ခြေသံများသည် နီးနီးလာကာ ရှီမာယူယူသည် ဆေးမှုန့်ပုလင်းအား ထုတ်ကာ ဘေဂုံထန်လက်ထဲသို့ထည့်လိုက်သည်။
သူတို့နှစ်ယောက်သည် ဒဏ်ရာများရထားကာ သူတို့၏ တိုက်နိုင်အားသည် ကျဆင်းနေသည်။ သူတို့တကယ်ပင် ရန်သူနှင့် တွေ့ပါက ထိုအရာသည်။ ခဏတာအချိန်ဆွဲရန်အတွက် အကူအညီဖြစ်မည်။
ဟိန်းသံလေးရွေးထားသော ဂူမှာပုံမှန်အားဖြင့် ဂျောင်ကျသည်၊ သို့သော် ခြေသံများသည် ဂူအတွင်းသို့ ဦးတည်လာနေကြသည်။ ဝူရန်ဖေနှင့် တခြားသူများဆီမှ အသံများလည်းမကြားရခြင်းကြောင့် သူတို့ထက်အဆင့်မြင့်သောသူများဖြစ်လိမ့်မည်ကို သက်သေပြနေသလိုပင်။ အခုချိန်တွင် သူတို့မှာ အကူအညီတောင်းရန်ပင် အခွင့်အရေးမရှိတော့ပေ။
ရွှေမြွေအသီးပြပွဲပြီးသွားသည်မှာ နှစ်ရက်ရှိသွားပြီဖြစ်သည်။ ထိုအားကောင်းသောကျွမ်းကျင်သူများသည် တောင်အတွင်းသွားလာကာ ဖက်တီးကျူနှင့် တခြားသူများကို တွေ့ခဲ့ခြင်းဖြစ်ရမည်…
သူတို့နှစ်ယောက်လုံး တွေ့ကရာခန့်မှန်းချက်များ တွေးနေစဉ် သူတို့သည် ဂူအတွင်းသို့ရောက်လာကြသည်။
“ငါတို့ပြန်လာပြီ” ဖက်တီးကျူ၏ လုံးဝန်းသော ခန္ဓာကိုယ်သည် ဂူအဝတွင်ပေါ်လာပြီး နောက်မှ ဝေကျိရွှီနှင့် ဝူရန်ဖေတို့လိုက်လာကြသည်။
သူတို့သုံးယောက် အပြင်ပိုင်းဒဏ်ရာများရှိသည်ကို မတွေ့သည်နှင့် သူတို့နှစ်ယောက်သည် စိတ်သက်သာရာရကာ မေးလိုက်သည် “မင်းတို့အဆင်ပြေကြလား”
“ငါတို့…”
ဖက်တီးကျူစကားမဆုံးခင်ပင် ခေါ်လာသော နောက်မှလူများသည် ရှေ့သို့ထွက်လာကြသည်။ ထို့နောက် မထင်မှတ်ထားသော ပုံရိပ်များသည် ရှီမာယူယူရှေ့တွင်ပေါ်လာလေသည်၊ သူမ တအံ့တသြဖြစ်ကာအော်လိုက်သည် “အစ်ကိုလေး အစ်ကိုငယ် ဒီမှာဘာလာလုပ်ကြတာလဲ”
“ညီလေးငါး မင်းဒဏ်ရာရထားတယ်လို့ကြားတယ်၊ အစ်ကိုလေးမြန်မြန်ကြည့်ပေးလိုက်” ရှီမာယူရန်သည် ရှီမာယူယူဘေးတွင်ပေါ်လာကာ သူမနာကျင်မည်ကိုစိုးရိမ်သဖြင့်ပြေးသွားလေသည်။
“အစ်ကိုလေး ကျွန်တော်အဆင်ပြေပါတယ်” ရှီမာယူယူ ရှီမာယူရန်၏လက်ကိုဆွဲကာ သူ့အား ဖျောင်းဖျရန်ကြိုးစားလိုက်သည်။
“ညီလေးငါး ဒါဘာအဓိပ္ပာယ်လဲ၊ ဘယ်လိုလုပ်ဒီလောက် ပြင်းတဲ့ဒဏ်ရာတွေရတာလဲ” ရှီမာယူလီသည် လမ်းလျှောက်လာကာ သူ့မျက်လုံးတွင် ဒေါသများနှင့် စိုးရိမ်မှုများပြည့်နှက်နေလေသည်။
“နောက်မှ ကျွန်တော်ရှင်းပြမယ် ဟုတ်ပြီလား” ရှီမာယူယူပြောလိုက်သည် “အစ်ကိုတို့ ကျွန်တော်မေးတာပြန်မဖြေရသေးဘူး ဒီမှာဘာလာလုပ်ကြတာလဲ”
“ငါတို့ဒီမှာ တိုက်ပွဲအတွက်လေ့ကျင့်ဖို့လာတာပဲ” ရှီမာယူလီပြောလိုက်သည် “ပြီးတော့ ငါတို့နှစ်အုပ်စုက ပူလွောင်တောင်တန်းမှာရောက်လာပြီးတော့ ဒီကိုရောက်လာတာပဲ”
နှစ်ဖွဲ့ရှိသည်ကို ရှီမာယူယူသဘောပေါက်သွားကာ ဂူအပြင်တွင်ရပ်နေကြသော လူအနည်းငယ်လည်းရှိသေးသည်။ ရှီမာယူရန်၏ ကျောင်းမှသူငယ်ချင်းများဖြစ်နိုင်သည်။
“ရလောက်ပြီ ဘယ်လိုဖြစ်ပြီး ဒဏ်ရာရတာလဲဆိုတာပြောဦး” ရှီမာယူရန်သည် ရှီမာယူယူအားကြည့်ကာ ပြောလိုက်သည် “အခုထိတော့ ကျူလေးက မင်းရဲ့အရိုးတွေက မနေ့ကကျိုးသွားတယ်လို့ပြောထားတယ်၊ ဘယ်လိုဖြစ်ပြီး ဒီလောက်ထိ ဆိုးဆိုးဝါးဝါးထိခိုက်သွားတာလဲ”
သူမ အစ်ကိုများသည် လူထူးဆန်းများဖြစ်ကြောင်းကို ဒီဖက်တီးကျူက မသိလို့လား၊ သူမ အရိုးများတစ်ချောင်းမကျန်ကျိုးသွားတယ်ဆိုတာကို ပြောရဲတယ် ဟုတ်လား။
ရှီမာယူယူ ဖက်တီးကျူအား မုန်းတီးစွာဖြင့်ကြည့်ကာ မြေပေါ်တွင် လှဲနေသော လူငါးယောက်အားကြည့်ကာ ပြောလိုက်သည် “အဲဒါသူတို့ကြောင့်ပေါ့၊ သူတို့က ကြောက်စရာကောင်းတဲ့သားရဲတွေကို ဆွဲဆောင်လိုက်တာလေ၊ ဝံပုလွေတွေအများကြီးဆိုတော့ ကျွန်တော်တို့အားလုံးလည်း ကြောက်သွားကြတယ်”
“ဒီလူတွေကြောင့်ဟုတ်လား” ရှီမာယူရန်သည် အပုံလိုက်လဲနေသော ထိုလူများအား အေးစက်စွာကြည့်လိုက်သည်။
“အင်း.. သူတို့ပဲ” ရှီမာယူယူပြောလိုက်သည်။
“ငါသူတို့ကို သတ်မယ်” ရှီမာယူလီသည် တစ်ခဏမျှရပ်တန့်သွားကာ မတ်တတ်ရပ်ပြီး ဓားအားဆွဲထုတ်ကာ ထိုလူများအားသတ်ရန်ရွယ်လိုက်သည်။
“အစ်ကိုငယ် အစ်ကိုငယ်၊ အလျင်မလိုပါနဲ့” ရှီမာယူယူသည် ရှီမာယူလီအား ဆွဲကာပြောလိုက်သည် “ဒီလူငါးယောက်က အစ်ကို့လက်ထဲမှာသေလို့မဖြစ်ဘူး”
“ဘာလို့မဖြစ်ရမှာလဲ” အားလုံးသည် ရှုပ်ထွေးသွားသည်။
“ဘာလို့လဲဆိုတော့ သူတို့က ကျွန်တော်တို့ကျောင်းကပဲ” ရှီမာယူယူသည် အခြေအနေတစ်ခုလုံးအားရှင်းပြသည်၊ သို့သော် ထနောင်းပိုးမြွေအကြောင်းအားချန်ထားကာ အစပိုင်းကဖြစ်ခဲ့သော ဝံပုလွေအုပ်အား အားလုံးကိုလွဲချလိုက်လေသည်။
“လွန်လွန်းတယ်” ရှီမာယူလီသည် ဒေါသထွက်စွာ အကြိမ်အနည်းငယ်ခြေထောက်အား ဆောင့်လိုက်သည်။
“ဒါဆို ဘာအစီအစဉ်ရှိလဲ” ရှီမာယူရန်သည် ရှီ်မာယူယူပြောသည့်စကားများတွင် ဟာကွက်ကို သတိထားမိသည်။ ဥပမာအနေနှင့် ထိုလူများကို ဘယ်လိုဖမ်းမိတာလဲ၊ သူမနှင့် ဘေဂုံထန်ပဲ ဒဏ်ရာရနေတာလဲ အစရှိသဖြင့်… သို့သော် သူတို့ထဲတွင် အပြင်လူများပါနေသဖြင့် သူမအား မမေးတော့ပဲ သူမပြောသည်များကို မေးခွန်းများဖြင့်သာ သံယောက်လိုက်နေခဲ့သည်။
“သူတို့ဆေးအရသာကို ကိုယ်ဘာသာမြည်းခိုင်းရမှာပေါ့” ရှီမာယူယူပြောလိုက်သည် “သူတို့က ကျွန်တော်တို့ကို ဝံပုလွေအုပ်ထဲမှာထားခဲ့တယ် အဲတော့ ကျွန်တော်လည်း သူတို့ကို အဲလိုအခြေအနေနဲ့အတူတူပဲ ဖြစ်စေချင်တယ်၊ ကျွန်တော်ကို လွတ်လာတာ ကံကောင်းလို့လေ၊ သူတို့ သေတာရှင်တာက သူတို့ကိုယ်ပိုင် စွမ်းရည်ပေါ်မှာပဲမူတည်တယ်၊ အစ်ကိုတို့ အစ်မတို့ ဒီအကြောင်းကို မဖြန့်ဘူးမလား”
“ပူလွောင်တောင်တန်းက အမြဲတမ်းဝိညာဉ်သားရဲတွေ သောင်းကျန်းနေကျနေရာပဲ၊ ဝိညာဉ်သားရဲနည်းနည်းလောက်နဲ့ တွေ့တာက အမြဲတမ်းဖြစ်နေကျဟာပဲ” အနီရောင်ဝတ်ထားသော မိန်းကလေးကပြောသည်။
“ဟုတ်တယ်”
ကျန်သောသူများလည်း သဘောတူသည်။ သူတို့မျက်လုံးများအားကြည့်ရာတွင် သူတို့သည်လည်း ထိုလူများအား မနှစ်မြို့ခြင်းများပြင်းပြနေသည်ကို တွေ့လိုက်ရသည်။
“မင်းဒီလိုလုပ်ချင်တယ်ဆိုလည်း လုပ်ပါ” ရှီမာယူရန်သည် ရှီမာယူယူ၏ ဆံပင်ကိုဖွလိုက်ရာ ရှုပ်ပွသွားလေသည်။
ရှီမာယူယူ သူ့လက်အားရိုက်ချကာပြောလိုက်သည် “အစ်ကိုလေးနဲ့ အစ်ကိုငယ်၊ ဒီကိုမစ်ရှင်လုပ်ဖို့လာတာမလား၊ ကျွန်တော်တို့မစ်ရှင်က ပြီးသွားလို့ မနက်ဖြန်ကို ပြန်တော့မလို့၊ အစ်ကိုတို့သွားပြီး မစ်ရှင်းပြီးအောင် အရင်လုပ်လိုက်”
“ငါတို့ကို နှင်ထုတ်ဖို့ မစဉ်းစားနဲ့” ရှီမာယူရန်ပြောလိုက်သည် “ငါတို့လည်း လုပ်စရာရှိတာတွေ မနေ့က လုပ်ပြီးပြီ အခုပြန်ဖို့ပြင်နေတာ၊ မင်းရဲ့ဒဏ်ရာတွေသက်သာအောင် စောင့်နိုင်တယ်”
“သြော် ဒါကကောင်းတယ်ပေါ့ ဟုတ်လား၊ ကျန်တဲ့အစ်ကိုတွေ အစ်မတွေကိုစောင့်ခိုင်းလို့မဖြစ်ဘူးလေ” ရှီမာယူယူပြောလိုက်သည်။
“ရပါတယ် နောက်ထပ် တစ်ရက် နှစ်ရက်လောက်က ကိစ္စမရှိပါဘူး” ထိုလူများသည် ပြောလိုက်ကြသည်။
သူမ အစ်ကိုနှစ်ယောက်သည် အဖွဲ့နှစ်ဖွဲ့၏ အဓိကဖြစ်သည်ကို ရှီမာယူယူမြင်လိုက်ရသည်။ သူတို့နှစ်ယောက် မသွားရင် တခြားသူများလည်း ဘာမှမပြောပေ။
“ဒါဆိုလည်း ကောင်းပြီလေ” သူမ ခေါင်းအုံးပေါ်သို့ ခေါင်းတင်လိုက်သည်။ ကြည့်ရတာ သူတို့ကိုယ်တိုင်တော့ ထွက်သွားမည်မဟုတ်ပေ။
ထိုလူများသည် ရှီမာယူယူနှင့် သူမအစ်ကိုများသည် အခုမှတွေ့ပြီး ပြောရန်စကားများရှိလိမ့်မည်ကို သိ၍ အရင်ထွက်သွားကြသည်။ ချက်ချင်းပင် ဘေဂုံထန်သည်လည်း အကြောင်းပြကာ ဝူရန်ဖေနှင့် ကျန်သူများကို ခေါ်ကာထွက်ခဲ့လေသည်။
ဂူထဲတွင် မည်သူမှကျန်ခဲ့ခြင်းမရှိသည်ကိုတွေ့သည်နှင့် ရှီမာယူရန်မေးလိုက်လေသည် “ပြောဦး၊ ဘယ်လိုလုပ် ဒီဒဏ်ရာတွေရတာလဲ”
“အစ်ကို့ကို ဖုံးထားလို့မရဘူးဆိုတာ ကျွန်တော်သိတယ်၊ အစ်ကိုငယ်ကတော့ ဘာမှ သတိထားမိမှမဟုတ်ဘူး” ရှီမာယူယူသည် နှုတ်ခမ်းကိုက်ကာ ပြောလိုက်သည်။
“မင်းပြောရဲသေးတယ်” ရှီမာယူရန်သည် ရှီမာယူယူ၏ ခေါင်းအားပုတ်လိုက်လေသည်။ “တခြားသူတွေသာရှိမနေရင် အစောကြီးကတည်းက နှစ်ချက်လောက်ခေါက်ပြီးပြီ၊ ကိုယ့်အစ်ကိုတွေကိုတောင် လိမ်တယ်ဟုတ်လား”
“လုပ်ပါ၊ တမင်တကာလိမ်တာမှမဟုတ်တာ” ရှီမာယူယူသည် ရှီမာယူလီအား သူမကိုယ်စား ပြောပေးမည့်မျှော်လင့်ချက်ဖြင့်ကြည့်လိုက်လေသည်။ သို့သော် ရှီမာယူလီသည် ဒီတစ်ကြိမ်တွင် သူမဘက်မှမရပ်တည်ပဲ သူမအားမကြည့်ပဲ ခေါင်းအားဘေးသို့လှည့်ထားလိုက်သည်။
“ကောင်းပါပြီ၊ ဘယ်လိုလုပ်ဒီဒဏ်ရာတွေရတာလဲဆိုတာ ပွင့်ပွင့်လင်းလင်းပြော” ရှီမာယူရန်သည် လေးနက်သော မျက်နှာထားဖြင့်ပြောသည်။
“ကောင်းပါပြီ…” ရှီမာယူယူသည် ဝံပုလွေအုပ်နှင့် ထနောင်းပိုးမွေတို့နှင့် တွေ့ခဲ့ရကြောင်းကို ပြောပြတော့သည်။ ထို့နောက် သူမသည် ရှီမာယူရန်အား သနားစဖွယ်ကြည့်ကာ “အစ်ကိုတို့အဖွဲ့ဝင်တွေလည်းရှိနေတော့ ကျွန်တော်က မိန်းကလေးဆိုတာပေးသိလို့မဖြစ်ဘူးလေ အဲဒါကြောင့် မဖြစ်နိုင်တာတွေပြောလိုက်တာ၊ ပြီးတော့ ဝံပုလွေတွေနဲ့ မတော်တဆ ဖြစ်အောင်လုပ်တာလည်း တိုက်ဆိုင်မှုမဟုတ်ဘူးလေ”
“ဒီလူတွေတော့” ရှီမာယူလီသည် လက်ဆစ်များ ဖြူလာသည်အထိ လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်ခြင်းသည်သာ သူတို့အား သွားသတ်ရန် ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်လေသည်။
“အဲဒါဆိုတော့ မင်းရဲ့ အဖွဲ့ဝင်တွေက မင်းက မိန်းကလေးဆိုတာသိသွားကြပြီပေါ့” ရှီမာယူရန်သည် ထိုအချက်တွင် အာရုံစိုက်မိနေသည်။ ထိုအကြောင်းအား သူတို့ဖော်ထုတ်ပါက ပြဿနာဖြစ်မည်မှာမလွဲပေ။
“အစ်ကို စိတ်ချပါ သူတို့က ဘယ်သူ့ကိုမှပြောမှာမဟုတ်ပါဘူး” ရှီမာယူယူပြောလိုက်သည် “ကျွန်တော်သူတို့ကို ယုံတယ်”
“အင်း… မင်းထပ်ပြီးတော့ မဆင်မခြင်မလုပ်တော့ဘူးလို့ ငါယုံတယ်” ရှီမာယူရန်ပြောလိုက်သည်၊ “ဒီနေ့တော့ နားလိုက်ဦး၊ မနက်ဖြန် ဆားမြို့ကိုသွားမယ်၊ အဘိုးက ငါတို့ကို အဲမှာစောင်နေတယ်”
“အဘိုးက မပြန်ရသေးဘူးလား” ရှီမာယူယူမေးလိုက်သည်။
ထိုအကြောင်းအား ပြောလိုက်သည်နှင့် သူမအမှားလုပ်မိသွားသည်ကို ရှီမာယူယူသဘောပေါက်လိုက်သည်။ သို့သော် နောက်ကျသွားလေပြီ၊ အစပိုင်းက သူမအား ကြင်နာစွာကြည့်နေသော ရှီမာယူရန်သည် လေးနက်သည့် အကြည့်ပြောင်းသွားသည်ကို သူမမြင်လိုက်ရသည်။
“ပြီးသွားပြီ ဒီတစ်ခါတော့ ရှောင်လို့မရတော့ဘူး…” ရှီမာယူယူသည် ဝမ်းနည်းကြေကွဲသွားလေသည်။