အပိုင်း (၄၉၉)

ကစားပွဲအနိုင်ရသွားသောဝံပုလွေ

ကြီးမားသော ဖိအားက တိမ်တိုက်ကိုးခု နန်းတော် တစ်ခုလုံးကို လွှမ်းခြုံထားသည်။ ကျင်းချန်းဖုန်းက သူ့ရှေ့မှ လူများကို အေးစက်စွာ ကြည့်နေသည်။ ယခု အခြေအနေသို့ တွန်းပို့ခဲ့သည်က သူ၏စိတ်နေ သဘောထားကြောင့်သာ မဟုတ်ပေ။ မည်သို့ဆိုစေ သူကား ကလန်ခေါင်းဆောင် တစ်ယောက်ဖြစ်ရာ အကျိုးနှင့်အကြောင်းကို ချိန်ဆကာ ဆုံးဖြတ်ချက်များ ချရသည်။

တခြား အခြေအနေများ မရှိခဲ့လျှင် သူ၏မြေး တစ်ယောက်အား စတေးရန် သူဝန်လေးမည် မဟုတ်ပေ။ သို့သော်လည်း ယခု ဖြစ်ပျက်နေသော အခြေအနေက လူတစ်ယောက်ကို စတေးရုံမျှဖြင့် ပြီးသွားမည့်ကိစ္စ မဟုတ်ပေ။

ကျောင်းအုပ်ချန်းအား ကျင်းချန်းဖုန်းက ကောင်းကောင်း သိသည်။ ကြယ်မင်းကျောင်းနှင့် ကျင်းကလန်က နှစ်ပေါင်း မရေမတွက်နိုင်အောင် လက်တွဲလာခဲ့ကြပြီး ဖြစ်ကာ ကျင်းကလန်က ကြယ်မင်းကျောင်းတွင် ခိုင်မာစွာ အမြစ်တွယ်နေခဲ့ပြီး ဖြစ်သည်။ သို့သော် ကျင်းချန်းဖုန်းကား ကြယ်မင်းကျောင်းကို သန့်စင်ကာ ကလန်များအကြား အာဏာလုသည့် ကစားကွင်းတစ်ခု ဖြစ်စေလိုခြင်း မရှိပေ။ လောင်ရီထျန်း အောင်မြင်ပြီး နောက်ပိုင်း ထိပ်သီးကျောင်း သုံးကျောင်းက ထွန်းပြောင်ခြင်း မရှိခဲ့ပေ။ သို့သော် ချန်းယွန်၏ အမြင်တွင် လောင်ရီထျန်းက ကျောင်း၏ တကယ့်ဆက်ခံသူအစစ် မဟုတ်ဘဲ လောင်မိသားစုဝင် ဖြစ်နေခြင်းက နောင်တရစရာ ကောင်းသော အချက်လည်း ဖြစ်သည်။

ရီဖူရှင်းမူကား ကွဲပြားသည်။ သူက မျိုးရိုးနာမည် ရီ ဖြစ်သည်။ သူကား ငယ်ရွယ်သော်လည်း လောင်ရီထျန်းပင် မစွမ်းဆောင်နိုင်သော သိုင်းပညာကံစွမ်းအား လျှို့ဝှက်ဘုံကို ပြိုလဲစေခဲ့သည်။ သူက ကြယ်မင်းကျောင်း၏ အမြင့်ဆုံး ဂုဏ်ထူးဆောင်ဘွဲ့ကို ချီးမြှင့်ခံရသည်။ ချန်းယွန်က ရှန့်ထိုတန်ခိုးရှင် တစ်ယောက် မွေးဖွားစေလိုနေကာ ရီဖူရှင်းကလည်း သူ့အား စိတ်ပျက်စေခြင်း မရှိခဲ့။

ထို့ကြောင့် တစ်နေ့တွင် ရီဖူရှင်းက ကျောင်း၏အဓိက ထောက်တိုင် သို့မဟုတ် ခေါင်းဆောင် ဖြစ်လာသော အချိန်တွင် ကြယ်မင်းကျောင်း အတွင်း၌ ကလန်များ၏ လွှမ်းမိုးမှုများက ကျဆင်းသွားမည်မှာ သေချာသည်။ သို့သော် ကျင်းကလန်မူကား ကွဲပြားသည်။ နဂါးကလန်နှင့် ကုကလန်တို့က ရီဖူရှင်းကို မူလကတည်းက ထောက်ခံ အားပေးသူများ ဖြစ်ခဲ့ကြရာ သူတို့အပေါ် အကျိုးသက်ရောက်မှုက နည်းသွားမည် ဖြစ်သည်။ သို့သော် ကျောင်းမှ တကယ်တမ်း ဖယ်ကြဉ်ခံရမည်ကား ကျင်းကလန် ဖြစ်မည်မှာ သံသယရှိစရာပင် မလို။

ကျင်းယွန်ရှောင်းက သူလုပ်ခဲ့သည်များကို ကလန်ကို ဘာတစ်ခုမှ ပြောခဲ့ခြင်း မရှိခဲ့သည့်တိုင် ကလန်က သူ၏လှုပ်ရှားမှုကို ယခင်ကတည်းက သိသည်သာ။ သို့သော် သူတို့ တကယ်တမ်း တားဆီးလိုပါက သတိပေး တားမြစ်ခြင်း တစ်ခုက အရာအားလုံးကို တားဆီး နိုင်ပေလိမ့်မည်။ သို့သော် သူမတားခဲ့။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူတို့က ထိုလုပ်ကြံမှု အောင်မြင်ရန် တိတ်တခိုး မျှော်လင့်နေခဲ့ကြ၏။

ထို့ကြောင့် အခြေအနေ မဟန်သည်နှင် ကျင်းချန်းဖုန်းက ကျင်းယွန်ရှောင်းကို ကလန်သို့ ပြန်ခေါ်ခဲ့ကာ ကျောင်းမှ တခြား ကျင်းကလန်ဝင်များကိုလည်း ကျောင်းအုပ်အား ဖိအားပေးကာ ကိစ္စကို လျစ်လျူရှုရန် ဖိအားပေးခဲ့သည်။

အကယ်၍ ကျောင်းအုပ်က ထိုသို့ပြုလုပ်ခဲ့ပါက ကျင်းကလန်က နောင်တွင် ကြယ်မင်းကျောင်း၌ ပိုမိုအားကောင်းသော လွှမ်းမိုးမှုများကို ရရှိလာနိုင်သည်။ သို့သော် အခြေအနေက သူ ထင်ထားသလို ဖြစ်မလာခဲ့။

“ချန်းယွန်… မင်းက ဒီအခြေအနေအထိ လုပ်ဖို့ တကယ် စိတ်ကူး ထားတာလား…” ကျင်းချန်းဖုန်း၏ မျက်လုံးများက လျှပ်စီးအလား ထက်ရှသည်။ ယခု ကြယ်မင်းကျောင်းက ယနေ့တိုက်ပွဲအား အနိုင်ရသည့်တိုင် နောက်မှ ဆက်လက် လိုက်ပါလာမည့် အကျိုးဆက်ကို သူ သိနားလည်ရပေမည်။

“သေချာတယ်…” ကျောင်းအုပ်ချန်းက ခေါင်းညိတ်သည်။

“ကျင်းယွန်ရှောင်းကို ဒီကို ခေါ်လာခဲ့…” ကျင်းချန်းဖုန်းက ပြောသည်။ လူအများစုက ထိတ်လန့် သွားကြသည်။ နောက်ဆုံး၌ ကျင်းကလန်က လက်လျှော့လိုက်ပြီလား…။

ဤကဲ့သို့ အခြေအနေ အလှည့်အပြောင်းက အမှန်တကယ် အံ့အားသင့်စရာ ကောင်း၏။ ကြယ်မင်းကျောင်းက ထိပ်သီးကလန်နှစ်ခုဖြင့် ပူးပေါင်းကာ ကျင်းကလန်နှင့် စစ်ဖြစ်၍ ကျင်းကလန်က အရှက်တကွဲ ရှုံးနိမ့်နိုင်သည်။ သို့သော်လည်း ကျင်းယွန်ရှောင်း၏ မာနဖြင့် မည်သို့ ခေါင်းငုံ့ခံမည်နည်း။ သို့သော် သူ ရွေးချယ်ခဲ့သည်။

