အပိုင်း (၂၄၁)

ကော့တေး၏ လေးယောက်မြောက် တပည့်

ဂူတုံးလျို၏ စကားက ပတ်ဝန်းကျင်အား အေးစက် သွားစေသည်။
လူတိုင်းက လေထဲမှ အဖြူရောင်ဝတ်စုံဝတ် လူငယ်ကို ကြည့်လိုက်ကြသည်။ ကော့တေးမှ တပည့်အား ဒွန်ဟွာကလန်နှင့် ချင်ပြည်ထောင်တို့က ပူးပေါင်း၍ ဖိနှိပ်သည်ကို သိသည့်တိုင် ဂူတုံးလျိုကား လက်စားချေရန် ရောက်လာခဲ့သည်။ အကယ်၍ ချင်ပြည်ထောင်က ဒွန်ဟွာကလန်ကား အကာအကွယ် ပေးပါက ချင်ပြည်ထောင်က ထိုကိစ္စတွင် ဝင်ရောက် ပတ်သက် နေသည်ဟု ဝန်ခံလိုက်ခြင်းနှင့် အတူတူပင်။
ဂူတုံးလျိုကား ချင်ပြည်ထောင်ကို ရွေးချယ်မှု ပြုလုပ်ရန် ဖိအား ပေးနေသည်။ ချင်ပြည်ထောင်ကသာ ဝန်ခံလိုက်လျှင် ဂူတုံးလျိုက မည်သို့ ပြုလုပ်မည်ကို လူအများက သိလိုကြသည်။ ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်တို့ကား အရှေ့မြေရိုင်း ဒေသ၏ ထိပ်သီး အင်အားစုနှစ်ခု ဖြစ်သည်။ သူတို့သာ ပူးပေါင်းပါက ကျောင်းတော်က ခုခံနိုင်ပါ မည်လော။ ထို့ကြောင့် ကော့တေးက တိုက်ရိုက် စစ်ကြေညာရဲပါ့မလား။ ကော့တေး၏ နောက်ထပ် ခြေလှမ်းက မည်သို့ ဖြစ်မည်နည်း။
ချင်ယွီက သူ့အား ခြိမ်းခြောက်နေသော ဂူတုံးလျိုအား ဆက်လက်၍ စိုက်ကြည့်နေသည်။
သူကား ကော့တေး၏ တတိယ တပည့် ဂူတုံးလျိုဖြစ်သည်။
“ငါတို့ရဲ့လူက ဒီနန်းတော်မှာ အနိုင်ကျင့် ခံရတဲ့အချိန်မှာ ချင်ပြည်ထောင်က ဝင်မပါခဲ့ဘူး…. ဒါကြောင့် ကျုပ်လုပ်မည့် ကိစ္စမှာလည်း ခင်ဗျားက ဝင်မပါဖို့ မျှော်လင့်တယ်… မဟုတ်ရင် မင်းတို့ကလည်း အလိုတူ အလိုပါလို့ သတ်မှတ်ရလိမ့်မယ်…..” ဂူတုံးလျိုက အသာအယာ ပြောသည်…. “ကော့တေးက အခမ်းအနားကို စိတ်ရင်းနဲ့လာတယ်…. ချင်ပြည်ထောင်က တကယ်ပဲ အလိုတူ အလိုပါဆိုရင် ကျုပ်တို့ကလည်း အလျှော့ပေးမယ် မထင်နဲ့….”
ထိုသို့ပြောပြီး ဂူတုံးလျိုက ဒွန်ဟွာကလန်ထံသို့ လျှောက်သွားလိုက်သည်။ ချက်ချင်းပင် မမြင်ရသော အားလှိုင်းတစ်ခုက ထိုနေရာ တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
ဂူတုံးလျိုက အမှန်ပင် တိုက်ခိုက်ရဲသည်လား။ ဒွန်ဟွာကလန်မှ စွမ်းအားမြင့် တန်ခိုးရှင်များက ဂူတုံးလျိုအား အေးစက်စွာ ကြည့်ကြသည်။
မရေမတွက်နိုင်သော သူများက အဖြူရောင်ဝတ်စုံဝတ် လူငယ်အား ကြည့်နေကြသည်။ ထိပ်သီး အင်အားစုနှစ်ခုနှင့် ရင်ဆိုင်နေရသည့်တိုင် သူကား ကြောက်ရွံ့ခြင်း မရှိဘဲ ပြုမူနိုင်သည်။
ဤသည်ကပင် ဂူတုံးလျို ဖြစ်ပေသည်။
ချင်ပြည်ထောင်က ဒွန်ဟွာကလန်အား ကူညီမည်ကိုလည်း ဂရုမစိုက်ပေ။ သူတို့က ကူညီသည်နှင့် အလိုတူအလိုပါ ဖြစ်သွားပေမည်။ ဤသို့ဆိုလျှင် သူက ချင်ပြည်ထောင်ကိုပါ တိုက်ခိုက်မည် ဖြစ်သည်။ ဒွန်ဟွာကလန်ကို မူကား သူတို့က မူလကတည်းက အပြစ်လုပ် ထားသူများ ဖြစ်ရာ မည်သည့် ဖြေရှင်းချက်မှ တောင်းနေစရာ မလိုပေ။
သူက ထိုလူကိုသာ ခေါ်သွားရန် လိုပေသည်။
ဒွန်ဟွာကလန်မှ နိုဘယ်များ ရှေ့ကို တက်လာကြသည်။ ဂူတုံးလျိုတွင် မည်သို့သော စွမ်းရည်များ ရှိသည်ကို သူတို့ သိလိုကြသည်။
“ပြောကြတာကတော့ ကော့တေးရဲ့ တတိယ တပည့်က အရမ်း တော်တယ် ပြောတယ်… ဒါပေမဲ့ ကိုယ်တွေ့ ကြုံဖူးတဲ့လူတွေ သိပ်မရှိဘူး…. မင်းက ဘယ်လောက် သန်မာလဲဆိုတာ သိဖို့ အခွင့်အရေး ရတာပဲ….” အဆင့်မြင့် နိုဘယ်တန်ခိုးရှင် တစ်ယောက်က ကြောက်မက်ဖွယ် နိုဘယ်အသိအား ထုတ်ဖော်လိုက်သည်။ သူ၏ ပတ်ဝန်းကျင်မှ သဘာဝ စွမ်းအင်များ ကြမ်းတမ်းစွာ လှုပ်ခတ်သွားကာ ပတ်ဝန်းကျင် တစ်ခုလုံး သိပ်သည်းသွားသည်။ မမြင်ရသော အားလှိုင်းတစ်ခုက ဂူတုံးလျိုထံ တိုးဝင်သွား၏။
အဝေးမှ ရပ်နေသူများပင်လျှင် ကြောက်မက်ဖွယ် ကောင်းလှသော ဖိအားကို ခံစားရသည်။ နိုဘယ်အဆင့် တန်ခိုးရှင်များ၏ စွမ်းအားများကား ကြောက်မက်ဖွယ် ကောင်းလှသည်။ သို့သော်လည်း ဂူတုံးလျိုက ထိုအရာကို သိပင် သိပုံမရပေ။ သူက မည်သို့မှ မခံစားရသလို အေးဆေးစွာ ရပ်နေသည်။ သို့သော် သူ၏ မျက်လုံးက အလင်းတစ်ခု ဝင်းလက်သွားကာ မမြင်ရသော အားလှိုင်းတစ်ခု ဖြစ်ပေါ်လာသည်။
ထိုနိုဘယ်က သူ့အား လွှမ်းခြုံလာသော ဖိအားတစ်ခုကို ခံစားရကာ သူ၏ စိတ်နယ်ပယ်ထဲတွင် ပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်ကို တွေ့ရသည်။
သူ၏ စိတ်နယ်ပယ်ထဲတွင်ကား အဖြူရောင် ဝတ်စုံဝတ် စာပေသမား တစ်ယောက် နတ်ဘုရားတစ်ပါးလို တည်ငြိမ်စွာ ရပ်နေသည်။
သူတစ်ယောက်တည်း မဟုတ်ပေ။ ဒွန်ဟွာကလန်မှ တခြား နိုဘယ်များကလည်း တူညီစွာ ခံစားနေရသည်။ သူတို့နှင့် ဂူတုံးလျိုကား ဝေးကွာသော အရပ်တွင်ပင် ရှိနေဆဲ ဖြစ်သော်လည်း ဂူတုံးလျိုက သူတို့၏ မျက်နှာချင်းဆိုင်တွင် ရပ်နေသကဲ့သို့ ခံစားနေကြရသည်။
“ငါ့မှာ ရှိတာတွေ မြင်လား….” ဂူတုံးလျိုက နှာခေါင်းရှုံ့လိုက်သည်… “မင်းတို့က အဆင့်မီလား….”
ဂူတုံးလျို၏ အသံက ထိုစွမ်းအားမြင့် တန်ခိုးရှင်များအတွက် အလွန်တရာ အားပြင်းလှသည်။
မင်းက အဆင့်မီလား…. အဆင့်မီလား….။ အသံက သူတို့၏ စိတ်နယ်ပယ်ထဲတွင် ပဲ့တင်ထပ် နေစေသည်။ ဂူတုံးလျို၏ ပုံရိပ်ကလည်း သူတို့၏ မြင်ကွင်းထဲမှ ပျောက်ကွယ် မသွားပေ။
“သွားစမ်း….” ဂူတုံးလျိုက ကြိမ်းမောင်း လိုက်သည်။
“သွားစမ်း…” ဟူသော စကားသံက ထိုနိုဘယ်၏ စိတ်နယ်ပယ်ထဲတွင် ထွက်ပေါ်လာလျှင် မမြင်ရသော အားလှိုင်းတစ်ခုက သူ့အား ထွင်းဖောက် သွားပုံရသည်။ ဂူတုံးလျို၏ အသံက သူ့အတွက် လျှပ်စီးဖြင့် ထိုးနှက်ခံရသလို ခံစားရကာ အလွန်အမင်း နာကျင် သွားစေသည်။ သူ၏ ပါးစပ်မှ သွေးများ စီးကျလာပြီး သူ့အား နောက်ဆုတ် သွားစေသည်။
“ဒါ….” လူအများက ထိုမြင်ကွင်းကို ကြည့်ကာ ထိတ်လန့်ကြရသည်။ ထိုနိုဘယ် ပြောသလို သူတို့က ဂူတုံးလျို တိုက်ခိုက်သည်ကို မြင်ရခဲသည်။
ယခု သူ၏ စွမ်းရည်များကို ကံကောင်း၍ မြင်ကြရ၏။
လူအများစုက ဒွန်ဟွာကလန်နေရာမှ ချိန်ရှင်းမူအား အလိုအလျောက် ကြည့်မိကြသည်။ သူကား လူငယ်မျိုးဆက်များ အကြား စိတ်ဝိညာဉ်ပညာတွင် အတော်ဆုံးအဖြစ် သတ်မှတ် ခံထားရသည်။ ထိုအခိုက်တွင် ဂူတုံးလျို၏ အသံက တုနှိုင်းမရသော စိတ်ဝိညာဉ် စွမ်းအားအဖြစ် ပြောင်းလဲသွားသည်။
ဂူတုံးလျိုကား အလွန် စွမ်းအားကောင်းသော စိတ်ဝိညာဉ် စွမ်းအားသုံး မှော်ထိန်းချုပ်သူ ဖြစ်သည်မှာ ထင်ရှားသည်။
“အနိုင်ကျင့်တာ ဘယ်သူလဲ…. ဒွန်ဟွာကလန်က ကိုယ်တိုင် ထုတ်ပေးမှာလား… ကျုပ်က လိုက်ရှာရမှာလား….” ဂူတုံးလျိုက ဒွန်ဟွာကလန်မှ နိုဘယ်များကို လျစ်လျူရှုကာ ထူးမခြားနားစွာ မေးလိုက်သည်။ ယခုထိ မည်သူက အနိုင်ကျင့်ခဲ့သည်ကို သူမသိသေးပေ။ သို့သော် မည်သူဖြစ်စေ သူက ရှာတွေ့မည်ဖြစ်ကာ ထိုလူအား ခေါ်သွားရပေမည်။
ဟေးဂျင်ကား အလွန်အမင်း အရှက်ရသည်။ သူကား ထိပ်သီး အင်အားစု တစ်ခုဖြစ်သော ဒွန်ဟွာကလန်၏ နိုဘယ်တစ်ယောက် ဖြစ်သည်။ ဂူတုံးလျိုက ဤမျှ အတင့်ရဲမည်ဟု သူလုံးဝ မမျှော်လင့်ထားပေ။ ထို့အပြင် ဒွန်ဟွာကလန်မှ မည်သူမှ ဂူတုံးလျိုအား မရပ်တန့် နိုင်မည်ကို သူ စိုးရိမ်သည်။
ဒွန်ဟွာကလန်မှ လူများကို စေ့စေ့စပ်စပ် လိုက်ကြည့်လျှင် သူတို့၏ မျက်လုံးများနှင့် ဟန်အမူအရာများ အရ မည်သူက အနိုင်ကျင့်သူ ဖြစ်သည်ကို သိသည့်အလား ဂူတုံးလျို၏ မျက်လုံးက တစ်စုံတစ်ယောက်ထံတွင် ရပ်တန့်သွားသည်။
“မင်း….” ဂူတုံးလျိုက မေးလိုက်သည်။ ဟေးဂျင်ကား အလွန်အမင်း ရှက်ရွံ့သွားကာ ပြန်မပြောရဲပေ။
ဤသည်ကို မြင်လျှင် ချင်ယွီ မျက်မှောင်ကြုတ် သွားသည်။ ဒွန်ဟွာကလန်မှ နိုဘယ်က ဤမျှ စိတ်ပိုင်းဆိုင်ရာ အားနည်းမည်ဟု သူ မမျှော်လင့်ထားပေ။ သို့သော်လည်း ဂူတုံးလျို၏ စကားက သူ့အား ဝင်စွက်ဖက်ရန် မဖြစ်နိုင်ပေ။
ဂူတုံးလျိုက ရှေ့ကို ဆက်လျှောက်သွားသည်။ ဒွန်ဟွာကလန်က အေးစက်သွားပုံ ရသည်။ ထိုအဖြူရောင်ဝတ် လူငယ်၏ ခြေလှမ်းတိုင်းက သူတို့၏ နှလုံးခုန်သံကို ရပ်တန့်စေနိုင်သည်။
ထိုအခိုက်တွင် လူအနည်းငယ်က ကောင်းကင်တွင် ပေါ်လာကာ အောက်ကို ငုံ့ကြည့်လိုက်ကြသည်။
“ဂူတုံးလျို….” အသံတစ်သံ ထွက်လာသည်။ ဂူတုံးလျိုက ကောင်းကင်ကို မော့ကြည့်လိုက်၏၊
“မင်း လုပ်ရဲလား…..” အသက်ကြီး နိုဘယ် တစ်ယောက်က ပြောသည်။ သူ၏ အသံက လေထုကို တုန်ခါ သွားစေကာ မမြင်ရသော အားလှိုင်းတစ်ခုက ဂူတုံးလျိုထံသို့ ဖိအားပေးလာသည်။
ဤသည်ကို မြင်လျှင် ဂူတုံးလျိုက ကောင်းကင်သို့ လျှပ်စီးအလား ထိုးတက်သွားပြီး ကျယ်လောင်သော အသံတစ်သံနှင့် အတူ ထိုနိုဘယ်၏ လက်ဝါးရိုက်ချက်က အစိတ်စိတ်အမြွှာမြွှွာ ကွဲပျက်သွားသည်။ ဂူတုံးလျိုက ကောင်းကင်မှ ဒွန်ဟွာလလန် နိုဘယ်များထံသို့ တိုက်ရိုက် တိုးဝင်သွားသည်။ ဒွန်ဟွာကလန် နိုဘယ်များအား အလွန် စွမ်းအားမြင့်သော သူများချည်းသာ ဖြစ်၏။ ကြောက်မက်ဖွယ် တိုက်ခိုက်မှုများက နေမင်းအလင်းများကို ပင်လျှင် ဖုံးကွယ်သွားအောင် အရေအတွက် များပြားစွာ ထွက်ပေါ်လာသည်။
ထိုမြင်ကွင်းကို မြင်လျှင် ချင်ယွီ စိတ်အေး သွားသည်။ ယမန်နေ့ ကတည်းက သူက ဒွန်ဟွာကလန်အား ကြိုတင် ပြင်ဆင်ထားရန် သတိပေးခဲ့သည်။ ဤတစ်ကြိမ် ထွက်ပေါ်လာသော သူများကား အမှန်ပင် အားကောင်း ပေသည်။
ဟေးဂျင်လည်း စိတ်အေး သွားပုံရ၏။ အသက်ကြီး နိုဘယ်ကား သူ၏ ဆရာဦးလေး ဖြစ်ကာ အလွန် စွမ်းအားမြင့်သည်။ ထို့အပြင် ဤတစ်ကြိမ် တိုက်ခိုက်သူများကား  အရှေ့မြေရိုင်း ဒေသတွင် နာမည်ကျော်ကြားသော ထိပ်တန်း နိုဘယ်များချည်းသာ စုစည်းထားခြင်း ဖြစ်သည်။  သူတို့က ဂူတုံးလျိုအား ရင်ဆိုင်ရန် လုံလောက် သင့်ပေသည်။ သို့သော် ဂူတုံးလျိုကား ထိုတိုက်ခိုက်မှုများကို ဂရုစိုက်ပုံ မရပေ။ သူက ရှေ့ကို ဆက်လျှောက် သွားသည်။ ဒွန်ဟွာကလန်မှ တိုက်ခိုက်မှုများက ဂူတုံးလျိုထံ ရောက်ရှိလာသောအခါ အလိုအလျောက် ပျက်ပြယ်သွားပြီး သဘာဝ စွမ်းအင်များအဖြစ် ပြောင်းလဲ သွားကြသည်။
လူအများက ထိုမြင်ကွင်ကို ကြည့်ပြီး အံ့အားသင့် ကြရသည်။ ဒွန်ဟွာကလန်မှ စွမ်းအားမြင့် တန်ခိုးရှင်များက ဂူတုံးလျိုကို ထပ်မံ၍ တိုက်ခိုက်ကြသည့်တိုင် ဂူတုံးလျိုက အရေးမလုပ်ပေ။ သူ၏ ခန္ဓာကိုယ်က ပုံရိပ်ယောင် တစ်ခုအဖြစ် ပြောင်းလဲသွားကာ ရှေ့ကို လျင်မြန်စွာ တိုးသွားသည်။
ဘုန်း…။ သူက ဒွန်ဟွာကလန်မှ လူများ၏ အနီးကို ရောက်သွားလျှင် ပတ်ဝန်းကျင်က အလွန်အမင်း သိပ်သည်းသွားပြီး ဒွန်ဟွာကလန်မှ နိုဘယ်များ အားလုံး ရပ်တန့်သွားသည်။ သူတို့၏ ဟန်ချက်များလည်း ပျက်ယွင်းသွားကာ အလွန်အမင်း အားကောင်းသော ဖိအားကို ခံစားကြရသည်။
ဤသည်ကို မြင်လျှင် မြေပြင်မှ ပိုမို အားကောင်းသော တန်ခိုးရှင်များ ရှေ့ကို တက်လာကြကာ ဂူတုံးလျိုအား ပူးပေါင်း တိုက်ခိုက်ရန် ကြံရွယ် လိုက်ကြသည်။သူကား အလွန် သန်မာသည်။
“ရပ်စမ်း…” တစ်စုံတစ်ယောက်က အေးစက်စွာ ပြောသည်။ ဒွန်ဟွာကလန်မှ စွမ်းအားမြင့် တန်ခိုးရှင်များက ကောင်းကင်ကို မော့ကြည့်လိုက်လျှင် နဂါးနက်ပေါ်မှ ဝင့်ကြွားသော လူငယ် တစ်ယောက်ကို တွေ့ရသည်။
ရွှီယီသည်လည်း စာပေသမားဟန်ပန် ရှိသည်။ ဒွန်ဟွာကလန်မှ လူများကို ကြည့်ကာ သူက အေးစက်စွာ ပြောသည်…. “ဒါက မနေ့က ကျုပ်ရဲ့ ညီကို ဝိုင်းပြီး တိုက်ခိုက်သလိုပဲလား….”
သူက ထိုသို့ ပြောလိုက်သည်နှင့် သူ့နောက်တွင် ရှေးဟောင်း စာအုပ်တစ်အုပ် ထွက်ပေါ်လာသည်။ အလွန်အမင်း လင်းလက် တောက်ပသော အလင်းများက စာအုပ်ထံမှ ဖြာထွက်လာနေသည်။ ထိုအရာကား သူ၏ ဓမ္မဖြစ်ဟန် ရ၏။
စာအုပ်က အလိုအလျောက် ပွင့်လာကာ စာရွက်များက တစ်ရွက်ပြီး တစ်ရွက် လေထဲ ပြန့်ကျဲကာ ထွက်လာ၏။ ထိုအခိုက်တွင် ရွှီယီ၏ ခန္ဓာကိုယ်အား မရေမတွက်နိုင်သော စာရွက်များ လှည့်ပတ် နေလေသည်။
“စာအုပ် ထောင်ပေါင်းများစွာ ဖတ်ရှုခြင်း…” ရွှီယီက ဖြည်းညင်းစွာ ရေရွတ်လိုက်သည်။ ရှေးဟောင်း စာအုပ်မှ စာရွက်များက ဒွန်ဟွာကလန်မှ တန်ခိုးရှင်များကို တိုက်ရိုက် ပျံသန်း တိုးဝင် သွားကြသည်။
ရုတ်တရက် စာရွက်များထဲမှ တစ်ရွက်က မီးလျှံများ ထွက်ပေါ်လာသည်။ ထိုအရာက မီးနဂါးတစ်ကောင် အဖြစ် ပြောင်းလဲသွားကာ ရန်သူထံသို့ ပြေးဝင်လာနေသည်။ နောက်ထပ် စာရွက်တစ်ခုက ဧရာမ တောင်ကြီးတစ်လုံး အဖြစ် ပြောင်းလဲသွားပြီး ရန်သူအား လာရောက် ဖိရန် ကြိုးစားသည်။ နောက်ထပ် စာရွက်တစ်ခုကလည်း ရေခဲစွမ်းအင်များ ထွက်ပေါ်လာကာ ပတ်ဝန်းကျင်မှ အရာအားလုံးကို အေးခဲ သွားစေသည်။
ချက်ချင်းပင် အမျိုးမျိုးသော မှော်တိုက်ကွက်များက ဒွန်ဟွာကလန်မှ လူများထံသို့ တိုးဝင် သွားသည်။ မရေမတွက်နိုင်သော လူများက ရင်ဘတ်များ တုန်ခါလျက် ထိတ်လန့် အံ့အားသင့်ကြသည်။
တိုက်ပွဲနှစ်ခုက ကော့တေးအား ကျော်ကြားစေသည်။ ပထမတိုက်ပွဲကား ကော့တေးမှ ပထမ တပည့်နှင့် ဖူယွန်ဓားကလန်တို့ တိုက်ပွဲဖြစ်သည်။ နောက်ထပ် တိုက်ပွဲကား ဂူတုံးလျိုက ထိပ်သီး အင်အားစု တစ်ခုကို အမြစ်ပြတ် ချေမှုန်းခြင်း ဖြစ်သည်။
ကော့တေး၏ တပည့်နှစ်ယောက်ကား အရှေ့မြေရိုင်း ဒေသတွင် အလွန်အမင်း ကျော်ကြားကြသည်။ လူတိုင်းက သူတို့အား သိကြ၏။ သို့သော်လည်း ကော့တေးမှ လေးယောက်မြောက် တပည့်မှာ ရွှီယီဟု ခေါ်သည်ကို လူအများက သိကြသော်လည်း သူ တိုက်ခိုက်သည်ကို မည်သူမှ မမြင်ဖူးကြပေ။
ဤတိုက်ပွဲက ရွှီယီ၏ တောင်အောက်ကို ဆင်းပြီး ပထမဆုံး တိုက်ပွဲ ဖြစ်ဟန်ရသည်။
ထိုအခိုက်တွင် လူတိုင်းက လောကအား  တုန်လှုပ်စေသော နောက်ထပ်  လူတစ်ယောက်၏ မွေးဖွားခြင်းကို တွေ့မြင် နေကြရဟန် တူပေတော့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset