Switch Mode

အခန်း ( ၆၁ )

သက်စောင့်တိုက်ကွက်

ပိုင်ရှောင်ချန်း၏ လှုပ်ရှားမှုများသည် မြန်ဆန်လွန်းလှ၍ ချိန်ဟန်မှာ တုံ့ပြန်ချိန်ပင်မရလိုက်။ လက်သီးချက်များနှင့် ကန်ကျောက်ချက်များမှာ ရူးသွပ်နေသော မုန်တိုင်းကြီးတစ်ခုအလားပင်။

ချိန်ဟန်က မျက်စိမျက်နှာပျက်သွားပြီး မန္တန်လက်ကွက်များဖော်လိုက်ကာ အကာအကွယ်ဒိုင်းကာများကို ထုတ်လိုက်သည်။ မိုးများတဖွဲဖွဲကျနေသော တောနက်ကြီးထဲတွင် သူနှင့်ပိုင်ရှောင်ချန်းတို့ တိုက်ခံသံများမှာ ဆူညံနေတော့သည်။

တိုက်ပွဲမှာ ကြာလာလေလေ ချိန်ဟန်မှာ ပို၍အံ့အားသင့်လာလေလေဖြစ်သည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ဤအပြင်စည်းဂိုဏ်းသားမှာ ကြောက်စရာကောင်းသောပြိုင်ဘက်တစ်ယောက်ဖြစ်ကြောင်း သူစောစောက အသိမှတ်ပြုခဲ့ပြီးဖြစ်သည်။ သို့သော်လည်း သူနှင့်အမှန်တကယ် တိုက်ခိုက်ရသောအခါမှ ထိုဂိုဏ်းသားကို သူအများကြီးလျှော့တွက်မိခဲ့ကြောင်းသိလိုက်ရသည်။

ချီစုစည်းမှုအဆင့်ရှစ်ရှိသော ကျင့်ကြံသူများပင်ပါဝင်သည့် သူ၏မျိုးနွယ်စုဝင်၁၀ယောက်ကျော်ကို ပိုင်ရှောင်ချန်းက အလွယ်တကူသတ်ဖြတ်နိုင်ခဲ့သည်ကိုကြည့်လျှင် သူ၏အစွမ်းအစ မြင့်မားသည်ကို သိရှိနိုင်သည်။ ပုံမှန်ချီစုစည်းမှုအဆင့်သာရှိသော ဂိုဏ်းသားတစ်ယောက်ဆို ထိုသို့ လုပ်နိုင်မည်မဟုတ်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ ဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်သည့်အတွက် သူတို့၏ဂိုဏ်းသားများမှာ သာမန်မျိုးနွယ်စုထဲရှိကျင့်ကြံသူများထက် သာလွန်မည်မှာ ဧကန်ပင်။ သို့သော်လည်း ဤမျှလောက်ထိ ကြီးကြီးမားမား ကွာဟနေမည်လို့တော့ သူမထင်ထားချေ။

” သူ့ခန္ဓာကိုယ်က မာကျောလွန်းလှပါလား။ ဘယ်လိုအပြင်အားကျင့်ကြံနည်းတွေများ သူကျင့်ထားတာလဲ။ မဟုတ်မှလွဲရော အဲ့ဒီအပြင်အားကျင့်ကြံနည်းကြောင့် သူဒီလို လျှင်မြန်မှုနဲ့ ဒီလိုခွန်အားတွေကို ရတာများလား ” ချိန်ဟန်သည် အံ့အားသင့်ကာ တွေးတောနေသည်။ သူ၏အင်္ကျီလက်ကိုခါလိုက်သောအခါ ပိုင်ရှောင်ချန်း၏တိုက်ကွက်များကိုကာကွယ်ရန် မြူခိုးများထွက်လာသည်။

ပိုင်ရှောင်ချန်းကမူ ဒဏ်ရာများကို ဂရုမစိုက်ဘဲ တစွတ်ထိုးဆက်လက်တိုက်ခိုက်နေသဖြင့် ချိန်ဟန်၏မျက်နှာမှာ သွေးဆုတ်ဖြူရော်လာနေသည်။

” ကြောက်စရာအကောင်းဆုံးက သူ့ရဲ့ဒဏ်ရာသက်သာတဲ့နှုန်းပဲ။ သူက ချီစုစည်းမှုအဆင့်ရှစ်မှာရှိပေမယ့် ကြာလာရင် ငါက သူ့ပြိုင်ဘက် မဟုတ်တော့ဘူး ” ချိန်ဟန်သည် ဒဏ်ရာပြင်းထန်စွာ ရထားပါလျက် ပြင်းထန်သောတိုက်ကွက်များကို မည်သို့ထုတ်နိုင်လဲဆိုသည်ကို တွေး၍မရအောင် ဖြစ်နေသည်။ ဤကဲ့သို့ ထိခိုက်ဒဏ်ရာများနှင့် ပုံမှန်လူတစ်ယောက်သာဆိုလျှင် မေ့မျောနေမည်မှာ သေချာသည်။

ကံမကောင်းစွာပင် ပိုင်ရှောင်ချန်းမှာ မီးစာကုန်ခါနီး အစွမ်းကုန်တောက်လောင်နေသော မီးတောက်တစ်ခုသာဖြစ်သည်။

” ဒီတိုက်ပွဲကို မြန်မြန်အဆုံးသတ်ပြီး သူ့ကိုသတ်မှရမယ်။ ဒါမှ ဇယားတွေထပ်မရှုပ်တော့မှာ။”

ချိန်ဟန်ကအေးစက်စက်မျက်လုံးများဖြင့်ကြည့်ကာ တွေးတောနေသည်။ ထိုစဉ် ပိုင်ရှောင်ချန်း၏မျက်လုံးများမှာ အရောင်လက်သွားပြီး နောက်သို့ဆုတ်ကာ ခရမ်းရောင်ချီဒယ်စောက်အိုးဆင့်ခေါ်နည်းကို လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်ဖော်လိုက်သည်။ ထိုအခါ ဒယ်စောက်အိုးကြီးတစ်လုံးပေါ်ထွက်လာပြီး ချိန်ဟန်ဆီသို့ ပျံဝဲသွားသည်။

ထိုအခါ ချိန်ဟန်၏မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားပြီး သူ့ဘေးနားရှိမြူခိုးများက လက်ဝါးကြီးတစ်ခုအသွင်ပြောင်းလဲသွား၍ ဒယ်စောက်အိုးဆီသို့ ပျံဝဲသွားသည်။ ထိုနှစ်ခုတိုက်မိသွားသောအခါ ဒယ်စောက်အိုးကြီးမှာ အစွမ်းများမရှိနေသည့်အလား ချက်ချင်း ပြိုကွဲသွားသည်။

ချိန်ဟန်မှာ သူအလိမ်ခံလိုက်ရပြီဆိုတာ ချက်ချင်းသဘောပေါက်သွားသည်။ သို့သော်လည်း သူကစိတ်အနှောင့်အယှက်ဖြစ်သော အမူအရာမပြသည့်အပြင် သူ၏မျက်လုံးများက တောက်ပစွာ လင်းလက်သွားသည်။

” အနီရောင်နတ်ဆိုးမှော်အတတ် ” သူက အေးစက်စွာရေရွတ်လိုက်သ​ည်။ ချက်ချင်းပင် အနီရောင်အလင်းတန်းများစွာပေါ်ထွက်လာပြီး သူ၏အသားအရည်မှာ ကြက်သွေးရောင်သို့ ပြောင်းလဲသွားသည်။

ထိုအချိန်တွင် ပိုင်ရှောင်ချန်းသည် လေပေါ်သို့ခုန်တက်ကာ သူ၏ဘယ်ဖက်ခြေထောက်ဖြင့် ချိန်ဟန်ကို အားပြင်းပြင်းလှမ်းကန်လိုက်သည်။

ချိန်ဟန်ကမူ အေးစက်စက်ရယ်လိုက်ရင်း သူ၏ညာလက်ဖျံဖြင့် ထိုကန်ချက်ကိုကာကွယ်လိုက်သ​ည်။

ဘုန်း …..

မိုးခြိမ်းသံကဲ့သို့အသံနောက်တွင် အက်ကွဲသံများပေါ်ထွက်လာသည်။ ပိုင်ရှောင်ချန်းကမူ မျက်ရည်များစီးကျရင်း နောက်သို့ ဒယိမ်းဒယိုင်ဆုတ်ခွာသွားသည်။ သူ၏ရင်မှာ တဒိန်းဒိန်းခုန်နေတော့သည်။

” ဘာကိစ္စ ဒီကောင်ချက်ချင်းကြီး သန်မာသွားရတာလဲ။ ဘာတဲ့ အနီရောင်နတ်ဆိုးမှော်အတတ်ဟုတ်လား။ သူ့အသားအရည်က နီသွားပြီး သောက်ကျိုးနည်းတွေ အင်အားကြီးသွားတာပဲ။ ” ပိုင်ရှောင်ချန်းက တအံ့တသြ တွေးတောနေသည်။ နာလွန်းလှ၍ သူ့နှလုံးသားများပင် တုန်ခါနေတော့သည်။ သူ၏ဘယ်ဘက်ခြေထောက်မှာ မြင်မကောင်းအောင် လိမ်ခေါက်နေသည်။ အပေါ်ယံအရေပြားမှာ ဘာမှမဖြစ်သော်လည်း အတွင်းပိုင်းရှိအသားစများမှာ စုတ်ပြဲနေပြီး အရိုးများက ကျိုးကြေနေပြီဖြစ်သ​ည်။ သူသည် ပင်ပန်းလွန်းလှ၍ အသက်ရှူသံများပင် မမှန်ချင်တော့။ သူ၏ဒဏ်ရာများမှာ အသက်ရှူလိုက်တိုင်း ပိုမိုဆိုးရွားလာသည်။ ပိုင်ရှောင်ချန်းမှာ ဆက်၍ပင်တိုက်ခိုက်နိုင်စွမ်းမရှိတော့ပေ။ ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်မှာ အလိုအလျောက် ပြန်ကောင်းလာကြောင်း သူ သတိထားမိလိုက်သည်။ ထူးဆန်းစွာ ပြန်လည်ဖြည့်တင်းလာသည့်စွမ်းအင်များကြောင့် သူ၏ဆိုးရွာသောဒဏ်ရာများပင်လျှင် တဖြည်းဖြည်းချင်း ပြန်ကောင်းလာသည်ကိုမြင်လိုက်ရသ​ည်။ သူ တပ်အပ်မပြောနိုင်သော်လည်း ထိုသို့ဖြစ်ရခြင်းမှာ ထာဝရအသက်ရှည်နည်းပညာရပ်ကြောင့် ဖြစ်ကြောင်း တွေးလိုက်သ​ည်။

ချိန်ဟန်၏ ညာလက်မှာ ထိခိုက်မှုမရှိဟုထင်ရသောလည်း အနီးကပ်ကြည့်လိုက်ပါက တုန်ခါနေသည်ကိုမြင်ရမည်ဖြစ်သည်။ သူ၏အသားအရေမှာ ပို၍ပင်နီမြန်းလာပြီး အတွင်းရှိအရိုးများမှာ ကျိုးကြေနေပြီဖြစ်သ​ည်။

” မင်းမှာ အပြင်အားကျင့်ကြံနည်းရှိသလို ငါ့လောချိန်မျိုးနွယ်စုမှာလည်းရှိတယ် ” ချိန်ဟန်က အော်ဟစ်ရင်း ပိုင်ရှောင်ချန်းထက်မြန်သောအရှိန်ဖြင့် ရှေ့သို့ပြေးလာသည်။ သူ့ကိုကြည့်ရသည်မှာ အဆုံးမရှိသောစွမ်းအားများပိုင်ဆိုင်ထားသည့် လုံးဝကွဲပြားသောလူတစ်ယောက်အလား ဖြစ်သွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုတောနက်ကြီးထဲတွင် ကြောက်မက်ဖွယ်တိုက်ခိုက်မှုကြီး နောက်တစ်ခု ထပ်ဖြစ်လာတော့သည်။

တဝုန်းဝုန်းမြည်ဟည်းသံများ ဆက်တိုက်ပေါ်ထွက်နေသည်။ ပိုင်ရှောင်ချန်း၏ ညာ​ခြေထောက်မှာ အလွန်အမင်းနာကျင်နေပြီဖြစ်ပြီး ဘယ်ခြေထောက်ရှိ အရိုးများမှာ ကျိုးကြေနေပြီဖြစ်၏။ မတ်တပ်ပင်ကောင်းကောင်း မရပ်နိုင်တော့ပဲ အဘက်ဘက်မှ အားအင်ချိနဲ့လာတော့သည်။

သေမင်း၏အငွေ့အသက်များက ပိုမိုကြီးမားလာသည့်အလား သူခံစားနေရသည်။ ဤချိန်ဟန်ဆိုသောလူကမမိ သူ၏လက်ကရောက်သွားသည်။

ထိုတိုက်ကွက်ကိုသူမြင်ဖူးပြီးသားဖြစ်၍ ချိန်ဟန်၏မျက်လုံးများက အရောင်လက်သွားသည်။ သူက ထိုတိုက်ကွက်ကိုရင်ဆိုင်ရန် အသင့်ပင်။ ပိုင်ရှောင်ချန်း၏ညာလက်က သူ့နားသို့ရောက်လာသောအခါ အနီရောင်အလင်းတန်းများပေါ်ထွက်လာသည်။ ချိန်ဟန်က ပိုင်ရှောင်ချန်း၏ညာလက်ကို လှမ်းဖမ်းလိုက်ပြီး ချိုးလိုက်လေသ​ည်။ အက်ကွဲသံများပေါ်ထွက်လာပြီး ပိုင်ရှောင်ချန်း၏ လက်မှာ ကြေမွသွားတော့သ​ည်။

ချိန်ဟန် မျက်မှောင်ကြုံသွားသည်။ ဤလောက်လွယ်ကူလှမည်ဟု သူမထင်ထားချေ။ သို့သော်လည်း ပိုင်ရှောင်ချန်းအရင်က သူ့ကိုယ်မမမမမိမမမမကိုအထိခိုက်ခံကာ စွမ်းအားကြီးတိုက်ကွက်များထုတ်သုံးခဲ့သမမမမမမမမမည်များကို ပြန်မှတ်မိသွားသောအခါ ချိန်ဟန်မှာ တုန်လှုပ်သွားတော့သည်။ သူကချက်ချင်းပင် နောက်သို့ဆုတ်လိုက်ပြီး သူ၏လည်ပင်းကို ဖမ်းမမိစေရန် ရှောင်ရှားလိုက်သ​ည်။

