Switch Mode

အခန်း (၂)

အခန်း  (၂) : အိမ်ပြန်လာခြင်း

ကောင်းကင်က တဖြည်းဖြည်း အမှောင်ဖုံးသွားသည်။ ဝမ်ချင်းလင်က ဇွန်ဘီအပြည့် ဖြစ်နေသည့် လမ်းပေါ် လျှောက်လှမ်းလာလိုက်သည်။ ဘယ်ဇွန်ဘီကမှ သူ့အနား မကပ်လာကြပေ။ သူတို့က သူနှင့် အကွာအဝေးတစ်ခု ခြားထားကြ၏။

ဝမ်ချင်းလင်က သူတို့နှင့်အတူတူ ဖြစ်ကာ ဦးတည်ချက်မရှိ လျှောက်သွားနေလိုက်သည်။ သူက ဘယ်သွားရမှန်း မသိတော့ပေ။

ထိုစဉ် သူက လူသားတစ်ယောက် မဟုတ်တော့ကြောင်း ကောင်းကောင်း သိသွားလေသည်။ သူက ဇွန်ဘီတစ်ကောင် ဖြစ်လာခဲ့လေပြီ။

သူက လူသူကင်းမဲ့သော လမ်းမအထက်ရပ်နေရင်း စိတ်ထဲ ဗလာကျင်းနေသလို ခံစားနေမိ၏။

ကပ်ဘေးစတင်လာသည်မှာ နှစ်နှစ် ရှိသွားလေပြီ။ အစပိုင်းတွင် စစ်တပ်က အခြေအနေကို ထိန်းချုပ်ကာ အခြေစိုက်စခန်းများ တည်ဆောက်ပြီး ရှင်ကျန်သူများကို နေထိုင်စရာပေးနိုင်ခဲ့သည်။ သို့သော် ဇွန်ဘီများက မရေတွက်နိုင်လောက်အောင် များပြားလာသည့်အခါ အခြေစိုက်စခန်းများက ဇွန်ဘီးကျူးကျော်မှုကို မခံနိုင်ကြတော့ပေ။

ကပ်ဘေးစပြီး တစ်လအကြာတွင် နိုင်ငံရှိ စက်အားလုံး ရပ်တန့်သွားကာ တစ်ကမ္ဘာလုံး ထိန်းချုပ်မှုကင်းလွတ်သွားခဲ့သည်။ အသက်ရှင်ကျန်သူများက အသက်ဆက်ရှင်ဖို့ သူတို့ဘာသာ မှီခိုအားထားကြရသည်။

ကပ်ဘေးစပြီး သုံးလအကြာတွင် ပထမဆုံး စွမ်းရည်နိးထသူ ပေါ်လာခဲ့သောကြောင့် လူသားမျိုးနွယ်အတွက် မျှော်လင့်ချက်လေး ဖြစ်ခဲ့ရ၏။ သို့သော် ထိုမျှော်လင့်ချက်လေးက လူသားများ စွမ်းရည်နိုးထလာစဉ် ဇွန်ဘီများနှင့် သန္ဓေပြောင်း သက်ရှိများကလည်း ဆက်လက် ဆင့်ကဲပြောင်းလဲနေကြောင်း သိလိုက်ရသည့်အခါ စိတ်ဓာတ်ကျလာရပြန်သည်။

ဆေး ဖန်တီးမှ ဖြစ်ပေမည်။ မဟုတ်ပါက လူသားမျိုးနွယ်တွင် အနာဂတ် မရှိနိုင်ချေ။

ဇွန်ဘီဗိုင်းရပ်က ဆက်တိုက် ဆင့်ကဲ ဖြစ်ပေါ်နေသောကြောင့် ဆေးကို အောင်အောင်မြင်မြင် သုတေသနလုပ်ဖို့ မဖြစ်နိုင်သလောက် ဖြစ်နေသည်။

လတ်တလောတွင် အခြေစိုက်စခန်းကို နေရာအမျိုးမျိုး၊ မတူညီသော ခေါင်းဆောင်များအောက်၌ ပြန်လည် တည်ထောင်ထားသည်မှာ လေးကြိမ် ဖြစ်သွားလေပြီ။

ဝမ်ချင်းလင်နှင့် အခြားရှင်ကျန်သူတို့က ဆက်တိုက် ပြောင်းရွေ့နေရပြီး သူတို့အခြေစိုက်စခန်းက သုံးကြိမ်တိုင်တိုင် ဖျက်စီးခံခဲ့ရသည်။ လူများစွာ သေဆုံးခဲ့ရသော်လည်း အခြေစိုက်စခန်းကို ဝင်လာသူများ ရှိနေသေး၏။

ဤသည်မှာ လေးကြိမ်မြောက် ပြန်လည် တည်ဆောက်ထားခြင်း ဖြစ်ပြီး သုံးလလုံးလုံး ဘေးကင်းနေခဲ့သည်။ သူက အရင်းအမြစ် ထွက်ရှာရင်း မသေဆုံးခင်အထိ အခြေစိုက်စခန်း၌ အမြဲနေနိုင်လိမ့်မည်ဟု ထင်ခဲ့မိသေးသည်။

ဇွန်ဘီတစ်ကောင်အဖြစ် ပြောင်းလဲသွားခြင်းက သူ တစ်ခါမှ မတွေးမိထားသောအရာ ဖြစ်နေသည်။

သူက သူ့အခြေစိုက်စခန်းကနေ စွန့်ပစ်ခံလိုက်ရသည်။

သူ့အရင်အပေါင်းအပါများကလည်း ယခု သူက ဇွန်ဘီဖြစ်သွား၍  သတ်ချင်နေကြသည်။ ဇွန်ဘီများက သေဆုံးရမည်။

သူက ဇွန်ဘီ ဖြစ်မလာချင်သလို တစ်ယောက်ယောက်ကိုလည်း အန္တရာယ် မပေးချင်ပေ။

သူ့မှာ ဘာလို့ရှင်သန်ခွင့် မရှိရတာလဲ … သူက ဘာလို့ အသတ်ခံရမှာလဲ

ဇွန်ဘီတိုင်းက စိတ်ပါ၍ ဇွန်ဘီဖြစ်လာရခြင်း မဟုတ်ပေ။

ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ဘာလို့ အသက်ရှင်ခွင့် မရှိရတာလဲ

ဇွန်ဘီကောင်း မရှိဘူးလား …

ဝမ်ချင်းလင်က မသိသော်လည်း သူက ဇွန်ဘီကောင်း ဖြစ်ချင်မိသည်။

လူသား မစားတဲ့ ဇွန်ဘီပေါ့ …

သူသာတင်မကဘဲ သူ့အမေနဲ့ အဖေလည်း ဇွန်ဘီကောင်း ဖြစ်လာနိုင်ကြောင်း ယုံကြည်ထားမိသည်။

သူ ခဏစဉ်းစားနေပြီးနောက် ဦးတည်ရာပေါ်လာခဲ့သည်။

သူ အိမ်ပြန်ချင်မိသည်။ သူက လူသား မဟုတ်တော့သောကြောင့် လူသားမဟုတ်တော့သည့် သူ့မိဘများနှင့် အဘယ်ကြောင့်များ ပြန်လည်မဆုံစည်းရမှာလဲ။

တစ်မိသားစုအတူတူ ရှိနေလျှင် ဇွန်ဘီဖြစ်နေလျှင်ပင် မိသားစု ဖြစ်နေဆဲ ဖြစ်၏။

ဝမ်ချင်းလင်က လမ်းမပေါ် ကားတစ်စီးကို တွေ့သောကြောင့် သူ့မိဘများကို သွားရှာရန် တောင်ပိုင်းမြို့သို့ ဦးတည်မောင်းနှင်လိုက်သည်။

ကပ်ဘေးစတင်လာစဉ်က သူသည် ကျောင်းမှ အိမ်ပြန်လာသည့်အခါ ဇွန်ဘီအဖြစ် ပြောင်းနေသည့် သူ့မိဘများကို မြင်လိုက်ရသည်။ ထိုအခါက သူက သူ့မိဘများ ဦးတည်ရာမဲ့ လျှောက်သွားနေမည်ကို မကြည့်ရက်သဖြင့် အိမ်ထဲ တံခါးပိတ်ထားခဲ့သည်။ သူတို့ အိမ်တွင်သာ ရှိနေပေဦးမည်။

ဘေးပတ်လည်တွင် နေရာအနှံ့ ဇွန်ဘီများစွာ ရှိနေလေ၏။ ဝမ်ချင်းလင်က ဓာတ်လှေကားပျက်နေသောကြောင့် ကားကို ပထမထပ်တွင် ရပ်လိုက်ပြီး ၁၂  ထပ်သို့ တက်သွားလိုက်သည်။

သူက တစ်ခါတည်း တန်းတက်သွားလိုက်သည်။ ဝမ်ချင်းလင် တွေ့ကြုံခံစားရမည်ဟု ထင်ထားခဲ့သည့် ပင်ပန်းနွမ်းနယ်မှုက ဖြစ်မလာချေ။ သူ့သက်လုံက အတော်လေး ကောင်းနေလေ၏။

ကပ်ဘေးဖြစ်လာပြီးနောက် အားလုံးက အိမ်ပျောက်ဆုံးသွားကြသော်လည်း ဝမ်ချင်းလင်က အမြဲတမ်း အိမ်သော့ကို သယ်ဆောင်ထားဆဲ ဖြစ်၏။ သူ့တွင်  သော့ရှိနေသရွေ့ သူ့အိမ်ကို သူ အလိုရှိတိုင်း ပြန်သွားနိုင်လိမ့်မည်။

နဂိုက စိတ်သက်သာမှုတစ်ခုအဖြစ် ဖြစ်သော်လည်း အမှန်တကယ် ဖြစ်လာပြီး အိမ်တကယ် ပြန်ဖြစ်လိမ့်မည်ဟု မတွေးထားခဲ့ပေ။

အထဲတွင် အင်မတန် တိတ်ဆိတ်နေလေသည်။ အမှောင်ထုက ဝမ်ချင်းလင်၏ အမြင်အာရုံကို မနှောင့်ယှက်နိုင်ပေ။

သူက စတိုခန်းထဲ တန်းသွားလိုက်သည်။ ထိုအထဲတွင် ပြတင်းပေါက်မရှိဘဲ တံခါးတစ်ချပ်သာ ရှိ၏။ သူ ပိတ်ထားသရွေ့ သူ့မိဘများက ထွက်သွားနိုင်မည် မဟုတ်ပေ။

ဝမ်ချင်းလင်က တံခါးကို ဖွင့်လိုက်သည့်အခါ ဇွန်ဘီနှစ်ကောင် လဲကျနေပြီး သူတို့ ခန္ဓာကိုယ်များက နဂိုသွင်ပြင်ကို မမှတ်မိလောက်အောင်အထိ ယိုယွင်းပျက်စီးနေလေပြီ။ ဇွန်ဘီတစ်ကောင်က ဦးခေါင်းမပြတ်မချင်း ဒါမှမဟုတ် အပစ်မခံရမချင်း မသေပေ။ သူတို့က အစာမစားရသည်မှာ ကြာမြင့်နေ၍ ဤအနေအထား ဖြစ်နေခြင်း ဖြစ်၏။

ဝမ်ချင်းလင်က သူကျောပိုးလွယ်အိတ်ကို အောက်ချကာ ဓားမြှောင်တစ်ချောင်း ဆွဲထုတ်လိုက်သည်။ သူက လက်ကောက်ဝတ်ကို ဖြတ်လိုက်ပြီးနောက် ဇွန်ဘီနှစ်ကောင်၏ ပါးစပ်အတွင်း သွေးစက်များကို ချပေးလိုက်သည်။ သူက နာကျင်မှုမခံစားရလုနီးပါး ဖြစ်နေသလို ဒဏ်ရာကလည်း သူ့အလိုလို ပြန်ကောင်းသွားလေသည်။

