လျင်မြန်စွာ ပင် နန်းတော် တွင် ဖြစ်ပျက်သမျှက နန်းမြို့တော် ထဲကို ပျံ့နှံ့သွားသည်။ တစ်ရက်တည်းတွင် အရှေ့မြေရိုင်းဒေသမှ ထိပ်သီး အင်အားစုနှစ် ခုက နိုဘယ် တန်ခိုးရှင်များ စွာ ဖြင့် မြို့ထဲကို ရောက်ရှိ လာခဲ့ကြသည်။
ယခုတွင် နန်းတော် အနီးတစ်ဝိုက်ရှိ နေရာများ တွင် လူ အများ အပြား ရှိနေကြသည်။ ပြောကြသည်မှာ တော် ဝင် ချန်ကျောင်းတော် နှင့် နန်ဒူနိုင်ငံမှ လူများ က ကန်ယီနန်းမြို့တော် မှ ထွက်ခွာ သွားခြင်း မရှိသေးဟူ၍ ဖြစ်၏ ။ သူတို့က နန်းတော် နှင့် သိပ်မဝေးသော တည်းခိုခန်း တစ်ခုတွင် တည်းနေကြကာ ထိုနေရာက မည် သည့် အချိန်တွင် မဆို နန်းတော် သို့ သွားရောက် နိုင်သော နေရာလည်း ဖြစ်သည်။
တဖြည်းဖြည်းဖြင့် ရီဖူရှင်းနှင့် နန်ဒူနိုင်ငံ၏ ပုံပြင်မှာ လူအများ ကြား ပြောစရာ ဖြစ်လာခဲ့သည်။ ကောလာဟလများ အရ ရီဖူရှင်းက တစ်ချိန်က နန်ဒူနိုင်ငံ၏ ဒွန်ဟိုင်ကျောင်းတော် တွင် သင်ယူခဲ့သည်။ ထို့နောက် ဧကရာဇ်လျို၏ အကောက်ကြံမှု ကြောင့် ကန်ယီနိုင်ငံကို ထွက်ပြေးလာကာ ကန်ယီနိုင်ငံ၏ ဖန်းဟွာပွဲတော် တွင် ပထမ ရခဲ့သည်။ ထိုအချိန်က သူက နန်းမြို့တော် တစ်ခုလုံးကို လှုပ်ခတ်စေခဲ့ကာ လူတိုင်းက သူ၏ နာမည် အား သိခဲ့ကြသည်။ ယခု လျိုဂျန်လန်က တော် ဝင် ချန်ကျောင်းတော် သို့ ဝင်ရောက်ခဲ့သည်။
ရီဖူရှင်းကလည်း လျိုနိုင်ငံကို ဝင်ရောက်ခဲ့ပုံရသည်။ ကြည့်ရသည်မှာ သူတို့၏ ရန်စက ပိုမိုကြီးထွား လာပုံရသည်။ ကန်ယီနိုင်ငံနှင့် နန်ဒူနိုင်ငံမှ တစ်ဆင့် သူတို့က အရှေ့မြေရိုင်းဒေသသို့ အထိ ထိုရန်ငြိုးကို ယူဆောင် သွားကြမည့်ပုံ ပေါ်နေသည်။
ရီဖူရှင်းနှင့် အတူ ဖန်းဟွာ ပွဲတော် တွင် ပါဝင် ဆင်နွှွဲခဲ့ကြသော လူများ အားလုံးက အံ့အား သင့်ကြရသည်။ တစ်နှစ် ပင် မပြည့်သေးသော ်လည်း ယခု ရီဖူရှင်းက အရှေ့မြေရိုင်းဒေသ၏ ထိပ်သီး အင်အားစု တစ်ခုကို ဝင်ရောက်ခဲ့ပြီး ဖြစ်သည်။ သူတို့၏ အဆင့်အတန်းကား ယခုတွင် မိုးနှင့် မြေပြင်ပမာ ကွာခြား သွားပြီ ဖြစ်သည်။
လူအများ အပြားက နန်းတော် ကို ရောက်ရှိ လာကြကာ အများ စုမှာ နန်းတွင် း အရာရှိများ ဖြစ်ကြသည်။ ရီဝူချင်းနှင့် လင်းယွီယိုတို့၏ မိသားစုဝင် များ ကလည်း ထိုနေရာတွင် ရှိနေသည်။ ယနေ့တွင် ကား နန်းတော် က လွန်စွာ လှုပ်ရှား တက်ကြွနေပုံရသည်။ လျိုဖေးယွန်က ဧကရာဇ်ရီအား စားပွဲပြင်ဆင်ရန် မလိုအပ်ဟု ပြောခဲ့သော ်လည်း ဧကရာဇ်ရီက ဧည့်သည်များ ကို ကြိုဆိုရင်း စားပွဲတစ်ခု ပြင်ဆင်ခဲ့သည်။
” ကျေးဇူးပြုလို့ ထိုင်ပါ… မင်းသားနဲ့ မင်းသမီး…” ဧကရာဇ်ရီက ယဉ်ကျေးစွာ ပြောသည်။ အထူးသဖြင့် လျိုဖေးယွန်ကား လျိုနိုင်ငံ၏ မင်းသား ဖြစ်ရာ သူက အဓိက ထိုင်ခုံနေရာ၏ ရှေ့တွင် ထိုင်ရမည် ဖြစ်သည်။ ထို့အပြင် သူနှင့်အတူ လိုက်ပါလာသော နိုဘယ်များ လည်း ပါဝင်သည်။ သူကား ကန်ယီနိုင်ငံမှ ဧကရာဇ် ဖြစ်သော ်လည်း ထိုလူများ ကို မလေးမစား မလုပ်ရဲပေ။
“ကျွန်တောင်က ဒီလောက် မရဲပါဘူး… စီနီယာ….” လျိုဖေးယွန်က ဧကရာဇ်ရီအား လေးစားစွာ ပြောသည်။ သူတို့က ယနေ့တွင် အချိန်မီ ရောက်လာခြင်းက ကံကောင်းခြင်းဟု ပြောရပေမည် ။ သူက ရီဖူရှင်းနှင့် တခြား လူများ ကို ကိုယ်တိုင် လိုက်ပါ ပို့ဆောင်ခြင်းက သူတို့နှင့် မိတ်ဆွေ ဖြစ်လိုသော ကြောင့်ပင်။ ရီဖူရှင်းတို့၏ ပါရမီဖြင့် သူတို့က နောင်တွင် အရှိန်အဝါ ကြီးမားသော လူများ ဖြစ်လာမည် မှာ သေချာသည်။ ထို့ကြောင့် သူက ရီဖူရှင်း၏ စီနီယာများ ကို မလေးမစား မလုပ်ရဲပေ။
” ကျေးဇူးပြုလို့ ထိုင်ပါ အရှင်မင်းကြီး…” ရီဖူရှင်းက ပြောသည်။ ဧကရာဇ်ရီက သူ့အား ကြည့်ကာ ခေါင်းညိတ်လျက် ထိုင်ခုံနေရာတွင် ထိုင်သည်။
ဧကရာဇ်ရီ ထိုင်ပြီးလျှင် လူတိုင်းက လျိုဖေးယွန်နှင့် လျိုချန်းယွီတို့ ထိုင်ရန် စောင့်ဆိုင်း နေကြသည်။ သို့ သော ်လည်း လျိုဖေးယွန်က မထိုင်သေးဘဲ ဟွာဖန်းလူ၊ ယိချန်နှင့် တခြား လူများ ကို ပြောသည်….”မှန်တောင်ကုန်းမှာ ရီဖူရှင်း၊ ဟွာဂျီယူ၊ ယူချင်းနဲ့ ရီဝူချင်းတို့က ကန်ယီနာမည် ကို ရှေးဟောင်းမြေရိုင်း ဒေသ တစ်ခုလုံးကို သိစေခဲ့တယ်…. အခု အရှေ့မြေရိုင်း ဒေသက ကန်ယီနိုင်ငံကို အရမ်း စိတ်ဝင်စားနေကြတယ်… စီနီယာများ ခင်ဗျား… ကျွန်တော် က ခင်ဗျားတို့ဆီက သင်ယူစရာ များ ပါသေးတယ်….”
ဟွာဖန်းလူနှင့် ယိချန်တို့က ရီဖူရှင်း၏ ရှေးဟောင်းမြေရိုင်း ဒေသ အတွေ့အကြုံများ ကို မသိသော ်လည်း လျိုဖေးယွန်၏ အမူအရာ များ အရ အနည်းငယ် ခန့်မှန်း၍ ရသည်။
“ဆရာ၊ ဆရာကတော် ၊ ဆရာကြီး ယိတို့ အကုန်လုံး ထိုင်ကြပါ…” ရီဖူရှင်းက ရယ်မောလျက် ပြောသည်။ လူကြီးများ က အရှေ့မြေရိုင်း ဒေသ၏ လူငယ်မျိုးဆက်များ ၏ အပေါ်တွင် ရှိနေရခြင်းက သက်သော င့်သက်သာ ဖြစ်ဟန် မရှိသည်ကို မြင်လျှင် ရီဖူရှင်းက ပြုံးမိသည်။ သို့ သော ် ဟွာဖန်းလူက ထိုအရာများ နှင့် တဖြည်းဖြည်း အသားကျ သွားရန် လိုသည်။ သူကား ဧကရာဇ် တစ်ပါး၏ ဆရာ ဖြစ်လာမည် မဟုတ်ပါလော။
ဟွာဖန်းလူ၊ ယိချန်နှင့် တခြားလူများ က ထိုင်လိုက်ကြသည်။ ရီဖူရှင်း၊ ဟွာဖန်းလူနှင့် တခြား အုပ်စုများ ကလည်း ထိုင်လိုက်ကြသည်။ ယိချိန်ချန်ကား ယခု ယူချင်း၏ ဘေးတွင် ထိုင်နေသည်။
“ဝူချင်း…. မင်းရဲ့ လက်က ဘာ ဖြစ်တာလဲ…” လူတိုင်းက ထိုင်ခုံတွင် ထိုင်ကြလျှင် ဧကရာဇ်ရီက ရီဝူချင်းကို ရုတ်တရက် မေးသည်။ ဤမတိုင်မီက သူက မေးရန် အခွင့်အရေး မရသော ်လည်း ယခု သူက ထိုမေးခွန်းကို မေးလိုက်ရာ လူတိုင်းက ရီဝူချင်းကို လှမ်းကြည့် လိုက်ကြသည်။
“ဒါက ပြဿနာကြီး မဟုတ်ပါဘူး… ရှေးဟောင်းမြေရိုင်း ဒေသမှာ တစ်စံုံ တစ်ယောက် ကြောင့် ပြတ်သွားခဲ့တာ… ဒါပေမဲ့ ရီဖူရှင်းက သူ့ရဲ့ လက်ကို ဖြတ်ပြီး လက်စားပြန်ချေပြီးပြီ…” ရီဝူချင်းက တည်ငြိမ်စွာ ပြောသည်။ သူ၏ စကားက လူတိုင်းအား ကျောချမ်းစေသည်။ ” ထိုပုံပြင်၏ နောက်ကွယ်မှ အန္တရာယ်အား သူတို့က ခံစားမိကြသည်။ လျိုနိုင်ငံမှ မင်းသားနှင့် မင်းသမီးများ ကပင် သူတို့ကို လိုက်ပါ ပို့ဆောင် ရအောင် ရီဖူရှင်းတို့အား မည် သို့ ဖြစ်ပျက်ခဲ့သည်ကို သူတို့ ခန့်မှန်း၍ ပင် မရပေ။
“မင်းက ပြဿနာ မရှာဘဲနေလို့ မရဘူးလား….” ယိချန်က ရီဖူရှင်းအား လှမ်း၍ ကြိမ်းမောင်း လိုက်သည်။
ရီဖူရှင်းက ထိုအပေါက် ဆိုးလှသော လူကြီးအား တစ်ချက် ကြည့်လိုက်သည်။ လီတောင်ယွန်က လို့လန်ရှေးဟောင်း နယ်မြေတွင် သူတို့အား သတ်လိုသော အခါ သူ တခြား ဘာလုပ်နိုင်မည် နည်း။ သို့ သော ် ထိုအ ဖြစ်အပျက် အတွက် သူ့တွင် တာဝန် မကင်းသလို ခံစားရရာ မည် သို့ မှ ပြန်မပြောဘဲ ငြိမ်နေသည်။