ကျင်းယွန်ရှောင်းကား သူတို့ရှေ့ကို မကြာခင် ရောက်လာသည်။ သူက ကြောက်ရွံ့ တုန်လှုပ်စွာဖြင့် အော်သည်… “အဘိုး…” သူ့အား ကျောင်းသို့ အပ်နှင်းလိုက်ပါက သူလုပ်ခဲ့သော အပြစ်အရ ပြစ်ဒဏ်က သက်သာမည် မဟုတ်ပေ။ ထို့အပြင် ကုကလန်ကလည်း အလျှော့ပေးမည် မဟုတ်ပေ။ ကုယွန်ချီကား လုပ်ကြံမှုတွင် သေမလို ဖြစ်ခဲ့ရ၏။

ကျင်းချန်းဖုန်းမူကား ကျင်းယွန်ရှောင်းကို တစ်ချက်မှပင် မကြည့်။ သူက ကလန်ခေါင်းဆောင် ဖြစ်ကာ ဆုံးဖြတ်ပြီးသားကို ပြင်ရန် ဆန္ဒမရှိပေ။

ကျင်းယွန်ရှောင်းအား ကျောင်းအုပ်ချန်းရှေ့ကို ခေါ်ဆောင် လာသည်။ ထို့နောက် ကျင်းကလန်မှ လူများက နောက်ဆုတ်ကာ ကျောင်းအုပ်ချန်းကို ကြည့်ကြ၏။

ကျင်းယွန်ရှောင်းကား ထိတ်လန့် ကြောက်ရွံ့လွန်းရကား တုန်ယင်နေသည်… “သနားပါ… ကျောင်းအုပ်ကြီး… ကျွန်တော်က မှားပါတယ်… ဒါပေမဲ့ သူတို့က အစကတည်းက လက်စားချေချင် နေကြတာကို ကျွန်တော်က သတင်းပေးခဲ့ရုံပါ…” သူ၏ဂုဏ်မောက်ကာ အရာခပ်သိမ်းကို ဂရုမစိုက်သော သူ၏ဟန်ပန်သဘာဝက ယခုလုံးဝ ပျောက်ကွယ်နေပြီ။ ယခု သူ၏မျက်လုံးထဲတွင် အကြောက်တရားမှအပ ဘာမှ မကျန်တော့။

“အရင်ကတည်းက ငါပြောဖူးတယ်… သားတော်ကို တွေ့တာ ငါ့ကို တွေ့တာနဲ့ အတူတူပဲ… အခု မင်းက ကြယ်မင်းကျောင်းရဲ့ တပည့်တစ်ယောက် ဖြစ်ပြီး သားတော်ကို သေစေချင်တယ်… ကုယွန်ချီကလည်း သေလုနီးပါး ဖြစ်တယ်… မင်းအတွက် သေဒဏ်က အသင့်တော်ဆုံးပဲ…” ကျောင်းအုပ်ချန်းက အေးစက်စွာ ပြောသည်… “လုဝမ်… သူ့ကို ကွပ်မျက်လိုက်…” သူက လက်ကို ဝှေ့ယမ်းသည်တွင် သူ့ရှေ့မှ လူငယ်လေးက လုဝံထံသို့ လွင့်စဉ်သွားသည်။

“ဟုတ်ကဲ့ ကျောင်းအုပ်…” အကြီးအကဲချုပ်လုက ကျင်းယွန်ရှောင်းကို ကြည့်သည်။

“မဟုတ်ဘူး…” အကြီးအကဲချုပ်လုက သူ၏လက်ကို ဆန့်တန်းလိုက်သည်တွင် လူငယ်က ကြောက်လန့်တကြား အော်ဟစ်သည်။ သူ၏ခန္ဓာကိုယ်မှ ရွှေရောင် အလင်းများ ဖြာထွက်လာကာ ခုခံရန် ကြိုးပမ်းသည်။ သူ၏မျက်လုံးများက အဆုံးစွန်သော အကြောက်တရားများကို အားလုံးက မြင်နေကြရသည်။ သူကား ကျင်းကလန်၏ တိုက်ရိုက် သွေးမျိုးဆက် ဖြစ်သည်။ သို့သော် သူက ခုခံရန် မစွမ်းသာသော စွမ်းအားတစ်ခုက သူ၏စိတ်နယ်ပယ်ထဲကို တိုးဝင်လာလျှင် သူ၏အသိတစ်ခုလုံး အမှောင်တိုက်ထဲကို ရောက်သွားသည်။ သူကား ထာဝရမနိုးသော အိပ်စက်ခြင်းဖြင့် အိပ်စက်သွားရကာ မြေပြင်ပေါ်သို့ ပြိုလဲကျသွားသည်။

တိမ်တိုက်ကိုးခု နန်းတော်၏ဂုဏ်ယူရသော မျိုးဆက်တစ်ယောက် ဖြစ်သော ကြယ်မင်းကျောင်း၏ အတော်ဆုံး ပါရမီရှင်တစ်ယောက် ဖြစ်သော  လူငယ်ကား ထိုသို့ သေဆုံးသွားရသည်။

“ကုဟန်ရှင်း… မင်း ကျေနပ်ပြီလား…” ကျင်းချန်းဖုန်းက ကုဟန်ရှင်းကို မုန်းတီးစွာ ကြည့်သည်။

“သူက အဲဒါနဲ့ပဲ ထိုက်တန်တယ်…” ကုဟန်ရှင်းက အေးစက်စွာ ပြောသည်။

“ဟုတ်တယ်… သူသေပြီ… နဂါးကလန်နဲ့ ကုကလန်ကလူတွေ… မင်းတို့ကိစ္စ ဒီမှာပြီးပြီ…” ကျင်းယွန်ရှောင်းက အေးစက်စွာ ပြောသည်… “ ကျင်းကလန်နောက်ကို လိုက်ပါလာတဲ့လူတွေကတော့ သူတို့က ကျင်းကလန်ကို သူတို့ဆန္ဒအလျောက် ရောက်လာခဲ့ကြတယ်… ကျုပ်က သူတို့ကို ထုတ်ပေးရင် မိုးမြေ ကောင်းကင်မြို့မှာ ကျင်းကလန်ဆိုတာ ရှိတော့မှာ မဟုတ်ဘူး… ဒါကြောင့် ချန်းယွန်… မင်းက ငါတို့နဲ့ စစ်ခင်းမှာလား… ဒါဆို လုပ်လို့ရတယ်…”

ကျင်းကလန် နောက်ကို လိုက်ပါလာသော လူများ၏ မျက်လုံးများမှ အကြောက်တရားများက အနည်းငယ် လွင့်ပါးသွားကြ၏။ ကျင်းကလန် ခေါင်းဆောင်က သူတို့အား စွန့်ပစ်ခဲ့ခြင်း မရှိခဲ့ပေ။

ကျင်းယွန်ရှောင်းကား လုပ်ကြံမှုတွင် ပါဝင်သော တရားခံတစ်ယောက် ဖြစ်သည်။ ကျောင်းမှ ထွက်သွားသူများကား နောက်လိုက်များသာ ဖြစ်ကြ၏။ အကယ်၍​ ကျင်းကလန်က သူတို့အား ထုတ်ပေးခဲ့ပါက နောင်တွင် မည်သူက ကျင်းကလန်ကို ဝင်ရောက် ရဲကြတော့မည်နည်း။

ကျင်းယွန်ရှောင်းအား စတေးခြင်းက သူ တတ်နိုင်သောအရာ ဖြစ်သော်လည်း ဒုတိယအချက်က ကြယ်မင်းကျောင်းနှင့် စစ်ခင်းရလျှင်ပင် သူ လိုက်လျောမည် မဟုတ်ပေ။

ကျောင်းအုပ်ချန်းက တိုက်ခိုက်လိုစိတ် အခိုးအငွေ့များ ဆူဝေနေသော ကျင်းချန်းဖုန်းကို ဒေါသတကြီး ကြည့်သည်။

***

ကြယ်မင်းကျောင်းမှ တပည့်များ အားလုံးက ရောက်ရှိလာမည့် သတင်းကို စိုးရိမ်စွာ စောင့်စားနေကြသည်။ ကျောင်းတွင် ကျန်ရစ်သူများထဲတွင် ရီဖူရှင်းလည်း ပါသည်။ ကျင်းကလန်သို့ ထွက်သွားသူများမှာ ရှီတန်ခိုးရှင်များ ဖြစ်ကြသည်။ ရီဖူရှင်းက ထိုသို့သော အဆင့်တိုက်ပွဲဖြင့် ဘာမှ မသက်ဆိုင်ပေ။

သို့သော် ကြီးမားသော အရှိန်အဝါတစ်ခုက ကြယ်မင်းကျောင်း တစ်ကျောင်းလုံးကို ဖိနှိပ်လာသည်။ ကောင်းကင်တွင် နေမင်းတစ်စင်းက ကြောက်မက် ပူပြင်းဖွယ် အလျှံညီးညီး တောက်လောင်ကာ ကျောင်းအား ရောက်စဉ်ရောင်ဝါများ ပေးလျက် ဖျန်းပက်ထားသည်။ နေမင်းသူရိန်၏ အောက်တွင် အားကောင်းသော အရှိန်အဝါဖြင့် လူတစ်စု ထွက်ပေါ်လာသည်။ အားလုံးက ထိုလူများကို ကြည့်ကာ ထိတ်လန့်ကြရ၏။ သူတို့ကား ကြယ်မင်းကျောင်းမှ မဟုတ်ပေ။

ကြီးမားသော အရှိန်အဝါဖြင့် ရောက်လာသူများကား ရှီအဆင့် တန်ခိုးရှင်များ ဖြစ်ကြသည်။ သူတို့က သူရိန်နေမင်းနှင့်အတူ ကြယ်မင်းကျောင်း၏ အပေါ်ကောင်းကင်တွင် ရပ်နေကြ၏။

ကြီးမားသော တစ်စုံတစ်ခု ဖြစ်ပျက်တော့မည်ကို လူအများအပြားက ရိပ်မိကြသည်။

လူအနည်းငယ်က ကောင်းကင်သို့ တက်ရောက် သွားကြသည်။ တစ်ယောက်က မေးသည်… “ခင်ဗျားတို့က ကျုပ်တို့ ကျောင်းမှာ ဘာကိစ္စရှိလို့လဲ…”

“သူရိယ နေမင်းကျောင်းက လူတွေ…” တချို့က ထိုလူများဘယ်က လာသည်ကို သိကြသည်။ ကြယ်မင်းကျောင်းသို့ ဤသို့သော အချိန်အခါတွင် ရွေးပြီး လာရောက်ခြင်းက ကောင်းသော အကြံအစည် မဟုတ်နိုင်။

သို့သော် ထိုလူများက ဘာမှ မပြောကြ။ သူတို့၏ မျက်လုံးများက နေရာအနှံ့ကို စူးစိုက်ကြည့်ရှု နေဟန်ရကာ စိတ်ဝိညာဉ် စွမ်းအားများ ကျောင်းတစ်ခုလုံးကို ထွင်းဖောက်သွားသည်။ နောက်ဆုံးတွင် သူတို့၏မျက်လုံးများက တစ်နေရာသို့ ရောက်သွား၏။

ကြယ်တာရာ မျှော်စင်ထဲတွင် ရီဖူရှင်းက စိတ်ဝိညာဉ် စွမ်းအားများက သူ့အား လာရောက် ရစ်ပတ်သည်ကို ခံစားရသည်။ သူက ကြီးမားသော အရှိန်အဝါများကို ခံစားမိသည်တွင် စိတ်များ လေးလံသွားသည်။

“ရီဖူရှင်း…” လေလှိုင်းကို တုန်ခါသွားစေလျက် တစ်ကျောင်းလုံး ကြားရသော အသံတစ်သံ ထွက်လာသည်။ အားလုံးက ထိုအသံကို ကြားကာ ရင်ထိတ် သွားကြသည်။ ထိုလူများက ရီဖူရှင်းအတွက် လာကြခြင်း ဖြစ်သည်။

သူတို့၏ မျက်လုံးများက သူ့ထံတွင် ရောက်နေသည်ကို ခံစားမိသည်တွင် ရီဖူရှင်းက ပုန်းနေ၍ မရသည်ကို သိကာ ကောင်းကင်သို့ ပျံတက်သွားသည်… “စီနီယာများကို နှုတ်ဆက်ပါတယ်… ကျွန်တော့်လို ဂျူနီယာ တစ်ယောက်ကို လာတွေ့ရအောင် စီနီယာများက ဘယ်လို အရေးကိစ္စများ ရှိပါသလဲ…”

“ကျုပ်တို့က သူရိယ နေမင်းကျောင်းကပဲ… ထိပ်သီးကျောင်း သုံးကျောင်းက တပည့်တွေ မိစ္ဆာနဂါး နယ်မြေကို သွားခဲ့တဲ့အချိန်တုန်းက မင်းက သူရိယ နေမင်းကျောင်းက ရှမ်းယွန်ဖန်းကို သတ်ခဲ့တယ်လို့ ငါတို့ သိရတယ်… ငါတို့က မင်းရှင်းပြတာကို နားထောင်ဖို့ လိုတယ်… ဒါကြောင့် ငါတို့နဲ့ လိုက်ခဲ့…” သူရိယ နေမင်းကျောင်းမှ လူက ပြောသည်။

“အဲဒီတုန်းက ရှမ်းယွန်ဖန်းက ကျုပ်ကို သတ်ဖို့ ကြံစည်ခဲ့တယ်… ကျုပ်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခဲ့တာပဲ ရှိတယ်…” ရီဖူရှင်းက ပြောသည်… “ကျုပ်တို့က ကျောင်းအုပ်ကြီး ပြန်လာတာကို မစောင့်သင့်ဘူးလား…”

သူ၏စိတ်က နောက်ကျိ သွားရသည်။ သူရိယ နေမင်းကျောင်းက ရှမ်းယွန်ဖန်း၏ သေဆုံးမှုကို တစ်ခါမှ ဂရုစိုက်ခြင်း မရှိခဲ့ပေ။ ထို့အပြင် ကျောင်းသား တစ်ယောက်က အပြင်တွင် လေ့ကျင့်ရင်း သေသည်မှာ သာမန် ကိစ္စရပ်တစ်ခုသာ ဖြစ်သည်။ သည်လူများက သူ့ထံလာသည်မှာ ထိုကိစ္စ တစ်ခုတည်းကြောင့်သာ မဟုတ်ဟု သူ ခန့်မှန်းမိသည်။

သူရိယ နေမင်းကျောင်းက ကြယ်မင်းကျောင်း၏ အရေးကြီး ပုဂ္ဂိုလ်များ တခြားနေရာသို့ သွားနေချိန်ကို အခွင့်ကောင်းယူ၍ သူ့အား ခေါ်ဆောင် သွားလိုသည်မှာ ထင်ရှားနေသည်။

“ငါတို့က ဒီအထိ ရောက်လာခဲ့ပြီးမှတော့ ငါတို့နဲ့ လိုက်ခဲ့… ကျောင်းအုပ်ချန်း ပြန်ရောက်လာတဲ့အခါ သူက သူရိယနေမင်းကျောင်းကို လိုက်လာလိမ့်မယ်…” သူရိယနေမင်း ကျောင်းမှ တစ်ယောက်က ပြောသည်။

ထိုစဉ် လူအနည်းငယ် ရီဖူရှင်း၏ဘေးကို ရောက်လာကာ တစ်ယောက်က ပြောသည်… “ဒီလိုအချိန်မှာ သားတော်ကို လာခေါ်တယ်… မင်းတို့ သူရိယ နေမင်းကျောင်းက အကောင်တွေက ခွေးကောင်တွေပဲ…”

ပြင်းထန်သော အပူချိန်က တစ်မုဟုတ်ချင်း ကျောင်းအပေါ်သို့ ဆင်းသက် လာသည်။ တိုက်ပွဲသာ ဖြစ်ပါက သူတို့က ကျောင်းတစ်ခုလုံးကို နင်းခြေမည့်ပုံစံကို မြင်နေရ၏။

ရီဖူရှင်းအား သားတော်ဘွဲ့ အပ်နှင်းထားခြင်း ဖြစ်သည်။ ချန်းယွန်ကလည်း ရီဖူရှင်းကို အမြဲတမ်း ကာကွယ်ပေးခဲ့သည်။ အကယ်၍ ချန်းယွန်ရှိတုန်းသာ ဤသို့ လာမေးပါက စစ်ခင်းခြင်းနှင့် မခြားပေ။ သို့သော် သူတို့က ကြယ်မင်းကျောင်းနှင့် စစ်ခင်းရန် ဆန္ဒမရှိပေ။

ချန်းယွန်က သူ၏အဓိက အင်အားစုဖြင့် ကျင်းကလန်ထံ ထွက်သွားသည်နှင့် သူတို့က အချိန်ကိုက် ရီဖူရှင်းကို လာခေါ်သည်။ သူတို့အားလုံးက သိုင်းပညာ ကံစွမ်းအား လျှို့ဝှက်ဘုံမှ ကိစ္စကို ရှင်းလင်းစွာ သိလိုသည်။ ကြယ်မင်းကျောင်းက ရှန့်ထိုတန်ခိုးရှင် တစ်ယောက် မွေးမြူနေသည်ကို သူတို့က သည်အတိုင်းတော့ လက်ပိုက်မကြည့်နိုင်။

***

Comment

Leave a Reply

Options

not work with dark mode
Reset