အခန်း (၅)

အခန်း (၅)  :  ဆာလောင်မှု

သူတို့ အိမ်ပြန်လာစဉ် ဝမ်ချင်းလင်က သူ့မိဘများ၏ အသိစိတ်ကို ပြန်ပေးလိုက်သည်။

ကျန်းလန်က တစ်လျှောက်လုံး ပွစိပွစိ ပြောလာလေသည်။ ဝမ်ချင်းလင်ကား လမ်းတစ်လျှောက်လုံး နှုတ်ဆိတ်နေသည်။

သူက မေးခွန်းတစ်ခုကို စဉ်းစားနေမိ၏။

ငါက ခေါင်းဆောင် ဖြစ်လာရင် ငါ့မိဘတွေကရော …

သူက သူတို့ကို ကြိုးစားကြည့်ခိုင်းပြီးပြီ ဖြစ်သော်လည်း သူတို့က ဇွန်ဘီအုပ်ကို မထိန်းချုပ်နိုင်ကြပေ။ သူ့မိဘများက သာမန်လူများကဲ့သို့ ဖြစ်ပြီး အသိစိတ်၊ စိတ်ခံစားချက်ရှိထားကာ ပြောနိုင်ဆိုနိုင် တွေးတောနိုင်ကြသည်။ သူတို့က အားပိုကောင်းပြီး ပိုသွက်လက်လာကြသည်။ ထိုအရာများက ပြဿနာ မဟုတ်ချေ။ အကြီးမားဆုံး ပြဿနာမှာ သူတို့က လူသားနှင့် ဆုံတွေ့မိပါက ဇွန်ဘီဗီဇ ပေါ်ထွက်လာခြင်း ဖြစ်၏။

ဤသည်က အလွန်တရာ အန္တရာယ်များလွန်းလှပြီး သူ တွေးထားသလို မဟုတ်ချေ။ သူက သူ့မိဘများအား အသိစိတ်နှင့် ဇွန်ဘီ ဖြစ်မလာစေချင်ပေ။ သူတို့စွမ်းအားက ဆင့်ကဲဇွန်ဘီနှင့် နှိုင်းယှဉ်နိုင်သော်လည်း လူသားစားသည့် မွန်းစတားများ ဖြစ်နေဆဲ မဟုတ်ပါလော။

ဝမ်ကျန်းက ကျန်းလန်ထက် ပိုတွေးမိသည်။ သူက လူသားကို မြင်လိုက်သည်နှင့် ထိန်းချုပ်မှု ပျောက်ဆုံးသွားပြီး စားဖို့သာ သိသည့် စိတ်လွတ်သွားသော မွန်းစတားတစ်ကောင် ဖြစ်လာကြောင်း နားလည်လိုက်သည်။

ဝမ်ချင်းလင်က သူတို့ ယူဆောင်လာသည့် ဆေးပစ္စည်းများနှင့် ဆေးဝါးများအား သိမ်းဆည်းပြီးနောက် မေးလိုက်သည်  “ အမေတို့ ဗိုက်ဆာနေလား ”

ကျန်းလန်နှင့် ဝမ်ကျန်းတို့ နှစ်ယောက်လုံးက ကြည့်လိုက်ကြပြီး ဘာမှမပြောပေ။

သူတို့က အမှန်တကယ် ဆာလောင်နေကြသည်။ ပြောရလျှင် ဗိုက်ဆာလွန်းနေလေသည်။ လူသားများ ဗိုက်ဆာသည့်အခါ တောင့်ခံနိုင်ကြသော်လည်း သူတို့ဆာလောင်မှုက တောင့်ခံနိုင်သည့် အနေအထားမျိုး မဟုတ်ပေ။ သူတို့က စိတ်လွတ်သွားပြီး စားဖို့သာ သိတော့သည့်အထိ ဖြစ်သွားနိုင်သည်။

ဝမ်ချင်းလင်က ကျောပိုးအိတ်ကို ယူကာ  “ သွေးအနီမိုနီကို စားချင်လား ”

မျက်ဝန်းနှစ်စုံက သွေးအနီမိုနီကို စိုက်ကြည့်နေကြသည်။ သူတို့က စားချင်နေသော်လည်း ခေါင်းခါယမ်းလိုက်ဆဲ ဖြစ်၏။

ဝမ်ချင်းလင်က ပြောလိုက်သည်  “ တကယ်လို့ သွေးအနီမိုနီသာ ဆာလောင်မှုကို သက်သာစေရင်  ကျွန်တော် သူတို့ကို နောက်ထပ် စိုက်ပျိုးနိုင်တယ်။ ဒါပေမဲ့ အမေတို့ လူသားစားလို့ မဖြစ်ဘူး။ လူသားရဲ့ သွေးအသား အရသာကို သိသွားတာနဲ့ စိတ်လွတ်သွားတဲ့ ဇွန်ဘီတွေ ဖြစ်သွားလိမ့်မယ်။ ကျွန်တော်တို့တွေ ဆာလောင်မှုကို တောင့်ခံထားဖို့ လိုတယ်။ အမေတို့ ဗိုက်ဆာတယ်။ ကျွန်တော်လည်း ဗိုက်ဆာတာပဲ။ ဒါပေမဲ့ ကျွန်တော်က တောင့်ခံထားနိုင်တယ် ”

ကျန်းလန်  “ အဲ … အဲဆို သားက အနီမိုနီကို စားလိုက် ”

ဝမ်ချင်းလင်က ခေါင်းခါကာ  “ အဲဒါက သွေးရွဲနေတာ စားချင်စိတ် မရှိဘူး ”

ကျန်းလန်  “ အဲဆို ပြုတ်လိုက်ရမလား ”

ဝမ်ချင်းလင်နှင့် ဝမ်ကျန်းတို့ နှစ်ယောက်လုံးက ကြည့်လိုက်ကြသည်။

ကျန်းလန်က တုံ့ပြန်လာသည်။

ဝမ်ချင်းလင် “ ကျွန်တော်တို့ စမ်းကြည့်ကြတာပေါ့ ”

သူတို့ ဆေးဝါးစုဆောင်းနေစဉ် ဘီစကစ်နှင့် အသင့်စား ခေါက်ဆွဲများကို တွေ့ခဲ့သေးသည်။ ဝမ်ချင်းလင်က အနည်းငယ် စားကြည့်သော်လည်း မျက်လုံးများ ပြာလာသည့်အထိ ပြန်အန်ထုတ်လိုက်ရသည်။ အဆိပ်စားသည်ထက်ပင် ပိုနာကျင်ရသည်။ သူ့ခန္ဓာကိုယ်က ဤသို့သော အစားအစာမျိုး လက်မခံနိုင်သောကြောင့် ဆက်လက် အဆာခံနေရသည်။

သူက မစားနိုင်သောကြောင့် သူ့မိဘများလည်း အခြေအနေအတူတူသာ ဖြစ်လိမ့်မည်။

အကယ်၍ သူတို့ခန္ဓာကိုယ်များက အသားကိုသာ လက်ခံနိုင်လျှင် တခြားအကြံအစည်တချို့ တွေးတောရမည်။ အရင်ဦးစွာ သူတို့ ချက်ပြုတ်ထားသည့် အစားအစာကို စားနိုင်လားဟု စမ်းသပ်ကြည့်ရမည်။

ကျန်းလန်က အိမ်ပြန်ရောက်လာသည့်အခါ ပန်းကန်လုံးအရွယ် သွေးအနီမိုနီကို ပြုတ်လိုက်သည်။ ရနံ့ပြင်းပြင်း ထွက်လာပြီး ဆာလောင်နေသည့် ဇွန်ဘီသုံးကောင်က သရေတမျှားမျှား ဖြစ်လာကြသည်။

ကျက်သွားသည့် သွေးအနီမိုနီက ကျုံ့သွားသောကြောင့် သေးသွားသည်။ မိသားစုက သုံးပုံခွဲကာ အားလုံး သွေးအနီမိုနီ အပိုင်းတချို့နှင့်အတူ စွတ်ပြုတ် တစ်ပန်းကန်စီ စားလိုက်ကြသည်။

ဝမ်ချင်းလင်က အရင်ဦးစွာ စားလိုက်ပြီး အရသာက ကြွယ်ဝလွန်းပြီး သွေးအနီမိုနီ၏ ထိတွေ့မှုက ဂျယ်လီငါးလိုမျိုး ကြွပ်ဆတ်ဆတ် ဖြစ်နေသည်။

သွေးအနီမိုနီ အပိုင်းတချို့နှင့် စွတ်ပြုတ် စားသောက်ပြီးသွားနောက် ဝမ်ချင်းလင်က မသက်မသာမရှိဘဲ ဗိုက်ပြည့်သွားလေပြီ။ ကျန်းလန်နှင့် ဝမ်ကျန်းတို့လည်း သူတို့ဝေစု စားသောက်ပြီးနောက် ဆာလောင်မှု ပြဿနာ ပြေလည်သွားကြသည်။

ကျန်းလန်  “ သွေးအနီမိုနီ ချက်လိုက်တာက ပိုအရသာကောင်းတယ်။ သား ဘယ်ကနေ ရလာတာလဲ။ အမေတို့ နည်းနည်းလောက် စိုက်ထားရအောင် ”

ဝမ်ချင်းလင်က သူ့သွေးအနီမိုနီ၏ ဇစ်မြစ်အကြောင်း ရှင်းပြလိုက်သည့်အခါ ကျန်းလန်နှင့် ဝမ်ကျန်းတို့နှစ်ယောက်လုံး ကျောက်ရုပ်နီးပါး ဖြစ်သွားကြသည်။

ဝမ်ချင်းလင်  “ တကယ်လို့ အဲဒါက စိုက်ပျိုးဖို့ သွေးကို ကြားခံနယ်အဖြစ် လိုအပ်တယ်ဆိုရင် ကျွန်တော့်သွေး ဖြစ်နေဖို့တော့ မလိုဘူးဆိုတော့ တခြားတိရစ္ဆာန်သွေးနဲ့လည်း စမ်းကြည့်လို့ ရတယ် ”

ဤခေတ်အခါ၌ ဇွန်ဘီများက လူသားစားပြီး အသွင်ပြောင်း အပင်များနှင့် တိရစ္ဆာန်များက လူသား စားကြသည်။ လူသားကလည်း ဇွန်ဘီကလွဲ၍ သူတို့ကို ပြန်စားကြလိမ့်မည်။

ဝမ်ကျန်းက ပြောလိုက်သည်  “ အဖေတို့ ပြန်ကောင်းလာတက မင်းရဲ့ သွေးကြောင့်လား ဒါမှမဟုတ် သွေးအနီမိုနီကြောင့်လားလို့ စဉ်းစားနေတာ။ တကယ်လို့ ထူးခြားနေတာက မင်းရဲ့သွေးဆိုရင် ငါတို့တွေ တိရစ္ဆာန်သွေးကို အသုံးပြုရင်တောင် သွေးအနီမိုနီကို စိုက်နိုင်မှာ မဟုတ်ဘူး ”

ဝမ်ချင်းလင်   “ စမ်းကြည့်ကြတာပေါ့ ”

မိသားစုဝင်သုံးယောက်က ဓားတစ်လက်၊ ကြိုးများနှင့် အိတ်ကိုယ်စီ သယ်ဆောင်လာကြသည်။ သူတို့က အသွင်ပြောင်း တိရစ္ဆာန်များကို ရှာရန် ထွက်လာကြခြင်း ဖြစ်၏။

နန်းချန်တစ်ခုလုံး တိတ်ဆိတ်နေပြီး သူတို့ကားအင်ဂျင်အသံသာ ကြားနေရသည်။ ဤသို့ အသံကျယ်ကြီး ထွက်နေသော်လည်း မည်သည့်ဇွန်ဘီကမှ သူတို့ကို မတိုက်ရဲကြပေ။ ထိုအရာက နန်းချန်ထဲ ကျန်ရစ်နေသည့် အသက်ရှင်ကျန်သူများအား သံသယဖြစ်လာစေသည်။

မြို့အပြင်နားတွင် အသွင်ပြောင်း တိရစ္ဆာန်များ မရှိလောက်တော့ပေ။ အများစုက အသက်ရှင်ကျန်သူများ၏ အစာ ဖြစ်သွားလောက်လေပြီ။ သူတို့က မြို့အလယ်အထိ သွားကြည့်ရမည်။

သူတို့က ကံကောင်းလွန်းပြီး အသွင်ပြောင်း ဝက်တစ်ကောင်နှင့် မြန်မြန် တွေ့သွားသည်။ တစ်ကိုယ်လုံးက မည်းနက်နေပြီး ခေါင်းနှစ်လုံးပါကာ အရွယ်ရောက်ပြီးသား နွားတစ်ကောင်ထက် ပိုကြီးမားသည်။ ဝက်၏ အရှိန်က အလွန်မြန်ဆန်လှပြီး ဝမ်ချင်းလင်က ကားဖြင့် လိုက်ဖမ်းရသည်။ အသွင်ပြောင်းဝက်က တောင်ပူစာမြို့လယ်ဆီ ပြေးဝင်သွားသည်။

သူတို့တွေ မြို့တော်ခန်းမနား ရောက်ခါနီးဆဲဆဲတွင် ဝမ်ချင်းလင်က ကားကို ရုတ်တရက် ရပ်လိုက်သည်။ ထွက်ပြေးသွားသည့် ဝက်လည်း ရပ်တန့်သွားပြီး သူ့နောက်ခြေတို့က တုန်တုန်ယင်ယင် ဖြစ်လာကာ နောက်ပြန်ဆုတ်လာသည်။

“ ဘာတွေ … ”

“ရှူး ” ဝမ်ချင်းလင်က သူတို့အား အသံတိတ်ဖို့ အချက်ပြလိုက်သည်။

သူတို့နားတွင် ဇွန်ဘီတစ်ကောင်မှ မရှိဘဲ အလွန်တရာ တိတ်ဆိတ်နေသည်။

ရုတ်ချည်းဆိုသလို သားစဉ်းဓားတစ်ချောင်း ထွက်ပေါ်လာပြီး အသွင်ပြောင်း ဝက်၏ ခေါင်းကို ဖြတ်လိုက်သည်။ နေရာအနှံ့ သွေးများ ပန်းထွက်သွားသည်။

တောင့်တောင့်တင်းတင်း ဇွန်ဘီတစ်ကောင် ဖြည်းဖြည်းချင်း ထွက်လာသည်။ အရပ်က နှစ်မီတာနိးပါး ရှိပြီး ဗိုက်ဖောင်းဖောင်းရှိထားသည်။ ထိုအနားတွင် အသားများက ပကတိအတိုင်း ဖြစ်နေသေး၏။ သူက အသွင်ပြောင်းဝက်ဆီ လျှောက်လှမ်းလာကာ မြေကြီးပေါ်မှ ဓားကို ကောက်ယူလိုက်ပြီး ဝမ်ချင်းလင်ဘက် လှည့်ကြည့်လိုက်သည်။

ကျန်းလန်နှင့် ဝမ်ကျန်းတို့က ဒီလိုမျိုး ဇွန်ဘီကို တစ်ခါမှ မမြင်ဖူးချေ။ ဆင့်ကဲဖိအားက သူတို့ခေါင်းပေါ် ကျရောက်လာပြီး အကြောက်တရား ပျံ့နှံ့လာစေသည်။

“ ဒါက အဆင့်တစ် အသွင်ပြောင်း သားသတ်သမား ပုံစံပဲ ”

သားသတ်သမားသည် အရပ်ရှည်ရှည် တောင့်တင်းတင်း ခန္ဓာကိုယ်ရှိပြီး လှုပ်ရှားမှုများက နှေးကွေးလေသည်။ လူသားများနှင့် တူညီသည်က သားစဉ်းဓား သို့မဟုတ် ပုဆိန်လိုမျိုး လက်နက်များကို အသုံးပြုနိုင်ကြသည်။

“ ကားထဲနေပြီး ထွက်မလာနဲ့နော် ” ဝမ်ချင်းလင်က တံခါးကို ဖွင့်ကာ ထွက်လာလိုက်သည်။ သူက ရုပ်ဆိုးဆိုး အန္တရာယ်များသည့် သားသတ်သမားနှင့် ရင်ဆိုင်လိုက်သည်။

သူတို့အဆင့်များအရ  ခေါင်းဆောင်တစ်ယောက်၏ အဆင့်သည် သားသတ်သမားထက် ပိုမြင့်မားပေသည်။ သူ့အနေနှင့် ကြောက်နေစရာ မလိုပေ။ ကြောက်ရမည်သူမှာ ထိုသားသတ်သမားသာ ဖြစ်၏။

သားသတ်သမားက ချည်းကပ်မလာဘဲ ဝမ်ချင်းလင်ကို ပြန်မာန်ဖီနေသည်။

ဝမ်ချင်းလင်က သူသည် အဆင့် ၆ အသွင်ပြောင်း ခေါင်းဆောင် ဖြစ်သော်လည်း အဆင့်တစ် သားသတ်သမားက သူ့အား ရန်စဖို့ ကြိုးစားနေရဲသည်ကို မြင်သည့်အခါ စော်ကားခံရသလို ခံစားလိုက်ရသည်။

သူက ဘာလဲ။ သေနေလို့လား

ဝမ်ချင်းလင်က အသက်ပြင်းပြင်းရှုကာ တုပထားသည့် ဇွန်ဘီအော်သံမျိုး ပြန်ထုတ်လွှင့်လိုက်သည်။

အော်ရုံပဲလေ … ဘယ်သူက ဘယ်လိုလုပ်ရမယ်ဆိုတာ မသိဘဲနေမှာလဲ

သားသတ်သမားက တိတ်ဆိတ်သွားပြီး ဝက်ခေါင်းကို မယူခင်အထိ ဝမ်ချင်းလင်အား စိုက်ကြည့်နေသည်။ ဝမ်ချင်းလင်က သူ့အား မတားသည်ကို မြင်ပြီး သားသတ်သမားက ဝက်ခေါင်းကို ယူပြီး သနားစဖွယ် ထွက်သွားတော့သည်။

အခန်း ၅ ပြီးဆုံး …

ယူတို့ မျှော်နေတဲ့ ML  က အခန်း ၈ မှာ စပေါ်လာမှာနော် ကျန်တဲ့သူတွေနဲ့ လျှောက်တွေးမနေနဲ့ဦး …

ဖတ်ရှုပေးတာ ကျေးဇူးပါ … <3


Comment

Leave a Reply

Options

not work with dark mode
Reset