အခန်း ( ၁၁၇ )

ဟန်ဇောင်ကျောင်းတော်၏ ဆေးပညာလက်စွဲကျမ်း

“မွှေးရနံ့တိမ်တောင်ရဲ့သင်္ကေတကို ဖျက်ဆီးဖို့အတွက် အခက်ဆုံးအပိုင်းက မင်းကိုသတိမပြုမိစေဘဲနဲ့ နည်းလမ်းတစ်ခုရှာဖို့ပဲ ” မျောက်က တောက်ပသောမျက်လုံးတွေနှင့် ပြောလိုက်သည်။
“မှန်ကန်တဲ့ နည်းလမ်းကို သုံးမယ်ဆိုရင် ချီစုစည်းမှုအဆင့် ဂိုဏ်းသားတစ်ယောက်က တောင်လုပ်နိုင်တယ်။အချိန်အလုံအလောက် ရမယ် ဆိုရင်ပေါ့လေ။ တောင်ဘက်ခြမ်းကတော့ ထိုးဖောက်ဝင်ရောက်ခံနေရပြီ။”

ဟန်ဇောင်၏ မျက်လုံးများက အေးစက်စက်အရောင်များဖြင့် တောက်ပလာကြသည်။ မန္တာန်ဝင်္ကပါအား ဖျက်ဆီးခြင်းသည် လွယ်နိုင်သော်လည်း ပြင်ဆင်ရန်အတွက်မူ ဆန့်ကျင်ဘက်ဖြစ်သည်ကို သူ ကောင်း
စွာသိလေသည်။ ထိုအရာသည် ပန်းအိုး၁အိုးကဲ့သို့ပင်။
ကလေးတစ်ယောက်ကပင်လျှင် ပန်းအိုးကို ခွဲပစ်နိုင်သော်လည်း ပြန်ပြင်ရန်အတွက်မူ ပညာရှင်၁ယာက်၊ ဆရာကြီးအဆင့် ၁ယောက်မှသာလျှင် တတ်နိုင်ပေ မည်။

“ထိုးဖောက်ဝင်ရောက်တယ်..” ဟန်ဇောင်ကခေတ္တ
မျှ တွေးလိုက်ပြီးနောက် တာအိုသစ်စေ့တောင် ဆီသို့ လက်လှမ်းလိုက်ကာ ဖမ်းဆုပ်သည့်ဟန် ပြုလုပ်လိုက်လေသည်။ ခဏမျှကြာပြီးနောက် ကျောက်စိမ်းပြား၁ခုသည် သူ့ဆီသို့ ပျံသန်းလာကာ လက်အတွင်းသို့
ရောက်ရှိသွားလေ၏။ အတွင်းတွင် လွန်ခဲ့သော နှစ်၃၀ အတွင်းက ဂိုဏ်းတွင်ဖြစ်ပျက်ခဲ့သော အရာအားလုံးကို ကောင်းမွန်စွာ ထိန်းသိမ်းထားသော မှတ်တမ်းများရှိပေ
သည်။ ထိုထဲတွင် လျှပ်စီး ၊အက်စက်မိုး၊ မြွေ၁၀၀၀ တောင်ကြားတွင် ဆေးဖော်စပ်ခြင်း စသော ပိုင်ရှောင်ချန်း၏ အသေးစိတ် အချက်အလက်များ အားလုံး အပြည့်အစုံ ပါဝင်လေသည်။

ထိုအရာအား စစ်ဆေးပြီးနောက်တွင် သူ့မျက်နှာ၌ ထူးဆန်းသောအမူအရာ ဖြစ်လာ၏။ ပုံစံကြည့်ရသည်မှာ ပိုင်ရှောင်ချန်းသည် လမ်းလျှောက်နေသည့် ဘေးအန္တရာယ်ဆိုးကြီးနှင့် တူနေပေသည်။ သို့ရာတွင် တခဏသာ ပင်။ ဟန်ဇောင်၏မျက်လုံးများက အရောင်လက် လာကြကာ

“ဒီကောင်လေးရဲ့ ဆေးဖော်တာတွေက နတ်ဆိုးတစ်ကောင်ခေါ် လာတဲ့ အတိုင်းပဲ…..”

