အပိုင်း (၁၂) – ဖခင်ထားခဲ့သော သေတ္တာတစ်လုံး

ရှီမာယူယူသည် သူမလက်ထဲတွင် ပွေ့ဖက်ထားသော သေတ္တာအားကြည့်လိုက်သည်။ သူမ သေတ္တာကို ကြည့်ရင်း ရှုပ်ထွေးမှုများစွာသော စိတ်ခံစားချက်များကို ခံစားရသည်။ သိချင်စိတ်ကြောင့် မြန်မြန်ဖွင့်ချင်စိတ်က တစ်ဖက်၊ တစ်ဖက်တွင် ထိုသေတ္တာအားဖွင့်လိုက်လျှင် သူမပြန်သွားရမည့် လမ်းအားရှာမတွေ့တော့မည်က တစ်ကြာင်းကြောင့် ဖွင့်ရန်ကြောက်မိသည်ကတစ်ဖက်ဖြစ်နေသည်။

“ကောင်းပြီ အဖေကထားခဲ့တဲ့အရာဆိုမှတော့ ငါဖွင့်ကြည့်ရတော့မှာပေါ့” သူမ ကိုယ့်ကိုယ်ကို အခိုင်အမာယုံကြည်၍ ချိပ်တံဆိပ်ကိုဖွင့်လိုက်ပြီး အဖုံးအား မ လိုက်သည်။

သေတ္တာထဲတွင်တော့ ရိုးရှင်းသော လက်စွပ်တစ်ကွင်း၊ သားရေပုရပိုက်နှင့် အနက်ရောင်ကျောက်တုံး ရှိနေသည်။ သူမ သားရေပုရပိုက်ကိုယူလိုက်ပြီး ကြည့်လိုက်သည်။ ထိုအရာသည် မြေပုံတစ်ခုဖြစ်ပြီး အိမ်တစ်အိမ်ကို တမင်တကာအမှတ်အသား လုပ်ကာရေးဆွဲထားသည်။ အဲဒါအပြင်တော့ ထိုနေရာသည် ဘာလုပ်သည့်နေရာလဲ ဆိုတာ မည့်သည့် သဲလွန်စမျှရှာမတွေ့ခဲ့ပါ။ သူမ မြေပုံကို မူလနေရာတွင် ပြန်ထားမည်အလုပ်တွင် ထိုနေရာတွင် စာအိတ်တစ်အိတ်ရှိကြောင်းကို သတိပြုမိသွားသည်။

“ဒါဘာလဲ”

စာအိတ်ပေါ်တွင် ရေးသားထားသော စာလုံးများမှာ “သမီးဆီသို့…”။

သူမ ကောက်ယူလိုက်ပြီး ချိပ်တံဆိပ်ကို ဖွင့်လိုက်သည်၊ ပြီးနောက် စာရွက်တစ်ရွက်ကို ဆွဲထုတ်လိုက်သည်။ စာဖတ်လိုက်သည်နှင့် သူမ မျက်နှာအမူအရာသည် လေးနက်သွားသည်။

စာသည် အရမ်းမရှည်ပါ။ သူမအတွက် ထားခဲ့သော ထိုရိုးရှင်းသော လက်စွပ်သည် ဘိုးဘွားစဉ်ဆက်ပိုင် ရှေးဟောင်းပစ္စည်းဖြစ်သည်။ ပြောရမည်ဆိုလျှင် အလွန်ရှားပါးသော မှော်ဝင်လက်စွပ် ဖြစ်သည်။ အဲဒါအပြင်တော့ လက်စွပ်တွင် အခြားသတင်းများရေးထားခြင်း မရှိပေ။ အကယ်၍ ထိုအရာသည် ဘိုးဘွားပိုင် လက်စွပ်ဖြစ်ပါက သူမရှာတွေ့သည်ကို ဘဝင်မကျနိုင်ပါ။ ဘာကြောင့် ရှီမာယူယူ ဒါကိုသတိမမူခဲ့တာလဲ။ ပြီးတော့ သူမ မိသားစုအခြေအနေနှင့် ပတ်သတ်၍ နောက်ထပ်ရှိ နေဦးမည်ဟု ခံစားရသည်။

သူမ လက်စွပ်ပြန်ထားလိုက်သည်။ လက်ရှိတွင် ဝိညာဉ်သခင် စွမ်းအား ထိန်းချုပ်နိုင်ရန် ဝိညာဉ်ချီ စွမ်းအား စုဆောင်းရန် ကျင့်ကြံနေဆဲပဲဖြစ်သည်။ လက်ရှိတွင် သွေးတစ်စက်လိုအပ်သည်၊ ထိုလက်စွပ်နှင့် စာချုပ်ရန် ဝိညာဉ်စွမ်းအင်လိုအပ်မှုကြောင့် ထိုလက်စွပ်အား သူမပိုင်ဆိုင်မှုအဖြစ်မပြုလုပ်နိုင်သေးပေ။ သူမလက်ချောင်းများသည် မြေပုံပေါ်တွင် ကျွမ်းကျင်စွာပြေးလွှားနေပြီး မျက်လုံးများသည် ဆွဲထားသော အမှတ်အသားများနှင့် မျိုးစုံသော မျဉ်းကြောင်းများကို လေ့လာနေသည်။ ထိုမြေပုံသည် အလွန်အရေးကြီးကြောင်း သူမဖခင်မှာကြားထားခဲ့ပြီး သူမပိုင်ဆိုင်ကြောင်းကို ဘယ်တော့မှ မပေါက်ကြားစေရန် ပြောကြားထားသည်။

ဒီသားရေ ပုရပိုက်သည် နောက်ကွယ်တွင် သမိုင်းဇာတ်လမ်းရှိပုံရ၍ အနည်းငယ် ဟောင်းနွမ်းနေပုံပေါ်သည်။ ထိုမြေပုံသည် ဘယ်နေရာအတွက်ဆိုသည်ကို သူမမပြောတတ်ပါ။ ပေပုရပိုက်ပေါ်တွင် ရေးထားသော အခြားအချက်အလက်များလည်း မရှိပါ။

“ဆိုတော့ ငါရဲ့ အပေါစားအဖေက ငါ့ကိုပျက်စီးနေတဲ့ မြေပုံထားသွားတယ်။ အနည်းဆုံးတော့ ဘယ်နေရာကမြေပုံလဲဆိုတာတော့ သူပြောသင့်တယ်လေ။ ဒါမှမဟုတ် ဒါကို အသုံးပြုဖို့ ငါကပဲတုန်းလွန်းနေတာလား” သူမခေါင်းကို ရမ်းလိုက်ပြီး ကြိတ်မှတ်စွာနှင့် သက်ပြင်းချလိုက်သည်။ အဲလူကြီးဟာ ဘာလို့အဲလောက်အရာရာကို ဆန်းကြယ်စွာပြုလုပ်နေတာလဲ မသိတော့ပါဘူး၊ သူမလုံး၀ ကူညီမဲ့စွာ ဖြစ်စေသည်။

နောက်ဆုံးတွင် သူမ သေတ္တာထဲမှ နောက်ဆုံးပစ္စည်း၊ အနက်ရောင်ကျောက်တုံးကို ကောက်ယူလိုက်ပြီး သူမလက်ဖဝါးတွင် ဂရုတစိုက်တင်၍ နီးကပ်စွာမမှိတ်မသုန် ကြည့်မိသည်။ ခဏအကြာတွင် သူမ စာထဲတွင် အခိုင်အမာပြောဆိုထားသော ရှေးဟောင်းအမွေအနှစ်ဆိုသော သေးငယ်သော ကျောက်တုံးအား ခန့်မှန်းရသည်ကို စိတ်တိုစွာဖြင့် သက်ပြင်းချမိသည်။

“ဒါဒီအတိုင်း ကျောက်တုံးအမည်းပဲလေ ဟင်… ကျောက်စရစ်ခဲထက် နည်းနည်းချောမွေ့တာရယ် လုံးဝန်းတာပဲပိုတယ်… မီးတောင်ထွက်ကျောက်နဲ့လည်းတူတယ်။ အဲဒါ ရှေးဟောင်းအမွေအနှစ် ဆိုတာရော သေချာရဲ့လား” သူမ မေးခွန်းများဖြင့် မျက်ခုံးတွန့်လိုက်ပြီး သူမမျက်လုံးတွင်တော့ သံသယများနှင့် ပြည့်နှက်နေပြီး သူမဘာသာ ဆက်လက်ရေရွတ်နေလေသည်.. “အဲဒီ အပေါစားအဖေရေးထားတာက ဒီကျောက်တုံးက သူ့သခင်ကိုရွေးတယ်တဲ့၊ ဖြစ်နိုင်တာက ငါက နင့်အတွက် မထူးခြားလို့ မြင်ရဖို့ ရေစက်မရှိတာလား ပြီးတော့ ငါတို့က အဲလိုဖြစ်ဖို့ အဓိပ္ပာယ်မရှိလို့လား”

ရှီမာယူယူ နောက်ဆုံးတွင်သေးငယ်သော ကျောက်တုံးအနက်အား မူလနေရာအတိုင်းပြန်ထားလိုက်ပြီး အသေးအဖွဲ့ သဖွယ် သဘောထားလိုက်ပြီး အဖုံးကိုပိတ်ပြီးနောက် ကျင့်ကြံရန်စတင်တော့သည်။ သူမ ဝိညာဉ်သခင်ဖြစ်သည်နှင့် သူမ လက်စွပ်နှင့် ချည်နှောင်ပြီး သူမသွေးတစ်စက်ချသည်နှင့် သူမကိုယ်ပိုင် ပစ္စည်းအဖြစ်ပြုလုပ်လို့ရသည်။ ထိုအချိန်တွင် အထဲတွင်ရှိသော အရာကို သူမမြင်နိုင်မည်။ သူမ အသိချင်ဆုံးအရာမှာ ထိုလူကြီးသူမအတွက်ချန်ထားခဲ့သော ပစ္စည်းများပင်ဖြစ်သည်။

သူမ လက်ချောင်းတွင် ဝတ်ဆင်ထားသော တံလျှပ်ကဲ့သို့တောက်ပနေသော လက်စွပ်အား ညင်သာစွာ ထိကြည့်လိုက်ပြီးနောက် သူမ စိတ်ထဲတွင် နူးညံ့စွာ ကျိန်ဆဲလိုက်သည်။ ဒီမှော်လက်စွပ်က ဘာကြောင့် စိတ်အနှောင့်အယှက်ပေးနေရတာလဲ။ ဘာကြောင့် သူမဝိညာဉ်သခင်ဖြစ်မှ သူမ ချည်နှောင်လို့ရမှာလဲ။ အကယ်၍ ထို တံလျှပ်ကဲ့သို့ တောက်ပနေသော လက်စွပ်သည် အခြားခက်ခဲသော အခြေအနေမဖြစ်ဘဲ အဆင်ပြေနေရင် ဘယ်လောက်ကောင်းလိုက်မလဲ။

ဒီတစ်ကြိမ်တွင်တော့ သူမလေ့ကျင့်ချိန်တွင် ဝိညာဉ်ချီအား စုပ်ယူခြင်းမရှိဘဲ အခြားသော ထူးကဲမှုဖြစ်စဉ်မှုများကို အာရုံခံနိုင်ရန် တစ်နေ့လုံးကြိုးစားတော့သည်။ ဒီတစ်ကြိမ်တွင် သူမများစွာသော အရောင်များကို ဂရုတစိုက်လေ့လာသောအခါ ထိုအထဲတွင် အရောင်ပေါင်းများစွာ ပါဝင်နေသည်ကို တွေ့ရှိရသည်။ ထိုအထဲတွင် သူမသည် အချို့ကို များများ အာရုံခံနိုင်ပြီး အချို့ကိုတော့ နည်းနည်းသာ အာရုံခံနိုင်သည်။ သူမ မျက်လုံးတွင် မြင်ရသော မတူညီသောအလင်းရောင်များကို အာရုံခံနိုင်ရုံသာမက သူမအနားတွင် ဝဲနေသော အရောင်များသည်လည်း သူမခန္တာကိုယ်ထဲသို့ နစ်ဝင်ချင်သကဲ့သို့ ထင်ရသည်။

မကြာခင်တွင် ညစာစားချိန်ရောက်ရှိလာသောအခါ ရှီမာယူယူ တရားထိုင်ခြင်းကို ရပ်တန့်လိုက်ပြီး ညစာစားရန် ပြင်ဆင်လိုက်သည်။ အခုလောက်ဆို သူမ၏ အစ်ကိုများသည်လည်း ပြန်ရောက်လောက်ပြီ။

“သခင်လေး… လေးယောက်မြောက်သခင်လေး လာပြီးစောင့်နေတယ်” တံခါးအပြင်ဘက်မှ ယွန်ယူသည် ရှီမာယူူယူအား ညင်သာစွာ သတင်းပေးလိုက်သည်။

“ကောင်းပြီ…ငါသိပြီ ခဏနေလာမယ်လို့ပြောလိုက်” သူမ အိပ်ရာပေါ်မှဆင်း၍ ပြန်ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ သခင်လေး” ယွန်ယူ တလေးတစားဂါရဝပြုလိုက်ပြီး ပြန်လည်ဆုတ်ခွာသွားသည်။

ရှီမာယူယူ သေတ္တာအား ခေါင်းအုံးအောက်သို့ ထိုးထည့်လိုက်ပြီး ထွက်သွားတော့သည်။ သူမ၏ အလျင်လိုမှုကြောင့် သေတ္တာအတွင်းမှ ထွက်သောအရောင်သည် မှိန်သွားကြောင်း သတိမပြုမိတော့ပေ။

“အစ်ကိုငယ် ဘာကြောင့်ဒီကိုလာတာလဲ” ရှီမာလီ လက်ဖက်ရည်သောက်နေသော စားပွဲဆီသို့ ရှီမာယူယူ လျှောက်သွားလိုက်သည်။

“အော်၊ မင်းကို ညစားစားဖို့လာခေါ်တာလေ” သူ၊ သူမကို အပြုံးဖြင့် တုန့်ပြန်လိုက်သည်။

“အစေခံတွေကို ပြောခိုင်းလိုက်ရင်ရတာပဲ ဘာလို့ အစ်ကို ကိုယ်တိုင်လာပြောတာလဲ။ ကျွန်တော့်ကို လာခေါ်ဖို့ပဲ လာတာဆိုရင် အခုသွားလို့ရပြီ”

ထမင်းစားခန်းဆီသို့ သူမလျှောက်သွားသည့်အတိုင်း သူလိုက်လာခဲ့သည်။ စကား စမပြောခင်တွင် တစ်ခဏတာမျှ သူတုံ့ဆိုင်းနေပြီးမှ ပြောလိုက်သည် “ငါမင်းကိုပြောစရာလည်းရှိလို့”

“ဘာလဲ” သူမ ခေါင်းကိုလှည့်လိုက်ပြီးမေးလိုက်သည်။

“ဆရာမူက ရာဇသံပေးလိုက်ပြီ၊ သူပြောတာက မင်းမနက်ဖြန်မှ ကျောင်းမလာရင် ကျောင်းအုပ်ဆရာကြီးက မင်းကို ကျောင်းကထုတ်မယ်တဲ့။ ဘုရင်က မင်းကိုယ်စားတောင်းပန်ပေးမယ်ဆိုရင်တောင် ကျောင်းတက်ခွင့် မပြုတော့ဘူးတဲ့” ရှီမာယူလီပြောလိုက်သည်။

“ဆရာမူ ဟုတ်လား။ ဆရာမူကဘယ်သူလဲ” ရှီမာယူယူ မျက်တောင်ခတ်လိုက်ပြီး သဘောမပေါက်သည့် မျက်နှာအမူအရာနှင့် ပွင့်လင်းစွာမေးလိုက်သည်။

သူမ၏ တုန့်ပြန်မှုကိုကြည့်၍ ရှီမာယူလီ ခါးသီးစွာပြုံးပြီး သူမ ခေါင်းအားခပ်ဖွဖွ ပုတ်လိုက်သည် “မင်းရဲ့ အတန်းပိုင်ဆရာလေ၊ ဆရာမူ”

ရှီမာယူယူ မျက်ခုံးတွန့်လိုက်ပြီး စဉ်းစားရန် အားထုတ်လိုက်သည်။ သူမ၏ မှတ်ဉာဏ်တစ်စိတ်တစ်ပိုင်းအရ ဆရာမူသည် သူမအတန်း၏ တာဝန်ရှိသူ၊ စာသင်တာအပြင် အခြားသော ကျောင်းတွင်း လှုပ်ရှားမှုများကို ကိုင်တွယ်သည်။

“တကယ်လို့ မင်းမသွားချင်ရင် ငါ မင်းအစား ဆရာမူကို ပြောပေးမယ်” သူပြောလက်စကို ရပ်တန့်လိုက်ပြီး “မင်း ကျောင်းကို ထပ်မတက်ချင်တော့ရင်ပြောတာပါ”

“မလိုဘူး ငါမနက်ဖြန် မင်းနဲ့ကျောင်းလိုက်ခဲ့မယ်” သူမခေါင်းကို ခါရမ်းလိုက်ပြီး ပြောလိုက်သည်။

ထိုမတိုင်ခင်ကတော့ သူမ မကျင့်ကြံနိုင်သောကြာင့် ကျောင်းတက်ဖို့ကို စိတ်မဝင်စားခဲ့ပါ။ အခုတော့ ကျင့်ကြံနိုင်ပြီဖြစ်၍ ကျောင်းသွားခြင်းသည် သူမအား မျိုးစုံးသော သင်ကြားခြင်းနှင့် နည်းလမ်းများကို ထိတွေ့နိုင်မည်ဖြစ်၍ အနည်းငယ်စောသွားသော်လည်း အဲဒါဟာ ပြဿနာမဖြစ်နိုင်ပါ။

ညစာစားချိန်အတွင်းမှာတော့ ရှီမာယူယူ သူမ၏ကျောင်းသွားရန်စိတ်ဝင်စားမှုကို ရှီမာလိုင်အား သိမြင်စေသည်။ သူသည်လည်း ရှီမာယူယူကဲ့သို့ပင် အတွေးရှိသည်။ သူအခု ကျင့်ကြံနိုင်သောကြောင့် ကျောင်းသွားခြင်းသည် ကောင်းမွန်သော ရွေးချယ်မှုပင်ဖြစ်သည်။

ထိုအကြောင်းအရာသည် အစ်ကိုလေးယောက်အား သူမ ကျင့်ကြံနိုင်ပြီဖြစ်ကြောင်းပြောပြနိုင်သော အချက်ဖြစ်ခဲ့သည်။ သူတို့သည် တစ်ဦးချင်းစီ ဂုဏ်ပြုခဲ့ကြပြီး မိသားစု၏ နွေးထွေးမှုနှင့် သူမအတွက် အမှန်တကယ်ပင် ပျော်ရွှင်ပေးသော သူများပင်ဖြစ်ကြောင်း ခံစားမိသည်။

ညစာစားပြီးနောက်မှာတော့ ရှီမာယူယူ အခန်းသို့ပြန်လာပြီး တရားဆက်ထိုင်နေလိုက်သည်။ သို့သော် ဒီတစ်ကြိမ်တွင် သူမ များစွာသော အလင်းရောင်များကို မြင်အောင်ကြည့်ရုံသာမက စုပ်ယူနိုင်ရန် ကြိုးစားကြည့်သည်။

ပထမအကြိမ်တွင် သူမ၏လမ်းညွှန်မှုဖြင့် ခံနိုင်ရည်အားကို အတွေ့အကြုံရှိသည်။ သို့သော် အနည်းငယ် ကြိုးစားပြီးနောက်တွင်တော့ ပထမဆုံးအမြင်အား စုပ်ယူမှုသည် သူမ ဝမ်းဗိုက်ထဲသို့ သွေးကြောတစ်လျှောက် တရစပ်ပြန့်ဝင်သွားတော့သည်။ ပထမအကြိမ် စုပ်ယူခြင်းအောင်မြင်ပြီးနောက်တွင်တော့ တတိယမြောက် အလင်းသည် ဒုတိယမြောက်အလင်းနောက်သို့ လိုက်ပါလာပြီး အကုန်လုံးကို လွယ်ကူစွာပင် စုပ်ယူ၍ရခဲ့သည်။

ဒီတစ်ကြိမ် သူမကျင့်ကြံနေစဉ်တွင် ထိုနေ့မှ သူမ ခေါင်းအုံးအောက်တွင် ထားခဲ့သော သေတ္တာမှ ရောင်စဉ်များ တောက်ပလာတော့သည်။ များစွာသော ရောင်စဉ်များ တောက်ပလာချိန်မှာတော့ အလင်းရောင် အလုံးများသည် သူမ ဝန်းကျင်သို့ စုဝေးရောက်ရှိလာပြီး သူမမြန်ဆန်စွာပင် စုပ်ယူလိုက်လေသည်။

ည ညဉ့်နက်လာသောအခါ မနက်ဖြန်ကျောင်းသွားရမည်ဖြစ်၍ ကျင့်ကြံခြင်းကို ရပ်တန့်လိုက်သည်။ သူမ တရားထိုင်ခြင်းကို ရပ်တန့်လိုက်သည်နှင့် သေတ္တာမှ ရောင်စဉ်များသည် လုံးဝပျောက်ကွယ်သွားပြီး ထိုကဲ့သို့ လှပသော ရောင်စဉ်များကို မြင်ဖူးခြင်းမရှိခဲ့ပေ။

Comment

Leave a Reply

Options

not work with dark mode
Reset