“ယူချင်း… မင်း အဆင်ပြေလား…” ယိချန်က မေးသည်။
“ကျွန်တော် …” ယိချန်က သူ၏ တပည့်ကိုသာ စိုးရိမ်သည်ကို မြင်လျှင် ရီဖူရှင်းက ပြန်ပြော ချင်သည်။
“ကျွန်တော် ဘာလဲ… မင်းက ဒီလောက် အကြာကြီး သွားပြီးတာတောင် ဂျီယူနဲ့ ချိန်ချန် စိတ်ပူရအောင် ပြန်မလာဘဲ နေတယ်… ဂျီယူက မင်းကို စိတ်ပူလို့တောင် ကိုယ်တိုင် လိုက်သွားရတယ်…. ဒါ ဘယ်လောက် အန္တရာယ်များ လဲ မင်းသိလား…. ဒါတောင် မင်းက ပြန်ပြော ချင်သေးတယ်…”
“စီနီယာ ယိပြောတာ မှန်တယ်… မင်းက ရှေးဟောင်းမြေရိုင်း ဒေသမှာ ကောင်းကင် အဆင့်လောက်နဲ့ ဆိုတော့ ဒုက္ခတွေ အများ ကြီး ရောက်ခဲ့မှာ ပဲ… ဟုတ်တယ်မလား….” ဟွာဖန်းလူက ညင်သာစွာ ပြောသည်။
ရီဖူရှင်းက ခေါင်းငုံ့လိုက်သည်။ သူက မတရား ခံရသလို ခံစားရသည်။ သူက အိမ်ပြန်ရန် အဝေးကြီးမှ လာခဲ့ရသည်။ ဘယ်လိုလုပ် သူတို့က သူ့အား ဤကဲ့သို့ ဆက်ဆံရသနည်း။
လျိုဖေးယွန်နှင့် လျိုချန်းယွီတို့က ထိုမြင်ကွင်းကို ကြည့်ကာ အံ့အားသင့် သွားကြသည်။ လျိုချန်းယွီက မဟန်နိုင်တော့ဘဲ ရယ်မော လိုက်သည်။ ဤကောင်ကား ရှေးဟောင်း မြေရိုင်းဒေသတွင် အလွန် မောက်မာသည်။ သို့သော ် ကြည့်ရသည်မှာ သူ၏ အိမ်တွင် သူ့အဆင့်က အလွန် နိမ့်ဟန်ရ၏ ။
“မင်းက ဘာကို ရယ်နေတာလဲ… ဝူချင်းအဖေက ဒီမှာ ရှိတယ်… အရိုအသေ မပေးသေးဘူးလား…” ရီဖူရှင်းက လျိုချန်းယွီကို ပြောသည်။ ဤမိန်းကလေးက သူ့အား ရယ်မောရဲသည်။ သူမက ရီဝူချင်း၏ မိသားစု ဖြစ်လာသော အခါ ရီဖူရှင်းက သူမအား သေသေချာချာ ဆုံးမရန် တေးမှတ် ထားလိုက်၏ ။
“နင်…” လျိုချန်းယွီ၏ အကြည့်ကာ အေးစက်သွားကာ သူမ၏ မျက်နှာကလည်း ရှက်သွေးများ ဖြန်းသွားသည်။
ရီဝူချင်းကလည်း ထိုစကားကိုကြားကာ သက်သော င့် သက်သာ မရှိသလို ခံစားရ၏ ။
လူတိုင်းက ထိတ်လန့် သွားကြသည်။ ဘာ ဖြစ်နေသနည်း။
လျိုချန်းယွီက ရီဝူချင်း၏ အဖေအား အဘယ်ကြောင့် အရိုအသေပေးရန် လိုသနည်း။
မျက်လုံးပေါင်း များ စွာ က သူတို့နှစ် ယောက် ထံ ရောက်လာသည်။ ရီဖူရှင်းနှင့် လျိုနိုင်ငံ မင်းသမီးတို့၏ အခြေအနေက မည် သို့ ရှိသနည်း။
“မင်းသာ မပြောရင် ငါ မေ့သွားတော့မယ်…” လျိုဖေးယွန်က ရယ်မော လိုက်သည်။ ထိုေ့နာက် သူက ရီဝူချင်း၏ ဘေးမှ အရှင်ရီဘက်ကို လှည့်ကာ ဦးညွှတ်လျက် အရိုအသေပေးသည်… “ဦးလေးရီကို နှုတ်ဆက်ပါတယ်….”
အရှင်ရီကား မိန်းမော သွားသည်။ မင်းသားလျိုက သူ့အား အဘယ်ကြောင့် ဦးညွှတ်နေရသနည်း။
“ချန်းယွီ… မင်းက ဘာလို့ ဦးလေးကို နှုတ်မဆက် သေးတာလဲ….” လျိုဖေးယွန်က သူ၏ ညီမအား ကြည့်လိုက်သည်။
“ညီမ…” လျိုချန်းယွီ ဘာလုပ်ရမည် မသိတော့ပေ။ သို့ သော ် လူအများ အပြားက သူမအား ကြည့်နေကြသည်။ နောက်ဆုံးတွင် သူမက မတတ်သာဘဲ အရှင်ရီအား လေးစားစွာ အရိုအသေ ပေးသည်… “ဦးလေးရီကို နှုတ်ဆက်ပါတယ်….”
” …. ” အရှင်ရီကား မည် သို့ ပြောရမည် မသိတော့ပေ။
“အရှင်ရီ… ဒီလို အချိန်မျိုးမှာ ကြိုဆိုတဲ့ အထိမ်းအမှတ် အနေနဲ့ လက်ဆောင် တစ်မျိုးမျိုးပေးရင် မသင့်တော် ဘူးလား….” ရီဖူရှင်းက ဝင်၍ မျက်နှာလုပ်သည်။
“နင်… တော် လောက်ပြီ….” လျိုချင်းယွီက အံကြိတ်လျက် ပြောသည်။ သူမက ရီဖူရှင်းအား ဒေါသတကြီး ကြည့်လိုက်၏ ။
ရီဖူရှင်းက ပြုံးလိုက်သည်။ ထိုအရာကား သူ့ကို ရယ်မောသော အပြစ် ဖြစ်သည်။
“မင်းတို့က အရမ်း ယဉ်ကျေးတာပဲ…” အရှင်ရီက သူ၏ လက်နှစ် ဖက်အား ရှေ့တွင် ဆုပ်ကိုင်လျက် ပြောသည်။ ထို့နောက် သူက ဘေးမှ ရီဝူချင်းအား ကြည့်လိုက်သည်။ ဤသို့ ဆိုလျှင် သူ၏ သားက လျိုနိုင်ငံ မင်းသမီးနဲ့ ပတ်သက်နေပုံ ရ၏ ။
ပရိသတ်များ ကလည်း အခြေအနေကို ခန့်မှန်းမိသည်။ ရီဖူရှင်းက လျိုချန်းယွီအား ကျီစယ်နေခြင်းက သိသာသော ်လည်း အမှန်တကယ်ကော ထိုသို့ ထူးခြားသော ပတ်သက်မှု မျိုး ရှိသလော သူတို့ မသေချာပေ။ မည် သို့ပင်ဆိုစေ လျိုနိုင်ငံက ရီဖူရှင်းနှင့် အလွန် ကောင်းမွန်သော ဆက်ဆံရေး ရှိသည်မှာ သိသာ ထင်ရှားသည်။ အကယ်၍ ရီဖူရှင်းက လျိုနိုင်ငံကို ပူးပေါင်းခဲ့ပါက သူက ဤမျှ မြင့်မားသော အဆင့်အတန်းမျိုး ရှိမည် မဟုတ်ပေ။ သူတို့ကား မိတ်ဆွေရင်းချာများ လို စနောက် နေကြသည်။
