အပိုင်း(၄၂)-ဆိုးဝါးစွာ ထိခိုက်ထားသော လိပ်ပြာ

ဝူလင်းယူသည် ဂူအတွင်းတွင် သူ့လိပ်ပြာအား တဖြည်းဖြည်းစုစည်းကာ တရားထိုင်နေသည်။

သူ့ဆရာအရင်ကပြောဖူးသည်မှာ သူ့လိပ်ပြာသည် ပြီးပြည့်စုံသည်မဟုတ်ဘဲ တစ်ဝက်မှာ ပျောက်ဆုံးနေသည်ဟု။ ထို့ကြောင့်ပင် သူအရွယ်ရောက်လာလေ အားနည်းလေဖြစ်လေသည်။ အကြောင်းမှာ သူ၏သန်မာလာသော ခန္ဓာကိုယ်အား လိပ်ပြာတစ်ဝက်မှ ထောက်ပံ့နိုင်ခြင်းမရှိသောကြောင့်ဖြစ်သည်။

သူ့ခန္ဓာကိုယ် အားနည်းမှုကြီးမားလာသည့်အပြင် နောက်ထပ်ပြဿနာရှိသေးသည်။ ထိုအရာမှာ သူမကြာခဏ မေ့လဲခြင်းဖြစ်သည်။ ထို့အပြင် သတိမေ့ရာမှ ပြန်လည်နိုးထလာပြီးချိန်တွင် ဝိညာဉ်စွမ်းအားကို အသုံးပြု၍မဖြစ်နိုင်ပေ။ သူ့လိပ်ပြာအား ဖြည်းဖြည်းချင်းကောင်းလာစေရန် ဆရာဖော်ပေးသော ဆေးလုံးအားသူ မှီခိုနေရသည်။

ရှီမာယူယူပြန်မလာခင် တစ်နေ့လုံးသူလေ့ကျင့်နေခဲ့သည်။ သူမတ်တတ်ရပ်လိုက်ကာ ဂူအပြင်ထွက်လိုက်သောအခါမှ မှောင်နေပြီဖြစ်ကြောင်းကို သတိပြုမိလေသည်။

“သခင် မင်းဆေးလုံးပေးလိုက်လို့ ထွက်သွာတော့မဟုတ်ပါဘူးနော်” ဝူလင်းယူတွင်ရှိသော စာချုပ်နေရာမှ နောက်ထပ်စာချုပ်သားရဲကသတိထား၍ပြောလိုက်သည်။

တစ်ခဏအတွင်တော့ ဝူလင်းယူလည်းတူညီသော အတွေးကိုတွေးမိသည်။ သို့သော် သူမ၏ရိုးသားသော မျက်လုံးများကို တွေးလိုက်သောအခါ သူ့ခေါင်းအားရမ်းလိုက်ပြီး ပြောလိုက်သည် “သူမ မလုပ်လောက်ပါဘူး”

သူထိုစကားများကိုပြောပြီးနောက် ချောက်အဆုံးတစ်ဖက်တွင် ရှီမာယူယူ၏အရိပ်သည်ပေါ်လာလေသည်။ ဝူလင်းယူ ဂူအဝင်ပေါက်တွင်ရှိမည်ကို သူမ မထင်မိသောကြောင့် သူမ သူ့အား အကြွင်းမဲ့ကြည့်မိသည်။

ရှီမာယူယူလမ်းလျှောက်ပုံကို ကြည့်၍တစ်ခုခုဖြစ်လာသည်ကို ဝူလင်းယူသတိထားမိ၍ ဂရုမစိုက်မိဟန်ဖြင့် မေးလိုက်သည် “မင်းထိခိုက်လာတာလား”

“ဒဏ်ရာသေးသေးလေးပါ” ရှီမာယူယူ၏ ညာဘက်လက်သည် ဘယ်ဘက်လက်အား အုပ်ထားသည် “ခင်ဗျားက ဘာလို့အပြင်ရောက်နေတာလဲ”

“ဘယ်အချိန်ရှိပြီလဲလို့ ကြည့်တာ ပြီးတော့ မင်းဘာလို့ပြန်မလာတာလဲလို့ ထွက်ကြည့်တာ” ဝူလင်းယူပြန်ပြောလိုက်သည်။

“အေးဆေးပေါ့ ကျွန်တော် ယောက်ျားပါ ကိုယ်ပြောတဲ့စကားကိုယ်တည်ပါတယ် ခင်ဗျားရဲ့ဆုကိုယူပြီးမှတော့ ကိုယ်ဘာသာမသွားပါဘူး” ရှီမာယူယူပြောပြီးနောက် သူ့အားကျော်သွားလိုက်ကာ ဂူထဲသို့ဝင်သွားလိုက်သည်။

“ဒီကောင်ကတော့ ခုထိဆတ်ဆတ်အထိမခံတုန်းပဲ”

ရှီမာယူယူ ဂူအတွင်းသို့ ပြန်လာလိုက်ကာ အိပ်ရာပေါ်သို့လှဲလျောင်းလိုက်သည်။ သူမ ဆေးလုံးသောက်ပြီးသော်လည်း သူမလက်မှဒဏ်ရာသည် နာကျင်နေဆဲပင်။ ဒီနေ့ သူမကြုံတွေ့ခဲ့ရသော အတွေ့အကြုံအားပြန်တွေးနေလိုက်သည်။

ဒီနေ့မနက်တွင် သူမ မီးတောက်ပုတ်သင်နှင့်တိုက်ခိုက်ခဲ့သည်။ သူမ၏ အနိုင်ရမှုသည် သူမခန္ဓာကိုယ်မှ အာရုံခံနိုင်မှုနှင့် အရင်ဘဝမှ လုပ်ကြံမှုအတွေ့အကြုံများပေါ်တွင် မူတည်နေသည်။

မီးတောက်ပုတ်သင်သေသွားသောအခါ သူတို့ခန္ဓာကိုယ်သည် အကြမ်းခံ၍ ရောင်းလို့ပင်ရသောကြောင့် လူတွေသည် ဝိညာဉ်သားရဲအားသတ်ပြီးနောက် အသေကောင်အား ပြန်ယူလာလေ့ရှိသည်ဟု ရာဟွောင်ပြောသည်။ ထို့အပြင် သူတို့ခေါင်းတွင် ဖန်လုံးအူတိုင်ရှိသည်။ ထိုဖန်လုံးအူတိုင်သည် ဆေးဖော်ရာတွင် အလွန်အရေးပါလှပြီး ရောင်းလျှင်ဈေးကောင်းရသည်။

ထို့ကြောင့် သူမလင်းလုံအားခေါ်ထုတ်ကာ ဓားမြှောင်အဖြစ်ပြောင်းလိုက်လေသည်။ သူမ မီးတောက်ပုတ်သင် ခေါင်းမှ ဖန်လုံးအူတိုင်အားကြည့်ရန် လှီးဖြတ်လိုက်သည်။ အသားတုံးကို လှီးဖြတ်ရသည်မှာ သူမအတွက်မခက်ခဲတော့ပေ။

သူမ တိုက်ပွဲများကြုံတွေ့ရသောကြောင့် သူမခန္ဓာကိုယ်တွင်လည်း ဒဏ်ရာများအများအပြားရှိသည်။

သူမ အလုံးစုံ ပြီးစီးချိန်တွင် နေ့လည်ခင်းအချိန်ဖြစ်နေပြီ။ သူမ ရိုးရှင်းသောနေ့လည်စာအားပြင်ဆင်လိုက်ပြီး သူမစားလို့မပြီးခင်တွင် သူမသွေးအားအနံ့ခံကာလိုက်လာသော ရွှေရောင်ကျားသစ်အားတွေ့လိုက်သည်။

ထိုရွှေရောင်ကျားသစ်သည် မီးတောက်ပုတ်သင်နှင့် အဆင့်တူသည်။ သို့သော် မီးတောက်ပုတ်သင်ထက် သက်တမ်းရင့်၍ သူ၏ တိုက်ခိုက်မှုစွမ်းရည်သည် ပိုမြင့်နိုင်သည်။ သူ၏ ဖျတ်လတ်မှုသည် သူ၏အကောင်းဆုံးအရည်အချင်းဖြစ်၍ ထိုဖျတ်လတ်မှုအား သူ၏ အားသာချက်အဖြစ်အသုံးပြုနိုင်သည်။ ထိုနေ့မနက်တွင် ရှီမာယူယူ ဝိညာဉ်စွမ်းအင်အား အသုံးပြုလိုက်သောကြောင့် ပြန်အားပြည့်ရန်လိုသေးသည်။ သူမမြေပေါ်သို့အရိုက်ခံရ၍ လက်တွင်ဒဏ်ရာရထားခြင်းကြောင့် ရွှေရောင်ကျားသစ်အားအနိုင်ရရန်ခက်ခဲလှသည်။ သို့သော် နောက်ဆုံးတွင် ထိုသားရဲသည်သေဆုံးသွားခဲ့သည်။

သူမ တစ်နေ့ထဲတွင် ဝိညာဉ်သားရဲနှစ်ကောင်အားတိုက်ခိုက်လိုက်ရ၍ ဒဏ်ရာများရခဲ့သည်။ ပထမအကြိမ်အဖြစ် သူတို့၏ တိုက်ပွဲအရည်အချင်းအားကြုံလိုက်ရသော အတွေ့အကြုံဖြစ်ခဲ့သည်။

ထို့အပြင် သူမအနိုင်ရခဲ့သည်။ သူမခန္ဓာကိုယ်သည် အားကုန်ခမ်း၍ လက်မှလည်း သွေးအဆက်မပြတ်ထွက်နေခဲ့သည်။ သူမမှော်ဝင်လက်စွပ်မှ ဆေးအားထုတ်ယူလိုက်သည်။ သို့သော် ထိုဆေးမှာ ဝူလင်းယူစားလိုက်ပြီဖြစ်သောကြောင့် အရည်အသွေးမြင့် ဆေးရှာမတွေ့ပဲ သာမာန်ဆေးသာထုတ်ရသဖြင့် ဆေးမှာ ထိရောက်မှုမမြန်ပေ။

သူမ မတ်တတ်ရပ်လိုက်ကာ ဝိညာဉ်ပုလဲအတွင်းသို့ တိရိစ္ဆာန်အသေကောင်အားထားလိုက်ကာ အချိန်အတန်ကြာအောင် နားလိုက်သည်။ ရာဟွောင်မခေါ်ခင်အထိ သူမ ဒဏ်ရာကျက်အောင်စောင့်လိုက်သည်။

“သခင် အခုက အန္တရာယ်အရမ်းများသေးတယ် မင်းငါတို့ကိုခေါ်ပြီးသွားသင့်ပြီ” ရာဟွောင်ပြောပြီးသည်နှင့် ထွက်လာခဲ့လိုက်သည်။

“ဒီလို အန္တရယ်မျိုးကတော့ ထည့်တွက်စရာမလိုပါဘူး သေမလား ရှင်မလားပဲရှိတာပါ” ရှီမာယူယူပြောလိုက်သည်။

“ဒါပေမယ့် သခင် မင်းထိခိုက်ထားတယ်လေ” ရာဟွောင် စိတ်ဒုက္ခရောက်စွာပြောလိုက်သည်။

ရှီမာယူယူ ရာဟွောင်ခေါင်းအားသပ်လိုက်ကာ ပြောလိုက်သည်။ “လူတစ်ယောက်က ရင့်ကျက်ချင်ရင် မမှီခိုရဘူးလေ တခြားသူအပေါ်မှာပဲ မှီခိုဖို့စဉ်းစားနေရင် အဲလူအတွက် ရင့်ကျက်ဖို့ခက်သွားမယ်”

ရာဟွောင် တွေးဆလိုက်ကာ ပြောလိုက်သည်။ “သခင် ငါနားလည်ပါပြီ”

“ကောင်းပြီ ဒီနေ့တိုက်ခိုက်ထားတာကြောင့် အားမရှိတော့ဘူး ပြန်သွားရအောင်” ထိုသို့ပြောပြီးနောက် ရာဟွောင် နောက်ကျောသို့တက်ကာ ချောက်ဘက်သို့ပြန်လာခဲ့လိုက်သည်။

မနက်ကတိုက်ခိုက်ခဲ့သည်ကို ပြန်တွေးလိုက်လျှင် ရှီမာယူယူ အနည်းငယ်စိတ်လှုပ်ရှားသည်။ မနေ့ကထက် ဒီနေ့ပို၍ သူမဝိညာဉ်စွမ်းအားကို အသုံးပြုနိုင်ကြောင်းသူမ သတိပြုမိလိုက်သည်။ တိုက်ပွဲကောင်းကို သူမတိုက်ခိုက်ခဲ့သည်မှာ အချိန်ကြာသည်။ သူမ တစ်ကိုယ်လုံးသည် တက်ကြွနေခဲ့သည်။

သို့သော် သူမ ခန္ဓာကိုယ်သည် လက်ရှိတွင် အားမလုံလောက်သေးပါ ထို့ကြောင့်ပင် တိုက်ပွဲအတွင်း ဒဏ်ရာရခဲ့သည်။

“ငါတိုက်ပွဲမှာ ကျင့်သားရရုံမဟုတ်ပဲ ဒီခန္ဓာကိုယ်ကိုလည်း လေ့ကျင့်ပေးဖို့လည်းလိုတာပဲ” ရှီမာယူယူပြောပြီးနောက် မျက်လုံးပိတ်ကာ အိပ်ပျော်သွားတော့သည်။

ဝူလင်းယူ ချောက်အနားဝန်းကျင် လမ်းလျှောက်ထွက်ပြီးနောက် ပြန်လာချိန်တွင် ရှီမာယူယူအိပ်ပျော်နေသည်ကိုတွေ့ရလေသည်။

“တစ်နေကုန်ထွက်သွားပြီး ပြန်လာတော့ ဒဏ်ရာတွေရလာတယ် ဒီနေ့လာတွေများလုပ်လာတာလဲ” ဝူလင်းယူ ညင်သာစွာရေရွတ်လိုက်သည်။

သူ အိပ်ရာဘေးတွင်ရောက်လာသောအခါ ရှီမာယူယူမျက်လုံးတစ်ခဏမျှဖွင့်လိုက်သည်။ သူမှန်းသိပြီးနောက် ဆက်အိပ်နေလိုက်သည်။

“ဒီကောင်က အအိပ်ဆတ်တာပဲ” ဝူလင်းယူ သက်ပြင်းချလိုက်ကာ သူ့ဖိနပ်အားချွတ်လိုက်သည်။ သူအိပ်ရာဘေးသို့လာကာ လှဲလိုက်သည်။

သူတစ်နေကုန် ဘာမှမစားရ၍လား သို့မဟုတ် သူမဒီနေ့ဘယ်သွားလဲဆိုတာ စဉ်းစားနေ၍လား သူအိပ်မပျော်ပါ။ သို့သော် အဲကောင်လေးဘေးတွင် နေရသည်မှာ နေသားကျလာသလိုပင်။ သူတို့အိပ်ရာတစ်ခုတည်း အိပ်သော်လည်း အရင်လိုသူ့အားငြင်းဆန်ခြင်း မပြုတော့ပါ။

သို့သော် သူ့ရွှေထီးဆောင်းမှုကို စွန့်လွှတ်ကာ သာမာန်လူတစ်ယောက်ကဲ့သို့ တစ်ခြားတစ်ယောက်အား တုန့်ပြန်သည်မှာ ဒီတစ်ကြိမ်သည် ပထမဆုံးဖြစ်သည်။

အစပိုင်းကတည်းကပင် လမင်းအား ကြယ်များက ဝန်းရံ၍ မြတ်နိုးခံရသကဲ့သို့ သူနေခဲ့ရသည်။ သူသည် လတစ်စင်းနှင့်ဆင်တူ၍ သူ့အားနှစ်သက်သူများ ဝန်းရံနေသည်။ နောက်ပိုင်းတွင် ပညာရှိအိမ်တော်၏ မြင့်မြတ်သော သားတော်အရိုက်အရာဆက်ခံချိန်တွင် သူ၏ ပင်ကိုယ်စရိုက်သည် အထိမခံဖြစ်လာသည်။ သူဘယ်သွားသွား လေးစားမှုနှင့် အာရုံစိုက်မှုကို ခံရသည်။

တစ်စုံတစ်ယောက်က ကယ်၍ သာမာန်လူလို အိပ်ခြင်း၊ စားခြင်း၊ အထူးသဖြင့် တစ်စုံတစ်ယောက်ပြန်အလာကို စောင့်ခြင်းအစရှိသည့် ထိုရက်ပိုင်းအတွင်းကြုံရသော အတွေ့အကြုံများသည် အရင်က မတွေ့ကြုံဖူးပေ။

ပတ်ဝန်းကျင် အပြောင်းအလဲကြောင့်ဖြစ်မှာပါဟု သူ့ကိုယ်သူရှင်းပြမိသည်။

ဒုတိယနေ့တွင် ရှီမာယူယူ အစောကြီးနိုးနေပြန်သည်။ ဆေးကြောင့် မနေ့က ဒဏ်ရာများအနည်းငယ် သက်သာ၍ မနက်စာပြင်ရန်ထွက်လာခဲ့လိုက်သည်။ သူမ ပြန်သယ်လာချိန်တွင် ဝူလင်းယူအားပြင်ဆင်ပေးရန်ချထားချိန်တွင် သူနိုးနေပြီဖြစ်ကြောင်း သူမမြင်လိုက်သည်။

“မင်းအစောကြီးနိုးနေတာပဲ” ရှီမာယူယူ အံ့အားသင့်စွာပြောလိုက်သည်။

“ငါအိပ်မရလို့ ထလိုက်တာ” ဝူလင်းယူပြောလိုက်သည် “မင်း မနက်စာတောင်လုပ်ပြီးသွားပြီ ဟုတ်လား”

“ဟုတ်တယ်” ရှီမာယူယူ စားစရာများကို စားပွဲပေါ်တွင် ပြင်ဆင်ကာ ပြောလိုက်သည် “ခင်ဗျားနိုးလာမှတော့ အတူစားရအောင်”

ရှီမာယူယူ သူ့ရှေ့တွင် မနက်စာခွဲဝေနေချိန်တွင် ဝူလင်းယူ စားပွဲဘေးလာကာ ထိုင်လိုက်သည်။

သူမျှော်လင့်ထားသည်နှင့် ဒီနေ့မနက်စာသည် ကွဲပြားနေသည်။

သူနှင့်မျက်နှာချင်းဆိုင်တွင် ရှီမာယူယူထိုင်ကာ စကားတစ်ခွန်းမှမပြောပဲ စားနေသည်။

ရှီမာယူယူ ပုံစံအား ဝူလင်းယူတွေ့သောအခါ သူမ ယောက်ျားတစ်ယောက်ပုံစံပြင်ဆင်ထားသော်လည်း သူနှင့် မျက်နှာချင်းဆိုင်တွင် ဇနီးထိုင်နေသကဲ့သို့ ထူးထူးဆန်းဆန်းခံစားမိလိုက်သည်။

ဇနီးဟုတ်လား၊ ဒီလိုအတွေးကို ဘယ်လိုများတွေးလိုက်တာပါလိမ့် သူ့နှလုံးသားသည် ပြောမပြနိုင်လောက်အောင် ခုန်ပေါက်နေတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset