‘ဒါဆိုမင်းငါနဲ့ ပြိုင်ရဲလား’ ကျောက်ပန်ရင်ထဲမှာ ဒေါသအရမ်းထွက်လာသည်။ သတ္တိမရှိပဲ သူနဲ့တောင်မယှဉ်ရဲတဲ့သူက သူ့ထက်သာတယ်လို့ လျှောက်ပြောနေသည်။
‘မင်းမပြိုင်ရဲလျှင်လည်း ကျောက်ပန်ထက်သာတယ်လို့ ပြောမနေနဲ့’
‘မင်းဘယ်လောက်တော်လဲ ငါကသိချင်နေတာ။ မင်းက လူရယ်စရာဖြစ်အောင် လျှောက်ပြောနေတာလို့ ဘယ်သူထင်မိမှာလဲ’ဝေ့ကျီဖန်၊ ဝေ့ကျီရန်နှင့် အခြားလူများမှာလည်း လီဖန်းကို အခွင့်ကောင်းယူကာ ဝိုင်းလှောင်ကြသည်။
ဝေ့ပင်ချင်းက အနည်းငယ်မျက်မှောင်ကြုတ်သွားပြီး နားမလည်ဖြစ်နေသည်။ လီဖန်းနဲ့သိတာ မကြာသေးပေမယ့် သူမကိုပေးတဲ့ထင်မြင်ချက်က ဒီလိုကြွားဝါတတ်ပြီး ပြဿနာတက်မှ ရှောင်ပြေးချင်တဲ့ လူမျိုး မဟုတ်ပါ။
‘ဘယ်သူက မပြိုင်ရဲတာလဲ။ ငါကမလိုအပ်ဘူး ထင်လို့သာ။ အဖိုးကြီးဝေ့ကိုတောင် အသက်နှစ်ဝက် ငါပေးထားတာ ဘယ်သူက ငါ့ထက် ပိုကောင်းတဲ့ဆေးရှိမှာလဲ’ လီဖန်းက ဂုဏ်ယူစွာပြောလိုက်သည်။
ဝေ့ပင်ချင်း ‘…’
မဟုတ်ဘူး အဲ့ဒီဆေးက မင်းဘိုးဘွားတွေချန်ထားခဲ့တာ မင်းရဲ့ ဆေးပညာနဲ့မဆိုင်ဘူး။ ငါတို့မှာရှိလျှင်လည်း အဖိုးကြီးကို အသက်ဆက်ရှင်အောင်လုပ်လို့ရတယ်။
အိုကလေား။
‘လီဖန်း မင်းနားမလည်ဘူးလား။ ဆေးပညာဆိုတာ ကုသနည်းနဲ့ ဆေးဘက်ဆိုင်ရာနည်းပညာ ကျွမ်းကျင်မှုအပေါ် ရည်ညွှန်းတာ။ မင်းမှာမှော်ဆေးရှိတာနဲ့ မင်းရဲ့ဆေးပညာက ပြိုင်ဘက်ကင်းတယ်လို့မဆိုလိုဘူး။ တကယ်လို့ အဲ့ဒီဆေးကို မင်းဖော်တာဆိုလျှင်တော့တစ်မျိုးပေါ့။
‘မင်းမကျေနပ်ဖူးဆိုလျှင် ငါတို့ ဝေ့မိသားစုကို ဒီနေရာမှာတင် ဘာရောဂါတွေရှိလဲလို့ စစ်ဆေးပြီး ကုသနည်းကိုပြောကြမယ်။ ဘယ်သူ့နည်းက ပိုထိရောက်လဲ ကြည့်ရအောင်’ ကျောက်ပန်က လှောင်ကာပြောလိုက်သည်။
‘ဟုတ်တာပေါ့ ငါက မကျေနပ်ဖူး။ ဒါပေမယ့် မင်းနဲ့ပြိုင်ရမယ်ဆို ငါမျက်နှာမပျက်ဘူးလား။ ငါ့မှာအခု ၈မီလီယံရှိတယ်။ မင်းက ၈မီလီယံထုတ်ပြီး လောင်းနိုင်လျှင် ငါမင်းနဲ့ပြိုင်ပေးလိုက်မယ်။ မလောင်းရဲလျှင်တော့ မေ့လိုက်တော့’ လီဖန်းက အခုမှရထားတဲ့ ချက်လက်မှတ်ကိုကိုင်ကာ လှောင်လိုက်သည်။
သို့ပေမယ့် အပြင်မှာ တည်ငြိမ်သလိုရှိပြီး သူ့စိတ်ထဲမှာ ကြောက်နေတာကို လူတိုင်းက ပိုင်းခြားကြည့်နိုင်သည်။
ဝေ့ပင်ချင်း ‘…’
လီဖန်းဘာလုပ်ချင်တာကို နောက်ဆုံးတော့ သူမနားလည်သွားသည်။ ဒါက ရင်းနှီးလွန်းနေသည်။ ရဲစခန်းမှာတုန်းကလဲ ဒီနည်းလမ်းကိုသုံးပြီး ဖန်းကျွင်ရှန်းကို လောင်းချင်အောင်လုပ်တာ။
လီဖန်းက အစတည်းက တွက်ချက်ထားပြီး ကျောက်ပန် ဝင်လာမှာကိုစောင့်နေတာပါ။ သနားစရာကောင်းတာက ဝေ့ချန်ကုံးနဲ့ အခြားသူတွေက လီဖန်းအကြောင်းကို မသိကြပါဘူး။
ကျောက်ပန်ကို ခြောက်ချင်လို့ လျှောက်ပြောနေတယ်လို့သာ ထင်ကြသည်။ ကံမကောင်းစွာနဲ့ပဲ ကျောက်ပန်ကလည်း ထိုသို့ပင်တွေးသည်။
‘၈မီလီယံ ဟုတ်လား၊ အိုကေ ငါမင်းနဲ့လောင်းမယ်’ ကျောက်ပန်က ချက်စာအုပ်ကို ထုတ်လိုက်ပြီး ရေးပေးလိုက်သည်။ ဖြဲပြီးနောက် လူတိုင်းကို ၈မီလီယံ ရေးထားကြောင်းလိုက်ပြသည်။
ကျောက်မိသားစုက ကျော်ကြားတဲ့ဆရာဝန်တွေပါ။ မြို့ကြီးတွေအများကြီးမှာ ဆေးခန်းတွေဖွင့်ထားပြီး ပိုက်ဆံရှာနိုင်စွမ်းက အံ့ဩစရာကောင်းသည်။
ကျောက်ပန်အတွက် ၈မီလီယံထုတ်ဖို့ မခက်ခဲပါ။ နောက်ပြီး ဒါကအရှုံးမရှိတဲ့ ပွဲပါ။ သူဘာကို မထုတ်ရဲရမှာလဲ။
‘အာ့…နိုင်တဲ့လူက ၈မီလီယံကို တစ်ခါတည်းယူသွားမှာ မင်းလောင်းချင်တာသေချာရဲ့လား’ လီဖန်းရဲ့ နှုတ်ခမ်းမှာတွန့်ကွေးသွားပြီး အနည်းငယ်ကြောက်နေပုံ ပေါ်သည်။
‘ငါကတော့သေချာတယ်။ ကြောက်နေပြီလား’ ကျောက်ပန်က အောင်မြင်စွာ ပြုံးလိုက်သည်။ လီဖန်းက ဒေါင်းယောင်ဆောင်သော ကျီးသာဖြစ်မယ်လို့ သူမထင်ခဲ့မိဘူး။
အစကတော့ သောက်ရမ်းတွေတော်နေသလိုနဲ့ နောက်မှ တကယ့်အချိန်ရောက်တော့ ကြောက်နေလေသည်။ ပျင်းဖို့ကောင်းလိုက်တာ။
ဒါပေမယ့် အဆင်ပြေသည်။ ဝေ့ပင်ချင်းရှေ့မှာ လုပ်ပြနိုင်အောင် အခွင့်အရေးရပါက ပျင်းဖို့ကောင်းတော့ ဘာဖြစ်လဲ။
ဝေ့ချန်ကုံးနှင့် အခြားလူများမှာလည်း ရယ်ချင်နေကြသည်။ ဒါပေမယ့် တကယ်မရီရဲပါ။ လီဖန်းက နောင်တရကာ မလောင်းတော့လျှင် ဘယ်လိုလုပ်မလဲ။
‘ဘယ်သူက ကြောက်တာလဲ။ ငါကလား၊ မင်း မင်းနောင်တရလိမ့်မယ်။ ဒီလောက်တောင် လောင်းချင်နေမှတော့ လောင်းကြတာပေါ့။ မင်းတို့ကြည့်ထားလိုက်’ လီဖန်းက ထိတ်လန့်စွာဖြင့် ပြောလိုက်သည်။
စိတ်ထဲမှာတော့ …ဟီး ဟီး ဟီး။
ဒီငကြောင်ကတော့ အကွက်ထဲဝင်လာပြီ ငါသရုပ်ဆောင်တာ တိုးတက်လာပြီထင်တယ်။
‘ဒီကနေ တစ်ယောက်ချင်းစီ လာခိုင်းလိုက်။ ရောဂါကို မြင်နိုင်လျှင် စာရွက်ထဲမှာချရေးထား။ နာရီဝက်ကြာလျှင် ဘယ်သူကပိုတိကျအောင် ရောဂါကိုရှာဖွေနိုင်မလဲ ကြည့်ကြတာပေါ့။
ဘယ်လိုလဲ’ ကျောက်ပန်က ပိုင်နိုင်စွာဖြင့် ပြောလိုက်သည်။
ဝေ့ပင်ချင်းနဲ့ အခြားလူတွေအားလုံး လက်ခံလိုက်သည်။ ဒါက တကယ်ကို မျှတသည်။ လီဖန်းအနေနဲ့တော့ ပြောစရာမရှိပါ။
သူက ‘ဆေးနတ်ဘုရားမျက်လုံး’နှင့် ‘နတ်ဘုရားအပ်ကိုးချက်’ကို သင်ယူရန် နှိပ်သည်။
ပြီးနောက် ဝေ့ချန်ကုံးနှင့် အခြားလူများကို တစ်ယောက်ချင်းစီကြည့်ပြီး သူတို့နာမည်မေးပြီးနောက် စာရွက်မှာ ဘာတွေချရေးနေမှန်းမသိပါ။
တရုတ်တိုင်းရင်းဆေး လောကမှာ ပြောစမှတ်ပြုကြသည် ‘ဆေးနတ်ဘုရားမျက်လုံး’ ဆိုတာက သမိုင်းရှိ ကျော်ကြားသော ဆေးလောက ဆရာကြီးများ၏ အတွေ့အကြုံတို့ကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။ တစ်ချက်ကြည့်ရုံနဲ့ လူတစ်ယောက်ရဲ့ ရောဂါ၇မျိုး၈မျိုးလောက်ကို တွေ့နိုင်သည်။
တစ်ဖက်မှာတော့ ကျောက်ပန်က ဝေ့ချန်ကုံးနှင့် အခြားလူများ၏ အသွင်အပြင်လက္ခဏာကို စောင့်ကြည့်သည်။ သူတို့အသံကို နားထောင်သည်။
ပြီးနောက် သွေးခုန်နှုန်းကို တစ်ခါတည်း စမ်းလိုက်သည်။ ကျောက်ပန်ရဲ့ လုပ်ဆောင်ပုံက ကျွမ်းကျင်လှပြီး လီဖန်းမှာ လျှောက်လာပြီးကြည့်ရုံသာ ကြည့်ရာ လူပိန်းကို တရားစီရင်ခိုင်းသကဲ့သို့ ဖြစ်နေသည်။
‘ပန်အာက အနိုင်ရမှာပဲ’ ကျောက်ကျီက အခုမှ သက်ပြင်းချနိုင်သည်။ ပထမတော့ လီဖန်းက အကွက်ချကာ လုပ်ကြံမှာကို သူစိုးရိမ်သေးသည်။
ဒါပေမယ့် လီဖန်းရဲ့ လုပ်ဆောင်ပုံက ဘာမှတတ်ပုံမပေါ်ပါ။ ဒီအတိုင်းကြည့်ပြီးလမ်းလျှောက်နေ မင်းမေကြီးတော်တောင် ဘာမှမတွေ့ဘူး။
ဝေ့ပင်ချင်းက မျက်မှောင်ကြုတ်လိုက်သည်။ လီဖန်းက ကျောက်ပန်ကို အကွက်ချစီစဉ်ထားတာ သူမသိသည်။ ဒါဆို သူက နိုင်ဖို့သေချာနေရမှာပါ။ ဒါပေမယ့် လီဖန်း အခုလုပ်ဆောင်ပုံက အရှုံးပေးတာတဲ့ တူနေသည်။ သူဘာတွေလုပ်နေတာလဲ။
အချိန်က မိနစ်တိုင်းကုန်ဆုံးနေသည်။ နာရီဝက်အကြာမှာတော့ သူတို့နှစ်ယောက်လုံး ရပ်လိုက်ကြသည်။
‘ရောဂါဘယ်နှစ်ခု မင်းတွေ့ခဲ့လဲ’ ကျောက်ပန်က စာလုံးတွေပြည့်နေတဲ့ သူ့ရဲ့စာရွက်ကိုကိုင်ရင်း အနိုင်ရသလိုမေးလိုက်သည်။ သူ့ရဲ့စစ်ဆေးချက်အရ သူတို့မှာ ရောဂါသုံးခုတွေ့သည်။
ဝေ့ချန်ကုံး၊ ဝေ့ကျီဖန်နဲ့ ဝေ့ပင်လျန်။ အခြားလူတွေကိုတော့ အချိန်မရလို့ မစစ်ဖြစ်ပါဘူး။ ဒါပေမယ့် ဒီသုံးယောက်က လုံလောက်ပါတယ်။
ဘာလို့လဲဆိုတော့ လီဖန်းက တစ်ခုမှ မတွေ့နိုင်ဘူးဆိုတာ သူသိလို့ပဲ။
‘ခြောက်ခု’ လီဖန်းက စာရွက်ကိုပြလိုက်ပြီး ပြုံးလိုက်သည်။
‘မဖြစ်နိုင်တာ ငါတောင်သုံးခုပဲတွေ့တာ။ မင်းက ဘယ်လိုလုပ် ခြောက်ခုတွေ့ရတာလဲ’ ကျောက်ပန်ရဲ့ ပထမဆုံးတုံ့ပြန်မှုက မယုံနိုင်တာပါ။ လီဖန်းက လူတစ်ယောက်ကို တစ်ချက်ပဲ အသာလေးကြည့်တာပါ။ သူကဘယ်လိုလုပ် ရောဂါကို သိနိုင်မလဲ။
ဝေ့ချန်ကုံးနဲ့ အခြားလူများမှာလည်း ထိုသို့ပင်ထင်သည်။ သူတို့အမြင်မှာ လီဖန်းဘာပြောပြောကိစ္စမရှိပါဘူး။ စာရွက်ထဲမှာ အကုန်ချရေးထားရတာ မှန်မမှန် သိဖို့ကလွယ်သည်။
‘ဒါကမင်းနဲ့ငါကြားက ကွာခြားချက်ပဲ။ ထားလိုက်ပါ။ ဒီကိစ္စတွေ ထပ်မပြောချင်တော့ဘူး။ အခုသူတို့ဘာရောဂါတွေ ခံစားနေရလဲ ငါပြောပြမယ်’
‘ဖန်းဝေ၊ ကုံးဟန်၊ဝေ့ပင်လျန် ဓမ္မတာလာတာ မမှန်ဘူး၊ ဝေ့ချန်ယဲ့ အဆုတ်မကောင်း၊ ဝမ်ချင်း ဝမ်းချုပ်၊ ဝေ့ကျီဖန် သွေးနဲ့ချီချို့တဲ့၊ ဝေ့ချန်ကုံး ကျောက်ကပ်ချို့တဲ့ပြီး ဟိုဟာအထမမြောက်နိုင်’ လီဖန်းက ဖန်းဝေနှင့် အခြားလူများကို တစ်ယောက်ချင်းညွှန်ပြကာ သူတို့ရဲ့ရောဂါများကို ပြောလိုက်သည်။
ကျောက်ပန်မျက်မှာက ရုတ်တရက် ဖြူရော်သွားသည်။ ဖန်းဝေ၊ ဝေ့ချန်ရဲ့နှင့် ဝမ်ချင်းတို့ရဲ့ ရောဂါကို သူမစစ်ခဲ့ရလို့ မသိပါဘူး။
ဒါပေမယ့် ဝေ့ချန်ကုံး၊ ဝေ့ကျီဖန်နှင့် ဝေ့ပင်လျန်တို့ရဲ့ ရောဂါက သူစစ်ထားတာနဲ့ ကွက်တိပါပဲ။ ဒါပေမယ့် သူကကျော်ကြားတဲ့ ဆရာဝန်တစ်ယောက်ဖြစ်ပြီး သွေးခုန်နှုန်းဖြတ်တဲ့နည်းလမ်းကိုသုံးကာ သေသေချာချာ စမ်းစစ်ခဲ့သည်။
လီဖန်းကတော့ တစ်ချက်နှစ်ချက်သာ ကြည့်လိုက်သည်။ ဒီကောင်က ဘာလို့သူနဲ့အဖြေ တူနေရတာလဲ။
ဖန်းဝေနဲ့အခြားလူများဟာ အစကအမှုမဲ့ အမှတ်မဲ့ပါပဲ။ ဒါပေမယ့် လီဖန်းရဲ့စကားကို ကြားတော့ သူတို့မျက်နှာတွေ ပြောင်းသွားသည်။ လီဖန်းကမှန်လေသည်။ သူတို့မှာ အဲ့ဒီရောဂါတွေရှိသည်။
ဒါပေမယ့် ဒါက သဘာဝမကျဘူးလေ။ သူကကြည့်ရုံကြည့်ပြီး ရောဂါကို ဘယ်လိုမြင်နိုင်တာလဲ။ သူ့မျက်လုံးတွေက CTစက်နဲ့လုပ်ထားတာလား။
‘မင်း သတောင်းစား ချီးထုပ် ငါကအကောင်းကြီး မင်းတို့တစ်မိသားစုလုံးကမှ အထမမြောက်နိုင်တာ။ မင်းငါ့ကို မကျေနပ်လို့ တမင်စော်ကားတာပဲ’ ဝေ့ချန်ကုံးက အမှီးနင်းခံရတဲ့ ခွေးရူးလိုပါပဲ။
လီဖန်းရဲ့ နှာခေါင်းကို လက်ညှိုးငေါက်ငေါက်ထိုးကာ ကျိန်ဆဲပါတော့သည်။ ဝေ့ချန်ကုံးအငယ်ကောင်က မထနိုင်တာ နှစ်ဝက်လောက်ရှိပါပြီ။ ဒါပေမယ့် ယောက်ျားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကိုထိန်းသိမ်းဖို့ အားဆေးတွေခိုးသောက်ပြီး ဟန်မပျက်လုပ်နေရတာပါ။
သူ့မိန်းမဖန်းဝေတောင်မသိပါဘူး။ အခုတော့ လီဖန်းက လူတိုင်းရှေ့မှာပြောချလိုက်တာ သူ့မျက်နှာကို ဘယ်သွားထားရတော့မလဲ။
လီဖန်းက ဝေ့ချန်ကုံးကို လှောင်ကာကြည့်ပြီး ပြောလိုက်သည် ‘ကျွန်တော်ကခင်ဗျားကို ကုပေးတော့မလို့။ ခင်ဗျား ကဒီလိုပြောမှတော့ ထားလိုက်ပါတော့’
ဝေ့ချန်ကုံးမျက်နှာက မှုန်ယိုသွားသည်။
မြင်းအကောင်တစ်ထောင်လောက် နင်းခံလိုက်ရတဲ့အတိုင်းပါပဲ။
စုတုံသာထိုနေရာတွင်ရှိလျှင် လီဖန်းက သောက်ကျင့်ယုတ်ဖို့ ဟန်ဆောင်တာကို သိချင်သိနိုင်သည်။