အခန်း ( ၁၁၁ )

အတားအဆီးနှင့် တွေ့ဆုံခြင်း

ညနက်သန်းခေါင်ယံ အချိန်တွင် လသည် ကောင်းကင်၌ သာလျက်ရှိ၏။ ဂူထဲ၌ အလွန်မှောင်မဲနေသည်။ သို့ရာတွင် ပိုင်ရှောင်ချန်းသည် အပြင်ဘက်မှ တွားသွားနေသံများနှင့် ရှုးရှုးရှဲရှဲ မြည်နေသည့် ဆူညံသံများကိုကြားနေရလေသည်။ ထိုအသံများသည် ဆံပင်မွှေးများ ထောင်ထသွားရအောင် ကြောက်မက်ဖွယ် ကောင်းလှသည်။

ကျောက်တုံးအိမ်လေးသည် သေးငယ်ကာ မြေမီးတောက်အစီအရင်နှင့် ဆေးပေါင်းဖိုမှလွဲ၍ ဘာမှမရှိချေ။
ပိုင်ရှောင်ချန်းသည် သက်ပြင်းချလိုက်ကာ မြေမီးတောက်အစီအရင်အား အသက်သွင်းလိုက်သောအခါ မီးတောက်အလင်းရောင်လေးသည် သူ့ ပတ်ပတ်လည်တွင် မှိတ်တုတ်မှိတ်တုတ် လက်လာပေ၏။ ထိုသို့လင်းလက်လာသော အခါမှပင် အနည်းငယ် ပိုကောင်းသွားသည်ဟု သူခံစားလိုက်ရသည်။ သူက ပတ်ဝန်းကျင်နှင့် လွယ်ကူစွာ အသားကျတတ်သည့်လူမျိုး ဖြစ်သည်။သူကြောက်နေ သော်လည်း နေသားကျသွားအောင် လုပ်ရမည်ကို သိသည်။ တစ်ခဏမျှကြာပြီးနောက် လီချင်း
ဟောက်က သူ့အားပေးထားခဲ့သည့် အိတ်အတွင်းသို့
အနီးကပ် ကြည့်ရှုလိုက်ပြီးနောက် ချက်ချင်းပင် မျက်လုံး
များ ပြူးကျယ်သွားရသည်။

အိတ်ထဲတွင် ဆေးပင်အမြောက်အမြား ပြည့်နေကာ အချို့သည် ဂိုဏ်းတွင် စွမ်းဆောင်ရည်ရမှတ် အမြောက်အများပေးရသော ဆေးပင်များ ဖြစ်သည်။ အပင်ကျမ်း၅တွဲမှသူသိထားသော ဆေးပင်နှင့် ဂိုဏ်းတွင်မသုံးသော သဘာဝပေါက်ပင် အနည်းငယ်ပင် ပါဝင်နေသည်။
ဆေးပင်အုပ်စု အားလုံးက အမျိုးအစားများစွာ ကွဲပြားကြကာရေတွက်ရန်မှာ များပြားလွန်းလှ၏။ သူတို့အားဂရုတစိုက် အသုံးပြုမည်ဆိုလျှင် သူ့အနေဖြင့် အဆင့်၃စိတ်စွမ်းအင်ဆေးများ သာမက အဆင့်၄ စိတ်စွမ်းအင်ဆေးများ ကိုပါဖော်စပ်နိုင်လိမ့်မည်။

သူသည် စိတ်လှုပ်ရှားလာပြီး ဆေးပေါင်းဖိုအား အပူ
ပေးလိုက်ကာ ဆေးအချို့ကိုစတင်ဖော်စပ်တော့သည်။
အပြင်မှလာသော အသံများကြောင့် ထိုကာလပတ်လုံး စိတ်အနှောင့်အယှက်ဖြစ်နေရသော်လည်း သုတေသနလုပ်ခြင်းကို ဆက်လက်လုပ်ဆောင် လေသည်။ ယခုတစ်ကြိမ်တွင် သူသည် အဆင့်၃ စိတ်စွမ်းအင်ဆေးမှ အညစ်အကြေးများအား ၉၀ ရာခိုင်နှုန်း
အောက် လျှော့ချနိုင်မည်မှာ သေချာလှသည်။