ဝမ်ချင်းလင်က နောက်ထပ် ထပ်ဖြတ်ဖို့ တွေးနေစဉ် ဝူးဝူးဝါးဝါးအသံများ ရုတ်ချည်း ထွက်ပေါ်လာသည်။ ဇွန်ဘီနှစ်ကောင်က ရုတ်ချည်း ထလာကာ သူတို့အသက်ရှုနှုန်း ပြန်ကောင်းလာပြီး ဝမ်ချင်းလင် ကျောပိုးအိတ်ကို ဆွဲလားရမ်းလားလုပ်ကာ ဇစ်ဖြဲလိုက်ပြီးနောက် သွေးအနီမိုနီကို ဆွဲထုတ်လိုက်ကြသည်။ ထို့နောက် ဝါးစားလိုက်ကြသည်။

ဝမ်ချင်းလင်  “ … ”

သူတောင်းစားက ဂျီးမများဘူးဆိုတဲ့ အဓိပ္ပါယ်လား …

စတိုခန်းထဲ သွေးနံ့များ လှိုင်လှိုင်ထလာသည်။ ဝမ်ချင်းလင်က ထရပ်လိုက်ပြီးနောက် စိတ်ထဲတွင် အံ့ဩနေသော်လည်း အပြင်ဘက်ပိုင်းတွင် အမူအယာသေကြီးနှင့်သာ ဖြစ်နေဆဲ ဖြစ်သည်။

သို့သော်လည်း ပို၍ အံ့ဩဖို့ကောင်းသည်က ဇွန်ဘီတွေ သွေးအနီမိုနီကို စားပစ်လိုက်ပြီးနောက် သူတို့ခန္ဓာကိုယ်က ပြောင်းလဲလာကာ နဂိုနံရိုးများမြင်တွေ့နေရသည့်နေရာများက ကြွက်သားများ၊ အသားအသစ်များ ဖြစ်လာသည်။ မမှတ်မိနိုင်လောက် ပျက်စီးနေခဲ့သည့် သူတို့မျက်နှာလည်း သူ့အလိုလို စတင် ပြန်ကောင်းလာတော့သည်။

ဝမ်ချင်းလင် ရှေ့မှောက်တွင် သူတို့က လူသားအသွင်နှင့် ခပ်ဆင်ဆင်လောက်သာ ဖြစ်နေသော ပျက်စီးနေသည့် ဇွန်ဘီများမှ သူ့မိဘများအဖြစ် ပြောင်းလဲသွားလေပြီ။

အခန်းအောင်းရာမှ ထွက်လာသည့် ဇွန်ဘီနှစ်ကောင်က သွေးသောက်ကာ သွေးအမိုနီနီကို စားထားပြီး ငေးမောတွေဝေနေဆဲ ဖြစ်၏။

ဝမ်ချင်းလင်  “ အမေ သားကို မှတ်မိလား ”

ကျန်းလန်က ခေါင်းမော့ကြည့်လိုက်ပြီးနောက် ဝမ်ချင်းလင်အား အမူအယာမပြောင်းမလဲ ကြည့်လိုက်ကာ  “ မင်းက ဘာလို့ကျောင်းမသွားတာလဲ။ ငါတို့ဆေးခန်းက မင်းဆီ လက်ဆင့်ကမ်းပေးဖို့ စောင့်နေတာလေ။ မင်းက ဆေးပညာ သင်ယူရတာ မကြိုက်ရင်တောင် အနည်းဆုံးတော့ အနာဂတ်ကို ထည့်စဉ်းစားဦးမှပေါ့။ မင်းသာ ဆရာဝန် ဖြစ်လာရင် လူသားမျိုးနွယ် မပျက်သုန်းသွားသရွေ့  မင်း အလုပ်လက်မဲ့ မဖြစ်တော့ဘူး”

“ အမေ အမေ … ချစ်လှစွာသော မေမေရေ ” ဝမ်ချင်းလင်က ဖြတ်ပြောလိုက်သည်  “ ကျွန်တော် တစ်ခုပြောပြပါရစေဦး။ အခု ဆရာဝန်တွေက အလုပ်လက်မဲ့ ဖြစ်ကုန်ပြီ ”

“ ခွေးစကားတွေ … မင်းအဖေ ငါ အသက်ရှင်နေသရွေ့ ဆရာဝန်တွေက ဘယ်လိုလုပ် အလုပ်လက်မဲ့ ဖြစ်လာမှာလဲ ” ဝမ်ကျန်းက ယုံကြည်ချက်အပြည့်ဖြင့် သူ့သားကို ဝင်ထောက်လိုက်သည်။

ဝမ်ချင်းလင်က သူတို့ဖိအားနှင့် ရင်ဆိုင်နေရပြီး  “ ဆရာဝန်ရဲ့ အရည်အချင်းက ကုသရေးစွမ်းရည်မှာ ရှုံးနိမ့်သွားပြီ ”

ဝမ်ကျန်း  “ အဲဒါ ဘာကြီးလဲ ”

နောက်ဆုံးတွင် ဝမ်ချင်းလင်က သူ့မိဘများ၏ မှတ်ဉာဏ်သည် ဇွန်ဘီမဖြစ်ခင်အထိသာ ကျန်ရှိနေကြောင်း သိလိုက်ရ၏။

ဝမ်ချင်းလင်  “ ကျွန်တော်တို့ ကပ်ဘေးကျရောက်နေတာ နှစ်နှစ်ရှိသွားပြီ။ သေချာစဉ်းစားကြည့်ပါဦး … အခုလေးတင် ဇွန်ဘီကနေ ပြန်ပြောင်းလာတာလေ”

ဝမ်ကျန်းနှင့် ကျန်းလန်တို့က မှတ်မိဖို့ ကြိုးစားလိုက်ပြီးနောက် အချင်းချင်း ကြည့်လိုက်ကြသည်။

ကျန်းလန်  “ ရှင့်ဗိုက်ကြီး ပုတ်နေပြီ တူတယ် ”

ဝမ်ကျန်း  “ မင်းမျက်နှာလည်း ပုတ်နေသလိုပဲ ”

ကျန်းလန်  “ ရှင်က ဇွန်ဘီ ဖြစ်လာတာတောင် ဇွန်ဘီတွေကြား အချောဆုံး ဇွန်ဘီဖေဖေ ဖြစ်နေတုန်းပဲ ”

ဝမ်ကျန်း  “ မင်းကလည်း ဇွန်ဘီမေမေအလှလေးပါ ”

သူ့မိဘများက အမူအယာကင်းမဲ့စွာ တစ်ယောက်နှင့် တစ်ယောက် ဖက်ထားလိုက်ရင်း ချစ်ကြည်နူးနေကြသည်။

ဝမ်ချင်းလင်  “ … ”

အလှတရားဆိုတာ ကြည့်ရှုသူရဲ့ အမြင်ပေါ် မူတည်တယ်ဆိုတာလား …

ရုပ်ဆိုးလွန်းလို့ သူတောင် ငိုချင်နေပြီ ဟုတ်ပြီလား … ဒါပေမဲ့ သူ ထုတ်မပြောရဲပါဘူး

ကျန်းလန်က ဒေါသထွက်လာကာ သူမသားအား ဆူငေါက်လိုက်သည်  “ မင်းက ငါနဲ့ မင်းအဖေကို ငတ်သေချင်နေလို့ ဒီမှာပိတ်ထားခဲ့တာလား။ ဒါက လူတစ်ယောက် လုပ်ရမဲ့အရာလား ”

ဝမ်ချင်းလင်က သူ့မိခင်နှင့် ပတ်သတ်လာလျှင် ကူကယ်ရာမဲ့နေမိသည်  “ ကျွန်တော်က အမေတို့ ထွက်သွားပြီးရင် ပြန်မရှာတွေ့တော့မှာစိုးလို့လေ ”

