ချင်ပြည်ထောင်နှင့် ကော့တေး အကြားက ထိပ်တိုက် ရင်ဆိုင်မှုက အမှန်တကယ် ဖြစ်ပွားလာခဲ့ကာ အရှေ့မြေရိုင်း ဒေသ တစ်ခုလုံးအား ထိတ်လန့် စေခဲ့သည်။ အားလုံးသော သူများက ချင်ပြည်ထောင်၏ တုံ့ပြန်မှုကို စောင့်နေကြသည်။
ချင်ပြည်ထောင်၏ တတိယ မင်းသား ချင်ဂီက ရီဝူချင်းကို သွားတောင်းရာ ကော့တေး၏ သတ်ဖြတ်ခြင်းကို ခံရသည်။ ချင်ပြည်ထောင်က ထိုကိစ္စကို ပြန်လည် မတုံ့ပြန်လျှင် လောကကို အုပ်စိုးရန် အရည်အချင်း မရှိသေးဟု တစ်လောကလုံးက ယူဆကြမည် ဖြစ်သည်။ သူတို့က ထိုအခြင်းအရာကို ဆွေးနွေး နေကြစဉ်မှာပင် ချင်ပြည်ထောင် နန်းတော်မှ သတင်းတချို့ ပြန့်နှံ့လာသည်။
ချင်ပြည်ထောင်က ကော့တေး၏ ပြစ်မှု ခုနစ်ခုကို တရားဝင် ထုတ်ဖော်ခဲ့သည်။ ဦးစွာ ကော့တေးက လွန်စွာ လွန်ကဲသော အပြုအမူများနှင့် အပြစ်မဲ့သူများအား သတ်ခဲ့သည်။ ဂူတုံးလျိုက ထိပ်သီး အင်အားစု တစ်ခုကို အမြစ်ပြုတ် ချေမှုန်းခဲ့သည်။ ထိုကိစ္စက လူမဆန်စွာ ရက်စက်ပေသည်။
နံပါတ်နှစ် အချက်မှာ ကော့တေး၏ တပည့်များက တခြားလူများ ပိုင်ဆိုင်သော အရာများကို လုယက်ခဲ့သည်။ ခေ့ကေးမြို့တွင် ရီဖူရှင်းနှင့် ယူချင်းတို့က ယန်မိသားစု၏ ဓာတ်ငါးမျိုး နှင်တံနှင့် မိစ္ဆာတိုင်တို့အား လုယက်ခဲ့၏။
နံပါတ်သုံးအချက်က ကော့တေး၏ တပည့်များက သူတို့၏ အဆင့်အတန်းဖြင့် တခြား အားနည်းသူများအား အနိုင်ကျင့်သည်။ သူတို့က တစ်ကြိမ်တစ်ခါက တော်ဝင် ချန်ကျောင်းတော် ပဉ္စမသခင်၏ သမီးဟာ စီရိုအား မိမိကိုယ်ကို သတ်သေရန် ဖိအားပေးခဲ့သည်။ ထို့အပြင် သူတို့က ထိုကိစ္စအား အဆုံးမသတ်ဘဲ တော်ဝင် ချန်ကျောင်းတော်၏ တပည့် လျိုဂျန်လန်နှင့် လျိုဂျန်လန်တို့ မိသားစုတို့အား ရက်စက်စွာ သတ်ဖြတ်ခဲ့သည်။
နံပါတ်လေး အချက်က ကော့တေးက လူသတ်သမား ရီဝူချင်းအား ကာကွယ် ပေးထားသည်။ သူတို့က ဖူယွန်ဓားကလန်၏ ဆုံးဖြတ်ချက်အား လျစ်လျူရှုကာ ချင်ပြည်ထောင်မှ လူများကိုပင်လျှင် သတ်ဖြတ်ခဲ့သည်။
