အခန်း (၉၅)

ရီကျင်းနှင့်ရန်ရှုကိုသတ်ဖြတ်ရန်

အခန်း (၉၅) ရီကျင်းနှင့်ရန်ရှုကိုသတ်ဖြတ်ရန်

နေသူတော်စင်ဂိုဏ်းမှ ဆည်းဆာအရှင်၏ တိုက်ကွက်ဖြစ်သော မဟူရာဆည်းဆာနယ်မြေက အရပ် (၄)မျက်နှာလုံးသို့ လွှမ်းခြုံသွားသည်။

ဤနယ်မြေထဲထဲတွင် ရှိသူတိုင်း မဟူရာဆည်းဆာလမင်း၏ ချီစွမ်းအားဒဏ်ကို ခံစားကြရသည်။ သို့သော် ရှီတိကတော့ များစွာ မခံစားရပေ။

သံမဏိခြင်္သေ့ကဲ့သို့ ကြောက်မက်ဖွယ်ရာ ရန်သူနှင့် ရင်ဆိုင်ရသည့်အခါ ဆည်းဆာအရှင်မှ တိုက်ပွဲအတွင်းမှ အခြားသူများကို အရေးစိုက်မနေနိုင်တော့ဘဲ ရန်သူကိုတိုက်ခိုက်ရန် တန်ခိုးစွမ်းအားအကုန်လုံးကို ထုတ်ဖော်လိုက်သည်။

ထို့ကြောင့် မဟူရာဆည်းဆာနယ်မြေအတွင်း ကျရောက်နေကြသည့် ဝါဒတောင်မှဂိုဏ်းသားများမှာ မဟူရာဆည်းဆာလမင်း၏ ချီစွမ်းအားဒဏ်ကို အနည်းငယ်သာ ခံစားကြရသည်။

ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ထုကြီးစိုးနေသည်ကိုသာ ရန်ကျောက်ကဲ တွေ့မြင်ရသည်။

ရန်ရှုကတော့ ကြောက်မက်ဖွယ်ရာ အခြေအနေတစ်ခုတွင် ကျရောက်နေသည်။ ရှီတိ၏လက်ဝါးရိုက်ချက်ခံခဲ့ရပြီးနောက် ရွှေရောင်အလင်းတန်းများက သူ့ခန္ဓာကိုယ်ထဲ စိမ့်ဝင်သွားပြီး ဒဏ်ရာက အဆက်မပြတ် ပြင်းထန်လာသည်။

ရန်ရှုမှာ သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည့် ထူးခြားသည့်စွမ်းအားကို ဖယ်ထုတ်နိုင်စွမ်း မရှိခဲ့ပေ။ ရှီတိ၏ ရွှေခန္ဓာချီစွမ်းအားသည် ရန်ရှု၏ကိုယ်ပိုင်ချီစွမ်းအားများကိုပင် အသုံးပြု၍ မရတော့အောင် ဖိနှိပ်ထားသည်။

ရန်ရှု၏ခန္ဓာကိုယ်ထဲတွင် အဆက်မပြတ်လှည့်ပတ်နေသည့် ရွှေခန္ဓာချီစွမ်းအားက ချီစွမ်းအားဆုံချက်များမှတစ်ဆင့် အပြင်သို့ ပြန်လည်ထုတ်လွှတ်နေလေရာ သူ့ခန္ဓာကိုယ်မှ ရွှေရောင်များတောက်ပနေပြီး ရန်ကျောက်ကဲကို မီးထွန်းကာ အလင်းပြပေးနေသည့်အလား ဖြစ်နေတော့၏။

ရီကျင်းကတော့ အားကုန်သုံးကာ ပြေးလွှားနေသည်။ သို့သော် သူ၏ လက်ရှိအခြေအနေက မီးတောက်ကဲသို့ ရဲရဲတောက်လောင်နေသည်ဖြစ်ရာ မဟူရာဆည်းဆာနယ်မြေထဲတွင် မျက်စိကျဖွယ် ဖြစ်နေသည်။

သူတို့ (၂)ယောက်လုံးမှာ အမှောင်ထဲတွင် ထွန်းလင်းနေသည့် ပိုးစုန်းကြူးများပမာ မျက်စိကျစရာဖြစ်နေလေရာ  အခြားသူများက သူတို့၏တည်ရှိမှုကို သတိမပြုမိရန် အလွန်ခက်ခဲသည်။

တိုက်ဆိုင်သည်မှာ (၂)ယောက်လုံးက ဦးတည်ရာတစ်ခုတည်းဆီသို့ ပြေးလွှားနေကြခြင်းပင်။

ထို့ကြောင့် ရန်ကျောက်ကဲနှင့်အားဟူမှာ လူခွဲပြီးလိုက်စရာမလိုတော့ဘဲ (၂)ယောက်အတူတူ ထိုသူ (၂)ယောက်နောက်သို့ လိုက်သွားနိုင်ကြသည်။

ရန်ရှု၏ ကျင့်ကြံခြင်းအဆင့်မှာ သိုင်းဆရာသခင်အဆင့် ဖြစ်သဖြင့် သူ၏အရှိန်က မယုံနိုင်စရာကောင်းလောက်အောင် လျှင်မြန်သည်။ စက္ကန့်ပိုင်းအတွင်းမှာပင် မိုင်ပေါင်းထောင်နှင့်ချီအောင် ဝေးကွာသည့်နေရာသို့ရောက်သွားအောင် ပြေးလွှားနိုင်သည်။

သို့သော် ယခုတော့ ရှီတိ၏တိုက်ခိုက်မှုကြောင့် ဒဏ်ရာရထားလေရာ သေလုမျောပါးခံစားနေရပြီး ပြေးနှုန်းမှာလည်း သိုင်းဆရာသခင်တစ်ယောက်ဟု မထင်မှတ်ရအောင် သနားစရာကောင်းလှစွာ နှေးကွေးနေတော့သည်။

သူ၏ဒဏ်ရာက ပိုမိုဆိုးရွားလာသည်နှင့်အမျှ မြန်မြန်ပြေးလေ ပိုမိုနှေးကွေးလာလေ ဖြစ်သည်။

ရန်ရှုနှင့် ရီကျင်းတို့ အဆက်မပြတ်ပြေးလွှားနေကြလေရာ နောက်ဆုံး မဟူရာဆည်းဆာနယ်မြေကို ထိုးဖောက်ကျော်လွန်သွားကြသည်။

လွတ်ပြီ” ဟု တွေးမိသည်နှင့် ရန်ရှုမျက်ဝန်းများတောက်ပသွားပြီး သူ့ဒဏ်ရာကို စတင်ကုသတော့သည်။ သို့သော် သူ၏ အာရုံခံစားမှုများ ပြန်လည်ကောင်းမွန်လာသည်နှင့် ဖိအားတစ်ခုကို ခံစားလိုက်ရသောကြောင့် ချက်ချင်းပင် နောက်လှည့်ကြည့်လိုက်သည်။

ထိုအခါ သူ့နောက်လိုက်လာသည့် ရန်ကျောက်ကဲနှင့်အားဟူကို တွေ့လိုက်ရပြီး ထို (၂)ယောက်မှာ သူနှင့်ပင် သိပ်မဝေးတော့ပေ။

အခြေအနေကို အလျှင်အမြန်တွက်ချက်လိုက်ပြီးနောက် ဤအတိုင်းဆက်ပြေးနေမည်ဆိုလျှင် လွတ်လမ်းမရှိကြောင်း စိတ်မကြည်မသာဖြင့် နားလည်လိုက်ရသည်။ ရန်သူက သူ့ကို တဖြည်းဖြည်း ဖမ်းမိသွားပေလိမ့်မည်။

သို့ပေသိ ရန်သူနှင့်ထိပ်တိုက်ရင်ဆိုင်ရန် ဖြစ်နိုင်ခြေ ရှိ မရှိ တွေးကြည့်လိုက်သည့်အခါ ရန်ရှုမျက်လုံးများ အရောင်တောက်ပလာသည်။

ရန်ကျောက်ကဲ သူနှင့်မနီးမဝေးတစ်နေရာသို့ ရောက်လာသည့်အခါ ရန်ရှုက ဆက်မပြေးတော့ဘဲ ရုတ်တရက်ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ ထို့နောက် ရန်ကျောက်ကဲရှိရာသို့ တည့်တည့်မတ်မတ် ဝင်ရောက်တိုက်ခိုက်တော့၏။

ရန်ရှုမျက်နှာက အမုန်းတရားများကြောင့် မဲ့ရွဲ့လျှက် ရှိသည်။

နို့နံ့တောင်မစင်သေးတဲ့ ကောင်စုတ်လေး ၊ မင်းက သေလမ်းကိုရှာမှတော့ ဒီအဘိုးကြီးက တစ်ခါတည်း ပို့ပေးရတာပေါ့”

ရီကျင်းသည်လည်း သူတို့အနားပတ်ဝန်းကျင်တွင်ရှိနေသည့်တိုင် ပြင်းထန်စွာ ဒေါသထွက်နေသည့်အတွက် ပတ်ဝန်းကျင်ကို သတိမထားခဲ့မိပေ။

ရန်ရှု၏ ဒေါသတကြီးကြုံးဝါးသံကို မကြားရသေးမချင်း သူက ရှေ့ဆက်ပြေးနေခဲ့သည်။ အသံကြားသဖြင့် လှည့်ကြည့်လိုက်သည့်အခါ သူတို့နောက်မှလိုက်လာသည့် ရန်ကျောက်ကဲကို တွေ့လိုက်ရ၏။

ရန်ကျောက်ကဲကို မြင်သည်နှင့် ရီကျင်း၏မျက်ဆံများက သွေးရောင်တောက်ပသွားပြီး သူ့မျက်လုံးထဲတွင် အခြားအရာများကို မတွေ့မြင်တော့ဘဲ အရိုးထဲထိအောင် မုန်းတီးရွံလျှာသည့် ရန်ကျောက်ကဲတစ်ယောက်ကိုသာ တွေ့မြင်တော့သည်။

ရီကျင်းက မုန်းတီးမှုအပြည့်ဖြင့် အော်ဟစ်သံကြီးတစ်သံ ပြုလုပ်လိုက်ပြီးနောက် ရှေ့ဆက်မပြေးတော့ဘဲ နောက်ပြန်လှည့်ကာ ရန်ကျောက်ကဲဆီသို့ ခုန်ဝင်လာသည်။

ရန်ကျောက်ကဲကတော့ သူ့ထံပြေးဝင်လာသည့် ရန်ရှုကို စိုက်ကြည့်နေသည်။ သူက ကြောက်ရွံ့ခြင်းအလျှင်းမရှိဘဲ အင်္ကျီလက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ကျောက်စိမ်းရောင်ပမာ အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

နဂါးဟိန်းသံတစ်သံပါ ထွက်ပေါ်လာပြီး ကျောက်စိမ်းနဂါးဓားက ရန်ရှုထံသို့ ပျံသန်းဝင်ရောက်သွားသည်။

အားဟူ၏ဒဏ်ရာက အပြည့်အ၀ ပြန်လည်ကောင်းမွန်ခြင်း မရှိသေးသော်လည်း သူက ရန်ကျောက်ကဲနှင့်အတူ ရန်ရှုနှင့် ရီကျင်းကို ကြားဖြတ်တိုက်ခိုက်ရာတွင် ကူညီပေးသည်။

ရန်ရှုက အေးစက်စွာရယ်မောလိုက်ရင်း…

မင်းအဆင့်နဲ့များ ငါ့နောက်လိုက်လာရဲတယ်ပေါ့လေ”

ရန်ကျောက်ကဲ ၊ ဒီရက်တွေ မင်းရဲ့လမ်းက ချောမွေ့ကောင်းချေမွေ့နေလိမ့်မယ် ၊ ဒါပေမဲ့ ကောင်းကင်ဘယ်လောက်မြင့်တယ် ၊ မြေပြင်ဘယ်လောက်ကျယ်တယ်တိုတာကို တကယ်တမ်းမှာ မင်း နားမလည်သေးပါဘူး”

ပြောပြီးသည်နှင့် ရန်ရှုက လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရာ အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

အပြာရောင်အလင်းတန်း လက်ခနဲတောက်ပသွားပြီး ကွယ်ဝှက်ထားသည့် ဓားတိုတစ်လက် ထွက်ပေါ်လာကာ ကျောက်စိမ်းနဂါးဓားနှင့် ရိုက်ခတ်မိသွားပြီး အနောက်ဘက်သို့ ပြန်လည်လွင့်ထွက်သွားသည်။

ဓားတိုလေးက တောက်ပနေပြီး ဝိညာဉ်စွမ်းအားများဖြင့် ပြည့်ဝနေသည်။ ငှက်ငယ်လေးများ အော်မြည်နေသကဲ့သို့ အသံတစ်မျိုးထွက်ပေါ်နေပြီး အသက်ဝင်နေသည့်အလား ခံစားရသည်။

အလယ်ဆင့် မှော်ဝင်လက်နက်တစ်ခုပင်။

ရန်ရှုက သတ်ဖြတ်လိုသည့်အငွေ့အသက်များပြည့်နက်နေသော မျက်လုံးများဖြင့် ရန်ကျောက်ကဲကို ကြည့်လိုက်ရင်း…

မင်းရဲ့ ဒေါသထွက်လွယ်ပြီး မောက်မာလွန်းတဲ့စိတ်ထားမျိုးနဲ့ ဘာလို့ အခုချိန်ထိ အသက်ရှင်နေရသေးတာလဲ မင်း သိသလား ၊ မင်းရဲ့ မိသားစုနောက်ခံကြောင့်သာမဟုတ်ရင် ဘောလုံးတစ်လုံးလေညှစ်ခံလိုက်ရသလိုဖြစ်တာ ကြာပေါ့ကွာ ၊ ဒါမှမဟုတ်လည်း ချောင်ထိုးထားခံရမှာပဲ ၊ အဲဒါက မင်းရဲ့ စိတ်ဓာတ်ကြောင့်ပဲ”

သူက ဆက်ပြောသည်။

အခု မင်းအဖေ ရန်တိ ဒီနေရာမှာ မရှိဘူး ၊ ဘယ်ကိုယ်ရံတော်မှလည်းမရှိသလို မင်းကိုကာကွယ်ပေးမယ့် ဘယ်သိုင်းဆရာသခင်မှလည်း ရှိမနေဘူး”

ပြောပြီးသည်နှင့် ရန်ရှုက လက်ထဲမှဓားဝိညာဉ်ကို ထုတ်လွှတ်လိုက်သည်။

မင်းအဖေကြောင့်သာမဟုတ်ရင် မင်းကိုရှင်းပစ်ဖို့က ပုရွက်ဆိတ်တစ်ကောင်ကို ဖျစ်သတ်လိုက်သလို အရမ်းလွယ်ကူတယ်”

ရန်ကျောက်ကဲထံသို့ဝင်ရောက်လာသည့် ဓားဝိညာဉ်က မျက်နှာပြင် (၈)ခုပါဝင်သည့် ခမ်းနားသောမီးပုံးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

မီးပုံးဆီမှ ထောင်နှင့်သောင်းနှင့်ချီသော ထင်ယောင်ထင်မှားမြင်ကွင်းများကို ထွက်ပေါ်လာပြီး ရန်ကျောက်ကဲကို ဖုံးလွှမ်းရန် ကြိုးစားနေသည်။

ရန်ကျောက်ကဲက တည်ငြိမ်သည့်အမူအရာဖြင့်ပင် တုံ့ပြန်ပြောဆိုလိုက်သည်။

ကျွန်တော်က မိသားစုနောက်ခံကောင်းတဲ့အတွက် အကျိုးအမြတ်တွေအများကြီးရခဲ့တယ်ဆိုတာ ဟုတ်ပါတယ် ၊ ဒီကိစ္စက ငြင်းမရတဲ့ကိစ္စပဲလေ ၊ ဒါပေမဲ့ ကျွန်တော့်အဖေက ကျွန်တော်မှမဟုတ်တာ ၊ သူ့ကိုမှီခိုနေရတာ ကျွန်တော်ကိုယ်တိုင်လည်း စိတ်မသက်မသာ ဖြစ်မိပါရဲ့”

ဒါပေမဲ့ ကျွန်တော့်ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ၊ အသွေးအသားတွေအားလုံးက မိဘကို မှီခိုထားတဲ့အရာတွေ မဟုတ်ဘူး ၊ ဒါပေမဲ့ ကျွန်တော့်အဖေက သြဇာအာဏာရှိတဲ့အတွက် ကျွန်တော့်ကို ဖြည့်ဆည်းပေးနိုင်တဲ့အရာတွေကို အသုံးမပြုဘူးဆိုရင် အလကားဖြစ်သွားမှာပေါ့”

ရန်ကျောက်ကဲက သူ၏ဘယ်ဘက်လက်ကို ထပ်မံဝှေ့ယမ်းလိုက်ရာ ကျောက်စိမ်းနဂါးဓားသည် ကောင်းကင်ယံသို့ ပျံသန်းထွက်ခွာသွားပြီး ကောင်းကင်တစ်ခုလုံး ကျောက်စိမ်းရောင်အလင်းတန်းများဖြင့် ဖုံးလွှမ်းသွားသည်။

ဒါပေမဲ့ အခုချိန်မှာ မိသားစုဆီက ကျွန်တော်ရထားတဲ့စွမ်းအားက ဘယ်လောက်မှ မရှိဘူး ၊ အရေးကြီးတာက ကျွန်တော့်ရဲ့ စမှတ်က မြင့်မားတဲ့အတွက် အနာဂတ်မှာ အထွတ်ထိပ်အဆင့် ဘယ်လောက်ထိ ရောက်လာနိုင်မလဲဆိုတာပဲ ၊ အဲဒီအချိန်ကျ  မိသားစုက ကျွန်တော့်ကို ထောက်ပံပေးထားသမျှ အကုန်ပြန်ဆပ်မှာ”

ရန်ကျောက်ကဲက ရန်ရှုကိုကြည့်ပြီး ရယ်မောလိုက်ရင်း…

ဘာပဲဖြစ်ဖြစ် အခုချိန်မှာ ခင်ဗျား ကျွန်တော့်ကိုသတ်ချင်တယ်ဆိုရင် ထင်သလောက် မရိုးရှင်းဘူးနော်”

ရန်ရှုက အေးစက်စွာဖြင့် နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။

ရှီတိကြောင့်ရရှိထားသည့် ရန်ရှု၏ဒဏ်ရာက အလွန်ပြင်းထန်လေရာ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ခေတ္တမျှ ကျဆင်းလျှက်ရှိသည်။ ပိုဆိုးသည်မှာ သူ၏ အလယ်ဆင့်မှော်ဝင်လက်နက်ဖြစ်သော နေစင်ဓားဝှက်ဓားသည်ပင် အပြည့်အ၀ အစွမ်းမထက်နိုင်တော့ခြင်း ဖြစ်၏။

မျက်နှာပြင် (၈)ခုပါသည့် မီးပုံးအဖြစ်ပြောင်းလဲထားသည့် နေစင်ဓားဝှက်ဓားထက်တွင် များစွာသော အက်ကွဲကြောင်းများထွက်ပေါ်လာပြီး ဓားဝိညာဉ်ကလည်း မှေးမှိန်သွားသည်။

ဓား၏ပျက်စီးမှုက ပြင်းထန်သည့်အတွက် ရန်ကျောက်ကဲ၏ အဆင့်နိမ့်မှော်ဝင်လက်နက်ဖြစ်သော ကျောက်စိမ်းနဂါးဓားကိုပင် မယှဉ်နိုင်တော့ပေ။

သူရရှိထားသည့်ဒဏ်ရာကြောင့် ရန်သူကို အသာစီးမရနိုင်တော့ကြောင်း ရှောင်လွှဲမရနိုင်စွာ ရန်ရှု နားလည်ခဲ့ရသည်။

ရန်ကျောက်ကဲနှင့် အားဟူတို့ကတော့ ရန်ရှုကို ဖြည်းဖြည်းချင်းချေမှုန်းရန်အတွက် လိုက်လျောညီထွေရှိလှသည့် တိုက်ပွဲဗျူဟာကို အသုံးပြုခဲ့ကြသည်။

တိုက်ပွဲ အရှိန်ပြင်းလာသည်နှင့်အမျှ ရရှိထားသည့်ဒဏ်ရာများက သူ၏စွမ်းအားကို ပိုမိုထိခိုက်လာစေသည်။

ရန်ကျောက်ကဲက…

ခင်ဗျားက ကျွန်တော့်ကို ကြည့်မရဖြစ်နေသလို ကျွန်တော်ကလည်း ခင်ဗျားရဲ့ စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲရာထူးကို ဖယ်ရှားပစ်ဖို့ အဖေ့ကို ကူညီပေးချင်နေတာ ၊ ဒါပေမဲ့ ခင်ဗျား ကျွန်တော့်ကိ ဘာလို့ သတ်ချင်ရလဲဆိုတာ နားမလည်ဘူး ၊ ခင်ဗျားကို ခဏခဏ မျက်နှာပျက်ရအောင်လုပ်တဲ့အတွက် သတ်ချင်နေတာတော့ မဟုတ်ဘူးမလား”

ရန်ကျောက်ကဲစကားကြောင့် တိုက်ခိုက်နေသည့် ရန်ရှု၏လက်များ အနည်းငယ်နှေးကွေးသွားသည်။

မင်း ဒီအဘိုးကြီးကို မေးခွန်းထုတ်နေစရာ မလိုဘူး ၊ ဒီနေ့ မင်း ငါ့လက်ထဲ သေရတော့မှာဆိုတော့ ဒီအဘိုးကြီးက လူသေတွေနဲ့ စကားမပြောချင်ဘူး”

ဒါပေမဲ့ ဒီနေ့ ဒီအဘိုးကြီး မလွတ်မြောက်နိုင်ခဲ့ဘူးဆိုရင် အဲဒီလျှို့ဝှက်ချက်ကို သင်္ချိုင်းအထိယူသွားမယ် ၊ ဘာလို့မင်းကို သတ်ချင်လဲဆိုတာ မင်းနဲ့ရန်တိ ဆက်ပြီးခန့်မှန်းနေလိုက်ကြ”

စကားပြောနေစဉ်မှာပင် သူ့ထံမှ စွမ်းအားရောင်ဝါများပေါက်ကွဲထွက်ပေါ်လာသည်။

ရန်ရှု၏မျက်နှာက မီးတောက်များထွက်ပေါ်လာသကဲ့သို့ ရုတ်တရက် နီရဲသွားသည်။

လေမီဘေးဆိုး ၊ မီးဘေးဆိုး တန်ခိုးစွမ်းအား။

အစက အဆက်မပြတ် ကျဆင်းနေသည့် ရန်ရှု၏ စွမ်းအားများ ချက်ချင်းပင်မြင့်တက်လာပြီး အားမာန်အသစ်များ ထွက်ပေါ်လာသည်။

သူက နေစင်ဓားဝှက်ဓားကို ထပ်မံအသုံးပြုလိုက်သော်လည်း စောစောကလို မျက်နှာပြင် (၈)ခု မီးပုံးကဲ့သို့ အသွင်ပြောင်းမသွားတော့ပေ။

သူ၏ဓားဝိညာဉ်က လေထဲတွင် နစ်မြုပ်သွားပြီး ကြောက်မက်ဖွယ်ရာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ကြယ်တာရာချီစွမ်းအားဖြင့် ဖွဲ့စည်းထားသော ထင်ယောင်ထင်မှား ပုံရိပ်ယောင်များအတွင်း အရာအားလုံးက မှောင်မိုက်သွားသည်။

အမှောင်ထုအတွင်း ကြင်စင်များ၏အလင်းရောင်က လင်းလက်တောက်ပလာပြိး ရှည်လျားသည့် မီးတောက်တစ်ခု ထွက်ပေါ်လာသည်။

ကြယ်စင်များဆင်းသက်လာပြီး ဧရာမဥက္ကာပျံကြီးတစ်ခုက ရန်ကျောက်ကဲဆီသို့ တည့်တည့်မတ်မတ် ဝင်ရောက်လာသည်။

ရန်ရှု၏တန်ခိုးစွမ်းအားများ အစွမ်းကုန်ပေါက်ကွဲထွက်သွားပြီး တိုက်ကွက်တစ်ခုတည်းဖြင့် မိုးမြေတုန်လှုပ်သွားသေည့် စွမ်းအားများ ထွက်ပေါ်လာသည်။

ရန်ကျောက်ကဲက သူ့ထံဝင်ရောက်လာသည့် ဥက္ကာပျံကြီးကို အပြည့်အဝအာရုံစိုက်လိုက်ပြီး ကျန်ရှိသည့်အရာအားလုံး ပျောက်ကွယ်သွားသည်။

ဝင်ရောက်လာသည့်ဥက္ကာပျံကြီးက သူ၏အမြင်အာရုံထဲတွင် ပိုမိုကြီးမားလာပြီး ကြယ်ရောင်များက ပိုမိုတောက်ပလာသည်။

ဓားဝိညာဉ်မှ ထွက်ပေါ်လာသော မယုံကြည်နိုင်စရာကောင်းလောက်သည့် ကြောက်မက်ဖွယ်ရာ ဖိအားကြီးကို တွန်းလှန်လိုက်သည့်အခါ ရန်ကျောက်ကဲ၏ ခန္ဓာကိုယ်တစ်ခုလုံးအေးခဲသွားပြီး လုံး၀ မလှုပ်ရှားနိုင်တော့ပေ။ ရန်ရှု၏တိုက်ခိုက်မှုကို ခုခံရန်မှလွဲပြီး သူ့တွင် ရွေးချယ်စရာမရှိပေ။

သို့ပေသိ ရန်ကျောက်ကဲက အမူအရာပြောင်းလဲသွားခြင်းမရှိဘဲ ညင်သာစွာပင် စကားဆိုလိုက်သည်။

ခင်ဗျားမှာ ကျွန်တော်နဲ့ ကျွန်တော့်အဖေ သိသွားမှာ ကြောက်နေတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိတယ်မဟုတ်လား”

အဲဒီနှစ်တုန်းက ကျွန်တော်တို့ရန်အိမ်တော်က မိုးကြိုးနယ်မြေရဲ့ ကျောက်ကျိုးပြည်နယ်ကနေ ကောင်းကင်နယ်မြေကို ပြောင်းရွှေ့လာတဲ့ လမ်းတစ်ဝက်မှာ မတော်တဆမှုတစ်ခုနဲ့ ကြုံတွေ့ရပြီး ကျွန်တော်တို့လူအများအပြား သေဆုံးခဲ့တယ် ၊ သေဆုံးသွားတဲ့လူတွေထဲမှာ ကျွန်တော့်အဘိုးနဲ့အဘွားလည်းပါသွားတယ်”

အဲဒီ မတော်တဆမှုက ခင်ဗျားနဲ့ တစ်ခုခု ပတ်သက်နေတယ်မဟုတ်လား”

အတားအဆီးမရှိ ကောင်းကင်ထက်မှဆင်းသက်လာသည့် ဓားဝိညာဉ်သည် အနည်းငယ်တုန်ခါသွားပြီး ခဏမျှ ရပ်တန့်သွားသည်။

ထို့နောက် အရင်ကထက်ပိုမိုလျှင်မြန်သည့်အရှိန်အဟုန်ဖြင့် ဆက်လက်ဆင်းသက်လာပြီး ဓားချက်ထဲတွင် ရန်လိုမှုများပင် ပါဝင်နေသည်။

သို့သော် ဓားဝိညာဉ်ရပ်တန့်သွားသည့် အချိန်ခဏလေးအတွင်း ရန်ကျောက်ကဲက လှုပ်ရှားမှုတစ်ခု ပြုလုပ်လိုက်သည်လေ၏။

Comment

Leave a Reply

Options

not work with dark mode
Reset