လအနည်းငယ် ကုန်ဆုံးသွားချေပြီ။ အခြေခိုင်မာခြင်းအဆင့် နတ်မီးလျှံစမ်းသပ်ပွဲသို့ ပါဝင်ရန် အရည်အချင်းပြည့်မီပြီးသူများစာရင်းတွင် ပိုင်ရှောင်ချန်းတစ်ယောက်တည်း မဟုတ်ပေ။ သို့သော်လည်း ယခုချိန်ထိ စမ်းသပ်ပွဲကို မကျင်းပနိုင်သေးပေ။ ထို့ကြောင့် တာဝန်များကို စောစီးစွာ ပြီးထားသည့်သူများက စိတ်ရှည်လက်ရှည်နှင့် သည်းခံစောင့်ဆိုင်းနေရသည်။
ပိုင်ရှောင်ချန်းက စောင့်နေရသည့် လများကို အလဟဿ အဖြစ်မခံပေ။ ထာဝရကောင်းကင်ဘုရင်ကျင့်စဥ်ကို တက်တက်ကြွကြွကျင့်ကြံလျက်ရှိသည်။ ထိုကျင့်စဥ်ကို စတင်ကျင့်ကြံချိန်မှစ၍ ယခုတိုင်အောင် ဤကဲ့သို့သော ခံစားချက်မျိုးကို တစ်ခါမှ မခံစားဖူးပေ။ မည်သည့် စိုးရိမ်ပူပန်သောကမှမရှိဘဲ ကျင့်ကြံခြင်း၌သာ အပတ်တကုတ် အာရုံစိုက်ထားနိုင်လေသည်။
ထာဝရကောင်းကင်ဘုရင်ကျင့်စဥ်ကို ကျင့်ကြံသောအခါ သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် တစစ်စစ်နှင့် နာကျင်မှုကိုခံစားရသည်။ အစက အလွန် ကသိကအောက်နိုင်သော်လည်း ယခုမူ နေသားကျသွားပြီဖြစ်ပြီး တစ်ခါတရံတွင် နှစ်လိုဖွယ်ရာပင်ကောင်းနေသေးသည်။
နေ့တိုင်း အချိန်ယူကာ စွမ်းအားကိုစမ်းသပ်သည့်အနေဖြင့် သူ၏ အင်မော်တယ်ဂူထဲတွင် တစ်ယောက်ထဲ လက်သီးထိုးလေ့ကငြ့်နေလေ့ရှိသည်။ ရလဒ်ကတော့ တစ်ခုတည်းသာဖြစ်သည်။
“ဟားဟားဟား…တစ်နေ့ထက် တစ်နေ့ပိုပြီးသန်မာလာမယ်ဆိုလို့ကတော့ ကြိုက်သလောက်နာပါစေကွာ… ”
သွေးချီများ မြေပြင်မှ စိမ့်ထွက်လာသည့် မြင်ကွင်းကို မြင်ရတိုင်း စိတ်လှုပ်ရှားမှုကြောင့်
နှလုံးခုန်သံများ မြန်လာမြဲ ဖြစ်သည်။
“ဒီနေရာလေးက ငါ့အတြက္ နိဗ္ဗာန်ဘုံလေးပဲ။ လျှောက်ဖျက်စီးလိုက်မိတာတောင်မှ အပြစ်ပေးမခံရတဲ့အပြင် ဆုချခံရသေးတယ်။ နောက်ပြီး ကျင့်ကြံတာကလည်း တခါမှ ခုလောက်မြန်မြန်မတိုးတက်ဖူးဘူး”
သက်ပြင်းချလိုက်ရင်း သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသည် ပိုင်ရှောင်ချန်းအတွက် တမင်ပင်ဖန်တီးပေးထားသည့်အလား ခံစားနေမိလေရာ မည်သို့မျှမတတ်နိုင်ပေ။ သို့သော်လည်း နောက်ထပ်တွေးကြည့်ပြီးသည့်နောက်တွင်တော့ သူ့အတွေးများက အနည်းငယ်လမ်းလွဲနေပြီဖြစ်ကြောင်း သတိထားမိလိုက်ပြီး လမ်းမှန်ရောက်ရန် လိုအပ်နေပြီဖြစ်သည်။