အချိန်များ ကုန်လွန်သွားခဲ့၏။ ၃လကြာပြီးနောက်တွင် ပိုင်ရှောင်ချန်း၏ ဆံပင်များ ဖရိုဖရဲဖြစ်နေကာ မည်သည့်နေရာတွင် သူရောက်ရှိနေသည်ကို လုံးဝ မေ့သွားလေသည်။ သူသည် ဆေးဖော်စပ်ရာတွင်သာ အာရုံအပြည့်အဝ စိုက်ထားခဲ့ကာ အမည်းရောင်မီးခိုးကြောင့် အပြင်ဘက်တွင်ရွာသွန်းခဲ့သော အက်စစ်မိုး သည် ဂူအတွင်းမှ မြွေပွေးများအား အာဟာရ့ဖြစ်ကာ အားအင်သစ် ပြည့်ဖြိုးစေလေသည်။ မြွေပွေးများသည် ရှုးရှုးရှဲရှဲမြည်သံများအား နားအူမတတ် ထုတ်လွှတ်ကာ အသက်ရှုရန် ရုန်းကန်လှုပ်ရှားနေကြရသည်။

သို့သော် ပိုင်ရှောင်ချန်းသည် ထိုကိစ္စအား ဂရုမပြုပေ။ သူ၏ဆေးဖော်စပ်ခြင်းတွင်သာ အာရုံစိုက်ထား ကာ အဆိပ်ဆေးလုံးများအား ဖြစ်နိုင်သည့်နည်း အားလုံးဖြင့် ၉၁ သို့မဟုတ် ၉၂ ရာခိုင်နှုန်းအထိ လျှော့ချခဲ့လေ၏။ အနည်းငယ်မျှ ထပ်မံကြိုးပမ်းလျှင် သူ၏ပန်းတိုင် ရောက်သည့်တိုင်အောင် အောင်မြင်လာလိမ့်မည်။

ဆေးလုံးအား ရူးရူးမူးမူးဖော်စပ်သဖြင့် သူ၏မျက်လုံး များ ရဲရဲနီလာတော့သည်။မျက်စိတစ်မှိတ် အတွင်း တွင် နောက်ထပ် အချိန်၃လ ကုန်လွန်သွားခဲ့သည်။

ယခုအခါ မြွေဂူထဲတွင် သူ နေထိုင်နေသည်မှာ နှစ်တစ်ဝက်မျှ ရှိပြီဖြစ်သည်။ ဆေးဖော်စပ်ခြင်းအပြင် ကျင့်ကြံခြင်းကိုပါ သူ လုပ်ဆောင်နေသည်။ ယခုအခါ ရွှယ်ကျဲကော်တုပညာရပ်ကို ပြည့်ဝစွာ အသုံးချနိုင်ပြီဖြစ်၏။ သို့သော် ကံဆိုးစွာဖြင့် သူ၏သက် စောင့်ဝိညာဥ်ကို ဆင့်ခေါ်ရန်မှာမူ လုံးဝ မတတ်နိုင်ချေ။

သူက မြွေများနှင့်လည်း ကျင့်သားရလာလေသည်။ ကျောက်တုံးအိမ် အပြင်ဘက်တွင်ပင် အခါအားလျော်စွာ လမ်းလျှောက်လေ့ရှိ၏။ မြွေများသည် သူ့အား အေးစက်စက် ကြည့်နေကြကာ မန္တာန်ဝင်္ကပါ အကာအရံ အပြင်သို့ သူခြေချလိုက်ပါက ချက်ချင်း တိုက်ခိုက်ရန် အသင့်ဖြစ်နေကြသည်။

တစ်ခါတရံတွင် လီချင်းဟောက်သည် ပိုင် ရှောင်ချန်းအား စစ်ဆေးရန် လှို့ဝှက်စွာ လာလေ၏။ ပိုင်ရှောင်ချန်း ဘေးကင်းလုံခြုံသည်ဟု ကောက်ချက်ချပြီးမှ သူက စိတ်သက်သာရာရကာ သက်ပြင်းရှိုက်ရသည်။