ဝမ်ကျန်းက ခါးထောက်ကာ မန်နေဂျာအိုကြီးပုံစံမျိုးဖြင့်   “ ဆေး ဖော်စပ်ပြီးသွားလောက်ပြီမလား။ အဲကြောင့် ငါတို့တွေ လူသား ပြန်ဖြစ်လာတာမလား ”

ဝမ်ချင်းလင်  “ မဟုတ်ဘူး။ လူသားစစ်စစ်တော့ မဟုတ်သေးဘူး ”

ကျန်းလန်  “ အဲဆို အမေတို့က ဘာတွေလဲ”

ဝမ်ချင်းလင်  “ အသိစိတ်ရှိတဲ့ ဇွန်ဘီမိသားစု … ”

ကျန်းလန်  “ … ”

ကျန်းလန်  “ မင်းလည်း ဇွန်ဘီ ဖြစ်လာတာလား။ ဘာလို့ ကူးစက်မခံရတာလဲ ”

ထို့နောက် ဇွန်ဘီသုံးကောင်က စုဝေးကာ ဝမ်ချင်းလင်၏ ယခင်နှစ်နှစ်အတွင်း အဖြစ်အပျက်များကို ပြန်လည် နားထောင်လိုက်ကြသည်။ သူက ရှုရှန်ဖေးကြောင့် သစ်ချွန်နှင့် အထိုးခံရပြီး ဇွန်ဘီအုပ်ထဲ တွန်းချခံခဲ့ရသည့်အကြောင်းကို အလေးပေး ပြန်ပြောပြလိုက်သည်။

ဝမ်ကျန်း  “ … ”

ဝမ်ကျန်းက စကားမပြောရဲတော့ပေ။ ထိုမီးပွား သူ့ဆီ လာစင်မည်ကို စိုးထိတ်နေမိ၏။

သူ စကားမပြောလျှင်ပင် မီးပွှားကတော့ လာစင်ဆဲ ဖြစ်သည်။

ကျန်းလန်က သူ့ခေါင်းကို ရိုက်ကာ  “ ရှင့်အစ်မကြီး ပြုစုပျိုးထောင်ပေးလိုက်တဲ့ ကလေးကို ကြည့်စမ်းပါဦး။ နှလုံးသားမဲ့ပြီး ရက်စက်လိုက်တာ … ကျွန်မ သူ့ကို နှစ်အနည်းငယ် ပြုစုစောင့်ရှောက်လာတာအတွက် ဒီလိုပြန်ပေးဆပ်လိုက်တာလား ”

ကျန်းလန်က မတ်တတ်ထရပ်ကာ  “ ငါ့သား မင်းရဲ့ စုတ်တီးစုတ်ပျက် အခြေစိုက်စခန်းက ဘယ်မှာလဲ။ မင်းအမေက သူတို့ကို သေတဲ့အထိ ကိုက်ပစ်ဦးမယ် ”

ဝမ်ချင်းလင်နှင့် ဝမ်ကျန်းတို့က ဘေးတစ်ဖက်စီမှ ဆွဲထားရသည်။

ဝမ်ကျန်း  “ အပြင်ဘက်မှာ ဇွန်ဘီတွေနဲ့ ပြည့်နေတာလေ။ လျှောက်မသွားစမ်းပါနဲ့ကွာ ”

ကျန်းလန်က သူ့အား ခါချလိုက်ပြီး  “ ကျွန်မလည်း ဇွန်ဘီပဲလေ။ ဘာကြောက်နေရမှာလဲ ”

ဝမ်ချင်းလင်  “ အခြေစိုက်စခန်းမှာ စွမ်းရည်ရှိတဲ့လူတွေအများကြီးပဲ။ သူတို့က အမေကို သတ်ပစ်လိုက်မယ် ”

ကျန်းလန်က သူ့ကိုလည်း ခါချကာ  “ အဲဆို ငါတို့ဇွန်ဘီလေးတွေကို စုစည်းပြီးတော့ အတူတူ သွားကိုက်မယ် ”

ဝမ်ချင်းလင်က သဘောမတူစွာ ခေါင်းတယမ်းယမ်းဖြင့်  “ ရဲဘော်ကျန်းလန်ရဲ့ အတွေးတွေက အန္တရာယ်များတယ်။ သူတို့ကို ချုပ်ထိန်းထား … ကျွန်တော်တို့က ဇွန်ဘီကောင်း ဖြစ်ရမယ်လေ။ အရင်ဆုံး လူတွေကို မကိုက်ဘဲ နေတာကနေ စရအောင် ”

ဝမ်ချင်းလင်က ခေါင်းထုခံလိုက်ရသည်။

ကျန်းလန်  “ နင့်ကြီးတော် ဇွန်ဘီကောင်း လုပ်နေလိုက် … ငါ့သားက ဇွန်ဘီစာအကျွေးခံလိုက်ရတာကို ငါ့ကို ဇွန်ဘီကောင်း ဖြစ်ချင်နေသေးတာလား။ အဲဒီ မသိတတ်တဲ့ ရှုရှန်ဖေးကို သတ်ပြီးမှ လိုက်နာမယ်ဟဲ့ ”

“ အမေ အမေ ”

ဝမ်ချင်းလင်က ခြေထောက်ကို တင်းတင်းဖက်ထားပြီး ဝမ်ကျန်းက သူမခါးကို ဖက်ထားလိုက်သော်လည်း ဇွန်ဘီနှစ်ကောင်၏ အလေးချိန်ဖြင့်ပင် ရဲဘော်ကျန်းလန်၏ ဒေါသတကြီး ခြေလှမ်းများကို မတားနိုင်ပေ။

ဝမ်ချင်းလင်က ရုတ်ချည်းဆိုသလို အတွေးပေါ်လာကာ  “ အမေ ကျွန်တော်တို့ သွားရှာစရာ မလိုတော့ဘူး။ သူမဘာသာ လာလိမ့်မယ် ”

ကျန်းလန်က ဒေါသတကြီးဖြင့် ပြန်တုံ့ပြန်လေသည်  “ သူမက လာရဲသေးတယ်လား ”

ဝမ်ချင်းလင်  “ သူမသာ ကျွန်တော့်ကို သတ်ချင်နေသရွေ့ ဒီကို သေချာပေါက် ရောက်လာလိမ့်မယ်။ ကျွန်တော် ဇွန်ဘီ ဖြစ်သွားပြီဆိုတော့ သူမသာ အသိဉာဏ်ရှိသေးရင် ကျွန်တော် အမေတို့ကို ပြန်လာရှာမယ်ဆိုတာ ခန့်မှန်းမိမှာပဲ ”

“ ကောင်းတယ် … ဒီနေရာမှာ စောင့်နေကြမယ် ”

ကျန်းလန်က ကြမ်းပြင်ပေါ် ထိုင်ချလိုက်သည်။ ဝမ်ချင်းလင်က ဘေးဘက်က မြန်မြန် ထိုင်ချလိုက်ရသည်။ သူက သေတော့မလို ခံစားခဲ့ရသည်။

အခန်း ၂ ပြီးဆုံး

ဝမ်မိသားစု

ဝမ်ချင်းလင်နဲ့ ဝမ်ကျန်း  – မိန်းကလေးကျန်းလန် အခြားကလေးတွေကို မကိုက်ရဘူးလေ

ကျန်းလန်  * လက်သီးမြောက်ပြ*


Comment

  1. အမှိုက်ကောင် says:

    Huh Google translate နဲ့ ပြန်ရင်လဲ ရတာပဲလားဟ။ စာစဉ်က ကောင်းရဲ့သားနဲ့ ။ Google အားကိုးကြီး ။ဒီတိုင်းဆိုတစ်လောကလုံး translate လုပ်လို့ရပြီ

    1. Fortuna says:

      google trans မဟုတ်ပါဘူး machine trans ကနေ ပြန်လို့ တစ်မျိုးဖြစ်နေတာပါ …

Leave a Reply

Options

not work with dark mode
Reset