” ငါက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကလေ ”
သူ့ကိုယ်သူ ပြန်သတိပေးနေဆဲမှာပင် တစစ်စစ်နာကျင်ကိုက်ခဲမှုများကို အလူးအလဲခံစားလာရသည်။
နောက်ဆုံးတွင် သူသည် ထာဝရ ကောင်းကင်ဘုရင်ကျင့်စဥ်၏ ကိုးရာကိုးဆယ့်ကိုးခုမြောက် စက်ဝန်းကို အောင်မြင်သွားပြီးသည်နှင့် သူ့တစ်ကိုယ်လုံးတွင် တဝုန်းဝုန်းအသံများ ပြည့်သွားသည်။ ထို့နောက် သူ့နောက်တွင် အင်မတန်ကြီးမားလှသော နဂါးလိုဆင်လို သတ္တဝါကြီး သုံးကောင်၏ ပုံရိပ်က ထွက်ပေါ်လာသည်။
ထိုအချိန်တွင် ပိုင်ရှောင်ချန်းက မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ရာ စိတ်အားထက်သန်မှုကြောင့် တလက်လက်တောက်ပနေသည်။ လေထဲသို့ လက်သီးနှင့်ထိုးလိုက်ရာ ဝုန်းခနဲ အသံကြီးကြားလိုက်ရသဖြင့် အသက်ရှူမှားသွားလေသည်။
” ငါက နဂါးလိုဆင်လို တတိယအဆင့် စွမ်းအားကိုတောင် ရောက်သွားပြီပဲ။ အောင်မြင်ချက်က ရူးချင်စရာပဲ။ ပြီးတော့ အခုက ဘီလူးကြီးလက်ရဲ့နောက်ဘက်ခြမ်းပဲရှိသေးတယ်။ လက်ချောင်းတွေပေါ်ကိုသာ ရောက်သွားရင် သွေးရေတံခွန်တွေနဲ့ ပိုနီးသွားလောက်တယ်။ အဲ့ကျရင် ကျင့်ဖို့ ပိုတောင်မြန်သွားဦးမယ်”
သဘောကျစွာ အူလှိုက်သည်းလှိုက်ရယ်ပြီး အညောင်းပြေလမ်းလျှောက်ရန်ထွက်သွားသည်။ သို့သော် ရုတ်တရက် မျက်နှာထားပြောင်းသွားပြီး သူ့အိတ်ထဲက ဂိုဏ်းတံဆိပ်ပြားကို နှိုက်လိုက်သည်။
တံဆိပ်ပြားသည် အနည်းငယ် လင်းလျက်ရှိသည်။ ရှောင်ချန်းက စိတ်စွမ်းအင်အနည်းငယ်ထည့်လိုက်သည့်အခါတွင် အေးစက်တည်ငြိမ်သော အသံတစ်ခုကို ကြားယောင်လာသည်။
“အတွင်းစည်းဂိုဏ်းသား ညမုဆိုး က ဒုတိယအဆင့် အခြေခိုင်မာခြင်း နတ်မီးလျှံစမ်းသပ်ပွဲကို ပါဝင်ခွင့်ရတဲ့အတွက် ခုကစပြီး သုံးရက်မြောက် နေ့လည်မှာ အဆုံးမဲ့သွေးချောက်ကမ်းပါးဆီကို အစမ်းသပ်ခံဖို့အရောက်လာခဲ့ပါ”
ပိုင်ရှောင်ချန်း၏ မျက်ဝန်းများသည် မျှော်လင့်ချက်များကြောင့် တောက်ပသွားသည်။
“အဆုံးမဲ့သွေးချောက်ကမ်းပါးဆီမှာတဲ့လား။ အခြေခိုင်မာခြင်းအဆင့် နတ်မီးလျှံစမ်းသပ်ပွဲက အဆုံးမဲ့သွေးချောက်ထဲမှာတော့ မဟုတ်လောက်ပါဘူးနော် ”
အဆုံးမဲ့သွေးချောက်ကမ်းပါးနှင့် အဆုံးမဲ့သွေးချောက် တို့မှာ အတူတူပင်ဖြစ်သည်။ တစ်ခါက ပိုင်ရှောင်ချန်းသည် လေးရောင်ခြယ်မီးတောက်များအကြောင်းကို လူလိမ္ ညမုဆိုး ကိုမေးဖူးလေရာ အဆုံးမဲ့သွေးချောက်ထဲတွင် ရြက္ေလးပင္ကို ရှာသင့်ကြောင်းပြောခဲ့ဖူးသည်။
ဟုတ်ပေသည်။ အခြေခိုင်မာခြင်းအဆင့် နတ်မီးလျှံစမ်းသပ်ပွဲကို စောင့်ဆိုင်းနေသူများထဲတွင် ပိုင်ရှောင်ချန်းလည်း တစ်ယောက်အပါအဝင်ဖြစ်ရာ ထိုအကြောင်းကို အနည်းအကျဥ်းတော့ စိတ်ဝင်စားသင့်သည်လေ။
ပိုင်ရှောင်ချန်း၏ တစ်ခုတည်းသော ဆန္ဒမှာ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူဖြစ်လာပြီး အလယ္တောင်၏ ဓမ္မအစောင့်အရှောက်ဖြစ်လာရန်ပင်။ ထိုအဆငျ့သညျ ထာဝရတည်မြဲခြင်း အမွေအနှစ်ဆီသို့ လျှောက်လှမ်းရန် အဓိက ကျသော ပထမ ခြေလှမ်းဖြစ်သည်။
နတ်မီးလျှံစမ်းသပ်ပွဲကို ပိုင်ရှောင်ချန်းက အရေးတယူသိပ်မရှိခြင်းမှာလည်း ကောင်းကင်တာအိုအခြေခိုင်မာခြင်းအဆင့်ကိုရောက်နေြခင္းေၾကာင့္ ဖြစ်သည်။
ရှောင်ချန်းသည် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ဂိုဏ်းသားတစ်ဦးဖြစ်သောကြောင့် တရားမျှတခြင်းဘက်မှ သမာသမတ်ကျစွာ ရပ်တည်ရမည့်တာဝန်ရှိကြောင်း ကောင်းစွာသဘောပေါက်လေသည်။ ထုံးစံအတိုင်း ဝတ်ရုံကိုခါထုတ်ကာ မေးကိုမော့လိုက်ပြီး
“ဒီတစ်ခါတော့ အခြေခိုင်မာခြင်းအဆင့်ကို ဝင်တဲ့ သူတွေ ကံဆိုးတာပဲဟေ့။ ငါက တစ်ယောက်တောင်မှ မ ရောက်အောင်လုပ်မှာမလို့ပဲ။ ဘာလို့ဆို ငါက သူလျှိုကိုး ”
ပိုင်ရှောင်ချန်းသည် ထိုကဲ့သို့သော စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ သစ္စာရှိသောဂိုဏ်းသားတစ်ဦးဖြစ်ရာ သူ၏ဂိုဏ်းအတွက် အကျိုးရှိမည့် မည်သည့်အလုပ်ကိုမဆိုလုပ်မည့်သူမျိုးဖြစ်သည်။
ပိုင်ရှောင်ချန်းသည် စိတ်ကြည်နေသည်ဖြစ်၍ တင်ပျဥ်ခွေပြန်ထိုင်ရင်း တရားထိုင်နေလိုက်သည်။
သုံးရက်ကြာပြီးနောက် ပိုင်ရှောင်ချန်းက နောက်ဆုံးအနေနှင့် ပြင်ဆင်ပြီး အင်မော်တယ်ဂူထဲမှ ထွက်လာလေသည်။ ပိုင်ရှောင်ချန်းက ကြည့်လိုက်သည်နှင့် သွေးအေးကာ ရက်စက်ကြမ်ွးကုတ်ဟန်ပေါက်အောင် ကြိုးပမ်းသရုပ်ဆောင်ထားသည်။ ထို့ပြင် ပို၍ ခက်ထန်ကြမ်းကြုတ္ကာ စူးရှသည့်အကြည့်များဖြစ်အောင်လည်း လေ့ကျင့်လိုက်သေးသည်။ သူ့ကိုယ်သူ ကျေနပ်လောက်သောအခါတွင်မှ လုပ်စရာရှိသည်များကို ဆက်လုပ်လေသည်။
အဆုံးမဲ့သွေးချောက်ကမ်းပါးသည် သန့်ရှင်းသောဆေးနံရံကျိုးကဲ့သို့ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ပဟေဠိဆန်သောနေရာများထဲမှ တစ်ခုဖြစ်သည်။
ထိုချောက်သည် အင်မတန် နက်ရှိုင်းပြီး သွေးရောင်များလွှမ်းနေသည်။ အများစုကတော့ လျှို့ဝှက်နယ္ေျမ ဖြစ်သည်ဟု ယူဆကြသည်။
အမှန်တော့ ထိုနေရာသည် ဘီလူးကြီးလက်ပေါ်မှ ဒဏ်ရာဖြစ်သော်လည်း ကိုယ်ပိုင်ကမ္ဘာတစ်ခုအသွင် ဖြစ်နေခြင်းဖြစ်သည်။
ရြက္ေလးပင္သည္ ထိုဒေသမှလာခြင်းဖြစ်ပြီး လေးရောင်ခြယ်မီးတောက်အဖြစ်သုံးနိုင်လေသည်။ ထိုပစ္စည်းသည် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတွင်သာရှိသည်ဖြစ်ရာ တခြားဂိုဏ်းမှလူများကို အဖိုးတန်ပစ္စည်းအဖြစ် ကုန်သွယ်ကြသည်။
သို့သော် ထိုရြက္ေလးပင္ကို ကံကောင်းမှသာရနိုင်သည်။ ၎င်းသည် ချောက်အနက်ပိုင်းမှာသာ ရှိတတ်ပြီး သွေးသားရဲ များက ပိုင်ဆိုင်ကြသည်။ သွေးသားရဲ များသည် ပိန်းတိန်းတိန်းသတ္တဝါများဖြစ်ကြသော်လည်း သတ်ချင်ဖြတ်ချင်စိတ်ကြီးကြသည်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသည် ဧရာမလက်ကြီးပေါ်တွင်တည်ထားသည်ဖြစ်သောကြောင့် မွေးရာပါ ဗီဇများကိုက သတ်ဖြတ်ချင်နေကြဟန်တူသည်။
ထို့ကြောင့် ချောက်ထဲသို့ဆင်းလာသော မည်သူ့ကိုမဆို သွေးသားရဲများက တွေ့ပြီဆိုသည်နှင့်တိုက်ခိုက်ပြီးသားဖြစ်သည်။
ပိုင်ရှောင်ချန်း ရောက်သောအခါ အခြား ဂိုဏ်းသားရှစ်ယောက်ခန့်လည်း ရောက်ရှိနေပြီဖြစ်သည်။ တချို့က တိတ်ဆိတ်ငြိမ်သက်စွာ တရားထိုင်နေကြပြီး တချို့ကတော့ ခပ်တိုးတိုး စကားစမြည်ပြောနေကြသည်။
ကျောက်ဝူချန်းလည်းရောက်ရှိနေပြီဖြစ်ပြီး ပိုင်ရှောင်ချန်းကို မြင်သည်နှင့် မျက်ဝန်းများက အေးစက်သွားသည်။ ရောက်နေသည့်သူများအားလုံးသည် ပြိုင်ပွဲဝင်များဖြစ်သော်လည်း ပိုင်ရှောင်ချန်းကိုသာ ပြုံးပြပြီး လက်ပြခေါ်လိုက်သည်။
အရင် ရောက်နေသော လူစုမှာ မြေခဓားကမ္ဘာတွင် ရှုံးနိမ့်ခဲ့သော လူများဖြစ်သည်။
” နတ္မီးလျှံစမ်းသပ်ပွဲ အတြက္ အဆင့်မီတဲ့သူ အယောက်သုံးဆယ်လောက်ရှိတယ်လို့ ကျုပ်ကြားတယ်။ ဒါပေမယ့် အခြေခိုင်မာခြင်းဆေးလုံးကတော့ နည်းနည်းပဲရှိတယ်။ ဆေးလုံးကိုရယူဖို့ သေချာပေါက် တိုက်ခိုက်ခိုင်းတာပဲ။ သွေးသားရဲတွေနဲ့ တိုက်ရမယ့်အပြင် ဂိုဏ်းသားအချင်းချင်းပါ တိုက်ရမယ့်ပွဲပဲ”
“ဟုတ်တယ္.. ကျုပ်ကတော့ ကြိုပြောထားမယ်နော်။ အေျခခိုင်မာခြင်းဆေးလုံးတွေ ရသွားတဲ့သူမရှိမချင်း တွေ့သမျှလူတွေကို သတ်ပစ်ရမှာပဲ”
အခြားဂိုဏ်းသားများ ပြောစကားအရ အဆုံးမဲ့သွေးချောက်ကမ်းပါးပေါ်မှ အောက်သို့ ပိုင်ရှောင်ချန်းက လေ့လာလိုက်သည်။ ဝင်ပေါက်မှာ သုံးဆယ်မီတာလောက်သာ ရှိသော လှိုဏ်ခေါင်းကျဥ်းလေးဖြစ်သည်။ သွေးရောင်များ ဖြာထွက်နေသည့်အပြင် ပေါ်ထွက်နေသော အငွေ့အသက်အပေါ်အခြေခံပြီးပြောရမည်ဆိုပါက ထိုအထဲတွင် သွေးပျက်ဖွယ်ရာများ သေချာပေါက်ရှိမည်မှာ ကျိန်းေသသည်။ ဝင်ပေါက်သည် သူအနားသို့ကပ်လာသမျှလူအားလုံး မျိုချပစ်မည့် ပါးစပ်ပေါက်ကြီးကဲ့သို့ ရှိလေသည်။
အထဲမှ ဟိန်းဟောက်အော်ဟစ်သံများကိုပင် ခပ်ရေးရေး ကြားနေရသည်။
“ကျုပ်ကြားမိတာကတော့ သွေးသားရဲတွေထဲမှာ အခြေခိုင်မာခြင်းအဆင့်ရှိတဲ့အကောင်တွေတောင် ရှိတယ်ဆိုလားပဲ”
ကျောက်ဝူချန်းကပြောသည်။
” အခြေခိုင်မာခြင်းအဆင့် မြင့်မြတ်သောနယ်မြေတွေလို အန္တရာယ်များတယ် ”
ပိုင်ရှောင်ချန်းက ခေါင်းညိတ်တုန့်ပြန်လိုက်သည်။
နောက်ထပ်လူများရောက်လာကြပြီး စောင့်နေသောအဖွဲ့နှင့် ပေါင်းလိုက်ကြသည်။ ထို့နောက် တစ်ယောက်နှင့်တစ်ယောက် အေးစက်စက်ကြည့်နေကြသည်။
မကြာခင် မွန်းတည့်ချိန်သို့ရောက်လာသည်။ နတ္မီးလျှံစမ်းသပ်ပွဲသို့ အဆင့်မီသည့်လူအားလုံးစုံသွားပြီဖြစ်ပြီး အားလုံးပေါင်း သုံးဆယ့်ခုနစ်ယောက်ရှိသည်။
ထိုအချိန်တွင် နတ်မီးလျှံစမ်းသပ်ပွဲလုပ်မည့်နေရာသို့တောင်ထိပ်လေးခုမှအလင်းတန်းတစ်ခုစီကျလာသည်။
နွံအိုင်ေတာင္ထိပ္ မှလာသူသည် အရပ်ရှည်ရှည်နှင့်လူလတ်ပိုင်းဖြစ်ပြီး သွေးအရောင်အဝါများကိုထုတ်လွှတ်နေရာ သူ့ဘေးပတ်ဝန်းကျင်သည် လှိုင်းများကဲ့သို့ တွန့်လိမ်နေသည်။ သူ့နောက်တွင်လည်းလက်တစ်ချောင်းကို ခပ်မှိန်မှိန်မြင်နေရပြီး ထိုလက်သည် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကိုတည်ထားသော လက်နှင့်ပင်ဆင်လေသည်။ ပိုမိုအံ့အားသင့်စရာမှာ ထိုလူ၏ ညာလက်တွင် မီးများပွင့်နေပြီး အက်ကြောင်းများထင်နေခြင်းဖြစ်သည်။ ထိုသူသည် နွံအိုင်တောင်ထိပ်၏ အကြီးအကဲမှလွဲ၍ အခြားသူမဖြစ်နိုင်ပေ။
အမည်မဲ့တောင်၏ အကြီးအကဲသည် ဆံပင်ခပ်တိုတိုနှင့် လူပုလေးဖြစ်ပြီး ကြောက်မက်ဖွယ် မျက်နှာရှိသည်။ အနက်ရောင်တိမ်စိုင်ပေါ်တွင် မတ်တပ်ရပ်နေဟန်ထင်ရသော်လည်း အမှန်မှာ ၎င်းသည် အံ့ဖွယ်စွမ်းအားများဖြာထွက်နေသည့် တိရစ္ဆာန်ခေါင်းတစ်ခုဖြစ်သည်။
ရုပ်အလောင်းတောင်ထိပ်မှအကြီးအကဲနှင့်မူ ပိုင်ရှောင်ချန်း ဆုံပြီးသားဖြစ်သည်။ ကြည့်ရသည်မှာ အဘိုးအိုတစ်ယောက်ဟန်ပေါက်သော်လည်း လူငယ်တစ်ဦးကဲ့သို့ ခွန်အားများက ဖြာထွက်နေသည်။
နောက်ဆုံးတစ်ဦးမှာ အလယ္ေတာင္ထိပ္ သခင်မဖြစ်ပြီး ပိုင်ရှောင်ချန်းကို အဆွဲဆောင်နိုင်ဆုံးတစ်ယောက်လည်းဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အင်မတန် ဆွဲဆောင်မှုရှိသော မိန်းမပျိုလေးဖြစ်ပြီး မယုံကြည်နိုင်အောင် ရင့်ကျက်သည့္ အသွင်လည်းရှိသည်။
သူမ၏ ပုံပန်းသွင်ပြင်ကို အနည်းငယ်ထပ်၍ ဖော်ပြရမည်ဆိုလျှင် အင်မတန် ညှို့ဓာတ်ပြင်းပြီးပြီး ဖြားယောင်းနိုင်စွမ်းရှိသည်။ သွယ်လှရှည်လျားသောပေါင်တံရှည်များရှိသည့်အပြင် ကျစ်လျစ်ပြည့်ဖြိုးသော တင်သားများလည်းရှိသည်ဖြစ်ရာ ကိုယ်လုံးကိုယ်ပေါက်အလွန်လှပသောကြောင့် နှစ်ခါပြန်ငေးရသည့်မိန္းမပ်ိဳတစ္ေယာက္ျဖစ္သည္။ သူမ၏ဝတ်ရုံမှာ ခပ်ကြပ်ကြပ်ဖြစ်သောကြောင့် ရှိုက်ဖိုကြီးငယ်အသွယ်သွယ်တို့က အကြိမ်ကြိမ်သေစေနိုင်လောက်သည့် အလှတရားပင်ဖြစ်သည်။ ထို့ပြင် ရှည်လျားတောက်ပသော အနီေရာင္ဆံပင္ရွည္မ်ားကို ပိုင်ဆိုင်ထားသေးသည်ဖြစ်ရာ တလွင့်လွင့်လူးနေသော မီးတောက်တစ်ခုကဲ့သို့အလားဖြစ်သည်။
သို့သော် သူမ၏သြယ္လ်ေသာမ်က္နွာသည္ ချောမောသည်ဟုဆိုရမည်ထက် ဆွဲဆောင်မှုရှိသော မျက်နှာပေါက်မျိုးဖြစ်သည်။ ကြည့်လိုက်သည်နှင့် မည်သူ႔ကိုမဆို ညှို့ငင္ဖမ္းစားနုိင္သည္။ ပိုင်ရှောင်ချန်းပင်လျှင် မသိစိတ်၏ စေ့ဆော်မှုအရ သက်ပြင်းချလိုက်မိပြီး ရင်ခုန်နှုန်းများ မြန်လာသည်။ အကြည့်ကိုလွှဲလိုက်ပြီး မငေးဘဲနေနိုင်ရန် ကြိုးစားလိုက်သည်။
” အလယ္ေတာင္ထိပ္ရဲ႕ မဟာအကြီးအကဲက စုန့်ချွဲရဲ့အဒေါ် စုန့်ကျင်းဝမ်ဆိုတာလား ”
ကံမကောင်းစွာပင် နောက်တစ်ကြိမ် ထပ်မကြည့်ရန် မထိန်းလိုက်နိုင်ဘဲ သူမကိုထပ်မံကြည့်မိသွားပြန်ရာ ပိုင်ရှောင်ချန်းမှာ အကြီးအကျယ် နှလုံးခုန်မြန်သွားသည်။ အဘယ့်ကြောင့်ဆိုသော် သူမက ပိုင်ရှောင်ချန်းကို မက်မောဖွယ်ကောင်းလှစွာ ငေးကြည့်နေသည်ကို တွေ့လိုက်ရသောကြောင့်ဖြစ်သည်။
သူမကပြုံးလိုက်ရာ ပိုင်ရှောင်ချန်း၏ ဦးရေပြားများသည် ဆွဲဆုတ်လိုက်သကဲ့သို့ ဖျင်းခနဲ ဖြစ်သွားသည်။ အဘယ့်ကြောင့်ဆိုသော် သူမ၏အကြည့်များတွင် အန္တရာယ်အပြည့်နှင့်ဖြစ်ကြောင်း အလိုလိုခံစားမိသောကြောင့်ဖြစ်သည်။ ချက်ချင်းပင် ပိုင်ရှောင်ချန်းက ခေါင်းကိုငုံ့ပစ်လိုက်သည်။
ပိုင်ရှောင်ချန်း မျက်လွှာချသွားသည်နှင့် စုန့်ကျင်းဝမ်၏ မျက်ဝန်းများ အေရာင္လက္သြားသည္။ အမှန်တကယ္ေတာ့ သူမ အံ့အားသင့်သွားခြင်းဖြစ်သည်။ အဆုံးမဲ့သွေးချောက်ကမ်းပါးတစ်ခုလုံးတွင် သူမကိုနှစ်ခါပြန်ကြည့်ရဲသူသည် ပိုင်ရှောင်ချန်းတစ်ဦးတည်းသာရှိသည်။ ထိုအတွက် အပြစ်ပေးသည့်အနေနှင့် ကြည့်လိုက်သောအကြည့်ကို သူက ရိပ်မိသည့်အလား ခေါင်းကိုငုံ့သွားသည်။
မဟာအကြီးအကဲလေးဦးလုံးရောက်လာပြီဖြစ်သောကြောင့် ဂိုဏ်းသားများက လက်များကိုယှက်ကာ အရိုအသေပေးလိုက်ကြသည်။
“မဟာအကြီးအကဲများကို အရိုအသေအပေးပါတယ်”
ပိုင်ရှောင်ချန်းသည် အများနည်းတူ အရိုအသေပေးလိုက်ရင်း ၾကိတ္၍ သက်ပြင်းချလိုက်မိသည်။ အလယ်တောင် မဟာအကြီးအကဲက သူမကဲ့သို့ မုန်းစရာကောင်းသည့်မိန်းမ ဖြစ်နေမည်ဆိုသည်ကို မည်သူက ထင်မည်နည်း။ ထို့နောက် သူမ၏ အင်မော်တယ်ဂူထဲသို့ဝင်ပြီး ထာဝရတည်မြဲခြင်း အမွေအနှစ်ကို ယူရမည်ဟု မည်သူက တွေးဖူးမည်နည်း။ သေချာသည်ကတော့ မည်သူမျှ ထိုသို့တွေးဖူးလိမ့်မည်မဟုတ်ပေ။
“ငါ့အစီအစဥ်အတိုင်းဆိုရင် အလယ်တောင်ရဲ့ မဟာအကြီးအကဲနေရာကို ရအောင်ယူရမှာလေ”
ပိုင်ရှောင်ချန်း ကတွေးနေသည်။
ပိုင်ရှောင်ချန်းက တိတ်တိတ်လေး သက်ပြင်းခိုးချလိုက်စဥ်တွင် မဟာအကြီးအကဲ စုန့်ကျင်းဝမ်က ပြောသည်။
“မင်းတို့အားလုံးက အခြေခိုင်မာခြင်းမြင့်မြတ်သောနယျမွတှေမှော ကျရှုံးထားကြတဲ့သူတွေဖြစ်တယ်။ ဂိုဏ်းစည်းကမ်းအရဆိုရင်တော့ အပြစ်ပေးခံရမှာဖြစ်ပေမယ့် ဂိုဏ်းခေါင်းဆောင်နဲ့ ပြန်ဆွေးနွေးလိုက်တော့ မဟာအကြီးအကဲတွေက နောက်ထပ် နတ္မီးလျှံစမ်းသပ်ပွဲကို ယွဥ္ျပိဳင္ခွင့်ပြုလိုက်တယ်”
” လူသားတာအိုအခြေခိုင်မာခြင်းအဆင့္ကိုရောက်အောင် အခြေခိုင်မာခြင်းအဆင့် ဆေးလုံးတွေကို သုံးနိုင်တယ်။ အောင်မြင်နှုန်းအနေနဲ့ကတော့ အပြောင်းအလဲတွေရှိတယ်။ တချို့လူတွေက ဆေးတစ်လုံးပဲလိုတယ်။ တချို့ကတော့ နှစ်လုံး သုံးလုံးလိုတယ်။ တစ်ခါတလေ တစ်ယောက်တည်းနဲ့ အောင်မြင်ဖို့ ဆေးခြောက်လုံးလောက်တောင်လိုတာမျိုးလည်း ဖြစ်နိုင်တယ်”
အင္မတန္ ဆွဲဆောင်မှုရွိေသာ အပြုံးနှင့်ပြောနေရင်း သူမက ဆေးပုလင်းကိုဆွဲထုတ်လိုက်သည်။ သူမက အနည်းငယ်မဲ့ရွဲ့လိုက်သော်လည်း အနည်းငယ်မျှပင် အကျည်းတန်သွားခြင်းမျိုးမရှိပေ။ တကယ်တော့ ထိုသို့ မဲ့လိုက်ဟန်လေးကပင် ပို၍ ဆွဲဆောင်မှုရှိနေသေးသည်။ နှင်းဆီမှန်လျှင် ဆူးရှိသည်မဟုတ်ပါလော။
” ပုလင်းထဲမှာ အခြေခိုင်မာခြင်းအဆင့်ဆေးလုံးဆယ်လုံးရှိတယ် ” ပြောပြီးသည်နှင့် သူမက ဆေးပုလင်းကို အဆုံးမဲ့သွေးချောက်ထဲသို့ ပစ်ချလိုက်သည်။
“ပြိုင်ပွဲကိုစလိုက်ကြစို့…မင်းတို့အားလုံး အချိန်တစ်လရမယ်။ တစ္လပြည့်တဲ့နေ့မှာ ချောက်ထဲကပြန်ထွက်လာနိုင်သူက အခြေခိုင်မာခြင်းအဆင့်ကိုရောက်နေပြီး ဖြစ်တဲ့အပြင် ကြိုက်တဲ့တောင်တစ်လုံးရဲ့ ဓမ္မစောင့်ရှောက်သူ ဖြစ်ခွင့်ရမယ်”