ထိုအချိန်မှာပင် ပိုင်ရှောင်ချန်း၏ဘယ်လက်မှာ အနက်ရောင်အလင်းတန်းများဖြင့်တောက်ပလာပြီး ချိန်ဟန်၏လည်ပင်းကိုကျော်ကာ သူ၏ပုခုံးကိုဆုတ်ကိုင်လိုက်တော့သည်။

လည်မျိုဖမ်းဆုပ်ကွက်၏ စွမ်းအင်များကပေါက်ထွက်လာပြီး အက်ကွဲသံတစ်သံထွက်ပေါ်လာသည်။

ချိန်ဟန်၏မျက်နှာမှာ သွေးပြတ်နေပြီး မျက်နှာပေါ်မှ ချွေးများစီးကျလာတော့သည်။ သူ၏ဘယ်ဖက်ပခုံးရိုးများမှာ ကြေမွသွားပြီး နာကျင်လွန်းလှ၍ အော်ဟစ်နေတော့သ​ည်။

သူကကြီးမားသောစွမ်းအားများထုတ်ပြီး ပိုင်ရှောင်ချန်း၏ဘယ်လက်ကိုဖမ်းဆုတ်လိုက်သောအခါ သူ့ဘေးတစ်ဝိုက်တွင် အနီရောင်အလင်းတန်းများ တလက်လက်ထလာသည်။ ပိုင်ရှောင်ချန်းက သူ့လက်ကိုပြန်ရုတ်လိုက်သော်လည်း ချိန်ဟန်မှာပြန်လွန်းလှ၍ တစ်ခဏအတွင်းတွင် သူ၏လက်က ပိုင်ရှောင်ချန်း၏လက်ကို ဖမ်းဆုတ်နိုင်လိုက်သ​ည်။

“သေစမ်းကွာ။” ချိန်ဟန်းက နီမြန်းနေသောမျက်လုံးများဖြင့်ကြည့်ကာ မန္တန်လက်ကွက်တစ်ခုကိုဘယ်လက်ဖြင့်ဖော်လိုက်ပြီး ပိုင်ရှောင်ချန်း၏နဖူးကို ထိရန် လက်ကိုဆန့်ထုတ်လိုက်သ​ည်။

ပိုင်ရှောင်ချန်း၏မျက်လုံးများမှာ တောက်ပသွားပြီး သူကဘေးဖက်သို့ ခန္ဓာကိုယ်ကိုတိမ်းစောင်းကာရှောင်လိုက်သဖြင့် သူ၏ဘက်လက်ထဲရှိ အရိုးများက ဂျွတ်ခနဲကျိုးသွားသ​ည်။ ထို့နောက်သူက ညာခြေထောက်ဖြင့် ချိန်ဟန်၏ခန္ဓာကိုယ်ကို ဆောင့်ကန်လိုက်သည်။

ထိုအခါ ချိန်ဟန်မှာနောက်သို့လွင့်စင်သွားပြီး ပါးစပ်ထဲမှသွေးများပန်းထွက်လာသည်။ ပိုင်ရှောင်ချန်းလက်ကို ဖမ်းဆုတ်ထားသည်ကိုလည်း လွှတ်လိုက်ရတော့သည်။ ထိုအခါ ပိုင်ရှောင်ချန်းမှာလည်း လျှင်မြန်စွာနောက်သို့ဆုတ်လိုက်တော့သည်။

ချက်ချင်းပင် သူတို့ကြားတွင် မီတာ၃၀လောက်ခြားသွားတော့သည်။ ပိုင်ရှောင်ချန်း၏ လက်နှစ်ဖက်လုံးမှာ ကျိုးနေပြီဖြစ်သည်။ ညာဖက်လက်မှာ ရစရာမရှိအောင် စုတ်ပြတ်နေပြီဖြစ်ပြီး ဘယ်လက်မှာ အဆိုးအရွားကြီးမဟုတ်သော်လည်း လက်ချောင်းတွေမှာ လိမ်ခေါက်နေပြီဖြစ်၍ လက်မျိုဖမ်းဆုပ်ကွက်ကို ထုတ်သုံးရန်မဖြစ်နိုင်တော့ပေ။

သူ၏ ခြေထောက်နှစ်ဖက်မှာလည်း တုန်ရီနေသည်။ ဘယ်ခြေထောက်မှာ ပုံပျက်ပန်းပျက် လိမ်ခေါက်နေပြီး ညာခြေထောက်မှာ သွေးများဖြင့်စိုရွှဲနေသ​ည်။ သူစောစောက ဆောင့်ကန်လိုက်သည့်အတွက် ဆိုးရွားစွာဒဏ်ရာရရှိလာခြင်းဖြစ်သည်။

ပိုင်ရှောင်ချန်းမှာ မတ်တပ်ပင် ကောင်းကောင်းမရပ်န်ိုင်တော့ပဲ သစ်ပင်တစ်ပင်ကိုမှီနေရသည်။ သတိလစ်သွားမည်စိုး၍ လျှာကိုပင်ကိုက်ထားရလေသ​ည်။ သူ၏ ဂိတ်ဆုံးအမှတ်သို့ ရောက်နေပြီဖြစ်သ​ည်။ သူတကယ်လှုပ်ရှားမှုပြုနိုင်သည်မှာ သူ၏ဘယ်ဖက်လက်မောင်းသာရှိတော့သ​ည်။ ကျန်တစ်ကိုယ်လုံးမှာ ထုံထိုင်းနေသော်လည်း သူ့ပုံစံမှာ ဆက်၍တိုက်ခိုက်ချင်သည့် ပုံစံပေါက်နေသေးသည်။

ချ်ိန်ဟန်၏မျက်လုံးကမူ နီရဲနေပြီဖြစ်သည်။ သူ၏ဘယ်ဖက်ပုခုံးမှာ မီးလောင်နေသည့်အလားနာကျင်နေပြီး ညာလက်ကိုမူ မြှောက်၍ပင်မရတော့။ သူ၏နံရိုးများစွာမှာ ကျိုးကြေနေပြီး ပါးစပ်ထဲမှ သွေးများက အဆက်မပြတ်စီးကျနေသည်။

” ငါမင်းကိုလျှော့တွက်မိတာပဲကွ။” သူကပိုင်ရှောင်ချန်းကို စိုက်ကြည့်ရင်း အော်ပြောလိုက်သ​ည်။ သူ၏ကျင့်ကြံခြင်းအခြေခံအဆင့်နှင့် ထိခိုက်ဒဏ်ရာရထားသော ပိုင်ရှောင်ချန်းကို အ​သေသတ်ရန် ဤမျှလောက်ခက်ခဲမည်ဟုမထင်ထားပေ။ ပိုင်ရှောင်ချန်း၏ အပြင်အားကျင့်စဥ်နည်းများကြောင့် လျှို့ဝှက်ထာဝရမှော်အတတ်များပေါ်လာသည့်အတွက် ထိုကဲ့သို့ပြင်းထန်သောဒဏ်ရာများရနေသည့်တိုင် ဆက်လက်အသက်ရှင်နေခြင်းဖြစ်သည်။

သူ့ကိုရင်ဆိုင်ရန် ချိန်ဟန်မှာ အနီရောင်နတ်ဆိုးမှော်အတတ်ပင် အပါအဝင် သူ့ဆီမှာရှိသမျှ ပညာရပ်များကို ထုတ်သုံးပြီးပြီဖြစ်သ​ည်။

” ကောင်းပြီ။ ဒီတိုက်ပွဲကိုအဆုံးသတ်ဖို့ အချိန်တန်ပြီ။ ” ချိန်ဟန်က အသက်ပြင်းပြင်းရှူရင်း ပြောလိုက်သ​ည်။

ချက်ချင်းပင်သူ၏ အရေပြားပေါ်ရှိ အနီရောင်များမှာ အငွေ့ပျံသွားပြီး မြူခိုးများအဖြစ်ပြောင်းလဲသွားကာ လေထဲသို့တက်သွားသ​ည်။ သူ၏အသားအရည်မှာ ပုံမှန်အရောင်ပြန်ဖြစ်သွားပြီး သူ ဆိုးရွားစွာအားပျော့သွားဟန်ရှိသည်။ ဤတိုက်ပွဲက ချိန်ဟန်အတွက် ခက်ခဲလှသ​ည်။ သူ့ပြိုင်ဘက်၏ အသက်ရှင်သန်လိုစိတ်၊ ခန္ဓာကိုယ်ပြန်ကောင်းလာနိုင်စွမ်းနှင့် မိမိကိုယ်ကိုအနာခံကာ တိုက်ကွက်များကိုထုတ်သည့်ပုံစံများမှာ တုန်လှုပ်ဖွယ်ကောင်းလှသည်။

“အနီရောင်နတ်ဆိုးလျှို့ဝှက်မှော်အတတ်…. သွေးဓားမော့တိုက်ကွက်….”

ချိန်ဟန်က သူ့လျှာကိုကိုက်ပြီး သွေးများကိုထွေးထုတ်လိုက်သည်။ ထိုသွေးများက စောစောက သွေးရောင်မြူခိုးများနှင့်ပေါင်းစပ်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သွေးရောင်ဓားရှည်တစ်ချောင်းအဖြစ်ပြောင်းလဲသွားသည်။

ထိုဓားရှည်ကြီးမှာ သုံးမီတာကျော်ရှည်လျားပြီး ညှင်းပမ်းနှိပ်စက်ခံရသည့်အတွက် အော်ဟစ်နေသည့် မျက်နှာများဖြင့် ဖုံးလွှမ်းထားသည်။ ချိန်ဟန်က သူ၏လက်ချောင်းကိုဝှေ့ယမ်းလိုက်သောအခါ ထိုသွေးရောင်ဓားရှည်ကြီးက ပိုင်ရှောင်ချန်းဆီသို့ ရွေ့လျားသွားသည်။

ထို လျှို့ဝှက်မှော်အတတ်ကို ထုတ်သုံးလိုက်ရသည့်အတွက် ချိန်ဟန်မှာ အားအင်ဆုတ်ယုတ်သွားရာ လဲကျမသွားအောင် အနီးနားရှိသစ်ပင်ကိုပင် လှမ်းကိုင်ထားရသည်။ သူ၏မျက်နှာမှာ ဖြူဖတ်ဖြူရော်ဖြစ်နေပြီး ဆံပင်အချို့ပင် အဖြူရောင်သို့ပြောင်းသွားပြီဖြစ်သည်။

” သေစမ်းကွာ ” သူက ပိုင်ရှောင်ချန်းကို ဒေါသတကြီးစိုက်ကြည့်ရင်း အော်ဟစ်လိုက်သ​ည်။

သူဘယ်လောက်ကြိုးစားကြိုးစား ထိုတိုက်ကွက်ကိုရှောင်ရှားနိုင်မည်မဟုတ်ကြောင်း သိလိုက်ရသောအခါ ပိုင်ရှောင်ချန်းမှာ တုန်လှုပ်နေတော့သည်။ သူဘာလုပ်မှန်းမသိတော့အောင် အခက်တွေ့နေပြီဖြစ်သ​ည်။

ထိုသွေးရောင် ဓားရှည်ကြီး နီးလာသောအခါ သူ၏ရှေ့ရှိ မြေကြီးမှာ အက်ကွဲကြောင်းများထသွားပြီး သူ၏နောက်က သစ်ပင်မှာမူ ခြောက်ကပ်သွားလေသ​ည်။ ထို့နောက် ထိုဓားကြီးက သူ့ဆီဝင်ရောက်လာ၏။

ပိုင်ရှောင်ချန်းမှာ တုန်လှုပ်သွားပြီး မျက်လုံးအိမ်များ ကျဥ်းသွားသ​ည်။ သူသည်သေရမှာကိုကြောက်ရွံ့နေပြီး မသေချင်သေးပေ။ သို့သော်လည်း ထာဝရအသက်ရှည်နည်းပညာရပ်မှ ခန္ဓာကိုယ်အား ပြန်လည်ဖြည့်ပေးသည့်အစွမ်းများမှာ ကောင်းကင်ဘုံကပေးစွမ်းသောအရာမဟုတ်၍ သူ၏လက်ရှိဒဏ်ရာများကို မကုသနိုင်ပေ။

သို့သော် ထိုဓားကြီး သူ့ဆီကျလာသောအခါ ရုတ်တရက် အကြံရသွားသည်။ သူသည် တစ်စက္ကန့်မှ တွေဝေမနေပဲ ဘယ်လက်ကိုဝှေ့ယမ်းလိုက်သောအခါ အနက်ရောင်အလင်းတန်းတစ်ခုပေါ်ထွက်လာသည်။ မျက်စိတစ်မှိတ်အတွင်းတွင် ထိုအလင်းတန်းကကြီးကြီးလာပြီး ဒယ်အိုးတစ်လုံးအသွင်ပြောင်းလဲသွားသည်။

ထိုအရာမှာ လိပ်ပုံစံဒယ်အိုးလေးပင် ဖြစ်သည်။

ထိုဒယ်အိုးလေးပေါ်လာသောအခါ သွေးရောင်ဓားရှည်ကြီးက ထိုဒယ်အိုးကိုခုတ်မိသွားပြီး ကျယ်လောင်သောအသံတစ်သံထွက်ပေါ်လာသည်။ ထိုသွေးရောင်ဓားမှာ ပြင်းထန်စွာတုန်ခါသွားပြီး အပိုင်းပိုင်းကြေမွသွားတော့သည်။

လိပ်ပုံစံဒယ်အိုးလေးမှာမူ ခြစ်ရာတစ်ခုပင် မထင်ချေ။ သို့သော်လည်း ရိုက်ခတ်မှုအားကြောင့် ထိုဒယ်အိုးမှာ အနက်ရောင်အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားပြီး ပိုင်ရှောင်ချန်းဆီသို့ ပြန်ဝင်သွားသည်။

