အပိုင်း(၈၃)-တခြားသူကို လှည့်စားခြင်းကိုကြိုက်သော ဟိန်းသံလေး

“ယူယူ” ဟိန်းသံလေး ဂုဏ်ယူစွာဖြင့် ရှီမာယူယူကိုကြည့်လိုက်သည်။ သူ၏ သေးငယ်သော ခန္ဓာကိုယ်သည် တောင်ပံလေးခုငှက်နှင့် ယှဉ်လျှင် ကြွက်နှင့် ဆင်ကဲ့သို့ဖြစ်နေသည်။

ဟိန်းသံလေး၏ မျက်လုံးထဲတွင် ဘဝင်မြင့်နေသည့်အရိပ်အယောက်ကို ရှီမာယူယူမြင်ကာ ပြောလိုက်သည် “သူတို့ကိထားခဲ့ပြီး သွားရအောင်”

“အိုး” ဟိန်းသံလေးသည် ပြန်ဖြေလိုက်ပြီးမှ ဝိညာဉ်သားရဲများဘက်သို့လှည့်ကာ ဟိန်းလိုက်သည်။ ထိုဝိညာဉ်သားရဲများသည် တောင်ပံလေးခုငှက်နှင့် ဟိန်းသံလေးအားထားခဲ့ပြီးအောင်မြင်စွာထွက်သွားကြသည်။

“မင်းမပြန်ချင်ဘူးလား” တောင်ပံလေးခုငှက်အား စိုက်ကြည့်ပြီးနောက် ရှီမာယူယူမေးလိုက်သည်။

ဟိန်းသံလေးသည် တောင်ပံလေးခုငှက်ကျောမှဆင်းကာ သူမခေါင်းပေါ်သို့တက်လာပြီး ပြောလိုက်သည် “ငှက်ကြီးက ငါ့သူငယ်ချင်းပဲ ငါကိုနေရာတိုင်းကိုခေါ်သွားတယ်၊ သူထွက်သွားမှာမဟုတ်ဘူး”

ရှီမာယူယူထိုစကားအားကြားသောအခါ ရာဟွောင်နှင့် စာချုပ်ချုပ်သည့်အချိန်ကို ချက်ချင်းတွေးမိလိုက်သည်။ ဒီတောင်ပံလေးခုငှက်ကရော အလိမ်ခံရတော့မှာလား။

သူမသည် သူ့အားသံသယဝင်နေသည်ကို ဟိန်းသံလေးခံစားမိချိန်တွင် ကန့်ကွက်လိုက်သည် “ငါဘယ်တုန်းက သူများကိုလိမ်ဖူးလို့လဲ၊ ရာဟွောင်နဲ့ငှက်ကြီးက ငါ့နောက်ကိုလိုက်နေတာ ဟုတ်ပြီလား၊ မင်းတို့လို့ လှည့်စားဖို့ပဲတတ်တဲ့ မင်းတို့လိုလူတွေအုပ်စုထဲကို ငါ့ကိုဆွဲမသွင်းနဲ့”

သူမအား လှည့်စားတတ်တဲ့သူလို့ ဟိန်းသံလေးပြောသည်ကိုကြားသည်နှင့် ရှီမာယူယူသည် ဟိန်းသံလေးအား သူမခေါင်းပေါ်မှ ဆွဲချလိုက်သည်။  သူမသည် သူ့အား အပြစ်မတင်ခင်တွင်ပင် တောင်ပံလေးခုငှက်သည် ပုံပြောင်းကာ သူမဆီသို့ပျံသန်းလာသည်။ သူမပခုံးပေါ်တွင် နားလိုက်ကာ မျက်လုံးမှိတ်လိုက်သည်နှင့် အိပ်ပျော်သွားလေသည်။

ငှက်လေးသည် သူမပခုံးပေါ်သို့ လာနားသည်ကို သူမခံစားမိသည်နှင့် ရှီမာယူယူသည် ဟိန်းသံလေးကို တွန်းထုတ်လိုက်ကာ ငှက်လေးအား ယူရန်လက်ကိုဆန့်ထုတ်လိုက်သည်။

“ယူယူ မင်းအရမ်းဘက်လိုက်တာပဲ” ဟိန်းသံလေး အော်လိုက်သည်။

ရှီမာယူယူသည် သူမလက်ဖဝါးထဲမှ ငှက်လေးကိုကြည့်ကာ ပြောလိုက်သည် “ဘယ်လိုလုပ်မေ့သွားတာလဲ”

ဝေကျိရွှီသည် လျှောက်လာကာ ပြောလိုက်သည် “မေ့ဆေးကြောင့် ဒီလိုဖြစ်သွားတာနေမှာ”

ရှင်းဝူရာသည် လက်အုပ်ချီကာ ပြောလိုက်သည် “ဒီနေ့ ငါ့ကိုကယ်ခဲ့တဲ့ မင်းတို့ကို ရှင်းဝူရာကကျေးဇူးတင်ပါတယ်၊ ရှေ့လျောက် ဝူရာကိုလိုအပ်တဲ့အချိန်ရှိရင် ချက်ချင်းမေးလို့ရပါတယ်၊ သေခြင်းက ကူညီဖို့လာပေးမယ့် ဝူရာကိုတားလို့မရပါဘူး”

“အစ်ကိုကြီးရှင်းရဲ့ စကားလုံးတွေက အရမ်းလေးနက်နေတယ်” ဝေကျိရွှီသည် သူ့လက်တစ်စုံအားမြောက်ကာ ပြောလိုက်သည် “ဒါပေမယ့် အစ်ကိုကြီး ရှင်းက ဒီပူလွောင်တောင်တန်းမှာ ဘာလို့ရှိနေသေးတာလဲ”

“အဲအကြောင်းတွေကို နောက်မှပြောပြမယ်၊ ဒီနေရာကနေအရင် ထွက်သွားရအောင်” ရှင်းဝူရာပြောလိုက်သည်။

ကြေးစားတစ်ယောက်၏ အတွေ့အကြုံအနေနှင့် ပူလွောင်တောင်တန်းတွင် နှစ်အနည်းငယ်လှည့်လည်သွားလာခဲ့သဖြင့် သွေးအနံ့သည် တခြားဝိညာဉ်သားရဲများကို ဆွဲဆောင်နိုင်သည်ကို သူသိသည်။

သူတို့ငါးယောက်သည် စခန်းနေရာမှထွက်လာကာ သူတို့သွားနေချိန်အတွင်း ဘာတွေဖြစ်ခဲ့လဲဆိုသည်ကို ရှင်းဝူရာရှင်းပြနေသည်။

သူတို့သည် တောင်အတွင်းသို့ဝင်တာ ဆယ်ရက်မြောက်နေ့တွင် မစ်ရှင်များပြီးဆုံးခဲ့ပြီးဖြစ်သည်။ ထို့နောက် သူတို့အဖွဲ့သည် ဒုတိယမြောက်မစ်ရှင်ဖြစ်သည့် မျိုးနွယ်ကြီးတစ်ခုကို အတွင်းပိုင်းဒေသသို့ခေါ်ဆောင်သွားရန် မစ်ရှင်ကို လက်ခံရရှိခဲ့သည်။

အစပိုင်းတွင် ထင်ထားခြင်းမရှိခဲ့ပေ။ အတွင်းပိုင်းဒေသသည် အလွန်ပင် အန္တရာယ်များသည်။ သို့သော် ဒီအချိန်တွင် ဝိညာဉ်သားရဲများသည် တခြားဆီသို့သွားနေကြသဖြင့် ပူလွောင်တောင်တန်းသည် လုံခြုံနိုင်သည်ဟု ထိုမျိုးနွယ်မှပြောခဲ့သည်။ ပေးငွေသည်လည်းများပြားလှသဖြင့် ရှင်းဝူရာ၏အဖေသည် သဘောတူကာ အားကောင်းသော သူတို့နှစ်ယောက်အားခေါ်ဆောင်သွားလေသည်။ ထို့အပြင် ရှင်းယူရာသည်လည်း အတွင်းပိုင်းဒေသသို့သွားကြည့်ချင်နေခဲ့သည်။

သူ့အကြောင်းပြောပြီးသည်နှင့် ရှင်းဝူရာပြောလိုက်သည် “မင်းတို့ကရော ဘာလို့ဒီတောင်မှာရှိနေသေးတာလဲ၊ ပြီးတော့ အတွင်းပိုင်းဒေသမှာ အခုလုံခြုံတယ်လို့ပြောလို့ရပေမယ့် အမြဲတမ်းတော့ မဟုတ်ဘူး”

“ကျွန်တော်တို့က ပျော်စရာရှိတယ်ဆိုလို့ လာပါကြတာ” ဝေကျိရွှီပြောလိုက်သည် “အခုတော့ အစ်ကိုကြီးရှင်းကြည့်ရတာ အဲဒီကြေးစားတွေနဲ့ရင်းနှီးတယ်ထင်တယ်”

“ဟုတ်တယ် အဲဒါက အစိမ်းရောင် ကြေးစားအဖွဲ့ချုပ်ကို အမြဲဆန့်ကျင်နေတဲ့အဖွဲ့ပဲ၊ သူတို့ကို အနက်ရောင် ဝက်ဝံအဖွဲ့လို့ခေါ်တယ်၊ သူတို့ဆရာဟောင်ယူစီက အားကောင်းတယ်၊ သူ့အကျင့်စရိုက်ကတော့ ဆိုးတယ်၊ တခြားသူတွေရဲ့အလုပ်ကို အမြဲတမ်းလုပြီး သူကတော့ ဆိုးတဲ့ကိစ္စတွေကိုမလုပ်ဘူး၊ ဒီတစ်ခါတော့ သားရဲထိန်းကျောင်းတဲ့အသင်းအတွက်အလုပ်လုပ်ပေးလိမ့်မယ်လို့မထင်မိဘူး” ရှင်းဝူရာပြောလိုက်သည်။

“မင်း သခင်မူနဲ့ရောရင်းနှီးတာလား” ဝေကျိရွှီမေးလိုက်သည်။

“ငါသူ့ကိုသိတယ်၊ သူက ဆားမြို့က သားရဲထိန်းကျောင်းတဲ့အသင်းက သားရဲထိန်းကျောင်းတဲ့သခင်ပဲ၊ သူ့အကျင့်ကလည်းမကောင်းဘူးလို့ငါကြားဖူးတယ်၊ ဒါပေမယ့် သူလည်း အဲလိုကိစ္စတွေမလုပ်ဘူး”

“သူက အဲလိုကိစ္စတွေလုပ်မယ့်သူမဟုတ်ဘူးလို့ငါထင်တာ၊ တကယ်လို့သူအဲဒါမျိုးတွေလုပ်ရဲရင် ကြေးစားအသင်းက နောက်ခံတောင့်တယ်၊ ဖြစ်နိုင်တာက အဖွဲ့ကဒါကိုလုပ်ဖို့ နှိုးဆော်တာဖြစ်နိုင်တယ်” ဝေကျိရွှီပြောလိုက်သည် “ငါပြန်ရောက်တာနဲ့ ဒီအကြောင်းတွေကို ငါ့ရဲ့ ဦးလေးကြီးဆီမှာပြောရမယ်”

ဝေကျိရွှီပြောသည်ကို ရှင်းဝူရာကြားသည်နှင့် သူ၏ သရုပ်မှန်ကို သိလိုက်ရသည်။ အစပိုင်းတွင် သူသည် သာမာန်လူမဟုတ်ကြောင်းကို ခန့်မှန်းမိသော်လည်း သားရဲထိန်းကျောင်းသခင် မိသားစုဝင်ဖြစ်နေလိမ့်မည်ကိုတော့ ထင်မထားပေ။

သူတို့သည် ရွှေမြွေသီးရှိသော တောင်ထိပ်သို့တက်လာကြပြီး တစ်ရက်အတွင်းတွင် စခန်းချလိုက်ကြသည်။ ရှင်းဝူရာသည် သူနှင့်အတူ စခန်းချရာနေရာသို့အတူသွားရန်ပြောသော်လည်း ရှီမာယူယူ ယဉ်ကျေးစွာပင်ငြင်းခဲ့သည်။ တခြားသူများနှင့် အတူရှိနေပါက ထိုအချိန်ကျလျှင် ပြဿနာဖြစ်လာနိုင်သည်။

အစပိုင်းတွင် ရှင်းဝူရာသည်လည်း သူတို့အားစိုးရိမ်နေခဲ့သည်။ သို့သော် သူတို့သဘောမတူသဖြင့် ဖိအားမပေးတော့ပေ။ ပြဿနာတစ်စုံတစ်ရာပေါ်လာပါက သူ့အားရှာရန် ပြောထားခဲ့သည်။

ရှီမာယူယူနှင့် ကျန်သူများသည်ရှင်းဝူရာအား ကတိပေးကာ ထွက်ခဲ့ကြသည်။

တောင်ကြားသည် လူများနှင့် ဝိညာဉ်သားရဲများပြည့်နှက်နေသည်ကို ကြည့်ပြီး ဖက်တီးကျူသည် ရှီမာယူယူပခုံးကို ကိုင်ကာ ပြောလိုက်သည် “ယူယူ ဒီနှစ်ရက်အတွင်းကို လူတွေအများကြီးရောက်လာကြတာပဲ”

တောင်တွင်လူများနှင့် ဝိညာဉ်သားရဲများပြည့်နှက်နေသည်ကို ကြည့်ပြီး ရှီမာယူယူနှင့် ဘေဂုံထန်တို့၏ မျက်လုံးများသည် ပဟေဠိဆန်မှုများနှင့် ပြည့်နေသည်။

“ရွှေမြွေသီး မှည့်ဖို့ တစ်ရက်နဲ့တစ်ညပဲကျန်တော့တယ်၊ အနီးအနားကိုသွားပြီးနားရအောင်” ရှီမာယူယူအကြံပေးလိုက်သည်။

သူတို့သည်ပုန်းရန်နေရာကိုတွေ့ပြီးဖြစ်သော်လည်း အောက်တွင်ဖြစ်နေသော အခြေအနေကို စုံစမ်းရန်ရှိသေးသည်။

ထိုနေရာသည် အလွန်ကျဉ်း၍ သူတို့သည် ဘယ်သူမှမရှိသေးသည့်နေရာတွင် ပုန်းသည်မှာ ပိုကောင်းသည်။

ရွှေမြွေသီးမှည့်ရန်စောင့်နေချိန်တွင် ဝေကျိရွှီနှင့် ကျန်သူများနားနေချိန်တွင် ရှီမာယူယူသည် တခြားနေရာသို့သွားချင်သည်။

သူမ ပတ်ဝန်းကျင်အားလေ့လာကာ ဘယ်သူမှမရှိသည်ကိုမြင်သည်နှင့် ဟိန်းသံလေးအား ခေါ်ကာ ကြည့်ပြီးမေးလိုက်သည် “တောင်ပံလေးခုငှက်က ဘယ်လိုဖြစ်သွားလဲ”

“ငှက်လေးအကြောင်းပြောတာလား” ဟိန်းသံလေးသည် နောက်တွန့်ကာပြောလိုက်သည် “မင်းရွှေမြွေသီးကိုလိုချင်တယ်ဆိုတာ ငါသိလို့လေ….. ငှက်လေးက ပျံနိုင်တယ် အဲအချိန်ကျရင် သူငါတို့ကို ခေါ်သွားလို့ရတယ်”

“အဲဒါကြောင့်မင်းသူ့ကို လာဖို့လှည့်စားလိုက်တာလား” ရှီမာယူယူပြောလိုက်သည်။

“ဟူး ယူယူ ဒီဝိညာဉ်သားရဲက မင်းနောက်ကိုကောင်းတဲ့အရာတွေပဲလိုက်စေချင်တာ သိရဲ့လား” ဟိန်းသံလေးပြောလိုက်သည်။

“သိတာပေါ့ ငါလည်း ဝိညာဉ်သားရဲတွေ ပိုပိုပြီးလိုချင်တယ်၊ ဒါပေမယ့် မင်းတခြားသူကိုလှည့်စားလို့ သူတို့အဲဒါကိုသိသွားရင် သူတို့က အကြွေးရှင်းဖို့လာရင်ဘယ်လိုလုပ်မှာလဲ” ရှီမာယူယူ ဟိန်းသံလေး၏ ခေါင်းအားတောက်လိုက်သည် “ဒီတောင်ပံလေးခုငှက်ရဲ့အဆင့်က မနိမ့်ဘူးမလား၊ အဲဒါ ရူးသွားတဲ့အချိန်ရောက်ရင် မင်းနိုင်မှာလား”

“အစ်ကိုကြီး ကြက်သွေးရောင်မီးတောက်နဲ့ဆိုရင် ဘယ်ဝိညာဉ်သားရဲက မင်းရဲ့ရှေ့မှာ ရုတ်ရုတ် ရုတ်ရုတ်လုပ်ရဲမှာလဲ” ဟိန်းသံလေး ညင်သာစွာရေရွတ်လိုက်သည်။

“မင်းဘာပြောလိုက်တာလဲ” ရှီမာယူယူ ဟိန်းသံလေးအားချီလိုက်ကာ မေးလိုက်သည်။

“ဘာမှမဟုတ်ပါဘူး” ဟိန်းသံလေးသည် ဒီအခြေအနေအားမပြောပြချင်သော ကြက်သွေးရောင်မီးတောက်အား တ လိုက်ပြီးမှ ငြင်းလိုက်သည်။ သူစကားဆက်လိုက်သည် “ဒီလိုဆိုရင် ငှက်လေးက မင်းကိုဒုက္ခမပေးနိုင်တော့ဘူး မင်းစိတ်ချလက်ချနားတော့”

“ဒါပေမယ့် ငါ့မှာရှိတဲ့ စာချုပ်တွေက အကုန်ရောနေပြီ ငါစာချုပ်မချုပ်နိုင်တော့ဘူး” ရှီမာယူယူပြောလိုက်သည်။

“ကိစ္စမရှိဘူး၊ ဝိညာဉ်သားရဲဘယ်မှနေရာမှာလဲသာပြောလိုက်၊ မင်းသူနဲ့ စာချုပ်ချုပ်နိုင်တယ်ဆိုရင် လုပ်ရအောင်” ဟိန်းသံလေးသည် ခပ်တည်တည်ပြောလိုက်သည် “အဲဒါက အဆင့်ကိုး သူတော်စင်သားရဲဆိုဦးတော့ သူ့ခန္ဓာကိုယ်မှာ ရှေးဟောင်းငှက်တွေရဲ့ သွေးတွေစီးနေတယ်၊ သူ့သွေးကြောတွေ နိုးထလာရင် သူက သင့်တော်တဲ့ ဝိညာဉ်သားရဲဖြစ်မှာပဲ”

ဟိန်းသံလေးပြောသည်များကို ရှီမာယူယူကြားသည်နှင့် နှုတ်ခမ်းထောင့်သည်ကွေးသွားပြီး ပြုံးလိုက်သည်။ အဆင့်ကိုး သူတော်စင်မစ္ဆာဆိုတာဘာလဲ၊ အဆင့်မြင့်ဆုံး သားရဲထက်အဆင့်တစ်ဆင့်နိမ့်တဲ့ ဝိညာဉ်သားရဲ ဟုတ်တယ်မလား၊ အဲဒါက ဝိညာဉ်အင်ပါယာတည်ထောင်တာနဲ့တူနေတယ်၊ ရှီမာလိုင်တိုက်ခိုက်ချင်ရင် အနိုင်အရှုံးက မသိနိုင်ဘူး၊ ဟိန်းသံလေးဘာလို့ဒီလိုပြောရတာလဲ။

Comment

Leave a Reply

Options

not work with dark mode
Reset