အပိုင်း(၂၆)-အမြင့်ဆုံးရှေးအမွေအနှစ်

ဝိညာဉ်လေး၏ ဆူပူမှုနှင့်အတူ ကျယ်လောင်မှုတစ်သံ ရောနှောနေသည်။ ထို့ကြောင့် ထိုအရာသည် ဝိညာဉ်လေး၏ အော်သံမဖြစ်နိုင်ပါ။

ရှီမာယူယူသည် အဖြေရှာသည့် အမူအရာဖြင့် ဟိန်းသံလေးအားကြည့်လိုက်သည်။

သူမ အတွေးကို ဆက်မတွေးနိုင်ခင် သူမပတ်ဝန်းကျင်မှ အငွေ့အသက်များပြောင်းလဲသွားပြီး သူမ ဝိညာဉ်ပုလဲအတွင်းသို့ ဆွဲခေါ်သွားခြင်းခံရကာ ဝိညာဉ်လေးသည် သူမရှေ့တွင် လေပေါ်တွင် ပေါ်လာသည်။

“ငါ့အတွေးတစ်ခုနဲ့တင် ငါဝင်နိုင်တယ်ဆိုတာ မင်းမပြောခဲ့ဘူးမလား။ ဘယ်လိုလုပ်ငါ့ကို ဒီအထဲဆွဲခေါ်လိုက်တာလဲ”

သူမ မကျေနပ်သော လေသံဖြင့်ပြောလိုက်သည်။

ဝိညာဉ်လေးသည် သူမအား နိမ့်ချသော အကြည့်ဖြင့်ကြည့်လိုက်ပြီး ပြောလိုက်သည်။ “အဲဒါက အထွေထွေ ဝိညာဉ်ရှေးပစ္စည်းတွေအတွက်ပဲ။ အဲဒီ သန်မာတဲ့ ရှေးပစ္စည်းတွေက ပိုပြီးအင်အားကြီးတယ်။ ငါ့လိုပေါ့၊ ပင်ကိုယ်အရည်အချင်းရှိတဲ့ သူတွေပဲ”

“သြော် အဲဒါဆိုလည်းဟုတ်ပြီ” သူမ နှာခေါင်းအားထိလိုက်ကာ ထပ်မေးလိုက်သည် “အဲဒါဆိုရင် ငါ့ကို ဘာလို့ဒီကိုဆွဲခေါ်လာတာလဲ။ အော်ရတဲ့အကြောင်းအရာကဘာလဲ”

“တကယ် တုံးတာပဲ” ဝိညာဉ်လေး တွေ့ကြုံခဲ့သော အရင်သခင်များထဲမှ ရှီမာယူယူသည် အတုံးဆုံးဖြစ်သည်။ သူပြန်စဉ်းစားကြည့်လျှင် သူမအား သခင်အဖြစ် အသိအမှတ်ပြုရင်း သူတို့ ကံကြမ္မာသည် မည်ကဲ့သို့ချည်နှောင်သနည်းဆိုသည်ကို ပုံဖော်ရန်ကြိုးစားမိသည်။

ရှီမာယူယူ သူမ လက်ဆစ်နှင့် သူ့ခေါင်းအားတောက်လိုက်ပြီး မကျေနပ်သော အသံဖြင့် မေးလိုက်သည်။ “မင်းလို ကိုယ့်သခင်ကိုအထင်သေးတဲ့ ရှေးကျတဲ့ ဝိညာဉ်ရှိသေးရဲ့လား။ မင်းအဲလို အမူအရာလုပ်တာတွေ့တိုင်း ငါတော့ ဝိညာဉ်ပုလဲကို မီးရှို့ပြီး ကင်လိုက်ချင်ပြီ”

“ငါ အမှန်ကိုပြောတာပါ” ဝိညာဉ်လေး သူ့အသံထဲတွင် ကြောက်ရွံ့မှုတစ်စုံတစ်ရာ မတွေ့ရပဲ အမှုမထားသလိုပင် ပြန်ဖြေလိုက်သည်။

“ကောင်းပြီ မင်းငါ့ကို ကြားဖြတ်ပြီး ဒီကိုဆွဲခေါ်ခဲ့တဲ့ အကြောင်းအရင်းကိုပြောပါတော့” ပြောပြီးနောက်တွင် သူမစိတ်တွင် အတွေးဖြင့် စိတ်ကူးပုံဖော်လိုက်ရာ သူမရှေ့တွင် ခုံတစ်ခုံပေါ်လာတော့သည်။

ဒီနေရာတွင် ဘယ်လိုလည်ပတ်သလဲဆိုတာ သူမသဘောပေါက်သွားပြီဖြစ်သည်။ သူမအတွေးများသည် သည်နေရာတွင် မျက်လှည့်ဆန်စွာ အလုပ်လုပ်သည်။ သူမ လိုချင်သည့်အရာအား ပုံရိပ်အား ရိုးရှင်းစွာတွေးတောရုံနှင့်ပင် မျက်လှည့်ပြသကဲ့သို့ ထိုအရာသည် ပေါ်ထွက်လာသည်။ ဒီနေရာသည် နတ်ဘုရား စွမ်းအင်နှင့်ဆင်တူသည်ဟု အတွေးရှိသည်။ သူမလိုချင်သောအရာကို ရိုးရှင်းစွာတွေးရုံပင် လိုအပ်သည်။

သူမသည် သည်နေရာ၏ လည်ပတ်ပုံကိုမြန်မြန်ဆန်ဆန် ဆုပ်ကိုင်နိုင်သည်ကို ဝိညာဉ်လေးမြင်သောအခါ သူ့မျက်ခုံးကို ပင့်လိုက်သည်။

“အိုး အချိန်ဆွဲမနေနဲ့တော့ မြန်မြန်ပြောတော့” ဘေးမှ ဟိန်းသံလေးသည် ထပ်သည်းမခံနိုင်တော့ပဲ ဝိညာဉ်လေးအား စိတ်မရှည်စွာ လျင်မြန်စွာ ဆော်သြလိုက်သည်။

ဝိညာဉ်လေးသည် ပြန်မဖြေပဲ ဓားမြှောင်ရောက်လာသည်နှင့် သူ၏လက်ဖောင်းဖောင်းလေးဖြင့် ထိုးလိုက်သည်။ “မင်းဆော့ကစားလို့ပြီးပြီလား။ ဒီဟန်ဆောင်မှုကို ဘယ်တော့ ရပ်မှာလဲ”

ဓားမြှောင်သည် မည်သည့် လှုပ်ရှားမှုမှမရှိပေ။

“ဒီဟာသကို ဆက်လုပ်နေဦးမယ်ဆိုရင် ငါသူမကို ဒီဓားသွေးကျောက်နဲ့ တကယ်သွေးခိုင်းလိုက်မှာနော်” ဝိညာဉ်လေး ခြိမ်းခြောက်လိုက်သည်။

ထိုခြိမ်းခြောက်မှုသည် အလုပ်ဖြစ်သည့်ပုံပင်။ ဓားသွေးကျောက်ပေါ်မှ ဓားမြှောင်သည် အကြိမ်အနည်းငယ် ညင်သာစွာ တုန်သွားသည်။ ဓားမြှောင်သည် ရုန်တရက် ဝိညာဉ်လေး၏ခေါင်းအား သတိပေးခြင်းမရှိပဲ ရိုက်လိုက်သည်။ ဝိညာဉ်လေး၏ ခေါင်းအား ဖြန်းခနဲ အသံမြည်အောင်ရိုက်လိုက်သည်။ ကြင်နာသော အသံတစ်သံသည် ထွက်ပေါ်လာသည် “ဒီသခင်ကြီးကို မင်း သွေးရဲတယ်ဟုတ်လား။ ဒီသခင်ကြီးက မင်းကို အပိုင်းပိုင်းဖြစ်အောင် တုံးလိုက်မယ်”

ဝိညာဉ်လေးသည် ဒေါသထွက်သွားပြီး ရှီမာယူယူတို့အား ဂရုမစိုက်မိတော့ပဲ ချက်ချင်းပင် ဓားမြှောင်ဆီသို့ ပစ်ထိုးလိုက်သည်။

ရှီမာယူယူနှင့် ဟိန်းသံလေးသည် သူတို့ရှေ့တွင်ရှိသော မြင်ကွင်းအား မှင်တက်မိစွာ  ကြည့်မိတော့သည်။ တစ်ချိန်တည်းတွင် တစ်ယောက်နှင့်တစ်ယောက် အရှက်မရှိစွာ ရန်ဖြစ်နေသော နှစ်ယောက်အား တုန်လှုပ်နေတုန်းပင်။

“ဒီဓားမြှောင်က စကားပြောနိုင်တယ် ဟုတ်လား”  ဟိန်းသံလေးသည် အလွန်အံ့သြစွာပြောလိုက်သည်။

“ဘာတွေဖြစ်နေလဲဆိုတာ မင်းသိလား” ရှီမာယူယူ သူ့အားမေးလိုက်သည်။

“မသိဘူး၊” ဟိန်းသံလေးသည် ရိုးရှင်းစွာဖြေလိုက်သည်။

“မင်းက မြင့်မြတ်တဲ့ရှေးဟောင်းသားရဲ မင်းအကုန်လုံးကို သိတယ်လို့ပြောခဲ့တယ်မလား”  သူမ သူ့အားအထင်သေးစွာကြည့်လိုက်သည်။

“အိုး ဟားဟားဟား ငါကဒီအတိုင်း မြင့်မြတ်တဲ့ရှေးဟောင်းဝိညာဉ်သားရဲ ဆက်ခံသူလေ၊ ငါနှစ်ပေါင်း ရာနဲ့ချီ ထောင်နဲ့ချီနေခဲ့တာမဟုတ်ဘူး။ ငါဘယ်လိုသိမှာလဲ။ ငါပြောတာက ငါ့အမွေအနှစ်တွေကို ရည်ညွှန်းတဲ့ အရာတွေကိုသိတယ်လို့ပြောတာပါ။ ဒီမှာရှိတဲ့သူနဲ့ ငါနဲ့ဘာမှမဆိုင်ဘူး၊ ငါကဘယ်လိုလုပ်အဲလူအကြောင်းဘယ်လိုသိမှာလဲ” ဟိန်းသံလေးသည် သူမမျက်လုံးကို လျင်မြန်စွာရှောင်တိမ်းလိုက်သည်။ သို့သော် တစ်ချိန်တည်းမှာပင် သက်ပြင်းချလိုက်သည်။

ဒီအကြောင်းကို အရင်ကသူမအားပြောဖူးသည်။ သို့သော် ယခုမှာ သူမဝိညာဉ်မှာပျက်ဆီးနေပြီး အရင်ကမှတ်ဉာဏ်တွေမရှိတော့ပေ။

ထိုနှစ်ယောက်အား အချိန်တစ်ခဏမျှစောင့်ကြည့်ပြီးနောက် ရှီမာယူယူမေးလိုက်သည်။ “မင်းတို့နှစ်ယောက်ဘယ်အချိန်ထိ ရန်ဖြစ်နေဦးမှာလဲ။ ဘာတွေဖြစ်နေလဲ ငါ့ကိုတစ်ယောက်ယောက်ပြောပေးကြပါဦး”

ရှီမာယူယူ၏အသံအားကြားသည်နှင့် ဓားမြှောင်သည် သူမရှေ့သို့ ချက်ချင်းပျံလာပြီး သူမရှေ့တွင် လေပေါ်ပေါ်နေသည်။ ထို့နောက် ကြင်နာသော အသံထွက်ပေါ်လာသည် “ယူယူလေး ငါ့ကို သွေးဖို့ ဓားသွေးကျောက်မသုံးပါနဲ့”

သူမရှေ့တွင် ရှိသော ဓားမြှောင်အား ကြည့်၍ စပ်စုစွာမေးလိုက်သည် “မင်းက တစ်ခုလုံးသံချေးတွေနဲ့ပြည့်နေတာပဲ ငါမင်းကိုသွေးဖို့ ဓားသွေးကျောက်မသုံးရင် ဘယ်လိုအသုံးပြုရမလဲ ပြောပေးလေ။ ပိုအရေးကြိးတာက မင်းကဓားမြှောင်ပဲ။ ဘယ်လိုစကားပြောနိုငတာလဲ။ ဘာတွေဖြစ်နေလဲဆိုတာ လာပြီးငါ့ကိုပြောပေးပါဦး။”

သူမရုတ်တရက်ပြောင်းလဲသွားသော အကျင့်စရိုက်နှင့် မာန်ပါသောအသံနှင့်အတူ ဟိန်းသံလေးနှင့် ဓားမြှောင်တို့သည် လန့်သွားသည်။

“အဲဒါက သာမာန် ရှေးပစ္စည်းမဟုတ်ဘူး” ဝိညာဉ်လေးရှင်းပြသည်။

“ငါအဲဒါမြင်တယ်လေ။ လိုရင်းသာ မြန်မြန်ပြော။အဲဒါဘာလဲဆိုတာသာပြော” ရှီမာယူယူ မျက်လုံးများသည် ဒေါသများအလိပ်လိုက်ထွက်နေသည်။

“ငါက ပစ္စည်းမဟုတ်ဘူး။ ငါက အမြင့်ဆုံးရှေးအမွေအနှစ်ပဲ” ဓားမြှောင်သည် ပြန်လည်ချေပလိုက်သည်။

ပစ္စည်းမဟုတ်ဘူး။

ဓားမြှောင်၏ ချေပချက်သည် ရှီမာယူယူအား ဆွံ့အသွားစေသည်။ တစ်ချိန်တည်းမှာပင် သူနောက်ဆုံးပြောလိုက်သော် အမြင့်ဆုံးရှေးအမွေအနှစ်ဆိုသည်ကို သူမ အံ့သြသွားသည်။

“မင်းက အမြင့်ဆုံးရှေးအမွေအနှစ်ဟုတ်လား။ အမြင့်ဆုံးရှေးအမွေအနှစ်က သေချာပေါက်ငါပဲ” ဝိညာဉ်လေးသည် ချက်ချင်းပင် တုန့်ပြန်လိုက်သည်။

“ငါက အမြင့်ဆုံးရှေးအမွေအနှစ်ပဲ။ ငါမင်းထက် အင်အားကြီးတယ်” ဓားမြှောင်သည် ပြန်လည် ချေပလိုက်သည်။

“ငါကပိုအားကြီးတယ်” ဝိညာဉ်လေး ပြောလိုက်သည်။

“မဟုတ်လူး ငါက ပိုအားကြီးတယ်”

“တော်ပြီ မင်းတို့နှစ်ယောက် ရန်ဖြစ်တာရပ်တော့။ ဘာတွေဖြစ်နေလဲဆိုတာ ငါ့ကို ရှင်းပြကြဦး။ နောက်ဆုံးတော့ ဒါဘာပစ္စည်း…” သူမ သူတို့၏ကလေးဆန်သော စကားနိုင်လုမှုကို ရပ်တန့်လိုက်သည်။ သူမ မတားပဲဒီအတိုင်းဆက်ထားလိုက်ရင် နောက်နေ့အထိကူးသွားနိုင်သည်။

“ယူယူလေး။ ငါကပစ္စည်းမဟုတ်ဘူးလို့ ငါပြောပြီးပြီပဲ” ဓားမြှောင်သည် မကျေနပ်ချက်သောအသံဖြင့် မှားယွင်းနေကြောင်းရှင်းပြလိုက်သည်။ “ငါပြောပြီးပြီပဲ။ ငါက အမြင့်ဆုံးရှေးအမွေအနှစ်ပဲ။ ငါက အမြင့်ဆုံးရှေးအမွေအနှစ် လင်းလုံပဲ”

ဝိညာဉ်လေးသည် သူ့ကိုယ်သူ အမြင့်ဆုံးရှေးအမွေအနှစ်ဖြစ်သည်ကို စောဒကတက်ချင်သော်လည်း ရှီမာယူယူမှ စူးရှသော အကြည့်ကို မြင်လိုက်သောအချိန်တွင် နှုတ်ဆိတ်သွားတော့သည်။ သူပြောချင်သောစကားများကို ပြန်လည်မျိုသိပ်လိုက်ရတော့သည်။

“လင်းလုံဟုတ်လား။ အဲဒါဘာလက်နက်လဲ” ရှီမာယူယူ သူမသိချင်စိတ်အား သည်းမခံနိုင်၍ ရှီမာယူယူ မေးလိုက်သည်။

“လင်းလုံလို့ပြောတာ” လင်းလုံ ရိုးရှင်းစွာပြောလိုက်သည်။ “ငါက ကောင်းကင်နဲ့မြေကြီးတည်ထောင်တဲ့ ရှေးဦးအစကတည်းက မွေးဖွားလာခဲ့တာ ငါက အံ့ဖွယ် ကျောက်တုံး လင်းလုံရဲ့ တစ်စိတ်တစ်ပိုင်းကနေပြုလုပ်ထားတာ။ နတ်သားတစ်ပါးက ငါ့ကိုရွေးပြီး ရှေးဟောင်းအမွေအနှစ်အဖြစ် မွမ်းမံခဲ့တာ။ သူငါ့ကိုမရွေးခင်မှာပဲ ငါအသိတရားနဲ့ လှုံ့ဆော်မှု ကိုယ်ဘာသာရှိလာတာ။ သူ ငါ့ကိုမွမ်းမံတုန်းက အစိတ်စိတ်အမွှာမွှာ ပိုင်းဖြတ်ခံရပြီး အမြင့်ဆုံး အပူချိန်နဲ့ ဖိအားကို ရောမွှေပြီး ပြုလုပ်ခဲ့တာ။ အဲဒီ အလွန်အမင်းနာကျင်မှုတွေက ငါ့အသိတွေကိုတောင် ပျောက်စေတယ်။ အဲဒါတွေကျော်ဖြတ်ပြီးတော့ ငါဒီလိုဖြစ်လာတာပဲ”

“ဘာလို့သူက မင်းကို ဓားမြှောင်အဖြစ်ပြုလုပ်ခဲ့တာလဲ။ ဓားမြှောင်ရဲ့ တိုက်ခိုင်မှုစွမ်းအားက တခြားလက်နက်တွေလောက် မကောင်းဘူးလေ” ရှီမာယူယူမေးလိုက်သည်။

“ဒါက ငါ့ရဲ့ မူလပုံစံမဟုတ်ဘူး” လင်းလုံပြောလိုက်သည်။ “ဒါပေမယ့် ငါအခုပြလို့ရတဲ့ပုံစံက ဒီပုံပဲ”

“ဒါဆို မင်းဆိုလိုတာက မင်းတခြားလက်နက်ပုံစံပြောင်းလို့ရတယ်ပေါ့” ရှီမာယူယူ စိတ်လှုပ်ရှားစွာမေးလိုက်သည်။

“ဒါပေါ့ ငါက အမြင့်ဆုံးရှေးအမွေအနှစ်ပဲ ငါ့မှာ အဲလို လုပ်နိုင်တဲ့အရည်အချင်းရှိတယ်လေ။” လင်းလုံအသံသည် ဂုဏ်ယူစွာဖြင့် ဆက်ပြောလိုက်သည် “ငါဘယ်လက်နက်ကိုမဆို ပြောင်းနိုင်တယ် လှံ၊ဓားရှည် မင်းပြောင်းချင်တာ ငါပြောင်းနိုင်တယ်။ ငါလုပ်နိုင်တယ်။ ကောင်းပြီ ငါ့ရှေ့မှာ ခေါင်းထဲမှာ စဉ်းစားလိုက်၊ လက်နက်ဖြစ်နေသ၍ ငါပြောင်းနိုင်တယ်”

“အဲဒီပြသမှုက ငါ့လောက်တော့ကောင်းမှာမဟုတ်ဘူး ဟင်” ဝိညာဉ်လေးသည် သူ့ရင်ဘတ်ကို ဆန့်ထုတ်လိုက်ပြီး ကြွားလုံးထုတ်လိုက်သည်။

ရှီမာယူယူ လင်းလက်သော မျက်လုံးများဖြင့် ဓားမြှောင်ကိုကြည့်လိုက်ပြီး ပြောလိုက်သည်။ “ကြည့်ရုံနဲ့ရော တခြားလက်နက်ကို ပြောင်းလို့ရလား”

“ဒီပြောင်းလဲမှုက သခင်က ထိန်းချုပ်တာပဲ။ ယူယူလေး၊ ငါမင်းကိုအရမ်းနှစ်သက်တယ်။ ငါ့သခင်အဖြစ် အသိအမှတ်ပြုတယ်”

“အရူးတွေ၊ အဆက်အသွယ်မရှိပဲ တည်ထောင်မယ်၊ မင်း ဝိညာဉ်ပုလဲထဲဝင်ဖို့ ဖြစ်နိုင်လားပြောပါဦး” ဝိညာဉ်လေး သည်ပြန်ပြောလိုက်သည်။

ရှီမာယူယူသည် ဝိညာဉ်လေးအားစိုက်ကြည့်၍ မျက်မှောင်ကျုံလိုက်သည်။ ဒီကလေးကတော့ အခုလေးတင် သူမအား အရူးလို့ပြောလို့ ဆူပြီးတာ အခုချိန်ထိ သူမရူးတုန်းလား။ သူမ ဒီကမ္ဘာနှင့် ရင်းနှီးမှုမှမရှိတာ။

“ခစ်ခစ်ခစ်” ဓားမြှောင်သည် စိတ်ရှည်စွာဖြင့် ရှင်းပြသည် “ဒီလောကမှာ ဝိညာဉ်ရှေးဟောင်းပစ္စည်းတွေလည်း သူတို့သခင်နဲ့ ဆက်သွယ်မှုတည်ထောင်ဖို့လိုတယ်။ အဲဒါကလည်း ဝိညာဉ်ရှေးဟောင်းပစ္စည်းရဲ့ စွမ်းအားကို ထောက်ပံ့ပေးတဲ့ အရေးကြီးတဲ့အပိုင်းပဲ။ စာချုပ်နီးနီးကပ်ကပ်ရှိလေ ဝိညာဉ်ရှေးဟောင်းပစ္စည်းလည်း စွမ်းအားရှိလေပဲ”

“သြော် အဲလိုလား၊ ငါအဲဒါမသိဘူးလေ။ ဒါဆို ကောင်းပြီ ဆက်သွယ်မှုတည်ထောင်ပြီး ဒီကိစ္စကို အသိအမှတ်ပြုလိုက်ရအောင်” ရှီမာယူယူ စိတ်လှုပ်ရှားစွာ လက်ခုတ်တီးလိုက်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset