ဒီအချိန်တွင်တော့ သူမသည် စာအုပ်ပြခန်းသို့ သွားစရာမလိုတော့သဖြင့် လမ်းပျောက်နေသော သိုးငယ်ကဲ့သို့ပင် ဖြစ်နေတော့သည်။ ပြီးခဲ့သည့်အခေါက်သူမသွားခဲ့စဉ်က အမျိုးစုံသော စာအုပ်များ၏ ထားရာနေရာကို သူမ အသေးစိတ်ရေးချ မှတ်သားထားခဲ့သည်။ ထိုပြင်ဆင်မှုနှင့်အတူ စာအုပ်စင်တွင် သူမရှာနေသော “ပညာရှင် လမ်းညွှန်” အမည်ရှိ စာအုပ်ကိုရှာရန် ခပ်မြူးမြူးသွားလိုက်သည်။
ပြန်တွေးကြည့်လျှင် ထိုစာအုပ်သည် အရင် ရှီမာယူယူ ကျောင်းစတက်စဉ်က ပေးခံရသော စာအုပ်ဖြစ်ကြောင်း ခံစားရသည်။ ကံမကောင်းချင်တော့ သူမသည် ထိုစာအုပ်ကို လုံးဝစိတ်မဝင်စားဘဲ စားပွဲဒေါင့်တွင် ပစ်ထားထားသည်။ ထိုအချိန်မှစ၍ သူမ လက်ဖျားနှင့်ပင် မထိခဲ့ပေ။
ရှီမာယူယူသည် စာအုပ်စင်မှစာအုပ်များမှ အကြောင်းအရာများကို ဖတ်၍ များစွာသင်ယူခဲ့သည်။ သို့သော် သူမဖတ်တိုင်းတွင် သူမနေထိုင်သော ကမ္ဘာ၏ အံ့သြဖွယ်ကောင်းမှုများကို သက်ပြင်းမချဘဲ မနေနိုင်ပါ။
စာအုပ်အရဆိုလျှင် လူတွေသည် ကျင့်ကြံနိုင်သည်။ အဘယ့်ကြောင့်ဆိုသော် လေထဲမှ လိပ်ပြာချီသည် ဝိညာဉ်ချီ၏ စုပ်ယူမှုကို ခံရ၍ ခန္ဒာကိုယ်သည် လိပ်ပြာချီမှ ဝိညာဉ် စွမ်းအင် သို့ပြောင်းလဲသွားပြီး ဝိညာဉ်စွမ်းအင်ရှိသူသည် ပိုမိုသန်မာသွားတော့သည်။
သူတို့၏ မတူညီသော စွမ်းအင်နှင့် အတိုင်အဖောက်ညီစွာပင် ဝိညာဉ်သခင်များသည် များစွာသော အဆင့်များကို အမျိုးအစားခွဲခြားထားသည်။ ခွဲခြားထားသော အဆင့် အစဉ်လိုက်မှာ ဝိညာဉ် စစ်သည်၊ ဝိညာဉ်အရှင်သခင်၊ ဝိညာဉ် သခင်ကြီး၊ ဝိညာဉ်ဘုရင်၊ ဝိညာဉ် နယ်ပယ်ရှင်၊ ဝိညာဉ် သူတော်စင် နှင့် ဝိညာဉ်စံပြပုဂ္ဂိုလ်နှင့်အတူ အနီရောင်၊ လိမ္မော်ရောင်၊ အဝါရောင်၊ အစိမ်းနှင့်အပြာင်၊ အပြာရောင် နှင့် ခရမ်းရောင်ဟူ၍ ခွဲခြားထားသည်။ အဆင့်တိုင်းတွင် ထပ်၍ အဆင့်သေး ကိုးဆင့်ဟူ၍ ခွဲခြားထားပြီး အဆင့်သေးတိုင်းတွင် ကြယ်အသေး နှင့် အရေးပါသော အဆင့်အတွက် လအဆင့် အဖြစ်ထပ်မံခွဲခြားထားသည်။ ဥပမာအနေနှင့် ခြောက်ဆင့်မြောက်အဆင့်ရှိသော စစ်သည် သည်သူ၏ ဝိညာဉ် စွမ်းအင်ကိုထုတ်သုံးလျှင် ကြယ်အသေး ခြောက်ခုသည် သူ၏ခြေထောက်တွင် ပေါ်လာပြီး ခြောက်ဆင့်မြောက် ဝိညာဉ် အရှင်သခင်မှာတော့ လနှင့် ကြယ်အသေး ခြောက်ခု ပေါ်ထွက်လာသည်။ ဝိညာဉ်သခင်ကြီးဆိုလျှင် လနှစ်စင်းပေါ်သည် အစရှိသဖြင့် ခွဲခြားထားသည်။
ဝိညာဉ်အရှင်သခင်မားျသည် ကမ္ဘာလောကကို ကြီးဆိုးနိုင်သော်လည်း အရေအတွက်အနည်းငယ်သူ အာရုံခံနိုင်ပြီး လေထုထဲမှ ဝိညာဉ်စွမ်းအားကို ကာကွယ်နိုင်သည်။ အင်အားကြီးသော ဝိညာဉ်အရှင်သခင်အနေနှင့် ထိုလောကတွင် အမြင့်ဆုံး ဂုဏ်နှင့် ကြည်ညိုခြင်းခံရသည်။
ဝိညာဉ်အရှင်သခင်အပြင် ပညာရှင်ဟု သတ်မှတ်ခြင်းခံရသော အဆင့်တစ်ဆင့်ရှိသေးသည်။ ဆန့်ကျင်ဘက် အယူအဆအရ ဓားအရှင်သခင်ဖြစ်သည်။ ဓားအရှင်သခင်သည် လေထဲရှိ ဝိညာဉ်စွမ်းအားများကို အာရုံခံစားဖို့ မဖြစ်နိုင်ပါ။ သူတို့သည် သူတို့၏ ရောင်ဝါဓားအမည်ရှိ ဓားများတွင် ခွန်အားများ သွင်းပြီး အင်အားကြီးလာ သည်ကို မှီခိုကြသည်။ သူတို့၏ ဓားများ အင်အားကောင်းလာချိန်တွင် ဓားသခင်သည် သူတို့၏ ကိုယ်ခန္ဒာ အားသန်မှုကို လေ့ကျင့်ကြရသည်။ သူတို့၏ ခန္ဒာကိုယ်များ ပိုမိုသန်မာလာသည်နှင့် သူတို့၏ဓားနှင့် ပို၍ အားဖြည့်နိုင်သည်။
ကွဲပြားခြားနားသော ဓားသခင်များ၏အဆင့်များသည် ဓားသမား၊ ဓားသခင်၊ ဓားအရှင်သခင်ကြီး၊ ဓားဘုရင်၊ ဓားနယ်ပယ်ရှင်၊ ဓားသူတော်စင်နှင့် ဓားစံပြပုဂ္ဂိုလ်နှင့် အတူ ဓား၏ ရောင်ဝါလက္ခဏာသည်လည်း အနီရောင်၊ လိမ္မော်ရောင်၊ အဝါရောင်၊ အစိမ်းနှင့်အပြာရောင်၊ အပြာရောင် နှင့် ခရမ်းရောင်ဟူ၍ ခွဲခြားထားသည်။ အဆင့်တိုင်းသည် ဝိညာဉ်အဆင့်များနှင့် ဆင်တူ၍ အဆင့် တစ်မှ ကိုးထိရှိကြသည်။ အဆင့်နိမ့်ဖြစ်သော အဆင့် တစ်သည် သေးငယ်သော ဓားကို ကိုင်ဆောင်နေချိန်မှာတော့ အရေးပါသော အဆင့်ကိုးသည် ဓားရှည်ကို ကိုင်ဆောင်သည်။
ဝိညာဉ် အရှင်သခင်နှင့် ဓားအရှင်သခင်သည် ထိုကမ္ဘာတွင် ရှားပါးသော်လည်း တခြားအလုပ်အကိုင်နှင့် ယှဉ်လျှင် သူတို့အရေအတွက်သည် များပြားသည်ဟုဆိုနိုင်သည်။ တခြားအလုပ်အကိုင်သည် အရေအတွက် အနည်းငယ်သာရှိသည်။
ထိုအလုပ်အကိုင်များတွင် အဂ္ဂိရတ်ဆရာ၊ ဓားသွားပြုလုပ်သူ အရှင်သခင်၊ သားရဲထိန်းကျောင်းသူအရှင်သခင်နှင့် ဝင်္ကပါပြင်ဆင်သူ အရှင်သခင်တို့ဖြစ်ကြ၍ ကျွမ်းကျင်သူတိုင်းတွင် ကိုယ်ပိုင် ထူးခြားသော အားကောင်းမှုများရှိကြသည်။
ဝိညာဉ် အရှင်သခင်သည် ဝိညာဉ်သားရဲနှင့် စာချုပ်ချုပ်နိုင်ပြီး ဝိညာဉ်သခင်နှင့် ဝိညာဉ်သားရဲတို့သည် ပေါင်းစည်းပြီး ခန္ဒာကိုယ်တစ်ခုထဲဖြစ်သွားကြသည်။ သို့သော် ဝိညာဉ်သားရဲများသည် သဘာဝအရ ရိုင်းစိုင်းကြမ်းကြုတ်သဖြင့် စာချုပ်ချုပ်ဆိုသော ဝိညာဉ်သခင်အား ဝိညာဉ်သားရဲမှ အန္တရယ်ပြုနိုင်သဖြင့် ဝိညာဉ်ထိန်းကျောင်းသူ သခင်အား လိုအပ်ခြင်းဖြစ်သည်။
သားရဲထိန်းကျောင်းသူ သခင်များသည် သူတို့၏ အရည်အချင်းများကို အသုံးပြု၍ ဝိညာဉ်သခင်များ ဝိညာဉ်သားရဲများနှင့် စာချုပ်ချုပ်ဆိုရာတွင် လုံခြုံမှုရှိစေရန် ဝိညာဉ်သားရဲများရှိ ကြမ်းကြုတ်မှုများကို ဖယ်ရှားပေးသည်။ ဝိညာဉ်သားရဲများနှင့် စာချုပ်ချုပ်ပြီးသော ဝိညာဉ်သခင်များသည် အင်အားကောင်းလာသဖြင့် သားရဲထိန်းကျောင်းသူ သခင်များသည် အရေးကြီးသော ပုဂ္ဂိုလ်များဖြစ်ကြသည်။ သို့သော် ဝိညာဉ်ထိန်းကျောင်းသူ အရှင်သခင်ဖြစ်ရန် ဦးဆုံး ဝိညာဉ်သခင်ဖြစ်ရန်လိုအပ်သည်။
ထို့အပြင် ဓားသွားပြုလုပ်သူ အရှင်သခင်နှင့် ဝင်္ကပါပြင်ဆင်သူ အရှင်သခင်တို့သည်လည်း ဝိညာဉ်သခင်၏ အခွဲများဖြစ်ကြသည်မှာ ရှီမာယူယူအတွက်တော့ မှင်သက်မိသော အချက်ပင်ဖြစ်သည်။
“ဟူး ငါ စပြီးလေ့ကျင့်တာကောင်းမယ်ထင်တယ်” ရှီမာယူယူ ကြမ်းပြင်ပေါ်မှ ထလိုက်ပြီး စာအုပ်စင်တွင် အချိန်ခဏမျှရှာဖွေပြီးချိန်မှာတော့ လေ့ကျင့်ခြင်းနှင့် ကျင့်ကြံခြင်းအခြေခံစာအုပ်ကို တွေ့ရှိခဲ့တော့လေသည်။ သူမကောင်းကင်ကိုကြည့်လိုက်တဲ့အချိန်မှာ နောက်ကျနေပြီဖြစ်သည်ကို မြင်လိုက်ရသည်။ သူမ စာအုပ်ကို ယူလာပြီး အခန်းထဲသို့သွားကာ ညစာစားပြီးနောက် အခန်းတံခါးပိတ်ပြီး စာဖတ်ဖို့ အိပ်ရာပေါ်တွင် ထိုင်လိုက်သည်။ သူမ စာအုပ်တွင်ရေးထားသည့်အတိုင်း လိုက်လုပ်၍ တရားအားထုတ်မှု မှတစ်ဆင့် လေထဲတွင် ဝိညာ်ဉ် ချီအာရုံအတိုင်း အထမြောက်ရန်ကြိုးစားတော့သည်။
ကနဦး အစ၌ သူမ ဘာကိုမှ မခံစားရပေ။ သို့သော် အချိန်ကြာပြီးသည့်အခါတွင် သူမ အနားတွင် အမည်မဖော်နိုင်သော အရာသည် လှည့်နေသည်ကို ခံစားမိပုံပေါ်လာသည်။ ထိုအချိန်သည် အရုဏ်မတက်မီဖြစ်၍ နောက်ဆုံးတွင် အရောင်စုံ အစက်များကို ခံစားမိလာသည်။
ရှီမာယူယူ မျက်လုံးကိုဖွင့်လိုက်ပြီး စိတ်တွင် ပဟေဠိများခံစားရသဖြင့် တရားထိုင်နေမှုကို ရပ်တန့်လိုက်သည်။ (စာအုပ်ထဲမှာ အရောင်တစ်ရောင်ပဲ ပေါ်လာမယ်လို့ပြောထားတယ်မလား။ ဘာလို့ သူမရောင်စုံ ခံစားနေရတာလဲ)
“ထူးဆန်းတယ်”
ဘာကြောင့် အရောင်စုံ အစက်အပြောက်အလင်းတန်းကို ခံစားရလဲဆိုတာ သူမနားမလည်ပါ။ စာအုပ်တွင် ပုံမှန်အားဖြင့် လူတွေသည် အလင်း၏ အရောင်တစ်မျိုးတည်းသာ အာရုံခံနိုင်သည်။ သူမနည်းလမ်းအမှားကို သုံးမိလို့လား။
သူမ စာအုပ်ကို အစမှပြန်ဖတ်၍ စာအုပ်တွင်ပြောထားသည့် အတိုင်း အတိအကျပင် သူမလုပ်ခဲ့သည်လေ။ သူမ အဆင့်မမှားပါ။ ဒါဆို ဘယ်က ပြဿနာဖြစ်နေတာလဲ။
သူမ အချိန်တခဏမျှ စဉ်းစား၍ နောက်ဆုံးတွင် ရှီမာလိုင်အားမေးရန် ဆုံးဖြတ်လိုက်သည်။ ရှီမာလိုင်သည် ချီးကျူးလောက်သည့် ဝိညာဉ်သူတော်စင်အဆင့်ရောက်ရှိ၍ သူမ အကျပ်ရိုက်နေမှုအတွက် အဖြေကို သိလောက်သည်။
သူမ ရှီလာလိုင်ကို တွေ့သောအခါ မေးခွန်းမေးမြန်းလိုက်သည်။
“ဒါဟာ တကယ်တော့ ရိုးရှင်းပါတယ်” မေးခွန်းနှင့်အတူ လာရှာသော မြေးမလေး၏ မော့ထားသော သေးငယ်သော မျက်နှာကို ကြည့်ရင်း ရှီမာလိုင်ပြောလိုက်သည်။ သူပြုံး၍ ဆက်ပြောလိုက်သည် “ဝိညာဉ်ချီ ကသူတို့ရဲ့ မတူညီတဲ့ ဂုဏ်သတ္တိကြောင့် အရောင်လည်းကွဲပြားသွား တာဖြစ်နိုင်တယ်”
“ဂုဏ်သတ္တိ ဟုတ်လား”
“ဟုတ်တယ် သမီး ဝိညာဉ်ချီပြဌာန်းထားတဲ့ ဂုဏ်သတ္တိတွေက လေ့ကျင့်ခြင်းနဲ့ ကျင့်ကြံခြင်းကိုပြသတယ်။ အနီရောင်က လေ့ကျင့်တဲ့အခါမှာ မီးတောက်လို့မှတ်ယူနိုင်ပြီး သူတို့ဟာ အနီရောင် အလင်းတန်းကို စုပ်ယူတယ်။ အစိမ်းရောင်ကတော့ သစ်သားလို့မှတ်ယူပြီး အစိမ်းရောင်အလင်းတန်းကို စုပ်ယူတယ်။ တူညီစွာပဲ ရေကို အပြာလို့သတ်မှတ်ပြီး သတ္တုကတော့ ရွှေရောင်လို့သတ်မှတ်တယ်။ မြေကြီးကိုတော့ အညိုရောင်၊ အလင်းကတော့ အဖြူနဲ့ အမှောင်ကတော့ အနက်ရောင်ဆိုပြီး သတ်မှတ်ကြတယ်။ ပုံမှန်အားဖြင့် အလင်းရဲ့ အရောင်ကို အာရုံခံနိုင်ပြီး စွမ်းအားအမျိုးအစားတွေကို မြင်တဲ့သူတွေက လေ့ကျင့်ပြီး ကျင့်ကြံနိုင်ကြတယ်။”
“အော် အဲလိုရှိတာကိုး” ရှီမာယူယူ ခေါင်းညိတ်လိုက်ပြီး သူမနာလည်သည်ကို ပြသလိုက်သည်။ ဒီမနက် သူမ အရောင်စုံကို မြင်တဲ့အကြောင်းကို သတိရတဲ့အချိန်မှာတော့ ဆက်မေးလိုက်သည်။ “တကယ်လို့ သမီးက အလင်းတန်းရောင်စုံ မြင်ရတယ်ဆိုရင် ဘာဖြစ်မှာလဲ”
ရှီမာယူယူ ဘာကြောင့် ရုတ်တရက် လေ့ကျင့်ခြင်းနှင့် ကျင့်ကြံခြင်းတွင် စိတ်ဝင်စားလာမှန်း ရှီမာလိုင်မသိသော်လည်း စိတ်ရှည်စွာ ရှင်းပြရှာသည်။ “လူတစ်ယောက်ဟာ အလင်းရောင် ရောင်စုံကို အာရုံခံနိုင်တဲ့အချိန်မှာ အဲလူဟာ ရှုထောင့်မျိုးစုံ ဝိညာဉ် သခင်လို့ခေါ်တယ်”
“ရှုထောင့်မျိုးစုံ ဝိညာဉ်သခင်”
“အင်း ဥပမာပြောရရင် လူတစ်ယောက်ဟာ အလင်းအစက်အပြောက်ကို အနီနဲ့ ရွှေရောင်ကိုအာရုံခံမိရင် အဲဒါဟာ မီးတောက်နဲ့ သတ္တု၊ ရှုထောင့် နှစ်ခုဝိညာဉ်သခင်ပဲ။ တကယ်လို့ အရောင်သုံးခုကို ခံစားမိရင် ရှုထောင့် သုံးခု ဝိညာဉ်သခင်လို့ပြောတယ်။ ဒါပေမယ့် ရှုထောင့်မျိုးစုံ ဝိညာဉ်သခင်ကတော့ တော်တော်ကြီးကိုတွေ့ဖို့ ရှားတယ်။ တကယ်လို့တွေ့ခဲ့ရင်တောင် အမြင့်ဆုံးနဲ့ အကြည်ညိုဆုံး ပုဂ္ဂိုလ်ဖြစ်လာမှာပဲ”
“တကယ်လို့ အရောင်အကုန်လုံးကို မြင်တယ်ဆိုရင်ရော ဘာဖြစ်မှာလဲ” ရှီမာယူူယူ ရိုးသားစွာနှင့် လေးနက်စွာ နှင့် ရှီမာလိုင်ကို ကြည့်ပြီး စိတ်လှုပ်ရှားစွာမေးလိုက်သည်။