ပိုင်ရှောင်ချန်းအား နှစ်တစ်ဝက်ခန့်မျှ မတွေ့ရသဖြင့်
တောင်ဘက်ခြမ်းသည် တိတ်ဆိတ်လျက်ရှိ၏။ မည်သည့် မိုးကြိုး၊လျှပ်စီး၊ မည်သည့် ဘေးဥပါဒ်တိမ်၊မည်သည့် အက်စစ်မိုးမျှ မရှိတော့ချေ။ လူတိုင်းသည် ငြိမ်းငြိမ်းချမ်းချမ်း အေးအေးဆေးဆေး ပျော်ရွှင်လျက် ရှိသည်။

လူများသည် တစ်ခါတရံတွင် ပိုင်ရှောင်ချန်းအ
ကြောင်းတွေးမိကြသော်လည်း လူအများစုက လီချင်း
ဟောက်သည် သူ့အား မြွေတစ်သောင်းတောင်ကြား သို့ ခေါ်သွားသည်ဟု ကြားသိထား၏။ ထို့အပြင် လူများသည် ဂိုဏ်းစည်းမျဥ်းများအား ချိုးဖောက်ရန် စဥ်းစားချိန်တိုင်းတွင် ပိုင်ရှောင်ချန်းအားတွေးမိကြကာ
“ငါ ပိုင်ရှောင်ချန်းလို အဖြစ်မခံနိုင်ဘူး။ ဒါက မှားတယ်။ တကယ်လို့ ပိုင်ရှောင်ချန်းသာ ဒီလိုလုပ်မယ် ဆိုရင် သူအပြစ်ပေးခံရမှာ အသေအချာပဲ။ ငါ ပြန်ပြီး စဥ်းစား သင့်တယ်။ ” ဟူ၍ သူတို့ကိုယ်သူတို့ ပြောမိကြသည်။

အချိန်များ ကုန်လွန်သွားလေ၏။ နောက်ထပ်၆လ ကြာသွားခဲ့သည်။ ပိုင်ရှောင်ချန်းသည် အများပြည်သူ၏ရှေ့မှ ပျောက်ကွယ်ခဲ့သည်မှာ ၁နှစ်တိတိရှိသွားပြီဖြစ်သည်။ ကျိန်းယွမ်သုန်ပင် ယခုမှ သက်ပြင်း ချနိုင်တော့သည်။

“ပိုင်ရှောင်ချန်းကို မြွေတစ်သောင်း တောင်ကြားကို လွှတ်လိုက်တာ တကယ်မှန်တာပဲ” သူကတွေးလိုက်မိ သည်။ “အဲဒီမှာရှိတာက မြွေတွေချည်းပဲ။ သူဘယ်သူ့ကို မှ ပြဿနာတွေ ဖြစ်စေတော့မှာ မဟုတ်ဘူး ”

သို့ရာတွင် ကျိန်းယွမ်သုန် ဖြစ်စေ၊လီချင်းဟောက်ဖြစ်စေ၊ တောင်သုံးလုံးမှ ဂိုဏ်းသားများဖြစ်စေ သူတို့အားလုံးက ပိုင်ရှောင်ချန်းကို လျှော့တွက်ထားသည်မှာ သေချာသည်။

တစ်နေ့တွင် ပိုင်ရှောင်ချန်းသည် သူ၏ကျောက်တုံး
အိမ်တွင်ရှိနေကာ ဆေးလုံး တစ်ကြိမ် ဖော်စပ်ခြင်းအား အပြီးသတ်နေလေ၏။ အမည်းရောင်မီးခိုးများ မရှိတော့ပေ။
ဆေးပေါင်းဖိုထဲမှ ဆေးလုံးများက အဆိပ်ဆေးလုံးများ မဟုတ်တော့ဘဲ ၈၉ ရာခိုင်နှုန်း မသန့်စင်သောအဆင့်နိမ့်ဆေးလုံးများ ဖြစ်လာခဲ့၏။

ထိုဆေးလုံးများသည် အခြားအဆင့်နိမ့်ဆေးလုံး များကြားတွင်ပင် အဆင့်နိမ့်ဆေးလုံးများဟု သတ်မှတ်ရမည်ဖြစ်သော် လည်း အဆိပ်ဆေးလုံးများနှင့် လုံးဝကွဲပြား နေဆဲ။

စိတ်လှုပ်ရှားစွာဖြင့် သူ့ခေါင်းကို နောက်သို့ လှန်ပစ်လိုက်ကာ ခွက်ထိုးခွက်လန် ရီမောလိုက်သည်။ နောက်ထပ် တစ်ကြိမ် စမ်းကြည့်ပြီးနောက်တွင် သူ့အောင်မြင်မှုကို လက်ခံအတည်ပြုလိုက်တော့သည်။ အချိန်များစွာ ကြာခဲ့ပြီး နောက်ဆုံးတွင် အဆင့်၃ စိတ်စွမ်းအင်ဆေးကို ဖော်စပ်ရာတွင် သူ ၁၀၀ ရာခိုင်နှုန်း အောင်မြင်တော့မည်။

အဆင့်သုံး စိတ်စွမ်းအင်ဆေးများကို ယခုအခြေအနေထိ ကျွမ်းကျင်သွားပြီဆိုလျှင် မတွေ့ဖူးသော ဆေးဖော်စပ်နည်းကိုပင် ပြဿနာအနည်းငယ် ဖြေရှင်းပြီးနောက် အပြည့်အဝအောင်မြင်အောင် လုပ်နိုင်မည်ဖြစ်သည်။

သေချာစွာ မွှေနောက်ပြီး သူသည် ကျယ်လောင် စွာရယ်လျက် ကျောက်တုံးအိမ်အပြင်သို့ ပြေးထွက်သွားလေ၏။ သူသည်ထိုအခြေအနေသို့ရောက်ရန် တန်ဖိုးအလွန် များစွာ ပေးဆပ်ထားရကာ အချိန်ပေါင်းများစွာ ကုန်ဆုံး ခဲ့ရသည်။

အမှန်တကယ်အားဖြင့် ထိုအရာအား ရရန် မြွေဂူအတွင်း ပစ်ထားခံရလျှင်ပင် ထိုက်တန်သည်ဟု တွေးမိလာရသည်။

သူသည် သက်ပြင်းရှိုက်လိုက်ကာ အင်္ကျီလက်အား ပင့်လိုက်ပြီး နောက် သူ့ပတ်ဝန်းကျင်မှ မြွေများအား ရွံရှာစွာကြည့်လိုက်၏။

“နောက်ထပ်တစ်ခုက ကျင့်ကြံခြင်းပဲ။ ငါ ရဲ့ ချီစုစည်းမှု အဆင့်၉ ရောက်အောင်လုပ်ဖို့ လိုတယ်။ပြီးတော့ ထာဝရရွှေအရေပြားကို ရောက်ရမယ် ” သူ့ကိုယ်သူ အလွန်ဂုဏ်ယူစွာ ခံစားရကာ ကျောက်တုံးအိမ်ဆီသို့ ပြန်လာပြီး နောက်တစ်ကြိမ် ဆေးဖော်ရန်စတင်လေသည်။

သူ၏ လိပ်ပုံစံဒယ်အိုးအား ဆွဲထုတ်ကာ သူပြုလုပ်ခဲ့သော ဆေးလုံးများအားလုံးကို စိတ် စွမ်းအင်အဆင့်မြှင့်တင်ခြင်း
လုပ်ဆောင်ပြီးနောက် ဝါးစားလိုက်လေ၏။

သူ၏ အခြေခံ ကျင့်ကြံခြင်း သည် တဖြည်းဖြည်းပို၍ တိုးတက်လာသည်။ သူသည် ချီစုစည်းမှု၏ အဆင့်၈ စက်ဝိုင်းကြီးကို ရောက်ရှိလာပြီးဖြစ်ရာ နောက်အဆင့် ကူးပြောင်းရန် အနည်းငယ်သာ လိုတော့သည်။ ၁လကြာပြီးနောက် သူသည် တင်ပျဥ်ခွေလျက် ကြီးမားသော အမွှေးရှည်ဆင်တစ်ကောင်ကို မြင်ယောင်ကာ ကျင့်ကြံနေစဥ် သူ၏ စွမ်းအားများ ရုတ်တရက် ထွက်ပေါ်လာ၏။ သူ့အတွင်းမှ စိတ်စွမ်းအားများသည် မြစ်ရာပေါင်း များစွာက ပင်လယ်ထဲသို့အတူတကွစီးဆင်း နေသကဲ့ သို့ မြည်ဟီးလျက်ရှိသည်။

သေချာစွာစစ်ဆေးပြီးနောက် ပင်လယ်သည် နဂါးတစ်ကောင်နှင့်တကယ်တူလာကာ ၎င်းသည် သူ့ကိုယ်ထဲတွင် တကယ်ရှိလာသကဲ့သို့ပင်။ ထိုနဂါးသည် သူ၏ ချီကြောများအတွင်း လှည့်ပတ်နေရာ သူ၏ကိုယ်မှ ကျိုးကြေသံများ ထွက်လာကာ သူ့နောက်တွင် အမွှေးရှည်ဆင်ကြီး၏ပုံရိပ် ပေါ်လာလေ၏။

ထိုဆင်သည် အမွှေးများနှင့်ကြီးမားသော သားရဲဖြစ် ကာ နောက်ခြေထောက်ကို မြှောက်၍ စွမ်းအားအပြည့်နှင့် အော်လိုက်သည်။ သူ့ခြေထောက်အား မြေပေါ်သို့ ချလိုက်ချိန်တွင် လှိုင်းဂယက် များက လေတွင်ပျံ့နှံ့လာကာ အနီးမှမြွေများအား တွန့်လိန်သွားစေသည်။ သွေးနတ်ဘုရား မြွေဟောက် ရှစ်ကောင်၏ မျက်လုံးများမှာ စူးရှသောအလင်းဖြင့် တောက်ပလာကာ ထိတ်လန့်သွားဟန်ဖြင့် သူတို့ခေါင်းပေါ်မှ အစွပ်များ ကျယ်ကျယ်ပွင့်လာကြသည်။

ပိုင်ရှောင်ချန်းသည် နဂါးလိုဆင်လို အဏ္ဏဝါကျမ်းမှ အမွှေးရှည်ဆင်၏ ပုံရိပ်ကို လေ့လာခဲ့ပြီးဖြစ်သည်။ ထိုမှ ထွက်ပေါ်လာသော စိတ်စွမ်းအင်သည် သူ၏ အခြေခံကျင့်ကြံခြင်းအဆင့်အား အဆင့်၈မှ အဆင့်၉သို့ တွန်းပို့ပေးလိုက်သည်။

သူ့ခန္ဓာကိုယ်၏ စွမ်းအားသည် တဟုန်ထိုးတိုးတက်လာကာ ချီနှင့်သွေးများကလည်း လျင်မြန်စွာ စီးဆင်းကြတော့သည်။ သူ၏အသားများနှင့်ကြွက်သားများ ထွားကျိုင်းလာရာ သူက ပို၍ကြီးထွားလာသည့်ပုံပေါ်နေလေသည်။

သူ၏ ထာဝရအသက်ရှည်နည်း ပညာရပ်ကြောင့် ငွေအရေပြားသည် သိသာစွာပင် လက်ခနဲဖြစ်သွားကာ ထူးဆန်းသောအရာတစ်ခု ဖြစ်သွားလေသည်။ သူ၏ တစ်ကိုယ်လုံးသည် သာမန်ခန္ဓာကိုယ်နှင့် လူတစ်ယောက် မကျော်ဖြတ်နိုင်သည့် အဟန့်အတားတစ်မျိုးနှင့် တွေ့ကြုံလိုက်ရသည့်အလား ခံစားရလိုက်သည်။

စိတ်ထဲတွင် တုန်လှုပ်သွားကာ အရာအားလုံးချာချာလည်သွားသည်ဟု ခံစားလိုက်ရသည်။ ရေပြည့်နေသော ပုလင်းတစ်လုံးထဲသို့ ရေများထပ်ထည့်သောအခါ ပုလင်းမှာ တုန်ခါလာပြီး ကွဲအက်စပြုလာသည့်အလား သူ့မှာ ခံစားနေရသည်။

တစ်ကိုယ်လုံးကို တုန်ခါသွားကာ မျက်လုံးများ ဖျတ်ခနဲပွင့်လာပြီး အံ့ဖွယ်ကောင်းသော ထိုးဖောက်နိုင်သည့် အလင်းရောင်ထွက်ပေါ်လာလေသည်။

ချီစုစည်းမှုအဆင့်ရှိ မည်သည့်ဂိုဏ်းသားမဆို ပိုင်ရှောင်ချန်းကို ယခုမြင်တွေ့ရပါက အံ့ဩတကြီးဖြစ်သွားကြမည်ဖြစ်သည်။ သူထုတ်လွှတ်လိုက်သော ဖိအားသည် အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ကဲ့သို့ မဟုတ်သော်လည်း လူတိုင်းကို တုန်လှုပ်သွားစေနိုင်သည်။

သက်ရှိအရာမှန်သမျှကို ဖျက်ဆီးပြိုလဲစေနိုင်သော ဖိအားမျိုးဖြစ်သည်။

” လူတိုင်းမှာ အတားအဆီးတွေရှိတယ်။ ” သူက တီးတိုးရေရွတ်လိုက်သည်။ ” ခန္ဓာကိုယ်သန်မာခြင်း၊ ကျင့်ကြံခြင်းကျော်ဖြတ်တာတွေနဲ့ မသက်ဆိုင်တဲ့ လူတွေ မကျော်ဖြတ်နိုင်တဲ့ အတားအဆီးဆိုတာရှိတယ်။ ဒါဆို နဂါးလိုဆင်လို အဏ္ဏဝါကျမ်း ထဲက အတားအဆီးတွေက ငါအရင်ကကြားဖူးတဲ့ အတားအဆီးတွေနဲ့ တူတူပဲလား။ ”
” နဂါးလိုဆင်လို အဏ္ဏဝါကျမ်း ထဲက အမွှေးရှည်ဆင်ရဲ့ စွမ်းအားက ခန္ဓါကိုယ်ကို ကိုယ်စားပြုပြီးတော့ ခန္ဓါကိုယ်စွမ်းအားကို အထွတ်အထိပ်ထိရောက်အောင် တွန်းပို့ပေးနိုင်တယ်။ နဂါးရဲ့ စွမ်းအားကတော့ စိတ်စွမ်းအင်ကို ကိုယ်စားပြုပြီး လူတစ်ယောက်ရဲ့ အခြေခံကျင့်ကြံခြင်းအဆင့်ကို ချီစုစည်းမှုရဲ့ အဆုံးထိ တွန်းပို့ပေးနိုင်တယ်။ အဲ့တာက အထွတ်အထိပ်ရောက်ဖို့နဲ့ အတားအဆီးတွေနဲ့ မတွေ့ဖို့ ပထမ၊ ဒုတိယအဆင့်တွေရဲ့ ရည်ရွယ်ချက်ပဲ။ တတိယအဆင့်ကို ကျင့်ကြံတဲ့အခါမှာ နဂါးနဲ့ အမွှေးရည်ဆင်တို့က ပေါင်းစည်းသွားပြီး ပိုမြင့်လာမှာ။ အဲ့အချိန်မှာပဲ ပထမအတားအဆီးကို တွေ့ရမှာ။ ကမ္ဘာမြေနဲ့ ကောင်းကင်ကနေ စွမ်းအားကို စုပ်ယူတာ ဒါမှမဟုတ် အခြေခိုင်မာခြင်းအဆင့်ဆေးလုံးကို သုံးပြီး အတားအဆီးကို ကျော်ဖြတ်၊ ချီပင်လယ်ကို ဖော်ဆောင်ပြီး အခြေခိုင်မာခြင်းအဆင့်ကို ရောက်နိုင်တယ်။ ”

“ နဂါးလိုဆင်လိုအဏ္ဏဝါကျမ်းက ဘယ်သူမဆို ကျင့်လို့ရတာမဟုတ်မှန် သိသာတယ်။ စိတ်စွမ်းအင်ရော ခန္ဓါကိုယ်ရောပါ ချီစုစည်းမှု အဆင့်၈ထိ ကျင့်ကြံထားတဲ့သူတွေပဲ ဒီလိုအောင်မြင်နိုင်တာ။ ”

“ ငါ့ရဲ့ ထာဝရအသက်ရှည်နည်းပညာရပ်က မပြည့်စုံပဲ ထာဝရအရေပြားပဲ ပါဝင်တာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ထူးဆန်းတဲ့အဘိုးကြီး ငါ့ကိုကယ်တုန်းက ပြောဲ့တာအရဆိုရင် ငါ ထာဝရ ရွှေအရေပြားအဆင့်ကို ရောက်တာနဲ့ ပထမအတားအဆီးကို တွေ့နိုင်ပြီ။ အဲဒါ ဖြတ်ကျော်နိုင်မယ်ဆိုရင် ငါကံကောင်းတာပဲ။ ”

“ ငါဒီနေ့ခံစားမိလိုက်တဲ့ဟာက အတာအဆီးလို့ ခေါ်တဲ့ဟာပဲ ဖြစ်မယ်။ !” ပိုင်ရှောင်ချန်း၏ မျက်လုံးများသည် တောက်ပစွာ လင်းလက်လျက်ရှိရာ မှောင်မည်းနေသော ကျောက်တုံးအိမ်ထဲတွင် မီးအိမ်များသဖွယ် ဖြစ်နေသည်။

“ ဂိုဏ်းတည်ထောင်သူ ခေါင်းဆောင်ကြီးက နဂါးလိုဆင်လိုအဏ္ဏဝါကျမ်း ကို ဖန်တီးခဲ့တာ။ ဒါကို အဆုံးစွန်ထိ ကျင့်မယ်ဆိုရင် နဂါးနဲ့ အမွှေးရှည် ဆင်ကြီးကို ပေါင်းစပ်နိုင်ပြီးတော့ ပထမအတားအဆီးကို တွေ့ကြုံရမယ်။ ဒါပေမဲ့ အဲ့ဒါက အဆုံးသတ်ဖြစ်မယ် ”

” ထာဝရအသက်ရှည်နည်းကျမ်းရဲ့ ပထမတွဲမှာ ထာဝရရွှေအရေပြားဆိုရင်လည်း အတားအဆီးနဲ့ တွေ့နိုင်တယ်။ ဒါပေမဲ့ အဲ့ဒါကလည်း အဲ့မှာ အဆုံးသတ်ပဲ။ အတားအဆီးကို တွေ့ကြုံပြီးနောက် ကျော်ဖြတ်နိုင်မှသာ ဒုတိယတွဲဖြစ်တဲ့ ထာဝရကောင်းကင်ဘုရင်ကို ကျင့်ကြံနိုင်မှာ။ ”

” ခုချိန်မှာတော့ ငါက နဂါးလိုဆင်လိုအဏ္ဏဝါကျမ်း ရဲ့ ပထမအဆင့်ကိုပဲ အောင်မြင်အောင် ကျင့်ကြံနိုင်သေးတာ။ ပြီးတော့ ငါ့ရဲ့ ထာဝရအရေပြားကလည်း ငွေအဆင့်ရဲ့ ထိပ်ဆုံးမှာပဲ ရှိသေးတာ။ ကျော်ဖြတ်တဲ့အခါမှာ အတားအဆီးကို ခံနိုရည်ရှိဖို့ လိုအပ်ချက်တွေ အကုန်ပြည့်စုံနေမှ ဖြစ်မယ်။ ” ပိုင်ရှောင်ချန်းသည် ဤအချက်ကြောင့် စိတ်လှုပ်ရှားကာ ပြောလိုက်သည်။

” တကယ်တော့ ဘယ်နည်းနဲ့ဖြစ်ဖြစ် ကျော်ဖြတ်နိုင်ရင် ပထမအတားအဆီးကို တွေ့ကြုံရမှာပဲ။” ပိုင်ရှောင်ချန်းသည် ထိုအကြောင်းကို ထပ်မံစဥ်းစားကြည့်သောအခါ ပို၍ စိတ်လှုပ်ရှားဖွယ်ကောင်းသော တစ်စုံတစ်ခုကို သဘောပေါက်သွားလေသည်။

“ တကယ်လို့ ဒီဆန်းစစ်ချက်သာ မှန်မယ်ဆိုရင် ထာဝရရွှေအရေပြားနဲ့ နဂါးအမွှေးရှည်ဆင်နှစ်ခုလုံးကို ကျော်ဖြတ်နိုင်မယ်ဆိုရင် ငါ့ရဲ့ ခန္ဓါကိုယ် စွမ်းအားက ဘယ်အဆင့်ထိရောက်သွားမလဲ သိချင်လိုက်တာ။ ”

သူသည် အဖြေနှင့်ပတ်သက်၍ သေချာမသိသော်လည်း သူသည် ပြင်းပြစွာ မျှော်မှန်းနေမိတော့သည်။ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ကာ သူ၏ အသက်ဓာတ်ကို ပြန်လည် ဖြည့်တင်းရန် ဆေးလုံးများထုက်ကာ စားသုံးပြီး ထာဝရအသက်ရှည်နည်းပညာရပ်ကို ကျင့်ကြံတော့သည်။

သူ့ခန္ဓါကိုယ်အတွင်းထဲမှ မှိတ်တုတ်မှိတ်တုတ် ငွေရောင်အလင်းက တဖြည်းဖြည်း ရွှေရောင် အမျှင်များနှင့် ပြည့်လာလေသည်။ အစတွင် ဖျော့တော့နေသေးသော်လည်း သူ၏ ထာဝရ အသက်ရှည်နည်းပညာရပ်သည် ထာဝရရွှေအရေပြားသို့ ရောက်လုဆဲဆဲဖြစ်ကြောင်း ဖော်ပြနေသည်။

အမွှေးတိုင်၁တိုင် လောင်ကျွမ်းစာကြာပြီးနောက်
သူ၏ ကျင့်ကြံခြင်းကာလ ပြီးဆုံးသွားကာ ကျောက်တုံး တဲဆီမှ စိတ်အားထက်သန်စွာ ထွက်ပေါ်လာ၏။ ဂူအား လှည့်လည်ကြည့်ရှုကာ သူ၏မသိစိတ်မှ သူရဲကောင်းတစ်ယောက်၏ပုံမျိုးဖြင့် အင်္ကျီလက်အား ပုတ်၍ ရေရွတ် လိုက်သည်။ “ ချီစုစည်းမှု့အဆင့်ကိုးမှာ ငါအဆင်သင့်ဖြစ်နေပြီ။ ပထမ အတားအဆီးကို ကျော်လွှားမယ့်အချိန်ထိ ငါစောင့်ရုံပဲ။ အဲဒီအချိန်ရောက်ရင် ချီစုစည်းမှု ရဲ့ အဆင့်ရှစ်က ဘယ်သူကမှ ငါ့ပြိုင်ဘက် ဖြစ်လာမှာမဟုတ်တော့ဘူး။ ”
သက်ပြင်းချလိုက်ရင်းက သူ့နားတွင်ရှိနေသော မြွေအပြုံလိုက်ကြီးသည် တွားသွားပြီး ရှုးရှုးရှဲရှဲမြည်ကာ မြွေအချို့သည် အဆိပ်ပင်ထုတ်နေကြသည်ကို ရုတ်တရက်သတိပြုမိလိုက်သည်။
ခပ်လှမ်းလှမ်းတွင် ချီစုစည်းမှု အဆင့်ရှစ်ရှိနေကြသော သွေးနတ်ဘုရား မြွေဟောက်များဖြစ်ကြသည်။ သူတို့ထဲမှ တစ်ကောင်သည် ရုတ်တရက် ရှေ့သို့ တိုးလိုက်ချိန်တွင် ဂါထာမန္တာန်အကာအရံကြောင့် နောက်သို့ပြန်၍သာ ခုန်ကျသွားရသည်။
ပိုင်ရှောင်ချန်းသည် ကြက်သေသေသွားကာ ရှုးရှဲမြည်နေသော မြွေများက အဆိပ်များကို ဆက်တိုက်ထုတ်နေသည်ကို ဒေါသဖြင့် စူးစူးဝါးဝါး ကြည့်လိုက်သည်။

“ ကိုယ်တော်ပိုင်မှာ မင်းတို့ကိုယှဥ်ဖို့နည်းမရှိဘူးလို့ တကယ်ထင်နေတာလား။ ဟေ့ကောင်တွေ…ငါ့ကို စိတ်တိုအောင်လာမလုပ်နဲ့ ” သူစကားပြော၍မပြီးမီမှာပင် မြွေအုပ်စု တစ်ခုလုံးက လေတွင်ပျံဝဲလာရာ သူ့ရှေ့မှ အကာအရံနှင့် ဝင်ဆောင့်မိသွားလေသည်။

“ ဒါပဲလေ…. မင်းတို့ကောင်တွေ ငါ့ကို စိတ်တိုအောက်လုပ်ချင်အုံး ” သူသည် အော်ဟစ်ကြုံးဝါးကာ ကျောက်တုံးအိမ်ထဲသို့ ပြန်ပြေးသွားတော့သည်။


Comment

Leave a Reply

Options

not work with dark mode
Reset