တောင်ဘက်ဂိုဏ်းသားများသည် ပိုင်ရှောင်ချန်း
အား လေးစားစွာ ကြည့်လိုက်ကြပြီး ခံစားချက် အပြည့်ဖြင့် စကားလုံးများကို စတင်အော်ဟစ်ထုတ် ဖော်လာကြသည်။
‘ဂိုဏ်းတူဦးလေးပိုင်ဟာ နတ်ဘုရားတစ်ပါးပါပဲ’
‘ဂိုဏ်းတူဦးလေးပိုင်က မြောက်ဘက်ခြမ်းရဲ့မဟာ
ရန်ဘက်ဖြစ်သွားပြီ။ နောက်ပြန်လှည့်လို့မရတော့ဘူး။ ဒါပေမယ့် သူဘယ်အထိဆက်
သွားဦးမှာလဲ။’
ဂိုဏ်းသားအများစုမှာ ပိုင်ရှောင်ချန်းသည် မြောက်
ဘက်ခြမ်းမှမဟုတ်သည့်အတွက် ပျော်ရွှင်မြူးထူးနေ
ကြသည်။ အကယ်၍ သူသာမြောက်ဘက်ခြမ်းကဆို
ပါလျှင် တောင်ဘက်ခြမ်းအနေဖြင့် မည်မျှအထိခံစားရ မည်ကိုတွေးကြည့်ရန်ပင်မဖြစ်နိုင်ချေ။
‘ငါတို့ တောင်ဘက်ခြမ်းဖို့တော့ ဦးလေးပိုင်တစ်
ယောက်ဆိုရင် လုံလောက်နေပါပြီ။ သူတစ်ယောက်
တည်းနဲ့ကို မြောက်ဘက်ခြမ်းတစ်ခုလုံး ရူးခါသွား အောင်မွှေနိုင်တယ်။’
ရွှီပေါက်ချိုင်သည် ဤတစ်နေ့တည်းတွင်ပင် အံ့ဩ
တကြီးဖြစ်ရသည့် အကြိမ်ပေါင်းများစွာရှိနေပြီဖြစ်
သော်လည်း ယခုမှသာ ပိုင်ရှောင်ချန်း၏ စွမ်းအားသ
ည်အတိုင်းအဆမရှိသည်ကို သိသွားခြင်းဖြစ်သည်။
မည်သို့ပင်ဖြစ်စေ လက်ရွေးစင်တိုက်ပွဲများ၏ အ
ခြေအနေသည် လုံးဝဥဿုံ ပြောင်းလဲသွားခဲ့သည့်တိုင်
အောင် ပွဲစဉ်များကိုဆက်လက်ကျင်းပနေသည်။ လေးကြိမ်မြောက် ပွဲစဉ်များ စတင်ချိန်တွင် တောင် ဘက်ခြမ်းသည် လေးစားမှုတို့ဖြင့်ပြည့်နှက်နေကာ မြောက်ဘက်ခြမ်းမှာမူ ဒေါသများဖြင့်ရူးမတတ်ဖြစ်
နေကြသည်။
ရှန်ကွမ်းထျန်ယုံ၊ ဝိညာဥ်စွယ်နှင့် ပိုင်ရှောင်ချန်းတို့
အားလုံးက နာမည်နှင့်လိုက်အောင် အနိုင်၃ပွဲစီ ရ
ထားပြီးဖြစ်ရာ ၄၊၅၊၆ နေရာများအတွက်နောက်ဆုံး
အဆင့်ကိုအပြီးသတ် သတ်မှတ်ရာတွင် ပါဝင်ရန်မလို အပ်ပေ။
ကုန်းစွန်းမောင်နှမ ၊ရွှီဆုန် တို့ကအပြီးသတ်
တိုက်ခိုက်ရန် စင်ပေါ်တက်လာကြသည်။အဆုံးတွင်
ကုန်းစွန်းယွင်သည် ကုန်းစွန်းဝမ်အာကိုသာမက ရွှီ
ဆုန်ကိုပါအနိုင်ယူလိုက်သည်။အဆင့်သတ်မှတ်ရန်
တိုက်ပွဲများမလိုအပ်တော့ပေ။
ရွှီဆုန် သည် ကုန်းစွန်းယွင်အား မယှဉ်နိုင်သည့် အပြင် ကုန်းစွန်းဝမ်အာနှင့် တိုက်ခိုက်၍သူမ ရှုံးသွား
ပါကလည်း ထိုတိုက်ပွဲတစ်ပွဲတည်းဖြင့် နောက်ဆုံးအဆင့်
သတ်မှတ်ချက်များကို မပြောင်းလဲနိုင်ပေ။ ထိုသို့ဖြင့်
ရွှီဆုန်သည် အဆင့်ငါးနေရာကို ရရှိသွားလေသည်။
ရှုံးပွဲ ၅ ပွဲကြောင့် ကုန်းစွန်းဝမ်အာသည် ဂုဏ်
သိက္ခာ အနည်းငယ်လျော့ကျသွားပြီး အဆင့်၆ နေရာ
ကိုရရှိသွားလေသည်။ အဆင့်၄နေရာကို ရရှိသွားသူမှာ
ကုန်းစွန်းယွင် ဖြစ်သည်။
နောက်ထပ် သတ်မှတ်ရမည်မှာ ထိပ်ဆုံးဂိုဏ်းသား
၃ယောက်၏ နောက်ဆုံးအဆင့်ဖြစ်ပေသည်။ ပိုင် ရှောင်ချန်း၊ရှန်ကွမ်းထျန်ယုံ နှင့် ဝိညာဥ်စွယ် တို့က
နောက်ဆုံးအဆင့်သတ်မှတ်ချက်များတွင် မည်သို့မည် ပုံဖြစ်မည်ကို လူတိုင်းက စိတ်အားထက်သန်စွာ စောင့်
မျှော်နေကြသည်။
မြောက်ဘက်ဂိုဏ်းသားများမှာမူ ပိုင်ရှောင်ချန်း အား ဒေါသတကြီးဖြင့် တချိန်လုံးစိုက်ကြည့်နေ ကြသည်။ သူတို့သည် ဝိညာဥ်စွယ်နှင့် ရှန်ကွမ်းထျန်ယုံ တို့ကို သဘောကျသော်လည်း ပိုင်ရှောင်ချန်းကိုမူ လုံးဝအရှက်ကင်းမဲ့ကာ အထင်သေးစက်ဆုပ်ဖွယ်
ကောင်းသည်ဟု ထင်မြင်ကြသည်။
မြောက်ဘက်ခြမ်း၏ မျှော်လင့်ချက်များမှာ ဝိညာဥ်စွယ်အပေါ်တွင် လုံးလုံးလျားလျား မူတည်လျက်
ရှိသည်။ သူတို့၏အမြင်အရ ပိုင်ရှောင်ချန်း သည် မည်သို့ပင် ဥာဏ်နီဥာဏ်နက် ထုတ်စေကာမူစွမ်းအား ချင်း ယှဉ်ပါက ဝိညာဥ်စွယ်ကို နိုင်မည်မဟုတ်ဘဲ သစ်ခက်တစ်ခုကဲ့သို့ အချိုးခံရမည်ဖြစ်သည်။
‘ပထမတိုက်ပွဲ။ ပိုင်ရှောင်ချန်းနဲ့ ရှန်ကွမ်းထျန်ယုံ။’ ပိုင်ရှောင်ချန်း၏ ကို့ရို့ကားယားနိုင်မှုများကြောင့် အူယန်ကျဲ၏ အသံမှာ ယခင်ကဲ့သို့ သိသိသာသာ မတင်းမာနိုင်တော့ဘဲ သက်ပြင်းသာချနေရတော့ သည်။
အရည်အချင်းစစ် ပွဲစဉ်များတွင် ပိုင်ရှောင်ချန်း အား အနိုင်ပေးလိုက်ရသည်ကို ပြန်တွေးကာ ရှန်ကွမ်းထျန်ယုံ၏ မျက်လုံးများမှာဒေါသကြောင့် အရောင် တောက်လာကြသည်။ သူသည်ပွဲကျင်းပရာ စင်ပေါ်သို့
လျှောက်လှမ်းလာစဉ် လေပြေတစ်ချက်က ဆံနွယ် များကို တိုးဝှေ့သွားသဖြင့် ရှိရင်းစွဲထက် ပိုမိုချော မောသွားစေကာ အဖိုးမဖြတ်နိုင်သော ဓားတစ်လက် ထောင်ထားသည့်အလား ဖြစ်နေပြီး မရေမတွက်နိုင်သောဂိုဏ်းသားများ ၏မျက် လုံးများ တလက်လက် တောက်ပလာခဲ့သည်။
တောင်ဘက်ခြမ်းမှ ဂိုဏ်းသားများသည် တစ် ယောက်မျှ အားမပေးရဲကြပေ။ မည်သို့ပင်ဖြစ်စေ
ပိုင်ရှောင်ချန်းသည် တောင်ဘက်ခြမ်းမှဖြစ်ကာသူ့တွင် ဝှက်ဖဲအများအပြား ရှိနေခဲ့၏။ သူ၏ပြိုင်ဘက်ကို အားပေးမိခဲ့လျှင် သူတို့အားမှတ်ထားကာရန်ငြိုးထား နေမည်ကိုကြောက်လန့်နေကြရသည်။ထို့ကြောင့် သူတို့သည် လျှာကိုက်ကာ နှုတ်ပိတ်ထားရုံမှအပ အ
ခြားမတတ်နိုင်တော့ပေ။
တစ်ဘက်တွင် မြောက်ပိုင်းဂိုဏ်းသားများသည်
ရှန်ကွမ်းထျန်ယုံကို အမှန်တကယ် စတင်အားပေး
ကြတော့သည်။ ရှန်ကွမ်းထျန်ယုံ
သည် သူ့ကို အမှန်တကယ် အားပေးခြင်းမဟုတ်ဘဲ
ပိုင်ရှောင်ချန်းကို ဆန့်ကျင်ခြင်းသာဖြစ်ကြောင်း သတိ
ထားမိကာ မျက်မှောင်ကြုံ့သွားခဲ့သည်။
မြောက်ဘက်ဂိုဏ်းသားများသည် ပိုင်ရှောင်ချန်း
၏ပြိုင်ဘက်ဟူသမျှကို ဝက်တစ်ကောင်ပင်ဖြစ်နေပါ
စေ အားပေးမည်သာဖြစ်သည်။ထိုအတွေးကြောင့်
ရှန်ကွမ်းထျန်ယုံသည် ယခင်ကထက်ပို၍ပင် စိတ်မချမ်းမသာဖြစ်သွားလေ၏။
ပိုင်ရှောင်ချန်းသည် လည်ချောင်းကိုရှင်းကာ စင်
ပေါ်သို့တက်သွားလေသည်။ရှန်ကွမ်းထျန်ယုံအား အ
ကဲခတ်နေရင်းမှ အင်္ကျီလက်မောင်းကို အသာအယာ
ခါလျက် ပြုံးလိုက်သည်။
‘နားထောင်၊ဒါတွေလုပ်ဖို့မလိုပါဘူး။ငါတို့နှစ်ယောက်
လုံးက…….’
သူ့စကားမဆုံးမီမှာပင် ရှန်ကွမ်းထျန်ယုံ သည် မျက်လုံးများအရောင်လက်လာကာ လက်ချောင်းကိုဝှေ့ ယမ်းလိုက်သည်။ချက်ချင်းပင် သူ၏ဓားပျံသည် လျှပ်ပြက်သည့်အလား လေထုကို ထိုးခွဲသွားလေ
သည်။ဓားမှာ အလွန်လျင်မြန်စွာ ရွေ့လျားလာရ
ကား ပိုင်ရှောင်ချန်းမတုံ့ပြန်နိုင်မီ သူ့မျက်နှာရှေ့ လက်မအနည်းငယ်အလိုသို့ ရောက်ရှိလာလေသည်။ ကျရောက်လာတော့မည့် အန္တရာယ်ကို ခံစား မိသောကြောင့် မျက်လုံးများပြူးကာ စိတ်ထဲတွင် ထိတ်ခနဲဖြစ်သွားပြီး အောက်သို့ဝပ်ချလိုက်သည်။ ဓားဆီမှ လေပြင်းတစ်ချက် သူ့အပေါ်မှ တိုက်ခတ်သွားကာ ဆံပင်တစ်မွှေးကိုပါ ဖြတ်ခုတ်ပြီး သူ့ရှေ့သို့ဝဲကျလာ၏။
‘ကျင့်ကြံသူတွေ တိုက်ခိုက်ရင် အခွင့်အရေးမှန်သမျှ အရယူတတ်ရတယ် ‘ ဟု ရှန်ကွမ်းထျန်ယုံ က အေးစက်စွာ ပြောလိုက်သည်။
‘မင်း အဲ့ဒီဓားကို မရှောင်ရင်တောင်မှ မသေနိုင်ပါဘူး။ မင်းက လူဆိုးလူသွမ်းတစ်ယောက်ဖြစ်သလို နောက်ပြောင်တတ်တဲ့ကောင်ပဲ။ မိကောင်းဖခင်သားသမီးတစ်ယောက်ဖြစ်ဖို့လိုတယ်။ မင်းအဖေနဲ့ အမေက မင်းကို ကောင်းကောင်း မ ဆုံးမ ထားတော့ ငါအတော်လေး ပညာပေးမှရမယ်။ ဒါပေမဲ့ ယုတ်ညံ့တဲ့ နည်းလမ်းတွေ သုံးပြီး တောင်ဘက်ခြမ်းကို မျက်နှာပျက်အောင် မလုပ်တာ ကောင်းမယ်။ ‘ သူပြောနေစဉ် ဓားပျံက နောက်သို့ ပြန်လှည့်လာကာ သူ့ရှေ့ရှိ လေထဲတွင်ပျံဝဲလျက် ရပ်တန့်နေသည်။
မြောက်ဘက်ဂိုဏ်းသားများသည် ခဏတာ ငြိမ်သက်သွားပြီးနောက် ရုတ်တရက် အားပေးသံများ ညံသွားလေသည်။ တောင်ဘက်ခြမ်းမှာမူ တိတ်ဆိတ်နေဆဲပင်။ ရှန်ကွမ်းထျန်ယုံပြောလိုက်သည်ကို မည်သူမျှ သဘောမကျကြပေ။ သူ့ ပရိတ်သတ်ဟု မိမိကိုယ်ကို သတ်မှတ်ထားသူများပင် မျက်မှောင်ကြုတ်သွားကြလေသည်။
ပြောရလျှင် တောင်ဘက်ဂိုဏ်းသားများသည် ပိုင်ရှောင်ချန်းကို ယေဘူယျအားဖြင့် မမုန်းကြပေ။ သူသည် အနည်းငယ် ဆိုးသွမ်းကာ ပြောင်စပ်စပ်နိုင်သော်လည်း လွန်ကြူးသည်အထိ မဟုတ်ပေ။ တစ်ခါတရံတွင် ကူရာကယ်ရာမဲ့ ခံစားချက်များ အနည်းငယ် ဖြစ်ပေါ်စေသော်လည်း အမှန်တကယ်တွင် ပိုင်ရှောင်ချန်းကို သူတို့သဘောကျကြသည်။ မြောက်ဘက်ဂိုဏ်းသားများက သူ့ကို မုန်းသော်လည်း တောင်ပိုင်းသားများ အတွက်မူ သူသည် ဂုဏ်သိက္ခာ အတွက် မျှော်လင့်ချက်တစ်ခုပင်။
ထို့အပြင် ပိုင်ရှောင်ချန်းက အရှုံးပေးတော့မည်ဟု အားလုံးသိနေသည်။ သူက ရှန်ကွမ်းထျန်ယုံနှင့် ပြင်းထန်သော တိုက်ပွဲ မဖြစ်စေရန် မျှော်လင့်နေသည်မှာ သိသာလှသည်။ သို့ဆိုလျှင် ရှန်ကွမ်းထျန်ယုံသည် ဝိညာဥ်စွယ်နှင့် နောက်ဆုံးတိုက်ပွဲမှာအသုံးပြုရန် စိတ်စွမ်းအင် အနည်းငယ် အပိုထွက်လာမည်ဖြစ်သည်။
ရှန်ကွမ်းထျန်ယုံသည် ထိုအကြောင်းကို သတိပြုမိသည့်တိုင်အောင် လျှို့ဝှက် တိုက်ခိုက်လိုက်သေးသည်။ ထို့နောက် သူက ပိုင်ရှောင်ချန်းကို ပညာပေးမည့် အကြောင်းပြောကာ သူ့မိသားစုကိုပါ အသေရေဖျက် ပြောဆိုသည်။ ထိုသို့သော အမူအကျင့်များကြောင့် တောင်ဘက်ဂိုဏ်းသားများသည် အတော်လေး စိတ်မသက်မသာ ဖြစ်ရသည်။
ပိုင်ရှောင်ချန်းသည် ဒူးထောက်ထိုင်နေရာမှ သူ့ရှေ့တွင် ဝဲကျလာသော ဆံပင်ကို ကြည့်နေသည်။ တဖြည်းဖြည်း သူ၏ အပြုံးမှာ ပျောက်ကွယ်သွားပြီး ရှန်ကွမ်းထျန်ယုံကို မော့ကြည့်ရင်း
” ပညာပေးရမယ် ” ဟူသော စကားလုံးက သူ့ နားထဲတွင် မြည်ဟီးနေတော့သည်။
” မင်းက လက်ရွေးစင်တစ်ယောက်၊ အဲ့ဒီတော့ မင်း ငါ့ကို အထင်သေးမယ်ဆိုလည်း ရတယ်။ သူများတွေ ငါ့ကို ဘယ်လိုထင်ထင် ငါလုံးဝ ဂရုမစိုက်ဘူး။ ”
အကြောင်း တစ်စုံတစ်ရာကြောင့် ပိုင်ရှောင်ချန်းက ရုတ်တရက် အရင်နှင့်မတူဘဲ ကွာခြားသွားပုံပေါ်သည်။
” လျှို့ဝှက်တိုက်ကွက် သုံးချင်သလား။ အဲ့ဒါလည်း မင်းကိစ္စပဲ။ငါ ကျင့်ကြံတာ ထာဝရ အသက်ရှည်ဖို့ အတွက်ပဲ။ တိုက်ရ ခိုက်ရတာတွေ၊ သတ်ဖြတ်ရတာတွေ ငါ မကြိုက်ဘူး။ ” သူသည် ညာလက်ကို ဘေးဘက်သို့ ဝှေ့ယမ်းလိုက်ကာ လက်ဖွဲ့၊အကာအကွယ်များကို ဘေးဖယ်လိုက်သည်။ ချက်ချင်း ဆိုသလိုပင် သူ၏ သွေးကြောများသည် သွေးမဟုတ်ဘဲ သံမဏိများဖြင့် ပြည့်နှက်သွားလေသည့်အလား ထင်ရသည်။
တောင်ဘက်ခြမ်း ပရိသတ်များထဲတွင် ဟိုယွင်ဖေး၏ မျက်လုံးများ တောက်လာကာ တုန်လှုပ်နေသည်မှာ ထိန်းမရတော့ပေ။လောချိန်မျိုးနွယ်စုလက်ထဲမှ သူ့ကိုကယ်တင်ခဲ့သော ပိုင်ရှောင်ချန်းကို ရုတ်ချည်း တွေ့မြင်နေရသည်။
” ဒါပေမဲ့ ငါ့အဖေနဲ့အမေကိုယ်စား ငါ့ကို ပညာပေးရအောင် မင်းက ဘာကောင်မို့လို့လဲ ”
ပိုင်ရှောင်ချန်း၏ မျက်လုံးများမှာ လုံးဝ နီရဲနေသည်။ သူ၏ မိဘများသည် သူ ငယ်စဥ်ကပင် ၂ယောက်လုံး ဆုံးပါးသွားရာ ထိုအဖြစ်သည် သူ့ အပေါ်တွင် အတော်များများ လွှမ်းမိုးမှု ရှိခဲ့သည်။ ထိုအချက်သည် သူအဘယ့်ကြောင့် ထာဝရရှင်သန်ရန် စတင်မျှော်လင့်လာသည့် အကြောင်းရင်းများထဲမှ အကြီးဆုံး ၁ချက်ဖြစ်သည်။
သူသည် အကြမ်းအားဖြင့် အကောင်းမြင်တတ်သူတစ်ဦး ဖြစ်သည်။ ထိုသဘောထားမျိုးကို သူ ငယ်စဥ်ကတည်းက တမင်သက်သက် မွေးမြူလာခဲ့ခြင်း ဖြစ်သည်။ အခြားရွေးချယ်စရာလည်း မရှိချေ။ သူ့ မိဘ၂ပါး နာမကျန်းဖြစ်ကာ ဆုံးပါးသွားသည်ကို ကိုယ်တိုင် ကြည့်နေခဲ့ရသည်။ သူတို့၏ အလောင်းများဘေးတွင် ရက်အတော်ကြာအောင် ငိုယိုကာ သူတို့မရှိတော့သည်ကို မယုံကြည်နိုင်ဖြစ်နေခဲ့သည်ကို မှတ်မိနေသေးသည်။ နောက်ဆုံးတွင် အလောင်းများမှ အနံ့များ ထွက်လာကာ ဆွေမျိုးများက မြှုပ်နှံရန် လာရောက် ယူဆောင်သွားတော့သည်။ ပိုင်ရှောင်ချန်းမှာ မိန်းမောတွေဝေသည့် အဆင့်မှ တစ်ခါတရံတွင် တစ်ယောက်ထဲ ကိုယ့်ဘာသာကိုယ် စကားပြောသည့် အဆင့်ထိ ရောက်လာခဲ့သည်။ ကလေးတစ်ယောက်သာ ထိုပုံစံဖြင့် ကြီးပြင်းခဲ့မည်ဆိုလျှင် သူ၏ ဘဝတစ်လျှောက်လုံး မှောင်မိုက်နေတော့မည် သေချာသည်။
ထို့ကြောင့် ပိုင်ရှောင်ချန်းသည် ငိုကြွေးခြင်းကို ရယ်မောခြင်းနှင့် အစားထိုးခဲ့သည်။ သူသည် ထာဝရ အသက်ရှင်နိုင်မည့် အကြံဥာဏ်ကို စတင်တွေးတောလေသည်။ သူ့မိဘများ မည်သို့ ဆုံးပါးသွားသည်ကို ဘယ်သောအခါမျှ သူ မေ့နိုင်မည် မဟုတ်ပေ။ သူ လွမ်းနေမိသော်လည်း ထိုအလွမ်းက ဆက်လက်ရှင်သန်လိုစိတ်ကိုသာ ဖြစ်ပေါ်စေခဲ့သည်။
သူသည် ခေါင်းမာကာ ဆိုးသွမ်းသော်လည်း လွန်ကြူးသည့် အဆင့်ထိ မဟုတ်ပေ။ သူလုပ်ခဲ့သော ကိစ္စ အများစုက မတော်တဆလုပ်မိခြင်းသာ ဖြစ်သည်။စင်စစ်မှာ သူသည် လူကောင်းတစ်ယောက်ပင်ဖြစ်သည်။
သူသည် သေခြင်းတရားကို ကြောက်ရွံ့ကာ အပြင်ပန်းတွင် အားနည်းပုံပေါ်သော်လည်း သူ၏သူငယ်ချင်းများ အန္တရာယ်ရှိနေသောအခါ ကာကွယ်ရန် အသက်ပင်သေသေ တိုက်ခိုက်မည် ဖြစ်သည်။ လိုအပ်ပါက ပြင်းပြသောစိတ်ဆန္ဒဖြင့် အော်ဟစ်ကာ သူ့အသက်နှင့်ရင်း၍ တိုက်ပွဲတွင် စွန့်စားတိုက်ခိုက်မည်ဖြစ်သည်။
သူသည် နောက်ပြောင်တတ်သော်လည်း စိတ်ခံစားချက် ကြီးမားနက်နဲသူဖြစ်သည်။ ဖက်တီးကျန်း၊ လီချင်းဟောက်၊ဟိုယွင်ဖေး၊ တုလင်ဖေး၊ဟိုရှောင်မေ့၊ ဂိုဏ်းခေါင်းဆောင်နှင့်တကွ သူ့အား ကောင်းမွန်စွာဆက်ဆံသော အခြားသူများ အားလုံးက သူ ဘယ်သောအခါမျှ မမေ့နိုင်သည့်လူများ ဖြစ်သည်။
” မင်းမှာ ဘာအခွင့်အရေးများ ရှိလို့လဲ ” သူသည် ရုတ်တရက် လှုပ်ရှားသွားကာ လျင်မြန်စွာ ရွေ့လျားသွားပြီး ချက်ချင်းပင် ရှန်ကွန်းထျန်ယုံရှေ့သို့ ရောက်သွားလေသည်။ ရှန်ကွမ်းထျန်ယုံသည် မျက်လုံးများ ပြူးကျယ်သွားကာ ကြောက်လန့်သွားသော်လည်း မည်သို့မျှ မတုံ့ပြန်နိုင်မီ ပိုင်ရှောင်ချန်း၏ လက်သီးက ငွေရောင်တလက်လက်ထကာ ဝင်ရောက်လာခဲ့သည်။
တဂျုန်းဂျုန်းမြည်သံများ ထွက်ပေါ်လာကာ ရှန်ကွမ်းထျန်ယုံ၏ ကိုယ်ပိုင်ဒိုင်းကာများ ကွဲကြေသွားသည်။ သူ အနည်းငယ်မျှပင် ကာကွယ်နိုင်စွမ်းမရှိတော့ပေ။ ပိုင်ရှောင်ချန်း၏ လက်သီးသည် ရေခဲကိုထုလိုက်သော တူတစ်ချောင်းကဲ့သို့ ဒိုင်းကာကို ဖြတ်ဖောက်သွားလေသည်။ ရှန်ကွမ်းထျန်ယုံကို ထိုးမိတော့မည့်အချိန်တွင် ဒိုင်းအသေးစားလေးပေါ်ထွက်လာကာ တစ်ဆက်တည်းမှာပင် တုန်ခါသွားပြီး ဘေးဘက်သို့ ပျံထွက်သွားလေသည်။ ပိုင်ရှောင်ချန်း၏ လက်သီးသည် ရှန်ကွမ်းထျန်ယုံရင်အုံပေါ်သို့ ကျရောက်သွားကာ သူ့ပါးစပ်မှ သွေးများ ပန်းထွက်လာသည်။ ရှန်ကွမ်းထျန်ယုံသည် ကြီးမားသော အားအင်တစ်ခုက ဆောင့်တွန်းသည့်အလား ခံစားလိုက်ရကာ နောက်သို့ ခြေလှမ်း ဆယ်လှမ်းဆုတ်သွားပြီး သွေးများ ထပ်မံစီးကျလာကာ မျက်နှာတွင် လုံးဝမယုံကြည်နိုင်သော အမူအရာများ ဖြစ်ပေါ်လာသည်။
” မင်းက တကယ်ရော လက်ရွေးစင် ဟုတ်ရဲ့လား။ ” ပိုင်ရှောင်ချန်းက အေးစက်စက် မေးမြန်းလိုက်သည်။ သူသည် မေးကိုလည်း ပင့်မထားခဲ့ပါ။ အထီးကျန်သူရဲကောင်းအသွင်လည်း မဖမ်းခဲ့ပါ။ သို့သော် သူ့ကိုကြည့်နေသမျှ လူအားလုံးက ထိုအခိုက်အတန့်တွင် တောက်ပသော နေတစ်စင်းကို ကြည့်နေရသည့်အလား ခံစားလိုက်ရသည်။ တောင်ဘက်ဂိုဏ်းသားများဆီမှ ပင့်သက်ရှိုက်သံများကို ကြားနေရကာ မြောက်ဘက်ဂိုဏ်းသားများမှာမူ အံ့ဩတကြီး ဖြစ်သွားကြသည်။
ဝိညာဥ်စွယ်၏ မျက်လုံးများမှာ အရောင်တောက်လာကာ ပွဲကြည့်စင်ပေါ်မှ ဂိုဏ်းခေါင်းဆောင်နှင့် အခြားသူများ၏ မျက်နှာတွင် လေးနက်တည်ကြည်သော အမူအရာများ ဖြစ်ပေါ်နေကြသည်။
” ပိုင်ရှောင်ချန်း “ရှန်ကွမ်းထျန်ယုံက အသံကုန်ဟစ်လိုက်သည်။ အရှက်ခွဲခံလိုက်ရသည့် ခံစားချက်ကြောင့် အော်ဟစ်ကာ လက်နှစ်ဖက်ဖြင့် လက်ကွက်ဖော်လိုက်သည်။ ဓါးပျံ၅လက်ပေါ်ထွက်လာကာ အားလုံးကကြောက်မက်ဖွယ် “ချီ” အငွေ့အသက်များ ထုတ်လွှတ်နေကြသည်။ ထိုဓါးများကို ရှန်ကွမ်းထျန်ယုံသည် သူ၏ စိတ်စွမ်းအင်ဓါးခန္ဓါကိုယ်ဖြင့် ထိန်းချုပ်ကာ ပိုင်ရှောင်ချန်းဆီသို့ ပစ်လွှတ်လိုက်သည်။
ဓါးများ မြည်ဟီးသံများ ထွက်ပေါ်လာကာ ရွေ့လျားသွားရာ နဂါးဓါး ၅ကောင်ဖြစ်သွားပြီး တစ်ကောင်စီမှာ မီတာ၃၀ခန့်ရှည်လျား၍ ကိုယ်ထည်မှာ ၂မီတာခန့် ရှိလေသည်။ သူတို့သည် လေထုကို ကွေ့ကောက်ဖြတ်သန်းလာရာ အရာအားလုံး လှုပ်ခတ်သွားလေသည်။ ပွဲကျင်းပရာ မျက်နှာပြင်သည်ပင် ပြိုကျပျက်စီးစပြုလာလေသည်။ ဓါးများမှ ထွက်ပေါ်နေသော အံ့ဩဖွယ် စွမ်းအားများနှင့်ဆိုလျှင် ဓါးတစ်ချောင်းစီက သာမန်ဂိုဏ်းသားတစ်ယောက်ကို သတ်နိုင်စွမ်းရှိသည်။ နှစ်ချောင်းဆိုလျှင် အခြားလက်ရွေးစင်ဂိုဏ်းသား၂ယောက်ကို သေချာပေါက် ဖျက်ဆီးနိုင်စွမ်းရှိသည်။ ကုန်းစွန်းယွင်ကဲ့သို့ လက်ရွေးစင်တစ်ယောက်အတွက်မူ ၃ချောင်းဆိုလျှင် အရှုံးပေးခိုင်းရန် လုံလောက်ပြီ ဖြစ်သည်။ သို့သော် ယခုမူ ၅ချောင်းထွက်ပေါ်လာရာ ပွဲကျင်းပရာ ကွင်းပြင်တစ်ခုလုံးမှာ ကြောက်မက်ဖွယ် ဓါးအငွေ့အသက်များ လွှမ်းမိုးသွားလေသည်။
” ဓားပညာအကြောင်း ငါတစ်ခုမှ မသိဘူး။ ” ပိုင်ရှောင်ချန်းက အေးစက်စွာပြောလိုက်သည်။ ” ငါ့မှာ စိတ်စွမ်းအင်ဓါးခန္ဓါကိုယ်လည်း မရှိဘူး။ ဒါပေမဲ့ ငါသိထားတာတွေအရဆိုရင် ဓါးဆိုတာ အဲ့ဒီလို သုံးရတာမဟုတ်ဘူးကွ ” ထိုသို့ပြောကာ သူ၏လက်ချောင်းကို ဝှေ့ယမ်းလိုက်သည်တွင် ရွှေကျီးကန်းဓါးသည် ရွှေရောင်အလင်းတန်းအဖြစ် ရှန်ကွမ်းထျန်ယုံ၏ ပထမဓါးဆီသို့ ထိုးခွဲသွားလေသည်။
မင်းဟာမင်း ဓါးကို ၃ချောင်းပဲ သုံးသုံး၊ ၅ချောင်းပဲ သုံးသုံး ဂရုမစိုက်ဘူး။ ငါကတော့ တစ်ချောင်းပဲ လိုတယ် …..
အဲ့ဒီဓါးတစ်ချောင်းကပဲ မိုးကောင်းကင်ကို လှုပ်ခါစေပြီး ပေါက်ကွဲထွက်တော့မယ့် ဓား “ချီ”စီးကြောင်းတစ်ခု ဖြစ်လာစေမှာ….
အဲ့ဒီဓါးတစ်ချောင်းကပဲ ပေါ့ပါးရာမှသည် လေးလံခြင်းဆီသို့ ပညာနဲ့ လေးလံရာမှသည် ပေါ့ပါးခြင်းဆီသို့ ပညာတွေကို သုံးမှာ….
အဲ့ဒီဓါးတစ်ချောင်းကပဲ ပြီးပြည့်စုံတဲ့ စိတ်စွမ်းအင်ပမာဏကို ထိန်းထားပေးပြီး အလေအလွင့်နည်းနည်းလေးတောင် မရှိဘဲ တိုက်ခိုက်မှာ….
ဓားပညာရပ်များကို တစ်ခုမျှ ပိုင်ရှောင်ချန်း မသိသည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် သူသည် ခရမ်းရောင်ချီဒယ်စောက်အိုးထိန်းချုပ်ခြင်းနည်း ပညာရပ်၊ ပေါ့ပါးရာမှသည် လေးလံခြင်းဆီသို့ ပညာရပ်နှင့် လေးလံရာမှသည် ပေါ့ပါးခြင်းဆီသို့ ပညာရပ်တို့ကို သိနားလည်သည်။ သစ်ရွက်တစ်ရွက်ဖြင့် သစ်တုံးကို မ ရန် မတတ်နိုင်ကြောင်း သိသော်လည်း သစ်ရွက်ကို လိပ်လိုက်လျှင်မူ ကျောက်တုံးအသေးတစ်ခုကို မနိုင်မည် ဖြစ်သည်။ ထို့အပြင် သစ်ရွက်ကို အမျှင်လေးများအဖြစ် ပိုင်းဖြတ်ကာ အတူပြန်ချုပ်လိုက်လျှင် ပိုမိုလေးလံသော ကျောက်တုံးကိုပင် မနိုင်မည်ဖြစ်သည်။
သူသည် စိတ်စွမ်းအင်ကို ထိန်းချုပ်ရန် အကောင်းဆုံးနည်းလမ်းကို သိရှိထားသည်။
တစ်ခါတရံတွင် ပညာရပ်တစ်ခုကို တစ်ဖက်ကမ်းခပ် ကျွမ်းကျင်တတ်မြောက်ခြင်းသည် ပညာရပ်များကို သောင်းချီ တတ်မြောက်ထားခြင်းထက် များစွာ သာလွန်သည်။ ချီစုစည်းမှုအဆင့်တွင် သူ၏ စွမ်းရည်နှင့် ထာဝရ ငွေအရေပြားတို့ ပေါင်းစပ်လိုက်ပါက သူ့ကို တိုက်ခိုက်နိုင်သူ မရှိတော့ပေ။
” ဘုန်းးးး…. ”
နားကွဲမတတ်ကျယ်လောင်သည့် ပေါက်ကွဲမှုတစ်ခုက ကွင်းပြင်တစ်ခုလုံးကို ရိုက်ခတ်သွားကာ ကျောက်တုံး အပိုင်းအစများ ပြိုကျလာပြီး လေထဲသို့ လွင့်ပျံတက်သွားကြသည်။ ပိုင်ရှောင်ချန်း၏ ဓါးချက်တစ်ချက်က ရှန်ကွမ်းထျန်ယုံ၏ နဂါးဓါး ၅ချောင်းကို ဆောင့်တွန်းလိုက်သည့် မုန်တိုင်းတစ်ခု ဖြစ်သွား လေသည်။ နဂါးဓါးများသည် တွန့်လိမ်ကာ ပုံပျက်သွားကြပြီး မရေမတွက်နိုင်သည်ထိ အပိုင်းပိုင်းကွဲကာ ပျက်စီးသွားလေသည်။ ထို့နောက် လေပြင်းတစ်ချက် ဆက်လက်တိုက်ခတ်လာရာ ရှန်ကွမ်းထျန်ယုံ၏ မျက်နှာတည့်တည့်သို့ ရိုက်ခတ်မိသွားလေသည်။
ပိုင်ရှောင်ချန်းက နေရာမှာပင် ရပ်နေဆဲ ဖြစ်ကာ ဆံနွယ်များသည် လေထဲတွင် တဖျပ်ဖျပ်လှုပ်ခါလျက်ရှိပြီး သူ၏ အမူအရာမှာ တည်ငြိမ်နေသည်။ သူသည် လက်များကို နောက်သို့ ပစ်မထားသကဲ့သို့ အင်္ကျီလက်ကိုလည်း ခါရမ်းမနေပေ။ သူသည် ရေခဲကဲ့သို့ တည်ငြိမ်လျက် နေရာတွင် ရပ်မြဲတိုင်း ရပ်နေခြင်းသာဖြစ်သည်။ ထိုမြင်ကွင်းသည် တောင်မြောက်နှစ်ဖက်လုံးမှ ဂိုဏ်းသားများအားလုံး၏ ရင်ထဲတွင် သံမှိုကဲ့သို့ ထာဝရ စွဲထင်နေမည်ဖြစ်သည်။
” အဲ့ဒါ တကယ်ပဲ ပိုင်ရှောင်ချန်းပေါ့….” လူတိုင်းပင် မိမိတို့၏ စိတ်နှလုံးများ ပေါက်ကွဲထွက်တော့မည့်အလား ခံစားလိုက်ရသည်။