အပိုင်း(၅၆)-အသံကျောက်တုံး

ရှီမာယူယူ အနည်းငယ်စဉ်းစားကာ ပြောလိုက်သည် “သူတို့ဘာသာ ဝန်ခံအောင် ငါတို့လုပ်ရမယ်၊ ကျောင်းစည်းကမ်းမှာ ကျောင်းသားတွေ တစ်ယောက်နဲ့တစ်ယောက် ဒုက္ခပေးတာကို တားမြစ်ထားတာ ငါမှတ်မိတယ်၊ မနာလိုလို့ ငါ့ကို ထိခိုက်အောင်လုပ်တာကို ကျန်တဲ့သူတွေကို အသိပေးရမယ် ဒါဆိုရင် သူတို့ကျောင်းကနေ အထုတ်ခံရမှာပဲ၊ သူတို့က ငါတို့ကျောင်းက ကျောင်းသားမဟုတ်တော့ဘူးဆိုရင် သူတို့ကို ငါ့ကိုယ်ပိုင်နည်းလမ်းနဲ့ ဖြေရှင်းဖို့ကိုစဉ်းစားရမှာပဲ”

“သူတို့ကိုယ်တိုင် ဝန်ခံဖို့ဆိုတာ မလွယ်ဘူး၊ သူတို့ မင်းရှေ့မှာ ဝန်ခံရင်တောင် တစ်ဖက်မှာ လိမ်နေရင် ငါတို့ဘာမှလုပ်လို့မရဘူး” ဖက်တီးကျူပြောလိုက်သည်။

“ဟူး ငါတို့မှာသာ အသံဖမ်းစက်ရှိရင်တော့…” သူမအရင်ဘဝက အသံဖမ်းစက်အား ရှီမာယူယူ စဉ်းစားမိလိုက်သည်။ ထိုသို့အရာရှိခဲ့ပါက ပို၍ အဆင်ပြေမည်။

“အသံဖမ်းစက် ဟုတ်လား အဲဒါဘာလဲ”

“အသံတွေကို မှတ်ထားတဲ့ အရာပဲ အမ်… လက်နက်လိုပဲ” ရှီမာယူယူရှင်းပြလိုက်သည်။ “ငါတို့အထဲမှာ အသံဖမ်းထားလိုက်ရင် နောက်မှနားထောင်လည်းရတဲ့ဟာ”

“မင်း အသံကျောက်တုံးကို စမ်းကြည့်ပါ့လား” ဝူရန်ဖေ၏ အသံသည် တံခါးအပြင်မှ ထွက်လာသည်။

“ဝူရန်ဖေ မင်းလည်းလာပြီလား၊ ဝင်ခဲ့လေ၊ ဒီမှာထိုင်ဦး” ဖက်တီးကျူပြုံးကာ နှုတ်ဆက်လိုက်သည်။

ဝူရန်ဖေ ဖက်တီးကျူအားကြည့်လိုက်သော်လည်း သူ မဝင်ပါ။ “ငါဖြတ်သွားရင်းကြားလို့ ဒီလိုမျိုးဆို မင်းအသံ ကျောက်တုံးကို သုံးလို့ရတယ်”

သူပြောဆိုပြီးသည်နှင့် ထွက်သွားတော့သည်။

“ဟုတ်သားပဲ ငါဘယ်လိုလုပ် အသံကျောက်တုံးကို မေ့နေရတာလဲ” ဝေကျိရွှီ သူ့ခေါင်းသူရိုက်ကာ ပြောလိုက်သည်။

“ဘာအသံကျောက်တုံးလဲ” ရှီမာယူယူ မေးလိုက်သည်။

“အသံကျောက်တုံးက မင်းအခုပြောတဲ့ အသံဖမ်းစက်နဲ့တူတယ်၊ မင်းအသံကို ဖမ်းထားရင် မင်းဝိညာဉ်စွမ်းအား နည်းနည်းလောက်ထည့်လိုက် တာနဲ့ အထဲက အသံပြန်ထွက်လာလိမ့်မယ်” ဝေကျိရွှီပြောလိုက်သည်။

“တကယ်လား၊ ဒါဆိုမင်းမှာ အသံကျောက်တုံးရှိလား” ရှီမာယူယူ မေးလိုက်သည်။

“အသံကျောက်တုံးက အရမ်းဈေးကြီးတာ၊ ဘယ်လိုလုပ် ငါတို့မှာ ရှိမှာလဲ” ဝေကျိရွှီပြောလိုက်သည်။

ရှီမာယူယူ ဖက်တီးကျူအား လှမ်းကြည့်လိုက်သော်လည်း သူလည်းပဲ ခေါင်းရမ်းပြလိုက်သည် “ဒါပေမယ့် မင်း ဟွမ်ယူအန်းပြခန်းသွားကြည့်လိုက် အဲမှာတစ်ခုရှိမယ်ထင်တယ်”

“သြော်ဟုတ်သားပဲ၊ ငါအဲဒီကိုသွားပြီး ကြည့်လိုက်မယ်၊ သူတို့မှာမရှိရင်လည်း ငါတို့နောက်တစ်မျိုးစဉ်းစားကြတာပေါ့” ရှီမာယူယူ စကားပြောပြီးသည်နှင့် လှည့်ထွက်လိုက်သည်။

“ဒါဆို အတူသွားရအောင် ဘယ်လိုပဲဖြစ်ဖြစ် ငါလည်းလုပ်စရာမရှိဘူး” ဖက်တီးကျူပြောလိုက်သည်။

“ဟုတ်တယ်၊ ငါလည်း အိမ်စာပြီးသွားပြီ” ဝေကျိရွှီပြောလိုက်သည်။

“ဒါဆို အတူသွားကြမယ်” ရှီမာယူယူ ပြုံးလိုက်သည်။

ထို့နောက် သူတို့သုံးယောက်သည် အတူတကွထွက်ခဲ့ကြသည်။

သူတို့ထွက်သွားသည်နှင့် ဘေဂုံထန်တံခါးဖွင့်လိုက်သည်။ အဓိကတံခါးဘက်သို့ကြည့်ကာ သူမမှော်ဝင်လက်စွပ်အား ထိလိုက်သည်။

ဟွမ်ယူအန်းပြခန်းသည် မြို့တော်တွင် အကြီးဆုံးဆိုင်ဖြစ်သည်။ ထိုနေရာတွင် ဝိညာဉ်ပစ္စည်းကိရိယာများ၊ ဝိညာဉ်သားရဲများနှင့် ဆေးများ ရောင်းသည်။ ဟွမ်ယူအန်းပြခန်းတွင် မရှိပါက ဘယ်နေရတွင်မှ ရှာရန်မဖြစ်နိုင်ပေ။

ရှီမာယူယူတို့သုံးယောက် အုပ်စုဝင်လာသည်နှင့် ဆိုင်အကူသည် အသည်းအသန်ထ,လာသည်။

“ကောင်းပြီ ဒါက ငါးယောက်မြောက်သခင်လေးမလား မင်းကိုမတွေ့ရတာ အတော်ကြာပြီ၊ ဒီနေ့ ငါးယောက်မြောက်သခင်လေးက ဝယ်ဖို့ ဘာလာရှာတာလဲ”

ကျောင်းမှ ရှီမာယူယူ ပျောက်သွားမှုသတင်းသည် မြို့တော်တွင်ပျံ့နှံ့ပြီးသားဖြစ်သည်။ ဒီနေ့တွင် ရှီမာယူယူအား တွေ့ရခြင်းသည် အားလုံးအား အံ့သြသွားစေသည်။

ဒီကိုလာရောက်ခြင်းသည် ရှီမာယူယူအတွက် ပထမဆုံးအကြိမ်မဟုတ်ပေ။ အရင်က မူရုန်အန်းကြိုက်သည့်အရာကို ရှာရန် မကြာခဏလာခဲ့ဖူးသည်။

အမျိုးမျိုးသော ပစ္စည်းများကို ကြည့်ကာ ပြောလိုက်သည် “ကျွန်တော် အသံကျောက်တုံးလိုချင်တယ်”

“အသံကျောက်တုံး ဟုတ်လား” လက်ထောက်သည် ရှီမာယူယူ ထိုအရာအား အလိုရှိသည်ကို မထင်မိပါ ထို့နောက်ထိုသူသည် တောင်းပန်လိုက်သည် “ငါးယောက်မြောက်သခင်လေး ကျွန်တော်တို့ဆိုင်မှာ အခု အသံကျောက်တုံးမရှိပါဘူး”

“မရှိဘူးလား” ဖက်တီးကျူပြောလိုက်သည် “မြို့တော်ရဲ့ အကြီးဆုံးဆိုင်ဖြစ်ပြီး တစ်ခုတောင်မရှိဘူးလား”

ဆိုင်အကူသည် ပြုံးကာပြောလိုက်သည် “မင်းပြောတဲ့ မြို့တော်ရဲ့ အကြီးဆုံးဆိုင်ဆိုတာမှန်ပါတယ် ဒါပေမယ့် အသံကျောက်တုံးက ရှာဖို့ခက်တယ်၊ နှစ်ပေါင်းတစ်ရာမှ တစ်လုံးပေါ်လာတာ၊ အိမ်ရှင်မကောင်းက ဆန်မရှိဘဲ ထမင်းချက်လို့မရသလို တကယ်မရှိရင် ငါတို့မှာလည်းရှိနိုင်မှာမဟုတ်ဘူး”

“ဒါပေမယ့် အသံကျောက်တုံးပေါ်လာတယ်လို့ ကြားတယ်မလား၊ ဒီနေရာမှာ ပျံ့နေတဲ့သတင်းပဲမလား” ဖက်တီးကျူ၏ သတင်းသည် လျင်မြန်သည်ဟု ပြောလို့ရသည်။

“လွန်ခဲ့တဲ့ နှစ်လက ရှိခဲ့ပါတယ်၊ ဒါပေမယ့် လွန်ခဲ့တဲ့တစ်လကပဲရောင်းလိုက်ပြီ” ဆိုင်အကူက ပြောလိုက်သည်။

“ဘယ်သူဝယ်သွားတာလဲ”

“နာလန်မျိုးနွယ်က” ဆိုင်အကူက ပြန်ပြောလိုက်သည်။

ရှီမာယူယူနှင့် ဖက်တီးကျူသည် တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်ကြည့်လိုက်သည်။ ထိုအသံကျောက်တုံးအား တခြားသူမှဝယ်သွားပါက ရှီမာယူယူ၏ အရှိန်အဝါဖြင့် ထိုလူ့ထံမှ တစ်ဆင့်ပြန်ဝယ်၍ ရသည်။ နာလန်မျိုးနွယ်မှ ဝယ်သွားသည်ဆိုပါက ပြန်ဝယ်ရန်မဖြစ်နိုင်ပေ။

သူတို့သုံးယောက်သည် အသံကျောက်တုံးမပါဘဲ ပြန်ခဲ့ကြရသည်။

“ယူယူ ကိစ္စမရှိပါဘူး၊ အသံကျောက်တုံးမရှိလည်း တခြားနည်းစဉ်းစားကြတာပေါ့” ဖက်တီးကျူ နှစ်သိမ့်လိုက်သည်။

“ဟုတ်တယ် တခြားနည်းလမ်းတွေလည်း မဖြစ်နိုင်စရာမရှိပါဘူး၊ ခက်ခဲတာပဲရှိတာပါ၊ အသံကျောက်တုံးရှိရင်သာ ကျောင်းကနေ နှင်ထုတ်လို့ရတာပဲရှိတာပါ” ရှီမာယူယူ ကောက်ချက်ချလိုက်သည်။

“ငါ့ မိသားစုကိုစာရေးပြီး ကူရှာပေးဖို့ပြောလိုက်ရမလား” ဝေကျိရွှီမေးလိုက်သည်။

“မလိုဘူး အသံကျောက်တုံးက ဒီနေ့ရမှ အဆင်ပြေမှာ ရက်ကြာသွားရင် အသုံးမဝင်ဖြစ်သွားမှာပဲ” ရှီမာယူယူ ပြောလိုက်သည်။

“မင်းက ဘာလို့ဒီနေ့လိုတာလဲ” ဖက်တီးကျူ နားမလည်နိုင်တော့ပေ။

“ဘာလို့လဲဆိုတော့ ဒီနေ့ညကို ဟီကျူကျီက လူတစ်ယောက်ကို သွားရှာလိမ့်မယ်” ရှီမာယူယူ ရှင်းပြလိုက်သည်။ ဖက်တီးကျူနှင့် ဝေကျိရွှီတို့၏ စိတ်ပျက်သွားသော မျက်နှာများကို ကြည့်ကာ ရီမာယူယူပြုံးလိုက်သည် “ရပါတယ်၊ ဒီနေ့ညက အခွင့်အရေးကောင်းဖြစ်ပေမယ့် ငါတို့မှာ တခြားနည်းလမ်းတွေရှိသေးတယ် စိတ်မကောင်းမဖြစ်ကြနဲ့ ဟုတ်တယ်မလား၊ မင်းတို့နှစ်ယောက် စိတ်ဓာတ်မကျကြနဲ့”

“ဟုတ်တယ်၊ မင်းလိုတာရှိရင် ငါတို့ကို တိုက်ရိုက်ပြောလို့ရတာပဲ” ဖက်တီးကျူပြောလိုက်သည်။

“ကောင်းပါပြီ ငါပြောပါမယ်”

“ကျွီ”

ဘေဂုံထန်၏ တံခါးသည်ပွင့်သွားကာ သူမအပြင်ဘက်သို့ထွက်လိုက်သည်။ ခြံထဲတွင် ရှိသော သုံးယောက်အား သူမကြည့်လိုက်ကာ ရှီမာယူယူဆီသို့ တစ်စုံတစ်ခုအားပစ်လိုက်ကာ ဂရုမစိုက်ဟန်ဖြင့်ပြောလိုက်သည် “ငါဗိုက်ဆာနေပြီ၊ မင်းဒီနေ့ည ဟင်းချက်မှာလား၊ မင်းမချက်ဘူးဆိုရင် ကျောင်းထမင်းစားဆောင်ကို သွားတော့မှာ”

ဘေဂုံထန်ပစ်လိုက်သော အရာအား ရှီမာယူယူဖမ်းလိုက်ပြီးနောက် ကြည့်လိုက်ရာ သေးငယ်သော ကျောက်တုံးတစ်တုံးဖြစ်သည်ကို တွေ့လိုက်ရသည်။ မျက်နှာပြင်ပေါ်မှ ခရမ်းရောင်သွေးကြောများမှအပ ထူးခြားချက်မရှိသည်ကို သူမတွေ့လိုက်ရသည်။

“ဒါဘာလဲ” ထိုကျောက်တုံးသည် လှတာထက်ပို၍ သူမလက်တွင် အဆင်ပြေကြောင်းကို ခံစားရပြီး မေးလိုက်သည်။

“အသံကျောက်တုံးလား” ကျောက်တုံးအားမြင်သည်နှင့် ဝေကျိရွှီအလန့်တကြားအော်လိုက်သည်။

“ဒါက အသံကျောက်တုံးလား” ရှီမာယူယူ ဘေဂုံထန်အားကြည့်လိုက်သည်။ သူမမှာ ဒီလိုအရာမျိုးဘယ်လိုလုပ်ရှိတာပါလိမ့်။

သူတို့ပြန်လာသော လမ်းတွင် ဟိန်းသံလေးသည် ဒီကမ္ဘာတွင် ဘာမှမရှိသကဲ့သို့ အထင်သေးသည်။ သူမ နေထိုင်ခဲ့သော နေရာတွင် ဒီလိုကျောက်တုံးများသည် လမ်းဘေးတွင်ရှိကာ လူများသည် ကောက်ယူခြင်းပင် မရှိပေ။ သို့သော် အခုတော့ တစ်နိုင်ငံလုံးတွင် တစ်ခုပင်မရှိပေ။ အရမ်းကို နုံချာတာပဲ၊ နုံချာလွန်းတယ်။

ဟိန်းသံလေး ဘယ်ကမ္ဘာကို ဆိုလိုသည်ကို ရှီမာယူယူမသိသော်လည်း၊ ဒီကမ္ဘာတွင် တခြားနေရာများရှိပြီး ထိုနေရာများသည် သူမလက်ရှိနေသည့်နေရာထက် ပို၍အဆင့်မြင့်သည်။

“ဟုတ်တယ် အရင်တုန်းက ငါရထားတာပဲ” ဘေဂုံထန် ရိုးရှင်းစွာ ရှင်းပြသည်။ “မင်း ဟင်းချက်မှာလား မချက်ဘူးလားပဲပြော”

ရှီမာယူယူ အားရပါးရပြုံးကာ ပြောလိုက်သည် “ချက်မှာပါ စောသေးတာ့ သူတို့မလှုပ်ရှားသေးလောက်ဘူး၊ ငါတို့ မလှုပ်ရှားခင် ဗိုက်ဖြည့်ထားရမယ်”

ထိုသို့ပြောပြီးနောက် အသံကျောက်တုံးအား သူမမှော်ဝင်လက်စွပ်ထဲသို့ထည့်ကာ မီးဖိုဆောင်သို့ ဦးတည်သွားလိုက်သည်။ သူမ ပူလွောင်တောင်တန်းတွင်နေစဉ်က ပစ္စည်းများကို မှော်ဝင်လက်စွပ်အတွင်း ထည့်ခြင်းမှာ ကျင့်သားရနေပြီးသားဖြစ်သည်။ တခြားသူများ၏ မျက်စိထဲတွင် သူမသည် မကျင့်ကြံနိုင်၊ မှော်ဝင်လက်စွပ်အသုံးပြုရန်မဖြစ်နိုင်သည်ကို မေ့လျော့သွားသည်။

ဝေကျိရွီနှင့် ဖက်တီးကျူတို့သည် အစားအသောက်ကောင်းများကိုကြာသည်နှင့် ထွက်သွားကြသဖြင့် ရှီမာယူယူ ကျင့်ကြံနိုင်ပြီဖြစ်ကြောင်းကို မရိပ်မိလိုက်ပေ။

ဘေဂုံထန်သည် ရှီမာယူယူအား အတွေးများဖြင့်ကြည့်လိုက်သော်လည်း စကားတစ်ခွန်းမှမပြောပေ။ သူမ အိမ်အတွင်းသို့လှည့်ဝင်ကာ စားသောက်ရန် ရှီမာယူူယူ၏ အခေါ်ကိုစောင့်နေလိုက်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset