလိုက်ရသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ လီဝမ်အာ၏ တွေးခေါ်ပုံများကို နားမလည်နိုင်လောက်အောင် ဖြစ်နေရတော့သည်။
ထိုနေ့ညသို့ ရောက်သောအခါ ဝမ်ပေါင်လဲ့မှာ တရားထိုင်ရန် ပြင်လိုက်စဉ်တွင် တံခါးခေါက်သံကို ကြားလိုက်ရ၏။ ထို့ကြောင့် သူ၏ မန္တန်အစီအရင်ထဲမှတစ်ဆင့် ကြည့်ရှုလိုက်သောအခါ သူ၏ အိမ်အပေါက်ဝ၌ ရပ်နေသည့် လီဝမ်အာအား မြင်လိုက်ရသဖြင့် ဆွံ့အမှင်တက်သွားရတော့သည်။
” ဒါ ဘာအဓိပ္ပါယ်လဲဟ။ သူက နေ့လည်တုန်းက ငါ့ကို အေးတိအေးစက် ဆက်ဆံနေခဲ့ပြီးတော့ ရန်ရှာခဲ့ပေမဲ့ ညလည်းရောက်ရော… ” ဝမ်ပေါင်လဲ့မှာ ယမ်းပုံမီးကျပေါက်ကွဲလုမတတ် ဖြစ်နေရပါသော်လည်း နှာမှုတ်ကာ တံခါးပေါက်ကို ပေးလိုက်၏။ ထို့နောက် သူသည် စကားပြောရန်ပြင်လိုက်ပါသော်လည်း လီဝမ်အာမှာ အိမ်ထဲသို့ ရောက်လာပြီး လျှို့ဝှက်အခန်းဆီသို့ ဦးတည်သွားပြီဖြစ်သည်။ ထို့နောက် သူမသည် မီးများကို ပိတ်လိုက်၏…
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ နောက်ထပ်တစ်ကြိမ်ထပ်၍ ဆွံ့အသွားရပြန်တော့သည်။ သူသည် တံခါး အပြင်ဘက်၌ ဝေခွဲမရဖြစ်နေသည့်ပုံဖြင့် မတ်တတ်ရပ်နေမိ၏။ အချိန်အတော်အတန် ကြာပြီးသွားသောအခါမှသာ သူသည် တံခါးပေါက်အားပိတ်လိုက်ပြီး လျှို့ဝှက်အခန်း ရှိရာဘက်သို့ လှည့်လာ၏။ ထို့နောက် သူသည် နှာမှုတ်ကာ ခြေဆောင့်လိုက်ပြီး လျှို့ဝှက်အခန်းထဲသို့ ဝင်သွားလိုက်တော့သည်…
တစ်ညတာ ကုန်ဆုံးသွားပြန်သည်။
ထိုသို့ဖြင့် တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားပြီး ဝမ်ပေါင်လဲ့နှင့် လီဝမ်အာတို့၏ ကြားရှိ ဆက်ဆံရေးမှာလည်း တဖြည်းဖြည်းနှင့်ပို၍ ထူးဆန်းလာတော့သည်။ သူတို့မှာ နေ့အချိန်တွင် အစိုးရလုပ်ငန်းများနှင့် ပတ်သက်သည့် သဘောထားကွဲလွဲမှုများကြောင့် ကတောက်ကဆဖြစ်ကာ ငြင်းခုံနေကြပါသော်လည်း ညအချိန်သို့ရောက်လျှင်မှု လီဝမ်အာမှာ ညစဉ်ညတိုင်း အချိန်မှန် ရောက်ရှိလာသည်သာဖြစ်သည်။ သူမသည် စကားတစ်ခွန်းမှမပြောဘဲ လျှို့ဝှက်အခန်းထဲသို့ ဝင်သွားလိုက်ပြီး မီးများကို မှိတ်လိုက်သည်သာ ဖြစါသည်။
နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ လီဝမ်အာ၏ အပြုအမူများကို ကျင့်သားရသွားတော့သည်။ သူသည် နေ့အချိန်တွင် လီဝမ်အာကြောင့် ခံစားခဲ့ရသည့် ဒေါသအားလုံးကို ညအခါ၌ သူမအပေါ်သို့ ပြန်၍ပုံချလိုက်သည်သာ ဖြစ်သည်။ လီဝမ်အာမှာလည်း ဝမ်ပေါင်လဲ့၏ လုပ်ရပ်များကို ငြိုငြင်နေခြင်း မရှိသည့်ပုံပင်။
နောက်ဆုံးတွင် တစ်ညသို့ရောက်သော် ဝမ်ပေါင်လဲ့၏ လျှို့ဝှက်အခန်းထဲရှိ အမှောင်ထုကြီးထဲ၌ ဒေါသစိတ်များဖြင့် ပြည့်နှက်နေသည့် သူ၏ စကားသံကြီး ထွက်ပေါ်လာတော့သည်။
” လျှိုတောက်ပင်း ကိစ္စနဲ့ ပတ်သတ်ပြီးတော့ ငါပြောတဲ့အတိုင်းသာ လုပ်စမ်းပါ ”
လီဝမ်အာကမူ နှုတ်ဆိတ်နေ၏။ သူမသည် သူမ၏ စိတ်များကို ထိန်းထားရသည့်ပုံပင်။
” နင်က စကားတစ်ခွန်းမှ မပြောဘူးပေါ့ ဟုတ်လား။ အေး နင် အသံထွက်လာအောင် ငါ လုပ်ပြမယ် ” ဝမ်ပေါင်လဲ့မှာ နှာမှုတ်ကာ အကွက်တစ်ကွက် ထုတ်သုံးလိုက်သဖြင့် ခဏအကြာတွင် လီဝမ်အာ၏ အသက်ရှူသံများမှာ ချက်ချင်းဆိုသလိုပင် မြန်ဆန်သွားရပြီး လျှို့ဝှက်အခန်း၏ အပြင်ဘက်မှပင် ရှင်းလင်းပြတ်သားစွာ ကြားနေရတော့သည်။ နောက်ဆုံးတွင် သူမမှာ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားကာ ဖရိုဖရဲ ဖြစ်သွားရ၏။ ထို့နောက် သူမမှာ မိန်းမောတွေဝေနေသည့်ပုံ ပေါက်နေတော့သည်။
” ငါ ထပ်ပြောမယ်။ လျှိုတောက်ပင်း ကိစ္စနဲ့ ပတ်သတ်ပြီးတော့ ငါပြောတဲ့အတိုင်းလုပ်။ နင် လုပ်မှာလား မလုပ်ဘူးလား ” ဝမ်ပေါင်လဲ့မှာ လေသံတိုးတိုးဖြင့် မာန်ပါပါ ဆိုလိုက်၏။ ထိုအခါ လီဝမ်အာမှာ အသံများတုန်ရီသွားရပြီး သတိလစ်တော့မည့် လေသံမျိုးဖြင့် ကတုန်ကရင် ပြန်ဖြေလိုက်ရတော့သည်။
” ငါ…. ငါ နင်ပြောတဲ့အတိုင်း လုပ်ပါ့မယ်… ”
ထိုအခါမှသာ ဝမ်ပေါင်လဲ့မှာ ကျေနပ်သွားရပြီး နှာမှုတ်လိုက်၏။ လီဝမ်အာကလည်း ကတိတည်ပေသည်။ နောက်နေ့တွင် သူတို့နှစ်ယောက် ပြန်လည်ဆုံတွေ့ကြသောအခါ လီဝမ်အာမှာ မျက်နှာအမူအရာ အေးတိအေးစက် ဖြစ်နေဆဲဖြစ်ပါသော်လည်း လျှိုတောက်ပင်းအကြောင်း ထပ်မပြောတော့ပေ။ သူမသည် ဝမ်ပေါင်လဲ့၏ ညွှန်ကြားချက်များကိုသာ လိုက်နာလိုက်ပြီး ထိုကိစ္စနှင့် ပတ်သတ်၍ ဆက်လက်ဖိအားပေးနေခြင်း မရှိတော့ပေ။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ လီဝမ်အာနှင့် ပြောဆိုဆက်ဆံရသည်ပုံကို နားလည်သဘောပေါက်သွားတော့သည်။ ထိုသို့ဖြင့် သူတို့နှစ်ယောက်မှာ ထိုကဲ့သို့ ထူးဆန်းလွန်းလှသော ဇာတ်ကြီးကို ဆက်၍ ကနေလိုက်ကြ၏။ ထိုအချိန်တွင် ချန်းမုမှာ မန္တန်အစီအရင်ကြီးအား အသုံးပြုခွင့်ရရှိသွား၏။ ထို့ကြောင့် သူသည် လီဝမ်အာ၏ ရုံးခန်းဆီသို့ နောက်ထပ်တစ်ကြိမ်ထပ်၍ ရောက်ရှိလာပြန်သည်။
ယခုအချိန်တွင်မူ သူသည် ကူညီထောက်ပံ့မှုများ လိုချင်သောကြောင့် ရောက်ရှိလာခြင်းမဟုတ်ဘဲ သူတို့နှစ်ယောက်၏ကြားမှ တင်းမာမှုများကို ဖြေလျှော့ရန်သာ ရောက်ရှိလာခြင်းဖြစ်၏။ သူသည် လီဝမ်အာအတွက် လက်ဆောင်တစ်ခုပင် ပြင်ဆင်လာခဲ့ပြီး သူနှင့်အတူ ညစာစားရန် ဖိတ်ခေါ်လိုက်၏။
လီဝမ်အာကမူ ခံစားချက်မပါသော မျက်နှာအမူအရာဖြင့် သူ၏ဖိတ်ခေါ်ချက်ကို ချက်ချင်းပင် ငြင်းဆန်လိုက်၏။
” ဝမ်အာ။ ပြီးတာတွေလည်းပြီးပါစေတော့။ ငါတို့နှစ်ယောက်က စေ့စပ်ထားပြီးသားလေ။ အဲဒီအချက်ကို ပြောင်းပစ်လို့မှမရပဲ ” ချန်းမုမှာ ပြုံးကာဆိုလိုက်သည်။ သူသည် လီဝမ်အာ၏ ငြင်းဆန်မှုအား လျစ်လျူရှုထား၏။ အမှန်တွင် သူသည် လီဝမ်အာ၏ ခံစားချက်များကို လုံးဝအလေးမထားပေ။ သူသည် မန္တန်အစီအရင်ကြီးအား အသုံးပြုခွင့် ရရှိပြီးသွားသောကြောင့်သာ သူတို့နှစ်ယောက်၏ကြားမှ တင်းမာမှုများကို ဖြေလျှော့ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်၏။ သူသည် မြို့တော်အသစ်ထဲ၌ ရှိနေခဲ့သည်မှာ အချိန်အတော်အတန် ကြာပြီဖြစ်သောကြောင့် လီဝမ်အာ၏ ချောမောလှပသော မျက်နှာလေးနှင့် သူမ၏ လုံးကြီးပေါက်လှ ခန္ဓာကိုယ်အား တွေ့နေမြင်နေရသဖြင့် စိတ်ဆန္ဒများ ထကြွလာရပြီဖြစ်သည်။
ချန်းမုမှာ ထိုသို့ဆိုကာ မတ်တတ်ထလာပြီး လီဝမ်အာ၏ ဘေးသို့ ရောက်လာ၏။ ထို့နောက် သူသည် သူမ၏လက်ကို လှမ်း၍ ကိုင်လိုက်၏။
သို့သော် သူ သူမ၏လက်အား ထိခါနီးမှာပင် လီဝမ်အာမှာ မျက်နှာပျက်သွား၏။ ထိုအချိန်တွင် သူမ၏ ကျင့်ကြံခြင်းစွမ်းအားများ ထွက်ပေါ်လာသောကြောင့် ချန်းမုမှာ ချက်ချင်းဆိုသလိုပင် နောက်သို့ဆုတ်သွားလိုက်ရတော့သည်။ ထို့နောက် သူမ၏ မျက်ဝန်းများထဲ၌ ပထမဆုံးအကြိမ်အဖြစ် ရက်စက်ကြမ်းကြုတ်သော အကြည့်တစ်ခု ပေါ်ပေါက်လာပြီး သူမမှာ တည်ကြည်စွာ ဆိုလိုက်၏။
” မြို့တော်ဝန်ချန်း။ ကျေးဇူးပြုပြီးတော့ ဆန္ဒကို သိက္ခာနဲ့ ထိန်းပါ ”
” ငါက ထိန်းရမယ် ဟုတ်လား။ လီဝမ်အာ။ ငါက နင့်လက်ကို ကိုင်ရုံလေးပဲကိုင်ဖို့ ကြိုးစားတာတောင် နင်က ခွင့်မှမပြုဘဲ။ ဝမ်ပေါင်လဲ့က ဂူထဲမှာ နင့်တစ်ကိုယ်လုံးကို ကိုင်ခဲ့တာလေ ” ချန်းမုမှာ အမျက်ချောင်းချောင်းထွက်သွားရပြီး သူ၏ မျက်နှာအမူအရာကြီးမှာ ရက်စက်ကြမ်းကြုတ်ဖွယ်ကောင်းလောက်အောင် ရှုံ့မဲ့သွား၏။ ထို့နောက် သူသည် ရှေ့သို့လှမ်းရန် ပြင်လိုက်ပါသော်လည်း လီဝမ်အာမှာ နောက်တွန့်နေခြင်း မရှိဘဲ ချန်းမုအား ပါးရိုက်လိုက်တော့သည်။
” ထွက်သွားစမ်း “
ဝမ်ပေါင်လဲ့ကွ