“ဖူရှင်း… မင်းက အရမ်း ပင်ပန်း ဆင်းရဲခဲ့မှာ ပဲ… အခု မင်းက တော် တော် ပိန်သွားတယ်….” နန်ဒူဝန်ယမ်က ညင်သာစွာ ပြောသည်။
“ဟုတ်ကဲ့… အရှေ့ရှေးဟာင်း မြေရိုင်းဒေသမှာ တစ်ခုမဟုတ် တစ်ခုကတော့ ခက်ခဲတာ ရှိနေတာပဲ… ကျွန်တော် က ပြဿနာတွေ အများ အပြား ရင်ဆိုင်ခဲ့ရတယ်…” ရီဖူရှင်းက ချက်ချင်း ခေါင်းညိတ် လိုက်သည်။ အမှန်ပင် သူ၏ ဆရာကတော် ကား သူ့ကို ဂရုအစိုက်ဆုံး ဖြစ်သည်။
“နှစ်ဟာင်းလည်း ကုန်တော့မယ် … နှစ် သစ်ရောက်တဲ့ အထိ နေဦး…” ရီဖူရှင်းက သူတို့နှင့် အချိန်ကြာကြာ မနေတော့သည်ကို သူမ ရိပ်မိသည်။
“ဟုတ်ကဲ့…” ရီဖူရှင်းက ခေါင်းညိတ်သည်။ ” ပြီးတော့ ဆရာနဲ့ ဆရာကတော် တို့က အရှေ့မြေရိုင်းဒေသကို လိုက်လာလို့ ရတယ်…”
“အတူတူလား…” နန်ဒူဝန်ယမ်က ရေရွတ် လိုက်သည်။ ရီဖူရှင်းက အရှေ့မြေရိုင်းဒေသကို တစ်ခါမှ မရောက်သေးဖူးပေ။ သူက ထိုနေရာတွင် အထိုင်မကျသေးရာ ဤကိစ္စက လွယ်ကူသည်တော့ မဟုတ်ပေ။
“အင်း… ဂျီယူနဲ့ ကျွန်တော် က ဆရာနဲ့ ဆရာကတော် ကို ဂရုစိုက်ပေးဖို့ လိုသေးတယ်…” ရီဖူရှင်းက ခေါင်းညိတ်သည်။
အရှက်မဲ့လိုက်တာ….။ လျိုချန်းယွီက တွေ းလိုက်သည်။ ဤကောင်စုတ်ကား သည်ကဲ့သို့ မျက်နှာလုပ် တတ်သည်။ သူက သူ့ဆရာ၏ သမီးကို ရယူနိုင်သည်မှာ မထူးဆန်းတော့ပေ။
နန်ဒူဝန်ယမ်က ဟွာဖန်းလူအား ကြည့်ကာ ရီဖူရှင်းကို ပြောသည်… “မင်းက ကိုယ့်ကိုယ်ကိုယ် အရင် ဂရုစိုက်ဦး…င ါတို့ကို စိတ်မပူနဲ့…”
“ရီဖူရှင်း… မင်းတို့က လျိုနိုင်ငံကို လာမယ်ဆိုရင်… မင်းတို့က ငါတို့ရဲ့ မိသားစုပဲ…” လျိုဖေးယွန်က အခွင့်အရေး ရလျှင် ဝင်ရောက် ဆွယ်လိုက်သည်။ သူက ရီဖူရှင်းတို့အား အတင်းအားဖြင့် မဖိတ်ခေါ်သော ်လည်း ကြိုးစား ကြည့်ခြင်းက မမှာ းပေ။
” ကျုပ်တို့အုပ်စုထဲက တစ်ယောက် ကို မင်းသမီးရဲ့ ကြင်ရာ အနေနဲ့ ရွေးတာ ပိုကောင်းမယ်လို့ ကျုပ်ထင်နေတုန်းပဲ…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။
ထိုအ ဖြစ်က လူအများ အား ပိုမို၍ နားမလည် ဖြစ်စေသည်။ ဤသို့ ဆိုလျှင် ရီဖူရှင်းက လျိုနိုင်ငံကို ဝင်ရောက်ရန် သဘောတူသေးပုံ မရပေ။ အဘယ်ကြောင့် လျိုနိုင်ငံက ရီဖူရှင်းအား ကန်ယီနိုင်ငံသို့ လိုက်ပါ စောင့်ရှောက် ကြသနည်း။
သူတို့က စကားပြောနေ ကြစဉ်မှာ ပင် အလွန်အမင်း အားကောင်းသော ဓားအသိများ က ကောင်းကင်ယံမှတစ်ဆင့် နန်းတော် သို့ ရိုက်ခတ်လာသည်။ လျင်မြန်စွာ ပင် တိမ်များ ကြားမှ လေတိုးသံများ ကြားလာရသည်။
ထိုအခိုက်တွင် ပင် နန်းတော် မှ လူတိုင်းက ကောင်းကင်မှ ဓားအသိအား ခံစားမိကာ ကောင်းကင်ကို မော့ကြည့် လိုက်ကြသည်။ ထိုမျှ အားကောင်းသော ဓားအသိ။ လူတိုင်းက ထိတ်လန့် သွားကြသည်။
ဧကရာဇ်လျိုတို့ တည်းခိုနေသော နေရာတွင် လည်း စီရိုနှင့် တခြားလူများ က ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။ ဘာ ဖြစ်နေသနည်း။
“ဝိုး … ဘယ်ဓားအသိ….” စီရို၏ နောက်မှ နိုဘယ် တစ်ယောက် က ပြောသည်… ” ပြီးတော့ တစ်ယောက် တည်း မဟုတ်ဘူး….”
သူတို့ စကား ပြောနေစဉ်မှာ ပင် ဓားအလင်းတန်းများ က ကောင်းကင်မှ တိမ်တိုက်များ ကို ခွဲလျက် ထွက်ပေါ် လာကြသည်။ သူတို့အားလုံးက ဓားများ စီးနင်းလျက် ပျံသန်းလာကြခြင်း ဖြစ်သည်။ သူတို့၏ မျက်လုံးများ က ကန်ယီနန်းတော် ဘက် ရှိရာသို့ ရောက်သွား ကြသည်။
နန်းတော် စားပွဲနေရာတွင် ဓားသမား ဖြစ်သော ဧကရာဇ်ရီကလည်း ထိုအရာကို ခံစားမိသည်။ သူက ကောင်းကင်ကို မော့ကြည့်လိုက်လျှင် သူ၏ ရင်ဘတ်က တုန်ခါသွားသည်။ အလွန် အားကောင်းသော ဓားအသိကို သူခံစားရသည်။ သူ၏ ဓားအသိထက်ပင်လျှင် အဆမတန် အားကောင်းသည်။ ဤတစ်ကြိမ်တွင် မည် သူ ရောက်လာသနည်း။
လျိုဖေးယွန်က ကောင်းကင်ကို မော့ကြည့်လိုက်လျှင် ထိုလူမျ ားရောက်ရှိလာပြီ ဖြစ်သည်ကို သူ ရိပ်မိလိုက်သည်။ သူက အနည်းငယ် အံ့အားသင့် သွားသည်။ ပထမဆုံး ရောက်လာသူများ ကား တိုက်ဆိုင်စွာ ပင် ဖူယွန်ဓားကလန် ဖြစ်နေသည်။
ဓားအလင်းတန်းများ က နန်းတော် ၏ အပြင်တွင် ရပ်တန့် သွားကြသည်။ ဖူယွန်ဓားကလန်မှ လူမျာက လေထဲတွင် ပင် ရပ်တန့်လျက် အော်ပြောသည်….” ဖူယွန်ဓား ကလန်က ကန်ယီနိုင်ငံကို တွေ့ခွင့် တောင်းပါတယ်….”
အသံက ဓားတစ်လက်လို လေထုကို ခွင်းလျက် လူတိုင်း၏ နားစည်ကို လာရောက် ရိုက်ခတ်သည်။
တည်းခိုခန်း၏ အပေါ်ဆုံး နေရာတွင် ထိုင်နေရင်းက ဟာစီရိုက ရုတ်တရက် ထိတ်လန့်စွာ ထရပ်လိုက်သည်။ လျိုဂျန်လန်နှင့် တခြား လူများ ကလည်း ထိုနည်းတူပင်။
အတိတ်တွင် တော် ဝင် ချန်ကျောင်းတော် က နန်ဒူနိုင်ငံကို ရောက်ရှိလာခဲ့ကာ လျိုဂျန်လန်၏ ဘဝအားပြောင်းလဲ စေခဲ့သည်။ ယခု ဖူယွန် ဓားကလန်ကလည်း ကန်ယီနိုင်ငံကို ရောက်လာသည်။ ကလန်က ကန်ယီနိုင်ငံအား လေးစားစွာ တွေ့ခွင့် တောင်းနေသည်။ သူတို့၏ အမူအရာများ ကို မြင်လျှင် တစ်စုံတစ်ခု မကောင်းသော အရာတစ်ခုခု ဖြစ်ပျက်တော့မည် ဟု သူမက ခံစားမိနေသည်။
ဧကရာဇ်ရီကလည်း ထရပ်လိုက်ကာ သူ၏ ထက်ရှသော မျက်လုံးများ ဖြင့် အပြင်ဘက်ကို ကြည့်လိုက်သည်။ ဖူယွန်ဓားကလန်က တွေ့ခွင့် တောင်းနေသည်။
“သွားစို့…” ဧကရာဇ်ရီက သူတို့ကို သွားရောက် ကြိုဆိုရင် ပြင်လိုက်သည်။
“အရှင်မင်းကြီး….” ရီဖူရှင်း ခေါ်လိုက်လျှင် ဧကရာဇ်ရီက သူ့အား နားမလည်သလို ကြည့်သည်။
“သူတို့က ဒီကို ဘာလို့ လာတာလဲ ဒီကပဲ မေးကြည့်ပါလား…” ရီဖူရှင်း တည်ငြိမ်စွာ ပြောသည်။ အကယ်၍ တခြား ထိပ်သီး အင်အားစုဆိုလျှင် သူက ဧကရာဇ်ရီအား တားမည် မဟုတ်ပေ။ သို့ သော ် သူတို့အား ဖူယွန် ဓားကလန်မှ ဖြစ်သည်။ ကြိုတင် မေးခြင်းက ပိုမို သင့်တော် သည်။
“ဒီက မေးရမယ်…..” ဧကရာဇ်ရီက ရီဖူရှင်းအား အံ့အားသင့်စွာ ကြည့်သည်။
စားပွဲမှ လူများ ကလည်း သူ့ကို ဝိုင်းကြည့် လိုက်ကြသည်။ ရှေးဟောင်းမြေရိုင်း ဒေသတွင် သူ ဘာတွေ များ လုပ်ခဲ့သနည်း။
***