အပိုင်း (၂၈၄)

နေရာ... နန်ဒူနိုင်ငံ

ဟာယွီလူက ခေါင်းမော့ကာ ရီဖူရှင်းအား အေးစက်စွာ ကြည့်လိုက်သည်။ သူ၏ သမီးက သေဆုံးသွားပြီး ဖြစ်ကာ ရီဖူရှင်းက အပြစ်တင် နိုင်သေးသည်။

“ကျုပ်ကို အဲလို မကြည့်နဲ့….” ရီဖူရှင်းက သူ့အား ပြန်၍ အေးစက်စွာ ကြည့်သည်… “ခင်ဗျားက ကျုပ်ကို သတ်ချင်တယ် ဆိုတာ ကျုပ်သိတယ်…. ကော့တေးကြောင့်သာ မဟုတ်ရင် ကျုပ်က ခင်ဗျား ရှေ့မှာတောင် ရပ်နိုင်မှာ မဟုတ်ဘူး……”

“လွန်ခဲ့တဲ့ တစ်နှစ်က ခင်ဗျားရဲ့ သမီးက လျိုဂျန်လန်နဲ့ တော်ဝင် ချန်ကျောင်းတော်က လူတွေကို ခေါ်ပြီး ကန်ယီနိုင်ငံကို သွားခဲ့တယ်… သူမက ကျုပ်မိသားစုတွေကို ထုတ်ပေးဖို့ သူ့လူတွေနဲ့ ခြိမ်းခြောက်တယ်… အဲဒီအချိန်က ကျုပ်က ခင်ဗျား သမီးကိုတောင် မသိဘူး…”

ရီဖူရှင်းက ဟာယွီလူအား အေးစက်စွာ ပြောသည်… “အဲဒီတုန်းက ကျုပ်က ရှေးဟောင်း မြေရိုင်း ဒေသမှာ နာမည်မရခဲ့ဘူး ဆိုရင် လျိုနိုင်ငံက ကျုပ်ကို လိုက်မပို့ခဲ့ဘူး ဆိုရင် ရလဒ်က ဘာဖြစ်မလဲ… ခင်ဗျားသမီး နာမည်ကြောင့် ကျုပ်မိသားစုက ဆိုးဆိုးရွားရွား သေကြရမှာပဲ… ကျုပ်ကလည်း အဲဒီနေရာမှာ တိတ်တဆိတ် သေသွားမှာပဲ… ခင်ဗျားသမီးရဲ့ မျက်လုံးထဲမှာ ကျုပ်က ဘာမှ မဟုတ်ဘူး…. ဒါပေမဲ့ အဖေလုပ်တဲ့ ခင်ဗျားက ဘယ်မှာလဲ…”

ရီဖူရှင်း၏ အသံက အေးစက်နေသည်။ သူမက သေသွားတာနဲ့ပဲ လူတွေက သနားရမှာလား။ စီရိုကရော ဘယ်တုန်းက တခြားလူတွေရဲ့ အသက်တွေကို ဂရုစိုက်ခဲ့သလဲ။

ဟာယွီလူ၏ အေးစက်သော မျက်လုံးကို ကြည့်ကာ ရီဖူရှင်းက ဆက်ပြောသည်… “ခင်ဗျားက သိရင်တောင် ဂရုစိုက်မှာ မဟုတ်ဘူးမလား… ခင်ဗျားလို အရေးကြီးတဲ့လူက နယ်မြေတစ်ရာက အားနည်းတဲ့ လူတွေရဲ့ ကံကြမ္မာကို အရေးလုပ်မှာလည်း မဟုတ်ဘူး… သူတို့ရဲ့ အသက်တွေက ခင်ဗျားသမီးရဲ့ အသက်နဲ့ မနှိုင်းယှဉ်နိုင်ဘူး… အဲဒီအချိန်က …. ခင်ဗျားရဲ့ အင်အားနဲ့ တခြားလူတွေကို အနိုင်စားတယ် ဆိုတဲ့ စကားကို ပြန်တွေးမိလား….”

“ဘယ်တွေးမလဲ… ခင်ဗျားလို အရေးကြီးတဲ့လူတွေ အတွက်တော့ တခြားလူတွေကို မတရား ဆက်ဆံတာက ပုံမှန်ပဲ… တော်ဝင် ချန်ကျောင်းတော်က ကော့တေးကို ပြန်တိုက်ခိုက်နိုင်ရင် ခင်ဗျားက တောင်းပန်မှာလည်း မဟုတ်ဘူး… ခင်ဗျားက ခင်ဗျားရဲ့ စွမ်းအားနဲ့ တခြားလူတွေကို အနိုင်စားဖို့ပဲ တွေးနေမှာပဲ… ဒါက ရယ်စရာ မကောင်းဘူးလား…”

ဟာယွီလူ၏ အမူအရာကား လွန်စွာ လေးလံနေသည်။ သူ ငြင်းဆန်နိုင်စွမ်း မရှိပေ။

ရီဖူရှင်း၏ မေးခွန်း ထုတ်မှုများကို နားထောင်ကာ အရာအားလုံးက တိတ်ဆိတ်နေသည်။ သူ၏ စကားများက တည့်တိုးဆန်ကာ လက်တွေ့ကျသည်။ ထိုအရာကို တန်ခိုးရှင်လောကဟု ခေါ်သည်။ အကယ်၍ ရီဖူရှင်းက ကော့တေးမှ မဟုတ်လျှင် သူက ယခုထိ အသက်ရှင်နေမည် မဟုတ်ပေ။ တော်ဝင် ချန်ကျောင်းတော်၏ ပဉ္စမသခင်က သူ၏ တည်ရှိမှုကိုလည်း သိမည် မဟုတ်ပေ။

“ဟူတောင် သေသွားတာကို ခင်ဗျားက အပြစ်ရှိသလို နည်းနည်းလောက် ခံစားမိလား…. သူ့တစ်မိသားစုလုံး ပျောက်သွားတယ်လို့ ကျုပ်ကြားတယ်… ခင်ဗျားလုပ်ခဲ့တာ ခင်ဗျား သိလိမ့်မယ်….” ရီဖူရှင်း နှာခေါင်းရှုံ့လျက် ပြောသည်… “ခင်ဗျားက တခြားလူတွေရဲ့ အသက်ကို ဂရုမစိုက်ဘူး…. ဒီတော့ ခင်ဗျားသမီး သေတာက ဘာကို သနားစရာ ကောင်းနေတာလဲ… ဒါက ကံတရားပဲ…”

လုပ်ကြံမှုကြောင့် မဟုတ်လျှင်ပင် ရီဖူရှင်းက စီရိုအား နောင်တွင် သတ်မည် ဖြစ်သည်။ ယန်ယီနိုင်ငံတွင် ဖြစ်ခဲ့သော အကြောင်းပြချက်က သူမအား သတ်ရန် လုံလောက်သည်။

ထိုကိစ္စက ခွင့်လွှတ်၍ မရနိုင်ပေ။

“မောင်ငယ်လေး… ဒါတွေ သူ့ကို ရှင်းပြလည်း နားလည်မှာ မဟုတ်ဘူး….” ကျူးကော့ဟွေက ပြောသည်။

ဆရာက ပြောခဲ့သည်မှာ ဆင်ခြင်တုံတရားက လောကအား ထိန်းကျောင်းသည်။ ဟာစီရိုက အပြစ်ကျူးလွန်ရာ သူမက ထိုအတွက် တာဝန်ယူရမည်။ ထိုကိစ္စကြောင့် သူမ၏ မိသားစုသော် လည်းကောင်း ဆွေးမျိုး မိတ်ဆွေများသော် လည်းကောင်း ထိခိုက် နစ်နာစေအောင် မလုပ်သင့်ပေ။ သူတို့က တော်ဝင် ချန်ကျောင်းတော်အား မတိုက်ခိုက် နိုင်သောကြောင့် မဟုတ်ဘဲ သူတို့ မလုပ်သည့် ကိစ္စအတွက် အပြစ် မခံသင့်သောကြောင့် သတ်သတ်သာ ဖြစ်သည်။

ဆရာက ပြောခဲ့သည်မှာ အကယ်၍ တစ်စုံတစ်ယောက်က လက်နက်ကို ကိုင်စွဲခဲ့လျှင် လူသတ်လိုသော အငွေ့အသက်က အလိုအလျောက် ဖြစ်ပေါ်လာတတ်သည်။ တန်ခိုးရှင်လောကတွင် စွမ်းအားမြင့် တန်ခိုးရှင်များက စိတ်လိုက်မာန်ပါ လုပ်ရန် ပိုမို လွယ်ကူတတ်ပေသည်။ သူတို့တွင် ဆင်ခြင်တုံတရား မရှိပါက သူတို့က မိမိတို့ သဘောအလျောက် လုပ်ဆောင်ကာ လူများအား မြက်ရိုက်သလို သတ်ပေလိမ့်မည်။ ထိုအရာက ကြီးမားသော မကောင်းမှု ဖြစ်၏။

