သိပ်မကြာသောအချိန်၌ ရီဖူရှင်းနှင့် ယန်ဟောင်တို့ နဂါးပတ်တောင်ကို ပျံသန်း ရောက်ရှိလာကြသည်။ ကျူးကော့ချန်းဖန်က သူတို့အား ကိုယ်တိုင် သွားရောက်ကြိုဆိုသည်။ ရီဖူရှင်းအား ယန်ဟောင်၏ ပခုံးပေါ်တွင် မြင်ကြရသည်။ ယန်ဟောင်က ကောင်းကင်မြေရိုင်း အဆင့်၄ကို သိပ်မကြာခင်ကပင် အနိုင်ယူခဲ့သည်။ သူ၏နာမည်ကား မကြာမီ များစွာ ကျော်ကြား လာပေတော့မည်။
“ညီငယ်လေး… မင်းက ဒီကိစ္စမှာ ဝင်ပါပြန်ပြီ…” ဂူတုံးလျိုက ရီဖူရှင်းကို ပြောသည်။ မုန်တိုင်းက ရီဖူရှင်းအား အလယ်ဗဟိုသို့ ဆွဲသွင်းလိုက်ပေပြီ။ နောက်ဘာဖြစ်မည်ကို မည်သူမှ မပြောနိုင်။
“အစ်ကို၃…” ရီဖူရှင်းက ဂူတုံးလျိုကို ကြည့်ကာ ပြုံးသည်… “ကော့တေး တပည့်တွေက အမြဲတမ်း အတူတူ ရပ်တည်ကြတယ်… ဘယ်သူမှ ကျုပ်တို့ကို လာထိလို့မရဘူး…”
ရီဖူရှင်း ပြုံးသည်တွင် ဂူတုံးလျိုကလည်း ပြုံးသည်။
တိမ်ဖြူမြို့မှ သတင်းများက တဖြည်းဖြည်း ရွှမ်းဝူမြို့ကို ရောက်လာကာ လူတိုင်းက လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ မြေရိုင်းပြည်နယ်က မကြာမီ မုန်တိုင်း ထန်ပေရော့မည်။
ကျိရှမ်းကမ်းပါးမှ တန်ခိုးရှင်များကလည်း ထိုသတင်းကို သေချာပေါက် ရပေသည်။ ကောင်းကင်မြေရိုင်း အဆင့်၁၈မှ ယန်ဟောင်က ကောင်းကင်မြေရိုင်း အဆင့်၄တွင်ရှိသော ပိုင်ဂူအား အနိုင်ရမည်ဟု ခွန်ယိုက မထင်ထားခဲ့ပေ။ သူတို့၏ အစီအစဉ်ကား သေချာပေါက် ပျက်စီးသွားပြီ ဖြစ်သည်။ ယခု ယန်ဟောင်က တိမ်ဖြူမြို့ကို ရောက်နေပြီဖြစ်သည်။ သူတို့က ကျူးကော့မိသားစုကို မည်သို့ တိုက်ခိုက်တော့မည်နည်း။
“နိုဘယ်တစ်ယောက်က ကျုပ်တို့ အစီအစဉ်ကို ဖျက်ဆီးနိုင်မယ်လို့ မထင်ထားဘူး…” ကျန်းရှာက အေးစက်စွာ ပြောသည်။ အရာခပ်သိမ်းက တော်ဝင်ကျဲနန်းတော်၏ ထုတ်ပယ်ခံ တပည့်တစ်ယောက်က ဖျက်ဆီးသွားခဲ့သည်။
“ကျန်းရှာ… မင်းက ဘယ်လိုမြင်လဲ…” ခွန်ယိုက မေးသည်။
ကျန်းရှာက ပြုံးလျက်ပြောသည်… “ဦးလေး.. ဒါက သိပ်မခက်ပါဘူး… မြေရိုင်းပြည်နယ်မှာ ငြိမ်းချမ်းနေတာ နှစ်ပေါင်း ကြာလာတော့ အင်အားစုတွေ အကုန်လုံးက ပုဂ္ဂိုလ်ရေး အကျိုးစီးပွားကို ဦးတည်လာကြတယ်… ရီဖူရှင်းကလည်း အင်အားစု အတော်များများကို အပြစ်လုပ်ထားတယ်… သူက ဒီကိစ္စမှာ ဝင်ပါလာမှတော့ မြေရိုင်းပြည်နယ်ကို ပိုရှုပ်ထွေးအောင်လုပ်ပြီး မြေရိုင်းပြည်နယ်က အင်အားစုတွေကို ကျူးကော့မိသားစုနဲ့ ရန်တိုက်ပေးတာပေါ့…”
တိမ်ဖြူမြို့မှ သတင်းများ မြေရိုင်းပြည်နယ်ကို ပျံ့နှံ့လာခဲ့သည်။ ထို့နောက်တွင် ပိုမိုသော သတင်းများ ထပ်မံ လိုက်ပါလာသည်။ ကျိရှမ်းကမ်းပါးမှ ခွန်ယိုက မြေရိုင်းပြည်နယ်မှ အင်အားစုများအား ရွှမ်ဝူမြို့ကို ဖိတ်ခေါ်ကာ ရှန့်ထိုဖြစ်လာမည့် နည်းလမ်းအား ရှာမည်ဆိုသည်။ ထိုသတင်းများက အားလုံး၏ ပြောစရာဖြစ်နေသည်။ ကျူးကော့မိသားစုနှင့် ရင်ဆိုင်နေသော ကျိရှမ်းကမ်းပါးကို မသိသူမရှိပေ။
ကျိရှမ်းကမ်းပါးမှ ထုတ်လွှတ်သော သတင်းကား တော်ဝင်လမ်းကို စိတ်ပါဝင်စားသူများ အတွက်သာ ဖြစ်သည်။ သို့သော်လည်း ကောင်းကင်မြေရိုင်း ထိပ်သီးများက ခွန်ယို၏ စကားနောက်ကွယ်မှ ဆိုလိုရင်းကို နားလည်ကြပေသည်။
ကောင်းကင်ပြက္ခဒိန်၏ ၁၀၀၀၉ခုနှစ် အကုန်ကား မတည်မငြိမ် ဖြစ်နေဆဲဖြစ်သည်။ အားလုံးက ရောက်လာမည့် မုန်တိုင်းကို စောင့်စားနေကြသည်။ ကောင်းကင်ပြက္ခဒိန်၏ ၁၀၀၁၀ခုနှစ်ကို ရောက်သော အချိန်တွင် ရီဖူရှင်းကား နဂါးပတ်တောင်၏ လခြမ်းအိမ်တော်တွင် ရှိနေသည်။ သည်နေ့ကား နှစ်သစ်ကူးအတွက် ပွဲလမ်းသဘင် မရှိပေ။ သည်နေရာကား စည်ကား သိုက်မြိုက်ခြင်း မရှိဘဲ ပျော်ရွှင်ဖွယ်ရာ ခံစားမှုများ ကင်းမဲ့နေသည်။
ရီဖူရှင်းက တိတ်ဆိတ်စွာ ထိုင်ကာ သဘာဝ စွမ်းအင်များကို အာရုံခံစားနေသည်။ စိတ်စွမ်းအားကို လေ့ကျင့်သည့်အပြင် သူကလည်း ရှီအသိကို ပိုမိုနားလည်အောင် ကြိုးစားနေသည်။ သူက မြေရိုင်းပြည်နယ်ကို ရောက်ကလည်းက ရှီတန်ခိုးရှင်များ၏ မရေမတွက်နိုင်သော အကြွင်းအကျန် နယ်မြေများအား သွားရောက်ထားပြီး ဖြစ်သည်။ ရှီတန်ခိုးရှင်များ ပိုင်ဆိုင်သော စွမ်းအင်များနှင့် ပတ်သက်၍ သူက လွန်စွာ ဗဟုသုတု ကြွယ်ဝသည်ဟု ဆိုနိုင်သည်။ သို့သော်လည်း အသိအမြင် ကြွယ်ဝခြင်းနှင့် နားလည် သိမြင်ခြင်းတို့က ကွဲပြားခြားနားသော အရာနှစ်ခုဖြစ်သည်။
ဂူတုံးလျိုနှင့် ကျူးကော့မင်းယွီတို့က ရီဖူရှင်းထံကို တိတ်ဆိတ်စွာ လျှောက်လာကြသည်။ သူတို့က ရီဖူရှင်း၏လေ့ကျင့်မှုအား အနှောင့်အယှက် ပေးလိုဟန်မရှိပေ။ သို့သော်လည်း ရီဖူရှင်းက မျက်လုံးကို ဖွင့်ကာ နှစ်ယောက်လုံးအား ကြည့်သည်။ ထို့နောက် သူက ပြုံးလျက် နှုတ်ဆက်သည်… “အစ်ကို၂… အစ်ကို၃…”
“ညီငယ်လေး… မင်းက ဒီမှာ ရှီအသိကို နားလည်အောင် ကြိုးစားနေတာလား…” ဂူတုံးလျိုက မေးသည်။
“အင်း…” ရီဖူရှင်းက ခေါင်းညိတ်သည်… “ကျွန်တော်က တစ်ခုခုကို နားလည်သလိုပဲ… ဒါပေမဲ့ အတိအကျ မဆုပ်ကိုင်နိုင်ဘူး…”
“ဒါက ပုံမှန်ပါပဲ…” ဂူတုံးလျိုက ဆက်ပြောသည်… “မင်းက ဒုတိယတန်းစား နိုဘယ်ပဲ ရှိသေးတယ်… မင်းရဲ့ ခြွင်းချက်မဲ့ ဉာဏ်ရည် ဉာဏ်သွေးက ရှီအသိနည်းနည်းကို နားလည် ခွင့်ပေးထားပေမဲ့ မင်းက ဒါကို ပြည့်ပြည့်ဝဝ မရသေးဘူး… ဒါက နိုဘယ်တွေ ရှီအဆင့်ကို တက်လှမ်းတဲ့အခါ တန်ခိုးအဆင့်ရဲ့ သဘာဝကိုယ်တိုင်က ပြောင်းလဲသွားလို့ပဲ… မင်းရဲ့ တန်ခိုးအဆင့်က ရှီမတိုင်မီအဆင့်မှာ မင်းက တောင်ကို ကြည့်ရင် တောင်ကို မြင်မယ်… ရေကို ကြည့်ရင် ရေကို မြင်မယ်… မင်းက ရှီအဆင့်ကို ရောက်တဲ့အခါ မင်းက တောင်ကို မြင်တိုင်း တောင်မဟုတ်တော့ဘူး … မင်းက ရေကို မြင်တိုင်း ရေမဟုတ်တော့ဘူး…”
“အစ်ကို၃.. ဒါက နည်းနည်း နားလည်ရခက်တယ်…” ရီဖူရှင်းက ပြုံးလျက်ပြောသည်။
ဂူတုံးလျိုက ရှေ့ကို ကြည့်သည်။ သူက သူ၏စိတ်အသိကို အသက်သွင်းလိုက် သည်တွင် သစ်ရွက်ငယ် တစ်ရွက်က သူတို့ရှေ့ကို ကျလာသည်။ ထို့နောက် သူက မေးသည်… “သစ်ရွက်ကြွေတာမှာ မင်းက ဘာစွမ်းအားကို မြင်လဲ…”
“ကျွန်တော်က လေရဲ့ အသိကို ခံစားရတယ်…” ရီဖူရှင်းက ဖြေသည်။
ဂူတုံးလျိုက ပြန်ပြောပေ။ သူ၏မျက်လုံးက သစ်ရွက်ကို တစိုက်မတ်မတ် ကြည့်နေသည်တွင် နောက်ဆုံးတွင် သစ်ရွက်က ကျောက်တုံးတစ်တုံးပေါ်ကို ကျဆင်းသည်။ သစ်ရွက်က ဆက်လက် ဆင်းသက်စရာ မရှိတော့ပေ။ သို့သော် ထိုအခိုက်တွင် ရီဖူရှင်းက သူ မြင်လိုက်ရသည်ကိုပင် မယုံကြည်နိုင်ပေ။ ပေါ့ပါးကာ အားနည်းသော သစ်ရွက်ကား ကျောက်တုံးကို ဖြတ်တောက် ဆင်းသက်သွားသည်။
“ဘာဖြစ်…” ရီဖူရှင်းက တစ်စုံတစ်ခုကို နားလည်သွားသည်။
“ဒါက မင်းပြောတဲ့ အသိပဲ… အသိက ကောင်းကင်နဲ့ မြေပြင်မှာ ခိုအောင်းနေတယ်… ရှီအသိက ကောင်းကင်မြေနဲ့ မြေပြင်ရဲ့အသိပဲ… မင်းက ဒီလောကသဘာဝကို နားလည်လာတဲ့အခါ မင်းက အရာခပ်သိမ်းကို လောကစွမ်းအားဖြစ် ပြောင်းလဲနိုင်တယ်… မင်းမြင်တဲ့ သစ်ရွက်က ငါ့အသိနဲ့ ပေါင်းစပ်ထားတာပဲ… ဒါကြောင့် သစ်ရွက်က ဓားအသိကို ပိုင်ဆိုင်တယ်…” ဂူတုံးလျိုက ရှင်းပြသည်။
“ကျွန်တော် နားလည်ပြီ…” ရီဖူရှင်းက တစ်စုံတစ်ခုကို ရှင်းရှင်းလင်းလင်း သဘောပေါက်သွားဟန် ရကာ ခေါင်းညိတ်သည်။
“သဘောဝစွမ်းအားတွေ အကုန်လုံးက လောကသဘာဝကို အသုံးပြုရာမှာ အထောက်အပံ့တွေ့ပဲ… ဒါပေမဲ့ ပိုမိုအားကောင်းတဲ့ လောက သဘောဝတွေကတော့ ကိုယ်ပိုင်ဓာတ်တွေ ရှိကြတယ်… သူတို့က လောက သဘာဝဓာတ်တွေကို ထုတ်လွှတ်ကြတယ်… မင်းက အဲဒီအဆင့်ကို နားလည်ပြီဆိုရင် မင်းကိုယ်တိုင်က နိုဘယ်အသိတွေ အစား ဒါတွေအားလုံး ပေါင်းစပ်ထားတဲ့ စိတ်အသိအသစ်တွေ မေးဖွား လာလိမ့်မယ်…” ဂူတုံးလျိုက ဆက်ပြောသည်။
“အင်း… ဒါကို ကျွန်တော်သိတယ်…” ရီဖူရှင်းက ခေါင်းညိတ်သည်။ သူ၏ကော့တေး ဆရာက အနာဂတ်အတွက် ရည်မှန်းကာ သူ့အား မှော်ပညာများ ပေါင်းစပ်ပုံသဘာဝကို ကောင်းကောင်း နားလည်အောင် သင်ပြပေးခဲ့သည်။
“မင်းက ဓာတ်မျိုးစုံကို ကျွမ်းကျင်တယ်… မင်းလေ့ကျင့်ပုံက တန်ခိုး အဆင့်မြင့်လာလေလေ အကျိုးဖြစ်ထွန်းလေပဲ… ဓာတ်တစ်မျိုးတည်းကို လေ့လာတဲ့ ရှီတန်ခိုးရှင်နဲ့ ဓာတ်စွမ်းအား အများအပြား လေ့လာတဲ့ ရှီတန်ခိုးရှင်တို့ အကြားမှာ ကွာဟချက်က ကြောက်စရာ ကောင်းအောင် ကွာတယ်… ရှန့်ထို အဆင့်မှာလည်း ဒီအတိုင်းပဲ… ဒါကြောင့် ပြည်နယ်ကိုးခုက ရှီနဲ့ရှန့်ထိုအဆင့် ဇယားကို ပူးတွဲထားတာ… ဒီအဆင့်က တကယ့် ပညာရှင်တွေကမှ တက်လှမ်းနိုင်တဲ့နေရာတွေပဲ…” ဂူတုံးလျိုက ပြောသည်။
“ကောင်းကင်မြေရိုင်း အဆင့်ကို ပြန်စီရင် အစ်ကိုက သေချာပေါက် ပါမှာပဲ…” ရီဖူရှင်းက ပြုံးလျက်ပြောသည်။ မှန်သည်… အစ်ကို၃က ကောင်းကင်မြေရိုင်း အဆင့်ကို သေချာပေါက် စိတ်ဝင်စားမည် မဟုတ်ပေ။
“ဒါတွေက ကိစ္စမရှိပါဘူး…” ဂူတုံးလျိုက ခေါင်းယမ်းသည်။
“ကျွန်တော် နည်းနည်း လေ့ကျင့်လိုက်ဦးမယ်…” ရီဖူရှင်းက ပြောသည်။ ကောင်းကင်ဘုံကိုးဆင့် ရိုက်ချက်၏ ဆဋ္ဌမရိုက်ချက်တွင် သူက ရှီအသိအနည်းငယ်ကို စတင် နားလည်လာခဲ့သည်။
“ကောင်းပြီ…” ဂူတုံးလျိုနှင့် ကျူးကော့မင်းယွီတို့က ခေါင်းညိတ်ကာ ထွက်သွားကြသည်။
“ဂျီယူက ထိုက်ဟန်တောင်မှာပဲလား…” ဂူတုံးလျိုက ကျူးကော့မင်းယွီကို မေးသည်။
“မောင်ငယ်လေးက သူမအတွက် စိတ်ပူတယ်… မြေရိုင်းပြည်နယ်မှာ ဒီလောက် ရှုပ်ထွေးနေတာ…. နဂါးပတ်တောင်ကလည်း မုန်တိုင်းအလယ်မှာ ရောက်နေတယ်… သူမအတွက် ဒီနေရာက ဘေးမကင်းဘူး… ဂျီယူကို သူက လာခွင့်ပေးမှာ မဟုတ်ဘူး… ဒါက သူမအတွက်ပဲ…” ရီဖူရှင်း၏အတွေးကို ကျူးကော့မင်းယွီက နားလည်ဟန်ဖြင့် ပြောသည်။
“ဒါပေမဲ့ ကောင်လေးက ဂျီယူကို ကြာကြာ အရူးလုပ်နိုင်မယ် မထင်ဘူး…” ကျူးကော့မင်းယွီ သက်ပြင်းချသည်။ ရီဖူရှင်းက ဟွာဂျီယူအား တိမ်ဖြူမြို့သို့ ခေါ်သွားရန် မဖြစ်နိုင်ပေ။ သူက ထိုက်ဟန်တောင်ကို ပြန်ရမည့်အစား နဂါးပတ်တောင်ကိုသာ ပြန်လာခဲ့သည်။ အကယ်၍ ရီဖူရှင်း လုပ်လိုသည်ကို ဟွာဂျီယူက သိနားလည်ပါက ထိုနေရာတွင် ကျန်နေခဲ့မည် မဟုတ်ပေ။
ထိုက်ဟန်တောင်မှ လူဝံများက ရီဖူရှင်းစကားကို နားထောင်ရာ ဟွာဂျီယူအတွက် နဂါးပတ်တောင်မှ ထွက်လာရန် အလွန် ခက်ခဲပေသည်။
ဂူတုံးလျိုက ဘာမှ မပြောတော့ပေ။
***