“မဖြစ်နိုင်တာ။” ချိန်ဟန်မှာ တုန်လှုပ်စွာ ရေရွတ်လိုက်ပြီး ပါးစပ်ထဲမှသွေးများပန်းထွက်လာသည်။ ထိုမှော်အတတ်ကိုထုတ်သုံးခဲ့သည့်အတွက် အားနည်းနေသည့်အပြင် ပျက်စီးသွားသည့်အတွက် ထွက်လာသော တုံ့ပြန်လှိုင်းများက သူ့ကိုရိုက်ခတ်လိုက်သဖြင့် သူ၏စိတ်စွမ်းအင်မှာအငွေ့ပျံကုန်ပြီး အမြင်အာရုံမှာဝေဝါးသွားတော့သ​ည်။

” ဘာ…ဘာကြီးလဲ အဲဒါက ”

” ခွေးကောင်…လိပ်ခွံလေကွာ ” ပိုင်ရှောင်ချန်းက အသက်မျော့မျော့ရှူရှိုက်ရင်း နေရာမှာပင်ရပ်ကာ ဒေါသတကြီး အော်ပြောလိုက်သ​ည်။ သူ၏ပါးစပ်ထောင့်စွန်းမှ သွေးများစီးကျလာပြီး မတ်တတ်ရပ်နေရင်း ရှေ့နောက်ယိမ်းထိုးနေတော့သည်။ သူကနောက်သို့ဆုတ်လိုက်ပြီး သစ်ပင်တစ်ပင်ကိုမှီကာ ထိုင်ချလိုက်ပြီး ခါးသက်စွာရယ်မောလိုက်သည်။

“လက်နက်တွေမရှိတော့တာ နာလိုက်တာ ” ဟုရေရွတ်လိုက်သည်။

သူ၏အသက်ဓာတ်များ တဖြည်းဖြည်းပျောက်ကွယ်နေသည်ကို သိနေသည်။ သူ၏ အမြင်အာရုံမှာလည်း ဝေဝါးနေပြီဖြစ်သ​ည်။ သစ်သားဓားကိုထုတ်ရန်တွေးလိုက်ပါသော်လည်း ခွန်အားမကျန်တော့ပေ။ လိပ်ပုံစံဒယ်အိုးလေးကို ထုတ်လိုက်ရသည့်အတွက် သူ၏နောက်ဆုံးကျန်သော စိတ်စွမ်းအင်များ ကုန်ခမ်းသွားပြီဖြစ်သည်။ သူ၏ထည့်စရာအိတ်ကိုပင် မဖွင့်နိုင်တော့ပေ။

” မင်းဘာလျှို့ဝှက်ချက်တွေရှိရှိ ငါဂရုမစိုက်ဘူး။ မင်းသေတာနဲ့ အဲဒီပစ္စည်းတွေအားလုံး ငါပိုင်ပြီ ”

ချိန်ဟန်က အသက်ကိုခပ်မျှင်းမျှင်းရှူရင်း ပြောလိုက်သည်။ သူက ပိုင်ရှောင်ချန်းထက် အခြေအနေကောင်းသော်လည်း သူ၏ပုံစံမှာ မီးငြိမ်းတော့မည့် ရေနံဆီမီးအိမ်တစ်လုံးအလားပင်။ အချိန်အနည်းငယ်ကြာပြီးနောက် သူကကုန်းရုန်းထလိုက်ပြီး သူ၏ထည့်စရာအိတ်ထဲမှ ဓားရှည်တစ်ချောင်းကို ထုတ်ကာကိုင်လိုက်ပြီး ပိုင်ရှောင်ချန်းဆီသို့ လျှောက်လာတော့သည်။

ပိုင်ရှောင်ချန်းကမူ သူ့ကိုအသက်မပါသောမျက်လုံးများဖြင့်ကြည့်လိုက်သ​ည်။ ရွာမှာရှိစဉ်က အကြောင်းများကို သူတွေးမိသွားပြီးနောက် ဆက်လက်၍ အစ်ကိုဖက်တီးကျန်းကြီးအ​ကြောင်းကိုတွေးမိသွားသ​ည်။ လီချင်းဟောက်၊ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် အခြားသူသိသော လူများဖြစ်သည့် တုလင်ဖေး၊ ဟိုယွင်ဖေးနှင့် ဟိုရှောင်မေ့တို့အကြောင်းများက သူ့ခေါင်းထဲသို့ဝင်လာသည်။

ချိန်ဟန်သည် တရွေ့ရွေ့ ချည်းကပ်လာပြီး သေခြင်းတရားအခိုးအငွေ့များထွက်နေသော ပိုင်ရှောင်ချန်းကို ငုံ့ကြည့်လိုက်သည်။ ပိုင်ရှောင်ချန်းမှာ ဒဏ်ရာပြင်းထန်စွာ ရရှိနေပြီး သူ၏ထည့်စရာအိတ်ကိုဖွင့်ရန်ပင် စိတ်စွမ်းအင်မရှိတော့ကြောင်း သိလိုက်သည်။

“ငါ့နာမည်ကိုမှတ်ထား… မင်းကိုသတ်လိုက်တဲ့လူရဲ့နာမည်က လောချိန်မျိုးနွယ်စုက ချိန်ဟန်ပဲ ” သူက ထိုသို့ပြောရင်း ဓားကိုလေပေါ်သို့ မြှောက်လိုက်သည်။ ပုံမှန်ဆိုလျှင် ဓားကို အင်္ကျီလက်ခါရုံဖြင့် ပျံဝဲစေနိုင်ပါသော်လည်း ယခုမှာမူ ထိုဓားမှာ အလွန်တရာ လေးလံနေတော့သ​ည်။

” လက်ရွေးစင်တစ်ယောက်ကို သတ်ရတာ တော်တော်အရသာရှိတာပဲ ”

ချိန်ဟန်သည် ပင်ပန်းလွန်းလှ၍ မေ့မျောလုနီးပါးဖြစ်နေသော်လည်း ပိုင်ရှောင်ချန်း၏ရင်ဘတ်ကို ဓားဖြင့်ထိုးချလိုက်သောအခါ သူ၏မျက်လုံးများမှာ ရက်စက်သည့်အရိပ်အယောင်များဖြင့် တောက်ပနေသည်။

သို့သော် ထိုသို့သူထိုးချလိုက်ချိန်တွင် ပိုင်ရှောင်ချန်းက သူ၏ဘယ်လက်ကို ယမ်းလိုက်ကာ မြေကြီးပေါ်သို့ရိုက်ချလိုက်သည်။ ထိုအခါ အရိုးများကျိုးသွားပြီး အရိုးတစ်ချောင်းမှာ သူ၏အရေပြားကိုဖောက်ကာ သုံးလက်မခန့် အပြင်သို့ငေါထွက်လာသည်။

ထို့နောက်သူက မတ်တတ်ရပ်လိုက်ကာ သူ၏ဘယ်လက်ကို ရ်ှိသမျှခွန်အားအကုန်သုံး၍ ရှေ့သို့ရိုက်ချလိုက်တော့သ​ည်။ ဓားကသူ့ရင်ဘတ်ထဲသို့စိုက်ဝင်သွားသောအခါ သူ၏လက်မောင်းက ချိန်ဟန်၏လည်ပင်းကိုရိုက်မိသွားပြီး ငေါထွက်နေသောအရိုးကမူ ချိန်ဟန်၏လည်မျိုထဲသို့ စိုက်ဝင်သွားတော့သည်။

ထို့နောက်ပိုင်ရှောင်ချန်းမှာ မြေကြီးပေါ်သို့လဲကျသွားပြီး အားအင်ကုန်ခမ်းကာ သတိမေ့မျောသွားတော့သည်။

ချိန်ဟန်မှာ တုန်လှုပ်သွားတော့သည်။ အဖြစ်ပျက်များက မြန်ဆန်လွန်း၍ သူတုံ့ပြန်ချိန်ပင်မရလိုက်ချေ။ ထို့အပြင် သူ့မှာ ရှောင်ရှားရန် ခွန်အားမရှိတော့ပေ။ အရိုးကသူ၏လည်ပင်းထဲသို့စိုက်ဝင်သွားသောအခါ သွေးများကမြေကြီးပေါ်သို့စီးကျလာသည်။ ဒဏ်ရာကိုလက်နှင့်အုပ်လိုက်ပါသော်လည်း မထူးတော့ပေ။ ပိုင်ရှောင်ချန်း၏ လက်မောင်းထဲမှငေါထွက်နေသော အရိုးပေါ်ရှိ သူ၏သွေးစက်များကိုကြည့်လိုက်ရင်း ဖြစ်ပျက်သွားသည်များကို အံ့သြရုံမှလွဲ၍ မတတ်နိုင်တော့ချေ။ အရှုံးမပေးလိုသောအကြည့်များ၊တောက်ပနေသော မျက်လုံးများဖြင့် သူ၏ အိပ်မက်များနှင့် ပန်းတိုင်များကို ပြန်တွေးလိုက်ရင်း ခါးသက်စွာရယ်မောလိုက်သည်။

” သြော်…ဒါကမင်းရဲ့ နောက်ဆုံးတိုက်ကွက်ပေါ့။ ဟုတ်လား…” သူက ထိုသို့ရေရွတ်ရင်း ဒယိမ်းဒယိုင်ဖြင့် နောက်သို့လန်သွားပြီး မြေကြီးပေါ်သို့လဲကျသေဆုံးသွားသ​ည်။ သူ၏မျက်လုံးများကမူ ကောင်းကင်ကြီးကိုကြည့်နေတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset