အပိုင်း(၉)

ပြဿနာအရင်းအမြစ်

‘ကောင်းတယ်’ ဟန်းကျန်းကအော်လိုက်သည်။ လီဖန်းသေတာကိုမြင်ချင်နေတဲ့ပုံပဲ။

ရှမောင်မှာလန့်၍ မျက်လုံးများကိုကြောက် လန့်တကြား မှိတ်လိုက်သည်။ ဆောင်းဝမ်ကျင်းမှာလည်း ပုန်းနေသည့်တိုင်အောင် အပြင်မှာဖြစ်နေတာကိုမြင်ရရာ လီဖန်းအတွက်ချွေးစေးများ ပင်ထွက်နေလေပြီ။

ဓါးမြှောင်ကလီဖန်းကို စိုက်ခါနီးမှာနောက်သို့ ခြေတစ်လှမ်းပြန်ဆုတ်ရာ လွတ်သွားလေသည်။ ‘မဖြစ်နိုင်ဘူး’ ကောဝမ်က သွေးမရှိတဲ့မျက်နှာကြီးနှင့် အော်လိုက်သည်။ ရှေ့ကိုယိုင်နေတာကို နောက်ဘယ်လိုပြန်ဆုတ်လဲ။ ဒါသိပ္ပံနည်းမကျဘူး။

လီဖန်း နှုတ်ခမ်းမဲ့သွားကာ တုတ်ဖြင့်ပင့်ရိုက်ထည့်လိုက်

သည်။

‘ဘန်း’ တုတ်မှာကောဝမ်၏ မေးကိုဖြတ်ရိုက်လိုက်ရာ နောက်သို့လွင့်ကာ ပြုတ်ကျသွားသည်။

‘မင်းထောင်ခြောက်မိသွားပြီ’ လီဖန်းလည်းဘေ့စ်ဘောတုတ်ကိုင်ကာ ကောဝမ် ကိုလှောင်လိုက်သည်။ တုတ်နဲ့စရိုက်ကတည်းက ယောင်ပြသာဖြစ်၍ အားမထည့်ထားပါ။ အခုတော့မှန် သွားတာပဲ။

ကောဝမ်ဟာ ရှက်၍ပြန်ပြောဖို့လုပ်ရာ ပါးစပ်အဖွင့်တွင် သွေးများပန်းထွက်ကာ သတိလစ်သွားလေသည်။

ဟန်ကျန်းက တုန်လှုပ်စွာဖြင့် နောက်လှည့်ကာ တစ်ချိုးတည်းပြေးသည်။

‘ချီး ဒီကောင်ကလူမဟုတ်ဘူး မကောင်းဆိုးဝါး’ ဒီလောကမှာသူကျင်လည်နေတာကြာပါပြီ လီဖန်းလိုကြမ်းတဲ့လူကို တစ်ခါမှမမြင်ဖူးပါ။ ‘ပြေးချင်တယ်ပေါ့ ဆုတောင်းလေ’ လင်းဖန်းကလှောင်ပြုံး ပြုံးကာတုတ်နဲ့ပေါက်လိုက်ရာ ဟန်ကျန်းခေါင်းကိုမှန်ပြီး သတိလစ်သွားသည်။

ဟန်ကျန်းသတိလစ်သွားစဉ်မှာပဲ အစ်မကျီလင်ရဲ့အသံပေါ်လာသည်။

‘ဒင် ဂုဏ်ယူပါတယ် သခင် တာဝန်ပြီးမြောက်ပါပြီ၊ ဆုကြေးများလည်းထုတ်လွှင့်လိုက်ပါပြီ’

‘ဒင် ဂုဏ်ယူပါတယ် သခင် EXP၂၀၀နှင့်၁၅၀၀စနစ်အမှတ်ရရှိပါသည်။ ‘အခြေခံကိုယ်ပျောက်ပညာ’ ပြန်သိမ်းလိုက်သည်။

‘ဒင် ဂုဏ်ယူပါတယ် သခင် အဆင့်တက်ပါပြီ’

လီဖန်းကပျော်သွားပါတယ်။ ထို့နောက် တုန်ရီနေတဲ့ ရှမောင်ကိုကြည့်ကာ ‘မင်းကဘယ်ဘက်ကလဲ’

‘ကျွန်တော်…ကျွန်တော်က သူဌေးဘက်ကပါ၊ သူဌေးဘက်ကပါ’ နဖူးကချွေးများကိုသုတ်ရင်း ရှမောင်ပြောလိုက်သည်။

ဒီလူကတော်တော်ကြမ်းတယ်။ တစ်ယောက်နဲ့အများကြီးကိုသိပ်သွားတာ ကောဝမ်ကိုတောင်နှစ်ချက်လောက်ပဲလုပ်တာ။ ရာဇဝင်ထဲမှာသာသွားမွေးလျှင် စစ်သူကြီးကျန်းဖေးတို့ လိုဖြစ်နိုင်တယ်။

ထိုအချိန်မှာပဲ ဆောင်းဝမ်ကျင်းလည်း စားပွဲအောက်ကထွက်လာသည်။

‘ရှင်ဘယ်သူလဲ၊ ကျွန်မကိုရောဘာလို့ ကယ်တာလဲ’ သူမလီဖန်းကိုမမြင်ရပါဘူး ဒီအချိန် ဒီနားမှာမှသူမကိုကယ်ဖို့ဆိုတာ TVထဲမှာတောင် ဒီလိုမရိုက်ဘူး။

‘ကျွန်တော်က…’လီဖန်းကလိမ်ပြောတော့မလို့ပါ ။ထိုအချိန်မှာ စနစ်အသံကိုကြားလိုက်ပါတယ်။

‘ဒင် သခင် တာဝန်အသစ်ရှိပါတယ်။ စစ်ကြည့်မလား’။

လီဖန်းလည်း ပါးစပ်ပိတ်ပြီး စနစ်ကိုအရင်ကြည့်လိုက်သည်။

‘တာဝန်- အမှန်တိုင်းမိတ်ဆက်ပါ’

‘တာဝန်ဖော်ပြချက်- သခင်ကဆောင်ဝမ်ကျင်းကို အမှန်တိုင်းမိတ်ဆက်ရပါမယ်။ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ပါပေးထားမှအနာဂတ်မှာ မြှူဆွယ်နိုင်မှာပါ’။

‘တာဝန်ဆုကြေး- EXP၅၀၊ စနစ်အမှတ် ၅၀၀’

‘မှတ်ချက်- နတ်ဘုရားမလေးကိုလိုချင်လျှင် အမှန်တိုင်းပြောဖို့သတ္တိရှိရပါမယ်။ ကြောက်ရွံ့ခြင်းဟာ စော်လိုက်နည်း ၃၆မျိုးမှ သွေဖယ်နေပြီး FAဖြစ်ဖို့အလားအလာများသည်’။

လီဖန်း ‘????’

ဆောင်ဝမ်ကျင်းကိုလိုက်ရမှာလား။ သူမရဲ့အကြောင်းကိုသူ ခန့်မှန်းမိပါသည်။ မြေအောက်လောကရဲ့ ခေါင်းဆောင်တစ်ယောက် ၊အချိန်မရွေးလုပ်ကြံခံရနိုင်တာ ငါကလိုက်ကြောင်ရမှာလား။ အသက်အပိုမပါဘူးကွ။

အငယ်ကောင်တိုသွားမှာကြောင့်သာမဟုတ်လျှင် လီဖန်းကဒီတာဝန်ကို စွန့်ချင်သည်။ လီဖန်းကချက်ချင်းကြီး ရပ်သွားတော့ ဆောင်းဝမ်ကျင်းမှာ ပိုပြီး ပဟေဠိဖြစ်သွားသည်။

‘ဟန်ကျန်းကမင်းကိုလုပ်ကြံမယ်ကြားလို့ ကျွန်တော်ကဒီမှာ ကြိုပုန်းနေတာ’လီဖန်း အံကြိတ်ရင်းပြောလိုက်သည်။

‘တကယ်တန်းကျမင်းငါ့ကိုမြင်ပါတယ် ငါကစိတ်ညှို့လိုက်တာ’ လီဖန်း မျက်နှာဖုံးချွတ်ကာ ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

ဆောင်ဝမ်ကျင်းလည်း ယုံလိုက်ရပါတယ်။ ဒါပေမယ့် သူမစဉ်းစားမရတာက ဟန်ကျန်းသူမကိုလုပ်ကြံမယ်ကြားတာနဲ့ သူမကိုလာကယ်တယ်ပေါ့။ သာမန်လူဆိုဒါမျိုးလုပ်မှာ မဟုတ်ဘူး။

မဟုတ်မှလွဲရော..

‘ရှင်…ကျွန်မကိုကြိုက်နေတာလား’ ဆောင်ဝမ်ကျင်းလည်း ရဲနေတဲ့နှုတ်ခမ်းကိုကိုက်ရင်း မေးလိုက်သည်။ သူမကိုကြိုက်နေတဲ့လူတွေအများကြီးရှိသည်။ သူတို့ကသူမအကြောင်းကိုအရမ်းသိချင်ပြီး လိုက်စုံလေ့ရှိသည်။ လီဖန်းလည်းထိုသူများထဲမှဆိုလျှင်တော့ ဒီလိုမျိုးဖြစ်တာ စဉ်းစားလို့ရပြီ။

တခြားတစ်ယောက်သာထိုသို့မေးလျှင် လီဖန်းကအသေအချာပြောမှာပါ ‘မာန်တက်နေတယ်’ လို့ ဒါပေမယ့်ဆောင်းဝမ်ကျင်းလိုအလှလေးမေးတော့ မကျေမနပ်မဖြစ်ရုံတင်မကပဲ ရှက်တောင်ရှက်လာပါတယ်။

‘ဒါက……’

‘အကိုလေးကရုပ်ဖြောင့်ပြီး သိုင်းလည်းကျွမ်းတယ်။ ကျွန်မနဲ့အလုပ်လုပ်ဖို့ စိတ်ဝင်စားလား’ ဆောင်ဝမ်ကျင်းက လီဖန်းကိုကြည့်ပြီး ဆက်မေးလိုက်သည်။ လီဖန်းကသူမကို ကြိုက်နေတယ်လို့ ကောက်ချက်ချလိုက်သည်။ အခုကောဝမ် နေရာမှာလူလိုနေတာ သူမကိုကယ်ထားသော လီဖန်းကအလွန်သင့်တော်သည်။

‘အခုတော့သိပ်စိတ်မဝင်စားသေးဘူး။ ဒီလိုလုပ်လေ ဖုန်းနံပါတ်ပေးထားပါလား။ စဉ်းစားပြီးလျှင် ဆက်သွယ်လိုက်မယ်’ လီဖန်းကသူ့ဖုန်းကိုထုတ်ရင်း ပြောလိုက်သည်။

ဆောင်ဝမ်ကျင်းက ငြိမ်သွားပါတယ်။ ဘယ်ယောက်ျားမှ သူမကို မငြင်းဖူးပါ။ ဒီလူကငါ့ကိုကြိုက်နေတာမဟုတ်ဘူးလား။ ဘာလို့အခွင့်ကောင်းကို ငြင်းလိုက်တာလဲ။ စိတ်ဝင်စားစရာပဲ။

‘အကိုလေး ကျွန်မတကယ်ရှင့်ကို လိုအပ်နေလို့ပါ။ ရှင်သာသူညီမယ်ဆို ကျွန်မ..’ဆောင်းဝမ်ကျင်းက ဖုန်းနံပါတ်ပေးပြီး သူမရဲ့လှပတဲ့မျက်နှာက ရှက်သွေးဖြာပြီး ပြောလိုက်သည်။ လီဖန်းက ထကြွချင်နေတဲ့ အငယ်ကောင်ကို ကြိမ်ဆဲလိုက်ပါတယ်။ ထိုအချိန်တွင် အစ်မကျီလင်ရဲ့အသံပေါ်လာသည်။

‘ဒင် ဂုဏ်ယူပါတယ်သခင် တာဝန်ပြီးဆုံးပါပြီ။ ဆုကြေးများကိုထုတ်လွှတ်ပါပြီ’

‘ဒင် ဂုဏ်ယူပါတယ်သခင် EXP၅၀နှင့် စနစ်အမှတ် ၅၀၀ကိုရရှိသည်’

သခင်- လီဖန်း

EXP- ၁၅၀/၃၀၀

စနစ်အမှတ်- ၃၅၀၀

အောင်မြင်မှတ်- ၀

စကေး- ရောနှောသိုင်း

တာဝန် -နတ်ဘုရားမလေး ဝေ့ပင်ချင်းကို ကယ်တင်ပါ(၂)

သူ့ကိုယ်ရေးကိုကြည့်ပြီး လီဖန်းစနစ်ကထွက်လိုက်ကာ ဆောင်းဝမ်ကျင်းကိုကြည့်လိုက်ပြီး ‘မင်း ကကိုယ့်အတွက်ဖြစ်လာမှာလား’။

‘ဒီကအကိုလေး ကျွန်မတို့ကအခုမှသိတာ ရှင်ကအဲ့လိုပြောတော့ ဒီကကြောက်တာပေါ့’ ဆောင်းဝမ်ကျင်းက ရှက်ပြီး နှုတ်ခမ်းကိုကိုက်ကာ ပြောလိုက်သည်။

‘ဒါဆို ကျွန်တော်လည်းစဉ်းစားလိုက်ဦးမယ်’။ လီဖန်းကဆောင်းဝမ်ကျင်းကို သေချာမသိပေမယ့် ဒီမိန်းမကမလွယ်ဘူးဆိုတာ သိပါတယ်။ သူမခန္ဓာကိုသာ အခုလိုသုံးတတ်လျှင် ကောဝမ်ကသစ္စာဖောက်မှာ မဟုတ်ပါဘူး။ လီဖန်းဆက်ငြင်းလိုက်တော့ ဆောင်းဝမ်ကျင်းဟာ မှင်သက်သွားပါတယ်။ အခြောက်ကြီးလား?။

အနည်းငယ်ဒေါသထွက်သွားပေမယ့် လီဖန်းရဲ့သဘောထား

က ဆောင်းဝမ်ကျင်းရဲ့ အနိုင်လိုချင်စိတ်ကို နှိုးဆွပေးသလိုပါပဲ။ ဘာပဲဖြစ်ဖြစ် ဒီလူကိုသူမရအောင်အသုံးချမှာပါ။

Comment

Leave a Reply

Options

not work with dark mode
Reset