အပိုင်း(၆၇၅)

အန္တရာယ်

တိုက်ခိုက်ရေး ရှီနန်းဆောင်တွင် လျူချန်းက တင်ပျဉ်ခွေထိုင်လျက် အသက်ရှူလေ့ကျင့်ခန်း လုပ်ဆောင်နေသည်။ ထိုစဉ်မှာပင် သူ့ထံကို လူတစ်ယောက် လှမ်းလာနေသည်။ လျူချန်းက မျက်လုံးဖွင့်ကာ သူ့အား မေးသည်… “မင်း ထွက်လာပြီလား…”

သူကား ဝမ်ရှင်းနန်းဆောင်သခင် ရှီတန်ခိုးရှင် ဝမ်ရှင်းဖြစ်သည်။

“ဟုတ်တယ်…” ရှီတန်ခိုးရှင်ဝမ်ရှင်းက ခေါင်းညိတ်သည်… “ကျုပ်က နန်းတော်ရဲ့ ကံကြမ္မကို နည်းနည်း တွက်ချက်နိုင်ခဲ့တယ်… ကြည့်လိုက်ဦး…” သူက ထိုသို့ ပြောပြီးသည်နှင့် သူ့ရှေ့၌ ပုံရိပ်ယောင်တစ်ခု ပေါ်လာသည်။ ကောင်းကင်တွင် ကြယ်တာရာများ လင်းလက်နေကြသည်။ ရုတ်တရက် အလင်တန်းတစ်ခုက နန်းတော်သို့ ပုံရိပ်တစ်ခုသို့ ကျဆင်းလာသည်။ ထို့နောက်တွင် အလင်းတန်းများက နန်းတော်သို့ ဆက်တိုက် ကျဆင်းလာကြတော့သည်။

လျူချန်းက နက္ခပညာရှင် မဟုတ်သော်လည်း အနည်းငယ်တော့ ခန့်မှန်းမိသည်။ သူ၏အမူအရာက အနည်းငယ် ပျက်ယွင်းသွားကာ မေးသည်.. “ဒါက ဘာပြောတာလဲ…”

“ဒါက ကပ်ဘေးကံကြမ္မာပဲ…” ရှီတန်ခိုးရှင်ဝမ်ရှင်းက ပြောသည်… “နန်းတော်က မကြာခင် အန္တရာယ်ကြုံတော့မယ်…”

“ရလဒ်က ဘာလဲ…” လျူချန်းက စိတ်လေးလံစွာ မေးသည်။

ဝမ်ရှင်းက ခေါင်းယမ်းသည်… “ကျုပ်မသိဘူး.. ကျုပ်တို့က အနာဂတ်ကို မသိနိုင်ဘူးလေ… ဒါပေမဲ့ ကျုပ်တို့က မကြာခင် ဖြစ်မယ့်ဟာကိုတော့ အကြမ်းဖျင်း တွက်ချက်လို့ ရတယ်… ဒါက ကပ်ဘေးဆိုတော့ နန်းတော်က ဒီဘေးအန္တရာယ်မှာ ပျက်စီးကိန်းရှိလား မရှိလားကိုတော့ မသိနိုင်ဘူး… ဒီကြားထဲ အခြေအနေတွေ အများကြီး ပြောင်းလဲနိုင်တယ်… ဒါပေမဲ့ ဒီတစ်ခေါက် တွက်ချက်မှုကလည်း အရင်နှစ်တွေတုန်းက ကျုပ်တွက်ချက်ခဲ့တာနဲ့ ဆင်တူပုံရတယ်…”

“မင်းပြောတာက…” လျူချန်းက မျက်မှောင်ကြုတ် သွားသည်… “ဒါက တော်ဝင်လမ်းနဲ့ သက်ဆိုင်တဲ့ အန္တရာယ်လို့ တွေးခဲ့ဖူးတယ်… ဒါက နန်းတော်ကိုယ်တိုင်နဲ့ သက်ဆိုင်နေတာ များလား…” လျူချန်းက သက်ပြင်းချကာ ပြောသည်… “ကျိရှမ်းကမ်းပါးက လူတွေ မြေရိုင်းပြည်နယ်ကို မကြာခင်က ရောက်လာခဲ့တယ်… ဒါနဲ့များ သက်ဆိုင်နေမလား…”

“ကျိချင်ကမ်းပါးက လူတွေ ဟုတ်လား…” ရှီတန်ခိုးရှင်ဝမ်ရှင်းက မေးခွန်းထုတ်သည်။ မြေရိုင်ပြည်နယ်က အင်ပါယာရှာ၏ လက်အောက်မှ ပြည်နယ်တစ်ခုဖြစ်သည်။ သို့သော်လည်း မြေရိုင်းပြည်နယ်တွင် ရှန့်ထိုမျိုးဆက် ပြတ်တောက် သွားခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ သည့်ထက် ဆုတ်ယုတ်လာခဲ့ပါက မြေရိုင်းပြည်နယ်ကား တခြားပြည်နယ်များ၏ လက်အောက်ကို ကျရောက် သွားပေတော့မည်။

“ဟုတ်တယ်… အရင်ရက်တွေတုန်းက ကိစ္စအချို့ဖြစ်ခဲ့တယ်…” လျူချန်းက ခေါင်းညိတ်သည်… “ဒီဘေးအန္တရာယ်က မြေရိုင်းပြည်နယ်မှာ ရှန့်ထိုမရှိတာနဲ့များ သက်ဆိုင်မလား…”

“ကျုပ်က သေချာပေါက် မပြောနိုင်ပေမဲ့ ဖြစ်နိုင်တယ်လို့တော့ ပြောနိုင်တယ်…” ရှီတန်ခိုးရှင်ဝမ်ရှင်းက သက်ပြင်းချသည်… “မြေရိုင်းပြည်နယ်မှာ ရှန့်ထိုမရှိရင် တော်ဝင်ကျဲနန်းတော်က အချိန်မရွေး အစားထိုးခံရနိုင်တယ်…”

“လွေလီက အခု မိုရှီအဆင့်ကို ရောက်ဖို့ လေ့ကျင့်နေတယ်… သူ့ကို ငါတို့က ကောင်းကောင်း ထောက်ပံ့ဖို့လိုတယ်… ငါတို့အတွက် အချိန် သိပ်မရှိတော့ဘူး… ”

***

ကျွန်းစုတစ်ထောင် တော်ဝင်မြေအပေါ်၌ သိမ်းငှက်နက်က လေဟုန်စီးကာ ပျံသန်းနေသည်။ ရီဖူရှင်း၊ ယူရှမ်း၊ ဟွာဂျီယူ၊ ယန်ကျန်း၊ ယိရှောင်ရှီ၊ လို့လန်ရွှီ၊ ယိချိန်ချန်နှင့် လောင်လင်းအာတို့လည်း သိမ်းငှက်နက်ပေါ်တွင် ဖြစ်သည်။ မိန်းကလေးက ရီဖူရှင်းအား လိုက်ပို့သည်။

တော်ဝင်မြစ်ပေါ်မှ ကျွန်းစုမြို့များကို အပေါ်စီးမှ မြင်တွေ့ရခြင်းကား အလွန် လှပသည်ဟုသာ ပြောနိုင်သည်။ ကျွန်းစုများက ကြီးမားကာ ထူးဆန်း အံ့ဖွယ်ကောင်းသော နေရာများကဲ့သို့ တိမ်များအကြား တည်ရှိနေကြသည်။ လှပသော မြင်ကွင်းကို မြင်တွေ့နေရသည့်တိုင် ရီဖူရှင်းကား ထိုအရာများကို ခံစားကြည့်ရှုရန် အချိန်မရှိပေ။ သူကား တစ်နည်းနည်းဖြင့် စိတ်ညစ်နေရသည်။ မည်သို့ဆိုစေ နန်းတော်တွင် လေးနှစ်ခန့် လေ့ကျင့်ခဲ့ခြင်းက သည်နေရာအား အနည်းနှင့်အများ ငြိတွယ်မိခဲ့သည်သာ..။ ထို့အပြင် နန်းတော်တွင် သူက မိတ်ဆွေများစွာလည်း ရရှိခဲ့သည်။

“လင်းအာ.. မင်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နော်… အခု ငါနဲ့ဂျီယူက နန်းတော်မှာ မရှိတော့ဘူး ဆိုတော့ မင်း တစ်ခုခုဖြစ်ရင် အစ်မဖီးနစ်နဲ့ အစ်မယွန်စွေ့ရှင်းကို အကူအညီတောင်း… ” ရီဖူရှင်းက မိန်းကလေးကို ပြောသည်။

“ကောင်းပါပြီ… အစ်ကိုဖူရှင်း…” လောင်လင်းအာက မချိုမချဉ်ပြုံးကာ ပြောသည်။

“ကောင်းပြီ… ငါတို့က ကျွန်းစုတစ်ထောင် တော်ဝင်မြေကို ဖြတ်ကျော်လာခဲ့ပြီ… မင်း ပြန်သင့်ပြီ…” ရီဖူရှင်းက ပြောသည်။

“ဒါဆိုလည်း လင်းအာက နောက်ထပ် နည်းနည်းပဲ လိုက်ဦးမယ်… ဟုတ်ပြီလား…” လောင်လင်းအာက ပြန်မသွားလိုသေးပေ။

“ငါတို့က နောက်ထပ် မတွေ့ရတော့မယ့် အတိုင်းပဲ…” ရီဖူရှင်းက သူမ၏ခေါင်းကို အသာပုတ်လိုက်သည်။ လောင်လင်းအာကား အရွယ်ရောက်လာပြီ ဖြစ်သော်လည်း ကလေးစိတ် မကုန်သေးပေ။

“ဒါပေမဲ့ အစ်ကိုဖူရှင်းတို့ ထွက်သွာတာ လင်းအာ တကယ် မမြင်ချင်ဘူး…” လင်းအာက စိတ်မကောင်းစွာ ပြောသည်။

ရီဖူရှင်းက လက်လျှော့လိုက်သည်။ သူတို့အုပ်စုက ကျွန်းစုတစ်ထောင် တော်ဝင်မြေကို ဖြတ်ကျော်လာပြီးဖြစ်ကာ တောင်တန်းများ အပေါ်သို့ ဆက်လက် ပျံသန်းနေကြပြီဖြစ်သည်။ ကြီးမားသော တောအုပ်ကြီးများ၊ တော်ကုန်းကြီးများကို ဖြတ်သန်း လာနေစဉ်မှာပင် အလွန်အာရုံခံစားမှု အားကောင်းသော ရီဖူရှင်းက ထူးဆန်းသော ခံစားချက် တစ်ခုကို ရလိုက်သည်။ သူတို့အား တစ်စုံတစ်ယောက်က စောင့်ကြည့်နေသည်။

“ဘယ်စီနီယာ ရောက်လာတာလဲ သိပါရစေ…” ရီဖူရှင်းက ကောင်းကင်ကို ကြည့်ကာ မေးသည်။ သို့သော် မည်သည့်အသံမှ မကြားရသလို ထူးဆန်းသော စွမ်းအားတစ်ခုကိုပင် ခံစားလာရသည်။

ရီဖူရှင်း၏ အမူအရာက နက်မှောင်သွားသည်။ ရှီတန်ခိုးအဆင့်ဖြင့် ထိုလူ၏ စိတ်စွမ်းအားက ကျယ်ပြန့်သော နေရာများသို့အထိ ဖြန့်ကြက်နိုင်သည်။ ရှီတန်ခိုးရှင် တစ်ယောက်အတွက် လူလုံးထွက်မပြဘဲ အဝေးမှ သတ်ဖြတ်နိုင်ခြင်းက ထူးဆန်းသည့်ကိစ္စ တစ်ခုမဟုတ်ပေ။ တစ်ဖက်လူက ရီဖူရှင်း၏စိတ်စွမ်းအား ဖြန့်ကြက်နိုင်စွမ်းထက် ပိုမိုသော အကွာအဝေး၌ ရှိနေသောလည်း တစ်ဖက်လူမူကား ရီဖူရှင်းတို့ကို ကောင်းကောင်း မြင်တွေ့နိုင်သည်။

ယူရှမ်းနှင့် ယန်ကျန်းတို့ကလည်း ခေါင်းမော့ကာ အေးစက်စွာ ကြည့်ကြသည်။

“လင်းအာ… အခု နန်းတော်ကို ပြန်တော့…” ရီဖူရှင်းက လင်းအာကို ပြောသည်။ အခြေအနေက သိပ်မဟန်တော့ပေ။

“လင်းအာ မသွားဘူး…” လောင်လင်းအာက ကောင်းကင်ကို ကြည့်ကာ ပြောသည်။ လက်ရှိ အခြေအနေတွင် သူမက ပိုမို၍ပင် မသွားလိုတော့ပေ။

“ငါပြောတာ နားထောင်…” ရီဖူရှင်းက လေးနက်စွာ ပြောသည်။ လောင်လင်းအာက ဘာမှ မပြောဘဲ ခေါင်းကို တွင်တွင် ယမ်းသည်။

ရှီစွမ်းအားက ပိုမို အားကောင်းလာသည်။ တစ်ဖက်လူကား ယခု ထပ်မံပုန်းကွယ်လိုခြင်း ရှိပုံမရတော့ပေ။

သိမ်းငှက်နက်က ရှေ့ကို ဆက်သွားနေသည်။ ရီဖူရှင်း၏ အမူအရာက အေးစက်သွားသည်။ သူက နန်းတော်မှ အခုမှ ထွက်လာသည်။ သို့သော်လည်း ချောင်းမြောင်း လုပ်ကြံခံနေရ၏။ တော်ဝင်ကျဲ နန်းတော်ကများ သူ့ကို ကြံစည်လိုသည်လား…။

သို့သော်လည်း လျူချန်း၏ အခြေအနေဖြင့် ဤသို့ သူ့ကို လုပ်ကြံစရာမလိုပေ။ ထို့အပြင် သူက လျူချန်း၏ စိတ်နေသဘောထားကို အနည်းငယ် သိပေသည်။ လျူချန်းက ပိုင်လွေလီကြောင့် ရီဖူရှင်းကို ပစ်ပယ်ခဲ့သော်လည်း ဤသို့ အောက်တန်းကျသော နည်းလမ်းကို သုံးမည့်လူမျိုး မဟုတ်ပေ။

“တိုက်ဖို့ ပြင်တော့…” ရီဖူရှင်းက တီးတိုးပြောသည်။ သူ၏လက်တွင် သဒ္ဓိဝင်လက်နက်များ အဆင်သင့် ဖြစ်ပေါ်လာသည်။ ဘယ်ဘက်လက်တွင် ယူစီပေးသော စေတီလေးရှိပြီး ညာဘက်လက်တွင် ကောင်းကင်ပျက်သုဉ်းခြင်း နှင်တံပေးလာသည်။ နိုဘယ်အဆင့်က သူ့အတွက် ပြိုင်ဘက် မဟုတ်သည်ကို မြေရိုင်းပြည်နယ်တစ်ခုလုံး သိကြသည်။ ထို့ကြောင့် သူ့အား လုပ်ကြံလိုပါက ရှီအဆင့်သာ ဖြစ်ရပေမည်။

ယူချင်း၏ခန္ဓာကိုယ်တွင် ချပ်ဝတ်တစ်စုံပေါ်လာကာ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားများ စတင် စီးဆင်းလာတော့သည်။ သိမ်းငှက်နက်ကကလည်း သူ၏မိစ္ဆာငှက်ပုံစံကို ချက်ချင်း ပြောင်းလဲလိုက်သည်။

အားကောင်းသော လေပြင်းများ စတင် ရိုက်ခတ်လာကာ ရုတ်တရက် အားကောင်းသော သဲမုန်တိုင်းတစ်ခု ရိုက်ခတ်လာ၏။ မုန်တိုင်းထဲတွင် အားလုံး၏ အမြင်များ ဝေဝါးသွားပြီး ပတ်ဝန်းကျင်ကို ကောင်းကောင်း မမြင်ကြရတော့ပေ။

လူသတ်လိုသော အငွေ့အသက်က သူတို့ထံကို တိုက်ရိုက် ရောက်ရှိလာသည်။ တစ်ဖက်လူကား သူ၏ရည်ရွယ်ချက်ကို ဖုံးကွယ်ထားလိုရင်း ရှိဟန်မရပေ။ သူတို့က ရီဖူရှင်းကို သတ်ရန် ရောက်လာကြခြင်းပင်။ ရီဖူရှင်းအား နန်းတော်မှ ထုတ်ပယ်ခဲ့သည်မှာ သိပ်မကြာသေး သော်လည်း ယခု သူ့အား လာရောက် လုပ်ကြံနေကြသည်။

“ခင်ဗျား ထွက်လာသင့်ပြီ…” ရီဖူရှင်းက ခေါင်းမော့ကာ အေးစက်စွာ ပြောသည်။ သဲမုန်တိုင်းအတွင်း၌ လူရိပ်အနည်းငယ်ကို သူမြင်တွေ့သည်။ သူတို့အားလုံးထံမှ ကြောက်မက်ဖွယ် စွမ်းအားများ ပျံ့လွင့်လာနေရာ ရှီအဆင့်များ ဖြစ်ကြသည်မှာ ထင်ရှားသည်။

ယခု အားလုံး၏အာရုံထဲ ရှိနေသည်က သဲမုန်တိုင်းထဲတွင် စတင် ဖြစ်ပေါ်လာသော ကြောက်မက်ဖွယ် စွမ်းအားများဖြစ်သည်။ မုန်တိုင်းထဲတွင် လျှပ်စီးတန်းများ ဖြစ်ပေါ်လာကာ ကြောက်မက်ဖွယ် ဖျက်ဆီးအားကို ပေးသည်။

ရီဖူရှင်းက ရုတ်တရက် ပုံရိပ်ယောင်များထဲသို့ ကျဆင်းသွားသည်။ သူတို့၏ပတ်ဝန်းကျင် တစ်ခုလုံးက ဖျက်ဆီးအားပြင်းသော အစီအရင်က ထိန်းချုပ်သွားဟန်ရကာ သူက အတောင်ပံ ဖြန့်ကြက်ထားသော ဗာမီလီယန်မီးငှက်ကို မြင်သည်။ တစ်ဖက်တွင် ချီလင်တစ်ကောင်ကို တွေ့မြင်ရပြီး မည်သည့်နေရာက ထွက်ပေါ်လာမှန်း မသိသော ကြောက်မက်ဖွယ် ကောင်းသော ပုဆိန်ရှည်တစ်လက် ဆင်သက်လာသည်။ ကြီးမားသော ဖိအားအောက်တွင် သိမ်းငှက်နက်က အလွန်အမင်း နှေးကွေးသွား၏။ သူ၏အတောင်ပံများ ဖြန့်ကြက်ကာ အပြင်းအထန် ကြိုးစား ပျံသန်းသည့်တိုင် လှုပ်ရှားရန် ခက်ခဲနေဆဲ ဖြစ်သည်။

ထိုစဉ်မှာပင် ကျယ်လောင်စွာ အော်မြသည်သံ တစ်ခုနှင့်အတူ လင်းလက်သော ဗာမီလီယန်မီးငှက်က ကောင်းကင်မှ ဆင်းသက်လာပြီး သူတို့အုပ်စုထံကို တန်းတန်းမတ်မတ် ပျံသန်းလာသည်။ ကြီးမားသော ဧရာမငှက်ကြီးက လျှပ်စီးများ ရစ်ပတ်ထားကာ အရာခပ်သိမ်းကို ဖျက်ဆီးတော့မည့်ဟန် မြင်ရသည်။

“အင်မော်တယ်ခန္ဓာ… နတ္တိနယ်…” ရီဖူရှင်းက ရေရွတ်လိုက်သည်။ အလင်းတစ်ခုနှင့်အတူ ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံပေါ်လာကာ သူ့အား ကြယ်အလင်းများ ရစ်ပတ်သွားသည်။ ကြောက်မက်ဖွယ် စိတ်စွမ်းအားတစ်ခုနှင့်အတူ သူတို့အုပ်စုအား ကြယ်အလင်းများ ရစ်ပတ်သွားသည်။

အက်ကွဲသံရှည်ကြီး တစ်ခုနှင့်အတူ လျှပ်စီးတန်းများ ကျဆင်းလာသည်တွင် အင်မော်တယ်ခန္ဓာများက ကြေပျက်သွားရကာ နတ္တိနယ်ကလည်း ဖြတ်တောက်ခြင်း ခံရ၏။ ဗာမီလီယန်မီးငှက်က သူတို့အုပ်စုထံကို ဆက်လက် ဆင်းသက်လာသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset