Switch Mode

အခန်း ( ၁၆၃ )

တစ်စက်မှ လာမတောင်းနဲ့ မပေးဘူး

ကျင့်ကြံသူအများစုသည် ကောင်းကင်စီးကြောင်း စွမ်းအားနှင့် ပတ်သက်လာလျှင် အဖွဲ့ဝင်ဂိုဏ်းသားများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကဲ့သို့သော လုပ်ဆောင်မှုများမရှိချေ။ ယှဥ်ပြိုင်မှုများသာလျှင် ရှိပေသည်။

တစ်ယောက်ယောက်သည် အခြေခိုင်မာခြင်းအဆင့် ကို ရောက်ပြီးသည်ဖြစ်စေ၊မရောက်သည်ဖြစ်စေ ဂရုမ စိုက်ဘဲ ကောင်းကင်စီးကြောင်း စွမ်းအားကိုရနေသရွေ့ ကောင်းကင်တာအို အခြေခိုင်မာခြင်းအဆင့်သို့ရောက်ရှိရန် ထိုစွမ်းအားကို အသုံးပြုနိုင်လေသည်။
ကောင်းကင်တာအို အခြေခိုင်မာခြင်းအဆင့်၏ အနိမ့်ဆုံးအဆင့်သည်ပင်လျှင် မြေစီးကြောင်း အခြေခိုင်မာခြင်းအဆင့်၏ အထွတ်အထိပ်ထက်ပို၍ အဆင့်မြင့် လေသည်။ ကျင့်ကြံသူများအတွက် ထိုအဆင့်သို့ ရောက်ရှိခြင်းသည် တစ်ချက်တည်းနှင့် နိဗ္ဗာန်ဘုံသို့ ရောက်သွားခြင်းပင်ဖြစ်သည်။

စုန့်ချွဲက ထိုအရာကို ရရှိသွားသည်ဟုဆိုပါစို့။ သူ့အနေဖြင့် ဒီရေစီးကြောင်းစီးကြောင်ရှစ်ခုဖြင့် မြေစီးကြောင်း အခြေခံကျင့်ကြံခြင်း ပြီးမြောက်ထားရာ ကောင်းကင်တာအိုသို့ ရောက်ရှိချိန်တွင် စွမ်အားများအထိပ်အထွတ်သို့ ရောက်လုနီးပါး ဖြစ်နေလိမ့်မည်။

တစ်ဖက်တွင်မူ ပိုင်ရှောင်ချန်းက ထိုအရာကို ရရှိခဲ့ လျှင် သူသည် ကောင်းကင်တံတားမြစ်၏ အရှေ့ ဖက် သစ်တော အောက်ပိုင်းဒေသတွင် နှစ်ပေါင်းများစွာ အတွင်းက မပေါ်ပေါက်ခဲ့ဖူးသည့် ဒီရေစီးကြောင်း ၉ခု မြေစီးကြောင်း ကောင်းကင်တာအို အခြေခိုင်မာခြင်း အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာပေလိမ့်မည်။

သူက ကောင်းကင်တာအို အခြေခိုင်မာခြင်းအဆင့်၏ အစွမ်းထက်ဆုံး ကျင့်ကြံသူတစ်ယောက် ဖြစ်လာပေမည်။
သို့တစေ ပိုင်ရှောင်ချန်းအတွက် အရေး အကြီးဆုံးမှာ သူမည်မျှ စွမ်းအားကြီးသည့်သူ ဖြစ်လာသည် ဆိုသည့် အချက်မဟုတ်ဘဲ နှစ်၅၀၀ အသက်ရှည်ခြင်းမျှပင် ဖြစ်သည်။ လူသားတာအို အခြေခိုင်မာခြင်းအဆင့်သည် နှစ်ပေါင်း ၁၀၀ဖြစ်လေ၏။ မြေစီးကြောင်း အခြေခိုင်မာခြင်းအဆင့်ကမူ နှစ်ပေါင်း ၂၀၀ဖြစ်ပေသည်။ ကောင်းကင်တာအို အခြေခိုင်မာခြင်း အဆင့်သည်ကား နှစ်ပေါင်း ၅၀၀ဖြစ်လေသည်။

ကျင့်ကြံခြင်းကမ္ဘာတွင် နှစ်၁၀၀၀၀. အထိ အတိတ်ကို ပြန်လည်ရောက်ရှိနိုင်သည့် ရာဇဝင်ရှိရာ နှစ်၅၀၀သည် အလွန် ကြာရှည်လှသည်ဟု မထင်ရပေ။ သာမန်လူသားများ အတွက်မူ မျိုးဆက်၁၀ဆက်နှင့် ညီမျှလေသည်။ ထို့အပြင် ဤသည်ကား ပိုင်ရှောင်ချန်း အမြဲတမ်း စိတ်ကူးယဥ် အိပ်မက်မက်ခဲ့ရသော အရာဖြစ်ပေ၏။

သူသည် ထိုအကြောင်းကို အဘယ့်ကြောင့် မရူးသွပ် မစွဲလန်းဘဲ နေနိုင်ရပါမည်နည်း။
ထိုကဲ့သို့ ရူးသွပ်စွဲလန်းသော သူမှာသူတစ်ယောက် တည်းမဟုတ်ပေ။ ယခုရှိနေသော လူအများစုသည် လည်း အရူးအမူးပင် ဖြစ်ကြလေသည်။ ဒီရေစီးကြောင်း အလယ်အလတ် အဆင့်ရှိ ကျင့်ကြံသူ အနည်း ငယ် သို့မဟုတ် အခြားအကြောင်းရင်း ရှိသူများက သူတို့၏ စိတ်လှုပ်ရှားမှုကို ဖုံးဖိလိုက်ကြသည်။ ထိုအထဲတွင် ဟိုယွင်ဖေးသာမက မြေစီးကြောင်းစွမ်းအား ရရှိရန် ပိုင်ရှောင်ချန်း ကူညီပေးခဲ့သော အခြားစိတ်စွမ်းအင် နတ်ရေစင်ဂိုဏ်းသားများသည်လည်း ဘေးရှောင်နေရန် ဆုံးဖြတ်နေကြသည်။

သို့သော် တခြားလူအားလုံးက စွန့်လွှတ်ရန် စိတ်ကူးအနည်းငယ်မျှပင် မရှိချေ။

ရုတ်တရက် မြေခဓါးကမ္ဘာတွင် ရာနှင့်ချီ၍ အသက် ရှင် ကျန်ရစ်သောသူများ အားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြ၏။ သူတို့သည် နိမ့်ဆင်းသွားသော ရွှေရောင် ကောင်းကင်စီးကြောင်း စွမ်းအားမျှင်တန်းဆီသို့ ဦးတည်ကာ ကောင်းကင်မှ ပျံသွားစဥ်တွင် တုန်ယင်အက်ကွဲသောအော်ဟစ်သံများ ထွက်ပေါ်လာလေသည်။

ပိုင်ရှောင်ချန်းက အလျင်မြန်ဆုံး လှုပ်ရှားသူ ဖြစ် သည်။ သူက မပျံသန်းခင် သူ့ရင်ဘတ်ကို ပုတ်လိုက်ရာ သူ၏လက်ကောက်ဝတ်၌ အနက်ရောင် အလင်းတန်း ပြိုးပြက်လာပြီး ရင်ဘတ်အနီးသို့ စုယူလိုက်သည်။ ဤသည်က သူ့အား လီချင်းဟောက်ပေးခဲ့သော အသက်ကယ်မှော်ပစ္စည်းဖြစ်သည့် အနက်ရောင်ပုလဲ အဖြစ်သို့ပြောင်းလဲသွားလေ၏။ ပုလဲကို ဟိုယွင်ဖေး၏ နောက်ကျောပေါ်သို့ တွန်းပို့လိုက်ရာ အရည်ပျော်သွားပြီး သူ၏ အခြေခိုင်မာခြင်းအဆင့် ပြီးသွားသည်အထိ သူ့အား ကာကွယ်ပေးရန် လုံလောက်သွားလိမ့်မည်။ ထို့နောက် ပိုင်ရှောင်ချန်းက လေထဲတွင် ပျံသန်းသွားတော့ ၏။

“ဒီ ကောင်းကင်စီးကြောင်း စွမ်းအင်က ငါ့အတွက်ပဲ ကွ” သူကအော်ပြောလိုက်သည်။ သူသည်လည်း တခြား သူများကဲ့သို့ပင် ရူးသွပ်သွားဟန်တူကာ မည်သူနှင့် တိုက်ခိုက်ရသည်ဖြစ်စေ ကိစ္စမရှိဘဲ ထိုကောင်းကင်စီးကြောင်းစွမ်းအင်ကို ရရမည်ဟူသော အတွေးတစ်ခု သာလျှင် သူ့စိတ်ထဲတွင်ရှိလေသည်။
ထို ကောင်းကင်စီးကြောင်း စွမ်းအင်သည် သူ့အသက်အတွက် လွန်စွာအရေးပါသည်။

“ အဲ့ဒီ ကောင်းကင်စီးကြောင်း စွမ်းအင်ကို မင်းတို့
ခိုးယူတယ်ဆိုရင် ငါ့ကို အသက်တိုအောင် လုပ်တာနဲ့အတူတူပဲကွ ” သူက ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူသည်
ကောင်းကင်တွင် အမြင့်ဆုံးအရှိန်ဖြင့် ပျံသန်းလိုက်ကာ
ကောင်းကင်စီးကြောင်း စွမ်းအင်၏ အနီးဆုံးသို့ရောက်
ရှိပြီး ရယူနိုင်ရန် အမြန်ဆုံး ရွေ့လျားသွားလေ၏။

သို့တစေ သူမီလုမီခင် ဖြစ်နေချိန်လေးတွင် စုန့်ချွဲ က အင်မော်တယ်ဂူအတွင်းမှ ဖောက်ထွက်ကာ ထွက်ပေါ်လာလေသည်။ သူ၏ ဖုန်းရွှေသံလိုက်အိမ်မြောင်မှ အလင်းတန်းတစ်ခု ထွက်လာကာ ကောင်းကင်စီးကြောင်း စွမ်းအင်၏လမ်းကြောင်းကို ပြောင်းလဲသွားအောင် လုပ်လိုက်သည်။

ပိုင်ရှောင်ချန်း၏ လက်သည် ၎င်းကို ထိတော့မည့်ဆဲဆဲတွင် အပိုင်းနှစ်ခုကွဲသွားကာ သူ၏လက်ချောင်းများကြားမှ ချော်ထွက်သွားလေ၏။ ကြီးသောအပိုင်းသည် ခပ်ဝေးဝေးသို့ ရောက်သွားချိန်၌ ပို၍ငယ်သော အပိုင်းသည် လားရာဘက် ပြောင်းသွားကာ စုန့်ချွဲဆီသို့ ဦးတည်သွားလေသည်။

ပိုင်ရှောင်ချန်း၏ မျက်လုံးများက နီရဲနေပြီး စွမ်းအင် အစိတ်အပိုင်းလေးကို လျစ်လျူရှု
လိုက်ကာ ပို၍ကြီးသောတစ်ခုကို အာရုံစိုက်လိုက်လေ
၏။ သူက ကမူးရှူးထိုးဖြင့် ရောက်ရှိသွားပြီး ဆုပ်ကိုင် လိုက်ချိန်တွင် ဝိညာဥ်စွယ်က သူ့ခေါင်းကိုပြန်လှည့်ကာ အော်ဟစ်လိုက်ရာ ဝိညာဥ်ချီများ သူ့ပတ်လည်တွင် ထွက်ပေါ်လာသည်။ သူက သူ၏ကျင့်ကြံခြင်းအခြေခံကို ထိခိုက်မည်အား ဂရုစိုက်ခြင်းမရှိဘဲ အစွမ်းကုန်ထုတ်ဖော်လိုက်ရာ သူ့ပတ်လည်တွင် ဝိညာဥ်ဆန်ဆန် ငိုကျွေးသံနှင့် အော်ဟစ်သံများက ပဲ့တင်ထပ်နေသည့် မြူများ ရစ်သိုင်းလာသည်။ တချိန်တည်းမှာပင် ဝိညာဥ်လက်တစ်ဖက်က မြူအတွင်းမှ ထွက်လာကာ အန္တရာယ်အခိုးအငွေ့များ ဖြာထွက်လာ၏။

စုန့်ချွဲနှင့် ရင်ဆိုင်တိုက်ခိုက်ကာ သူ၏မန္တာန်အစီအရင်ကို ဖျက်ဆီးရန် ကြိုးပမ်းခဲ့စဥ်က သူ့တာအိုအခြေခံ မတည်ငြိမ်ခြင်းကို ပူပန်နေခဲ့သည်ဖြစ်ရာ အစွမ်းကုန်တိုက်ခိုက်ခြင်းမပြုခဲ့ပေ။ ယခုအချိန်တွင်မူ သူက ထိုကိစ္စကို အရေးမစိုက်တော့ပေ။ သူတတ်နိုင်သမျှ စွမ်းအား အကုန်လုံးကို ထုတ်သုံးလိုက်ရာ သူ၏တိုက်ပွဲစွမ်းရည်ပါ အံ့ဩဖွယ် မြင့်တက်သွားသည်။

“ တိုက်ခိုက်လိုက်စမ်း ”သူက အော်ဟစ်လိုက်ကာ ကောင်းကင်စီးကြောင်း စွမ်းအား အတွက် ပိုင်ရှောင်ချန်းနှင့် တိုက်ခိုက်ရန် လေထဲသို့ ဝိညာဥ်လက်ကို ပစ်လွှတ်လိုက်သည်။

မျက်တောင်တစ်ခတ် အတွင်းတွင် တစ်ဦးနှင့်တစ်ဦး ထိပ်တိုက်တွေ့ဆုံသွား၏။ ဝိညာဥ်စွယ်သည် အသေအကျေ တိုက်ခိုက်သဖြင့် ကောင်းကင်ရော မြေကြီးပါထစ်ချုန်းသံများ ပြည့်နှက်သွားသည်။ ကြီးမားလှသော ဝိညာဥ်လက်၁၀ခုကို မြူထဲတွင် ချောက်ချားဖွယ်ရာ မြင်တွေ့နေရကာ တစ်ခုချင်းစီသည် အခြေခိုင်မာခြင်း အဆင့်စွမ်းအားများ ဖြာထွက်လျက်ရှိနေကာ ပိုင်ရှောင်ချန်းဆီသို့ ထိုးဆင်းသွားသည်။

“ငါက ဒီလိုမျိုး ကျဆုံးသွားမယ်လို့ မင်းထင်နေတာလား ” ပိုင်ရှောင်ချန်းက တုံ့ပြန်လိုက်သည်။ အင်္ကျီ
လက်ကို ဝှေ့ယမ်းလျက် သူက ခရမ်းရောင်ချီကို စီးဆင်းစေလိုက်ကာ ဝိညာဥ်လက် ၁၀ချောင်းဆီသို့ ပစ်ရန ဒယ်စောက်အိုးကြီးကို ဖန်တီးလိုက်သည်။ ဒီရေစီးကြောင်း၉ခုစွမ်းအားဖြင့် ပုံဖော်ထားသောကြောင့် အလွန်ကြီးမားသော ခရမ်းရောင် ဒယ်အိုးကြီးသည် ခါတိုင်းထက် စွမ်းအားပိုကြီးကာ ကြောက်မက်ဖွယ်ရာ အဆင့်ဖြစ်နေသည်။

မိုးချုန်းသံတမျှ ကျယ်လောင်လှသော မြည်ဟိန်းသံ များထွက်လာသကဲ့သို့ ဝိညာဥ်စွယ်၏ လက်ဆယ်ချောင်း
သည် အပိုင်းပိုင်း ပြိုကွဲသွားချေသည်။ ဝိညာဥ်စွယ်သည် ပြင်းထန်သော စွမ်းအင်ဖြင့် အတွန်းခံလိုက်ရခြငး်ကြောင့် နောက်ပြန်လဲကျသွားကာ ပါးစပ်မှသွေးများ ယိုစီးကျလာလေသည်။ ပိုင်ရှောင်ချန်း၏ ထာဝရရွှေရောင် အရေပြားသည် အရောင်ဖြာထွက်လျက် တလက်လက်တောက်ပနေကာ နတ်စစ်သည်တစ်ယောက် အသွင်ထင်ရပေ၏။ ယခုတွင်သူက မကြောက်လန့်သယောင် ထင်ရသော်လည်း အမှန်မှာ သူ၏ချီနှင့်သွေးတို့မှာ ပရမ်းပတာ ဖြစ်နေပြီ ဖြစ်သည်။

ဝိညာဥ်စွယ်သည် ဒီရေစီးကြောင်း၇ခုသို့ ရောက်ရှိခဲ့ပြီးဖြစ်ရာ သူ့ထက်၂ဆင့်သာ နိမ့်ပေသည်။ ထို့ပြင် သူတို့သည် ချီစုစည်းမှုအဆင့်တွင်လည်း သူမသာ ကိုယ်မသာ ဖြစ်ခဲ့၏။ ကံကောင်းထောက်မစွာဖြင့် ပိုင်ရှောင်ချန်းသည် လူသားဘဝ၏ ပထမအတားအဆီးကို ချိုးဖျက်နိုင်ခဲ့သောကြောင့်သာ ဝိညာဥ်စွယ်အား အနိုင်ယနိုင်ခဲ့ခြင်းဖြစ်သည်။

ဝိညာဥ်စွယ်အား အဝေးသို့သွားရန် ဖိအားပေးပြီး
နောက် ပိုင်ရှောင်ချန်းက အရှိန်တင်လိုက်ကာ ကောင်း ကင်စီးကြောင်း စွမ်းအင်ဆီသို့ ရောက်ရှိသွားလေ၏။ ထိုအချိန်မှာပင် ဒေါသတကြီးအော်လိုက်သည့် အသံတစ်သံသည် လေထုကိုဖြတ်သန်းလာလေသည်။

“ပိုင်ရှောင်ချန်း..” ကြောက်ခမန်းလိလိ ဓါး ရောင်ခြည်တန်းက လေဟုန်ခွင်း၍ ပိုင်ရှောင်ချန်း ဆီသို့ တည့်တည့်ကြီးလာနေလေသည်။

အလင်းထဲတွင်မူ ရှန်ကွန်းထျန်ယုံ ရှိနေ၏။ သူသည် အခြေခံတာအိုကို ထိခိုက်နိုင်သည့် မည်သည့် အန္တရာယ်ကိုမဆို လျစ်လျူရှုကာ သူ့ကိုယ်ထဲရှိ ပိတ်လှောင်ထားသော လူဝင်စားဖြစ်နိုင်စွမ်းကို ပြေလျော့သွားစေမည့် လျို့ဝှက်မှော်အစွမ်းကိုပင် ဆင့်ခေါ်ထားသည်။ ကောင်းကင်ကို အလွှာလိုက် လှီးဖြတ်နိုင်သည့်အလား ကြောက်မက်ဖွယ် ဓါးတစ်လက် ပေါ်လာကာပိုင်ရှောင်ချန်းဆီသို့ တည့်တည့်ကြီး ဝင်ရောက်သွားသည်။

ရှန်ကွန်းထျန်ယုံ၏ ဓါးကြောင့် ဖြစ်လာသော အန္တရာယ် အငွေ့အသက်ကို ပိုင်ရှောင်ချန်းက ခံစားမိလိုက်ကာ သူ့မျက်နှာ လှုပ်ခတ်သွားလေ၏။ ဓါးချီက နီးကပ်လာသကဲ့သို့ သူ့မျက်လုံးများက တောက်ပလာကာ လက်၂ဖက်ဖြင့် မန္တာန် လက်ကွက်ကို ဖော်လိုက်သည်။ တစ်ဖက်တစ်ချက်စီသို့ လက်၂ဖက်လုံးကို ဝှေ့ယမ်းလိုက်ကာ ကြီးမားလှသောနဂါးကို သူက ဆင့်ခေါ်လိုက်လေသည်။ ထိုနဂါးက ဓါးချီထံသို့ ဟိန်းဟောက်ကာ တဟုန်ထိုးပြေးသွားလေသည်။

တချိန်တည်းမှာပင် အလွန်ကြီးမားသည့် အမွှေး ရှည်ဆင်ကြီးက သူ့နောက်တွင် ပေါ်လာကာ သူ့ခြေဖြင့် ရှန်ကွန်းထျန်ယုံပေါ် သို့ ဖျက်ဆီးနင်းချရန် နောက်ခြေထောက်ပေါ်တွင် ထောက်၍ ရပ်လိုက်သည်။

သူသည် နဂါးလို ဆင်လို အဏ္ဏဝါကျမ်းကို ပြီးပြည့်စုံသည်အထိ သေချာကျွမ်းကျင်ပိုင်နိုင်သွားပြီးနောက်တွင် ထုတ်ဖော်လိုက်သော နတ်ဘုရားစွမ်းအင်ဖြစ်ပေသည်။

ထိုနတ်ဘုရားစွမ်းအင်က ရှန်ကွန်းထျန်ယုံနှင့် တိုက်မိသောအခါ နားစည်ကွဲသွားလောက်သည့် မြည်ဟီးသံများထွက်ပေါ်လာခဲ့သည်။ နဂါးနှင့် ဆင်တို့ လဲကျသွားပြီး ပိုင်ရှောင်ချန်းသည် နေရာတွင်ပင် ရပ်သွားကာ ပြင်းထန်သော အားတစ်ခုက သူ့ကို ဝင်ဆောင့်သွားလေသည်။ သို့သော် ရွှေရောင်အလင်းတန်းက ဖျတ်ခနဲပေါ်လာကာ ထိုအားမှာ ပျောက်ကွယ်သွားသည်။

ရှန်ကွန်းထျန်ယုံမှာမူ နောက်သို့ ဆုတ်သွားရင်း ပါးစပ်မှ သွေးများ ထွက်ကျလာသည်။ တချိန်တည်းမှာပင် သူ၏ ခန္ဓါကိုယ်သည် သိသာစွာ ညှိုးလျော်သွားလေသည်။ ယခုလေးတင်မှ ထုတ်သုံးလိုက်သော ဓါးကွက်အတွက် တန်ဖိုးကြီးမားစွာ ပေးဆပ်လိုက်ရခြင်းဖြစ်သည်။

နှောင့်နှေးနေမှုများကြောင့် ယခုအချိန်တွင် ကောင်းကင်စီးကြောင်းမှာ အဝေးသို့ ရောက်ရှိနေပြီဖြစ်ကာ အခြားဂိုဏ်း၃ခုမှ ဒါဇင်နှင့်ချီသော ဂိုဏ်းသားများသည် ရရှိရန်အတွက် တိုက်ခိုက်နေကြပြီဖြစ်သည်။

ဝိညာဥ်စွယ်သည် အံကြိတ်လိုက်ကာ ပိုင်ရှောင်ချန်းအား တိုက်ခိုက်နေခြင်းများကို ရပ်တန့်လိုက်ပြီး ကောင်းကင်စီးကြောင်းကို လိုက်လံရှာဖွေတော့သည်။ ရှန်ကွန်းထျန်ယုံသည်လည်း ထိုနည်းတူပင်ဖြစ်သည်။

မျက်လုံးများနီရဲကာ ပိုင်ရှောင်ချန်းသည် တောင်ပံများကို တဖျပ်ဖျပ်ခတ်လိုက်ပြီး လေဟုန်ကို ထိုးခွင်း၍ သူတို့ကို ကျော်တက်သွားလေသည်။ တိုက်ခိုက်နေကြသည့် ကျင့်ကြံသူအုပ်စုထဲသို့ ရောက်ရှိသွားသောအခါ လက်ကို ဝှေ့ယမ်း၍ ထိုနေရာတွင် ရှိသမျှလူအားလုံးကို နောက်သို့ ယိုင်ထွက်သွားစေမည့် စွမ်းအားများကို ထုတ်လွှတ်လိုက်သည်။ နောက်ဆုံးတွင် ပိုင်ရှောင်ချန်း၏ လက်များသည် ကောင်းကင်စီးကြောင်းစွမ်းအင်နှင့် နီးကပ်လာခဲ့ပြီဖြစ်သည်။

ဤတစ်ကြိမ်တွင် သူသည် အဆင်သင့် ဖြစ်နေကာ ကောင်းကင်စီးကြောင်းစွမ်းအင်ကို ဆုပ်ကိုင်မိသည်နှင့် ညာဘက်လက်ညှိုးမှတစ်ဆင့် စုပ်ယူလိုက်သည်။

ပိုင်ရှောင်ချန်း ကောင်းကင်စီးကြောင်းစွမ်းအင်အား ရယူနေသည်ကို မြင်လိုက်ရသောအခါ ရှိသမျှလူအားလုံးသည် လူသတ်ချင်စိတ်များ တဖွားဖွားပေါ်လာတော့သည်။

” သူ အဲ့ဒါကို ချက်ချင်း စုပ်ယူလို့မရဘူး။ သူ့လက်ကို ဖြတ်ပြီး စွမ်းအင်ကို ယူကြမယ် ”

” သူ့ကို သတ်ကြဟေ့ ”

အခြားဂိုဏ်း၃ခုမှ ကျင့်ကြံသူများ တစ်ဒါဇင်ခန့်ရှိနေကာ အားလုံးသည် သည်းကြီးမည်းကြီးတိုက်ခိုက်နေကြသည်။ လူအနည်းငယ်သာ အခြေခိုင်မာခြင်းအဆင့်ကို ရောက်ရှိပြီးဖြစ်ကာ နေရာတွင်ရှိသော အရာအားလုံးကို လှုပ်ခတ်သွားစေသည့် သူတို့၏ တိုက်ခိုက်မှုများကြောင့်သာ သေချာသိနိုင်ခြင်းဖြစ်သည်။ သွေးစွမ်းအင်နတ်ရေစင် ဂိုဏ်းသားများသည် အတော်လေး ကို့ရို့ကားယားနိုင်သော မှော်ပညာရပ်များကို ထုတ်သုံးကြသည်။ သူတို့ထဲမှ တစ်ယောက်သည် ပိုင်ရှောင်ချန်းကို စားတော့မည့်အလား ရှေ့သို့ ဆတ်ခနဲတိုးလာသော ပါးစပ်ပုံ ပြွန်တစ်ခုကို ဆင့်ခေါ်၍ တိုက်ခိုက်သည်။

အတော်လေး သန်မာပုံရသော အခြားဂိုဏ်းသားတစ်ယောက်မှာမူ ပုံရိပ်ယောင် လက်ကြီးတစ်ဖက်ကို ဆင့်ခေါ်ကာ တိုက်ခိုက်လေသည်။ ထိုလက်ကို ပိုင်ရှောင်ချန်းသည် အတော်ပင် ရင်းနှီးနေသော်လည်း လက်ရှိအချိန်တွင် ထိုအကြောင်းကို မတွေးနိုင်သေးပေ။ လူတစ်ဒါဇင်ခန့်က ဝိုင်းရံကာ လားရာအမျိုးမျိုးမှ တိုက်ခိုက်နေကြသဖြင့် သူ့မျက်လုံးများတွင် သတ်ဖြတ်ချင်စိတ်များ ပေါက်ကွဲလာတော့သည်။

သူသည် သေခြင်းတရားကို ကြောက်ရွံ့သော်လည်း လောချိန်မျိုးနွယ်စုနှင့် ဖြစ်ပျက်ခဲ့သည်မှစ၍ တစ်ခါတရံတွင် သူအသတ်မခံရရန် သေချာသည့် တစ်ခုတည်းသော နည်းလမ်းမှာ အန္တရာယ်ပေးနိုင်သူမှန်သမျှကို သတ်ရန်ဖြစ်သည် ဟူသောအချက်အား လက်ခံလိုက်နာသည်။

ယနေ့ကဲ့သို့ အခြေအနေတွင် ဤလူများကို မသတ်နိုင်ပါက သူသေရပေမည်။ ကောင်းကင်စီးကြောင်း စွမ်းအင်နှင့် ပတ်သက်လာလျှင် အကျိုးသင့် အကြောင်းသင့် ညှိနှိုင်းဆွေးနွေးရန်မှာ မဖြစ်နိုင်ချေ။ အခွင့်အရေးများကို အရင်ဦးအောင် ရှာဖွေရမည်သာ ဖြစ်သည်။

“မင်းတို့အားလုံးက ကိုယ့်သေတွင်းကိုယ်တူးနေကြတာပဲ။ ” သူက ဒေါသတကြီးဖြင့် ပြောလိုက်သည်။ သူသည် အခြေခိုင်မာခြင်းအဆင့်ကို ပထမဆုံးဝင်ရောက်သည့်အချိန်က သတ်ခဲ့သော လူများမှ လွဲ၍ မြေခဓါးချောက်ထဲရှိ အခြားဂိုဏ်း၃ခုမှ ဂိုဏ်းသားများပင်ဖြစ်စေ မည်သူ့ကိုမျှ သတ်ဖြတ်ရန် ဆန္ဒမရှိခဲ့ချေ။

သို့သော် ယခုအချိန်တွင် အကြင်နာမဲ့စွာဖြင့် အမြောက်အများ သတ်ဖြတ်ခြင်းကို လုပ်ရတော့မည်ဖြစ်သည်။

သူ၏ အသံဟိန်းထွက်လာသည်နှင့် တပြိုင်နက် ထာဝရရွှေအရေပြားကို အဆုံးထိ မြှင့်တင်လိုက်သည်။

သူက နတ်ဘုရားစွမ်းအင်များ ထုတ်လွှတ်ကာ တိုက်ခိုက်လိုက်သောကြောင့် ဘုန်းခနဲအသံများ ထွက်ပေါ်လာလေသည်။ သူ၏ ချီနှင့် သွေးများသည် လှုပ်ရှားကာ အထက်သို့ တက်လာပြီး နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာသည်။ သို့သော် ဝိုင်းရံနေသော လူတစ်ယောက်စီတိုင်းကို လက်သီးတစ်ချက်စီ ထိုးသွင်းလိုက်ရာ အလွန်လျင်မြန်လှသောကြောင့် ပုံရိပ်များသာ ချန်ရစ်ခဲ့လေသည်။

ဘုန်း….

လက်သီးတစ်ချက်စီတိုင်းကို လူသတ်ချင်စိတ် အပြည့်နှင့် ပစ်လွှတ်လိုက်ခြင်းဖြစ်သည်။ သူသည် လူသားဘဝ၏ ပထမအတားအဆီးကို ကျော်ဖြတ်ခဲ့ပြီး မြေစီးကြောင်း အခြေခိုင်မာခြင်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူ၏ လက်သီးချက်များမှာ ဘေးပတ်လည်မှ ဂိုဏ်း၃
ခု၏ ဂိုဏ်သားများကို လေပြင်းတစ်ချက်အလား ဝင်ရောက်သွားခဲ့သည်။ သူတို့အားလုံး တုန်ခါသွားကာ သွေးမြူများထဲသို့ ပျော်ဝင်သွားလေသည်။

ဝိညာဥ်စွယ်နှင့် ရှန်ကွန်းထျန်ယုံမှာလည်း ထိုကဲ့သို့ ရက်စက်ကြမ်းကြုတ်မှုနှင့် ရင်ဆိုင်တွေ့လိုက်ရသောကြောင့် မည်သို့မျှ မတတ်နိုင်ဘဲ နောက်ဆုတ်ခဲ့ရသည်။ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားတစ်ယောက်သည် မပေါက်ကွဲခင် အချိန်လေးတွင် အမည်မသိ နတ်ဘုရားစွမ်းရည်တစ်မျိုးကို ထုတ်သုံးကာ သူ၏ ဝိညာဥ်ကို ခန္ဓါကိုယ်မှ ခွာပြေးရာ အခွံသာကျန်ရစ်ခဲ့လေသည်။ သူ၏ ခန္ဓါကိုယ်သေဆုံးသွားသောအခါ မျက်နှာတွင် လှိုင်းထသွားပြီး မျက်နှာဖုံးတစ်ခု ပေါ်လာလေသည်။ ဝိညာဥ်သည် ထိုမျက်နှာဖုံးထဲသို့ ဝင်ရောက်ကာ ချက်ချင်းပင် ထွက်ပြေးရန် ကြိုးပမ်းသော်လည်း ပိုင်ရှောင်ချန်းက သတိထားမိသွားပြီး ဖမ်းဆုပ်လိုက်လေသည်။ မျက်နှာဖုံးကို အားဖြင့် ဖိဆုပ်လိုက်ပြီးနောက် မဖျက်ဆီးနိုင်ကြောင်း သဘောပေါက်သွားလေသည်။ ထို့ကြောင့် ကျင့်ကြံခြင်းအခြေခံစွမ်းအားအချို့ကို ထည့်သွင်းကာ ပိတ်ဆို့လိုက်ပြီး သူ၏ ပစ္စည်းအိတ်ထဲသို့ ပစ်ထည့်လိုက်လေသည်။

ဤနည်းအားဖြင့် သူ့ကို တိုက်ခိုက်ခဲ့ကြသော ဂိုဏ်းသား ၁ဒါဇင်ခန့်သည် သေဆုံးသွားကြလေသည်။ သို့တိုင်အောင် အဝေးမှ နောက်ထပ် ဂိုဏ်းသားများမှာလည်း နီးကပ်လာနေသည်။ သူတို့ထဲမှ တစ်ယောက်သည် ရှေ့ဆုံးမှနေ၍ အော်ဟစ်လိုက်သည်။

“အဲ့ဒီကောင်းကင်စီးကြောင်းစွမ်းအင်ကို ဒီတိုင်းလွှတ်ထားလိုက်ပြီး ဒီနေရာက ထွက်သွားစမ်း။ ပိုင်ရှောင်ချန်း”ထိုသူမှာ အခြားမဟုတ်။ ရွှီရှောင်ရှန်းပင် ဖြစ်သည်။ မျက်နှာတွင် ခံစားချက်ပေါင်းစုံ ရောယှက်လျက်ရှိပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ ကြီးမားသော ခေါင်းတလား၉ခု ပေါ်ထွက်လာလေသည်။ ခေါင်းတလားပေါ်မှ ချိတ်ပိတ်ထားသည့် အမှတ်အသားများကို ကြည့်ခြင်းအားဖြင့် အခြေခိုင်မာခြင်းအဆင့်ကို ရောက်ရှိနေသူတစ်ယောက်ကသာ ၎င်းတို့ကို ဖွင့်လှစ်နိုင်ပေမည်။ ခဏကြာလျှင် ရွှီရှောင်ရှန်း၏ အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံခြင်းအခြေခံသည် စွမ်းအားများ ထွက်ပေါ်လာပြီး ကျောက်တလားများထံမှ မရဏအငွေ့အသက်များ ပျံ့လွင့်လာပြီး ဖုတ်ကောင်၉ကောင် ပေါ်ထွက်လာကာ အားလုံးမှာ မည်းနက်ရှည်လျားသော ဆံပင်များနှင့် ဖြစ်သည်။

ထိုဖုတ်ကောင်တစ်ကောင်စီတွင် အခြေခိုင်မာခြင်းအငွေ့အသက်များ ရှိနေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset