ကျင်းမုံ့ယောင်ရဲ့ အတွေးကို လီဖန်းသိလျှင် ထိုင်ငိုသွားမှာပါ။
သူ့ဘာသူ အလစ်ဝင်လာပြီး။ ငါကတမင်လုပ်တာမှမဟုတ်တာ။ ဘာကိစ္စလူကောင်းမဟုတ်တော့တာလဲ။ ထို့နောက်မှာပဲ အစ်မကျီလင်ရဲ့ အသံပေါ်လာသည်။
‘ဒင် ဂုဏ်ယူပါတယ် သခင် တာဝန်ပြီးမြောက်ပါပြီ။ ဆုကြေးများကို ထုတ်လွှင့်လိုက်သည်’
‘ဒင် ဂုဏ်ဘူပါတယ် သခင် EXP၅၀နှင့် ၁၀၀စနစ်အမှတ်ရရှိသည်’
သခင်- လီဖန်း
အဆင့်- C+
EXP- ၅၀/၈၀၀
စနစ်အမှတ်- ၄၇၀၀
အောင်မြင်မှတ် – ၀
စကေး- ရောနှောသိုင်း
တာဝန်- နတ်ဘုရားမလေး ဝေ့ပင်ချင်းအား ကယ်တင်ပါ(၂)
‘သွားပြီဟ အဆင့်Bကိုတက်ဖို့ ၈၀၀မှတ် တောင်လိုတယ်။ တာဝန်ဘယ်နှစ်ခုတောင် လုပ်ရဦးမှာလဲ။
အခုမှ လီဖန်းလည်း သူ့ကိုယ်ရေးကို စစ်ကြည့်ဖြစ်သည်။ အဆင့်တက်ဖို့ လိုအပ်တဲ့ EXPကိုမြင်တော့ ရုတ်တရက် အသည်းကနာလာသည်။
‘နင်က လူရိုက်တယ်၊ ကားဖျက်စီးတယ်၊ ရဲကိုလည်းတိုက်ခိုက်တယ် ဒါကြောင့် ဌာနကို စစ်ဆေးခံဖို့လိုက်ခဲ့ပါ’။
‘ပြီးတော့နင် ခံရသူအနေနဲ့ ရဲစခန်းကို စစ်ဆေးခံဖို့လိုက်ခဲ့။ ဒါပေမယ့် ဒီမတိုင်ခင် အဝတ်သွားလဲဖို့ အကြံပေးချင်တယ်’ ကျင်းမုံ့ယောင်က လီဖန်းနှင့် ဝေ့ကျီဖန်တို့ကို လက်ညှိုးထိုးကာပြောလိုက်သည်။
‘ကျွန်တော်..’ဝေ့ကျီဖန်က ရုတ်တရက် ဒေါသထွက်သွားသည်။
သူက ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ကျင်းမုံ့ယောင်ကို အရယူရန် အစပျို မလို့ပါ။ ဒါပေမယ့် သေးပေါက်ချထားတာကို မေ့သွားခဲ့တယ်။
ရုပ်ဖြောင့်တယ်ဆိုတဲ့လူတောင် လူကြားထဲမှာ သေးပေါက်ချတာတော့ တော်တော်ဆိုးပါတယ်။ ရှက်ဖို့ကောင်းလိုက်တာ။
‘ဟလို ရဲအရာရှိ ကျွန်မတို့က ရှင်နဲ့စကားပြောချင်နေတာပါ’ စုတုံက ပြေးလာပြီး ဖုန်းပေးရန် လုပ်ကာပြောလိုက်သည်။
သူမက ဝေ့ပင်ချင်းကိုဖုန်းဆက်ပြီးရှင်းပြတာ အခုမှပြီးတာပါ။ ဝေ့ပင်ချင်းကလည်း စိတ်ပူပြီး သူမနဲ့ပြောကြည့် ဖို့ဆိုသည်။
‘တောင်းပန်ပါတယ်။ ဒါကျွန်မရဲ့ တရားဝင် တာဝန်ချိန်ပါ။ ဘယ်သူနဲ့မှ ဖုန်းမပြောပါဘူး’ ကျင်းမုံ့ယောင်က လီဖန်းနဲ့ ဝေ့ကျီဖန် နောက်ခံကိုစိတ်မဝင်စားပါ။
ဘယ်သူ့ကို မှလည်းလာအရှုပ်ခံမှာ မဟုတ်ပါ။
စုတုံကစိတ်ပူနေသည် ‘ရဲ အရာရှိ ကျွန်မတို့ မစ်ဝေ့….’
‘ထားလိုက်စုတုံ မစ်ဝေ့ကို ငါ့ဘာသာဖြေရှင်းနိုင်တယ်လို့ ပြောလိုက်။ သူမကိုစိတ်မပူစေနဲ့။ ပြီးတော့မင်းလည်းပြန်သင့်ပြီ’ လီဖန်းက ကြားဖြတ်ကာပြောလိုက်သည်။
စနစ်က သူ့ကိုအဖမ်းခံခိုင်းမှတော့ ဒါကသူ့ကို ပြဿနာမရှိဘူးဆိုတာ ပြတာပါ။
‘ဒါပေမယ့်…’ စုတုံက တစ်ခုခုပြောချင်နေသည်။ ကျင်းမုံ့ယောင်က စိတ်မရှည်တော့ပါ ။ပြီးတော့ လီဖန်းရဲ့ တည်ငြိမ်တဲ့ပုံစံကိုကြည့်ပြီး သူမဆက်မပြောတော့ပါ။
ကျင်းမုံ့ယောင်က လီဖန်းကို ရဲကားပေါ်တင်ကာ စခန်းသို့ ခေါ်သွားတော့သည်။
ဝေ့ကျီဖန်က အံကြိတ်လိုက်သည်။ ပြီးနောက် သူ့ဖရာရီကားပေါ်တက်ကာ အဝတ်လဲရန် ပြန်သွားသည်။
ဖန်းဟူကတော့ ကျန်းမုံ့ယောင်ကိုတွေ့တာနဲ့ သူ့လူတွေကိုခေါ်ကာ ပြေးလေပြီ။ သူ့ကို လီဖန်းရိုက်တာဖြစ်ပေမယ့် သူကပဲစတာဖြစ်ပြီး လူမိုက်လည်းဖြစ်လေရာ သူက အမှုဖွင့်ရမှာလား။
ဝေ့ပင်ချင်းက ကျင်းမုံ့ယောင်စကားကိုကြားတော့ ဆက်မပြောတော့ပါ။ စုတုံမှာ တက္ကစီစီးပြီး ရဲစခန်းကိုလိုက်ခဲ့တော့သည်။
နာရီဝက်လောက်ကြာတော့ စစ်ကြောရေးခန်းမတွင်
‘အမည်’
‘လီဖန်း၊ ယောက်ျားလေး၊ အသက်၂၃နှစ်၊ အိမ်ထောင်မရှိ၊ အနာဂတ်လုပ်ငန်းစုမှာ အလုပ်လုပ်တယ်။ ကျွန်တော်က တကယ့်လူကောင်းပါ။ လက်ထိပ်ကြီးကို အရင်ဆုံး ချွတ်ထားလို့မရဘူးလား။ နေရတာအဆင်မပြေဘူးဗျ’ လီဖန်းက စစ်ကြောရေးခုံတွင် ထိုင်ပြီး အပစ်မဲ့တဲ့ မျက်နှာလေးနှင့်ပြောနေသည်။
‘ငါမေးတာပဲ ကောင်းကောင်းဖြေ။ နင်ကလူကောင်းဆိုတာ ငါလုံးဝမယုံဘူး’ ကျင်းမုံ့ယောင်က စားပွဲကို လက်ဝါးဖြင့်ရိုက်ကာ အော်လိုက်သည်။
သူမကမေးတောင်မမေးရသေးပါ။ လီဖန်းက အကုန်လုံးကို အေးအေးဆေးဆေးဖြေသွားသည်။ ဒါပထမဆုံး အကြိမ်ရောက်ဖူးတာနဲ့ မတူပါဘူး။
‘မဟုတ်ဘူး ကျွန်တော်ပြောတာနားထောင်ပါဦး’ လီဖန်းကစိတ်ဓါတ်ကျသွားသည်။ သူက TVထဲမှာတွေ့ဖူးလို့ လိုအပ်တယ်ထင်တာတွေ ဖြေပေးလိုက်တာပါ။
‘ဒင် သခင် တာဝန်အသစ်ရှိသည်။ စစ်ကြည့်မလား’
ထိုအချိန်မှာပဲ အစ်မကျီလင်ရဲ့ အသံပေါ်လာသည်။
‘စစ်ကြည့်’
‘တာဝန်- ကျင်းမုံ့ယောင်ကို အနိုင်ယူပါ’
‘တာဝန်ဖော်ပြချက်- ကျင်းမုံ့ယောင်ကိုနည်းအမျိုးမျိုးနဲ့ ရန်စပါ။ ပြီးနောက် စိန်ခေါ်ကာအနိုင်ရပါက တာဝန်ပြီးမြောက်နိုင်သည်’
‘တာဝန်ဆုကြေး- ၂၀၀EXP၊ ၁၀၀၀စနစ်အမှတ်’
‘မှတ်ချက်- ခြားနားတဲ့ မိန်းကလေးတွေကိုလိုက်ရာမှာ ခြားနားတဲ့နည်းလမ်းကို သုံးဖို့လိုသည်။ ကြမ်းတမ်းတဲ့ ကျင်းမုံ့ယောင်လို မိန်းကလေးကိုလိုက်ရန် သူမကိုအရင်ဆုံး အရှုံးပေးအောင်လုပ်ရမယ်။ ဒါဟာ စော်လိုက်နည်း၃၆မျိုးထဲက တစ်မျိုးထဲတွင် ပါဝင်သည်။
‘လီဖန်း ‘???’
စနစ် မင်းကတကယ့်ကောင်ပဲ။ ကျင်းမုံ့ယောင်က လှပေမယ့် ငါ့ကိုဒီလို လိုက်ခိုင်းလို့မရဘူး။ မင်းက ဒီကသခင်လေးကို မောင်းမဆောင်ဖွင့်ဖို့ အတင်းခိုင်းနေတာပဲ။
နတ်ဘုရားမလေးများအားကယ်တင်မှု စနစ်ကို ရကတည်းက လီဖန်းက တကယ့်အလှလေး၄ယောက်ကိုတွေ့ပြီးပါပြီ။
ဝေ့ပင်ချင်း၊ ဆောင်းဝမ်ကျင်း၊ စုတုံ၊ ကျန်းမုံ့ယောင်။ ထိုလေးယောက်စလုံးကို ယူရလျှင် လီဖန်းက အာဟာရပျက်မှာ စိုးရပါသည်။
‘ဘာလဲ ဆက်မပြောတော့ဘူးလား။ အခုရှင်းပြတော့လေ’ ကျန်းမုံ့ယောင်ကဆက်ပြောသည်။
‘မရှင်းပြနိုင်ဘူး။ ငါတို့တစ်ပွဲလောက်နွှဲကြမလား။ မင်းနိုင်လျှင် ငါအကုန်ဝန်ခံမယ်။ မင်းရှုံးလျှင်ငါ့ကိုလွှတ်ပေး မကောင်းဘူးလား’ လီဖန်းကစနစ်ကနေ ထွက်ပြီးထူးဆန်းစွာပြောလိုက်သည်။
စနစ်က တာဝန်ပေးမှတော့ ပြီးမြောက်အောင်နည်းလမ်းရှာရတော့မှာပါ။ ပထမဆုံး စကားနဲ့ရန်စတာပေါ့။ ဒါမှမရလျှင် နောက်တစ်ကွက်သုံးရမှာပဲ။
ကျန်းမုံ့ယောင် ‘???’
ငါကြားလိုက်တာမှန်တယ်မလား။ ဒီလူက သူမနဲ့ တစ်ယောက်ချင်းတိုက်ချင်တယ်။ စခန်းမှာ ရဲကိုလာပြီး စိန်ခေါ်တယ်ပေါ့။ ဦးနှောက်ချောင်နေတာလား။
‘ကြည့် ဒီမှာလက်ထိပ်ကို မချွတ်ပေးတော့ လှုပ်လို့တောင်မကောင်းဘူး။ ငါမင်းကို အနိုင်ကျင့်နေတာမဟုတ်ဘူး။ မင်းသာငါနဲ့ မတိုက်ဘူးဆို ဆက်ပြောစရာမလိုတော့ဘူး’ လီဖန်းက ပုခုံးတွန့်ကာ ရန်စလိုက်သည်။
‘ရှင်ဘာပြောနေတယ်ဆိုတာကိုရော သတိထားမိရဲ့လား’ ကျင်းမုံ့ယောင်က ဒေါသထွက်လာသည်။ သူမက ဒီစခန်းခွဲမှာ ကျော်ကြားပြီး သူမလက်ထဲကိုရောက်တဲ့ တရားခံတိုင်းဟာ အကုန်ရိုးသားစွာ ဝန်ခံကုန်ကြရတာပါ။ လီဖန်းက သူမကိုစိန်ခေါ်ရဲတယ်။
‘ကြည့်ရတာ ရန်စလို့မလောက်သေးဘူးနဲ့ တူတယ်’ ကျင်းမုံ့ယောင်က သူမရဲ့ ရဲဖြစ်တယ်ဆိုတဲ့ အချက်ကြောင့် ဒီမှာဘာမှမလုပ်ရဲဘူးလို့ လီဖန်းထင်နေသည်။ ထို့ကြောင့် သူမတ်တပ်ရပ်ရင်း သက်ပြင်းချလိုက်သည်။
လီဖန်းရဲ့ အပြုအမူက ကျင်းမုံ့ယောင်ကို လန့်သွားစေသည်။ ဒါပေမယ့် ခဏနေတော့သူမ တည်ငြိမ်သွားသည်။ ဒါကရဲစခန်းပါ။ လီဖန်းဘာလုပ်နိုင်မှာလဲ သူမသိချင်သေးသည်။
လီဖန်းက ထလိုက်ကာ လက်နှစ်ဖက်ကို မပြီးနောက် ညာဘက်လက်ကို ဘယ်ဘက်လက်မှာကိုင်ရင်း လက်ညှိုးကို လက်ယက်ခေါ်ပုံဖြင့် အကြိမ်အနည်းငယ်ကွေးပြကာ စိန်ခေါ်သလိုပြောလိုက်သည်။ ‘မင်း….သတ္တိရှိလျှင် လာခဲ့’ ။
ဒီအကွက်ကလည်း TVထဲမှာတွေ့ဖူးတာပါ။ အဓိကက လေသံနဲ့ ဟန်ပန်ပါ။ လက်ထိပ်နဲ့ဆိုတော့ မူလပြောခဲ့တဲ့လူလောက်တော့ မာန်မပါဘူးပေါ့။
သေချာလေ့ကျင့်ထားလျှင် လူကိုလွယ်တကူ တိုက်ခိုက်ချင်စိတ်ပေါ်လာစေသည်။ ကျင်းမုံ့ယောင်က နေနိုင်တော့မလား။
သူထင်တဲ့အတိုင်းပဲ ကျင်းမုံ့ယောင် ချက်ချင်းပေါက်ကွဲသွားသည်။ အဓိကစည်းမျဉ်းရှစ်ခုရဲ့ ပြဌာန်းချက်ကိုးချက်ကဘာလဲ၊ တရားခံကို ဝန်ခံအောင်နှိပ်မစက်ရဘူးဆိုတာကရောဘာလဲ ငါကဂရုစိုက်ရမှာလား။ ဒီနေ့ လီဖန်းကို မရိုက်ရလျှင် ကျင်းဆိုတဲ့မျိုးရိုးကို သွားပြောင်းပစ်လိုက်မယ်။
‘ဟန့်’ ကျင်းမုံ့ယောင် လီဖန်းဆီပြေးသွားပြီး မျက်နှာကို ကန်လိုက်သည်။ လီဖန်းရဲ့ လက်တွေဟာ လက်ထိပ်ခတ်ထားပေမယ့် သူကမအံ့ဩပါဘူး။ သူ့ခန္ဓာကိုယ်က နောက်ကိုယိမ်းလိုက်ပြီး တစ်ချိန်တည်းမှာ သူမရဲ့ ခြေကျင်းဝတ်ကို လက်ကြားမှာ ညှပ်လိုက်သည်။
‘ဟန့်’ ကျန်းမုံ့ယောင်က ကြိုသိထားသကဲ့သို့ သူမရဲ့ခြေထောက်ကိုအားယူကာ လေပေါ်ကိုမြောက်သွားပြီး ကျန်တစ်ဖက်က လီဖန်းရဲ့ ခေါင်းကိုကန်လိုက်သည်။
‘ငါတော်ပြီ ဒီလောက်ရက်စက်ဖို့လိုလို့လား’ လီဖန်းက သူ့လက်ကို အားလျှော့ပြီး ပြန်ရုတ်လိုက်သည်။ ပြီးနောက် ကန်လိုက်သောခြေထောက်ကို ကာရင်း သူ့ခန္ဓာကိုယ်ကို ဝင်တိုးလိုက်သည်။
လီဖန်းက ကျန်းမုံ့ယောင်ကို အပေါ်မှ တိုက်ရိုက် လွှမ်းမိုးသွားသည်။