ထို့နောက် နံပါတ်ခြောက် အချက်နှင့် နံပါတ်ခုနစ် အချက်များလည်း ပါရှိသေးသည်။ ထိုအရာက ကော့တေးက မကောင်းမှု များစွာ လုပ်ကာ ခွင့်လွှတ်၍ မရသော ပုံစံဖြစ်သည်။
ချင်ပြည်ထောင်က ကြေညာခဲ့သည်မှာ သူတို့က အရှေ့မြေရိုင်း ဒေသအား ကာကွယ်ရန် စစ်တပ်အား စေလွှတ်၍ ကော့တေးအား တိုက်ခိုက်မည်ဟု ကြေညာခဲ့သည်။ ထို့အပြင် သူတို့က ထိပ်သီး အင်အားစုများ အားလုံးကို အရှေ့မြေရိုင်း ဒေသ၏ အခြေအနေ အရပ်ရပ်ကို ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့သည်။ ထိုအင်အားစုများ၏ ခေါင်းဆောင်များက အနာဂတ်ကို အတူတူ ဆုံးဖြတ်ရန် ချင်ပြည်ထောင်က လိုလားသည်။
ထိုသတင်းက ပြန့်နှံ့သွားကာ အရှေ့မြေရိုင်း ဒေသအား ပြင်းထန်စွာ တုန်ခါသွားသည်။ အရှေ့မြေရိုင်း ဒေသ၏ အင်အား အကြီးဆုံး အဖွဲ့နှစ်ခုက ထိပ်တိုက် ရင်ဆိုင် ကြတော့မည်လော။
ကြည့်ရသည်မှာ ကော့တေးက ချင်ပြည်ထောင်၏ စစ်တပ်ကို ယှဉ်နိုင်မည့်ပုံ မပေါ်ပေ။ ထို့အပြင် ချင်ပြည်ထောင်က ထိပ်သီး အင်အားစုများ အားလုံးကို ချင်ပြည်ထောင် နန်းမြို့တော်တွင် စုစည်းရန် ဖိတ်ခေါ်ခဲ့သည်။ သူတို့က တခြား အင်အားစုများကိုလည်း မဟာမိတ်ဖွဲ့ကာ ကော့တေးကို တိုက်ခိုက်လိုပုံ ရသည်။ သို့သော် သူတို့က ထိုအချက်အား တိုက်ရိုက် မပြောဘဲ အတူတူ ဆွေးနွေးမည်ဟုသာ ပြောသည်။ သို့သော်လည်း လူတိုင်းက အမှန်တရားကို သိကြသည်။
ချင်ပြည်ထောင်က ကော့တေးအား တရားဝင် စစ်ကြေညာလိုက်ရာ များစွာသော အင်အားစုများက ချင်ပြည်ထောင်၏ ဖိတ်ခေါ်မှုကို ငြင်းပယ်နိုင်စွမ်း မရှိကြပေ။ လက်ရှိတွင် ချင်ပြည်ထောင်ကား အလွန်အမင်း အားကောင်းနေပြီး သူတို့က လျိုနိုင်ငံကို အလွယ်တကူ ဖျက်ဆီးခဲ့သည်။ သူတို့က ချင်ပြည်ထောင်နှင့် အတူတူ မတိုက်ခိုက်လိုလျှင်ပင် ဖိတ်ခေါ်ခြင်းကို သွားရောက်ခြင်းဖြင့် အနည်းငယ် မျက်နှာသာပေးရန် လိုပေသည်။ ထို့အပြင် ချင်ပြည်ထောင်နှင့် ကော့တေး၏ တိုက်ပွဲကို လူတိုင်းက ကိုယ်တွေ့ မြင်လိုကြသည်။
အရှေ့မြေရိုင်း ဒေသက လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ ချက်ချင်းပင် ထိပ်သီး အင်အားစုများမှ တန်ခိုးရှင်များက သူတို့၏ နေရာများမှ ထွက်ခွာ သွားကြသည်။ ထိပ်သီး အင်အားစုများမှ ခေါင်းဆောင်များက ချင်ပြည်ထောင်သို့ သွားကြသည်။ သူတို့က အရှေ့မြေရိုင်း ဒေသကို ရောက်လာတော့မည့် ထိုအပြောင်းအလဲကြီးတွင် ပါဝင်ပတ်သက် ရတော့မည် ဖြစ်သည်။
ကော့တေးကလည်း ထိုသတင်းအား ရရှိသော်လည်း ထိုအရာက မျှော်လင့်ထားပြီးသား ဖြစ်သည်။ ချင်ပြည်ထောင်က လောကအား အုပ်ချုပ်လိုရာ ဂူတုံးလျိုက ချင်ဂီအား တိုက်ရိုက် သတ်ဖြတ်ခဲ့သည်။ ထိုအရာက စစ်ကြေညာခြင်းနှင့် အတူတူပင်။
လက်ရှိတွင် ချင်ပြည်ထောင် နန်းမြို့တော်၌ ထိပ်သီး အင်အားစုများနှင့် တခြား အင်အားစုများက အဆက်မပြတ် ရောက်ရှိ နေကြသည်။
ဖူယွန်ဓားကလန်က တောင်ကုန်းသခင် အများအပြားနှင့်အတူ ရောက်ရှိလာသည်။ ထို့နောက် တော်ဝင် ချန်ကျောင်းတော်မှ အရှင်ငါးပါး၊ ကျိမိသားစုနှင့် လစန္ဒာကလန်တို့လည်း ရောက်လာကြ၏။
အရှေ့မြေရိုင်း ဒေသတွင် ဤမျှ ကြီးမားသော ကိစ္စမျိုး မရှိခဲ့ဖူးပေ။ ထိပ်သီး အင်အားစုများမှ ခေါင်းဆောင်များ ကိုယ်တိုင် ရောက်ရှိလာကြခြင်း ဖြစ်သည်။ ထိုအရာက ချင်ပြည်ထောင်က ကော့တေးအား စစ်ကြေညာခြင်း ကြောင့်လည်း ဖြစ်သည်။ ထိုကိစ္စ၏ လွှမ်းမိုးမှုက လွန်စွာ ကြီးမားကာ အရှေ့မြေရိုင်း ဒေသတစ်ခုလုံး၏ အနာဂတ် ခေါင်းဆောင်ကို အဆုံးအဖြတ်ပေးမည့် ကိစ္စလည်း ဖြစ်သည်။ ထို့ကြောင့် ထိပ်သီး အင်အားစုများ၏ ခေါင်းဆောင်များပင်လျှင် အထူးတလည် အာရုံစိုက်ရန် လိုအပ်ပေသည်။ မည်သို့ပင်ဆိုစေ မကြာမီက သူတို့ကဲ့သို့ နာမည် ကျော်ကြားသော လွန်စွာ အားကောင်းသော ခေါင်းဆောင် တစ်ယောက်က ချင်နန်းတော်တွင် သေဆုံးခဲ့သည်။
အရှေ့မြေရိုင်း ဒေသတွင် နှစ်ပေါင်း တစ်ရာအတွင်း ဤမျှ ကြီးမားသော အပြောင်းအလဲကို တစ်ခါမှ မကြုံဖူးခဲ့ကြပေ။ ချင်ပြည်ထောင်နှင့် ကော့တေးက ဤအပြောင်းအလဲ အတွက် အဓိက ပါဝင် ပတ်သက်နေကာ တခြားလူများ အားလုံးက မိမိ၏ အကျိုးစီးပွားကို တွက်ချက် နေကြသည်။
ထိုအခိုက်တွင် တော်ဝင် ချန်ကျောင်းတော်၏ လူများက ချင်နန်းတော်၏ တစ်နေရာတွင် စုရုံးနေကြသည်။ တော်ဝင် ချန်ကျောင်းတော်၏ ပထမသခင်ကား ကိုယ်ကျပ် အင်္ကျီကို ဝတ်ဆင်ထားကာ ခေါင်းတွင် အနက်ရောင် ဆံပင်များ ဖုံးနေသည်။ သူ့ထံမှ လွန်စွာ အားကောင်းသော ခံစားချက်ကို ရစေသည်။
“ပထမအရှင် … ချင်ပြည်ထောင်က ကော့တေးကို ကျုပ်တို့ကိုလည်း ဝင်တိုက်ခိုင်းရင် ဘယ်လိုလုပ်မလဲ….” တစ်ယောက်က ရုတ်တရက် မေးသည်။ ချင်ဂီ သေပြီးနောက် ထိုအင်အားစု နှစ်ခုက တိုက်ပွဲဖြစ်တော့မည်မှာ သေချာသည်။ မေးခွန်းက သူတို့က တိုက်ပွဲတွင် ပါဝင်မည်လော မပါဝင်သလော။
ကော့တေး၏ အပြစ်ခုနစ်ခုကို ချင်ပြည်ထောင်က ထုတ်ဖော်ကာ စစ်ကြေညာပြီး ဖြစ်သည်။ သူတို့က အရှေ့မြေရိုင်း တစ်ခွင်မှ အင်အားစုများ အားလုံးကိုလည်း စုစည်းပြီး ဖြစ်သည်။ အကယ်၍ ချင်ပြည်ထောင်က သူတို့အား ပါဝင်ခိုင်းလျှင် သူတို့က ဘာလုပ်မည်နည်း။
“မင်း ဘယ်လို ထင်လဲ…” ပထမအရှင်က မေးသည်။
ဟာယွီလူ၏ မျက်လုံးများက အရောင်လက် သွားသည်။ သူက ကော့တေးအား တော်ဝင် ချန်ကျောင်းတော်ကလည်း ဝင်တိုက်ခိုက်ရန် လိုလားသည်။ သို့သော် လက်ရှိ အခြေအနေတွင် သူ၏ အမြင်အား အလွယ်တကူ ထုတ်ဖော် မပြောရဲပေ။
“သေချာတာက ကျုပ်တို့က တိုက်ပွဲထဲကို အလွယ်တကူ မပါသင့်ဘူး….” ရှာလျိုက ရုတ်တရက် ပြောသည်။
“ရှာလျို… မင်း ဘယ်လိုမြင်လဲ…” ပထမအရှင်က မေးသည်။
ရှာလျိုက သူ၏ ဆရာအား ကြည့်သည်။ ဦးညွှတ်လျက် သူက ပြန်ပြောသည်… “ချင်ပြည်ထောင်နဲ့ ကော့တေးက အရမ်း အားကောင်းတယ်… သူတို့က အရှေ့မြေရိုင်း ဒေသကို စုစည်းချင်ကြတယ်…. ဒါ တကယ်ဖြစ်လာဖို့ ကျွန်တော်တို့က မတားနိုင်ပေမဲ့ ဒီအထဲ ဝင်ပါဖို့ကတော့ အရမ်း အန္တရာယ်များ လွန်းတယ်… ပြီးတော့ ချင်ပြည်ထောင်ကသာ ကော့တေးကို ရှင်းနိုင်ခဲ့ရင် သူတို့က အရှေ့မြေရိုင်း ဒေသကို စုစည်းမှာပဲ…. ကျွန်တော်တို့က ဒီအခြေအနေမှာ လုံလောက်တဲ့ အကျိုးကျေးဇူးတွေ ရပြီး နောက်ပိုင်းမှာလည်း အရင်ကလို နေရာတစ်နေရာ ခိုင်မာဖို့ လိုတယ်….”
“အရှေ့မြေရိုင်း ဒေသက သေချာပေါက် စုစည်းလိမ့်မယ်လို့ မင်း ထင်တယ်ပေါ့…” ပထမအရှင်က မေးသည်။
“ဟုတ်ကဲ့… ဆရာ…. ချင်ပြည်ထောင်က လျိုနိုင်ငံကို ဖျက်ဆီးနိုင်မှတော့ သူတို့က တခြား အင်အားစုတွေကိုလည်း လုပ်နိုင်တယ်လို့ ပြောလို့ရတယ်… ဘယ်လိုပြောပြော သူတို့ရဲ့ အစွမ်းအထက်ဆုံး တန်ခိုးရှင်တွေနဲ့ တခြား အင်အားစုတွေရဲ့ အစွမ်းအထက်ဆုံး တန်ခိုးရှင်တွေ အကြား ကွာဟချက်က ကြီးလွန်းတယ်… ကော့တေးကပဲ သူတို့ကို ရင်ဆိုင်နိုင်မယ်လို့ ကျွန်တော် ထင်တယ်… ဒါကြောင့် ကျွန်တော်တို့က အရင် နေရာ မပျောက်အောင် ဒီအထဲက အကျိုးအမြတ် ရအောင် ဘယ်လို လုပ်ရမယ် တွေးဖို့လိုတယ်…” ရှာလျိုက ဖြည်းညင်းစွာ ပြောသည်။
ပထမအရှင်၏ မျက်လုံးများက အတွေးနက်နေဟန် ရသည်။ သူက ရှာလျို၏ စကားကို နားလည် သဘောပေါက်သည်။ သို့သော် ထိုအရာက သူ့အတွက် လက်ခံရ ခက်ခဲနေဟန် ရ၏။ ထို့အပြင် သူတို့က အကျိုးအမြတ်ရရန် အတွက် ပထမဦးစွာ ပေးဆပ်မှုက ရှိကို ရှိမည်ဖြစ်သည်။ ဆိုလိုသည်က သူတို့က ချင်ပြည်ထောင် အတွက် တိုက်ခိုက်ပေးရန် လိုသည်။
တခြား နန်းဆောင်တစ်ခုတွင် လစန္ဒာကလန်မှ လူများက စုစည်းနေကြသည်။ လစန္ဒာကလန်၏ ခေါင်းဆောင်ပင်လျှင် ရှိသည်။ မိန်းမများကား အားလုံးလိုလို လှပ ချောမောကြသည်။
“ခေါင်းဆောင်…. သမီးတော် ချူယောင်ယောင်နဲ့ ချင်လီတို့က အရမ်း နီးကပ်တယ်…. သူတို့ရဲ့ ပတ်သက်မှုကိုလည်း တရားဝင် ထုတ်ပြောပြီးပြီ…. လျိုနိုင်ငံ ဖျက်ဆီးခံရတဲ့ အချိန်က ချူယောင်ယောင်က ချင်လီနောက်ကို လိုက်ပါသွားခဲ့တယ်… ကျွန်မစိုးရိမ်တာက ကျွန်မတို့က ချင်ပြည်ထောင်နဲ့ ပတ်သက်နေပြီးသား ဖြစ်နေပြီလား ဆိုတာပဲ….” မိန်းမတစ်ယောက်က ပြောသည်။
မည်သို့ပင်ဆိုစေ သမီးတော် နေရာကား လွန်စွာ မြင့်မားသော အဆင့်တစ်ခုတွင် ရှိပြီး ကလန်ပြင်ပတွင် သမီးတော်က လစန္ဒာကလန်အား ကိုယ်စားပြုနိုင်သည်။
နတ်မိမယ် ဝမ့်ယွီက ဘာမှ မပြောသော်လည်း သူမ၏ မျက်လုံးများက အရောင်လက် သွားသည်။
ချူယောင်ယောင်က ချင်လီနှင့် လွန်စွာ နီးကပ်ပြီး ချင်လီ၏ ချစ်သူဖြစ်နေပြီး ဖြစ်သည်။ တခြားတစ်ဖက်တွင် လစန္ဒာကလန်၏ ပါရမီရှင် ဟွာဂျီယူက ကော့တေးမှ တပည့်ဖြစ်သူ ရီဖူရှင်း၏ ချစ်သူဖြစ်သည်။ ထိုကိစ္စက အမှန်ပင် ရှုပ်ထွေးသည်။ သူတို့က လက်ရှိ အခြေအနေကို မည်သို့ ဖြေရှင်းမည်နည်း။
သူတို့အပြင် အရှေ့မြေရိုင်းဒေသမှ ခေါင်းဆောင်များ အားလုံးက မေးခွန်း တစ်ခုတည်းကို မေးနေကြသည်။ ချင်ပြည်ထောင်က ကော့တေးအား တိုက်ခိုက်ရာတွင် သူတို့အား ပူးပေါင်းခိုင်းပါက သူတို့ ဘာလုပ်မည်နည်း။
ချင်ပြည်ထောင်ကား လွန်စွာ ဉာဏ်နီဉာဏ်နက် များပေသည်။ သူတို့က စစ်ကြေညာပြီးသည်နှင့် တခြား အင်အားစုများ အားလုံးကို ဆင့်ခေါ်ခဲ့သည်။
***