“ တာအိုဆေးတွေမှာ လမ်းကြောင်းတွေအများကြီး ရှိတယ်။ ” မျောက်က တုံ့ပြန်သံဖြင့်ရေရွတ်လိုက်သည်။ “လူတိုင်းအတွက် ကွဲပြားတဲ့အဆိုတစ်ခုပဲ။ပိုင်
ရှောင်ချန်းအတွက်လည်း အဲ့လိုပဲနေမှာ…ကောင်းပြီ။ အဏ္ဏဝါ ဆေးဖော်စပ်နည်းနဲ့ ဟန်ဇောင်ကျောင်းတော်ရဲ့ ဆေးကျမ်းငယ်ကို သူ့ကို ပေးလိုက်ပါ။ သူ အဏ္ဏဝါ ဆေးလုံးဖော်ဖို့အတွက် တကယ်ကြီးအခွင့်အရေးတစ်ခု ရသွားနိုင်တာပဲ ”

ဟန်ဇောင် ၏မျက်လုံးများ ပြူးသွားရသည်။ အဏ္ဏဝါ ဆေးလုံးသည် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀၀အတွင်း စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတွင်တစ် ယောက်မျှ အောင်မြင်စွာဖော်စပ်နိုင်ခဲ့ခြင်း မရှိချေ။စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသည် ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကိုပင် အကူအညီပင်တောင်းခဲ့ကာ ရက်ရက်ရောရောပေးခဲ့သော်လည်း အသုံးမချနိုင်ခဲ့ချေ။

ထို့ကြောင့် အဏ္ဏဝါ ဆေးလုံးသည် ပုံပြင်တစ်ခုထက် မပိုခဲ့ပေ။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် အဏ္ဏဝါ ဆေးတစ်လုံးသာ ရှိမနေခဲ့လျှင် ဟန်ဇောင်သည် ထိုဆေးလုံးကို ဖော်စပ်နိုင်သည်ဟုပင် ယုံကြည်မည် မဟုတ်ပေ။ ထိုဆေးတွင် အစစ်အမှန် ဝိညာဥ်ကို နိုးထစေနိုင်သည့် စွမ်းရည်ရှိ၏။ ထိုဆေးက အစစ်အမှန်ဝိညာဥ်အား အသက်၁၀ကြိမ်ရှုသည့် အခိုက်အတန့်တွင် နိုးထစေနိုင်၏။

ဟန်ဆောင်ကျောင်းတော်၏ ဆေးပညာလက်စွဲကျမ်းအတွက်မူ အပြင်ကမ္ဘာမှလာသည့် ကြီးမြတ်သော တာအိုဆေးပညာရပ်များပါရှိပြီး ဟန်ဇောင်ဝိညာဥ် အဖွဲ့အစည်း၏ အခြေခံအမွေအနှစ်၃ခုထဲမှ ၁ခုဖြစ်သည်။

ခဏမျှတိတ်ဆိတ်နေပြီးနောက် ဟန်ဇောင် က ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။ “သူ့ရဲ့ဆေးလုံး ဖော်တဲ့နည်းလမ်းတွေက ကြမ်းတမ်းတယ်။ အဏ္ဏဝါဆေးလုံးကလည်း ထူးခြားဆန်းပြားတဲ့ဆေးပဲ။ အဲ့ဆေးဖော်တဲ့အခါမှာ ချက်ကောင်းမိသွားနိုင်တယ်။ ဆရာ၊ဆရာ့ရဲ့ အခြေခံကျင့်ကြံခြင်းကရော ဘယ်လိုလဲ ”

“လွယ်လွယ်ကူကူနဲ့တော့ ရမှာမဟုတ်လောက်ဘူး။ ငါ
အချိန်လိုတယ်။ အခု ငါပြန်လာပြီပဲ။ နောက်ထပ်နှစ် နည်းနည်းလောက် ဆက်ပြီးကြံ့ကြံ့ခံရမယ်။ ကောင်းကင်ကိုးသွယ်လျှပ်စီး ဂိုဏ်း ပျက်စီးသွား တာကို ကိုယ်တိုင်ကိုယ်ကျ မြင်ချင်တယ်” မျောက် ၏ မျက်လုံးများသည် မုန်းတီးမှုဖြင့် အရောင်လက် လာကြသည်။ လွန်ခဲ့သောနှစ်များစွာက သူ၏ဂိုဏ်း တစ်ခုလုံး အရှင်းလင်းခံခဲ့ရသည်ကို ကြည့်နေခဲ့ရသည်။သူ တစ်ယောက်တည်းသာ အသက်ရှင်ကျန်ရစ်ခဲ့၏။

ဝိညာဥ်များအား တားမြစ်ထားသော နေရာအတော်များ
များကို ဖြတ်ကျော်ခဲ့ပြီးနောက်တွင် မြစ်၏အရှေ့ဘက်ပိုင်းသို့ အနိုင်နိုင်ရောက် အောင် လာခဲ့ရသည်။

“တပည့်..ငါတစ်ယောက်ထဲ ပြန်လာတာတော့ မဟုတ်ဘူး။ တခြား ရှေးကျတဲ့ လူတွေလည်း ပြန်လာနိုင်တယ်။ ဘာလို့ဆိုတာတော့ ငါမသေချာဘူး။ ဒါပေမယ့် ခေတ်သစ်တစ်ခုကို ငါတို့ရောက်လုပြီလို့ခံစားနေရ တယ်။”

မျောက်ကသက်ပြင်းချလိုက်ကာ ဟန်ဇောင် က ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်လျက်ရှိသည်။သူတို့၂ယောက်လုံး တိတ်ဆိတ်နေကြသော်လည်း စိတ်များက ပူလောင်လျက်ရှိကာ အပြည့်အဝအာရုံစိုက်လျက် ရှိကြ သည်။

အချိန်များ ကုန်လွန်သွားခဲ့၏။ ၁လမျှကြာပြီးနောက်
ပိုင်ရှောင်ချန်းသည် ဂူထဲတွင် ကျင့်ကြံခြင်းကာလ ပြီး
ဆုံးသွားလေသည်။ အပြင်ကို ထွက်ချင်သော်လည်း မထွက်နိုင်မှန်း သူသိလေသည်။ သက်ပြင်းချလိုက်ကာ သူက အသက်ရှုလေ့ကျင့်ခန်းအား ဆက်လုပ်လေသည်။

သူ့မျက်လုံးများအား ဖွင့်လိုက်ကာ နောက်ထပ် အသက်မရှူမီ ရုတ်တရက် ကျောက်စိမ်းပြား နှင့်ဝါးလိပ်တို့သည် သူ့ရှေ့တွင်ရှိနေသည်ကို သတိပြုမိလိုက်သည်။နှစ်ပေါင်းများစွာ တည်ရှိခဲ့သည့်အလား သူတို့ သည် အလွန်ရှေးကျပုံပေါ်သည်။ ၎င်းတို့ထံမှ ရှေးဟောင်းအငွေ့အသက်များ ဖြာထွက်နေသလိုပင် ထင်ရလေ၏။

“အီ…” နီးနီးကပ်ကပ်ကြည့်ပြီးနောက်တွင် သူသည် ကျောက်စိမ်းပြားအား ကောက်ယူလိုက်ကာ စိတ်စွမ်းအင် အချို့ကို အထဲသို့ ထည့်သွင်းလိုက်သည်။ ခဏမျှကြာ ပြီးနောက် သူ့မျက်လုံးများပြူးကျယ်သွားပေသည်။

“ အဏ္ဏဝါဆေးလုံးလား။ ဒါက ဘယ်အပင် ဘယ်ပေါက်ပင်မှမလိုဘူး။ ကောင်းကင်တံတားမြစ်က ရေပဲလိုတာပေါ့။ ဘာ ..ဘယ်လိုဆေးမျိုးပါလိမ့်။ တော်တော်လေး အံ့ဩစရာကောင်းတာပဲ။ ကောင်းကင်တံတားမြစ်ကရေနဲ့ ဒီလိုဆေးလုံးဖော်လို့ရတယ်လို့ ဘယ်သူကတွေးမိမှာလဲ” ဆေးဖော်သည့်နည်းလမ်း အား ခဏမျှ စစ်ဆေးပြီးနောက်တွင် သူပင့်သက်ရှိုက် လိုက်သည်။

“တော်တော် ကြောက်စရာကောင်းတာပဲ။ မင်းရဲ့ကိုယ်ကို ဆေးပေါင်းဖိုလို သုံးရမှာလား။” နောက်ထပ်ဝါးလိပ်အား ကြည့်ရှုစစ်ဆေးလိုက်ပြီးနောက် သူ့မျက်လုံးများက ပိုပြူးသွားတော့သည်။

“ ဟန်ဇောင်ကျောင်းတော်၏ ဆေးပညာလက်စွဲကျမ်း ”
ပိုင်ရှောင်ချန်းသည် သက်ပြင်းရှိုက်လိုက်ကာ ဝါးလိပ်ကို ဖွင့်လိုက်သည်။ သူ့အတွက်မူ တစ်ခုမျှ အဓိပ္ပါယ်မရှိပေ။ စာသား၏ပထမအကြောင်းတစ်ခုသာ ရှင်းလင်းသော်လည်း ထိုဟာလေးကပင် ပိုင်ရှောင်ချန်းအား ရူးသွပ်သွားစေလောက်ပေသည်။ “ ထာဝရအသက်ရှည်ခြင်းက ဟန်ဇောင် ကျောင်းတော်နဲ့ စခဲ့တာ။ ထာဝရအသက်ရှည်တာက ပြန်လည်ဝင်စားခြင်းသံသရာကို အဆုံးသတ်တယ် ”

“မပြောနဲ့… ဒီဆေးကျမ်းကို ထာဝရရှင်သန်ဆေး-မသေဆေးလုံးဖော်စပ်တဲ့နေရာမှာသုံးနိုင်တယ်လို့ မပြောနဲ့။ အား……..” သူ့ပါးစပ်မှထွက်လာသော အော်သံ အား သူမထိန်းနိုင်ချေ။ သူ့မျက်လုံးများက အဖိုးထိုက် ရတနာများကို ရရှိသကဲ့သို့ ရဲရဲနီလာသည်။
“ဂိုဏ်းခေါင်းဆောင်အကိုကြီးက ကျင့်ကြံတာကို ငါဘယ်လောက် ကြိုးကြိုးစားစားလုပ်တယ် ဆိုတာကို သိလောက်မှာပါ။ ပြီးတော့ ငါ့ကိုဆုပေးဖို့ ဆုံးဖြတ်လိုက်တာနေမှာ။ အစ်ကိုကြီးက တော်လိုက်တာ။ ဒီ အဏ္ဏဝါ ဆေးလုံးလောက်က အေးဆေးပါ။ ငါဒီထက် ပိုပြီးသန်မာလာတာနဲ့ အစ်ကို့အတွက် ဆေးထောင်ပေါင်းများစွာ ဖော်ပေးမယ်။” လွန်စွာ စိတ်လှုပ်ရှားပုံ ပေါ်လျက် ဟန်ဇောင်ကျောင်းတော်၏ ဆေးပညာလက်စွဲကျမ်းအား သူက ဆက်လက်လေ့လာနေပေ၏။ အတွင်းမှ အချက်အလက်များကို မမြင်နိုင်သော်လည်း ထိုဟာကို သူ့စိတ်ထဲတွင်စွဲနေပြီးဖြစ်သည်။
အတန်ငယ် လေ့လာပြီးနောက်တွင် ဝါးလိပ်လုပ်ရန် အသုံးပြုခဲ့သော ဝါးသည် လွန်ခဲ့သော နှစ်၁၀၀၀၀ခန့်ကရှေးကျသည့်အငွေ့အသက် ရနေသည်ကို သူသတိ ထားမိလိုက်သည်။
ဝါးသည် အချိန်အကြာကြီး မည်ကဲ့သို့ မပျက်စီးနိုင်သည်ကို သူသေချာမသိပေ။ ထို့အပြင် ရှူသွင်းပြီးချိန်၌ သူ၏အခြေခံကျင့်ကြံခြင်းကို လျင်မြန်စွာ လည်ပတ်စေနိုင်သော သင်းပျံ့သည့်မွှေးရနံ့တစ်ခုရှိလေ၏။
ပိုင်ရှောင်ချန်းသည် ပို၍ပင်စိတ်လှုပ်ရှားလာရကာ ထိုအရာသည် လွန်စွာ အဖိုးထိုက်လှသည်မှာ ပို၍ သေချာ လာရသည်။ အမှန်တော့ သူ၏ ဝီရိယရှိလှသော ကျင့်ကြံခြင်းကြောင့် ဂိုဏ်းခေါင်းဆောင်၏ အာရုံစိုက်မှုကို ရရှိသွားခြင်းလား၊ သို့မဟုတ် ၊ သူ့အား ဝိညာဥ်ကမ္ဘာမှ သူ့ဆရာ၏ ဝိညာဥ်က လက်ဆောင်များ ပေးအပ်သွားခြင်းလားကို စတင်တွေးတောနေမိသည်။

“အဲ့လိုလည်း မဟုတ်ဘူးထင်ပါတယ်….” သူတွေးလိုက်သည်။ အံကြိတ်လိုက်ကာ ထိုအကြောင်းတွေးခြင်းအား ရပ်လိုက်လေ၏။ မည်သို့ပင်ဖြစ်စေ ရတနာ သည် သူ့လက်အတွင်း ရောက်ရှိနေပြီဖြစ်၍ သူပိုင်သွားပေပြီ။

သူ့နောက်မှ ဂူအတွင်းထဲတွင် မျက်လုံးထဲ၌ လေးစားသည့်အရိပ်အယောင်များနှင့် မျောက်၁ကောင် သည် မတ်တပ်ရပ်လျက် သူ့အား ကြည့်နေသည်ကို သတိမပြုမိလိုက်ချေ။

“သူဘယ်လိုများ လုပ်လိုက်တာလဲ” မျောက်ကတွေးလိုက်သည်။ “ထူးဆန်းထင်ရှားတဲ့အရာတစ်ချို့ကငါ့ကိုပြန်ခေါ်လာဖို့အတွက် သူ့ကိုတကယ်ကြီးလမ်းပြပေးတာလား။” အချိန်အနည်းငယ် ကုန်လွန်သွားပြီးနောက် မျောက်ကလှည့်ကာ ဂူ၏ကျောက်နံရံထဲသို့ ဝင်သွားလေသည်။ ထိုနေရာတွင် သူသည် တောင်ကို ဖြတ်၍ နစ်မြုပ်တိုးဝင်ခဲ့ရာ မြစ်ကမ်းပါး၏ နက်ရှိုင်းသော အောက်ဘက်ထိတိုင် ရောက်ရှိခဲ့၏။
အလွန်ကြီးမားသည့် မြေအောက်တွင်ရှိသောလိုဏ်ဂူ
ထဲတွင် သူ့ကိုယ်သူ တွေ့လိုက်ရသည်။ အောက်တွင် ကောင်းကင်တံတားမြစ်၏ ရွှေရောင်ရေများက စီးဆင်းနေကာ ကြီးမားသော မန္တာန်အစီအရင်က လိုဏ်ဂူတစ်ခုလုံး တွင် ပြည့်နေလေ၏။ ထိုမန္တာန်အစီအရင်သည်ကား စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတစ်ခုလုံး၏ ဗဟိုချက် ဖြစ်ပေသည်။

အတိုက်အခိုက် ဂါထာမန္တာန်မျိုးမဟုတ်ဘဲ အကာအကွယ်ပေးရုံ သက်သက်သာဖြစ်သည်။

ရွှေရောင်မြစ်ရေ၏ အလယ်တွင် ခေါင်းတလားတစ်ခုရှိနေသည်။

အဖုံးမရှိဘဲ အတွင်းထဲ၌ မြင်နေရသည်မှာ မိန်းကလေးငယ်တစ်ယောက်၏ အလောင်းဖြစ်သည်။

အလောင်းတစ်ခုဖြစ်သော်လည်း အသက်ရှင်နေဆဲပုံပေါ်နေကာ အလွန်အမင်း ရှေးကျသည့်ပုံလည်း ပေါက်နေသည်။

နှစ်လတာ ကုန်လွန်သွားခဲ့ပြန်သည်။

ပိုင်ရှောင်ချန်းသည် ဟန်ဇောင်ကျောင်း၏ ဆေးပညာလက်စွဲကျမ်းကို တစ်လုံးမျှ နားမလည်နိုင်သေးသောကြောင့် မချင့်မရဲဖြစ်နေသော်လည်း လက်မလျှော့သေးဘဲ သူ၏ ဆေးဖော်စပ်သည့် စွမ်းရည်တိုးတက်လာသည်နှင့် ချက်ချင်းပင် နားလည်သွားမည်ဟု ခံယူထားလေသည်။

ယခုအချိန်တွင် သူ၏ အပြစ်ဒဏ်ခံယူခြင်းမှာ ပြီးဆုံးသွားပြီး သူသည် ဂူထဲမှ တက်ကြွစွာ ထွက်လာသည်။ သူ၏ ကျင့်ကြံခြင်းအခြေခံမှာလည်း အနည်းငယ်တိုးတက်လာခဲ့သည်။ မကြာမီပင် သားရဲအမြောက်အများကို လေ့လာ၍ သူ၏ ရွှယ်ကျဲကော်တု ကျင့်စဥ်ကို တိုးတက်စေရန် မြောက်ဘက်ခြမ်းသို့ အပို့ခံရမည်ဟူသော သတိပေးစာရောက်လာလေသည်။

” မြောက်ဘက်ခြမ်း… ” သူသည် ထိတ်လန့်သွားကာ မြောက်ဘက်သို့ မျှော်ကြည့်၍ လက်ရွေးစင်တိုက်ပွဲများအကြောင်းကို တွေးမိသွားကာ မြောက်ဘက်ခြမ်း၏ မဟာရန်သူတော်အဖြစ် နာမည်ပေးခံလိုက်ရပုံများကိုပါ စဥ်းစားနေမိသည်။ တခဏမျှ တွေဝေပြီးနောက် သူကရေရွတ်လိုက်သည်။ “အာ၊ ကြာလှပြီပဲ။ အကုန်လုံးက အဲ့အကြောင်းကို မေ့သွားကြပြီ နေမှာပါ။ ”

သူသည် ထိုအတွေးကို သိပ်မယုံကြည်သော်လည်း မည်သို့မျှ မတတ်နိုင်တော့ပေ။ အနည်းငယ်မျှ ထပ်တွေးနေပြီးနောက် သူ၏ မျက်လုံးများသည် မျှော်လင့်ချက်တို့ဖြင့် တောက်ပလာကြသည်။ မည်သို့ပင်ဆိုစေ သူ၏ သားရဲသန္ဓေတည်သစ်စေ့သည် အိတ်ထဲတွင် ရှိနေဆဲဖြစ်ပြီး နောက်ဆုံးတွင် သူ၏ ကိုယ်ပိုင်သားရဲကို ပိုင်ဆိုင်နိုင်တော့မည်ဟူသော အတွေးက မြောက်ဘက်ခြမ်းသို့ သွားရမည်ဟူသည့် အဖြစ်ကို သည်းခံနိုင်စွမ်းရှိအောင် လုပ်ပေးလေသည်။

မွှေးရနံ့တိမ်တောင်သို့ပြန်လာပြီးနောက် သူ၏ ပျက်စီးနေသော အင်မော်တယ်ဂူသို့ အထုပ်အပိုးများ သိမ်းဆည်းရန် သွားရောက်လေသည်။ ၃ရက်ကြာပြီးနောက်တွင် သူသည် တာအိုသစ်စေ့တောင်ပေါ်တွင် သူ့ကို လိုက်ပို့နှုတ်ဆက်ကြမည့် အကြီးအကဲများ၊ တောင်ထိပ်သခင်များ၊ အတွင်းစည်းဂိုဏ်းသားများ၊အပြင်စည်းဂိုဏ်းသားအတော်များများတို့ ဝန်းရံကာ ရပ်လျက်ရှိနေသည်။

သူတို့အားလုံးသည် ကိုယ့်ဆန္ဒနှင့်ကိုယ် လာခဲ့ကြခြင်းဖြစ်သည်။ ပိုင်ရှောင်ချန်း မြောက်ဘက်ခြမ်းသို့ ထွက်ခွာသွားသည်ကို ကိုယ်တိုင်ကိုယ်ကျ မျက်စိတပ်အပ်မြင်ရမှသာ စိတ်အေးချမ်းသာစွာ နေနိုင်မည်ဖြစ်သည်။

ပိုင်ရှောင်ချန်းသည် များစွာသော လူအုပ်ကြီးက သူ့ကို နှုတ်ဆက်ပို့ဆောင်ကြသည်ကို တွေ့ကာ စိတ်နှလုံးထိခိုက်သွားရသည်။ သူသည် ဂိုဏ်းခေါင်းဆောင်၏ နံဘေးတွင် ရပ်ကာ နှုတ်ဆက်သည့်အနေဖြင့် လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။

“ဂုဏ်သရေရှိ အမျိုးသမီးများနှင့် လူကြီးမင်းများ၊ ဂိုဏ်းတူရောင်းရင်းတို့ခင်ဗျာ၊ ကျွန်တော် မြောက်ဘက်ခြမ်းကို သွားပါတော့မယ်။ ကျွန်တော် အားလုံးကို သတိရနေမှာပါ။ ကျွန်တော် တောင်ဘက်ခြမ်းကိုလည်း သတိရနေမှာပါ။ ကျွန်တော် အပင်နဲ့ အသီးအရွက်တွေအားလုံးကိုလည်း သတိရနေမှာပါ။ ”

လက်ရှိ အနားတွင်ရှိနေကြသော လူများ၏ မျက်နှာများတွင် ထူးဆန်းသော အကြည့်များ ဖြစ်ပေါ်လာခဲ့သည်။ မည်သို့ပင်ဖြစ်စေ ကြေကွဲဖွယ်နှုတ်ဆက်ပွဲတစ်ခု ဖြစ်ခဲ့ပေသည်။ ဂိုဏ်းခေါင်းဆောင်နှင့်တကွ တောင်ထိပ်သခင်များပင် တက်ရောက်ခဲ့ကြသည်။ ဂိုဏ်းသားအများစုသည် ပိုင်ရှောင်ချန်းကို စိတ်တိုနေဆဲဖြစ်သော်လည်း သူ့ကို ထွက်မသွားစေချင်သည့် ပုံပေါက်အောင် ကြိုးစားပေးခဲ့ကြသည်။

အမှန်တကယ် စိတ်မကောင်းဖြစ်ကြသူများမှာ ဖက်တီးကျန်း၊ ဟိုရှောင်မေ့၊ ဟိုယွင်ဖေးနှင့် သူတကယ်ရင်းနှီးသော အခြားသူအနည်းငယ်သာဖြစ်သည်။ သို့သော်လည်း တောင်ဘက်ခြမ်းရော၊ မြောက်ဘက်ခြမ်းပါ စိတ်စွမ်းအင်နတ်ရေစက်ဂိုဏ်း၏ အစိတ်အပိုင်းများဖြစ်ကြရာ ခံစားချက်များမှာ မခံမရပ်နိုင်ဖြစ်သည်အထိ မဟုတ်ပေ။

အကြီးအကဲကျိုးသည် လူအုပ်ကြားထဲမှ ထွက်လာကာ ပိုင်ရှောက်ချန်းကို နွေးထွေးစွာကြည့်လိုက်သည်။
” ညီလေးပိုင်ရှောင်ချန်း၊ မင်းမှာ လက်ဖျားခါလောက်တဲ့ အရည်အချင်းမျိုးရှိတယ်။ နောက်ပြီး ရွှယ်ကျဲကော်တုကျင့်စဥ်ကို တိုးတက်အောင်လုပ်ဖို့ အစပဲရှိသေးတာ။ အဲ့ဒါကို အောင်မြင်ပြီးဆုံးအောင် မကျင့်ကြံနိုင်လောက်ပါဘူးလို့ ဖျောင်းဖြဖို့ မကြိုးစားနဲ့။ မြောက်ဘက်ခြမ်းမှာ ငါတို့တောင်ဘက်ခြမ်းထက် ပိုပြီးကောင်းတဲ့ အရင်းအမြစ်တွေရှိတယ်။ ရေရှည်မှာဆိုရင် အဲ့ဒီမှာဆက်ပြီး ကျင့်ကြံတာက မင်းအတွက် ပိုကောင်းတယ်။ တကယ်တော့ အဲ့ဒီမှာဆို အခြေခိုင်မာခြင်းအဆင့်ကိုရောက်ဖို့ အခွင့်အလမ်းပိုများတယ်။ အဲ့လိုဖြစ်သွားရင် မင်းရဲ့ သက်တမ်းကလည်း ပိုရှည်လာမှာ။ ”

ပိုင်ရှောင်ချန်းသည် တုန်လှုပ်သွားကာ အခြေခိုင်မာခြင်းအဆင့်သို့ ရောက်ရှိပြီး သူ၏ သက်တမ်း ပိုရှည်လာတော့မည့် အတွေးကြောင့် ဝမ်းမြောက်ဝမ်းသာဖြစ်သွားကာ မျက်လုံးများ လက်လာကြသည်။

မကြာမီပင် အခြားသူများက အော်ဟစ်ကာ ပြောလာကြသည်။

” သွားရမယ့် အချိန်ရောက်ပြီ။ ဟိုဘက်ကိုလှည့်ပြီး မြောက်ဘက်ခြမ်းကို လျှောက်သွားတော့။ ငါတို့ကျင့်ကြံသူတွေဟာ ရှေ့ကိုပဲ အမြဲရွေ့လျားနေရတယ်။ ဘယ်တော့မှ နောက်ပြန်မသွားဘူး။ နောက်ကိုပြန်လှည့်စရာ မလိုဘူး။ ရိုးရင်းစွာနဲ့ ရှေ့ကိုပဲ အပြင်းအထန်ဆက်သွားရမယ်။”

” ဟုတ်တယ်။ ဂိုဏ်းတူဦးလေးပိုင်၊ ထွက်ခွာဖို့ အချိန်ရောက်ပြီ။ ဦးလေးလို အိပ်မက်တွေ ကြီးမားတဲ့သူတစ်ယောက်အတွက် မြောက်ဘက်ခြမ်းကသာ တောင်ပံတွေဖြန့်ပြီး ကြုံးဝါးနိုင်မယ့် တစ်ခုတည်းသော နေရာအစစ်အမှန်ပဲ ”

” ဂိုဏ်းတူဦးလေးပိုင်… ဒီဘက်က ကျွန်တော်တို့ကို သတိရနေဖို့ မလိုပါဘူး။ မြောက်ဘက်ခြမ်းကို ရောက်တာနဲ့ ပြန်လာစရာ မလိုတော့ဘူးနော်။ ဦးလေးရဲ့လမ်းဟာ အမြဲတမ်း ရှေ့မှာပဲ။ ” ထိုသို့သော စကားများကို ကြားလိုက်ရသောအခါ ပိုင်ရှောင်ချန်း၏ စိတ်နှလုံးမှာ ပို၍ပင် လှုပ်ခတ်သွားရသည်။

အသက်ကို ရှူသွင်းလိုက်ပြီး လက်ချင်းဆုပ်၍ လူတိုင်းကို အလေးအနက် ဦးညွှတ်နှုတ်ဆက်လိုက်သည်။ ပိုင်ရှောင်ချန်းလှည့်မလာခင်ချိန်ထိ ဂိုဏ်းခေါင်းဆောင်၏မျက်နှာမှာ ထူးဆန်းသော အမူအရာဖြင့် ရှိနေကာ မြောက်ဘက်ခြမ်းဆီသို့ ဦးတည်၍ ၂ယောက်သား ထွက်ခွာလာခဲ့ကြသည်။

သူထွက်သွားသည်နှင့် အကြီးအကဲကျိုး၏ မျက်နှာပေါ်မှနွေးထွေးသော အမူအရာသည် စိတ်လှုပ်ရှားနေသည့် ပုံပေါက်ကာ ဘေးပတ်ပတ်လည်မှ ဂိုဏ်းသားများနှင့် အတူတူပင် ဖြစ်သည်။ လူအများစုသည် ပျော်လွန်းလှသဖြင့် စတင်အော်ဟစ်ကြတော့သည်။

” ကောင်းကင်ဘုံက တကယ်ကို အမြင်ရှိတာပဲ…ပိုင်ရှောင်ချန်းက နောက်ဆုံးတော့ ထွက်သွားခဲ့ပြီလေ ”

“ဟား.ဟား.ဟား.ဟား… ဂိုဏ်းခေါင်းဆောင်က ငါတို့ကို မျက်နှာသာပေးလိုက်တာပဲ။တောင်ထိပ်သခင်တွေကလည်း အမြော်အမြင်ကြီးပြီး စိတ်ထားမြင့်မြတ်လိုက်တာ။ကောင်းကင်တာအိုပညာရပ်ဟာ တကယ့်ကိုပဲ… နောက်ဆုံးတော့ တောင်ဘက်ခြမ်းအတွက် နွေဦးဟာ ပြန်ရောက်လာခဲ့ပြီပေါ့ ”

” ဒါတကယ်ကြီးလား။ နောက်ဆုံးတော့ ပိုင်ရှောင်ချန်း ထွက်သွားခဲ့ပြီပေါ့။ ဒါကို အမှန်တကယ်လို့ ယုံတောင်မယုံရဲဘူး။ ” လူတိုင်းသည် ပျော်ရွှင်မြူးထူးနေကြကာ အချို့လူများသည် ဗုံများ၊ လင်းကွင်းများကို ကျယ်လောင်စွာ တီးခတ်ကြတော့သည်။

တာအိုသစ်စေ့တောင်၏ မြောက်ဘက်ခြမ်းတွင်မူ ပိုင်ရှောင်ချန်းသည် ဂိုဏ်းခေါင်းဆောင်၏ နောက်မှ လိုက်ကာ လမ်းလျှောက်လာခဲ့ကြသည်။ သူ့နောက်မှ ဆူညံသံများကို ကြားလိုက်ရသောအခါ လည်ချောင်းကို ရှင်းလိုက်ပြီး မျက်နှာတွင် ထူးဆန်းသော အမူအရာဖြစ်ပေါ်လာလေသည်။ ဤ အခြေအနေတစ်ခုလုံးနှင့် ပတ်သက်၍ တစ်ခုခု ရင်းနှီးနေသည်ဟု ခံစားလိုက်ရသည်။

သက်ပြင်းချလိုက်ကာ ” ဂိုဏ်းခေါင်းဆောင် အစ်ကိုကြီး၊ ကြားရလားဟင်။ တောင်ဘက်ခြမ်းက ကျွန်တော့်ကို အရမ်းလွမ်းနေကြတာ။ ကျွန်တော်ထွက်လာတော့ သူတို့ ဝမ်းနည်းပူဆွေးမှုကြီးကို အပြင်းအထန်ခံစားနေကြရတာ။ ”

ကျိန်းယွမ်သုန်သည် ပါးစပ်အဟောင်းသားဖြစ်သွားကာ ကောင်းကင်ကို တိတ်ဆိတ်စွာ မော့ကြည့်နေမိတော့သည်။


Comment

Leave a Reply

Options

not work with dark mode
Reset