သူတော်ကောင်း တရားက တန်ခိုး အဆင့်နှင့် မသက်ဆိုင်ပေ။

ဟာယွီလူက ကော့တေးအား မုန်းတီးကာ နောင်တွင် လက်စားချေရန် သေချာပေါက် ကြိုးစားမည်ကို ကျူးကော့ဟွေ သိသော်လည်း ဆင်ခြင်တုံတရားအား လက်ကိုင်ထားဆဲ ဖြစ်သည်။ သူမက ဆရာ၏ အဆင့်အထိ မရောက်နိုင်သော်လည်း ကော့တေးက အရာအားလုံးကို လိပ်ပြာ သန့်သန့်ဖြင့် ဆောင်ရွက်ပေးသည်။

“အစ်မနှစ်… ကော့တေးက သူ့ကြောင့် နာမည်ပျက်လို့ မရဘူး…” ရီဖူရှင်းက ကျူးကော့ဟွေအား ကြည့်သည်။ ကော့တေးက ရှင်းပြချက် ပေးစရာ မလိုသော်လည်း ကော့တေးအား မတရား ပုတ်ခတ်သည်များကို သူလက်မခံနိုင်ပေ။ လက်ရှိတွင် ကော့တေးက သူ၏ မိသားစုတစ်ခု ဖြစ်၏။

ကျူးကော့ဟွေက ရီဖူရှင်း၏ ကြည်လင်သော မျက်လုံးများကို ကြည့်လိုက်ကာ ပြုံးလိုက်သည်။ သူမက ဘာမှ မပြောပေ။ ရီဖူရှင်းက သူလုပ်နေသည်များ အားလုံးကို ရှင်းလင်းစွာ နားလည်ပုံရသည်။ ထို့ကြောင့် သူမက အေးဆေးစွာ ရပ်နေသည်။ ကော့တေးက သူ့အား ထောက်ခံပေသည်။

ကော့တေး၏ တပည့် တစ်ယောက်စီက ကော့တေးအား ကိုယ်စားပြုပေသည်။

ရီဖူရှင်းက တော်ဝင် ချန်ကျောင်းတော်အား ကြည့်ကာ ဆက်လက်၍ ပြောသည်… “ဒီနေရာမှာ ဘယ်သူမှ ညဏ်တုံးတဲ့လူ မရှိဘူး…” သူက ပြောသည်… “ဟာစီရိုက သေသင့်တယ်… ဒါပေမဲ့ စိတ်မကောင်း စရာက သူမက မယုံကြည်ရတဲ့လူကို ချစ်မိတာပဲ… သူမ လုပ်ခဲ့တဲ့ မကောင်းမှုတွေက အဲဒီလူအတွက်ပဲ…. ဒါတောင်မှ သူက အားလုံးကို နောက်မှာ ရပ်ကြည့်နေဆဲပဲ… လျိုဂျန်လန်… မင်း မရှက်ဘူးလား…” သူက ထိုသို့ ပြောလိုက်လျှင် တော်ဝင် ချန်ကျောင်းတော် အပါအဝင် ဟာယွီလူတို့က လျိုဂျန်လန်အား ကြည့်လိုက်ကြသည်။

လျိုဂျန်လန်၏ မျက်လုံးက တင်းမာသွားကာ သူက ရီဖူရှင်းအား အေးစက်စွာ ကြည့်သည်… “ငါရှက်တာပေါ့… ဘာလို့လဲဆိုတော့ ငါက စီရိုအတွက် လက်စားချေဖို့ မတတ်နိုင်သေးလို့ပဲ…” သူက အေးစက်စွာ ပြောသည်။

ရီဖူရှင်းက ပြုံးလိုက်သည်… “မင်းက အခုထိ ဟန်ဆောင် နေတုန်းပဲ… မင်းက တကယ်ပဲ ဟာစီရိုကို ချစ်တယ်ဆိုရင် မင်းက ယောက်ျား တစ်ယောက် ဖြစ်ပြီး နယ်မြေတစ်ရာက ရန်ငြိုးတွေကို သူမကို ဘာလို့ ပြောခဲ့လဲ…. မင်းက ငါနဲ့ကန်ယီနိုင်ငံကို ရင်ဆိုင်ဖို့ သူမကို အသုံးချပြီး ဘာလို့ တော်ဝင် ချန်ကျောင်းတော်ရဲ့ အင်အားကို ယူသုံးခဲ့တာလဲ…” ရီဖူရှင်းက ဆက်ပြောသည်… “မင်းက ဟာစီရိုနဲ့ ဒီလောက် နီးကပ်မှတော့ သူမက ဒီလုပ်ကြံမှုကို လုပ်ခဲ့တာကို မင်းမသိဘဲ နေမှာလား…. မင်းက ဒီလို အကျိုးဆက်ကို မတွေးခဲ့ဖူးဘူးလား…”

“မင်းက မပတ်သက်ဘူး ဆိုရင်တောင်မှ မင်းက ဟာစီရိုကို တားဖို့ ကြိုးစားခဲ့ဖူးလား…. သူမက ငါ့ကို လုပ်ကြံဖို့ စီစဉ်တဲ့အခါ ဘေးက ကြည့်နေပြီးမှ အပြစ်တွေကို ငါ့ကို လာပုံချတယ်… အခုလည်း မင်းက နောက်မှာ ရပ်နေပြီးတော့ မင်းကိုယ်မင်း ကာကွယ်နေတယ်… မင်းက တော်ဝင် ချန်ကျောင်းတော်နဲ့ ငါ့ကို အရူးလို့ ထင်နေတာလား…”

ရီဖူရှင်းက လျိုဂျန်လန်အား အေးစက်စွာ ကြည့်သည်။ သို့သော်လည်း အရာအားလုံးက ဘယ်နေရာ စလာသနည်း။ ထိုအရာအားလုံးက သူမ၏ နောက်တွင် ရှိနေသော လျိုဂျန်လန်ကြောင့် ဖြစ်သည်။

သူ၏ မျက်လုံးက အေးစက်  သွားသည်။ ရီဖူရှင်း၏ စကားများက ညွှန်ပြနေသည်မှာ ရီဖူရှင်းက သူ့အား သေစေလိုနေသည်။ ယခု သူ၏ ဆရာက လှမ်းကြည့်နေသည်။ သူ၏ အကြည့်က အေးစက်နေ၏။

“ဆရာ… ကျွန်တော် စီရိုကို တားဖို့ ကြိုးစားခဲ့တယ်…” လျိုဂျန်လန်က နာကျင်သော အမူအရာဖြင့် ပြောသည်။

“တကယ်လား….” ရီဖူရှင်းက ရယ်မောလိုက်သည်… “ဒါဆို မင်းအစား သူမက ဘာလို့ တာဝန်ယူခဲ့တာလဲ… သူမလုပ်ခဲ့တာတွေ အကုန်လုံးက မင်းအတွက်ပဲလေ… မင်းက သူမအစား ဝန်ခံဖို့ သင့်တော်တယ်လို့ မင်းမတွေးဘူးလား…. မင်းကိုယ်တိုင်က ဝန်ခံခဲ့ရင် သူမက အသက်ရှင်ဖို့ အခွင့်အရေး ရှိတယ်လို့ မင်း မထင်ဘူးလား…”

“ပါးစပ်ပိတ်ထား….” လျိုဂျန်လန်က ဒေါသတကြီး ပြောသည်… “မင်းက စီရိုကို ကိုယ့်ကိုယ်ကိုယ် သတ်သေအောင် လုပ်တယ်…. ပြီးတော့ အပြစ်တွေကို ငါ့ကို လာပုံချတယ်…”

“မင်းက ရှက်လို့ ဒေါသ ထွက်တာလား….” ရီဖူရှင်းက နှာခေါင်း ရှုံ့လိုက်သည်… “ဘယ်သူက မှန်တယ် ဘယ်သူက မှားတယ်ဆိုတာ လူတိုင်းက မြင်တယ်…. လျိုဂျန်လန်…. ငါတို့ရဲ့ ရန်ငြိုးက ငါတို့ ကိုယ်တိုင်ကပဲ ဖြေရှင်းမယ်လို့ ငါအမြဲ တွေးခဲ့တယ်… ဒါပေမဲ့ မင်းက ငါ့ရဲ့ သည်းခံမှု အတိုင်းအတာကို အတင်း လာလာပြီး ဖိအားပေးတယ်…. ဒီလိုဆိုမှတော့ ငါတို့ အဆုံးသတ် ကြတာပေါ့…”

လျိုဂျန်လန်က တော်ဝင် ချန်ကျောင်းတော်နှင့် ဟာစီရိုကို သုံးလျက် သူ့အား သတ်ရန် ကြံစည်ခဲ့သည်။ ဤသို့ဆိုလျှင် သူကလည်း သည့်ထက်ပို၍ သည်းခံစရာ မလိုတော့ပေ။

“မင်းက စီရိုကို ချစ်တယ် ဆိုမှတော့ သူ့အတွက် လက်စား ချေချင်မှာပေါ့…. ငါမင်းကို အခွင့်အရေး ပေးမယ်….” ရီဖူရှင်းက ပြောသည်…. “ငါတို့ တိုက်ခိုက်မယ်…. ကော့တေးနဲ့ တော်ဝင် ချန်ကျောင်းတော်က ဝင်မစွက်ဖက်ဘူး… တစ်ယောက်ပဲ အသက်ရှင်မယ်….” ထို့နောက် သူက ဟာယွီလူအား ကြည့်သည်…. “ခင်ဗျားရဲ့တပည့်က ခင်ဗျား သမီးအတွက် လက်စားချေနိုင်ပြီ…. တော်ဝင် ချန်ကျောင်းတော်က ငြင်းမှာ မဟုတ်ဘူးလို့ ကျုပ်ယူဆတယ်….” ဤနည်းဖြင့် လျိုဂျန်လန်ကလည်း ငြင်း၍ မရနိုင်တော့သည်ကို သူသိသည်။ ကော့တေးက သူ့အား ဖိအား မပေးလျှင်ပင် ဟာယွီလူက လျိုဂျန်လန်အား ဖိအားပေးမည် ဖြစ်သည်။

မျှော်လင့်ထားသလိုပင် ဟာယွီလူက လှမ်းကြည့်သည်။ ထိုအရာက အကာနာ အဆင့်နှင့် ဓမ္မအဆင့်အကြား စိန်ခေါ်မှုဖြစ်သည်။ လျိုဂျန်လန်ကား ယမန်နှစ် ကတည်းက အကာနာ အဆင့်ကို ရောက်ခဲ့ပြီး ဖြစ်သည်။ ယခုကား ရီဖူရှင်းက ဓမ္မအဆင့်မျှသာ ရှိသေးသည်။ ဤသို့သော အခွင့်အရေးကို သူက မည်သို့ လက်လွှတ် နိုင်မည်နည်း။

လျိုဂျန်လန်က ရီဖူရှင်းအား စိုက်ကြည့် လိုက်သည်။ သေခြင်း ရှင်ခြင်း တိုက်ပွဲလား။ သူကား အမှန်ပင် မောက်မာလှသည်။

ရီဖူရှင်းကား အားကောင်းသည်။ ဒွန်ချင် ကျောင်းတော် စင်မြင့်တွင် သူ၏ စွမ်းဆောင်ရည်ကို လျိုဂျန်လန်က မြင်ခဲ့ပြီး ဖြစ်သည်။ သို့သော် သူက လျိုဂျန်လန်အား အထင်သေးလွန်း လှသည်။

“အခုလား….” ဟာယွီလူက မေးသည်။

“နယ်မြေတစ်ရာ ဒေသ… နန်ဒူနိုင်ငံ… နောက်တစ်လ အကြာ…” ရီဖူရှင်းက လျိုဂျန်လန်အား ကြည့်လိုက်သည်။ “အဲဒီတုန်းက မင်းက ငါ့ကို အစေခံ လုပ်စေချင်ခဲ့တယ်…. မင်းအဖေရဲ့ အမိန့်တော်က ငါ့ကို ဆိုးရွားတဲ့ အခြေအနေသို့ တွန်းပို့ခဲ့တယ်…. အဲဒီနေ့မှာ ငါတို့ အားလုံးကို အဆုံးသတ် ကြတာပေါ့… မင်းရှုံးရင် သေမယ့်လူက မင်း တစ်ယောက်တည်း မဟုတ်ဘူး…”

သူ၏ စကားကို ကြားလျှင် လျိုဂျန်လန်၏ မျက်လုံများက အေးစက်သွားသည်။ ရီဖူရှင်း ဆိုလိုသည်ကို သူ နားလည်သည်။

နေရာကား နန်ဒူနိုင်ငံ ဖြစ်သည်။

သူနိုင်လျှင် ရီဖူရှင်း သေရမည်ဖြစ်ပြီး ရန်ငြိုးက အဆုံးသတ်ပြီ။

သူရှုံးလျှင် သူသာလျှင် သေမည် မဟုတ်ဘဲ နန်ဒူနိုင်ငံလည်း ပျက်စီးမည်။

ရီဖူရှင်းက ထိုအခွင့်အရေးကို သုံးလျက် နန်ဒူနိုင်ငံကို ဖျက်ဆီးလိုသည်။ သူက ထပ်မံ၍ မစောင့်နိုင်တော့ပေ။

***

Comment

Leave a Reply

Options

not work with dark mode
Reset