လျိုဖေးယွန်၏ စကားကို ကြားလျှင် စီရို၏ ယုံကြည်မှု ပြိုလဲသွားတော့သည်။ သူမအပြင် ဧကရာဇ်လျိုနှင့် တခြား ဧကရာဇ်များ က စိုးရိမ်စိတ် ဝင်လာကြပြန်သည်။ သူတို့က ထိုစကားပြောလိုက်သော လူငယ်ကို ထိတ်လန့်တကြား ကြည့်ကြသည်။ သူတို့က လျိုဖေးယွန်၏ မျက်လုံးတွင် သရော်သော ဟန်ပန်များ ကို တွေ့ရသည်။ သူက စီရိုအား သိပုံရသော ်လည်း ဂရုမစိုက်ဟန် ရှိသည်။ တော် ဝင် ချန်ကျောင်းတော် ပဉ္စမမြောက် သခင်၏ သမီးဟု သိလျှင်ပင် သူက ဤကဲ့သို့ သရော်သော ဟန်ပန်ရှိနေပုံကို ထောက်လျှင် သူက စီရီု၏ အဆင့်အတန်းကို ဂရုမစိုက်ဟု သဘော သက်ရောက်နေသည်။
အခြေအနေက သိပ်မကောင်းတော့ပေ။
ရီဖူရှင်းက ခွန်ပန်နှင့် အတူ တခြား နိုဘယ်များ ဖြင့် လိုက်ပါ ပို့ဆောင်ခြင်း ခံရသည်။ သို့ သော ်လည်း ခေါင်းဆောင် ဖြစ်ဟန် တူသူက ထိုနိုဘယ်များ ဖြစ်ဟန် မရပေ။ ခေါင်းဆောင်ကား ထိုလူငယ်လေး ဖြစ်သည်။ ဤသို့ ဆိုလျှင် လူငယ်၏ အဆင့်က ထိုနိုဘယ်များ ထက် မြင့်သည်ဟု သဘောရသည်။ ဆိုလိုသည်က သူ၏ နောက်ခံအင်အားက သူတို့ ထင်မှတ်ထားသည်ထက် မြင့်မားသည် ဟူ၍ ပင်။ ထိုအရာက စိရိုက ထိုနိုဘယ်များ နှင့် ရောက်လာသကဲ့သို့ ပင်။
စီရို၏ မျက်လုံးများ က အေးစက်သွားကာ လျိုဖေးယွန်ကို စိုက်ကြည့်လိုက်သည်….” ရှင်က ဘယ်သူလဲ….”
တော် ဝင် ချန်ကျောင်းတော် တွင် သခင်ငါးပါး ရှိသည်။ တစ်ယောက် စီက ကျောင်းတော် တစ်ခုစီကို အုပ်ချုပ်ကြသည်။ သူမ၏ အဖေကား ငါးယောက် မြောက် သခင် ဖြစ်သော ်လည်း သူမ၏ အဖေသည်လည်း ကလန်ခေါင်းဆောင် တစ်ယောက် ဖြစ်ပေသည်။ ယခု တစ်စုံ တစ်ယောက် က သူမအား ဂရုမထားသော အမူအရာဖြင့် ပြောနေသည်။ သူကလည်း အရှေ့မြေရိုင်း ဒေသမှ အင်အားကြီး အဖွဲ့အစည်း တစ်ခုကလား။
“လျိုနိုင်ငံက လျိုဖေးယွန်…”
စီရို၏ မျက်နှာ ပျက်သွားသည်။
လျိုနိုင်ငံကား အင်အားကြီး နိုင်ငံ ဖြစ်သည်။ သူကား လျိုနိုင်ငံ၏ မင်းသား ဖြစ်၏ ။ တော် ဝင် ချန်ကျောင်းတော် ကလည်း အင်အားကြီး အဖွဲ့အစည်း ဖြစ်သော ်လည်း သူမ၏ အဖေကား တော် ဝင် ချန်ကျောင်းတော် မှာ ငါးယောက် မြောက် သခင်မျှသာ ဖြစ်သည်။ လျိုဖေးယွန်၏ အဖေကား လျိုနိုင်ငံ၏ ဘုရင် ဖြစ်သည်။ အဆင့်အတန်းချင်း ယှဉ်မည် ဆိုလျှင် အနည်းငယ် ကွာဟမှု ရှိသည်။ လျိုဖေးယွန်က လျိုနိုင်ငံကို ကိုယ်စားပြုနိုင်သော ်လည်း သူမမူကား ကွာခြားသည်။
လျိုဂျန်လန်၏ အမူအရာလည်း ပျက်ယွင်းသွားသည်။ သူက ဤမျှပင် မြန်ဆန်သည်လား။ သူကား ရီဖူရှင်းကို ရှင်းလင်းရန် အလျင်စလို ကြိုးစား နေခဲ့ရသည်။ ရီဖူရှင်းက ဓမ္မအဆင့်ကိုးကို ရောက်သော အခါ နိုဘယ် ကံစွမ်းအားကို ရရှိပြီး အင်အားကြီး အဖွဲ့အစည်း တစ်ခုသို့ ဝင်ရောက် သွားမည် ကို သူစိုးရိမ်သည်။ ထို့ကြောင့် သူက တော် ဝင်ချန်ကျောင်းတော် ၏ အင်အားကို မှီခိုလျက် ကန်ယီနိုငံကို ရောက်လာကာ ရီဖူရှင်းကို ရှင်းလင်းရန် ကြိုးစားခြင်း ဖြစ်သည်။
တစ်နှစ် ပင် မပြည့်သေးဘဲ ရီဖူရှင်းကား ပြန်ရောက်လာသည်။ သူက အင်အားကြီး အဖွဲ့အစည်း တစ်ခုကို ပူးပေါင်းခဲ့ဟန် တူကာ လျိုနိုင်ငံ၏ မင်းသားကပင်လျှင် သူ့အား လိုက်ပါ ပို့ဆောင်သည်။ သူက တော် ဝင် ချန်ကျောင်းတော် ကို ဝင်ရောက်ချိန်က ဤကဲ့သို့ ကောင်းမွန်စွာ ဆက်ဆံခံရခြင်း မရှိခဲ့ပေ။
တခြား ဧကရာဇ်များ အားလုံး မျက်နှာများ ပြာနှမ်း သွားကြသည်။ နိုဘယ် တန်ခိုး အဆင့်ကို ရောက်ရှိခြင်းက သူတို့က ထိပ်သီး အင်အားစုများ ကို ကြားဖူးကြသည်။ အရှေ့မြေရိုင်း ဒေသတွင် အင်အား အကြီးဆုံး နိုင်ငံနှစ် ခု ရှိသည်။ သူတို့မှာ ချင်ပြည်ထောင်နှင့် လျိုနိုင်ငံတို့ ဖြစ်ကြသည်။
သူ၏ မျိုးရိုးနာမည် ကား လျို ဖြစ်ပြီး လျိုနိုင်ငံမှ ဖြစ်သည်။ သူ မည် သူ ဖြစ်သည်ကို ပြောနေစရာ မလိုတော့ပေ။
လျိုဂျန်လန်က တော် ဝင် ချန်ကျောင်းတော် ကို ဝင်ရောက်ခဲ့ကာ နန်ဒူနိုင်ငံကို တော် ဝင် ချန်ကျောင်းတော် သခင်၏ သမီးနှင့်အတူ အရှိန်အဝါကြီးစွာ ပြန်လာခဲ့သည်။ ထို့ကြောင့်ပင်လျှင် လျိုဂျန်လန်က တော် ဝင် ချန်ကျောင်းတော် ၏ အရှိန်အဝါကိုသုံးလျက် ကန်ယီနိုင်ငံကို ရောက်လာခဲ့သည်။ ယခုတွင် ရီဖူရှင်းက အရှေ့မြေရိုင်းဒေသက အင်အားကြီး အဖွဲ့အစည်းတစ်ခု ဖြစ်သော လျိုနိုင်ငံကို ပူးပေါင်းလာခဲ့ပုံရသည်။
ဧကရာဇ်လျိုကား အလွန်အမင်း စိတ်ပျက်နေသည်။ သူက ရီဖူရှင်းကို သတ်ရန် ကြိမ်ဖန်များ စွာ ကြိုးစားခဲ့သော ်လည်း အကြိမ်တိုင်းတွင် ကျရှုံးခဲ့ရသည်။ ယခု သူ၏ အစီအစဉ်က ပြည့်စုံနေပြီဟု ထင်သော ်လည်း ရီဖူရှင်းက အရှေ့မြေရိုင်းဒေသက ထပ်သီး အင်အားစု တစ်ခုနှင့်အတူ ပြန်လာသည်။
” တော် ဝင် ချန်ကျောင်းတော် က ဘယ်လောက်တောင် အင်အားကြီး လာလို့ နယ်မြေတစ်ရာ ဒေသကို လာပြီးတော့ အာဏာပြရတာ လဲ…..” လျိုဖေးယွန်က ပြုံးလျက် ပြောသည်… “မင်းအဖေကော သိလား….”
“ရှင်….” စီရိုက သူ့အား ဒေါသတကြီး ကြည့်သည်။
“မင်းငါ့ကို ဒီလို မကြည့်နဲ့…. မင်းအဖေလည်း မကြာခင် သိလိမ့်မယ်….” လျိုဖေးယွန်က ရုတ်တရက် ပြုံးလိုက်သည်။ ရီဖူရှင်းတို့ အုပ်စုက မှန်တောင်ကုန်းတွင် ထိုမျှလှုပ်ခတ်အောင် လုပ်ခဲ့ကြသည်။ တော် ဝင် ချန်ကျောင်းတော် မှ လူများ ကလည်း ကန်ယီနိုင်ငံကို လာရောက်ကြမည် မှာ သေချာသည်။
တော် ဝင် ချန်ကျောင်းတော် က ရီဖူရှင်အား လာရောက် ဖိတ်ခေါ်မည် ။ စီရိုက ရီဖူရှင်းအား သတ်ရန် ကြံစည်သည်။ အလွန် စိတ်ဝင်စားစရာ ကောင်းလှသည်။
“မင်း လုပ်တာလား…” ရီဖူရှင်းက မျက်လုံးထဲတွင် လူသတ်လိုသော အငွေ့အသက်များ ပြင်းထန်လျက် စီရိုအား ကြည့်လိုက်သည်။ အကယ်၍ သူသာ အနည်းငယ် နောက်ကျခဲ့လျှင် သူ၏ ဆရာနှင့် ဆရာကတော် တို့ မည် သို့ ဖြစ်မည် ကို သူ မသိပေ။
“ဟုတ်တယ်… ဒါပေမဲ့ နင် ဘာတတ်နိုင်လို့လဲ…” စီရိုက ရီဖူရှင်းကို အထင်သေးစွာ ပြောသည်။ လျိုဖေးယွန်က သူမအား မလေးမစား ပြော၍ ရသော ်လည်း ရီဖူရှင်းက သူမအား ထိုသို့ ပြောရန် သူ မည် သူနည်း။ သူကား အရိုင်းအစိုင်း နိုင်ငံငယ် တစ်ခုမှသာ ဖြစ်သည်။ သူ မည် မျှ ပါရမီမြင့်သည် ဖြစ်စေ သူက သူမအား ဤသို့ ပြောရန် အဆင့်မမီပေ။
လျိုဖေးယွန်က မင်းသား ဖြစ်လျှင်ပင် သူမက သူ့အား မကြောက်ပေ။ တော် ဝင် ချန်ကျောင်းတော် ကလည်း အင်အားကြီး အဖွဲ့အစည်း တစ်ခု ဖြစ်သည်။ လျိုနိုင်ငံက တော် ဝင်ချန်ကျောင်းတော် အား ပြင်ပလူ တစ်ယောက် အတွက် စစ်မတိုက်ရဲပေ။
ရီဖူရှင်းက စီရိုအား ကြည့်ကာ သူမ၏ ဘေးမှ လျိုဂျန်လန်အား ကြည့်သည်….”ဒွန်ဟိုင်မှာ တုန်းက မင်းက မင်းသားတစ်ပါး ဖြစ်ပြီးတော့ ငါ့ကို မင်းနဲ့ တန်ခိုးကျင့်ဖို့ ပြောခဲ့တယ်… အခု မင်းက တော် ဝင် ချန်ကျောင်းတော် ကို ဝင်ရောက်ပြီး တာတောင်မှ ငါ့အကြောင်းကို တွေ းနေတုန်းပဲ… မင်းငါ့ကို ဒီလောက် ကြောက်သလား….”
လျိုဂျန်လန်၏ မျက်နှာ နက်မှော င် သွားသည်။ ကြောက်လန့် သည်လား။
သူက အမှန်တကယ်ပင် ကြောက်သည်။ မဟုတ်လျှင် သူက တော် ဝင် ချန်ကျောင်းတော် ၏ အရှိန်အဝါကို ယူလျက် ရီဖူရှင်းကို သတ်ရန် ကြိုးစားမည် မဟုတ်ပေ။
“မင်းက သူတို့ရဲ့ အင်အားကို အသုံးပြုဖို့ မိန်းမ တစ်ယောက် ကို အသုံးချနေတာလား…..” ရီဖူရှင်းက သရော်လိုက်သည်။ ” ပြီးတော့ အဲဒီ မိန်းမကလည်း ဟိုတစ်ချိန်တုန်းက မင်းလိုပဲ ဂုဏ်မောက်တယ်… မင်းတို့ နှစ် ယောက် က တကယ်လည်း လိုက်ဖက်တယ်…”
အသုံးချသည်လား။
စီရို၏ ရင်ဘတ် တုန်ခါသွားသည်။ သူမက လျိုဂျန်လန်နှင့် အတူရှိချိန်များ ကို ပြန်တွေ းမိသည်။ လျိုဂျန်လန်က သူမအား တစ်စုံတစ်ခု လုပ်ခိုင်းစေချင် သည့်တိုင် သူမက စိတ်ပါလက်ပါ လုပ်ပေးမည် ဖြစ်သည်။ ဤနေရာသို့ လာခြင်းကလည်း သူမကိုယ်တိုင်က ဦးစွာ အဆိုပြုခဲ့ခြင်း ဖြစ်၏ ။
ရီဖူရှင်း သူတို့ကို မကြည့်ပေ။ သူက တခြား ဧကရာဇ်များ ကို ကြည့်ကာ နှာခေါင်းရှုံ့သည်… “ခင်ဗျားတို့က တကယ်ပဲ ဒီနေ့ မဖြေရှင်းတော့ ဘူးလား…”
ဧကရာဇ်များ အားလုံး မျက်နှာပျက် သွားကြသည်။ လျိုနိုင်ငံကား တော် ဝင် ချန်ကျောင်းတော် နှင့် အင်အား အတူတူခန့် ရှိသည်။ ဧကရာဇ်လျိုက တော် ဝင် ချန်ကျောင်းတော် ၏ နောက်ခံရှိရာ ရီဖူရှင်းက သူ့အား ပြဿနာရှာရန် မလွယ်ကူပေ။ သို့ သော ် တခြား ဧကရာဇ်များ က မည် သို့ လုပ်မည် နည်း။ အကယ်၍ ရီဖူရှင်းက လျိုနိုင်ငံ၏ အင်အားဖြင့် သူတို့ကို တိုက်ခိုက်ပါက အကျိုးဆက်က မတွေ းရဲစရာပင်။
စီရိုက ရီဖူရှင်းအား ကြည့်လိုက်သည်။ သူကား လျိုနိုင်ငံကို ဝင်ရောက်ရန် လုံလောက်သော ပါရမီ ရှိနိုင်သော ်လည်း လူငယ် တစ်ယောက် အနေဖြင့် သူကား အလွန် မောက်မာလှသည်။ သူက တော် ဝင် ချန်ကျောင်းတော် ကို ပင်လျှင် အထင်သေး၏ ။
သူမက အေးစက်စွာ ပြောသည်… “အခုက စပြီးတော့ ရှင်တို့အားလုံးကို တော် ဝင် ချန်ကျောင်းတော် က ကာကွယ်ပေးတယ်… နိုင်ငံတစ်ခုစီက လူ တစ်ယောက် စီ ရွေးပြီး တော် ဝင် ချန်ကျောင်းတော် ကို လိုက်ခဲ့နိုင်တယ်…” စီရိုက ထိုသို့ ပြောကာ ရီဖူရှင်းအား ကြည့်လိုက်သည်။ အရှေ့မြေရိုင်း ဒေသတွင် ပါရမီရှင်များ စွာ ရှိသော ်လည်း သူမအား ဤသို့ မည် သူမှ မဆက်ဆံရဲပေ။ လျိုဖေးယွန်က ထိုသို့ ပြုမူနိုင်သော ်လည်း ရီဖူရှင်းက သူ့ကိုယ်သူ မည် သူဟု ထင်သနည်း။
” ကျေးဇူးတင်ပါတယ်… မိန်းကလေး…” ဧကရာဇ်များ က ဦးညွတ်လျက် ပြန်ပြောကြသည်။ ယခုကား သူတို့ စိတ်အေး သွားကြပြီ ဖြစ်သည်။ တော် ဝင် ချန်ကျောင်းတော် က သူတို့အား ကာကွယ်ပေးမည် ဆိုမှတော့ ရီဖူရှင်းက လျိုနိုင်ငံ၏ နောက်ခံ အင်အားကို အသုံးပြုလျှင်ပင် အသုံးဝင်မည် မဟုတ်တော့ပေ။
“ဒါဆို ခင်ဗျားတို့က ဒါကို ဖြေရှင်းဖို့ အစီအစဉ် မရှိဘူးပေါ့…” ရီဖူရှင်းက စီရိုကို မကြည့်ပေ။ သူက ဧကရာဇ်များ ကို ကြည့်နေဆဲ ဖြစ်သည်။ သူတို့အားလုံး တိတ်ဆိတ် နေသည်။ အကယ်၍ သူတို့က ဆက်လက် ရင်ဆိုင်လျှင် မည် ကဲ့သို့ အကျိုးဆက်များ ဖြစ်လာမည် ကို သူတို့မသိပေ။ ယခု တော် ဝင် ချန်ကျောင်းတော် က သူတို့အား ကာကွယ်မည် ဖြစ်ရာ တော် ဝင် ချန်ကျောင်းတော် ၏ အစီအစဉ် အတိုင်းသာ လိုက်နာရမည် ဖြစ်သည်။
“ကျုပ် သဘောပေါက်ပြိ…” ရီဖူရှင်းက ပြုံးလျက် စီရိုကို ကြည့်လိုက်သည်…”မင်းက တော် ဝင် ချန်ကျောင်းတော် ကို ကိုယ်စားပြုနိုင်မယ်လို့ ကျုပ်မျှော်လင့်တယ်….” ထို့နောက် သူက ဟွာဖန်းလူနှင့် တခြား လူများ ဘက်ကို လှည့်ကာ ပြောသည်….” ဆရာ … အရင်ဆုံး ပြန်သွားရအောင်….”
” ကောင်းပြီ….” လူတိုင်းက ခေါင်းညိတ် လိုက်သည်။ သူတို့က ဧကရာဇ်လျိုတို့ အုပ်စုကို ကြည့်ကာ လှည့်ထွက် သွားကြသည်။
ရီဖူရှင်းက ယခု အင်အားကြီး အဖွဲ့အစည်း တစ်ခု၏ နောက်ခံ ရှိနေသည်။ ဧကရာဇ်လျိုက သူ့အား မည် သို့ မှ မလုပ်နိုင်ပေ။
ပြဿနာကား ထိုနည်းဖြင့် လောလောဆယ် ပြေလည်သွားသည်။
လူတိုင်းက နန်းတော် ထဲကို ပြန်လည် ဝင်ရောက် သွားကြသည်။ လျိုဖေးယွန်က စီရိုအား ပြုံးလျက် ကြည့်ကာ ပြောသည်….”မင်းက ဆုံးဖြတ်ချက် တစ်ခု မချခင် မင်းရဲ့ အဖေကို အရင်ဆုံး မေးတာ ပိုကောင်းတယ်….”
လျိုချန်းယွီကလည်း စီရိုကို အေးစက်စွာ ကြည့်သည်။
ထိုအုပ်စုက မည် သို့ မှ မတတ်နိုင်ဘဲ ပြန်လည် ထွက်ခွာ သွားကြရသည်။ ယခုကား အရာအားလုံးက ပြန်လည် တည်ငြိမ် သွားပြီ ဖြစ်သည်။
စီရို၏ မျက်နှာက သိပ်မကောင်းပေ။ လျိုဖေးယွန်က သူမအား အကြိမ်များ စွာ သရော်ခဲ့သည်။ သူက သူမအား လုံးဝ အလေးမထားပေ။ တော် ဝင် ချန်ကျောင်းတော် သခင်၏ သမီး တစ်ယောက် အနေဖြင့် သူမက တစ်စုံတစ်ခု လုပ်ရန် သူမ၏ အဖေအား အဘယ်ကြောင့် ပြောရမည် နည်း။
” ပြဿနာ တစ်ခုခု ရှိနိုင်လား…” လျိုဂျန်လန်က တိတ်ဆိတ် နေရင်းက ပြောသည်။
” စိတ်မပူနဲ့ ငါရှိတယ်….” စီရိုက လျိုဂျန်လန်ကို ကြည့်ကာ ပြောသည်။ ထိုမောက်မာသော မိန်းကလေးက ချက်ချင်း ပင် ညင်သာ နူးညံ့သွားသည်။
” ကျေးဇူးပဲ….” လျိုဂျန်လန်က သူမ၏ လက်အား ဆုပ်ကိုင်ကာ တောင်းပန်သည့် အကြည့်ဖြင့် ကြည့်သည်။
တခြား ဧကရာဇ်များ က ထိုမြင်ကွင်းကို မြင်လျှင် သူတို့၏ မျက်လုံးများ အရောင် လက် သွားသည်။ စီရိုနှင့် လျိုဂျန်လန်တို့၏ ဆက်ဆံရေး မှာ သူတို့ ထင်မှတ် ထားသည်ထက် အများ ကြီး ကောင်းမွန်သည်။
ယခု သူတို့က ရီဖူရှင်းနှင့် ရန်ဘက် ဖြစ်သွားပြီး ဖြစ်သည်။ ယခုတွင် သူတို့က လျိုဂျန်လန်၏ နောက်ကို လိုက်ရန်မှ တပါး တခြား နည်းလမ်း မရှိတော့ပေ။
” ပြန်ကြစို့…” လျိုဂျန်လန်က ရေရွတ် လိုက်သည်။
“မဟုတ်ဘူး … ငါတို့ တည်းခိုခန်းကို အရင်ပြန်ကြမယ်…” စီရိုက ပြောသည်….”လျိုနိုင်ငံက သူ့အတွက် ဘာလုပ်ပေးနိုင်လဲ ငါသိချင်တယ်…”
လျိုဂျန်လန်၏ မျက်လုံးများ လင်းလက် သွားကာ ခေါင်းညိတ်သည်။ သူတို့က တည်းခိုခန်းတွင် တည်းလျက် လျိုနိုင်ငံက မည် သည့် အချိန်တွင် ထွက်ခွာမည် ကို စောင့်ကြည့်မည် ဖြစ်သည်။
ရီဖူရှင်းက လျိုနိုင်ငံကို ပူးပေါင်းလိုက်မှတော့ စီရိုက ကန်ယီနိုင်ငံကို မည် သို့ မှ မလုပ်နိုင်ပေ။ မဟုတ်လျှင် သူတို့ကလည်း နန်ဒူနိုင်ငံကို တစ်စုံတစ်ခု လုပ်၍ ရသည်။
သို့ သော ် သူမက အနည်းဆုံး ဖိအားတော့ ပေး၍ ရသည်။
ရီဖူရှင်းနှင့် တခြားလူများ က နန်းတော် ထဲကို ဝင်ရောက် လာကြသော ်လည်း ဧကရာဇ်ရီကား စိတ်အေးသေးဟန် မတူပေ။ အကယ်၍ လျိုနိုင်ငံနှင့် တော် ဝင် ချန်ကျောင်းတော် တို့ ရင်ဆိုင် တိုက်ခိုက်ကြပါက သူတို့က ပြဿနာ မရှိနိုင်သော ်လည်း သူ၏ ကန်ယီနိုင်ငံကား အနည်းနှင့် အများ ထိခိုက် ရမည် ဖြစ်သည်။
ထို့ကြောင့်လည်း ရီဖူရှင်းက သိပ်ပြီး ပြဿနာ မရှိခဲ့ခြင်းပင်။ မည် သို့ ပင်ဆိုစေ လျိုဖေးယွန်က သူတို့အား ပြန်လည် ပို့ဆောင်ပေးရုံမျှသာ ဖြစ်သည်။ သူက လျိုနိုင်ငံကို မဝင်ရောက်ခဲ့သလို သူတို့ အတွက်လည်း တစ်ခုမှ လုပ်ပေးထားခြင်း မရှိပေ။
လျိုဖေးယွန် ကိုယ်တိုင်ကလည်း နောက်ထပ် အင်အားကြီး အဖွဲ့အစည်း တစ်ခုနှင့် ရင်ဆိုင် တိုက်ခိုက်ရန် များ စွာ စဉ်းစားရန် လိုပေသည်။
“အခုလို ပြဿနာတွေ ကို ဖြေရှင်းပေးတာ ကျေးဇူးတင်ပါတယ်…” ဧကရာဇ်ရီက လျိုဖေးယွန်အား ပြောသည်။
“ရပါတယ် မင်းကြီး…” လျိုဖေးယွန်က ပြုံးလျက် ပြောသည်… “ကျုပ်တို့ ရောက်လာတာ အနှောင့်အယှက် မ ဖြစ်ရင်ပဲ ရပါပြီ…”
“ညစာ စားပွဲတစ်ခု ကျုပ်အခုပဲ ပြင်ခိုင်းလိုက်မယ်…” ဧကရာဇ်ရီက ပြောသည်။
“အလျင်လိုစရာ မလိုဘူး… မင်းကြီး … နောက်ထပ် လူတွေ အများ ကြီး ရောက်လာကြဦးမှာ … အဲဒီ အချိန်ကျရင် မင်းကြီးက ကျုပ်တို့ကို ဧည့်ခံဖို့ အချိန်တောင် ရမှာ မဟုတ်တော့ဘူး….” လျိုဖေးယွန်က ပြုံးလျက် ပြောသည်။ သူတို့ စတင် ထွက်ခွာသော အခါ တခြား ထိပ်သီး အင်အားစုများ ကလည်း ထွက်ခွာ လာကြပြီ ဖြစ်သည်။ ခွန်ပန်ကား အလွန်လျင်မြန်သည်။ သို့ သော ် တခြား လူများ ကလည်း သိပ်နောက်ကျ လိမ့်မည် မဟုတ်ပေ။
သူတို့ကလည်း ကန်ယီနိုင်ငံကို မကြာမီ ရောက်လာ ကြတော့မည် ဖြစ်သည်။
“လူတွေ ထပ်ရောက်လာဦးမယ်….” ဧကရာဇ်ရီက သူတို့အား နားမလည်စွာ ကြည့်သည်။
“အဖေ…ကန်ယီက အလုပ်များ တော့မယ်…” ရီလင်းဇီက တိုးတိုးလေး ပြောသည်။
“ဘာကို ဆိုလိုတာလဲ….” ဧကရာဇ်ရီက ပြောသည်။
“အဖေ နောက်မှ သိလိမ့်မယ်…” ရီလင်းဇီက ပြုံးလိုက်သည်။ ဧကရာဇ်ရီက သူ့သမီးအား ထူးဆန်းစွာ ကြည့်သည်။ ရီလင်းဇီကား ဤသို့ ပြုမူလေ့မရှိပေ။
နောက်ထပ် တစ်စုံတစ်ခု ဖြစ်ပျက်တော့ မည် လော။
“မင်းက ဘာမှ မပြောတော့ဘူးလား…” ယိချန်က ရီဖူရှင်းကို ပြောသည်။ သူကလည်း ထူးဆန်းသော အခြေအနေကို ခံစားမိသည်။
“ကျွန်တော် လည်း မသိဘူး…” ရီဖူရှင်းက ပခုံး တွန့်လိုက်သည်။ နောက်ထပ် မည် သို့ ဖြစ်ပျက်နည်ကို သူ အမှန်တကယ် မသိပေ။
သူက ရှေးဟောင်း မြေရိုင်းဒေသကို ဝင်ရောက်ခဲ့ကာ သူ လုပ်နိုင်သမျှကို လုပ်ခဲ့သည်။ သူ့အတွက် မည် သူက လာရောက်မည် ကို သူမသိပေ။
သူက စောင့်ကြည့်ရုံမျှသာ တတ်နိုင်သည်။
***