ရှီမာယူယူ သူ၏တုန့်ပြန်မှုကိုမြင်လိုက်သောအခါ၊ သူ၏ခေါင်းနောက်ကို ခပ်ပြင်းပြင်းရိုက်လိုက်ပြီး အော်လိုက်သည်။ “ဝက်ဝံတစ်ကောင်လိုကြည့်နေတာနဲ့ တကယ်လို့ ဒီသခင်လေးက နှာဘူးဆိုရင်တောင် မင်းလိုလူကို ငါမရွေးဘူး”
ထိုစကားကြားသည်နှင့် ဖက်တီးကျူသည် စိတ်ချသွားပြီး သူ့မျက်နှာတွင် ကြောက်သော အမူအရာမရှိတော့ဘဲ ခင်မင်သောအပြုံးသို့ ပြောင်းသွားပြီး မေးလိုက်သည်။ “ငါးယောက်မြောက်သခင်လေးက ငါ့ကျမှ ဘာလို့ ရပ်သွားစေလဲဆိုတာ မေးလို့ရမလား”
ရှီမာယူယူ သူ့အားဆွဲ၍ အခန်းထဲသို့ ဆွဲခေါ်သွားသည်။ တံခါးပိတ်လိုက်ပြီး နောက်လေးနက်စွာမေးလိုက်သည် “ဖက်တီးကျူ မင်းတခြားသုံးယောက်နဲ့ ရင်းနှီးလား၊ မင်းသူတို့ကို ကောင်းကောင်းသိလား”
ဖက်တီးကျူ ခေါင်းကိုရမ်း၍ ပြောလိုက်သည် “ဘေဂုံထန်က စကားနည်းပြီး တစ်ယောက်တည်းနေရတာကြိုက်တယ်၊ သူ့နာမည်အပြင် သူမအကြောင်းကို ဘာမှ ထုတ်မပြောဘူး”
ရှီမာယူယူ သူမမေးစေ့ကို ကိုင်ပြီး အတွေးများကို ကျယ်လောင်စွာရေရွတ်နေသည် “ဟမ်… သူမမှာ အေးခဲတဲ့ အမူအရာရှိတယ် သူများတွေနဲ့ဆို တုန့်ပြန်တဲ့ပုံမပေါက်ဘူး”
“ဝူရန်ဖေလည်းပဲ သူ့နာမည်ရယ် ရှုထောင့်နှစ်မျိုးဝိညာဉ်သခင်ဆိုတာကလွဲလို့ သူ့မိသားစုအကြောင်း သူ့နောက်ကြောင်း၊ သူဘယ်ကလာလဲဆိုတာတောင်ငါတို့မသိဘူး” ဖက်တီးကျူ ဆက်ပြီး ဝေမျှနေသည်။
“သေစမ်း ဘာလို့အကုန်လုံးက ပဟေဠိဆန်နေတာလဲ” ရှီမာယူယူ ဒေါသထွက်လာသည်။ “နောက်ဆုံးတစ်ယောက်ကရော၊ ဝေကျိရွှီလေ။ သူ့ကြည့်ရတာ ဖော်ရွေတတ်သလိုပဲ”
“ငါးယောက်မြောက်သခင်လေး သူကအပြင်ပိုင်းသာ ကြည့်ကောင်းတာ သူ့ကိုကြံစည်တာတွေမလုပ်ဖို့ ငါသတိပေးမယ်” ရှီမာယူယူ မျက်နှာအမူအရာကို တွေ့သည်နှင့် ဖက်တီးကျူသည် ကြားဖြတ်ပြောလိုက်သည်။
“ဘာလို့လဲ” ရှီမာယူယူ တုန့်ပြန်မှုဖြင့် မေးလိုက်သည်။ သူမ မရှင်းမလင်းခင် သူ၏ ပုခုံးကို လက်ဖဝါးဖြင့် ရိုက်လိုက်ပြီးမေးလိုက်သည် “ငါသူ့ကို ကြံစည်မယ်လို့ ငါဘယ်တုန်းကပြောလိုက်လို့လဲ”
“အင်း သူ့အကြောင်းပြောတဲ့အချိန်မှာ မင်းရဲ့မျက်လုံးတွေက တောက်ပလာတယ်၊ မင်း မူရုန်အန်းကိုကြည့်တဲ့အချိန် ဖြစ်လာတဲ့အမူအရာလိုမျိုး” ဖက်တီးကျူသည် သူမအားအထင်သေးသော အကြည့်ဖြင့် ကြည့်ပြီးဖြေလိုက်သည်။
“အဟွတ် အဟွတ် အတိတ်က အတိတ်ပဲ။ အခုငါ ပြောင်းလဲသွားပြီ ငါယောက်ျားတွေကို ထပ်ပြီးစိတ်မဝင်စားတော့ဘူး” ရှီမာယူယူ ရှက်ကိုးရှက်ကန်းဖြင့် ချောင်းအနည်းငယ်ဟန့်လိုက်သည်။ “ဒီအကြောင်းတော်ပြီ၊ အခုပြောပါဦး၊ ငါဘာလို့ ဝေကျိရွှီကို ကြံစည်လို့မဖြစ်တာလဲ”
“ဘာလို့လဲဆိုတော့ သူက စွန်းအားရှိတဲ့နောက်ခံကလာတာ။ သူက သားရဲထိန်းမျိုးနွယ်ကလာတာ။ ဝေမျိုးနွယ်က အနောက်သစ်တောမြို့တော်က အကြီးဆုံးသားရဲထိန်းကျောင်းသူတွေပဲ။ ပြီးတော့ သူတို့တွေက ဘေချန်းနိုင်ငံတော်မှာ ဂုဏ်သတင်းကြီးတယ်။ မင်းအဘိုးက စစ်သူကြီးဖြစ်တောင် အဲလို အားကောင်းတဲ့ သားရဲထိန်းတွေကို ရင်ဆိုင်နိုင်တဲ့ အဆင့်မဟုတ်ဘူး။ ဆိုလိုတာက ဝေကျရွှီက အတော်ဆုံးသားရဲထိန်းကျောင်းတဲ့ မျိုးနွယ်ရဲ့ တိုက်ရိုက်ဆက်ခံသူပဲ အဲဒါကြောင့် မင်း သူရဲ့မိသားစု အဆင့်အတန်းကိုတွေးလို့ရမှာပေါ့” ဖက်တီးကျူရှင်းပြသည်။
“သြော် အဲဒါဆိုသူက သားရဲထိန်းကျောင်းတဲ့မျိုးနွယ်ကပေါ့” သူမ ဖက်တီးကျူကို လွှတ်လိုက်ပြီး ဆက်မေးလိုက်သည် “သူ့ ဝိညာဉ်အရည်အချင်းတွေက ဘာတွေလဲ”
“သစ်သားနဲ့ ရေခဲနဲ့တွဲထားတဲ့ ရှားပါးတဲ့ အရည်အချင်းပဲ” ဖက်တီးကျူပြောလိုက်သည်။
“ရေခဲ အရည်အချင်းဟုတ်လား။ ငါထင်တာ သတ္တု၊ သစ်သား၊ ရေ၊ မီး၊ ပြီးတော့ မြေဆိုတဲ့ ဝိညာဉ်အရည်အချင်းတွေပဲရှိတယ်ထင်တာ” ရှီမာယူယူမေးလိုက်သည်။
“အဲဒါတွေက ယေဘုယျ ဝိညာဉ်အရည်အချင်းတွေပဲရှိသေးတယ်” အရင်က ရှီမာယူယူသည် အသုံးမဝင်သော အမှိုက်ဖြစ်ခဲ့ကြောင်းကို ဖက်တီးကျူသိသည်။ ရှီမာယူယူ နားမလည်သည်ကို လုံးဝသဘောပေါက်သည်။ ထို့ကြောင့် သူစိတ်ရှည်စွာရှင်းပြသည် “အခြေခံ အရည်အချင်းငါးခုပြီးတဲ့နောက်၊ ရှားပါးလွန်းတာတွေ အနည်းငယ်ရှိသေးတယ်၊ ရေခဲ၊ လေနဲ့ အလင်း အရည်အချင်းတွေပဲ။ ဒါပေမယ့် အဲဒါတွေက အရမ်းရှားပါးတော့ တော်တော်များများ လူတွေမသိကြဘူး။ ဝိညာဉ်သခင် တစ်သိန်းကြားမှာတောင် မင်း အဲလို ရှားပါးတဲ့အရည်အချင်းကို တစ်ယောက် နှစ်ယောက်ပဲ တွေ့နိုင်မယ်လို့ ပြောကြတယ်”
“ဟုတ်တယ် ပြီးတော့ သူတို့ရဲ့ တိုက်ခိုက်မှုဟာလည်း အထူးတလည် အားကောင်းတယ်လို့ကြားဖူးတယ်” ဖက်တီးကျူ မနာလိုစွာ ပြန်ဖြေလိုက်သည်။
“မင်းဘာလို့ အဲလို မနှစ်မြို့တဲ့ အမူအရာဖြစ်နေတာလဲ၊ မနာလိုနေတာလား။ မင်းကြိုးစားရင် မင်းလဲ သန်မာလာနိုင်ပါတယ်” ရှီမာယူယူ ဝေဖန်လိုက်သည်။
“ဟား ဟား အမှန်ပဲ” ဖက်တီးကျူ သူ့ခေါင်းနောက်ကို ကုတ်ရင်း ရှက်ကိုးရှက်ကန်ကြည့်လိုက်သည်။
“ကောင်းပြီ ကျန်တဲ့သူတွေအကြောင်း သိပြီဆိုတော့၊ မင်းအကြောင်းပြောရအောင် မင်းရဲ့ အရည်အချင်းကဘာလဲ” သူမမေးလိုက်သည်။
“သြော် ငါက မီးနဲ့မြေ အရည်အချင်းနှစ်ခုရှိတယ်” သူပြန်ပြောလိုက်သည်။
“မီးနဲ့ မြေ အရည်အချင်းဟုတ်လား။ မဆိုးဘူးပဲ မင်းမှာအဲဒါတွေရှိတာမသိခဲ့ဘူး” ရှီမာယူယူ သူ့အားကြည့်လိုက်ပြီး အားပေးလိုက်သည်။
ဖက်တီးကျူ သူ့မျက်စိလည်ချင်လာသည်။ အမလေး ကျေးဇူးပြုပြီး။ အရင်က မင်းက မူရုန်အန်းကို ဘယ်လို လိုက်ရမလဲဆိုတာပဲသိတာလေ။ သူ့ကို ဒုတိယ ဇာတ်ကောင်လိုလူမျိုးကို ဂရုစိုက်ဖို့ ဘယ်လိုအချိန်ရှိမှာလဲ။
“ဟမ်၊ ငါထင်တာ ရှုထောင့်များစွာဝိညာဉ်သခင်ဟာ ရှားပါးတယ်မလား၊ ဒီအဆောင်တစ်ခုတည်းမှာ ဘာလို့ အဲလောက်များရတာလဲ” ရှီမာယူယူ စပ်စုစွာ မေးလိုက်သည်။
“ဟုတ်တယ် အမှန်ပဲ ငါကြားတာတော့ ရှုထောင့်များစွာ ဝိညာဉ်သခင်မရှိတာ နှစ်တော်တော်ကြာပြီဆိုပဲ ဒီတစ်နှစ်ထဲမှာပဲ လေးယောက်ထွက်လာတာ၊ ဒီအထဲမှာမှ ရှုထောင့်သုံးမျိုးဝိညာဉ်သခင်ပေါ်လာသေးတယ်။ ငါတို့လေးယောက် တစ်အုပ်စုထဲကျပြီး ဆက်တိုက် အစဉ်လိုက်ဖြစ်တာ ဘယ်လောက်တိုက်ဆိုင်လိုက်လဲ။ ဝူရန်ဖေက စစ်ဆေးခံရာတာ ပထမဆုံး၊ ပြီးတော့ ဘေဂုံထန်၊ ဝေကျရွှီက တတိယပြီးတော့ ငါက စတုတ္ထမြောက်။ မင်းအဲတုန်းက ဆရာရဲ့ တုန့်ပြန်မှုကို တွေ့လိုက်ရမှာ။ သူ အရူးလို့ပဲ အံ့သြသွားတာ” ရွေးချယ်ပွဲနေ့အကြောင်းကို ပြန်တွေးရင်း ဖက်တီးကျူ ရယ်မောစွာနှင့်ပြော်နေသည်။
ရှီမာယူူယူနှင့် စကားစမြည်ပြောရသည်မှာ ပျော်စရာကောင်းကြောင်း အံ့သြစွာသိခဲ့ရသည်။
သူမ ဝူရန်ဖေနှင့်ဘေဂုံထန်၏ ရွေးချယ်မှုတွင် မျက်မြင်သက်သေဖြစ်ခဲ့သည်။ ဘေဂုံထန်ရွေးချယ်မှုအပြီးမှာ သူမထွက်ခဲ့သည်။ အဲနောက်တွင် ဝေကျရွှီနှင့် ဖက်တီးကျူတို့ဖြစ်နေလိမ့်မယ်ဟု ထင်မထားခဲ့ပေ။
ဆရာသည် ဝူရန်ဖေနှင့် ဘေဂုံထန်ကိုစစ်ဆေးချိန်တွင် ဘဝင်မြင့်နေခဲ့သည်။ နောက်တွင် ပါရမီရှင်နှစ်ယောက်ပါ ထည့်ပေါင်းလိုက်ပါက၊ ထိုအချိန်တွင်ဖြစ်နေမည့် ဆရာ့၏ အမူအရာကိုတွေးကြည့်၍ရသည်။
သူမသည် ပြီးပြည့်စုံသော ပရစ်ဇမ်ဖြစ်သည်ကို သိလျှင် သူ့ရဲ့ အမူအရာကဘယ်လိုဖြစ်နေမလဲ။ သူအဲနေရာမှာတင် နှလုံးရှော့ရပြီး သေသွားမှာလား။
“ဒါပေမယ့် ငါးယောက်မြောက်သခင်လေး မင်းကဘာလို့ လက်ရွေးစင်အတန်းထဲမှာရှိနေတာလဲ” ဖက်တီးကျူမေးလိုက်သည်။
“ဘာလက်ရွေးစင်အတန်းလဲ” ရှီမာယူယူပြန်မေးလိုက်သည်။
“ငါတို့အတန်းလေ၊ ရွေးချယ်ပွဲနေ့တုန်းက အကောင်းဆုံးရလဒ်တွေရခဲ့တာလေ အဲဒါကြောင့် ငါတို့က လက်ရွေးစင် အတန်းပဲ။ မင်းအဲဒါ မသိဘူးလား”
“ငါတကယ်မသိတာ။ ငါ ဖန်ကျိရှင်းနောက်ကိုလိုက်ခဲ့တာ သူငါ့ကိုဒီခေါ်လာပြီး သော့ပေးတာပဲ”
သူ့အဘိုးက စစ်သူကြီးဖြစ်နေလို့လားး။ အဲဒါကြောင့်သူက ဦးစားပေးဆက်ဆံခံရတာလား။ ဖက်တီးကျူ အဲနည်းလမ်းကလွဲ၍ စဉ်းစားမရပေ။
“ဆရာဖန် မင်းကိုသော့ပေးတဲ့ အဓိပ္ပာယ်က မင်းကငါတို့အတန်းဝင်ပဲ။ ဒါပေမယ့် မင်းစိတ်မင်းပြင်ဆင်ထား၊ ငါတိ့အတန်းထဲကလူတွေက နော်ကခံကောင်းကြတယ်၊ အများစုက အဆင့်အတန်းမြင့်တယ်၊ အရည်အချင်းရှိကြတယ်၊ သူတို့က မာနကြီးတယ်။ မင်းနဲ့ဆိုရင် ဂုဏ်သတင်းက တချို့သူတွေ မယှဉ်နိုင်တဲ့အတွက် မင်းကို ပြဿနာရှာနိုင်တယ်” သူလေးနက်စွာသတိပေးလိုက်သည။်
“ဟားဟား သတိပေးတာကို ကျေးဇူးတင်ပါတယ်” ဒီကောင်လေး၏ ဒီလောက် စိတ်ကောင်းရှိမှန်းမထင်ခဲ့မိ၍ ရှီမာယူူယူပြုံးမိသည်။
“ရပါတယ်” ။ရှီမာယူယူပါးစပ်မှ “ကျေးဇူးတင်ပါတယ်” ဟူသော စကားကိုကြားသည်နှင့် ဖက်တီးကျူသည် အိမ်မက်ဆန်ဆန်ခံစားမိလိုက်သည်။ အရင်တုန်းက ရှီမာယူယူမှ ဒုက္ခမပေးတာနဲ့တင် သူတို့ လုံးဝကျေးဇူးတင်မိသည်။ ယခုကဲ့သို့ ကျေးဇူးတင်စကားကြားရန်ဆိုသည်မှာ အိမ်မက်တောင်မမက်ဝံ့ပေ။ “ဒါပေမယ့် မင်းရဲ့အဘိုးက နိုင်ငံရဲ့ စစ်သူကြီးဆိုတော့ လူတွေက မင်းကိုဆန့်ကျင်ပြီးပြောဖို့ ကြောက်ကြမှာပါ။ ပြီးတော့ မိသားစုကြီးတွေကလာတဲ့လူတွေလောက်ပဲ နည်းနည်း သတိထားရလိမ့်မယ်”
“အင်း ငါအခုသိပါပြီ” ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။
“ဒါဆို ငါသွားကျင့်ကြံလိုက်ဦးမယ်” ဖက်တီးကျူ ပြောရင်းထလိုက်သည်။
“သွား သွား ပြီးတော့ ငါ့ကို သတင်းတွေပြောပြတဲ့အတွက် ကျေးဇူးပဲ။ ငါပြန်လာရင် မင်းအတွက် ဆုအနေနဲ့ အရသာရှိတဲ့ ဟာတွေယူခဲ့မယ်” ဖက်တီးကျူ ပုခုံးကို ပုတ်ရင်း ရှီမာယူယူပြောလိုက်သည်။
“အဟွတ် အဟွတ် အဲဒါ.. ပြောဖို့မလိုပါဘူး။ ငါအခုသွားတော့မယ်” ရှီမာယူယူမှ စားစရာယူလာမည်ဟု ပြောလာသည်ကိုကြားသည်နှင့် ချက်ချင်းပင် တပ်ဆုတ်ပြေးတော့သည်။
ကောလဟလအရ စစ်သူကြီးအိမ်တော်မှ ငါးယောက်မြောက်သခင်လေးပြင်ဆင်သော အစားအစာသည် ဝိညာဉ်သားရဲကိုတောင်သေစေတဲ့ အဆိပ်ပါသည်ဟုကြားဖူးသည်။ သူငယ်သေးသည် ပြီးတော့ သူစောစောမသေချင်ပါ။
ဟိန်းသံလေးသည် မျက်လုံးဖြင့် ချောင်းကြည့်ပြီးပြောလိုက်သည် “တွေ့တယ်မလား ငါတော်တယ်မလား ငါစကားတစ်ခွန်းမှမပြောဘူးလေ”
“မဆိုးပါဘူး၊ ငါတို့ ဒီလိုပဲလုပ်ရင်ရတယ်” ရှီမာယူယူ ဟိန်းသံလေးအား ချီးကျူးရင်းပြောလိုက်သည်။
ရှီမာယူယူအား ဆုအနေနှင့် အစားအစာများကို ပြင်ဆင်ရန်မလိုဘူးဟု ဖက်တီးကျူပြောလိုက်သော်လည်း နောက်နေ့မနက်ခင်းတွင် စားဖိုဆောင်မှ အရသာရှိသော အနံ့များက ဆွဲဆောင်နေသည်။ သူစားဖိုဆောင်သို့ ဝင်သွားသောအခါ အထဲတွင် အလုပ်ရှုပ်နေသော ပုံရိပ်ကိုတွေ့လိုက်သည်နှင့် မျက်လုံးများပြူးသွားတော့သည်။