Switch Mode

အခန်း ( ၁၃၀ )

သားရဲသန္ဓေတည်ပန်းပွင့်ခြင်း

ပိုင်ရှောင်ချန်းသည်ပင် သူ့သက်စောင့်ဝိညာဥ်က သည် မည်သည့်ပုံစံ ဖြစ်သည်ကို တိကျသေချာစွာ မသိချေ။ ယခုအချိန်တွင် သူ၏ ကျင့်ကြံခြင်းအခြေခံက မလုံလောက်သေးပေ။ သက်စောင့်ဝိညာဥ်က မီတာ ၆၀၀မှာ အပြည့်အစုံပေါ်ထွက်ရန် မဖြစ်နိုင်ချေ။

သူက ဤသည်ကို စိတ်ထဲမရှိသော်လည်း သက်စောင့်ဝိညာဥ် ပေါ်လာခြင်းသည် ရွှဲကျယ်ကော်တုကို ကျင့်ကြံခဲ့ခြင်းက အလဟဿ မဖြစ်တော့သည်ကို ညွှန်ပြနေ၏။
ထို့ပြင် ယခုအချိန်၌ သက်စောင့်ဝိညာဥ်က အဆုံးသတ်တွင် မည်သို့ဖြစ်မည်ကို သူကြိုတင်မျှော်လင့်လာနိုင်ပြီဖြစ်သည်။

သူ့အနီးအနားမှ ဆူညံသံများကို ကြားလိုက်ရသဖြင့် ပိုင်ရှောင်ချန်းက လည်ချောင်းရှင်းလိုက်သည်။ သူ့ကိုယ် သူ အလွန်ကျေနပ်စွာ ခံစားနေရပေ၏။

“ အီး.. ခေါင်းကိုက်လိုက်တာ။ ဘယ်နေရာကိုပဲ
သွားသွား လူတွေကငါ့ကို ချီးကျူးနေကြတယ်။ အမှန်တော့ ငါက သိုသိုသိပ်သိပ်ပဲနေချင်တာ။ အာ၊ ကောင်းတယ်။ အရင်တုန်းက မြောက်ဘက်ခြမ်းဂိုဏ်း
သားတွေက ငါ့ကိုဘယ်လောက်ထိ အနိုင်ကျင့်လဲဆိုတာ
ငါမေ့နိုင်သွားပြီထင်တယ်။” သူ မတ်တပ်ရပ်လိုက်ချိန် တွင် မူးဝေသည့်ခံစားမှုသည် တရိပ်ရိပ်တက်လာသည်။
ဆာလောင်ခြင်းကြောင့် သူ့ရင်ထဲမှာ ဓါးဖြင့်ထိုးသွင်းခံရသလို နာကျင်လာသည့် လွန်စွာကြီးမားသောခံစားချက် ဖြစ် လာရသည်။ ထို့ကြောင့် သူသည် မတ်တပ်မရပ်နိုင်လောက်အောင် အားနည်းနေကြောင်း နားလည်လိုက်
သည်။
သူကချက်ချင်း ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက် သည်။ ဆေးအား ဝါးမြိုလိုက်ပြီးနောက်တွင် ပို၍ကောင်းလာသည်ဟု ခံစားမိလာကာ မတ်တပ်ရပ်ရန် ဟန်ပြင်လိုက်သည်။

မြောက်ဘက်ခြမ်းမှ ဂိုဏ်းသားများက စိတ်ခံစားမှု အမျိုးမျိုးဖြင့် ကြည့်နေကြသည်။လွန်စွာအားနည်းနေသော်လည်း ပိုင်ရှောင်ချန်းက သူ့ကိုယ်သူ စိတ်ဓါတ်ကျနေသော သူရဲကောင်းတစ်ယောက်နှင့် တူအောင် လုပ်ယူရန်မမေ့ချေ။ ဖြည်းဖြည်းချင်းထွက်သွားနေစဥ်တွင် သူ၏ ဖြူဖပ်ဖြူရော် အသားအရေကလည်း ထိုသို့သောပုံပေါက်အောင် ပံ့ပိုးနေလေသည်။

သူခပ်ဝေးဝေး ရောက်သွားသည့် အချိန်မှပင်
မြောက်ဘက်ခြမ်း ဂိုဏ်းသားများ သက်ပြင်းချနိုင်တော့ သည်။ ပိုင်ရှောင်ချန်းနှင့် ပတ်သက်၍ သူတို့မည်သို့ ခံစားရသည်ကို တွေးဆရန် ခက်ခဲလှသည်။ အစပိုင်း
တွင် ပိုင်ရှောင်ချန်းသည် သူတို့၏မဟာရန်သူတော်
ဖြစ်ခဲ့ပြီး စိန်ခေါ်ပွဲကျင်းပရာ စင်မြင့်တွင် တစ်လလုံး ဂိုဏ်းသားများအား တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်ခဲ့သည်။ ထို့နောက်တွင် သူက နက်နဲစွာဥာဏ်အလင်းပွင့်ခြင်းတွင် ဝိညာဥ်စွယ်ထက် သာလွန်ခဲ့ပြီးနောက် ကောင်းကင်နှင့်မြေကြီးပင် တုန်လှုပ်သွားစေခဲ့သော ရွှယ်ကျဲကော်တုကို ဖော်ပြနိုင်ခဲ့ပေ၏။

ပိုင်ရှောင်ချန်းသည် တကယ့်လက်ရွေးစင်တစ်ယောက် ဟူ၍ သူတို့အားလုံးက ဝန်ခံလိုက်ကြတော့ သည်။ ထိုမျှမက သူက အခြားသော လက်ရွေးစင်များ နှင့်လည်း ကွဲပြားလေသည်။ သူ၏ခွန်အားကို မသုံးဘဲ နိုင်ပွဲအား အမြဲတမ်း ရယူနိုင်သည့် သူမျိုးဖြစ်လေ၏။ ဤသည်ကား သူ၏မွေးရာပါစွမ်းရည်ပင် ဖြစ်ချေသည်။

မြောက်ဘက်ခြမ်းသို့ သူရောက်ပြီးကတည်းက ဖြစ်ရပ်များက မည်သည့်အခါမျှ မလျော့လာခဲ့ပေ။ အသစ်အသစ်သော အဖြစ်အပျက်များ တစ်ခုပြီးတစ်ခု
ပေါ်လာကာ အကုန်လုံးက သူနှင့် ဆက်စပ်နေခဲ့၏။ ဤသည်က လူထု၏ စိတ်နှလုံးကို မောဟိုက်စေခဲ့သည်။

အတွင်းစည်း ဂိုဏ်းသားများသည် အခြားသူများ ထက်ပို၍ စိတ်လှုပ်ရှားသွားရသည်။ ပိုင်ရှောင်ချန်း သည် နက်နဲစွာ ဥာဏ်အလင်းပွင့်ခြင်းအား ဝင်ရောက်ရန် နှစ်ဆမျှ ကြာမြင့်ခဲ့ခြင်းက သူ၏ နက်နဲစွာ ဥာဏ်အလင်းပွင့်ခြင်း အား နားလည်နိုင်စွမ်းသည် ဝိညာဥ်စွယ်၏ နားလည်နိုင်စွမ်းနှင့် မယှဥ်နိုင်မှန်း သိသာလှသည်။

အမှန်မှာ ထိုအချက်တွင် အခြားသော လက်ရွေးစင် အချို့ကိုပင် သူ့အနေဖြင့် ယှဥ်နိုင်ပုံမရပေ။ သို့တစေ သူက ရူးသွပ်သွားနိုင်လောက်အောင် ရက်၇၀ ကြာမျှ စူးစမ်းလေ့လာခဲ့လေသည်။ ဤသည်က နက်နဲစွာ ဥာဏ်အလင်းပွင့်ခြင်း အား သူ့အနေဖြင့် ကြိုတင်ပြင်ဆင် မှုနှင့် အလုပ်ကြိုးစားမှု အပေါ်တွင် အာရုံစုစည်းမှုအဆင့် မည်မျှရှိသည်ကို သိသာစေပေသည်။

ခပ်လှမ်းလှမ်းတွင် ပျောက်ကွယ်သွားသော ပိုင်ရှောင် ချန်းအား ကြည့်ကာ ပေဟန်လဲ့တွင် ပြောစရာစကား ကုန်နေခဲ့သည်။ ထို့နောက် ကျင့်ကြံရန် သူ၏ အင်မော်တယ်ဂူအတွင်းသို့ ပြန်လှည့်လာခဲ့တော့ ၏။ ချီစုစည်းမှု အဆင့်၁၀အား ကျော်ဖြတ်ရန် ဆုံးဖြတ် ချက် ချလိုက်ပြီးနောက် အခြေခံ ခိုင်မာခြင်းအဆင့် အတွက်ပြင်ဆင်ရလိမ့်မည်။

“ငါ အာရုံစိုက်ဖို့နဲ့ အလုပ်ကြိုးစားဖို့ လိုတယ်” သူက
တွေးလိုက်သည်။ “ပိုင်ရှောင်ချန်း၊ တစ်နေ့နေ့မှာ ငါ မင်း ထက်သာတော့မယ်ဆိုတာ အသေအချာပဲ”

ကုန်းစွန်း ညီအစ်ကို၊ ရွှီဆုန်နှင့် အခြားအတွင်း စည်း လက်ရွေးစင် ဂိုဏ်းသားများ အားလုံးတို့က ပိုင်ရှောင်ချန်း မည်မျှအထိ စွမ်းအားပို၍ကြီးမား သည်ကို တွေးဆလျက် သက်ပြင်းရှိုက်မိကြသည်။ သို့
တိုင်အောင် ထိုကဲ့သို့ဖိအားနှင့် အမြဲတမ်း စိတ်ဓာတ်ကျနေရ မည်ကို သူတို့မလိုလားကြချေ။ စိတ်ခိုင်ခိုင်ထားကာ သူတို့က ပေဟန်လဲ့လိုပင် ဆုံးဖြတ်ချက် ချလိုက်ကြ သည်။

“မပြည့်စုံတာတွေကို ဝီရိယအားနဲ့ ဖြည့်စည်းနိုင် တယ်။ ပိုင်ရှောင်ချန်းက ဒီလိုလုပ်နိုင်တယ်ဆိုရင် ငါလည်းလုပ်နိုင်ရမယ်။” ထိုအတွေးသည် သူတို့တစ် ယောက်ချင်းစီ၏ အတွေးများပင်။

မကြာမီတွင် လူစုကွဲသွားလေ၏။ ဝိညာဥ်စွယ်သည်
ပိုင်ရှောင်ချန်း ထွက်သွားသည်ကို ကြည့်ကာ သားရဲ၏ ခြေသည်းနှင့်လက်ကို မြင်ပြီးနောက်တွင် မည်သည်အားမြင်ခဲ့သည်ကို သိချင်နေတော့သည်။

ရှင်းပြသည်ကို နားထောင်ရသည်က မကောင်းပေ။
သူ့မျက်လုံးနှင့် တပ်အပ်မြင်လိုပေ၏။ ဤသည်က သူ၏ဝိညာဥ်ခေါ်သံပညာရပ်ကို အောင်မြင်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်လိမ့်မည်။

“သူ့ရဲ့ မှတ်ဥာဏ်ထဲကို ငါဝင်လိုက်ရင် ဘာဖြစ်လာ မလဲ။ ငါတွေ့ချင်တာကို တွေ့ရမှာပဲ။” ထိုအကြောင်းကို လေးလေးနက်နက် တွေးပြီးနောက် သူ့ခေါင်းကို ခါရမ်း လိုက်သည်။
“အခုအချိန်မှာ အပြည့်အဝအောင်မြင်ဖို့ အတွက် ငါ့မှာယုံကြည်ချက်မရှိဘူး။ ဒါပေမယ့် နောက်တော့လည်း အခြေခိုင်မာခြင်းအဆင့်ကို ငါရောက်မှာ ပါ….” သူ့မျက်လုံးများ လေးနက်စွာ တောက်ပလာကြ သည်။
“အခု ငါတွေးရမယ့်ဟာရှိတယ်.. ဆရာပြောတဲ့ သတ်မှတ်ချိန်က နီးနေပြီ။ ကောင်းကင်တံတားမြစ်ရဲ့ အရှေ့ဘက်သစ်တောအောက်ပိုင်းဒေသက ဂိုဏ်းကြီးတွေက ချုပ်ကိုင်ထားတဲ့ အခြေခိုင်မာခြင်းအဆင့် မြင့်မြတ်တဲ့နယ်မြေသုံးခုကို ဖွင့်တော့မှာ။ အဲဒီထဲက တစ်ခုဟာ မြေခဓားချောက်ပဲ။ အထဲကို ဝင်သွားတာနဲ့ မြေစီးကြောင်း အခြေခိုင်မာခြင်းအဆင့်ရဲ့ ဒီရေစီးကြောင်း စပြီဆိုရင် ငါ့ရဲ့ လျှို့ဝှက်မှော်ပညာက အခြေခိုင်မာခြင်းအဆင့် ဒီရေစီးကြောင်းရှစ်ခုရဖို့ လုပ်ပေးနိုင်မှာ။ အဲ့တာဆို လုပ်စရာတွေက အများကြီးပိုလွယ်သွားပြီ.” သူ့ခေါင်းအားညိတ်လိုက်ပြီး ဝိညာဥ်စွယ်က ပြန်လှည့်ထွက်သွားလေသည်။

ပိုင်ရှောင်ချန်းသည် သားရဲမွေးမြူရေးခြံသို့ အပြန်လမ်းတွင် သူရဲကောင်း တစ်ယောက် ကဲ့သို့ ဝင့်ကြွားလျက်ရှိသည်။ အတွင်းသို့ ဝင်လိုက်ပြီး လှည့်ပတ်ကြည့်ရှု လိုက်ချိန်တွင် သူတစ်ယောက်တည်း ရှိသည်ကို တွေ့လိုက်ရသည်။ သူက ခြေပစ်လက်ပစ် လဲကျသွားကာ ဂုဏ်ထူးဆောင် အဆောက်အဦသို့ မသွားချင့် သွားချင်သွား၍ ထိုနေရာတွင် ချက်ချင်း အိပ်ပျော်သွားတော့၏။

သူသည် ၃ရက်လောက် ဆက်တိုက်အိပ်ပျော်သွားခဲ့ ကာ နောက်ဆုံးတွင်နိုးလာခဲ့လေသည်။ သို့ရာတွင် တချို့တဝက်မျှသာ ပြန်ကောင်းလာခဲ့ပေ၏။ သူ၏
အရင်တောင်သို့ မပြန်မီတွင် လဝက်ကုန်သွားခဲ့သည်။ ထိုအဖြစ်အပျက် ဖြစ်ပွားချိန်တွင် သူ၏ ကျင့်ကြံခြင်း
အခြေခံက အနည်းငယ် တိုးတက်လာသည်ကို ဝမ်း မြောက်ဖွယ်တွေ့လိုက်ရသည်။ သူက ယခုချီစုစည်းမှု
အဆင့်၉၏ အထွတ်အထိပ်အဆင့် ရှိနေပြီဖြစ်ကာ အဆင့်
၁၀သို့ရောက်ရန် လတစ်ဝက်ခန့်မျှ ကျင့်ကြံရန်နှင့် ဆေးလုံး အနည်းငယ်မျှသာလိုတော့သည်။

ထိုအရာအပြင် သူ၏စိတ်စွမ်းအားကို ထိန်းချုပ်နိုင် သည့်စွမ်းရည်က ပြောင်းလဲသွားသည်ကို တွေ့ရှိလိုက်ရ သည်။ ယခုသူ၏ထိန်းချုပ်မှုတွင် ပို၍ အဆင်ပြေလာပြီး အရှိန်နှောင့်နှေးခြင်းအလျင်းမရှိတော့ပေ။

နောက်ထပ် ကျေနပ်စရာကောင်းသော အချက်မှာ သူ၏ချီစီးကြောင်းများက အရင်ထက် ပို၍ ကြီးလာခြင်းပင်။ ၎င်းအပြင် သူ၏ ထာဝရငွေ အရေပြားက အရင်လများကထက် ပို၍ ရွှေရောင်သန်းလာချေသည်။

“ ဘယ်ဘက်ကကြည့်ကြည့် ငါတိုးတက်လာပြီပဲ ” သူက တွေးလိုက်ကာ စိတ်လှုပ်ရှားလာရသည်။ ပထမဆုံးအနေဖြင့် သူက လွန်ခဲ့သောလများက မတွေ့ရသော သားရဲ အားလုံးဆီသို့ လည်ပတ်ရန် တောအုပ်အတွင်း
သွားလေ၏။ ထို့နောက်တွင် နောက်ဖေးမှ ဥယျာဥ်ဆီ
သို့ သွားလေသည်။ ထိုထဲတွင် သားရဲသန္ဓေတည် အစေ့မှ
အညှောင့်ပေါက်နေသော ၆မီတာရှည်သည့်အပင် သည် ယခုအခါတွင် ကြီးမားလှသော ပန်းတစ်မျိုးကထိပ်၌ အဖူးထွက်နေပေသည်။

သားရဲသန္ဓေတည်အစေ့သည် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်း ၃ခါလုပ်ထားသော မြေကြီးထဲတွင် ကြီးထွားနေခဲ့သည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။ ပိုင်ရှောင်ချန်းသည် ကြီးထွားရာတွင် အထောက်အကူဖြစ်စေရန် မြေကြီးကို အထူးစိတ်စွမ်းအင်မြေဩဇာများ မကြာမကြာ ဖြူးပေးလေ့ရှိသည်။

ထိုနေရာတွင် သူထားခဲ့သော မန္တာန်အစီအရင်ကြောင့် မည်သူကမျှ ထိုအရာ၏ဖြစ်တည်မှုကို သတိမပြုမိကြပေ။

အနီးကပ်ကြည့်လိုက်ပြီးနောက် ပန်းအဖူးသည် ပွင့်လုနီးပါးဖြစ်နေပြီကို တွေ့လိုက်ရကာ သူပျော်ရွှင်သွားရသည်။

“ဒီဟာက ၁လအတွင်း ဒါမှမဟုတ် ၁လမတိုင်ခင်တောင် အဆင်သင့်ဖြစ်မယ်လို့ ငါလောင်းရဲတယ်။” ဟက်ဟက်ပက်ပက် ရီမောကာ သူက ထိုနေရာတွင်ထိုင်လိုက်ပြီး အသက်ရှုလေ့ကျင့်ခန်းနှင့် ကျင့်ကြံခြင်း အချို့ကိုစတင်ပြုလုပ်ခြင်းနှင့် သားရဲသန္ဓေတည်ပန်းဖူးကိုကြည့်ခြင်းတို့ကို တစ်လှည့်စီလုပ်နေပေသည်။

ဆယ်ရက်တာ ကုန်လွန်သွားခဲ့သည်။ ပိုင်ရှောင်ချန်းသည် အဟန့်အတားကို ကျော်လွှားနိုင်တော့မည်ဖြစ်သောကြောင့်လည်းကောင်း၊ သားရဲသန္ဓေတည်ပန်းပွင့်ကြောင့်လည်းကောင်း အပြုံးများဝေဆာနေတော့သည်။ ကုန်လွန်သွားသော အချိန်အတောအတွင်းတွင် ပန်းပွင့်၏ ရိုးတံသည် ထပ်ရှည်မလာတော့ဘဲ ပန်းပွင့်၏ အဖူးမှာ ပို၍ပို၍ ကြီးမားလာကာ ၂မီတာ(၆ပေခွဲ)ခန့်ရှည်လျားသည်အထိ ကြီးထွားလာခဲ့သည်။

ပန်းဖူးသည် လေးလံလွန်းရကား ပန်းခက်တစ်ခုလုံးသည် ကွေးညွှတ်စပြုလာသည်။ ပန်းဖူး၏ အထပ်အလွှာများသည် လွန်စွာများပြားလှ၍ ပွင့်လာလျှင် မည်သို့သော ပုံစံဖြစ်မည်ကို မှန်းဆရန် ခက်ခဲပေသည်။

ထိုပန်းမှနေ၍ မွှေးပျံ့သည့် ရနံ့တစ်ခုကလည်း ပျံ့လွင့်နေပေသည်။

ပိုင်ရှောင်ချန်းသည် အင်မတန် စိတ်လှုပ်ရှားလျက်ရှိသည်။ သူသည် ထိုနေရာတွင်နောက်ထပ် ၃ရက်တိုင်အောင် ကျင့်ကြံနေခဲ့သည်။ ညနေခင်းတွင် ကွဲအက်သော အသံများ ထွက်ပေါ်လာကာ သူ၏ ချွေးပေါက်များထဲမှ အမည်းရောင် အညစ်အကြေးများ စိမ့်ထွက်လာလေသည်။တချိန်တည်းမှာပင် သူ၏ ခန္ဓါကိုယ်ထဲမှ စိတ်စွမ်းအင်များသည် ကဆုန်ပေါက်ပြေးနေသော မြင်းတစ်ထောင်ကဲ့သို့ ပေါက်ကွဲမြင့်တက်လာလေသည်။

စွမ်းအင်များသည် ပို၍ ပြင်းထန်လာကာ နောက်ဆုံးတွင် အော်သံပေးနေသော နဂါးတစ်ကောင်ကဲ့သို့ ပြင်းထန်စွာ စီးဆင်းနေသော မြစ်ကြီးတစ်စင်းနှင့် သဏ္ဌာန်တူသည့် အရာတစ်ခုအဖြစ် ပေါင်းစည်းသွားလေသည်။

ပိုင်ရှောင်ချန်းသည် သူ့နောက်တွင် နဂါးနှင့် ဆင်တို့၏ ပုံရိပ်များပေါ်ပေါက်လာပြီး တုန်ခါနေသည်။ မျက်လုံးများ ဖျတ်ခနဲပွင့်လာပြီး လျှပ်စီးလက်သည့်အလား တောက်ပနေသည်။ အံ့ဩဖွယ်ကောင်းစွာဖြင့် သူ့ကိုယ်ထဲတွင် မိုးကြိုးကဲ့သို့ ဂျုန်းဂျုန်းမြည်သံများပြည့်နှက်နေကာ ထိုအသံများကို သူသာလျှင် ကြားရလေသည်။

“နဂါးလို ဆင်လိုအဏ္ဏဝါကျမ်းရဲ့ ဒုတိယအဆင့် ”

” ချီစုစည်းမှုအဆင့်၁၀ ”

သူသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ကာ သူ့ကိုယ်ထဲမှ ချီစုစည်းမှုအဆင့်၉၏ ၂ဆထက်ပိုသော စိတ်စွမ်းအင်များကို သေချာစွာ စစ်ဆေးလိုက်သည်။ မတ်တပ်ထရပ်လိုက်ကာ လက်ကွက်မန္တာန်တစ်ခုကို ဖော်လိုက်ပြီး ခရမ်းရောင် ဒယ်စောက်အိုးကို ဆင့်ခေါ်လိုက်သည်။

စိတ်လှုပ်ရှားစွာဖြင့် လက်ချောင်းကို ဝှေ့ယမ်းလိုက်ရာ ပထမတစ်လုံး၏ ဘေးတွင် နောက်ထပ် ခရမ်းရောင် ဒယ်စောက်အိုးတစ်လုံး ပေါ်ပေါက်လာသည်။ ထို့နောက်တွင် နောက်ထပ်တစ်လုံးကို ဆင့်ခေါ်လိုက်သည်။ ယခုချိန်တွင် ဒယ်အိုး၃လုံးသည် သူ့ဘေးတွင် လှည့်ပတ်လျက်ရှိသည်။ ပိုင်ရှောင်ချန်းသည် ခေါင်းကို နောက်သို့လှန်လိုက်ကာ ခွက်ထိုးခွက်လန် ရယ်မောလိုက်သည်။ ဖျတ်ခနဲ လှုပ်ရှား၍ ရွှေကျီးကန်းဓါးကို ဝှေ့ယမ်းလိုက်ရာ ၉မီတာခန့် ကျယ်ဝန်းသည့် ပြင်းထန်သော ငရဲမီးလျှံများသည် သူ၏ ဘေးပတ်လည်တွင် တောက်လောင်နေတော့သည်။

မီးလျှံများမှ ပေါက်ဖွားလာသော ရဲရဲတောက်နေသည့် ရွှေကျီးကန်းတစ်ကောင်သည်လည်း မယုံကြည်နိုင်စရာကောင်းလောက်အောင် ဖိအားများကို ထုတ်လွှတ်နေလေသည်။

ပိုင်ရှောင်ချန်း၏ အပြုံးမှာ ပို၍ တောက်ပလာခဲ့သည်။ လက်ကို ဝှေ့ယမ်းကာ မှော်ပညာရပ်အားလုံးကို ရုတ်သိမ်းလိုက်ပြီး အသက်ကို ပြင်းပြင်းရှူသွင်းလိုက်လေသည်။ ဤသို့ဖြင့် သူ့ကိုယ်သူ သူရဲကောင်း ဆရာ တစ်ဆူအလား အမှန်တကယ်ပင် ထင်မှတ်နေမိတော့သည်။

“အခြေခိုင်မာခြင်းအဆင့်… အဲ့ဒါက အရမ်းကို နီးကပ်နေပြီ။ ငါ ချီစုစည်းမှုအဆင့်၁၀ရဲ့ မဟာစက်ဝိုင်းကို ရောက်တာနဲ့ ရအောင်လုပ်နိုင်တော့မှာ ” ပိုင်ရှောင်ချန်းသည် အခြေခိုင်မာခြင်းအဆင့်သို့ ရောက်လျှင် ရရှိမည့် ထပ်ဆောင်းသက်တမ်းကို တွေးကြည့်ကာ ချက်ချင်းပင် ပို၍စိတ်လှုပ်ရှားလာသည်။

သူ့ကိုယ်သူ ဆေးကြောသန့်စင်ပြီးသောအခါ သူ၏ ကျင့်ကြံခြင်းအခြေခံပြောင်းလဲမှုများနှင့် တိုးပွားလာသော စိတ်စွမ်းအင်ပမာဏများကို ကျင့်သားရစေရန် နေ့တစ်ဝက်ခန့် သုံးလိုက်ရသည်။ ထိုသို့ လုပ်ပြီးသောအခါ သူသည် နောက်ဖေးခြံထဲသို့ ပြန်သွားကာ သားရဲသန္ဓေတည်စေ့၏ ရှေ့တွင် တင်ပျဥ်ခွေထိုင်ချလိုက်သည်။

“ငါ့ရဲ့ ကျင့်ကြံခြင်းအခြေခံကတော့ ကျော်ဖြတ်ပြီးသွားပြီ။ ငါခု ဒီပန်းကို စောင့်နေရုံပဲ ရှိတော့တယ်။ ”

“ဟားဟာ့ဟား…ငါ့အိပ်မက်တွေက တကယ်ဖြစ်လာတော့မှာပဲ။ ”

” ငါ့သက်စောင့်ဝိညာဥ်က လျှို့ဝှက်မှော်ပညာကနေ ထွက်ပေါ်လာတဲ့ ပုံရိပ်ယောင်ပဲ ဖြစ်မယ်။ ဒါပေမဲ့ ဒီသားရဲသန္ဓေတည်ပန်းပွင့်ကတော့ အဲ့လိုမဟုတ်ဘူး။ အဲ့ဒါက ငါပိုင်တဲ့ တကယ့်တိုက်ပွဲဝင် သားရဲတစ်ကောင်ဖြစ်လာတော့မှာ။ ”

” တခြားတိုက်ပွဲဝင်သားရဲတွေအားလုံးမှာရှိတဲ့ အကောင်းဆုံးအစိတ်အပိုင်းတွေကို ပိုင်ဆိုင်တဲ့ သားရဲတစ်ကောင်ဖြစ်အောင် ငါ မွေးမြူပျိုးထောင်ပေးမှာ။ အဲ့ဒီလိုဖြစ်သွားရင် မြောက်ဘက်ခြမ်းကို ငါလာခဲ့တဲ့ ရည်ရွယ်ချက်က ပြီးမြောက်အောင်မြင်သွားပြီလို့ ပြောလို့ရတယ်!” ပိုင်ရှောင်ချန်းသည် ဤနေ့ကို ကြာရှည်စွာ စောင့်ဆိုင်းနေခဲ့ရပြီး ယခုအချိန်တွင်လည်း ထိုင်ကာ စောင့်ကြပ်နေရုံသာ တတ်နိုင်လေသည်။

မျက်စိတစ်မှိတ်အတွင်းတွင် ဆယ်ရက်ကျော် ကုန်လွန်သွားခဲ့ပြန်သည်။ အပင်၏ ရိုးတံသည် တဖြည်းဖြည်းပျောက်ကွယ်သွားကာ အလွန်တရာ ကြီးမားလှသော သားရဲသန္ဓေတည်ပန်းပွင့်က အစားထိုးနေရာယူလာသည်တွင် ပိုင်ရှောင်ချန်း၏ မျက်လုံးများကလည်း တဖြည်းဖြည်း ပြူးကျယ်လာရတော့သည်။ သူ၏ လေ့လာချက်များအရ ထိုကဲ့သို့ ဖြစ်လိမ့်မည်ဟု သိထားပြီးဖြစ်သော်လည်း သူ့မျက်စိနှင့် တပ်အပ်မြင်တွေ့ရသောအခါ အံ့ဩဖွယ်ကောင်းနေဆဲပင် ဖြစ်သည်။

ပန်းပွင့်နှင့် ရိုးတံတို့သည် လွန်ခဲ့သော ၇ရက်ကပင် ပေါင်းစပ်ခြင်းဖြစ်စဥ်စတင်ခဲ့သော်လည်း ကြီးမားလှသော ပေါက်စီတစ်လုံးကဲ့သို့ ၁၈မီတာကျော်သည်အထိ ရှည်လျားနေပြီဖြစ်သည်။

ပိုင်ရှောင်ချန်းသည် စိတ်လှုပ်ရှားနေကာ စောင့်ကြပ်ရန်အတွက် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။ ၃ရက်ကြာပြီးနောက်တွင် သူ့ရှေ့တွင်ရှိနေသော ၂၇မီတာရှည်လျားသည့် ပန်းပွင့်လုံးကြီးဆီမှ မွှေးရနံ့တို့ သင်းပျံ့လာလေသည်။

ထိုပန်းလုံးကြီး၏ ထိပ်ဖျားပိုင်းရှိ သေးငယ်သော ပါးစပ်ကဲ့သို့ အပေါက်ကလေးမှ မွှေးရနံ့တို့ ထွက်ပေါ်လာခြင်းဖြစ်သည်။

” စိတ်စွမ်းအင်ရနံ့ပိုပြီး ပြင်းထန်လာတာနဲ့ သားရဲသန္ဓေတည်ပန်းပွင့်က ပွင့်အာလာပြီး သားရဲက မွေးဖွားလာမှာ။ အချက်အလက်တွေကတော့ အဲ့လို ပြောထားတာပဲ။ ” ပိုင်ရှောင်ချန်းသည်မျက်လုံးများ တောက်ပလျက် သားရဲသန္ဓေတည်ပန်းပွင့်ကို ပတ်၍ ဖြည်းညင်းစွာ လမ်းလျှောက်နေတော့သည်။ အနည်းငယ် ထပ်မံတွေးတောပြီးနောက် ထွက်သွားကာ ကျားပျံတစ်ကောင်ကို ခေါ်ဆောင်၍ ပြန်လာခဲ့သည်။

ထိုကျားပျံသည် နောက်ဖေးခြံဝန်းအတွင်းသို့ ဝင်ရောက်လာသည်နှင့် ဘေးပတ်ဝန်းကျင်ကို သိချင်စိတ်ပြင်းပြစွာဖြင့် ကြည့်ရှုနေလေသည်။ ထိုအချိန်တွင် တုန်ခနဲဖြစ်သွားကာ သူနှင့်မျိုးတူ အမတစ်ကောင်ကို တွေ့လိုက်ရသည့်အလား မျက်လုံးများက တောက်ပစွာ လင်းလက်လာကြသည်။ အားပြင်းသော ဟိန်းဟောက်သံနှင့်အတူ သားရဲသန္ဓေတည်ပန်းပွင့်ဆီသို့ တရှိန်ထိုးပြေးသွားလေသည်။

နီးကပ်လာသည်တွင် သားရဲသန္ဓေတည်ပန်းပွင့်သည် သူ၏ ပါးစပ်ကဲ့သို့ အပေါက်ကို ဖွင့်လိုက်ကာ မျက်တောင်တစ်ခတ်အတွင်းမှာ ကျားပျံကို ဝါးမြိုလိုက်လေသည်။

ဖြစ်ပျက်သွားသော မြင်ကွင်းသည် ပိုင်ရှောင်ချန်းကို မျက်လုံးပြူးသွားစေခဲ့သည်။ ရှေ့သို့ အမြန်တိုးသွားလျှင် ကျားပျံကို တကယ်မမြင်ရသော်လည်း ပန်းပွင့်ထဲတွင် လှုပ်ရှားနေသည်ဟု ပြောနိုင်ပေသည်။ သေချာသိသွားပြီးနောက် အနည်းငယ်စိတ်သက်သာရာရကာ ဘေးသို့ရွှေ့၍ စောင့်နေလိုက်သည်။

၂နာရီခန့်ကြာသွားပြီးနောက် ပန်းပွင့်သည် တဖြည်းဖြည်း ပွင့်အာလာပြီး ကျားပျံသည် တွား၍ထွက်လာခဲ့သည်။ ကျားပျံသည် တဆတ်ဆတ်တုန်ယင်နေသော်လည်း ကြည်နူးမှုဖြင့် ယစ်မူးနေဟန်ပေါ်လေသည်။ ထပ်လိုချင်နေသည့် ပုံပေါက်သော်လည်း ပိုင်ရှောင်ချန်းသည် ဆွဲမလိုက်ကာ သားရဲမွေးမြူရေးခြံသို့ ပြန်ပို့လိုက်လေသည်။

သူပြန်လာသောအခါ နောက်မှ ဝက်ဝံကြီးတစ်ကောင်လိုက်ပါလာခဲ့သည်။ ခဏကြာသောအခါ ဝက်ဝံသည် ပန်းပွင့်ကို မြင်သွားပြီး ဟိန်းဟောက်ကာ ရှေ့သို့ တဟုန်ထိုး ပြေးသွားတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset