အခန်း (၈၇) : သူ့ကို ဘယ်သူ ထိရဲလဲ
သူက ထိုက်ပိုင်ချိုုင့်ဝှမ်းဆီ မသွားချင်ဘူးတဲ့လား…
အထွတ်အထိပ်ရှင် ကျီယန်က ထိုစကားကို ကြားပြီး သဘောထားပြောင်းလဲသွားလေသည်။
လာနောက်နေတာလား … ငါ့အစ်ကိုကြီး မင်းကို ခေါ်လာဖို့ ပြောလိုက်တာလေ။ မင်းသာ ငါနဲ့ လိုက်ခဲ့ရင် အစ်ကိုကြီးက မင်းကိုပဲ ပညာပေးမှာ … တကယ်လို့ မင်း ပါမလာရင်တော့ သူ့ဒေါသတွေက ငါ့ဆီ ပုံကျလာမှာပေါ့
အထွတ်အထိပ်ရှင် ကျီယန်က ချန်းဟယ် ဓားအသျှင် တိုက်ကွက် အသစ် ဖန်တီးပြီးနောက် သူနှင့် လေ့ကျင့်ပေးဖို့ တောင်းဆိုခံရသည့် နေ့ရက်ကို မှတ်မိနေဆဲ ဖြစ်၏။
အထွတ်အထိပ်ရှင် ကျီယန်က ရှန်ထျန်းအား ဆုံးဖြတ်ချက် ပြတ်သားစွာ ကြည့်လိုက်တော့သည်။
“ မိတ်ဆွေလေး ဒီကိစ္စက ကျုပ်ကို တာဝန်ပေးလိုက်တာဆိုတော့ ခက်ခဲအောင် မလုပ်စမ်းပါနဲ့ကွာ ”
ရှန်ထျန်းက မည်မျှ အားကောင်းကြောင်း မသိသောကြောင့် သူ့လေသံက ယဉ်ကျေးဟန်ပေါ်နေသည်။
အထွတ်အထိပ်ရှင် ကျီယန်နှင့် ချန်းဟယ် ဓားအသျှင်တို့က ထိုက်ပိုင်ချိုုင့်ဝှမ်း၌ အကြီးအကဲများ ဖြစ်ကြသော်လည်း ဆက်ဆံခံရပုံချင်း မတူညီပေ။
ချန်းဟယ် ဓားအသျှင်က ငယ်စဉ်ကတည်းက အားအကောင်းဆုံး တာ့ပိုင်ကျမ်း(မဟာ အဖြူရောင်ကျမ်း)ကို ကျင့်ကြံနိုင်စွမ်း ရှိသည့် ထိုက်ပိုင်ချိုင့်ဝှမ်း၏ ပင်မအဖွဲ့ဝင် တစ်ဦး ဖြစ်ခဲ့သည်။
အထွတ်အထိပ်ရှင် ကျီယန်က သူ့အစ်ကိုကြီးလောက် ပါရမီမပါသောကြောင့် သိပ်အားမကောင်းသည့် ကျင့်စဉ်ကိုသာ ကျင့်ကြံခဲ့ရသည်။ ကောင်းကင် မိုးကြိုးငါးသွယ် ကျင့်စဉ်နှင့် ယှဉ်လိုက်လျှင် ဘာမှမဟုတ်တော့ပေ။
သူ့ကျင့်ကြံဆင့်က ရှန်ထျန်းထက် မြင့်မားသော်လည်း ရှန်ထျန်း၏ ဝိညာဉ်ချီ စိုးစဉ်းမျှ အနည်းငယ်သာ ခံစားမိလေသည်။ ထို့အပြင် ရှန်ထျန်းက ဝိညာဉ်ချီ ဖုံးကွယ်ပေးသော ကျန်းယွင်ရှီး၏ ဇာမဏီ ဌက်မွေး မျက်နှာဖုံးကို ကိုင်ဆောင်ထားသေး၏။ ထို့ကြောင့် အထွတ်အထိပ်ရှင် ကျီယန်က ရှန်ထျန်း မည်မျှတော်ကြောင်း မခန့်မှန်းနိုင်ပေ။
သို့သော်လည်း အထွတ်အထိပ်ရှင် ကျီယန်အနေနှင့် ရှန်ထျန်းကို ကြောက်နေသည်ဟု မဆိုလိုပေ။ သူ့တပည့်က ၁၈ နှစ်မျှ ရှိသေးလေရာ သူ့ညီဖြစ်သူက မည်မျှ ရှိနိုင်ဦးမည်နည်း။ အများဆုံး ရွယ်တူသာ ဖြစ်ပေမည်။ ဆိုလိုသည်မှာ ရှန်ထျန်းသည် အလွန်ဆုံး ၁၈ နှစ်မျှသာ ကျင့်ကြံရပေဦးမည်။
သူက သတ္တုရိုင်းတုံး အရွေးတော်သော်လည်း ကျီယန်ထက် အားကောင်းဖို့ အရမ်းငယ်လွန်းနေသေးသည်။
အထွတ်အထိပ်ရှင် ကျီယန်က သူတို့ တိုက်ခိုက်ကြလျှင် ဆရာနတ်မင်းကို အနိုင်ယူဖို့ ယုံကြည်ချက်အပြည့် ရှိသည်။ သို့သော်လည်း ဆရာနတ်မင်းကို ပြင်ပအင်အားစုများမှ ထောက်ပံ့ပေးထားမည်ကို စိုးရိမ်မိလေသည်။ သူ့ကျင့်ကြံဆင့်က ဆန်းကြယ်ကာ ဖုံးကွယ်ထားသော ရတနာများစွာလည်း ရှိလောက်၏။ ထို့ကြောင့် သူ့ကို ထောက်ပံ့ပေးနေသည့် အင်အားကြီးတစ်ယောက်ယောက် ရှိကို ရှိလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ အထွတ်အထိပ်ရှင် ကျီယန်က မစိုးရိမ်ပေ။ သူက ရှန်ထျန်းကို သူတို့ ထိုက်ပိုင်ချိုင့်ဝှမ်းဆီ ဧည့်သည်တော်အဖြစ် လာရောက်ဖို့ ဖိတ်ကြားရုံမျှသာ ဖြစ်၏။ သူ့ကို သတ်ဖို့ ကြိုးစားနေခြင်း မဟုတ်ချေ။
သူတို့က ယနေ့အဖြစ်အပျက်ကြောင့် နောက်ကွယ်မှ လူကို စိတ်မပျော်မရွှင် ဖြစ်စေခဲ့မိလျှင်ပင် ချန်းဟယ် ဓားအသျှင်က ဖြေရှင်းပေးနိုင်သေး၏။ ကျီယန်က သူ ပြောသမျှ ပြီးမြောက်အောင် လုပ်ပေးဖို့ ရောက်လာခြင်းသာ ဖြစ်၏။
အထွတ်အထိပ်ရှင် ကျီယန်က သူ့အရှိန်အဝါကို ထုတ်လွှင့်လိုက်သည့်အခါ ခရမ်းနေလုံး ပြန်ပေါ်လာသောကြောင့် နန်းတော်တစ်ခုလုံး ဖိအားအောက် ရောက်ရှိသွားသည်။
တစ်ချိန်တည်းတွင် ခေါင်းပေါ်တွင် ပန်းအိုး သယ်ဆောင်ထားသော လီလျန်အာက အထွတ်အထိပ်ရှင် ကျီယန်ရှေ့ ကာရပ်လိုက်သည်။
“ ဆရာဦးလေး ကျီယန် … ကိုကိုရှန်ကို ထိခိုက်အောင်လုပ်ခွင့် မပြုနိုင်ဘူး ”
လီလျန်အာ၏ အပြုအမူက အထွတ်အထိပ်ရှင် ကျီယန်အား ပြောစရာရှာမတွေ့အောင် ဖြစ်သွားစေသည်။ သူက အရှိန်အဝါဖြင့် ခရမ်းရောင် လက်ကြီးတစ်ခု ဖွဲ့စည်းကာ လီလျန်အာကို သတိထားကာ ဆွဲခေါ်လိုက်သည်။
ထို့နောက် သူက ရှန်ထျန်းကို ကြည့်လိုက်ကာ “ မိတ်ဆွေလေး ငါ့ကို မျက်နှာသာပေးပြီးတော့ ထိုက်ပိုင်ချိုင့်ဝှမ်းဆီ လိုက်ခဲ့ပါကွာ … မင်းကို အတင်းကျပ်ခေါ်သွားရရင် ကောင်းမှာ မဟုတ်ဘူး ”
သူ့စကားအဆုံးတွင် ပုံရိပ်လေးတစ်ခုက ကျီယန်အား ထပ်ကာဆီးလိုက်ပြန်သည်။ ဤသည်မှာ ပန်းအိုးနှင့် လီလျန်အာသာ ဖြစ်၏။
“ ဆရာဦးလေးကို လျန်အာ လုံးဝ ခွင့်မပြုနိုင်ဘူးနော်”
အထွတ်အထိပ်ရှင် ကျီယန်က မဲ့ရွဲ့သွားကာ သူမအား စောစောကကဲ့သို့ ထပ်ဆွဲခေါ်လိုက်ပြန်သည်။
ရှန်ရှောင်းက စိုးရိမ်ကာ သူ့ဓမ္မစွမ်းအားကိုပင် စုစည်းထားလိုက်ရင်း မေးလိုက်သည် “ စီနီယာက ဘာလို့ ဒီလိုလုပ်ရတာလဲဗျာ”
ရှန်အောင်းလည်း စိုးရိမ်လာကာ “ ဆရာ ပြန်စဉ်းစားပေးပါဦး ”
အထွတ်အထိပ်ရှင် ကျီယန်က အေးစက်စက် ပြုံးကာ ပြောလိုက်သည် “ မင်းသားကို မထိခိုက်စေရပါဘူး … ငါ့အစ်ကိုကြီး ချန်းဟယ် ဓားအသျှင်က ရှန်ထျန်းနဲ့ တွေ့ချင်နေတာဆိုတော့ ရုန်းကန်မနေဘဲ ငါ့နောက်သာ လိုက်ခဲ့လိုက်တော့ ”
ရှန်ထျန်းက သူ မလိုက်သောကြောင့် အင်အားသုံးကာ ခေါ်ဆောင်သွားရန် ကြံနေသည့် ကျီယန်၏ ဆုံးဖြတ်ချက်ကြောင့် သူ့ဘဝအကြောင်း မေးခွန်းထုတ်မိလိုက်ပြန်သည်။
ငါ ဒီကို ရောက်မလာခင် ဖတ်ခဲ့သမျှ ဝတ္ထုတွေထဲမှာ ဇာတ်လိုက်ကျော်က မကိုင်တွယ် မဖြေရှင်းနိုင်တဲ့ ရန်သူမျိုးနဲ့ မတွေ့ဖူးလေ … သူတို့က အားနည်းလွန်းနေရင်တောင် ဘာမှလုပ်နိုင်ကြတာ မဟုတ်ဘူးလေ … ငါ့ကျမှ ဘာတွေလာဖြစ်နေရတာလဲ …
ငါ ကိုယ်ထည်မာ ပထမအဆင့်မှာတုန်းက ရွှေအမြုတေ ကျင့်ကြံသူ သွေးနက်နဲ့ တွေ့တယ် …
ငါ့အနက်ရောင် ရောင်ဝါ ရှိတုန်းက ကံဆိုးတာ ထားပါတော့ အခု အစိမ်းရောင်တောင် ဖြစ်လာပြီလေ ဘာလို့ ထပ်ခါထပ်ခါ ကြုံနေရတာလဲ
အခု ကိုယ်ထည်မာ ပဥ္စမအဆင့်ရောက်တော့ ကနဦး စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူနဲ့ တွေ့ရတယ်တဲ့လား
ရှန်ထျန်းက သူ့ကြံ့နက် ချပ်ဝတ်၊ လိပ်နက် ချပ်ဝတ်နှင့် ဓားသခင် အမှတ်အသားပြားတို့က သူ့အား ကာကွယ်ပေးဖို့ လုံလောက်သည်ဟု ထင်မှတ်မိခဲ့သည်။ သို့သော်လည်း ဤအန္တရာယ်များလှသည့် ကျင့်ကြံရေးလောက၌ ဘယ်အရာမှ မလုံလောက်သေးမှန်း သိသွားရသည်။
ငါ့ရောင်ဝါက ဒီလိုကိစ္စတွေ ကာကွယ်နိုင်လောက်အောင်အထိ မစိမ်းသေးလို့လား …
ရှန်ထျန်းက အချိန်အတော်ကြာ တွေးလိုက်ပြီးနောက် ထွက်လမ်း မရှိတော့ကြောင်း သိလိုက်တော့သည်။
ထားလိုက်ပါတော့ အခုတော့ သူ့နောက် လိုက်သွားလိုက်မယ် … လမ်းကျမှ ထွက်ပြေးကြည့်ရမှာပေါ့
ရှန်ထျန်းက ပြုံးကာ ကျီယန်နောက် လိုက်ဖို့ ဆုံးဖြတ်လိုက်တော့သည်။
ထိုစဉ် တစ်ယောက်က နန်းတော်ထဲ ဝင်လာကာ အော်ပြောလိုက်သည် “ လူကြီးမင်းရှန်ကို ဘယ်သူထိရဲလဲ ”
လေဟာနယ်ထဲ ဧရာမ ကျားဖြူကြီးတစ်ကောင် ပေါ်လာလေ၏။
ဝေါင်း ဝေါင်း
ကျားဖြူကြီးကို မိုးကြိုးများ လွှမ်းခြုံထားသောကြောင့် ကောင်းကင်ဘုံမှ ဆင်းသက်လာသည့် နတ်သတ္တဝါတစ်ကောင်အလား တူနေသည်။ သူက ပါးစပ်ကြီးကို ဟကာ ခရမ်းနေမင်းကို ဝါးမျိုပစ်လိုက်သည်။
တစ်ချိန်တည်းတွင် မိန်းမလှလေးတစ်ဦးက ရှန်ထျန်းရှေ့မှောက် ပေါ်လာသည်။ သူမကို မိုးကြိုးများ လွှမ်းခြုံထားကာ သူမ ညာဘက်လက်သီးက ရွှေရောင်အလင်းများ တောက်ပနေလေ၏။
သူမက ကျားဖြူချပ်ဝတ်နှင့် အမျိုးသမီး စစ်သည်တော်တစ်ယောက်ဟန် ပေါ်နေသည်။
သူမက ဝေ့ယန်နန်းဆောင်အတွင်း ဝင်ဝင်ချင်း အထွတ်အထိပ်ရှင် ကျီယန်ကို ရိုက်ချလိုက်သည်။ ထိုလက်သီးချက်က လေးလံကာ ဆာလောင်နေသည့် ကျားတစ်ကောင် အစာပေါ် ခုန်အုပ်လိုက်သကဲ့သို့ ဖြစ်၏။
အထွတ်အထိပ်ရှင် ကျီယန်က ဓားအရှိန်အဝါဖြင့် ဒိုင်းကို မြန်မြန် ဖွဲ့စည်းလိုက်ရသည်။
“ ခရမ်းနေမင်း ကာကွယ်စမ်း ”
ခရမ်းရောင် နေမင်းက အထွတ်အထိပ်ရှင် ကျီယန်ရှေ့ ပေါ်လာသော်လည်း တိုက်ခိုက်မှုကို လုံးဝ မရပ်တန့်နိုင်လိုက်ပေ။
ဝုန်း
အားလုံးကို အံ့ဩသွားစေသည်က ခရမ်းနေမင်း အကာအရံဒိုင်းသည် ချက်ချင်း ပြိုကွဲသွားခြင်း ဖြစ်၏။ ကျီယန်က ကျည်ဆန်အလား လွှင့်ဆင်သွားလေသည်။ သူ မြေပေါ်သို့ ပြန်မပြုတ်ကျခင် စင်တချို့နှင့် တိုက်မိသွားသေး၏။
ရှန်အောင်းလည်း အထွတ်အထိပ်ရှင် ကျီယန်၏ ဆိုးဆိုးရွားရွား အဖြစ်အပျက်ကို မြင်လိုက်ရသည့်အခါ သက်ပြင်းချလိုက်မိသည်။
ဆရာ မြင်ပြီလား … ဆရာကို ထပ်စဉ်းစားဖို့ ပြောပါတယ် အခုတော့ ကြည့်ပါဦး …
ရှန်ထျန်းက ရုတ်ချည်း ပြောင်းလဲမှုအား မတုံ့ပြန်နိုင်သေးသောကြောင့် သူ့ခပ်ချောချော မျက်နှာအထက်၌ အပြုုံးတစ်ပွင့် ရှိနေဆဲ ဖြစ်၏။
ဧည့်သည်တော်များ၏ အမြင်အရ ရှန်ထျန်းသည် အရာအားလုံးက သူ့ထိန်းချုပ်မှု ရှိနေသကဲ့သို့ ယုံကြည်ချက် ပြည့်ဝနေလေသည်။
ဘေးပတ်လည်ရှိ မိန်းကလေး အားလုံးလည်း ရှန်ထျန်းကို ကြည့်ကာ အရူးအမူး ဖြစ်ကုန်ကြသည်။
good
good
good